Friday, August 31, 2012
မြန်မာ့ ပထမဦးဆုံး လိင်တူချစ်သူစုံတွဲ
ယခုဖော်ပြပါပုံလေးသည် ပြီးခဲ့တဲ့ ကြာသပတေးနေ့က facebook စာမျက်နှာပေါ်တွင် ဓာတ်ပုံဆရာ ဘုန်းမြတ်ထူး ကိုယ်တိုင်ရိုက်ကူးပြီးတင်ခဲ့ခြင်းဖြစ်ပါသည် ။
အဆိုပါပုံလေးသည် မြန်မာ့လိင်တူချစ်သူလောက တွင်ပထမဦးဆုံး မြန်မာလိင်တူအမျိုးသားစုံတွဲ အား မြန်မာ့ရိုးရာ မင်္ဂလာအခမ်းအနား ပုံစံဖြင့် ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ထိုဓာတ်ပုံလေးအား facebook ပေါ်တွင် ဝေဖန်မှု များစွာရိုက်ခတ်မှုရှိနေပြီး ထောက်ခံသူနှင့် ကန့်ကွက်ရှုံ့ချသူများက အပြိုင်အဆိုင် အားပြိုင်လျှက်ရှိပါသည်။
မူရင်းပုံအား ဤနေရာတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။
Lovealone
Tuesday, August 28, 2012
Monday, August 27, 2012
ယောကျာ်းလှကျွန်း အပိုင်း(ရ)
ဇာတ်လမ်းအရှေ့ပိုင်းအကျဉ်းချုပ်
ဂီနိုသည် ဆင်းရဲသားအလုပ်လက်မဲ့တစ်ဦးဖြစ်ပြီး
ပိုက်စံကိုဘေးပေါက်ရှာနေသော လူငယ်လေးတစ်ဦးဖြစ်သည်။တစ်နေ့လောင်းကစားဝိုင်းတစ်ခု၌ငွေများနိုင်ပြီးအပြန်လူရမ်းကားတစ်စုနှင့်
တိုးကာ ပိုက်စံများအလုခံခဲ့ရသည်။ ထိုအချိန်၌
ဂီနိုသည်လူရမ်းကားများလက်ထဲမှ အတင်းထွက်ပြေးရင်း နောက်ဆုံးပြန်အဖမ်းခံရလုဆဲဆဲ နီယွန်က
ကြားမှဝင်၍ကယ်တင် ခဲ့သဖြင့် လွက်မြောက်သွားခဲ့သည်။ ထိုအချိန်မှစပြီး ဂီနိုနှင့်နီယွန်တစ်ဦးနှင့်တစ်ဦး
ရင်းနီးသွားခဲ့သည်။ နီယွန်သည် အနှိပ်ခန်းတစ်ခုမှ offer boy တစ်ယောက်ဖြစ်ပြီး မိမိဘ၀ကိုစိတ်နာနေသူဖြစ်သည်။
အနှိပ်ခန်း ပိုင်ရှင် မိုးမြင့်သည် ရက်စက်ပြီးငွေမက်သော မိန်းမလျှာတစ်ဦးဖြစ်ပြီး အကြင်နာတရားခေါင်းပါးသည်။
ထိုအချိန်တွင် အလုပ်လက်မဲ့ဖြစ်နေသော ဂီနိုက အနှိပ်ခန်မှ အလုပ်ခေါ်စာကို တွေ့သွားကာ အလုပ်လျှောက်ခဲ့သဖြင့်
မိုးမြင့်တို့အနှိပ်ခန်းမှ offer boy တစ်ဦးဖြစ်သွားလေသည်။ အနှိပ်ခန်းသို့ရောက်သော်
ဂီနိုနှင့်နီယွန်ဆုံခဲ့ကြပြီး နီယွန်ကဂီနို့ကို အနှိပ်သင်ပေးခဲ့သည်။ ဤသို့ဖြင့်နောက်တစ်ရက်မနက်သို့ရောက်သော်
ဂီနို့ကို နီယွန်က တရုတ်ခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲလိုက်ကျွေးလေသည်။ ခေါက်ဆွဲမှာခွေးသားတွေဖြင့်
ပြုလုပ်ထားမှန်း နီယွန်က ဂီနို့ကိုပြောပြလိုက်သောအခါ ဂီနိုက နေရာ၌ပင်ထအံလေသည်။
ဂီနိုရုတ်တရက်ကြီး
ကြားလိုက်ရသော စကားကြောင့် ပါးစပ်ထဲမှာ ခေါက်ဆွဲဖတ်တွေကို ထွေးခံထဲသို့ ထွေးထည့်လိုက်ကာ
မိမိပါးစပ်ကို ရေဖြင့်ပလုတ်ကျင်းပစ်လိုက်သည်။ သူစားထားသည့် ဗိုက်ထဲမှခေါက်ဆွဲများပင်
လည်မျိုထိတက်လာသလိုခံစားရပြီး အံချင်စိတ်က ထိန်းမရနိုင်ဖြစ်နေသည်။ ခွေးသားကို သူအလွန်မုန်းသည်။
မုန်းသည်ထက် ရွံသည်ဆိုလျှင်ပိုမှန်လိမ့်ဦးမည်။
“ဂီနိုအဆင်ပြေရဲ့လား
“
အသံနှင့်အတူသူ့အနားသို့
နီယွန်ရောက်လာသည်။ ထို့နောက်သူ့ပုခုံးကိုကိုင်က အသာဖွဖွလေး နှိပ်ပေးသည်။ သူမအီမသာဖြင့်သာ
ခေါင်းညိတ်ပြလိုက်သည်။ နီယွန်က သူ့ကိုတောင်းပန်သည့်အကြည့် တွေဖြင့်ကြည့်နေသည်။
“
ငါကမင်းအဲ့လောက်ကြီးရွံတတ်မှန်းမသိလို့ပါ။
Sunday, August 26, 2012
Dream Heart
Dream Heart ဟုတ်ပါသည်။ Dream Heart
ပါ။ Dream Heart ဟုဆိုလိုက်ရုံနှင့် မသိသူက ခပ်ရှားရှားပင်။ အကယ်၍သင်သည် မြန်မာနိုင်ငံသားတစ်ယောက်ဆိုပါက
နိုင်ငံတော်သမ္မတကြီး၏ နာမည်ကိုမသိလျှင်တောင် Dream Heart ကိုတော့ သင်မုချသိမည်။ ဤမျှလောက်
အောင်မြင်ကျော်ကြား လူသိများ နာမည်ကြီးနေသော Dream Heart တွင် ကောင်လေး ချောချောလေးတွေ
ငါးယောက်ရှိပါသည်။ သူတို့အဖွဲ့သည် တေးစီးရီးပေါင်း ခုနှစ်ခွေထွက်ရှိထားပြီး ယခုလက်ရှိ
အခြေအနေတွင် မြန်မာနိုင်ငံ၏ top ten စာရင်းဝင် ဂီတအဖွဲ့ တစ်ခုအဖြစ်ရပ်တည်လျှက်ရှိပါသည်။
Dream Heart ဟုဆိုလိုက်ရုံနှင့် ကောင်မလေးတွေ (ကောင်လေးတွေလည်းပါချင်ပါမည်) သည်းသည်းလှုပ်ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ နာမည်ကြီး
magazine မျက်နှာဖုံးစာမျက်နှာများတွင်လည်း Dream Heart ၏ပုံများပါဝင်လာပါက ထိုလအတွက်
ရောင်းလို့လောက်တော့မည်မဟုတ်ချေ။
မြို့ကြီးပြကြီးများ၏
လမ်းမလယ်များ လမ်းဘေးများတွင် ရှိနေတတ်သည့် ကြော်ညာဆိုင်းဘုတ်ကြီးများတွင် လည်း
Dream Heart ကနေရာယူထားသည်။ ညစဉ်ထုတ်လွှင့်နေသည့် television အစီအစဉ်များတွင်လည်း
Dream Heart ကမပါမဖြစ်ပါသည်။ လူငယ်များ အသုံးများသည့် Internet စာမျက်နှာများရှိ
Social Network များတွင်လည်း Dream Heart က ထိပ်ဆုံးတွင်ရှိနေသည်။ Dream Heart နှင့်ပက်သက်သည့်
ထုတ်ဝေထားသည့် Calendar များ။ Funcy Gift များ ၊ Wallet များစသည့် လူ့အခြေခံအသုံးအဆောင်ပစ္စည်းများသည်လည်း
နေရာအနှံ့အပြားတွင် တွေ့မြင်နိုင်သည်။
ဤမျှဤမျှ
နာမည်ကြီးနေသော Dream Heart အဖွဲ့လေးတွင် မယုံကြည်နိုင်စရာ ကိစ္စ တစ်ချို့ဖြစ်ပွားခဲ့သည်ဆိုလျှင်……………………………………..
Saturday, August 25, 2012
My Feeling
ပရိတ်သတ်များအားလုံး မင်္ဂလာပါခင်ဗျား
ကျွန်တော်အခုဆိုရင် ဒီဘလော့လေးကို ပစ်ထားတာ တော်တော်လေးကိုကြာသွားပါပြီ။ အခုရက်ပိုင်း ကျွန်တော်စိတ်လေနေပါတယ်။ ဘာဖြစ်လို့စိတ်လေနေလဲဆိုတော့ ကျွန်တော်စာတွေ ရေးတယ်။ အလုပ်ကလဲမအားဘူး နေ့တိုင်း ၁၂ နာရီပုံမုန်လုပ်နေရတယ်။ ဒါပေမယ့် မအားအားတဲ့ကြားက ကျွန်တော်ရအောင်ရေးတယ်။ တစ်ခါတစ်လေဆို စာရေးချင်လို့ဆိုပြီး ခွင့်ယူတာမျိုးတွေတောင်ရှိပါတယ်။ ကျွန်တော်အရင် www.mlgbts.com မှာ Lovealone ဆိုတဲ့နာမည်နဲ့ ရေးပါတယ်။ အဲ့တုန်းကလဲ လူတော်တော်များများက အားပေးတာကိုခံရပါတယ်။ အခုတော့ အဲ့ဆိုဒ်ထဲက ထွက်လိုက်ပြီး ကိုယ်ပိုင်ဘလော့ထောင်ထားတာပါ။ ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိတယ်။ အရင်က mlgbt မှာကျွန်တော်စာတွေတင်ပြီဆိုရင် comment တော်တော်များများရတယ်။ အနည်းဆုံးတော့ အယောက်နှစ်ဆယ်ကျော်တယ် ။ အခုကိုယ်ပိုင်ဘလော့မှာကျတော့ တစ်ခုမှမရဘူး။ ဘာဖြစ်လို့လဲ ?? ကျွန်တော်ပဲအရေးအသားတွေညံဖျင်းသွားတာလား ဒါမှမဟုတ် ကျွန်တော့်ဘလော့က comment ပေးဖို့ပဲ အရမ်းခက်နေလို့လားလို့ ကျွန်တော်တွေးမိပါတယ်။
ရေးသမျှစာတွေတင်ပါတယ်။ ဒါပေမယ့် စာဖတ်သူတွေဖက်က ဘာမှတုန့်ပြန်မှုကိုပြန်မရတဲ့အခါ ကျွန်တော်စိတ်လေလာပါတယ်။ စိတ်ဓာတ်လဲကျလာပါတယ်။ ကျွန်တော်တို့ blogger တွေဆိုတာ ကိုယ့်ထမင်းကိုယ်စားပြီး အလကား အချိန်ကုန်ခံ မျက်စိအညောင်းခံ လက်အညောင်းခံ ဦးနှောက်အခြောက်ခံပြီး စာတွေကို ပိုက်စံတပြားမှမရပဲ ရေးနေရတဲ့သူတွေပါ။ ဒါကလဲ ကိုယ်ကိုယ်တိုင် ၀ါသနာပါလို့လုပ်တာဆိုတော့ ကိစ္စတော့မရှိပါဘူး။ ကျွန်တော်တို့ blogger တွေ စာဖတ်သူတွေဆီက ပြန်လိုချင်တာ တစ်ခုပဲရှိပါတယ်။ အဲ့ဒီတစ်ခုကလဲ စာဖတ်သူတွေအနေနဲ့ ပေးဖို့ မခဲရင်းသလို ဘာငွေကုန်ကြေးကျမှရှိတာလဲမဟုတ်ပါဘူး။ အဲ့ဒီ တစ်ခုလေးက ကျွန်တော်တို့ အတွက် အားဆေးတစ်ခွက်ပါပဲ။ ကျွန်တော့်မှာ ညအိပ်ရေးအပျက်ခံပြီး စာတွေရေးပြီးတင်ထားခဲပါတယ်။ နောက်နေ့ညအလုပ်ဆင်းတော့ ဘလော့လေးကိုဖွင့်ကြည့်တယ်။ ဘယ်သူမှ ဘာတုန့်ပြန်မှုမှပေးမထားတော့ သြော်....ငါရေးတဲ့စာတွေကို ကြိုက်မှကြိုက်ရဲ့လား။ ဖတ်လို့မှကောင်းကြရဲ့လား။ မကြိုက်လို့များ ဘာမှမပြောခဲ့ကြတာလားဆိုပြီး သံသယစိတ်တွေ စိုးရိမ်စိတ်တွေ ၀င်လာပါတယ်။ အဲ့ဒီရဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ ကျွန်တော် ခဏကပြောသလို စိတ်ဓာတ်ကျလာတာပါ။ ကျွန်တော်က အခုမှ အသက်နှစ်ဆယ်ပြည့်မယ့် လူငယ်လေးတစ်ဦးပဲ ရှိပါသေးတယ်။ ကျွန်တော့်မှာ ရင့်ကျက်တဲ့စိတ် တည်ငြိမ်တဲ့စိတ်တွေ ရာနှုန်းပြည့်မရှိသေးပါဘူး။ ဒီလိုနဲ့ပဲ ကျွန်တော်ဘလော့လေးကို ပစ်ထားခဲ့မိသွားပါတယ်။
ကျွန်တော်ပစ်ထားခဲ့မိတာ တစ်ပတ်ကျော်သွားတော့ ကျွန်တော့် gtalk မှာ အားပေးနေကြသူငယ်ချင်းတွေ တခြားကျွန်တော်မသိပေမယ့် ကျွန်တော့်ကိုသိနေတဲ့ ကျွန်တော့်စာဖတ်ပါရိတ်သတ်တွေက ကျွန်တော့်ကိုမေးလာကြပါတယ်။ စာမတင်သေးဘူးလားပေါ့။ အဲ့ဒီတော့ ကျွန်တော်ပြန်စဉ်းစားကြည့်တယ်။ ဒါတွေမေးနေသေးတယ်ဆိုတော့ ကျွန်တော့်စာတွေကိုမကြိုက်တာလဲ မဟုတ်နိုင်သေးပါဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ အခုအားအင်ချိနဲ့နေပါတယ်။ ဆက်ရေးဖို့စိတ်ကူးထားတဲ့ စာတွေအများကြီးရှိနေပေမယ့် အားပေးမယ့်သူ မရှိတဲ့အခါကျတော့ ကျွန်တော်အရမ်းပဲ စိတ်ဓာတ်ကျနေခဲ့ပါတယ်။
ကျွန်တော်ကို ကျွန်တော့်အကိုလိုခင်တဲ့ စာရေးဆရာ Alex Aung ကပြောတယ်။ ကျွန်တော်က လူကြိုက်များလာပြီဆိုမှ တန်းလန်းကြီးထားခဲ့တယ်တဲ့။ ကျွန်တော်က ပရိတ်သတ်တွေရဲ့ မျက်နှာကိုမကြည့်ဘူးတဲ့။ တကယ်တန်းကျတော့ ဘယ်သူကဘယ်သူကိုမကြည့်တာလဲ ဆိုတာ ကျွန်တော်မဆုံးဖြတ်ချင်တော့ပါဘူး။ ကျွန်တော်အခုလို ချရေးလိုက်တယ်ဆိုတာက လဲ စိတ်ထဲမှရှိနေတဲ့ ဆန္ဒတွေကိုမျိုသိပ်မထားချင်တော့လို့ပါ။ အခုလိုမျိုးချပြောလိုက်တာ ကျွန်တော့်ရင်ထဲမှာ တော်တော်လေး ပေါ့သွားပါတယ်။ ဒါပေမယ့် စာဖတ်သူတို့ကို စိတ်အနှောက်အယှက်ပေး မိသလိုဖြစ်သွားရင်တော့ ကျွန်တော်ဒီနေရာကနေပဲ ရှိခိုးကန်တော့တောင်းပန် လိုက်ပါတယ်ဗျာ။
အားလုံးပဲ ကျွန်တော့်စာတွေကိုကြိုက်နှစ်သက်တယ် အားပေးချင်သေးတယ် ကျွန်တော့်ကို စာဆက်ရေးစေ ချင်သေးတယ်ဆိုရင် အောက်မှာ comment နဲ့မိမိဆန္ဒကို ထုတ်ဖော်သွားနိုင်ပါတယ်။ ကျွန်တော်ကတော့ comment အရေအတွက်ပေါ်မူတည်ပြီးဆုံးဖြတ်မှာနော်။
ခင်တဲ့

Monday, August 13, 2012
မောင့်ရဲ့ချစ်သူ (ပထမပိုင်း)
လေပြေလေးသည်
ညှင်းသော်လူးလွင့်လျှက် သစ်ရွက်လေးတွေကို လှုပ်ခတ်သွားစေပြီး ပျက်ပြယ်ပျောက်ကွယ်သွားသည်။
ခရေပင်လေးသည် လေပြေလေး၏ ယုယပွတ်သပ်မှုကြောင့် တည်ငြိမ်နေသော ပတ်ဝန်းကျင်လေးကို အနည်းငယ်လှုပ်ရှားနေစေသည်။
ထိုခရေပင်လေးအောက်တွင် တော့ငြိမ်သက်စွာထိုင်နေသည့်ကောင်လေးနှစ်ဦး………။
ခုံတန်းယားလေးတွင်
နှစ်ယောက်လုံးငြိမ်သက်စွာထိုင်နေကြပြီး နှုတ်ဆိတ်လျှက်ရှိကြသည်။ သူတို့နှစ်ဦးသည် ဆန့်ကျင်ဘတ်အရပ်ဆီသို့မျက်နှာမူထားသည်။
နှစ်ယောက်လုံး၏ မျက်နှာများတွင် ကြေကွဲဆွတ်ပျနေသည့် အရိပ်အယောင်များ စိုးမိုးလျှက်ရှိသည်။
သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ပါးစပ်ကထုတ်ဖော်ကာ စကားမပြောပေမယ့် ရင်ထဲတွင်တော့
ပျွတ်သိပ်ကြပ်ငြပ်နေသည့် စကားတွေက ပေါက်ကွဲတော့မည် ပူဖောင်းကြီးလို တင်းကားနေသည်။ ဆို့နင့်နေသော
ရင်ခုန်သံတွေကို ပွေ့ပိုက်ရင်း တစ်ဦးနှင့်တစ်ဦးကိုင်ထားသည့် လက်ကလေးတွေက တင်းတင်းဆုပ်လျှက်ရှိသည်။
ကောင်လေးနှစ်ယောက်လုံးမှာ အလွန်ဆုံးရှိလှမှ အသက်ခုနှစ်နှစ်ရှစ်နှစ်ခန့်သာရှိဦးမည်။
သူတို့၏နုနယ်နေသော အသားအရည်လေးက ကြေကွဲနာကျင်သော ခံစားချက်တွေကို မခံနိုင်ပဲ မျက်နှာတစ်ဝိုက် နီမြန်းလျှက်ရှိသည်။
“မောင်…………………..”
Sunday, August 12, 2012
Saturday, August 11, 2012
လနှစ်စင်းပြိုင်တဲ့ မျက်ဝန်းကောင်းကင် (အစ/အဆုံး)
ရေးသူ - ညိုလွင်ခေတ်
ဒီနေ့မနက်စောစော အပြင်မှာ မြူတွေကျနေတာကို အိပ်ရာထတော့ ပြတင်းပေါက်က တဆင့်တွေ့လိုက်ရတယ်..။ စောသေးတယ်လို့ ထင်နေပေမယ့် နာရီကြည့်တော့ မနက် ၅ နာရီထိုးနေပြီ..။ အိပ်ရာထဲမှာ ဆက်ကွေးချင်နေပေမယ့် ဂျူတီချိန်အမှီလာကြိုမယ့် ကားအမီ ပြင်ဆင်ရမှာမို့ မထချင်, ထချင်နဲ့ ရေချိုးခန်းကိုထခဲ့ရပါတယ်..။ ရေကလည်း ညကတည်းက ပုံးထဲထည့်ပြီး အအေးခံထားတာမို့ တော်တော်လေး အေးနေတာပါပဲ..။ ရေချိုးခန်းထဲက မှန်ထဲမှာ ကိုယ့်မျက်နှာကို ပြန်ကြည့်မိတော့ ကျွန်တော် တော်တော် အိုသွားတယ်..။ အရင်ကလည်း ချောတဲ့ ယောက်ျားတစ်ယောက်တော့ မဟုတ်ပါဘူး..။ မြင့်လွန်းတဲ့ အရပ်, ထွားတဲ့ ကိုယ်ခန္ဓာနဲ့ လူတိုင်းက ကျွန်တော့်အသက် ၂ဝ ကျော်ဆိုတာ ဘယ်သူမှ မယုံလောက်အောင်ကို အဆင်မပြေတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ သူပါ..။
ရေမချိုးဖြစ်သေးဘဲ သွားတိုက်ရင်းနဲ့ ရန်ကုန်က အကြောင်းတွေကို ပြန်စဉ်းစားမိတယ်..။

**************
"မေကြီး.. သားကျောင်းသွားတော့မယ်" လို့နှုတ်ဆက်ပြီး ကျွန်တော် အိမ်ကနေ အပြေးထွက်ခဲ့မိတယ်..။ မနက် ၆ နာရီခွဲ နိုဝင်ဘာလ ဆောင်းဝင်ကာစ မြူတွေနဲ့ မနက်ခင်းက ကျွန်တော့်ကို လေအေးနဲ့ ကျွန်တော့်ကို နှုတ်ဆက်လိုက်တယ်..။ (၁ဝ၂) လိုင်းကားက ဒီနေ့တော့ စောင့်စရာမလိုဘဲ ကျွန်တော် ကားဂိတ်ရောက်တာနဲ့ ရောက်လာခဲ့ပါတယ်..။ စီးနေကျအတိုင်း ကားခေါင်းခန်းကပဲ တက်စီးလိုက်တယ်..။ ကျွန်တော့်ကို ကားသမားကတောင် မှတ်မိနေပြီ..။
"ငါ့ညီက အချိန်မှန်ပဲနော်...။ ဘာသင်တန်းမို့လို့ ဒီလောက် စောရတာလဲကွ.."
ကျွန်တော်က ရန်ကုန်စီးပွားရေး တက္ကသိုလ် (ပင်မ) မှာ ဒီပလိုမာ သင်တန်းတစ်ခု တက်နေတာလေ..။ အတန်းချိန်က ၇ နာရီခွဲစနေကျဆိုတော့ ကျွန်တော် ၆ နာရီခွဲလောက် ကားစီမှ အချိန်မီရောက်မှာလေ..။ နည်းနည်းစောစောရောက်ရင် ကင်တင်းထိုင်ပြီး လဘက်ရည်သောက်ပြီး ငေးနေ တွေးနေကျလေ..။ ဒီလိုပဲ ကားသမားကို ရှင်းပြလိုက်တယ်.။ နောက်တော့ သူလည်းကားကို အာရုံစိုက်မောင်း ကျွန်တော်လည်း MP3 နားထောင် ဆိုတော့ စကားစ ပြတ်သွားကြတယ်..။
အမှန်တော့ ဒီနေ့ အတန်းက ၉ နာရီမှ စမှာ...။ ဒါပေမယ့် ကျွန်တော်ဆုံနေကြ မျက်ဝန်းလေးကို ဆုံချင်လို့ တမင် စောစော ထွက်လာလိုက်တယ်..။ စံရိပ်ငြိမ်မှတ်တိုင်ရောက်တော့ ကျွန်တော် ဆင်းလိုက်တယ်..။ လျှောက်နေကျဖြတ်လမ်းလေးအတိုင်း ဖြည်းဖြည်းချင်း လျှောက်လာလိုက်တယ်..။ကျွန်တော်
Friday, August 10, 2012
Monday, August 6, 2012
လိင်တူချင်းလက်ထပ်သူ စစ်သားနှစ်ဦး
ပြီးခဲ့တဲ့ june 23 ရက်နေ့က အမေရိကန်နိုင်ငံ New Jersey ပြည်နယ်မှာ လိင်တူချင်းကြိုက်သူ စစ်သားနှစ်ဦးဟာ သူတို့ရဲ့ စစ်ဋ္ဌာနချုပ်ခန်းမဆောင်ဖြစ်တဲ့ Mcguire- Dix-lakehurst မှာ လက်ထပ်ပွဲကို ကျင်းပခဲ့ကြပါတယ်။
ထိုအမျိုးသားစစ်သားနှစ်ဦးထဲက Erwynn Umali ဟာစစ်ပိုင်းဆိုင်ရာတပ်ရင်းမှူး(Technical Sergeant ) ဖြစ်ပြီး ကျန်တစ်ဦးရဲ့အမည်ကတော့ Will Behrens ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Umali ရဲ့ အမေရိကန် လေတပ်ရင်းမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ကိုးလလောက်တုန်းကဆိုရင် သူတို့နှစ်ဦးဟာ လက်ထပ်ဖို့အထိရည်ရွယ်ဖို့မပြောနဲ့ စဉ်းတောင်မစဉ်းစားဝင့်ခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စစ်တပ်က ဥပဒေတစ်ချို့ဟာ လိင်တူအမျိုးသား (သို့) လိင်တူအမျိုးသမီး ဆက်ဆံရေးနဲ့ညိစွန်းနေပြီး သူတို့ရဲ့ဆက်ဆံရေးကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့သာ ထားရှိခဲ့ရလို့ဖြစ်ပါတယ်။ အခုတော့ အဲ့ဒီဥပဒေ ကိုပျယ်ဖြတ်လိုက်ပြီးဖြစ်တဲ့အတွက် သူတို့နှစ်ဦးဟာ လူအများရှေ့မှာ ပွင့်ပွင့်လင်းလင်းလက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။
"ကျွန်တော်တို့ရဲ့ မင်္ဂလာဆောင်ကို ကျင်းပဖို့ လေတပ်ကစစ်ဋ္ဌာနချုပ်မှာမေးမြန်းတော့ သူတို့က ပွင့်ပွင့်လင်းလင်းပဲ လက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် လေတပ်ကစစ်ဋ္ဌာနချုပ်မှာ မင်္ဂလာဆောင်ကျင်းပဖို့ တစ်ခါမှမေးမြန်းခဲ့ဖူးတဲ့သူ ရှိမှာမဟုတ်ပါဘူး" လို့ Umali ကသူ့ရဲ့ facebook စာမျက်နှာမှာဖော်ပြထားတာ ကိုတွေ့ရပါတယ်။ "နောက်ပြီးတော့ ကျွန်တော်တို့ မင်္ဂလာဆောင်ကို ဘယ်အရာရှိကမှ နှောက်ယှက်တာတို့ကန့်ကွက်တာတို့လုပ်တာမျိုးမရှိပါဘူး။ ကျွန်တော်တို့နှစ်ယောက်ကို စိတ်ရှည်ဖို့ တစ်ခုပဲပြောခဲ့တာရှိပါတယ်။ ဘာလို့လဲဆိုတော့ လိင်တူမင်္ဂလာဆောင်မျိုး စစ်တပ်မှာကျင်းပတာဟာ သူတို့အတွက်တော့ ပထမဦးဆုံးအတွေ့အကြုံဖြစ်နေလို့ပါတဲ့" ဟုUmali ကပြောကြားခဲ့ပါသေးတယ်။
သူတို့နှစ်ယောက်မင်္ဂလာပွဲဟာ အောင်မြင်စွာကျင်းပပြီးစီးသွားခဲ့တာဖြစ်ပြီး အခုလိုကောင်းတဲ့တုန့်ပြန်မှုမျိုးရခဲ့ခြင်းသည် ယခင်က သူတို့နှစ်ယောက်ရဲ့ relationship ကိုလုပ်ဖော်ကိုင်ဖက်တွေကို ပြောပြခဲ့တုန်းကလိုပဲ တူညီမှုရှိပါတယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့စက်တင်ဘာလ၌ "မမေးနဲ့မပြောနဲ့" ဆိုတဲ့ ဥပဒေမရှိတော့တဲ့ အချိန်ကစပြီး Umali ဟာသူ့ရဲ့ချစ်သူ Behrensနဲ့သူ့ရဲ့အကြောင်းကို ဖွင့်ပြောဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Umali ဟာသူ့ရဲ့လုပ်ငန်းကိစ္စအတွက်နဲ့ခရီးမထွက်ခင် နှုတ်ဆက်နေ့လည်စာစားပွဲ၌လည်း သူဟာလိင်တူချင်းကို စိတ်ဝင်စားတဲ့အမျိုးသားတစ်ဦးဖြစ်ပါတယ်လို့ လူအယောက်လေးဆယ်ခန့်ရှေ့မှာဖွင့်ပြောခဲ့ပါသေးတယ်။ နောက်ပြီးတော့ Umali ဟာသူ့ရဲ့အမျိုးသားနဲ့ လက်တွဲဖော် လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ ထိုစဉ်က Umali ရဲ့ဝန်ခံချက်ကို သဘောကျလွန်းလို့စစ်တပ်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ လက်ခုပ်သြဘာပေးပြီး ၀ိုင်းဝန်းချီးမြှောက်ခဲ့ကြတယ်ဟုလည်းသိရသေးပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲကို မိသားစုနဲ့ ခင်မင်ရင်းနီးသူများအပါအ၀င် လူအယောက် ၁၅၀ ကျော်တက်ရောက်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို Evangelical Lutheran Church မှာရှိတဲ့ ရေတပ်စစ်သမီးတစ်ဦးဖြစ်သူ Chaplain Kay Reeb ကလက်ထပ်ပေးခဲ့ပါတယ်။
Umali နဲ့ Behrens ရဲ့ ဆက်ဆံရေးကို အားလုံးကသဘောတူညီကျတယ်လို့လဲ မရှိသေးပါဘူး။ ပြီးတော့သူတို့ဟာ ဘာသာရေးအယူဝါဒ ပြင်းထန်တဲ့မိသားစုကနေဆင်းသက်လာကြ တာဖြစ်ပါတယ်။ Behrens ရဲ့မိသားစုဆိုရင် သူအခုလိုလိင်ချင်းစိတ်ဝင်စားနေမှုကို လက်သင့်မခံပါဘူး။ နောက်ပြီး Philippines မှာရှိတဲ့ Umali ရဲ့မိဘတွေဟာလဲ ယခုလိုသူတို့ရဲ့လိင်တူချင်းစိတ်ဝင်စားနေမှုကို လုံးဝဘ၀င် မတွေ့ဘူးလို့ဆိုပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ယခင်က မိန်းမနဲ့ ကလေးနှစ်ယောက်စီ ရှိခဲ့ဖူးကြသူများဖြစ်ကြပါတယ်။ ယခုလိုသူတို့လိင်တူချင်းမင်္ဂလာဆောင်ချိန်၌ ထိုမိန်းမနဲ့ကလေးတွေကပါ မင်္ဂလာပွဲလာတက်ကြတယ်လို့ အံ့သြဖွယ်သိရပါသေးတယ်။
Umali က "ကျွန်တော်တို့ ကလေးတွေကို အဓိကပြချင်တာကတော့ မိမိကိုကိုယုံကြည်မှုရှိဖို့ရယ်နဲ့ လူသားတိုင်းကို ခွဲခြားမှုမရှိပဲ ချစ်တ်ြနိုးတတ်ဖို့ပါ" ဟုပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ အောင်မြင်မှုနဲ့အတူ ကလေးတွေကလည်းသူတို့ကိုချစ်မြတ်နိုးနေတုန်းပါပဲ။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိနေတာကအစ ကလေးတွေကသိနေတယ်လို့လဲဆိုပါသေးတယ်။ မင်္ဂလာဆောင်ပွဲပြီးနောက် သူတို့နှစ်ယောက်ဟာ ကလေးတွေနဲ့အတူ Disneyland လို့ခေါ်တဲ့ ကလေးကစားကွင်းကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲဟာအောင်မြင်စွာ ပြီးဆုံးသွားပေမယ်လို့ လေတပ်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက မင်္ဂလာဆောင်တွေနဲ့ အခွင့်အရေးတန်းတူမရှိခဲ့ဘူးလို့သိရပါတယ်။ ဒီလိုကိစ္စတွေကို အမြန်ဆုံးပြောင်းလဲစေချင်ပါတယ်လို့လဲ သိရပါသေးတယ်။
တန်းတူအခွင့်အရေးကိုလိုချင်တာ ဟာသူတို့နှစ်ယောက်ရဲ့ရည်ရွယ်ချက်ပါတဲ့။ ဒါပေမယ့် သူတို့တိုင်းပြည်မှာ ကတော့အဓိကထား ထားတဲ့နေရာမှာမရှိသေးပါဘူး ဟုBehrens ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တစ်ချို့ကိစ္စတွေမှာ လိင်တူတွေဟာ လိင်ကွဲတွေနဲ့တန်းတူအခွင့်အရေး မရသေးပါဘူး။ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့မိသားစုနဲ့ ရင်းနီးတဲ့မိတ်ဆွေတွေရှေ့မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ဘ၀ကို ပွင့်ပွင့်လင်းလင်းဖြတ်သန်းဖို့ ပထမဦးဆုံးအနမ်းကို ထုတ်ဖော်ပြသွားခဲ့တာဖြစ်ပြီး နှစ်ဦးသားပျော်ရွှင်စွာဖြင့်လဲ တွဲကပြခဲ့သေးပါတယ်။ မင်္ဂလာပွဲမှာ Umali ဟာသူ့ရဲ့လေတပ် ယူနီဖောင်းကိုဝတ်ဆင်းထားပြီး Behrens ကတော့ အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်စားထားတာ တွေ့ရပါတယ်။
Umali ဟာ သူ့ဘ၀မှာချစ်သူနဲ့ စစ်တပ်မှာ တွဲကရလိမ့်မယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ခဲ့မိဘူးလို့ဆိုပါတယ်။ ထို့အတူ Behrens ကလဲ "ကျွန်တော်တို့နှစ်ယောက်စလုံး ဟာရှေ့ဆက်ပြီး အခက်အခဲများစွာကို ရင်ဆိုင်ရဦးမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုအခက်အခဲတွေ ကြုံရလေလေ ကျွန်တော်တို့အတွက် ခွန်အားတွေတိုးလေလေဖြစ်မှာပါ။ ကျွန်တော်တို့ဟာ တစ်ချို့အခက်အခဲတော်တော်များများကို ရင်ဆိုင်ဖြတ်သန်းခဲ့ပြီးပါပြီ။ ပြီးတော့ ကျွန်တော်တို့ဟာ ရှေ့ဆက်လျှေက်ဖို့လဲ အဆင်သင့်ဖြစ်နေပြီးသားပါ" လို့ပြောကြားခဲ့ပါသေးတယ်။
This news is posted by
Moonlight(USA)