ဆောင်းဝင်စဖြစ်တာကြောင့်ရာသီဥတုက
အေးစက်စက်နိုင်လာသည်။ သူနှင့်နေ ထမင်းဆိုင်မှ ထွက်လာပြီးနောက် ညဈေးတန်းလေးကို ဖြတ်ကာလမ်းလျှောက်လာခဲ့ကြသည်။
အေးစက်စက် လေညှင်းလေးနှင့်အတူ နေကသူ့ပခုံးကိုဖက်ထားသောကြောင့် လမ်းလျှောက်ရသည်မှာ အရသာတစ်မျိုးပင်။
ဈေးထဲတွင်များသောအားဖြင့် အဝတ်အစားတွေသာရောင်းသည်ကများသည်။ နေက သူလိုချင်သည့်အဝတ်
အစားတွေအကြောင်းကို တတွတ်တွတ်ပြောနေသည်။ သူကတော့ ပြုံးရင်းသာနားထောင်နေလိုက်သည်။
ဈေးမှပြန်ရောက်သောအခါ နေ့ကိုတောင်ပေါ်ရှိရပ်တော်မူဘုရားသို့
လိုက်ပို့ပေးလိုက်သည်။ ထိုဘုရားမှအပြန်တွင်တော့ ဘယ်မှမဝင်တော့ပဲ သူတို့နှစ်ယောက်လုံး
Hotel သို့တန်းပြန်ခဲ့ကြ၏။ Hotel သို့ရောက်တော့ တံခါးပိတ်လုနီးနေပြီဖြစ်သည်။ ထို့နောက်
နှစ်ရောက်လုံး မိမိအခန်းသို့ပြန်တက်ခဲ့ကြ၏။
အခန်းထဲသို့ရောက်သော်
နေက ခြေပစ်လက်ပစ်ကုတင်ပေါ်သို့ လှဲချလိုက်သည်။ သူနေ့ကို တစ်ချက်ကြည့်လိုက်ပြီး တံခါးကိုပြန်ပိတ်ကာ
လော့ချလိုက်၏။ နေကတော့ ကုတင်ပေါ်တွင် သက်ပြင်းချလျှက်ရှိသည်။ သူနေ့အနားကပ်သွားလိုက်သည်။
နေကသူ့ကို မြင်တော့ လက်ကိုလှမ်းဆွဲကာ ကုတင်ပေါ်သို့ ဆွဲချလိုက်သည်။ ထို့နောက်နေက သူ့ကို
ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
“အောင်............”
“နေ့ကို ကြောက်နေတာလား”