Thursday, February 21, 2013

ယောကျာ်းလှကျွန်း အပိုင်း(၁၁)





သူအံသြပြီးမှင်သက်သွားမိသည်။ ရုတ်တရက်ဆိုတော့ ဘာပြောရမှန်းပင်မသိတော့ချေ။ သူ့နှုတ်ခမ်းတွေ တုန်ရီလာရင်း  ဂီနို့ကို မျက်လုံးအဝိုင်းသား ဖြင့်သာငေးကြည့်နေမိ၏။

“နီယွန်.......”

“နီယွန်.......”

“မင်းကိုချစ်တယ်လို့ပြောနေတာကြားလား”

“ဟင်..........ဟို........ငါ...........ကြား.........အဲ့မကြား............ကြား”

ဂီနိုက သူ့ကိုတစ်ချက်စေ့စေ့ကြည့်သည်။ ထို့နောက် တခွိခွိရယ်တော့သည်။ ဂီနိုရယ်တော့ သူပိုလို့ပင် ရှက်လို့သွားမိသည်။ သူခြေဖျားလက်ဖျားတွေ အေးစက်လာ၏။ ရင်တွေလဲ တဒိန်းဒိန်းခုန်လာသည် သူ့ခန္ဓာကိုယ်ပေါ်မှ ဂီနို့ကိုတွန်းချပြီး ရေချိုးခန်းထဲမှထွက်လာခဲ့သည်။ ဂီနို ဒီကောင် တော်တော်မျက်ခွက်ပြောင်တဲ့ကောင် ဒီကောင် ငပြောင်.................

Monday, February 18, 2013

ယောက်ျားလှကျွန်း အပိုင်း(၁၀)





သံယောဇဉ်တစ်ခု စတင်တွယ်ကပ်လာပြီဆိုလျှင် လူကိုအလွန်အင်မတန်မှ မွန်းကြပ်စေသည်။ ယောက်ျားလေး တွေနှင့်ပဲ အထိအတွေ့များခဲ့သည့် နီယွန်က မိန်းမတစ်ယောက်ကို ချစ်ကြိုက်ရကောင်းမှန်း မသိတော့သည်လား။ ထိုမှမဟုတ် သူ့ကိုပဲ နီယွန်ကချစ်နေပြီလား။ နီယွန်ချစ်သည်က အကြောင်းမဟုတ်ပါ။ သူက နီယွန်ကိုချစ်နိုင်ပါ့မည်လား။ စိတ်ကူးယာဉ်ဆန်သည့် ယောက်ျားအချင်းချင်းချစ်သည့် အချစ်မျိုးသူတစ်ခါမှ မချစ်ခဲ့ဖူးပါ။ သူဒီလောကကိုရောက်လာခဲ့သည်ကလဲ ငွေကြေးချို့တဲ့သည့် သူ့ဘဝ အခြေအနေကြောင့်သာဖြစ်သည်။ သို့ပေမယ့် နီယွန့်ကိုတော့ မုန်းတီးနေသည့် စိတ်မရှိပါ။ သူ့အပေါ်စိုးရိမ်နေသော နီယွန့်ကို ကြည့်ပြီး သူသနားသည်။

ချစ်ချင်းအစသနားခြင်းကတဲ့။ တကယ်လို့သူသာ နီယွန့်ကိုသနားနေမိတာမှန်လျှင် သူလဲ နီယွန့်ကို ကြိုက်နေပြီလားမသိပါ။ ဘာပဲဖြစ်ဖြစ် နီယွန်က သူကဘေးနားမှ အမြဲရှိနေသည့် အဖော်မွန်ကောင်း တစ်ယောက်မှန်းသူသိသည်။ ထို့အပြင် နီယွန့်ကျေးဇူးတွေလဲ သူ့မှာရှိနေသေးသည်။  နီယွန်က သူ့ကိုကြိုက်သည်ဟု ဖွင့်ပြောလာခဲ့ရင်ကော။ သူမည်သို့ ဆုံးဖြတ်ရမည်နည်း။ ထူးဆန်းသည်က သူလဲယခုအချိန်ထိ မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားခဲ့ ခြင်းမျိုးမရှိခဲ့ခြင်းပင်။ သူသက်ပြင်းတစ်ချက်ချလိုက်ပြီး ကုတင်အောက်ထပ်ရှိ နီယွန့်ကို လှမ်းငုံ့ကြည့် လိုက်သည်။ နီယွန်ကတော့ ငြိမ်သက်စွာအိပ်ပျော်နေဟန်ရှိသည်။ ထို့နောက်စောင်ကိုခြုံကာ သူလဲ အိပ်ပျော်အောင် ကြိုးစားလိုက်၏။

“ဂီနို................”

Friday, February 15, 2013

ထူးဆန်းသည့် Gay ဘဝ


လူတွေ၏နားထဲတွင် Gay ဟုဆိုလိုက်သည်နှင့် တစ်ချို့က မျက်နှာရှုံ့ကြမည်။ တစ်ချို့ ရွံရှာသလိုဖြစ်သွားကြမည်  တစ်ချို့ကျတော့လဲ ဘာမှမဖြစ်သလိုပဲနေကြသည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ဂေးတွေသည် လူတွေ၏ အပြောခံလူတန်းစားဘဝကနေ မလွတ်မြောက်နိုင်သေးသည်မှာ ယနေ့ထိတိုင်အောင်ဖြစ်သည်။ ထိုကဲ့သို့ ဖိအားများ ပတ်ဝန်းကျင်တွင် တည်ရှိနေသောကြောင့် မဖြစ်သင့် မဖြစ်ထိုက်သည့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာရသည်။ လူတွေ၏ တစ်ဖက်သက်အမြင်ဖြင့် ဂေးတွေကို ဖိနိမ့် ခွဲခြားဆက်ဆံကြသည် လှောင်ပြောင်သရော်ကြသည်။ ထို့ကြောင့် လူတစ်ယောက်ဟာ သူ့ကိုယ်သူ 100% ဂေးဟုသိနေလျှင်တောင်  ပတ်ဝန်းကျင်တွင် ဂေးဟုလူသိမခံတော့ချေ။ ထိုင်နေလျှက်အကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလို မိမိဘာသာ အပုန်းဘဝဖြင့်နေနေသည်က လူပြောမခံရပဲ အေးအေးဆေးဆေးနေနိုင် သေးသည်။ ပတ်ဝန်းကျင်တွင် ဂေးဟုဝန်ခံလိုက်ခါမှ မထင်မှတ်သည့် ဆိုးကျိုးတွေ ရရှိလာနိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့နေထိုင်သည်က မြန်မာနိုင်ငံမဟုတ်ပါလား...........

          သာမန် လိင်ကွဲကိုမှနှစ်သက်သူ Straight တစ်ယောက်သည် မိမိကိုယ်ဂေးဟု အစခံရပါက မည်သို့မျှ ဖြစ်မသွားသော်လည်း ကျွန်တော်တို့ ဂေးတွေသည် လူကြားသူကြားထဲတွင် မတော်တဆ ဂေးဟုအစခံရပါက နောက်ကျောမလုံသလိုဖြစ်မိတာတော့အမှန်ပင်ဖြစ်သည်။ အမှန်တကယ်တော့ လိင်စိတ်ဝင်စားမှု ပြောင်းလဲရာကနေ စတင်လာခဲ့ပြီး လိင်တူချင်းသာ ကြိုက်နှစ်သက်တတ်ကြသော ကျွန်တော်တို့ဂေးများသည် လူအဖွဲ့အစည်းတစ်ခုလုံး၏ လူသားများသာဖြစ်ပါသည်။

ယောကျာ်းလှကျွန်း အပိုင်း(၉)




လေးကောင်ဂျင်ဝိုင်းတစ်ခုတွင် လူများအုံခဲလျှက်ရှိသသည်။ ထိုလူများ၏ မျက်နှာများတွင် ဇောချွေးများ ပြန်လျှက်ရှိပြီး အုပ်ဆောင်းအုပ်ထားသော လေးကောင်ဂျင်သီးကို စိတ်ဝင်စားနေကြသည်။ ဝိုင်းတစ်ခုလုံး အပ်ကျသံမျှ မကြားရလောက်အောင် တိတ်ဆိတ်နေသည်။ လူတစ်ချို့၏ မျက်လုံးများကတော့ ကျီးကန်တောင်မှောက်နှင့် ဂဏာမငြိမ်ကြပါ။ တစ်ချို့က ပါးစပ်တွင် ပွစိပွစိဖြင့် တစ်ခုခုကို ဆုတောင်းနေ သယောင်ယောင်......

“ကဲ....အားလုံး လက်ရှောင်...ပေါက်ကောင်ဖွင့်မယ်”

အုပ်ဆောင်းရှေ့တွင် ထိုင်နေသော လူဝဝကြီး၏ အသံကြောင်း အားလုံး စိတ်ပိုလှုပ်ရှားသွားသည်။ ထို့နောက် လူဝဝကြီးက အုပ်ဆောင်းကိုလှပ်လိုက်လေ၏။

“ကြက်................”

“ဟာ......................................”

“ဟင်......................................”

“ဟယ်မိုက်ရိုင်းချက်တော်......................................”

Thursday, February 7, 2013

ဒုတိယပန်းသီးတစ်လုံး (ဇာတ်သိမ်းပိုင်း)


သူရေကန်ထဲသို့ရောက်သောအခါ နေကသူ့ကိုအရှေ့ဖက်သို့လှည့်စေပြီး အနောက်မှနေ၍ သူ့လက်နှစ်ဖက်ကို ကိုင်ကာ ထိုင်လိုက်စေသည်။ သူထိုင်လိုက်တော့ ရေကန်ထဲတွင်ရှိသည့် နေ့ပေါင်ပေါ်သို့ ထိုင်မိသွားသည်။ နေကအတွင်းခံဘောင်းဘီဝတ်ဆင်ထားသေးသဖြင့် သူထိုင်လိုက်တော့ နေ့ပစ္စည်းခုလုခုလု လေးပေါ်တွင် ထိုင်ရခက်သလိုဖြစ်နေသည်။ နေကသူ့ဝမ်းဗိုက်တွေကို သိုင်းဖက်လိုက်ပြီး အနောက်သို့ ဆွဲလှဲလိုက်၏။  သူထိုင်ရတာ နည်းနည်းတော့ အဆင်မပြေသလိုရှိသည်။ သို့ပေမယ့် စိတ်ထဲကတော့ ကျေနပ်နေသည်။

နေကတဖြည်းဖြည်းဖြင့်သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သိုင်းဖက်ထားသည်။ ရေခိုးရေငွှေ့တွေ လှိုင်နေသော ရေချိုးကန်ထဲတွင် နေနှင့်သူနှစ်ယောက်သား ကြည်နူးနေမိသည်။ နေ့အသားအရေတွေနှင့် သူထိတွေ့နေရသည်ကပင် သူ့ကိုကျေနပ်နှစ်သိမ့်မှုတွေ များစွာဖန်တီးပေးလျှက်ရှိ၏။ နေ့ရင်ခွင်ထဲတွင် အသာသူမှေးနေလိုက်သည်။ နေကတော့ သူ့ကိုအသာအယာလေး ပွတ်သပ်ပေးနေသည်။ တဖြေးဖြေးဖြင့် နေ့လက်တွေက သူ့ပေါင်ရင်းနားသို့ရောက်လာကာ သူ့ပေါင်သလုံးသားတွေကို ဆုပ်နှယ်နေ၏။ နေ့၏ အပြုအမူအောက်တွင် သူယစ်မူးရင်း သာယာလှိုက်မောနေမိကာ လောကကြီးတစ်ခုလုံးကို မေ့ချင်သွားသည်။