“ဒါဆိုရင် အဲ့ဒီငွေထုတ်က
အခင်းဖြစ်တဲ့နေရာမှာ ကျန်ခဲ့တယ်ပေါ့ဟုတ်လား”
“ဟုတ်ပါတယ် မမမိုးမြင့်
ကျွန်တော်ကလဲ ရဲဆိုတာနဲ့ ကြောက်အားလန့်အားနဲ့ ပြေးလိုက်မိတာ အဲ့ဒီငွေထုတ်ကို ယူဖို့သတိမရလိုက်ဘူး”
“ကောင်းပြီး မင်းပြန်တော့
နောက်လိုမှငါဖုန်းဆက်မယ်”
“ဟုတ်ကဲ့မမမိုးမြင့်”
ကားသမားထွက်သွားသော
အခါမိုးမြင့်က ၄င်းလက်ထဲရှိစီးကရက်ကို ဆေးလိပ်ခွက်ထဲသို့ ပြာခြွေလိုက်၏။ ထို့နောက်
နှုတ်ခမ်းစပ်သို့ ပြန်တည့်ကာ တစ်ချက်မျှ ရှိုက်လိုက်သည်။ စီးကရက်မီးကလေးသည် ရဲကနဲဖြစ်သွားလေသည်။ ထို့နောက် မိုးမြင့်၏ နှုတ်ခမ်းမှ မီးခိုးငွှေ့များ
လေထုထဲသို့ မှုတ်ထုတ်လိုက် လေသည်။ မီးခိုးငွှေ့တွေ ထွက်သွားသည်နှင့် တစ်ပြိုင်နက် မိုးမြင့်၏
နှုတ်ခမ်းထောင့် တစ်နေရာမှာလဲ ကွေးညွတ်သွားလေသည်။
“ဟင်း..... ဟင်း.......ဟင်း.......တွေ့ကြသေးတာပေါ့
ဂီနိုရယ်”