Sunday, May 25, 2014
Saturday, May 24, 2014
Friday, May 23, 2014
ဂေးဖြစ်ကြောင်းမိဘတွေကို ဖွင့်ပြောတော့မယ်ဆိုရင်
ဒီအကြောင်းကို
စဉ်းစားမိနေတာကြာပါပြီ။ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်နေတာပါ။ ကျွန်တော်တို့ ဂေးတွေအတွက်
အခက်အခဲကြီးတစ်ခုဆိုလဲဟုတ် ပြသနာတစ်ခုဆိုလဲဟုတ်တဲ့ ဒီအကြောင်းအရာကို ကျွန်တော်စဉ်းစားမိသလောက်
ဆွေးနွေးတင်ပြချင်ပါတယ်။ အမြင်မတူလို့ ကွဲလွဲချက်တွေရှိနေရင်လဲ စာဖတ်သူတို့အနေနဲ့ မိမိအမြင်များကိုလွတ်လပ်စွာ
ထင်မြင်ချက်ပေးပိုင်ခွင့်ရှိပါကြောင်းနဲ့ လွတ်လပ်စွာ ဆွေးနွေးဖလှယ်နိုင်ပါကြောင်းကိုလဲ
ပြောကြားလိုပါတယ်။
ဒီအကြောင်းကိုဆွေးနွေးမယ်ဆိုရင်
အရင်ဆုံးအပွင့်တွေကို ခဏဘေးဖယ်ထားချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငယ်ငယ်ကတည်းကပွင့်နေတဲ့
Thursday, May 22, 2014
ဘာကြောင့်များ
နေမောင်ကို မွေးခဲ့တုန်းက ဖေဖေတော်တော်ပျော်ခဲ့သည်တဲ့။ နေမောင်ရှေ့တွင် သမီးချည်းပဲကို သုံးယောက်တိတိတောင် မွေးထားခဲ့သည်ဖြစ်ရာ သားတစ်ယောက်လိုချင်လွန်းလှသော ဖေဖေသည် ဘယ်တုန်းအခါကမှ မယုံခဲ့သည့် ဗေဒင်များ၊ယတြာများကိုပင် လျှင် အတော်ကြီးယုံခဲ့သည်ဟုဆိုသည်။ ဘုရားတွင်လည်း အကြိမ်ကြိမ်ဆုတောင်းခဲ့ရသည်ဟု မေမေကပြောပါသည်။ ထို့နောက်တွင် နေမောင့်ကိုမွေးသည်။ ဖေဖေကား ပျော်မဆုံးပြီတည်း…။
သားတစ်ယောက်မွေးရခြင်းနှင့် သမီးတစ်ယောက်မွေးရခြင်းသည် အလွန်တရာကိုမှ ကွာခြားလွန်းလှသည်ဟု ဖေဖေက ခံယူသူပင်..။ သမီးဆိုသည့်အမျိုးက အချိန်တန်လျှင် အိမ်ထောင်ကျပြီး သျှောင်နောက်ဆံထုံးပါ ယောက္ခမအိမ်သွားရမည့်သူ၊ မွေးသောမိဘများ မပိုင်ရ။ အားကလည်းကိုးလို့မရ။ တစ်နည်းအားဖြင့် သမီးတစ်ယောက်ရလာခြင်းသည် ဘာကိုမှ ကြီးကြီးမားမား မျှော်မှန်း၍မရ..။ သားဆိုသည့် အမျိုးကတော့ ထိုသို့မဟုတ် မွေးကတည်းက သက်ဆိုင်းတိုင် မိဘဖြစ်သူတွေနှင့်အတူတူနေပေးမည့်သူဟု ဖေဖေကခံယူသည်။ ကိုယ်က ပိုင်ဆိုင်ခွင့်ရသည်…ဒီကြားထဲ အချိန်တန်လျှင် လိမ္မာသော ချွေးမလေးတစ်ယောက်ကိုလည်း အိမ်ပေါ်သယ်ဆောင်လာပေးဦးမည်။
ယောက်ျားလေးဖြစ်သောကြောင့်လည်း တစ်နေ့တွင် ဖအေ့ခြေရာနင်း၊ ဖအေရုန်းခဲ့သမျှ အလုပ်တွေ ဆက်ခံလုပ်ကိုင်ပေးမည့်သူ၊ မိဘကို သက်ဆုံးတိုင် လုပ်ကျွေးမည့် သူ….စသဖြင့် စသဖြင့်သော ခံယူချက် မျှော်မှန်းချက်တွေနှင့် ဖေဖေပါတည်း။
သို့သော်…..
Sunday, May 18, 2014
ကျောင်းတော်ကြီးရဲ့ အချစ်ပုံပြင် အပိုင်း(၄)
ရသခေါက်ဆွဲပန်းကန်းလေးကိုကောက်ကိုင်လိုက်ပြီး
မီးဖိုချောင်ထဲမှထွက်လာခဲ့သည်။ ဧည့်ခန်းထဲမှ တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့ ညရှစ်နာရီထိုးခါနီးနေပြီဖြစ်သည်။
မေမေအခုထိပြန်မရောက်သေးပါ။ ထားပါတော့လေဟုတွေးလိုက်ပြီး ခေါက်ဆွဲပန်းကန်ကိုသူ့အိပ်ခန်းထဲထိယူဆောင်လာခဲ့သည်။
အခန်းထဲသို့ ရောက်သောအခါ စာကြည့်စားပွဲပေါ်ရှိ Table lamp လေးကိုဖွင့်လိုက်သည်။ ထို့နောက်
ခေါက်ဆွဲပန်းကန်ကို စားပွဲပေါ်သို့တင်ထားလိုက်ပြီး စာကြည့်ရန်ပြင်လိုက်သည်။ ဒါပေမယ့်
စိတ်ကစာထဲမှာမရောက်ပဲ နေ့လည်က ကိစ္စကိုပဲတွေးနေမိပါသည်။ သူဘာကြောင့်များ ဒီလိုဖြစ်နေသလဲဆိုတာစဉ်းစာလို့မရပါ……
မင်းသန့်ဇင်
လက်လေးထဲမှ ဖုန်းလေးကိုကိုင်ကာမင်းသန့်ဇင်တစ်ယောက်
စိတ်ညစ်နေပါသည်။ သူရသဆီစာပို့မလို့ ပြင်နေခြင်းဖြစ်သည်။ ဒါပေမယ့်စကားကိုဘယ်ကနေဘယ်လို
စပြောရမှန်းမသိဖြစ်နေတာနဲ့ ဖုန်းကိုသာ အကြာကြီးကိုင်ထားနေမိတော့သည်။ နေ့လည်က ရသပါးကိုကိုင်မိခဲ့တဲ့အတွက်
ရသကိုအထင်မလွဲသွားစေ ရန်ပြောလိုနေခြင်းဖြစ်သော်လည်း ဘယ်လိုမျက်နှာမျိုးနဲ့ ရသကိုရင်ဆိုင်ရမလဲလို့ပြန်တွေးမိတိုင်း
စိတ်ထဲ ရှုပ်ထွေးလို့သွားရကာ မိမိကိုယ်သာအပြစ်တွေထပ်တလဲလဲတင်နေမိပါတော့သည်။ သက်ပြင်းလေးကို
တစ်ချက်ချလိုက်ပြီး ဖုန်းMassage area ထဲကိုသူစာသားအချို့ စတင်ရိုက်လိုက်သည်။
Thursday, May 15, 2014
ရင်ဝှက်ပန်း
တကယ်ဆို
ရနံ့ မပေးလိုခဲ့ပါဘူး
ငေးကြည့်နေရုံလေးပဲ
ကျေနပ်ခဲ့တာပါ
ပန်းတစ်ပွင့်ပဲကွယ်….
ဖူးပွင့်ရုံပဲ တတ်နိုင်ပါတယ်။
(၁)
ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်မင်္ဂလာ အခမ်းအနားလေးတစ်ခု…။ဖိတ်ကြားခြင်း မခံရပဲ ကျွန်တော့်ဆန္ဒတစ်ခုတည်းနဲ့ ကျွန်တော် ရောက်နေခဲ့တာပါ။ တက်ရောက်လာကြတဲ့ နှစ်ဖက်အသိုင်းအဝိုင်းတွေ၊ သူငယ်ချင်းတွေ အများကြီးကြားက ထောင့်ကွယ်က နေရာလေးမှာ ကျွန်တော် နေရာယူလိုက်ပါတယ်။
သူငယ်ချင်းရယ်…. မင်းပျော်နေမယ့် မျက်နှာလေးကို နောက်ဆုံးတကြိမ် ငါ တွေ့ခွင့်ရချင်လို့ပါ။ မင်းက အခွင့်မပေးခဲ့တော့ ငါကပဲ အခုလို ဖန်တီးခဲ့ရတယ်လေ။ ဘာလို့ ငါ့ကို မဖိတ်ကြားခဲ့တာလဲ။ ဘာလို့ အသိမပေးခဲ့တာလဲ။
လိပ်ပြာမျှားသောကျွန်း
ကောင်းကင်ကိုမော့ကြည့်လိုက် လျှင် အုံ့ဆိုင်းနေသော မိုးသားတိမ်လိပ်တွေကိုတွေ့ရ သည်။ မိုးတွင်းမှာမိုးရွာတာမထူးဆ န်းသော်လည်း ချစ်သူထံပြန်ရမည့်နေ့မှ ဒီလိုအုံ့မိုင်းနေခြင်းကိုစိတ်က
သိပ်သဘောမကျ။ ကားလက်မှတ်ကို ည ၈း၃၀ ဖြတ်ထားလို့တော်သေးသည်။
နာရီကိုကြည့်လိုက်တော့ ညနေသုံးနာရီရှိပြီ။ အမှန်ဆိုဒီလိုရာသီဥတုမျိုးက မန္တလေးမှာနေလို့ကောင်းသည်။ မိုးမရွာဘဲအုံ့ဆိုင်းနေခြင်းသည် မန္တလေးတော်ဝင် နန်းရိပ် နန်းမြေကို အလွမ်းပို နေစေသလိုခံစားမိသည်။
မန္တလေးသို့အလုပ်ကိစ္စတစ်ခုဖြ င့်လာခြင်းဖြစ်သဖြင့်အခြားေ နရာများသို့မရောက်နိုင်။ ဈေးချိုတော်၊ မန္တလေးတောင်နှင့်တောင်သမန်သို့သွာရန်သာ စီစဉ်ထားသည်။ ဈေးချိုကိုမနက်ပိုင်းတွင်သွားပြီးဖြစ်သဖြင့် တည်းခိုသောသူငယ်ချင်းအဆောင် တွင် အေးဆေးပြန်နားနေသည်။ “မင်းတောင်ပေါ်သွားဦးမယ်ဆို ” သူငယ် ချင်းကလိုက်ပို့ရန်ပြင်ဆင်ထားပုံရသည်။ မိုက်သည်။မွန်းကြပ်နေသောအလု ပ်ကိစ္စနှင့်အခြားစိတ်ပင်ပန်းစရာများ ကိုတောင်ပေါ်တွင်ဖြေဖျောက်ရမ ည်။
“အေးသွားမယ်လေ မင်းအားလား သင်တန်းချိန်နဲ့ကောလွတ်သလား ”
ကျွန်တော်မေးလိုက်သည်နှင့် ခေါင်းကိုငြိမ့်ပြသည်။
မန္တလေးသို့အလုပ်ကိစ္စတစ်ခုဖြ
“အေးသွားမယ်လေ မင်းအားလား သင်တန်းချိန်နဲ့ကောလွတ်သလား
ကျွန်တော်မေးလိုက်သည်နှင့် ခေါင်းကိုငြိမ့်ပြသည်။
Saturday, May 10, 2014
ပုန်းလျှိုးကွယ်လျှိုး
ဘာသာရေးကြောင့် ပဲဖြစ်ဖြစ်၊
လူမှုအသိုင်းအ၀ိုင်း ကြောင့်ပဲဖြစ်ဖြစ်၊ လက်ထပ်ထားလို့ ပဲဖြစ် ဖြစ် ယောက်ျားလေး
တော်တော်များများက ကိုယ်လိင်တူဆက်ဆံတာကို မသတီဖြစ်တတ်တာ၊ ကိုယ့်ကိုကိုယ် အပြစ်
ရှိတယ်လို့ ထင်တတ်တာတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့သာ အဲဒီလိုမျိုး ခံစားနေရမယ်ဆိုရင်
ကိုယ့်ကျန်းမာရေးအတွက်ရော၊ လိင်ဆက်ဆံဖက်ရဲ့ ကျန်းမာရေးအတွက်ရော တာဝန်ယူနိုင်မှာ
မဟုတ်တော့ပါဘူး။ လိင်တူဆက်ဆံတဲ့ ယောက်ျားတစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ်
လက်မခံနိုင်မှုတွေကြောင့် HIV ပိုးနဲ့ ကာလသားရောဂါပိုး ကူးစက်နိုင်ခြေတွေ
ပိုများလာနိုင်တာကို သတိပြုဖို့လိုပါတယ်။
၁။
ပေါင်းသင်းဆက်ဆံရေး မကောင်းခြင်း
ယောက်ျားချင်း လိင်ဆက်ဆံတယ် ဆိုတာကို
လူသိမခံဝံ့တဲ့သူတွေဟာ လိင်ဆက်ဆံခြင်းကို ပုန်းလျှိုးကွယ်လျှိုး ပြုလုပ်ကြပြီး
ဆက်ဆံဖက်တွေလည်း များတတ်ပါတယ်။ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံ ခြင်းအကြောင်း၊
ကျောင်းတော်ကြီးရဲ့ချစ်ပုံပြင် အပိုင်း(၃)
“မီမီ အအေးဓာတ်တွေအရမ်းပိုနေတယ်
air-con လေအအေးနဲနဲလောက်လျော့လိုက်ပါလား”
ဖေဖေ့အသံကြောင့်မေမေက
ထိုင်နေရာမှထပြီး air-con remote လေးကိုယူကာ အအေးဒီဂရီကို ၂၄ လောက်ဖြစ်အောင်တင်လိုက်လေသည်။
ထို့နောက် remote လေးကို ဆိုဖာပေါ်သို ပြန်ထားလိုက်ပြီး စားပွဲရှိရာသို့ ပြန်လျှောက်လာသည်။ စားပွဲပေါ်တွင် ချထားသောဟင်းလျာများကိုကြည့်ရင်း
မင်းသန့်ဇင် ဘယ်ဟာကိုရွေးရမှန်းမသိဖြစ်နေသည်။ အစားအသောက်ချေးများသောသူက မေမေဘာပဲချက်ချက်
သိပ်ပြီး ဟက်ဟက်ပက်ပက်ခံတွင်းတွေ့လှသူမဟုတ်ပါ။
“ရော့သားစားကြည့် ဒါမေမေကိုယ်တိုင်ချက်ထားတာ ပုဇွန် Mayonnaise ”
မေမေကပန်းကန်ပြားအဖြူပေါ်တွင် သေချားစီကာဆိုင်ကာ လှလှပပပြင်ထားသော ဂျပန်စာ ပုဇွန်ဟင်းကို သူ့ပန်းကန်ထဲသို့ထည့်ပေးလေသည်။ ဟင်းမှာ ပုစွန်ရဲ့ခေါင်းနဲ့အလယ်ပိုင်းကိုပဲ အခွံခွာပြီးအမြီးပိုင်းအခွံကိုတော့
Tuesday, May 6, 2014
Monday, May 5, 2014
Thai Gay MTV
ယောကျာ်းလေးဘဝကနေ Transgender အဖြစ်ပြောင်းလဲသွားတဲ့ ကောင်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို သရုပ်ဖော်ထားတာပါ။
(မှတ်ချက်။ ။ကြော်ညာမျာလာနေပါက ခဏစောင့်ပေးပါ)
(မှတ်ချက်။ ။ကြော်ညာမျာလာနေပါက ခဏစောင့်ပေးပါ)
Saturday, May 3, 2014
ကျောင်းတော်ကြီးရဲ့ချစ်ပုံပြင် (၂)
နံနက်ခင်းနေရောင်ခြည်သည်
စူးရှစွာတောက်ပနေပါ၏။ ပွင့်လင်းရာသီဖြစ်ပါသောကြောင့် မနက်ခင်းရဲ့နေမင်း ဟာအရှိန်ပြင်းပြင်းနဲ့
အထက်ကိုတက်လာပြီဖြစ်သည်။ ကျောင်းဝန်းတစ်ဝိုက်တွင် အသာများတိတ်ဆိတ်လျက် ရှိနေပြီး ကျောင်းသားများအားလုံး
ပင်မကျောင်းခန်းမဆောင်ကြီး၏ရှေ့တွင် နိုင်ငံတော်အလံကို အလေးပြုရန် စီတန်းရပ်နေကြသည်။
ကျောင်းသားများ၏အရှေ့တည့်တည့်တွင်ကား ရိုးတံဖြူတိုင်ရှည်ကြီးအထက်တွင် လေအဟုန်ဖြင့်
တဖျတ်ဖျတ်လွင့်လူးနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလံတော်သည် ခန့်ညားထည်ဝါစွာတည်ရှိနေသည်။
အလံတိုင်၏ခြေရင်းနားတွင် ကျောင်းအုပ်ကြီးနှင့်တာဝန်ကျ ဆရာအချို့ ရပ်နေကြပြီး လက်မောင်းတွင်လက်ပတ်နီစည်းထားသော
ဆရာတစ်ယောက်မှ မိုက်ခွက်ရှေ့တည့်တည့်တွင် အမိန့်ပေးရန် အသင့်အနေထားဖြစ်လျက်ရှိသည်။
“အားလုံး သတိ……
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြု”
ဆရာ၏အမိန့်အဆုံးတွင်
ကျောင်းသားအားလုံးနှင့် အနီးတစ်ဝိုက်တွင်ရပ်နေသော ဆရာများအားလုံး ဦးညွတ်ပြီး နိုင်ငံတော်အလံကိုလေးပြုကြလေသည်။
“လေမြဲ….. ကျဆုံးလေပြီးသော
အာဇာနည်ခေါင်းဆောင်များနှင့်တကွ ရဲဘောင်အပေါင်းတို့အား အလေးပြု”
အားလုံး ဒုတိယအကြိမ်ဦးညွတ်အလေးပြုကြပြန်လေသည်။



