This is the best gay website for Myanmar gay peoples.

Monday, February 2, 2015

On 6:23 PM by Myanmar Cute Gay Boy in    3 comments


On 12:44 AM by Myanmar Cute Gay Boy in    5 comments



(၄)

ဆရာမက စာသင်လို့ပြီးသွားသောအခါအခန်းထဲမှ ပြန်လည်ထွက်ခွာသွားပါသည်။ ကောင်းသန့် စားပွဲပေါ်ရှိသူ့စာအုပ်များကို လွယ်အိတ်ထဲသို့ပြန်ထည့်လိုက်သည်။ ကျောင်းဆင်းရန် ငါးမိနစ်သာလိုတော့သည်မို့ အိမ်ပြန်ရန် ပြင်ဆင်နေမိသည်။ သူ့အနားမှလမင်းက မတ်တတ်ရပ်လိုက်ပြီး ကျောင်းစိမ်းပုဆိုးကို ပြင်ဝတ်လိုက်လေသောအခါ ပုဆိုးပေါ်တွင် စိုနေသော အကွက်တစ်ကွက် ကိုသူအမှတ်မထင်လှမ်းမြင်လိုက်သည်။

ရုတ်တရက်မို့သူရယ်ချင်သွားသည်........

လမင်းကလည်း မိမိကိုယ်ကိုသိဟန်ရှိပါသည်။ မျက်နှာကြီးနီမြန်းလို့နေသည်......

"ကဲ လမင်း....... ငါ့စာအုပ်ကိုပြန်ယူသွားပြီကွာ"

သူလမင်းရှေ့ရှိသူ့စာအုပ်လေးကို ပြန်ကောက်ယူလိုက်သည်။ ထို့နောက် လွယ်အိတ်ထဲသို့အသာထည့်လိုသည်။ ကျောင်းဆင်းခေါင်းလောင်းထိုးသောအခါ သူတို့အသီးသီးအခန်းထဲမှ ထွက်လာခဲ့ကြပါသည်။ ကျောင်းပေါက်ဝနားသို့ရောက်ခါနီးသောအခါ သူ့ကိုအနောက်မှ တစ်စုံတစ်ခုက လှမ်းဆွဲလိုက်သည်။

"ကောင်းသန့်"

သူလည်ပြန်ကြည့်လိုက်သည်။ လမင်းပါ သူ့ကိုဘာပြောချင်လို့ပါလိမ့်.....

"ဟို......... "

လမင်းကိုမျက်မှောင်ကုတ်ပြီးတစ်ချက်ကြည့်လိုက်သည်။ လမင်းမျက်နှာက ဘာဖြစ်နေမှန်းမသိ။ နီစပ်စပ်နှင့် တစ်ခုခုကို အားနာနေတာလိုလို ကြောက်နေတာလိုလို သူခွဲခြား၍မရပါ။

"ဘာမှမဟုတ်တော့ဘူး နောက်မှပြောတော့မယ်"

လမင်းကထိုသို့ပြောပြီးနောက် သူ့ရှေ့ကနေကျော်တက်ကာ လျှောက်သွားပါသည်။ သူလမင်းကျောပြင်ကို ငေးရင်းနောက်မှကျန်ရစ်ခဲ့သည်.........


ညနေမိုးချုပ်သောအခါ သူ့အမေဆိုင်အတွက် ဈေးဝယ်စရာရှိသည်များကို သူသွားဝယ်ပေးရသည်။ အိမ်သို့ပြန်ရောက်သောအခါ ထမင်းစားရေမိုးချိုးပြီး စာကြည့်ဖို့ပြင်သည်။ မနက်ဖြန်တွင်ဖြေမည့် လပတ်စာမေးပွဲ အတွက်ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရမည်။ စားမေးပွဲပြီးသွားလျှင်တော့ ခေါင်းအေးရပါရဲ့ဟု တွေးမိသည်။ည၁၀နာရီလောက်ထိစာကြည့်ပြီးသွားသောအခါ ငိုက်လာသဖြင့် စာအုပ်တွေကိုသိမ်းပြီးသူအိပ်ယာဝင်ခဲ့သည်။

နောက်နေ့တွေတွင် လမင်းနှင့်သူသိပ်ပြီးစကားမပြောဖြစ်ပါ။ ထိုင်သည့်ခုံခြင်းကလဲ မတူသဖြင့် တစ်ယောက်နဲ့တစ်ယောက် တကူးတက သွားပြီးစကားမပြောပါက ပြောဖြစ်ဖို့မလွယ်။ လပတ်စားမေးပွဲပြီးသွားသော အခါသူ့စိတ်ထဲလန်းဆန်းသွားသည်။ စိတ်ထဲမှဝင်နေသည့် စားမေးပွဲဆိုသည့် ဖိအားကြီး ပျောက်ဆုံးသွား လေပြီ။ ကျောင်းသားတွေကို အနှိပ်စက်ဆုံးမှာ စာမေးပွဲဆိုသည့် မကောင်းဆိုးဝါးကြီးပဲ မဟုတ်ပါလား။

ကျောင်းကနေပြန်လာသောအခါ လမ်းတစ်လျှောက်စက်ဘီးကလေးကိုနင်းကာ ပြန်လာခဲ့သည်။ ဒီရက်ပိုင်းတွေတွင် ရာသီဥတု အလွန်သာယာပါသည်။ နည်းနည်းအိုက်စပ်စပ်ဖြစ်နေတာမို့ သူ့အပေါ်အင်္ကျီကို ချွတ်လိုကပြီး အထဲက စွပ်ကျယ်အင်္ကျီလေးဖြင့်သာ စက်ဘီးကိုနင်းလာခဲ့သည်။ လေလေးက တဖြူးဖြူးတိုက်ခတ်လာတတ်သေးသည်မို့ စက်ဘီးစီးရတာအဆင်ပြေပါသည်။

"တီ......... တီ......."

သူ့အနောက်မှ ဆိုင်ကယ်ဟွန်းသံ ကြားရသဖြင့် အမှတ်မထင်လှည့်ကြည့်လိုက်မိသည်။

"ဟေ့ကောင် ကောင်းသန့် ခဏနေဦး"

လမင်းဖြစ်နေသည်။ ယိုးဒယားကလပ်ဘီးလေးဖြင့် ဆိုင်ကယ်ဦးထုတ်လေးဆောင်းပြီး မောင်းနှင်လာသည်။ သူ့အနားသို့ရောက်သောအခါ ဆိုင်ကယ်စက်ကိုသတ်လိုက်သည်။

"မင်းအိမ်ပြန်တော့မလို့လား"

လမင်းကမေးသည်။ သူခေါင်းညိတ်ပြလိုက်သည်။

"ဒီညငါတို့ ကလပ်ကိုသွားဖို့ရှိတယ်လိုက်မှာလား"

သူတစ်ချက်တွေဝေသွားသည်။ကလပ်ဆိုတာ သူတစ်ခါမှသွားခဲ့ဖူးတဲ့နေရာမဟုတ်ပါ......

"ကလပ်ကိုဘာသွားလုပ်မှာလဲ"

လမင်းကတခစ်ခစ်ရယ်ပါသည်။ သူမေးတာကြောင်တောင်တောင်များ နိုင်သွားလို့လား...

"ကလပ်မှာသွားကဲမယ်လေကွာ စားမေးပွဲပြီးတဲ့အထိမ်းအမှတ်ပေါ့ ငါတိုက်မှာပါ။ ငါ့သူငယ်ချင်းနှစ်ယောက်လဲ ပါဦးမယ်"

"ငါမှမသောက်တတ်ပဲ..... ပြီးတော့ငါ့အမေ...."

"မင်းအမေကိုပြောလိုက် သူငယ်ချင်းမွေးနေ့ရှိလို့သွားကူတယ်လို့"

ခက်တော့ခက်နေပါပြီ။ လမင်းကဘယ်ကတည်းက အကွက်ချစီစဉ်ထားလဲမသိပါ။ သူ့စိတ်ထဲမှာလဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးရှိနေသည်မို့ လမင်၏အကြံကို မငြင်းချင်ပါ။ ထို့ကြောင့် အလွယ်တကူပဲလိုက်မည်ဟုပြောလိုက်မိသည်။ ပြီးတော့ ကလပ်ဆိုသည့်နေရာမျိုးကိုလဲ သူရောက်ဖူးကြည့်ချင်သည်။


(၅)

အ၀င်ဝသို့ရောက်သည်နှင့်ဆူညံနေသော ဂီတသံများက နားထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက်ဝင်လာပါသည်။ ကြီးမားလှသော ရောင်စုံစလိုက်မီးရောင်တွေနဲ့အတူ အရောင်အသွေးစုံလှသော ညအောက်တွင် တစ်မျိုးစီ လှနေသော မိန်းမပျိုများ၊ ဂီတလှိုင်းလုံးကြားတွင် ယစ်မူးပျော်ရွှင်နေသော လူငယ်များ ကခုန်မြူးတူးလျှက်ရှိသည်။ သူ့စိတ်ထဲမှာတော့ အေးကနဲဖြစ်သွားမိတာအမှန်ပါ။

ဝတ်ပုံစားပုံ ပုံစံမကျသည့်မိမိကိုယ်ကိုလဲ အားငယ်သွားသလိုခံစားမိသည်။ ဤနေရာမျိုးတွင် လူတိုင်းက ကျော့မော့နေအောင် ၀တ်စားထားကြပြီး အလန်းဆုံးစတိုင်တွေဖြင့် ကဲနေကြသည်မဟုတ်ပါလား။ သူ့ကတော့ မသေမသပ်ဆံပင်ပုံစံနှင့် ခပ်နွမ်းနွမ်းအ၀တ်အစားများသာ ၀တ်ဆင်လာသည်မို့ လူတောမတိုးရဲ သလိုလိုဖြစ်နေမိ၏။ ဒီထက်ပိုမိုဆိုးဝါးသည်က သူ့အိတ်ထဲမှာ ပိုက်ဆံလုံလုံလောက်လောက် ပါမလာခြင်းသာ။ တစ်ခုခုဖြစ်လျှင် သူ့မှာအားကိုးစရာဘာမှမရှိသလိုခံစားမိသည်။


ဘယ်ကနေဘယ်လို ၀င်လာမှန်းမသိသော သူ့အားငယ်စိတ်တွေကို သက်ပြင်းတစ်ချက်ချပြီး မောင်းထုတ်ပစ်လိုက်ပါသည်။ ထို့နောက် အတတ်နိုင်ဆုံးစိတ်ကို လျော့ပြီးလွတ်လပ်ပေါ့ပါးအောင် ပြုပြင်လိုက်သည်။

"ကေင်းသန့်လာ အထဲကိုသွားရအောင်"

ကလပ်ထဲသို့ရောက်သွားသောအခါ မီးရောင်တွေရှုပ်ထွေးနေသော ကြားထဲသူငေးမောနေမိသည်။ လူတစ်ချို့က ၀ီစကီခွက်များကိုမော့လျှက် ရယ်မောနေကြသည်။ အချို့ကတော့ စီးကရက်မီးခိုးများကို မှုတ်ထုတ်လျှက် သီချင်းသံများကြားထဲ နစ်မြောနေကြသည်။ ထိုလူများကို ကျီးကန်းတောင်မှောက် မျက်လုံးများ ဖြင့်သူလိုက်ကြည့်နေမိသည်။ လမင်းက ကလပ်ထဲရှိနေရာလွတ်တစ်ခုသို့ရောက်သောအခါ ၀င်ထိုင်လိုက်သည်။ ထို့နောက်သူ့ကို ခဏနေဦးဟုဆိုကာ ဘားတွင် ဘီယာပုလင်းများသွားယူလာပြီး လာချပေးသည်။

"လမင်း သောက်ကြည့်"

သူခေါင်းညိတ်ပြလိုက်သည်။ ပိုက်ဆံရှိသည့်လူတန်းစားများကြတော့လည်း ဒီလိုသုံးမယ့ဖြုန်းမယ့်နေရာ တွေကိုလာနိုင်ကြတာပေါ့ဟု စိတ်ထဲတွေးမိသည်။ ဘာပဲပြောပြော သူ့အတွက်တော့ အတွေ့ကြုံသစ်တွေပါ။ ထိုအတွေ့ကြုံသစ်တွေကို ကျေနပ်စွာလက်ခံရယူဖို့ကသာ သူ့အလုပ်မဟုတ်ပါလား။


လမင်းကယူလာသော တိုက်ဂါးပုလင်းပုဘီယာမျာကို အဖုံးဖွင့်ပြီး သူ့ကိုတစ်လုံးကမ်းပေးသည်။

"Cheer........."


ပထမဦးဆုံးသောက်ဖူးသည့် ဘီယာ၏အရသာက အေးစိမ့်ခါးသက်လျှက် ရင်ဘတ်ထဲသို့ စီးဝင်သွားသည်။ လမင်းက သူ့ကိုပြုံးလျှက်ကြည့်နေသည်။

"လမင်း မင်းသူငယ်ချင်းတွေပါသေးတယ်ဆို ဘယ်မှာလဲ"

သူပြောတာကိုလမင်းက သည်းသည်းကွဲကွဲကြားပုံမပေါ်ပါ။ ထို့ကြောင့် လမင်းကို အနားသို့ဆွဲလိုကပြီး နားနားကို ကပ်ကာထိုစကားကိုထပ်ပြောလိုက်သည်။ ထိုအခါလမင်းက သူ့နားနားကို ပြန်ကပ်ပြီးပြောသည်။

"လာလိမ့်မယ်ကွ..... ငါခေါ်ထားတာစော်လေးတွေ အလန်းဇယားတွေ"

သူသွားပေါ်အောင်ရယ်လိုက်မိသည်။ လမင်းဆိုသည့်ကောင်က နဂိုကတည်းက နှာဘူးပြီးသားမဟုတ်ပါလား။ ဘာမှထွေထွေထူးထူးပြောစရာမရှိသည်မို့ ဘီယာကိုနောက်တစ်ကျိုက်ခန့် မော့ချလိုက်သည်။

"အား............မဆိုးဘူးပဲကွ"

"ဟားဟားဟား.........."

သူတို့နှစ်ဦးသားလုံး တိုက်မထားပဲပြိုင်တူရယ်မောမိလိုက်ကြပါသည်။ ခဏကြာသော စကပ်တိုတိုဖြင့် ကောင်မလေးနှစ်ယောက်ရောက်လာကြသည်။ လမင်းကထိုကောင်မလေးနှစ်ယောက်ကို သူနှင့်မိတ်ဆက်ပေးသည်။ ကောင်မလေးနှစ်ယောက်ကလဲ ပွင့်ပွင်လင်းလင်းနှင့် ခေတ်လူငယ်တွေမို့ ခဏအတွင်းမှာပဲ သူတို့တွေရင်းနီးသွားကြပြီး သူတို့အရက်ဝိုင်းကလေးက စိုစိုပြေပြေဖြစ်သွားသည်။

"ကောင်းသန့်က လမင်းနဲ့သိတာကြာပြီလား"

စကပ်အနက်ရောင်ဝတ်ထားသောကောင်းမလေးက သူ့ကိုစကားဆိုသည်။ ဖြူဖွေးနေသော ကောင်မလေး၏ ပေါင်တံတွေကို သူငေးကြည့်နေမိရင် ခေါင်းညိတ်လိုက်မိသည်။

"အတန်းဖော်တွေဆိုပါတော့"

"နောက်ဆိုရင်တို့တွေ ဘော်ဒါတွေဖြစ်သွားပြီနော် အတူတူကဲကြမယ်လေ ဟုတ်ပြီလား"

"OK သိပ်အဆင်ပြေတာပေါ့"

"ဟား.....ဟား......ဟား........"

လမင်းက သောက်ကြဦးဟုဆိုကာ ခဏထသွားပြီး ဘားမှဘီယာများကို ထပ်ယူလာပါသည်။ ကောင်မလေးတွေနှင့် ပုလင်ချင်းတိုက်ရင်း သုံးလေးလုံးခန့် သူသောက်မိသွားသည်။ မျက်စိထဲတွင် ရေးတေးတေးဖြစ်လာကာ သူ့စိတ်တွေမြူးကြွလာသည်။ လမင်းကသူ့အနားထိုင်နေရာမှ ကောင်မလေးနှစ်ယောက်ကြားထဲ သို့ပြောင်းထိုင်လိုက်ပြီး ကောင်မလေးတစ်ယောက်ကို သူ့အနားသို့အရောက်ပို့ပေးလိုက်သည်။

ထိုစကပ်အနက်ရောင်နှင့်ကောင်မလေးက သူ့ကိုရီဝေသောမျက်လုံးတွေဖြင့်ကြည့်နေသည်။ သူကလဲ ထိုကောင်မလေးကို မမှိတ်မသုံပြန်ကြည့်နေမိသည်။ ထိုကောင်မလေးက ဘီယာပုလင်းကိုယူပြီး သူနှင့်ပုလင်းချင်းတိုက်လိုက်သည်။ ထို့နောက် ဘီယာကိုတစ်ကျိုက်ခန့်မော့လိုက်၏။


"ကဲကောင်းသန့် သွားကရအောင်......"

လမင်းကထိုသို့ပြောပြီး အနားရှိကောင်မလေးတစ်ယောက်ကိုလက်ဆွဲကာ အရက်ဝိုင်းမှထသွားသည်။ သူကလဲ အလိုက်သင့်ထလိုက်ပြီး သူ့အနားရှိကောင်မလေးကို ခေါ်ကာ လမင်းတို့ရှိရာသို့လိုက်သွားလိုက်ပါသည်။ DJ ၀ိုင်းနားသို့ရောက်သောအခါ ကနေသောသူများနှင့် သူတို့တွေရောထွေးက ၀င်လိုက်ကြသည်။

လမင်းကသူ့ကောင်မလေးကို ခါးမှဖက်ပြီးကနေသည်ကိုတွေ့ရသည်။ ကောင်းသန့်စိတ်တွေ ယစ်မူးနေသဖြင့် သိပ်ပြီးထွေထွေထူးထူးစဉ်းစားမနေတော့ပဲ သူခေါ်လာသော ကောင်မလေး ဆွဲဖက်ပြီး ကလိုက်သည်။ ကောင်မလေကလဲ ကောင်းသန့်ကိုလိုလိုလားလားရှိသည်မို့ ပြုံးရွှင်စွာနှင့် ကကွက်ဆန်းတွေကြားထဲ ယိမ်းနွဲလှုပ်ရှားနေ၏။

ထိုကောင်မလေးက အနည်းငယ်ကြာသောအခါ ကောင်းသန့်ကိုရီဝေစွာကြည့်နေရင်းနှင့် နှုတ်ခမ်းကို ဖြတ်ကနဲ နမ်းလိုက်လေသည်။ အစကတော့ ကောင်းသန့်က ကြောင်သွားသည်။ နောက်မှကောင်မလေးကို အလိုက်သင့်လေးပြန်နမ်းလိုက်ပါ၏။ သို့သော် သိပ်ကြာကြာမနမ်းလိုက်ရသေးပဲ အနမ်းတွေကို သူရပ်တန့်လိုက်သည်။

"ဟေ့ ဘာဖြစ်လို့လဲကွာ...."

ကောင်မလေးက သူ့ဆီကအနမ်းတွေကို ထပ်မံတောင်းတနေဟန်ဖြင့် မေးသည်။ သူအသာခေါင်းခါပြလိုက်သည်။ ဘာကြောင့်မှန်းမသိ ထိုကောင်မလေးနှင့်အနမ်းတွေကို သူရှေ့ဆက်လို့မရဖြစ်သွားသည်။ သူ့ရဲ့ ပထမဦးဆုံးအတွေ့အကြုံကြောင့်လားတော့ မပြောတတ်ပါ။

ကောင်မလေးကို ပြုံးရုံသာပြုံးပြလိုက်ပြီး ဘာမှသူပြန်မပြောဖြစ်.......



ကရတာမောပန်းသွားသောအခါ သူတို့ပြန်လာကြသည်။ လမင်းကကောင်မလေးတွေကို အိမ်ပြန်မပို့တော့ပဲ တည်းခိုခန်းတွင် သွားအိပ်မည်ဟုဆိုသည်။ သူကတော့ အိမ်ကအမေစိတ်ပူနေမည်ဟူသော စိုးရိမ်စိတ်ကြောင့် လမင်း၏ကမ်းလှမ်းချက်ကို လက်မခံခဲ့ပါ။ ထို့အပြင် မိမိကိုယ်ကို ထိန်းချုပ်နိုင်သည့် စွမ်းအားနည်းနေ သည့်အချိန်ကာလလဲဖြစ်သောကြောင့် မဖြစ်သင့်မဖြစ်ထိုက်သည့် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပျက်လာမှာကို သူမလိုလားပါ။

သူကဆိုင်ကယ်ပါမလာပါ။ လမင်းဆိုင်ကယ်နှင့်လိုက်လာခြင်းဖြစ်သောကြောင့် လမင်းတို့နှင့်မလိုက်ပါက လမ်းလျှောက်ပြန်ရမည့်ကိန်းဖြစ်နေသည်။ သို့သော် သူသိပ်ပြီးဂရုမစိုက်ပါ။

လမင်းကသူ့ကိုပြောမရမှန်းသိသောအခါ ကောင်မလေးနှစ်ယောက်ကို တီးတိုးစကားတစ်ချို့ပြောပြီး လမ်းခွဲနှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် ဆိုင်ကယ်ကိုသူရှိရာသို့ မောင်းလာသည်။

"ကောင်းသန့် တက်ကွာ မင်းကိုငါလိုက်ပို့ပေးမယ်......."

လမင်းဆိုင်ကယ်ပေါ်သို့ သူအသာတကြည်ပဲလိုက်တက်လိုက်သည်။

"ဟိုကောင်မလေးနှစ်ယောက်ရော မင်းဘယ်လိုပြောခဲ့လည်း"

"သူတို့ကမပြန်ချင်ဘူးတဲ့ကွာ ကလပ်ကညနှစ်နာရီဆိုပိတ်မှာလေ။ အဲ့ဒါ KTV ဆက်သွားချင်သေးတယ်တဲ့"

"အဲ့ဒီတော့...."

"အဲ့ဒီတော့ဘာဖြစ်ရမလဲကွာ ငါ့မှာပိုက်ဆံမလောက်တော့ဘူးကွ"

"ဟား.....ဟား......ဟား......"

သူတို့နှစ်ယောက်လုံး ပြိုင်တူရယ်မောမိလိုက်ပြန်ပါသည်။ လမင်းကဆိုင်ကယ်ကို စက်နှိုးလိုက်ပြီး လမ်းအတိုင်းမောင်းနှင်လာခဲ့သည်။ ရာသီဥတုက သိပ်မအေးဘူးဆိုပေမယ့် ဆိုင်ကယ်ပေါ်မှလိုက်စီးသောအခါ အေးမြနေသော လေစိမ်းကများက စောစောကချွေးတွေကိုခြောက်သွေ့သွားစေသည်။

"ငါ့ကိုကိုင်ထားလေ ကောင်းသန့် လမ်းကသိပ်ကောင်းတာမဟုတ်ဘူး ပြုတ်ကျကျန်ခဲ့ဦးမယ်"

"အေးပါကွာ......"

သူလမင်းခါးကို အသာကိုင်လိုက်သည်။ ရှပ်အကျုင်္ီအပါးလေးသာဝတ်လာသော လမင်းကလည်း အနည်းငယ် ချမ်းနေဟန်ရှိပါသည်။ သူကလဲ အေးစိမ့်စိမ့်ဖြစ်နေတာမို့ လမင်း၏ခါးကိုအနောက်ကနေ သိုင်းဖက်လိုကပြီး လမင်းပုခုံးပေါ်သို့ မေးတင်လိုက်သည်။ သူ့စိတ်ထဲမှာတော့ ရီဝေေ၀ဖြင့် ဘီယာအရှိန်တွေက မသေသေးပါ။

"အေးလိုက်တာကောင်းသန့်ရာ မင်းဖက်မှပဲနွေးသွားတော့တယ်"

သူလမင်းကို အင်း ဟုသာဖြေလိုက်သည်။

လမ်းမီးရောင်များမရှိသည့် မှောင်မဲနေသောညကို တိတ်ဆိတ်မှုတွေကြား ဖြိုခွင်းရင်း သူတို့ပြန်လာကြသည်။ လမင်းခါးကိုဖက်ထားရင်းမှ လမင်းဗိုက်သားတွေကို သူအသာလေး ကိုင်ကြည့်မိသည်။ နွေးနေသော လမင်းခန္ဓာကိုယ်က ဘာမှတုန့်ပြန်မှုမပြုပါ။ သူ့အသိစိတ်တွေေ၀၀ါးနေဆဲ ထိန်းချုပ်မှုတွေ လွတ်ကင်းချင်လာသလိုလို လမင်းကိုလွတ်ထွက်သွားမတတ်ဖက်ထားမိပြန်သည်။

ဆိုင်ကယ်မောင်နေရင်းမှလမင်း၏လက်တစ်ဖက်က သူ့လက်ကိုလာကိုင်ကာ အရှေ့သို့အနည်းငယ် ဆွဲလိုကပြီး ပေါင်ကြားထဲသို့ထည့်ပေးလိုက်လေသည်။ ဂျင်းဘောင်းဘီထဲတွင် တိုးထွက်နေသော လမင်း၏ ညီလေးက မာကျောတောင့်တင်းနေသည်။ သူလမင်း၏ညီလေးကို အသာကုန်ညှစ်ထဲ့လိုက်၏။

"အား မင်းကလည်းဖြေးဖြေးလုပ်ပါကွ....."

"ဟားဟာ...... မင်းဆိုတာကလည်း ၂၄နာရီေ-ာင်နေတဲ့ကောင်ပဲကိုး"

"ငါလည်းဘာဖြစ်နေမှန်းမသိပါဘူးကွာ မင်းငါ့အသားကိုလာထိလိုက်တာနဲ့ စိတ်ထဲမှအလိုလိုကိုကြွလာတာ"

"ကြွလာတာ ဘယ်ကောင်လဲ ငါနဲ့တွေ့မယ်"

သူပြောပြောဆိုဆိုဖြင့် လမင်း၏ညီလေးကို ထပ်ညှစ်လိုက်ပြန်ပါသည်။ လမင်းက အားကနဲအော်ယူရသည်အထိဖြစ်သွားသည်။

"ဟားဟားဟား..............."

သူတိုရဲ့ရယ်မောသံတွေက ညဥ့်နက်နေသော သန်းခေါင်းယံညကြီးတွင် လွင့်ပျယ်သွားပါသည်။ လမင်းက ဆိုင်ကယ်ကိုမောင်းနေရင်းမှ တဖြေးဖြေးအရှိန်လျော့ချလိုက်သည်။ မှောင်မဲနေသော လမ်းမကြီးတွင် သက်ရှိဆိုလို့ သူတို့နှစ်ဦးသာရှိမည်ထင်သည်။ လမင်းဘာကြောင့် ဆိုင်ကယ်ရပ်လိုက်မှန်းမသိသော်လည်း သူဘာမှမမေးမိပါ။

လမင်းကအရှေ့ထိုင်နေရင်းမှ ဖက်ထားသောသူ့လက်တွေကို ဖြေချလိုက်ပြီး အနောက်သို့ လှည့်ကြည့်သည်။

"တော်တော်မူးနေလား ကောင်းသန့်"

"အေးကွာစောစောတုန်းက သိပ်မမူးဘူး အခုလေတိုက်တော့မှပိုမူးလာတယ် ရီဝေေ၀ဖြစ်နေပြီ"

လမင်းဘာမှမပြောတော့ပဲ သူ့ကိုငေးကြည့်နေသည်။ လမင်ရဲ့နှုတ်ခမ်းတွေကို သူသတိထားကြည့် မိတော့ စောစောက ကောင်မလေးရဲ့ နှုတ်ခမ်းသားတွေလို တစ်ခုခုကိုတောင်းတနေသလိုလို......

သူ့စိတ်ထဲ ထိုနှုတ်ခမ်းသားတွေကို အာရုံလွှဲဖို့ စိတ်ကူးမိသော်လည်း ရီဝေေ၀ဖြစ်နေသော စိတ်တွေက ထိန်းချုပ်ရခက်စွာ ထိုနှုတ်ခမ်းဆီသို့သာ သူ့ကိုတွန်းပို့နေသည်။ ရှောင်လွှဲရခက်လာသည့် အဆုံးမှာတော့ သူဘာကိုမှစဉ်းစားမနေတော့ပဲ လမင်းနှုတ်ခမ်းတွေကို ပျွတ်စ်ကနဲ နမ်းလိုက်မိသည်။

လမင်းရဲ့မျက်လုံးတွေက သူ့ကိုလင်းလက်တောက်ပစွာကြည့်နေသည်....

သို့သော်..... ထိုလင်းလက်တောက်ပနေသော မျက်လုံးများက ကြည်နူးကျေနပ်သည့် အရိပ်အယောင် မဟုတ်ပါပဲ ဒေါသမီးကြောင့် တောက်ပလာသော လင်းလက်မှုတွေသာ ဖြစ်ကြောင်းတွေ့ရှိရသည်......

ဤခဏတာလေးဟာ သူတို့အတွက်တကယ့်ကို ရင်ခုန်စရာ စိတ်လှုပ်ရှားစရာတွေနဲ့ အပြည့်ပါပဲ။ ဒါပေမယ့် သူဟာ မှားသွားပြီဆိုတာ မိမိကိုယ်ကိုသိလိုက်ရပြီ.....

သူ့ရဲ့စိုးရိမ်စိတ်တွေ အဆုံးမသတ်သေးခင်မှာပဲ လမင်းက သူ့မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်ပါသည်......


"မင်းကဘာကောင်လဲကွာ............"

လမင်းကသူ့ကို နားလည်ရခက်စွာကြည့်သည်။ သူဘာမှပြန်မပြောပဲနှုတ်ဆိတ်နေရုံမှတပါး ဘာမှမတတ်နိုင်။ ဒေါသတွေဖြင့်လမင်းက တောက်တစ်ချက်ခေါက်လိုက်ပြီး သူ့အနားမှ ဆိုင်ကယ်ကို ၀ူးကနဲမောင်းထွက်သွားသည်။


အဖြစ်အပျက်က ရုတ်ချည်းဆိုသလို အပြောင်းအလဲမြန်ဆန်လွန်းသောကြောင့် မိမိကိုယ်ကိုတောင် မယုံနိုင်လောက်အောင်ပဲ အံ့သြမှုတွေနဲ့အတူလမ်းမကြီးပေါ်တွင် သူတစ်ယောက်တည်းကျန်ရစ်ခဲ့သည်။ လမင်းကတော့ ဆိုင်ကယ်ကို ဒုန်းစိုင်းမောင်းနှင်သွားပြီး အနောက်မှနေ၍ ဆိုင်ကယ်နောက်မီးနီနီလေးကိုသာ မှုန်ပြပြမြင်ရပါတော့သည်။


(၆)

ိထိုနေ့ညကအဖြစ်အပျက်များသည် သူ့တစ်သက်တာမမေ့နိုင်စရာတွေ ဖြစ်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်မထားခဲ့ပါ။ သို့သော် ထိုအဖြစ်အပျက်များသည် အချိန်ကာလတစ်ခုကိုကျော်လွန်သည့် တိုင်အောင် သူ့ကိုအနောက်မှနေ၍ ထိတ်လန့်ခြောက်ခြားအောင် ပြုစားလျှက်ရှိသည်။

ထိုနေ့ညမှစ၍ လမင်းနှင့်သူမျက်နှာချင်းမဆိုင်ဖြစ်တော့ပါ။ အခန်းထဲတွင်တွေ့သော်လည်း မမြင်ချင်ယောင် ဆောင်နေမိသည်။ အပြင်တွင်တွေ့သော်လည်း တစ်ယောက်နှင့်တစ်ယောက် မနှုတ်ဆက်မိကြပါ။ ထို့အတူ မိမိကိုယ်ကိုလဲ ထိတ်လန့်ခြောက်ခြားသွားမိသည်။ ပြောင်းလဲသွားသည့် သူ့စိတ်တွေကို အဖြေရှာရင်း ဒုက္ခပင်လယ်ထဲတွင် နစ်မြောနေမိသည်။ ဘာကြောင့်လဲ ဘာဖြစ်လို့လဲ ဆိုတဲ့မေးခွန်းတွေကို သူ့ကိုယ်သူသာ အကြိမ်ကြိမ်အခါခါမေးမြန်းနေမိရင်း လမ်းမထက်များပေါ်တွင် တ၀ဲဝဲတလည်လည်ဖြင့် လမ်းပျောက်နေခဲ့ရသည်။


လက်ပံပင်ပေါ်တွင် နားနေသောကျီးကန်းမျာက ဆူညံပွက်ကလောရိုက်နေကြသည်။ သစ်ရွက်ခြောက်တွေ ဖြင့်ပြည့်နေသော လမ်းကျဉ်းလေးထဲသို့ သူလျှောက်လာလိုက်သည်။ ဆူးရှသော ညနေနေရောင်က နီမြန်းနေသော ရောင်စဉ်တွေကိုပက်ဖြန်းလျှက် မိုးပြာရောင်ကောင်းကင်ကြီးအောက်တွင် လက်ပံပင်ကြီးကို လှပနေစေသည်။ သစ်ရွက်ခြောက်များကို သူဖြတ်နင်းလာခဲ့ပြီး လက်ပံပင်အောက်သို့ရောက်သောအခါ သူ့လွယ်အိတ်ကိုချွတ်ကာ သစ်ရွက်ခြောက်များပေါ်သို့ ပစ်ချလိုက်သည်။

လက်ပံပင်ပေါ်မှ ဆူညံနေသော ကျီးကန်းသံများက ပတ်ဝန်းကျင်တစ်ဝိုက်သို့ ပဲ့တင်ရိုက်ခတ်လျှက် ရှိသည်။ သူလက်ပံပင်ခြေရင်းရှိရာသို့ လျှောက်လာခဲ့ပြီး အပင်အမြစ်ခေါက်ပေါ်သို့ ထိုင်လိုက်သည်။ အဝေးမှတိုက်ခတ်နေသော လေလေးကတဖြူးဖြူးနှင့် သူ့ပါးပင်ထက်သို့ ၀ဲကျနေသော ဆံစများကို လွင့်မြော နေစေသည်။ သူသက်ပြင်းတစ်ချက်ကို လေးလေးပင်ပင်ကြီးချမိသွားသည်.......

သည်နေ့ သူအိမ်ပြန်ချင်စိတ်မရှိပါ။ အိမ်ပြန်နောက်ကျ၍ သူ့မိခင်ဖြစ်သူကတေ့ သူကိုမျှော်နေလျော့မည်။ သို့ပေမယ့်မတတ်နိုင်။ စိတ်ထဲမှာရှိနေသည့် မေးခွန်းတွေ ပြဿနာတွေ အစိုင်အခဲတွေကို ချေဖျက်ပစ်ဖို့ သူနည်းလမ်းရှာရမည်။ သို့မဟုတ်ပါက သူဘယ်အချိန်ထိ ဒီလိုအဖြေမရှိတဲ့လောကကြီးထဲမှာ ကျင်လည် ကျက်စားနေရဦးမှာလဲ။ ထိုပြဿနာကို စတင်ခဲ့သည်က သူကိုယ်တိုင်လဲဖြစ်သလို လမင်းဆိုရင်လဲ မမှားပါ။ သူတို့တွေ စည်းအပြင်ဖက်သို့ရောက်လုနီးနီး ထိန်းချုပ်မှုလွတ်ကင်းခဲ့ပြီးကာမှ ဘာကြောင့်များ ဗြုန်စားကြီး ပေါက်ကွဲမှုတွေဖြစ်လာရတာလဲ။

သူ့စိတ်ထဲအလိုမကျစွာဖြစ်မိသည်............

မြေပြင်ပေါ်က သစ်ရွက်ခြောက်တွေကို အလိုမကျစွာဖြင့် နင်းချေပစ်လိုက်သည်။ ထိုသစ်ရွက်ခြောက်တွေ ကြားထဲသို့ ခြေတစ်စုံရောက်လာသည်......

ထိုခြေတစ်စုံကြောင့် သူ့လုပ်ရပ်တွေ ရပ်တန့်သွားသည်။ ထို့နောက် ခြေအရင်းမှနေ၍ တဖြေးဖြေးခေါင်းမော့ကြည့်လိုက်မိသည်။

"ငါမှားသွားတယ်ကောင်းသန့် မင်းကိုစိတ်လိုက်မာန်ပါလုပ်လိုက်မိတာ ငါ့ကိုခွင့်လွတ်ပါ။ တကယ်ဆို ငါအဲ့လိုမလုပ်ချင်ခဲ့ပါဘူး ဒါပေမယ့် ငါဘာကြောင့်လုပ်လိုက်မိမှန်းမသိဘူး မင်းသိပါတယ်........."



လမင်းပါလား.......။ သူဆွံ့အစွာဖြင့်လမင်းကိုကြည့်လိုက်မိသည်။ လမင်းကသူ့ရှေ့တွင် မားမားကြီးရပ်တန့်လျှက် အသက်မရှိသည့်ကျောက်တုံးတစ်တုံးလို ငြိမ်သက်နေသည်။ သူလမင်းကိုဘာပြောလို့ပြောရမှန်း မသိတော့။ တကယ်ဆိုရင် သူကလည်းလွန်ခဲ့သည်မဟုတ်ပါလား။ လမင်းကို ခွင့်လွှတ်ပါတယ်လို့ပြောရမလား ကိစ္စမရှိပါဘူးလို့ပဲပြောရမလား....... ဘယ်လိုပြန်ပြောရပါ့မလဲ



"မင်းဘယ်အချိန်ကဒီကိုရောက်လာတာလဲ"


"ကျောင်းကဆင်းကတည်းက မင်းနောက်ကိုလိုက်လာတာပဲ။"


သူတို့နှစ်ဦးကြားမှာ တစ်ယောက်နဲ့တစ်ယောက်နားလည်သွားသော အကြည့်တွေ ထွက်ပေါ်လာသည်။ ပါးစပ်ကထုတ်မပြောပေမယ့် ရင်ထဲကတော့ သူတို့တွေနားလည်မှုရသွားကြသည်။ ဘာကြောင့်လဲ ဘာဖြစ်လို့လဲဆိုတဲ့မေးခွန်းတွေအတွက် အခုတော့အဖြေရသွားပါပြီ။ သူလမင်းရဲ့ပုခုံးကို အသာလှမ်းကိုင်လိုက်သည်။


"ငါတို့တွေအရင်လိုပြန်ဖြစ်သွားပြီနော် တကယ်တော့ ဒါဟာဘာမှအလေးအနက်ကြီးထားပြီး ဖြေရှင်းနေရမယ့်ပြဿနာမဟုတ်ပါဘူး ငါအဆင်ပြေပါတယ်"


လမင်းက တစ်ချက်ပြုံးသည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို မြှောက်ပြီး......

"ဒါကဘာကြီးလဲ လမင်း"

"ဖက်မယ်လေကွာ မင်းနဲ့ငါနဲ့ပြန်အဆင်ပြေသွားတဲ့အတွက်ပေါ့ကွာ"

သူတစ်ချက်ပြုံးလိုက်မိပြီး လမင်းကိုအသာသိုင်းဖက်လိုက်သည်။ လမင်းကလည်း သူ့ကိုခါးကနေသိုင်း ဖက်လိုက်သည်။ ထိုအခိုက်တိုက်ခတ်လာသာ လေပြနုအေးလေးက သူတို့နှစ်ယောက်ကြား ၀င်ရောက်မွှေ့သွားခဲ့သည်။ တစ်ယောက်ရင်ထဲမှာ ကြည်နူးခြင်းတွေ တစ်ယောက်ရင်ထဲမှာ ကျေနပ်မှုတွေနှင့် သူတို့တစ်ယောက်နဲ့တစ်ယောက် လွတ်ထွက်သွားမလား ဖက်ထားမိလိုက်ကြသည်။ တကယ်ဆိုရင် ရင်ထဲမှာဖြစ်ချင်နေသည့် ဆန္ဒကို စည်းတွေဘောင်တွေ သိက္ခာတွေနဲ့တားဆီးထားခဲ့ခြင်းသာဖြစ်ပြီး အဲ့ဒီအရာတွေ အားလုံးကိုမေ့ပစ်လိုက်ပြီး မိမိလုပ်ချင်တာကို လုပ်ကြည့်လိုက်သောအခါ ဘာနဲ့မှမတူတဲ့ လွတ်လပ်ခြင်းတွေ ရင်ထဲကိုရောက်ရှိလာတာဟာ ဘယ်လောက်ဝမ်းမြောက်ပီတိဖြစ်ရတယ်ထင်သလဲ။


စူးရှတောက်ပနေသော နေမင်းကြီးသည် အနောက်ကျွန်းဆီသို့ တဖြေးဖြေးမြုပ်ကွယ်စပြုလာသည်။ လက်ပံပင်ထက်မှ ဆူညံနေသော ကျီးကန်းများသည်လဲ တိတ်ဆိတ်ငြိမ်သက်ကာ အိပ်တန်းပြန်ကုန်ကြပြီ။ လောကကြီးသည် သာယာလှပစွာဖြင့် ကုန်ဆုန်းတော့မည်။

ကောင်းသန့်လမင်းကိုတင်းကြပ်စွာဖက်ထားနေမိရင်းနဲ့မှ သူတို့နှစ်ယောက်ကြားထဲ ခိုးလိုးခုလု ဖြစ်လာသည်ကို သတိပြုမိလာသည်။ လမင်းကို ဖက်ထားရာမှခွာလိုက်ပြီး ထိုခိုးလိုးခုလုဖြစ်လာသည့် နေရာသို့ ကြည့်လိုက်သောအခါ ဂျင်းဘောင်းဘီအသားကြားထဲ မာကြောတောင့်တင်းလာသော လမင်း၏ညီလေးကို ဖုထစ်စွာ တွေ့မြင်လိုက်ရသည်။ ထို့နောက် သူနှင့်လမင်းတစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်မိရင်း....................


"ဟား.......ဟား.......ဟား......."


ဖတ်ရှုအားပေးခြင်းအတွက်ကျေးဇူးတင်ရှိပါသည်
ဇာတ်လမ်းကောင်းများကို ဆက်လက်ရေးသားဖို့ ကြိုးစားရင်း........


                                                                                                ချစ်တဲ့
                                                                                             Lovealone