Miss Kicki ဆိုတဲ့ဇာတ်လမ်းလေးဟာ ပြင်သစ်သရုပ်ဆောင်နဲ့ ထိုင်ဝမ်သရုပ်ဆောင်တွေကိုပေါင်းစပ် ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ အသက်လေးဆယ်အရွယ်ခန့် ဇာတ်လိုက်ရဲ့အမေဖြစ်သူ မုဆိုးမ မိန်းမ ဟာ အွန်လိုင်းပေါ်က်နေပြီး ထိုင်ဝမ်မှာရှိတဲ့ တရုတ်boss တစ်ယောက်နဲ့ နေ့တိုင်းလိုလို video chat ရင်းကနေ ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံးအခြေအနေမှာတော့ ထိုင်ဝမ်ထိလိုက်သွားတဲ့ အဆင့်ထိဖြစ်သွားခဲ့ပြီး တွေ့ဆုံဖို့ကြိုးစားခဲ့တဲ့ အဆင့်ထိဖြစ်သွားခဲ့ပါတယ်။ အဲ့လိုနဲ့ ဇာတ်လိုက်ရဲ့ အမေနဲ့အတူ ဇာတ်လိုက်ကလေးကပါ ထိုင်ဝမ်ကိုရောက်သွားခဲ့ပြီး တစ်နေ့ လမ်းပျေက်နေတုန်း ထိုင်ဝမ်က တရုတ်ကောင်လေးတစ်ယောက်နဲ့ စတင်ရင်းနှီးပြီးခင်မင်ခဲ့ပါတယ်။ နောက်တော့သူတို့ နှစ်ယောက်ဟာ သွားအတူလာအတူ စားအတူနဲ့ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဇာတ်လိုက်ရဲ့အမေဖြစ်သူဟာ သူနဲ့ ချိန်းထားတဲ့ ထိုင်ဝမ် တရုတ်ကြီးဟာ ရိုးရိုးလူပျိုလူလွတ်တစ်ယောက် မဟုတ်နေပဲ အိမ်ထောင်ရှိသူတစ်ဦး ဖြစ်နေတာကို သိသွားပါတယ်။
ယခုဇာတ်လမ်းထဲတွင် လိင်တူချစ်ခြင်း အနှစ်သာရများအပြင် လူ့လောက၏ ဖြစ်တတ်ပျက်တတ်တဲ့ သဘောသဘာဝများကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ပါဝင်တဲ့ ဇာတ်ဆောင်လေးတွေက လည်း ရုပ်ချောချောနဲ့ချစ်စရာကောင်လေးတွေမိုလို့ ကြည့်ရှုကြမယ့် ကျွန်တော့်သူငယ်ချင်းတွေ အကြိုက် ဖြစ်မယ်ထင်ပါတယ်။
နောက်ပိုင်း ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကိုတော့ ကျွန်တော်မပြောတော့ပါဘူး ဖန်သားပြင်ပေါ်မှာ ကြည့်ရှုခံစားနှိုင်ကြစေရန် အောက်က လင့်ကလေးတွေကို နှိပ်လိုက်ကြပါစို့ဗျာ။ တရုတ်ပြည်က video site ဒါရိုက်လင့်များကို ဖော်ပြပေးထားတာဖြစ်ပြီး ကြာချိန် ၈၈ မိနစ်ရှိပါတယ်။ ဇာတ်လမ်းထဲက အခန်းတော်တော်များများမှာ အင်္ဂလိပ်လိုပဲပြောတာမိုလို့ အင်္ဂလိပ်လိုကျွမ်းတဲ့ ကျွန်တော်တို့မြန်မာတွေ အတွက်ရွေးချယ်တင်ပြလိုက်ပါတယ် ခင်ဗျား။
tudou မှကြည့်ရန်
56.com မှကြည့်ရန်
အားလုံးအဆင်ပြောကြပါစေ
lovealone:P
မှတ်ချက်။ ။connection မကောင်းလို့ ဖွင့်မရရင်တားတားနဲ့ မချိုင်ဝူးနော် ဟိဟိ
ု

No comments:
Post a Comment