Saturday, November 10, 2012
ညဆိုးကလဲ့စား
တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။ သူမကတော့ အေးအေးဆေးဆေးပဲ သောက်လက်စ စီးကရက်ကို ဖွာနေသည်။ သူ သူမရှေ့တွင် ဇောချွေးတွေပြန်နေသည်။ သူမ၏ မျက်လုံးတွေက စိမ်းမြနေသည်။ စိမ်းသည်မှ ရက်စက်စိမ်းကားလွန်းသည့် အရောင်တွေလျှက်ပြေးလျှက်။ စင်စစ် သူမသည် သူပေါင်ပေါ်တွင် စိမ်ပြေနပြေထိုင်နေခြင်းသာ။ သူမ၏ လက်တစ်ဖက်က သူ့ပခုံးကို သိုင်းဖက်ထားပြီး ကျန်လက်တစ်ဖက်ကတော့ အငွှေ့တလူလူထွက်နေသည့် စီးကရက်ကိုကိုင်ထားသည်။ သူ သူမကကို မဝံ့မရဲကြည့်မိသည်။ သူ သူမကို သူ့အနားမှ လွင့်စင်သွားအောင် လုပ်ပစ်လိုက်ချင်သည်။ သူမကို သည်ကမ္ဘာလောက၏ အပြင်ဖက်သို့ ရောက်သွားအောင် တွန်းထုတ်ပစ်လိုက်ချင်သည်။ သူမ၏ မျက်နှာကိုမြင်ရသည်မှာ သူ့အတွက် ကျက်သရေကင်းမဲ့လှသလို သူ့စိတ်ကို အစဉ်အမြဲ တုန်လှုပ်ခြောက်ခြားနေစေသည်။ သူမ...........သူမဟာ တကယ်တော့ သေသွားပြီးသား သူတစ်ယောက်ပါ။
သေသွားပြီးသော လူတစ်ယောက်။ ရှင်းရှင်းပြောရလျှင် သေသွားပြီးသော မိန်းမတစ်ယောက်။ သည်ထက်ပိုရှင်းရှင်းပြောရလျှင် သေသွားပြီးသော transgender တစ်ယောက် သူ့ပေါင်ပေါ်တွင် ဇိမ်ကျကျထိုင်လျှက် သူ့ကိုပွတ်သပ်ကာ ယခုကဲ့သို့ပြုမူနေခြင်းမျိုးကို သူမသတီပါ။ သူမ၏ ဆံနွယ်တွေသည် မိန်းမတစ်ယောက်၏ ဆံနွယ်စစ်စစ်တွေကဲ့သို့ပါပင် ပျော့ခွေလျှက် တွန့်လိမ်ကောက်ကွေးနေသည်။ သူမ၏ ပခုံးရိုးများသည်လည်း အနည်းငယ်စွန့်ကားနေသည်မှ လွဲ၍ မိန်းမသားတစ်ဦးကဲ့သို့ပင် ဖြူမွတ်ချောမွေ့နေသည်။ သူမ၏ လက်မောင်းသားများကတော့ အနည်းငယ်တုတ်ခိုင်ကာ ရင်အုံမှ ဖြိုးမောက်လျှက်ရှိသည်။ သူမသည် လှပနေဆဲ။ သူမ၏ အသားအရည်သည်လည်း နုပျိုဝင်းလက်နေဆဲပင်။
Tuesday, September 11, 2012
Thursday, September 6, 2012
အကြမ်းစား (Part-1)
(ခပ်ကြမ်းကြမ်းဖတ်ချင်သူများအတွက်
ခပ်ကြမ်းကြမ်းဇာတ်လမ်းတစ်ပုဒ် တင်ဆက်လိုက်ပါတယ်။ ဒါပထမ ဆုံးရေးတာမိုလို့ ကောမန့်မပေးရင်
ဆက်မရေးတော့ဘူးလို့ ကြိုပြောလိုက်ပါတယ်)
ယောကျာ်းချင်းစိတ်ဝင်စားတာ
ကြာပြီကြုံရင်ကြုံသလို ဆွဲဖြစ်တယ်။ မန္တလေး -ရန်ကုန်ကို အလုပ်ကိစ္စနဲ့ မကြခဏ လိုင်းကားနဲ့သွားဖြစ်တယ်။
သွားလိုက်တိုင်းလဲ ဘေးနားမှာ ခပ်မိုက်မိုက်ဘဲလေးတွေနဲ့ တွဲထိုင်ရရင် ကောင်းမှပဲလို့
အမြဲတွေးမိတယ်။ တစ်ခါတစ်လေလဲ ကံကောင်းတယ် ။ ဘော်ဒီတောင့်တောင့် ချာတိတ်ကလေးတွေနဲ့ အတူတူတွဲထိုင်ရတယ်။
ဘောင်းဘီတိုဝတ်ပြီး ခရီးသွားတာ များတာမို့ အဲ့လိုထိုင်ရတိုင်းလဲ ဘောင်းဘီတိုဝတ်ထားတဲ့
ဘေးကကောင်နဲ့ ပေါင်ချင်းပွတ်ရ တာအရသာရှိပါ့ ။ တစ်ခါတစ်ခါ ကားပေါ်မှာ အိပ်ရင်းနဲ့ မျက်နှာကိုသူ့ဖက်လှည့်ထားတုန်း
ဘေးကချာတိတ်အိပ်နေရင်းနဲ့ ကိုယ့်ဖက်မျက်နှာ စောင်းကျလာလို့ ကစ်ဆင်ဆွဲသလို နှုတ်ခမ်းချင်းတေ့သလိုလဲ
ဖြစ်ဖူးပါရဲ့။
ဒါနဲ့ ကျွန်တော့်အသက်က ၂၇ ။ အလုပ်က ကားပစ္စည်းအရောင်းအဝယ်။
ဝပ်ရှော့လဲ ရှယ်ရာ ပါတယ်ပေါ့။ မတစ်ထောင်သားတွေနဲ့ အလုပ်လုပ်နေရတော့ ပါးစပ်ကတော့နည်းနည်းကြမ်းတယ်။
ဆဲဆိုနေရတယ်လေ။ တစ်နေ့တော့ မန္တလေးကနေ ရန်ကုန်ကို အီလိုက်နဲ့အပြန် ဘေးခုံမှာ လူမရှိလို့
ချောင်ချောင်စီးရမယ်ကြံတုန်း စပယ်ယာမက ဟိုးနောက်ခုံကနေ လူတစ်ယောက်နေရာလာချတယ်။ မော့ကြည့်လိုက်တော့
အတော်ဝမ်းသာသွားတယ်။ ဘော်ဒီတောင့်တောင့်ကျစ်ကျစ်နဲ့
အရပ်ခြောက်ပေလောက်ရှိတဲ့ ချာတိတ်တစ်ယောက်ဖြစ် နေတယ်လေ။
Tuesday, September 4, 2012
ဂေးတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်
ချယ်တို့က ‘ဂျယ်’ ဆိုတော့၊ မိန်းမလျှာဆိုတော့ အဲ...အဲ…ရိုင်းရိုင်းခေါ်ရင်
အခြောက်မ၊ ဂျီမတွေဆိုတော့ ကိုယ့်စကားကိုယ် အထင်အမြင် သေးချင်ကြတယ်။
စကားပေါ့၊ စကားပို၊ စကားလျှံ ထင်ကြတယ်၊ ဖိနပ်ကြားက နတ်စကားထွက်မလားပေါ့…ဒီလို…သူတို့က။
ပြောပါစေ…ပြောပါစေ…ထင်ပါစေ…။
တနေ့တော့ ဂျီမ စေတနာကို သိလာမှာပါ။ ဘယ်သူက ဘာတွေထင်လည်း ဂရုမစိုက်သေးဘူး။
ဂျီမဘ၀ကို ပြောင်ပြောင်တင်းတင်း ခံယူလိုက်ပြီးကတည်းက ချယ် တို့ (အချစ်ဝတ္ထုတွေထဲက ခပ်တေတေ ဇာတ်လိုက်မ လေသံနဲ့ ပြောရရင်) “ချယ်တို့ ဘာကိုမှဂရုမစိုက်ပြီ၊ သေမှာမကြောက်လို့ ပေတရာ လျှောက်နေတာ…၊ ဘယ်အရာကို ချယ်ဂရုစိုက်ရမည်နည်း။ ချယ် ဂရုမစိုက်လိုပြီ…။
ချယ် သိပ်နားလည်သည်ပေါ့…။ လေးငါးတန်းမျှသာတတ်တဲ့ ပညာမဲ့မှ မဟုတ်ဘဲ။ ဘွဲ့ရ ပညာတတ်တယောက်အနေနဲ့ သိပ်နားလည်သည်ပေါ့။
ဒီဘ၀ ဂျီမဖြစ်ရတာဟာ ဟိုအရင်ဘ၀က သူများသားမယားကို
စော်ကားပစ်မှားခဲ့လို့ဆိုတဲ့ ဗုဒ္ဓတရားတော်အလိုအရလည်း ချယ်သိတယ်။
သိပ္ပံနည်းကျကျ လေ့လာပြီး စိတ်ပညာရှင်တွေက ပြောတဲ့ (Homo Dysfunction) ဟိုမုန်း ပြောင်းလဲတဲ့ ရောဂါ၊ ဟိုမုန်း ကမောက်ကမ ဖြစ်တဲ့ရောဂါဆိုတာကိုလည်း ချယ် သိတယ်။
ရောဂါပဲဖြစ်ဖြစ်၊
ဝဋ်ခံရတာပဲဖြစ်ဖြစ် ဂျီမဘ၀ဟာ မကောင်းဘူးဆိုတာလည်း ချယ်သိတာပါပဲ။
ကိုယ့်ကိုမြင်သူတိုင်းက ရယ်စရာ သတ္တ၀ါတယောက်လို သဘောထားကြတယ်။ တချို့ကလည်း
ရွံစရာ သတ္တ၀ါတယောက်လို
ကြည့်ကြတယ်။ ကိုယ်ပြောတဲ့စကားကို ဘယ်သူမှ မလေးစား ချင်ဘူး။ အထင်သေးကြတယ်။
ယောက်ျားတန်မဲ့နဲ့ ရေသာခိုအချောင်လိုက်နေကြတယ်လို့ ထင်ကြတယ်။ ခုဆို
ပိုဆိုးသေး၊ ဘတ်စ်ကားပေါ်မှာ ချယ်တို့နဲ့ လူတွေက တွဲမထိုင်ချင်ကြတော့ဘူး။
အေအိုင်ဒီအက်စ် ရောဂါပိုး ဖြန့်ဝေသူလို့ ထင်ကြပြန်တယ်။ ကဲ…စဉ်းစား…ဂျီမ၊ အခြောက်မ ဖြစ်ရတဲ့ဘ၀ ဘယ်မှာကောင်းလို့လဲ။ ဘယ်သူဖြစ်ချင် မလဲ။ တကယ်ပါ ချယ်လည်း ဖြစ်ချင်ပါ့မလား၊ ချယ်မဖြစ်လိုပါ …။ ချယ် မဖြစ်လိုတာ သေချာပါသည်ကွယ်…။
ချယ် ရောဂါစတာ ငါးနှစ်သမီး။ အဲ…ငါးနှစ်သားလောက်ကပေါ့။
ချယ့်ဒက်ဒီက အစိုးရအရာရှိတယောက်၊ မာမီက ဟိုစပ်စပ် ဒီစပ်စပ် ပွဲစားမပေါ့။
ချယ်က အကြီးဆုံးသား သြရဿ၊ သားကြီး သြရဿအခြောက်ဖြစ်တာလေ ကောင်းကြရော။
ချယ်တို့အိမ်က ဂျယ်လီ…ဂျယ်လီနဲ့ ချစ်စနိုးခေါ်ကြတယ်လေ။ ယောက်ျားနာမည် မှည့်ထားတာက တော့ ‘အောင်ပြည်စိုး’ တဲ့။ ထားလိုက်ပါတော့ ဒါက တကပ်။ ရုပ်ရှင်စကားနဲ့ ပြောတာလေ… ကပ် ချိန်းလိုက်ဦးမယ်။
အဲ…ငါးနှစ်သားလောက်မှာ
ချယ်ဆိုတဲ့ ဂျီမပေါက်စလေးက၊ မာမီ့မိတ်ကပ်တွေ၊ နှုပ်ခမ်းနီတွေ ယူလိမ်း၊
ယူဆိုး၊ ပြီးတော့ မာမီ့ထမီကြီး ၀တ်ပြီး တိုက်ခန်းဝရန်တာမှာ ဆယ့်နှစ်ရာသီ
ကနေတာပဲ။ ကိုယ့်ဖာသာကိုယ် ဘာဖြစ်မှန်းလည်းဘယ်သိမလဲ။ အဲဒါ လမ်းပေါ်က
ရှောက်သီးဆေးပြားရောင်းတဲ့ အချောက်မကြီးတွေက မြင်တော့ ‘သမီးလေး…သမီးလေး…’ နဲ့ လှမ်းလှမ်းခေါ်ကြတယ်။ ဇာတ်သွင်းတာလေ…၊ အချောက်မကြီးတွေလုပ်ပုံ လုပ်စရာလား…။
ချယ်ကတော့
အဲလိုခေါ်ရင် ရှက်ရှက်ပြီး အိမ်ထဲဝင်ပြေးတာပဲ။ ချယ် အဲလို ကကနေတာကို
အစကတော့ ဒယ်ဒီရော၊မာမီရော ကလေးပဲဆိုပြီး ကြည့်နေသေးတယ်။
ဆယ်နှစ်သားကျော်လာတော့ ဒယ်ဒီတို့ မာမီတို့ လန့်လာပြီ
ဘောင်းဘီရှည်မချွတ်တမ်းဝတ်ပြီး ဖင်လေးလိမ်ကျစ်လိမ်ကျစ်နဲ့ ဂျယ်လီကလေ…၊ ဂျယ်လီကလေ…နဲ့ပြောရာကနေ ချယ်က…ချယ်က…နဲ့ဖြစ်လာပြီလေ။ ကျောင်းစာအုပ်အဖုံးမှာလည်း ‘ပန်းချယ်ရီမမ’ တဲ့ နာမည်တွေပြောင်းလို့...။ အဲတင် ဒယ်ဒီက အိမ်ရှေ့ဝရန်တာမှာ ကြိုးနဲ့တုတ်တော့တာပဲ။ ပြီးတော့ ကြိမ်လုံးနဲ့ ‘ဟေ့ကောင်…မင်း…မိန်းမ လား…၊ ယောက်ျား လား…ပြောစမ်း’ ဆိုပြီး ‘ရွှမ်း’ ဆိုတချက်ချ။ ချယ်က ကျောလေးကော့ပြီး ‘အမယ်လေး…မိန်းမပါဒယ်ဒီရဲ့...’ ဆိုပြီး အော်တာပဲ။
Saturday, September 1, 2012
Gay တစ်ယောက်ရဲ့ ဘဝ အပိုင်းအစတစ်ချို့
English - Gay
Myanmar - လိင်တူချင်းဆက်ဆံသော။ ပူပန်မှုကင်းသော ။ပေါ့ဆသော။ နမော်နမဲ့နိုင်သော ပျော်ရွှင်သော။မြူးကြွသော။
n လိင်တူချင်းဆက်ဆံသူ။
ကျွန်တော်သည်
အမှန်စင်စစ်အားဖြင့် ဂေး တစ်ယောက် ဖြစ်ပါ၏။ မိမိကိုယ်ကိုမညာတမ်းဝန်ခံရလျှင် ကျွန်တော်ဂေးဖြစ်ရသည့်
အတွက် အနည်းငယ်သိမ်ငယ် သလိုခံစားမိသည်။ ကျွန်တော်တွေ့ကြုံလာရသည့် အတွေ့အကြုံကပေးသည့်
ခံစားမှုတစ်ချို့က ကျွန်တော့်ကို သည်လိုသိမ်ငယ်စေဖို့ အများဆုံးတွန်းအားပေးခဲ့သည်ဆိုလျှင်
မမှားပါ။
ဂေးဖြစ်ခြင်းက သာမန်ယောကျာ်းတစ်ဦးထက် နိမ့်ကျသည်လား။
သို့မဟုတ် ကျွန်တော်တို့သည့် အပြစ်တစ်ခုကို ကျူးလွန်မိသည့် အပြစ်ရှိသူတွေလား ဟုကျွန်တော်စဉ်းစားမိသည်။
တကယ်ဆိုလျှင် ကျွန်တော်လက်ခံထားသည့် ကျွန်တော်၏ဂေးဘဝကြီးကို တစ်ချိန်က မုန်းတီးဆက်ဆုပ်ရွံရှာခဲ့ဖူးပါသည်။
ကျွန်တော့်ရဲ့ဘ၀အစက……….
ကျွန်တော့်ကို
ကရင်ပြည်နယ် ဘားအံမြို့ စစ်ဆေးရုံကြီးမှာမွေးဖွားခဲ့ပါသည်။ ကျွန်တော့်အဖေသည် တပ်မတော်မှစစ်သားတစ်ဦးဖြစ်သောကြောင့်
ကျွန်တော့်အား စစ်ဆေးရုံကြီးတွင် မွေးခြင်းဖြစ်သည်။ မွေးကင်းစကလေးငယ်လေးဖြစ်သည့် ကျွန်တော်သည်
လူ့လောကကြီးကို စတင်ရောက်လာသည့် အချိန်မှာပဲ ကံဆိုးမှုတစ်ခုက ကျွန်တော်နှင့်ယှဉ်ပါလာခဲ့သည်။
သူနာပြုဆရာမများ၏ နမော်နမဲ့ နိုင်မှု ဂရုမစိုက်မှုကြောင့် မွေးဖွားသည့်ကာလအချိန်တွင်
ကျွန်တော်၏ ဝှေးစေ့ တစ်လုံးမှာ သူငယ်အိမ်မှ အထက်သို့တက်သွားပါသည်။ အသားအရည်နုလွန်းသည်
မွေးကင်းစကလေးဖြစ်သည့် ကျွန်တော်သည် မွေးဖွားသည့်အချိန်တွင် ထိုကဲ့သို့သော ကြီးမားသည့်
လွဲချော်မှုကြီးနှင့် စတင်ရင်ဆိုင်ခဲ့ ကြသည်။
Dream Heart (ဇာတ်သိမ်း)
ထိုမိန်းကလေး
အခန်းထဲမှထွက်သွားသော် ညီစိုး အနားရှိခေါင်းအုံးဖြင့် သွင်သန့်ကို ပေါက်ထဲ့လိုက်သည်။
“ဘာလဲကွာ
ညီစိုးရာ”
“ဘာဘာလဲလဲ
အခုမင်းလုပ်ပုံ ကောင်းသေးရဲ့လား။ မိန်းမမြင်ရင် ငမ်းငမ်းတက်ဖြစ်နေတဲ့ကောင် ပြန်မှမင်းကို
ဦးနိုင်နဲ့တိုင်မယ်။ “
“တိုင်ပေါ့ကွာ။
ညီစိုး အခုလိုဖြစ်တာ မင်းကြောင့်နော်။ မင်းညကြီးမင်းကြီးဘောလုံးထကန်ချင်လို့ အခုလိုမဖြစ်သင့်တာတွေ
ဖြစ်ကုန်တာ။ ဘာပဲပြောပြောငါကတော့ ဒဏ်ရာသက်သာမှ ဒီကပြန်မယ်။ ကောင်မလေးက ချောတယ်ကွ။ ချောလိုက်တာမှ
ရွှေရုပ်ကလေးကို ရွှေမှုန်လေးတွေ ကပ်ထားတဲ့အတိုင်းပဲ။ “
“အေး။
ငါတော့ အဲ့မိန်းမ မျက်လုံးတွေကို သိပ်မယုံချင်ဘူး။ သူ့မျက်လုံးတွေထဲမှာ မရိုးသားတဲ့အရိပ်
အယောင်တွေပါနေတယ်။ မင်းကတော့ မွှန်နေတာဆိုတော့ မြင်မဲ့ကောင်မဟုတ်ပါဘူး။”
သူတို့နှစ်ယောက်
အခြေအတင်စကားပြောနေခိုက် အခန်းတံခါးလေးပြန်ပွင့်လာသည်။ ထို့နောက် ကောင်မလေးက လက်ထဲတွင်
ဆန်ပြုတ်လင်ဗန်းနှင့်အတူ စားစရာအချို့ကိုကိုင်ဆောင်ကာ အခန်းထဲသို့ဝင်လာသည်။ ဆန်ပြုတ်ပြုတ်တာကလဲ
မြန်လိုက်တဲ့ဖြစ်ချင်း။ ညီစိုး မကျေမနပ်စိတ်ထဲမှာ ရေရွတ်လိုက်သည်။
ကောင်မလေးက
အခန်းထဲသို့ ရောက်သောအခါ ညီစိုးနားသို့ ဆန်ပြုတ်တစ်ပန်းကန်လာချပေးသွားပြီး ကျန်သည့်
စားစရာများနှင့် ဆန်ပြုတ်တစ်ပန်းကန်ကိုတော့ သွင်သန့်အနားသို့သွားချပေးသည်။ ထို့နောက်
ညီစိုးဖက်သို့ လှည့်လာသည်။
“ရှင်ကတော့
ခြေထောက်ပဲဖြစ်ထားတာဆိုတော့ လက်ကအကောင်းကြီးရှိသေးတယ် အဲ့ဒီတော့ ဆန်ပြုတ်ကို ကိုယ့်ဖာသာကိုပဲသောက်လိုက်တော့။
ရှင့်သူငယ်ချင်းကတော့ လက်မှာ ပတ်တီးကြီးနဲ့ဆိုတော့ ကျွန်မခွံ့ကျွေးမှရမယ်”
“ရပါတယ်။
ကျွန်တော့်လက်အကောင်းကြီးပါပဲ မိမွေးတိုင်းဖမွေးတိုင်းပဲရှိပါသေးတယ်။ ကိုယ့်ဖာသာကိုပဲ
စားလိုက်ပါ့မယ်ခင်ဗျား”
ထိုကောင်မလေးက
သူ့ကိုအကြည့်တစ်ခုဖြင့်ကြည့်သည့် ။ဘာကြောင့်မှန်းမသိ ညီစိုးထိုမိန်းကလေး၏ အကြည့်ကြောင့်
စိတ်ထဲလိပ်ပြာမလုံသလိုဖြစ်သွားသည်။ သည်မိန်းကလေးမှာ သူမမြင်နိုင်သည့် မှော်စွမ်းအားတွေများရှိနေသည်လား။
ဘုရားဘုရား သည်မိန်းကလေးက သူ့စိတ်ထဲကိုများဖောက်ထွင်းသိနေသည်လား မသိပါ။ သူတွေးရင်း
ကျောချမ်းသလိုဖြစ်လာပြီး လန့်လာသည်။ ညီစိုးထိုမိန်းကလေးကို မကြည့်တော့ပဲ အစားကိုသာ
ငုံ့စားနေရသည်။ စိတ်ထဲတွင်တော့ မတင်မကျကြီးနှင့် သိပ်ပြီးတော့တော့ မကျေနပ်ပါ။ သွင်သန့်ကတော့ ထိုကောင်မလေး ခွံ့ကျွေးသည့် ဆန်ပြုတ်ကို
ဖွန်ကြောင်ရင်းစားနေသည်။
Friday, August 31, 2012
မြန်မာ့ ပထမဦးဆုံး လိင်တူချစ်သူစုံတွဲ
ယခုဖော်ပြပါပုံလေးသည် ပြီးခဲ့တဲ့ ကြာသပတေးနေ့က facebook စာမျက်နှာပေါ်တွင် ဓာတ်ပုံဆရာ ဘုန်းမြတ်ထူး ကိုယ်တိုင်ရိုက်ကူးပြီးတင်ခဲ့ခြင်းဖြစ်ပါသည် ။
အဆိုပါပုံလေးသည် မြန်မာ့လိင်တူချစ်သူလောက တွင်ပထမဦးဆုံး မြန်မာလိင်တူအမျိုးသားစုံတွဲ အား မြန်မာ့ရိုးရာ မင်္ဂလာအခမ်းအနား ပုံစံဖြင့် ရိုက်ကူးထားခြင်းဖြစ်ပါသည်။ ထိုဓာတ်ပုံလေးအား facebook ပေါ်တွင် ဝေဖန်မှု များစွာရိုက်ခတ်မှုရှိနေပြီး ထောက်ခံသူနှင့် ကန့်ကွက်ရှုံ့ချသူများက အပြိုင်အဆိုင် အားပြိုင်လျှက်ရှိပါသည်။
မူရင်းပုံအား ဤနေရာတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။
Lovealone
Tuesday, August 28, 2012
Monday, August 27, 2012
ယောကျာ်းလှကျွန်း အပိုင်း(ရ)
ဇာတ်လမ်းအရှေ့ပိုင်းအကျဉ်းချုပ်
ဂီနိုသည် ဆင်းရဲသားအလုပ်လက်မဲ့တစ်ဦးဖြစ်ပြီး
ပိုက်စံကိုဘေးပေါက်ရှာနေသော လူငယ်လေးတစ်ဦးဖြစ်သည်။တစ်နေ့လောင်းကစားဝိုင်းတစ်ခု၌ငွေများနိုင်ပြီးအပြန်လူရမ်းကားတစ်စုနှင့်
တိုးကာ ပိုက်စံများအလုခံခဲ့ရသည်။ ထိုအချိန်၌
ဂီနိုသည်လူရမ်းကားများလက်ထဲမှ အတင်းထွက်ပြေးရင်း နောက်ဆုံးပြန်အဖမ်းခံရလုဆဲဆဲ နီယွန်က
ကြားမှဝင်၍ကယ်တင် ခဲ့သဖြင့် လွက်မြောက်သွားခဲ့သည်။ ထိုအချိန်မှစပြီး ဂီနိုနှင့်နီယွန်တစ်ဦးနှင့်တစ်ဦး
ရင်းနီးသွားခဲ့သည်။ နီယွန်သည် အနှိပ်ခန်းတစ်ခုမှ offer boy တစ်ယောက်ဖြစ်ပြီး မိမိဘ၀ကိုစိတ်နာနေသူဖြစ်သည်။
အနှိပ်ခန်း ပိုင်ရှင် မိုးမြင့်သည် ရက်စက်ပြီးငွေမက်သော မိန်းမလျှာတစ်ဦးဖြစ်ပြီး အကြင်နာတရားခေါင်းပါးသည်။
ထိုအချိန်တွင် အလုပ်လက်မဲ့ဖြစ်နေသော ဂီနိုက အနှိပ်ခန်မှ အလုပ်ခေါ်စာကို တွေ့သွားကာ အလုပ်လျှောက်ခဲ့သဖြင့်
မိုးမြင့်တို့အနှိပ်ခန်းမှ offer boy တစ်ဦးဖြစ်သွားလေသည်။ အနှိပ်ခန်းသို့ရောက်သော်
ဂီနိုနှင့်နီယွန်ဆုံခဲ့ကြပြီး နီယွန်ကဂီနို့ကို အနှိပ်သင်ပေးခဲ့သည်။ ဤသို့ဖြင့်နောက်တစ်ရက်မနက်သို့ရောက်သော်
ဂီနို့ကို နီယွန်က တရုတ်ခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲလိုက်ကျွေးလေသည်။ ခေါက်ဆွဲမှာခွေးသားတွေဖြင့်
ပြုလုပ်ထားမှန်း နီယွန်က ဂီနို့ကိုပြောပြလိုက်သောအခါ ဂီနိုက နေရာ၌ပင်ထအံလေသည်။
ဂီနိုရုတ်တရက်ကြီး
ကြားလိုက်ရသော စကားကြောင့် ပါးစပ်ထဲမှာ ခေါက်ဆွဲဖတ်တွေကို ထွေးခံထဲသို့ ထွေးထည့်လိုက်ကာ
မိမိပါးစပ်ကို ရေဖြင့်ပလုတ်ကျင်းပစ်လိုက်သည်။ သူစားထားသည့် ဗိုက်ထဲမှခေါက်ဆွဲများပင်
လည်မျိုထိတက်လာသလိုခံစားရပြီး အံချင်စိတ်က ထိန်းမရနိုင်ဖြစ်နေသည်။ ခွေးသားကို သူအလွန်မုန်းသည်။
မုန်းသည်ထက် ရွံသည်ဆိုလျှင်ပိုမှန်လိမ့်ဦးမည်။
“ဂီနိုအဆင်ပြေရဲ့လား
“
အသံနှင့်အတူသူ့အနားသို့
နီယွန်ရောက်လာသည်။ ထို့နောက်သူ့ပုခုံးကိုကိုင်က အသာဖွဖွလေး နှိပ်ပေးသည်။ သူမအီမသာဖြင့်သာ
ခေါင်းညိတ်ပြလိုက်သည်။ နီယွန်က သူ့ကိုတောင်းပန်သည့်အကြည့် တွေဖြင့်ကြည့်နေသည်။
“
ငါကမင်းအဲ့လောက်ကြီးရွံတတ်မှန်းမသိလို့ပါ။
Sunday, August 26, 2012
Dream Heart
Dream Heart ဟုတ်ပါသည်။ Dream Heart
ပါ။ Dream Heart ဟုဆိုလိုက်ရုံနှင့် မသိသူက ခပ်ရှားရှားပင်။ အကယ်၍သင်သည် မြန်မာနိုင်ငံသားတစ်ယောက်ဆိုပါက
နိုင်ငံတော်သမ္မတကြီး၏ နာမည်ကိုမသိလျှင်တောင် Dream Heart ကိုတော့ သင်မုချသိမည်။ ဤမျှလောက်
အောင်မြင်ကျော်ကြား လူသိများ နာမည်ကြီးနေသော Dream Heart တွင် ကောင်လေး ချောချောလေးတွေ
ငါးယောက်ရှိပါသည်။ သူတို့အဖွဲ့သည် တေးစီးရီးပေါင်း ခုနှစ်ခွေထွက်ရှိထားပြီး ယခုလက်ရှိ
အခြေအနေတွင် မြန်မာနိုင်ငံ၏ top ten စာရင်းဝင် ဂီတအဖွဲ့ တစ်ခုအဖြစ်ရပ်တည်လျှက်ရှိပါသည်။
Dream Heart ဟုဆိုလိုက်ရုံနှင့် ကောင်မလေးတွေ (ကောင်လေးတွေလည်းပါချင်ပါမည်) သည်းသည်းလှုပ်ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ နာမည်ကြီး
magazine မျက်နှာဖုံးစာမျက်နှာများတွင်လည်း Dream Heart ၏ပုံများပါဝင်လာပါက ထိုလအတွက်
ရောင်းလို့လောက်တော့မည်မဟုတ်ချေ။
မြို့ကြီးပြကြီးများ၏
လမ်းမလယ်များ လမ်းဘေးများတွင် ရှိနေတတ်သည့် ကြော်ညာဆိုင်းဘုတ်ကြီးများတွင် လည်း
Dream Heart ကနေရာယူထားသည်။ ညစဉ်ထုတ်လွှင့်နေသည့် television အစီအစဉ်များတွင်လည်း
Dream Heart ကမပါမဖြစ်ပါသည်။ လူငယ်များ အသုံးများသည့် Internet စာမျက်နှာများရှိ
Social Network များတွင်လည်း Dream Heart က ထိပ်ဆုံးတွင်ရှိနေသည်။ Dream Heart နှင့်ပက်သက်သည့်
ထုတ်ဝေထားသည့် Calendar များ။ Funcy Gift များ ၊ Wallet များစသည့် လူ့အခြေခံအသုံးအဆောင်ပစ္စည်းများသည်လည်း
နေရာအနှံ့အပြားတွင် တွေ့မြင်နိုင်သည်။
ဤမျှဤမျှ
နာမည်ကြီးနေသော Dream Heart အဖွဲ့လေးတွင် မယုံကြည်နိုင်စရာ ကိစ္စ တစ်ချို့ဖြစ်ပွားခဲ့သည်ဆိုလျှင်……………………………………..
Saturday, August 25, 2012
My Feeling
ပရိတ်သတ်များအားလုံး မင်္ဂလာပါခင်ဗျား
ကျွန်တော်အခုဆိုရင် ဒီဘလော့လေးကို ပစ်ထားတာ တော်တော်လေးကိုကြာသွားပါပြီ။ အခုရက်ပိုင်း ကျွန်တော်စိတ်လေနေပါတယ်။ ဘာဖြစ်လို့စိတ်လေနေလဲဆိုတော့ ကျွန်တော်စာတွေ ရေးတယ်။ အလုပ်ကလဲမအားဘူး နေ့တိုင်း ၁၂ နာရီပုံမုန်လုပ်နေရတယ်။ ဒါပေမယ့် မအားအားတဲ့ကြားက ကျွန်တော်ရအောင်ရေးတယ်။ တစ်ခါတစ်လေဆို စာရေးချင်လို့ဆိုပြီး ခွင့်ယူတာမျိုးတွေတောင်ရှိပါတယ်။ ကျွန်တော်အရင် www.mlgbts.com မှာ Lovealone ဆိုတဲ့နာမည်နဲ့ ရေးပါတယ်။ အဲ့တုန်းကလဲ လူတော်တော်များများက အားပေးတာကိုခံရပါတယ်။ အခုတော့ အဲ့ဆိုဒ်ထဲက ထွက်လိုက်ပြီး ကိုယ်ပိုင်ဘလော့ထောင်ထားတာပါ။ ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိတယ်။ အရင်က mlgbt မှာကျွန်တော်စာတွေတင်ပြီဆိုရင် comment တော်တော်များများရတယ်။ အနည်းဆုံးတော့ အယောက်နှစ်ဆယ်ကျော်တယ် ။ အခုကိုယ်ပိုင်ဘလော့မှာကျတော့ တစ်ခုမှမရဘူး။ ဘာဖြစ်လို့လဲ ?? ကျွန်တော်ပဲအရေးအသားတွေညံဖျင်းသွားတာလား ဒါမှမဟုတ် ကျွန်တော့်ဘလော့က comment ပေးဖို့ပဲ အရမ်းခက်နေလို့လားလို့ ကျွန်တော်တွေးမိပါတယ်။
ရေးသမျှစာတွေတင်ပါတယ်။ ဒါပေမယ့် စာဖတ်သူတွေဖက်က ဘာမှတုန့်ပြန်မှုကိုပြန်မရတဲ့အခါ ကျွန်တော်စိတ်လေလာပါတယ်။ စိတ်ဓာတ်လဲကျလာပါတယ်။ ကျွန်တော်တို့ blogger တွေဆိုတာ ကိုယ့်ထမင်းကိုယ်စားပြီး အလကား အချိန်ကုန်ခံ မျက်စိအညောင်းခံ လက်အညောင်းခံ ဦးနှောက်အခြောက်ခံပြီး စာတွေကို ပိုက်စံတပြားမှမရပဲ ရေးနေရတဲ့သူတွေပါ။ ဒါကလဲ ကိုယ်ကိုယ်တိုင် ၀ါသနာပါလို့လုပ်တာဆိုတော့ ကိစ္စတော့မရှိပါဘူး။ ကျွန်တော်တို့ blogger တွေ စာဖတ်သူတွေဆီက ပြန်လိုချင်တာ တစ်ခုပဲရှိပါတယ်။ အဲ့ဒီတစ်ခုကလဲ စာဖတ်သူတွေအနေနဲ့ ပေးဖို့ မခဲရင်းသလို ဘာငွေကုန်ကြေးကျမှရှိတာလဲမဟုတ်ပါဘူး။ အဲ့ဒီ တစ်ခုလေးက ကျွန်တော်တို့ အတွက် အားဆေးတစ်ခွက်ပါပဲ။ ကျွန်တော့်မှာ ညအိပ်ရေးအပျက်ခံပြီး စာတွေရေးပြီးတင်ထားခဲပါတယ်။ နောက်နေ့ညအလုပ်ဆင်းတော့ ဘလော့လေးကိုဖွင့်ကြည့်တယ်။ ဘယ်သူမှ ဘာတုန့်ပြန်မှုမှပေးမထားတော့ သြော်....ငါရေးတဲ့စာတွေကို ကြိုက်မှကြိုက်ရဲ့လား။ ဖတ်လို့မှကောင်းကြရဲ့လား။ မကြိုက်လို့များ ဘာမှမပြောခဲ့ကြတာလားဆိုပြီး သံသယစိတ်တွေ စိုးရိမ်စိတ်တွေ ၀င်လာပါတယ်။ အဲ့ဒီရဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ ကျွန်တော် ခဏကပြောသလို စိတ်ဓာတ်ကျလာတာပါ။ ကျွန်တော်က အခုမှ အသက်နှစ်ဆယ်ပြည့်မယ့် လူငယ်လေးတစ်ဦးပဲ ရှိပါသေးတယ်။ ကျွန်တော့်မှာ ရင့်ကျက်တဲ့စိတ် တည်ငြိမ်တဲ့စိတ်တွေ ရာနှုန်းပြည့်မရှိသေးပါဘူး။ ဒီလိုနဲ့ပဲ ကျွန်တော်ဘလော့လေးကို ပစ်ထားခဲ့မိသွားပါတယ်။
ကျွန်တော်ပစ်ထားခဲ့မိတာ တစ်ပတ်ကျော်သွားတော့ ကျွန်တော့် gtalk မှာ အားပေးနေကြသူငယ်ချင်းတွေ တခြားကျွန်တော်မသိပေမယ့် ကျွန်တော့်ကိုသိနေတဲ့ ကျွန်တော့်စာဖတ်ပါရိတ်သတ်တွေက ကျွန်တော့်ကိုမေးလာကြပါတယ်။ စာမတင်သေးဘူးလားပေါ့။ အဲ့ဒီတော့ ကျွန်တော်ပြန်စဉ်းစားကြည့်တယ်။ ဒါတွေမေးနေသေးတယ်ဆိုတော့ ကျွန်တော့်စာတွေကိုမကြိုက်တာလဲ မဟုတ်နိုင်သေးပါဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ အခုအားအင်ချိနဲ့နေပါတယ်။ ဆက်ရေးဖို့စိတ်ကူးထားတဲ့ စာတွေအများကြီးရှိနေပေမယ့် အားပေးမယ့်သူ မရှိတဲ့အခါကျတော့ ကျွန်တော်အရမ်းပဲ စိတ်ဓာတ်ကျနေခဲ့ပါတယ်။
ကျွန်တော်ကို ကျွန်တော့်အကိုလိုခင်တဲ့ စာရေးဆရာ Alex Aung ကပြောတယ်။ ကျွန်တော်က လူကြိုက်များလာပြီဆိုမှ တန်းလန်းကြီးထားခဲ့တယ်တဲ့။ ကျွန်တော်က ပရိတ်သတ်တွေရဲ့ မျက်နှာကိုမကြည့်ဘူးတဲ့။ တကယ်တန်းကျတော့ ဘယ်သူကဘယ်သူကိုမကြည့်တာလဲ ဆိုတာ ကျွန်တော်မဆုံးဖြတ်ချင်တော့ပါဘူး။ ကျွန်တော်အခုလို ချရေးလိုက်တယ်ဆိုတာက လဲ စိတ်ထဲမှရှိနေတဲ့ ဆန္ဒတွေကိုမျိုသိပ်မထားချင်တော့လို့ပါ။ အခုလိုမျိုးချပြောလိုက်တာ ကျွန်တော့်ရင်ထဲမှာ တော်တော်လေး ပေါ့သွားပါတယ်။ ဒါပေမယ့် စာဖတ်သူတို့ကို စိတ်အနှောက်အယှက်ပေး မိသလိုဖြစ်သွားရင်တော့ ကျွန်တော်ဒီနေရာကနေပဲ ရှိခိုးကန်တော့တောင်းပန် လိုက်ပါတယ်ဗျာ။
အားလုံးပဲ ကျွန်တော့်စာတွေကိုကြိုက်နှစ်သက်တယ် အားပေးချင်သေးတယ် ကျွန်တော့်ကို စာဆက်ရေးစေ ချင်သေးတယ်ဆိုရင် အောက်မှာ comment နဲ့မိမိဆန္ဒကို ထုတ်ဖော်သွားနိုင်ပါတယ်။ ကျွန်တော်ကတော့ comment အရေအတွက်ပေါ်မူတည်ပြီးဆုံးဖြတ်မှာနော်။
ခင်တဲ့

Monday, August 13, 2012
မောင့်ရဲ့ချစ်သူ (ပထမပိုင်း)
လေပြေလေးသည်
ညှင်းသော်လူးလွင့်လျှက် သစ်ရွက်လေးတွေကို လှုပ်ခတ်သွားစေပြီး ပျက်ပြယ်ပျောက်ကွယ်သွားသည်။
ခရေပင်လေးသည် လေပြေလေး၏ ယုယပွတ်သပ်မှုကြောင့် တည်ငြိမ်နေသော ပတ်ဝန်းကျင်လေးကို အနည်းငယ်လှုပ်ရှားနေစေသည်။
ထိုခရေပင်လေးအောက်တွင် တော့ငြိမ်သက်စွာထိုင်နေသည့်ကောင်လေးနှစ်ဦး………။
ခုံတန်းယားလေးတွင်
နှစ်ယောက်လုံးငြိမ်သက်စွာထိုင်နေကြပြီး နှုတ်ဆိတ်လျှက်ရှိကြသည်။ သူတို့နှစ်ဦးသည် ဆန့်ကျင်ဘတ်အရပ်ဆီသို့မျက်နှာမူထားသည်။
နှစ်ယောက်လုံး၏ မျက်နှာများတွင် ကြေကွဲဆွတ်ပျနေသည့် အရိပ်အယောင်များ စိုးမိုးလျှက်ရှိသည်။
သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ပါးစပ်ကထုတ်ဖော်ကာ စကားမပြောပေမယ့် ရင်ထဲတွင်တော့
ပျွတ်သိပ်ကြပ်ငြပ်နေသည့် စကားတွေက ပေါက်ကွဲတော့မည် ပူဖောင်းကြီးလို တင်းကားနေသည်။ ဆို့နင့်နေသော
ရင်ခုန်သံတွေကို ပွေ့ပိုက်ရင်း တစ်ဦးနှင့်တစ်ဦးကိုင်ထားသည့် လက်ကလေးတွေက တင်းတင်းဆုပ်လျှက်ရှိသည်။
ကောင်လေးနှစ်ယောက်လုံးမှာ အလွန်ဆုံးရှိလှမှ အသက်ခုနှစ်နှစ်ရှစ်နှစ်ခန့်သာရှိဦးမည်။
သူတို့၏နုနယ်နေသော အသားအရည်လေးက ကြေကွဲနာကျင်သော ခံစားချက်တွေကို မခံနိုင်ပဲ မျက်နှာတစ်ဝိုက် နီမြန်းလျှက်ရှိသည်။
“မောင်…………………..”
Sunday, August 12, 2012
Saturday, August 11, 2012
လနှစ်စင်းပြိုင်တဲ့ မျက်ဝန်းကောင်းကင် (အစ/အဆုံး)
ရေးသူ - ညိုလွင်ခေတ်
ဒီနေ့မနက်စောစော အပြင်မှာ မြူတွေကျနေတာကို အိပ်ရာထတော့ ပြတင်းပေါက်က တဆင့်တွေ့လိုက်ရတယ်..။ စောသေးတယ်လို့ ထင်နေပေမယ့် နာရီကြည့်တော့ မနက် ၅ နာရီထိုးနေပြီ..။ အိပ်ရာထဲမှာ ဆက်ကွေးချင်နေပေမယ့် ဂျူတီချိန်အမှီလာကြိုမယ့် ကားအမီ ပြင်ဆင်ရမှာမို့ မထချင်, ထချင်နဲ့ ရေချိုးခန်းကိုထခဲ့ရပါတယ်..။ ရေကလည်း ညကတည်းက ပုံးထဲထည့်ပြီး အအေးခံထားတာမို့ တော်တော်လေး အေးနေတာပါပဲ..။ ရေချိုးခန်းထဲက မှန်ထဲမှာ ကိုယ့်မျက်နှာကို ပြန်ကြည့်မိတော့ ကျွန်တော် တော်တော် အိုသွားတယ်..။ အရင်ကလည်း ချောတဲ့ ယောက်ျားတစ်ယောက်တော့ မဟုတ်ပါဘူး..။ မြင့်လွန်းတဲ့ အရပ်, ထွားတဲ့ ကိုယ်ခန္ဓာနဲ့ လူတိုင်းက ကျွန်တော့်အသက် ၂ဝ ကျော်ဆိုတာ ဘယ်သူမှ မယုံလောက်အောင်ကို အဆင်မပြေတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ သူပါ..။
ရေမချိုးဖြစ်သေးဘဲ သွားတိုက်ရင်းနဲ့ ရန်ကုန်က အကြောင်းတွေကို ပြန်စဉ်းစားမိတယ်..။
ရေမချိုးဖြစ်သေးဘဲ သွားတိုက်ရင်းနဲ့ ရန်ကုန်က အကြောင်းတွေကို ပြန်စဉ်းစားမိတယ်..။
**************
"မေကြီး.. သားကျောင်းသွားတော့မယ်" လို့နှုတ်ဆက်ပြီး ကျွန်တော် အိမ်ကနေ အပြေးထွက်ခဲ့မိတယ်..။ မနက် ၆ နာရီခွဲ နိုဝင်ဘာလ ဆောင်းဝင်ကာစ မြူတွေနဲ့ မနက်ခင်းက ကျွန်တော့်ကို လေအေးနဲ့ ကျွန်တော့်ကို နှုတ်ဆက်လိုက်တယ်..။ (၁ဝ၂) လိုင်းကားက ဒီနေ့တော့ စောင့်စရာမလိုဘဲ ကျွန်တော် ကားဂိတ်ရောက်တာနဲ့ ရောက်လာခဲ့ပါတယ်..။ စီးနေကျအတိုင်း ကားခေါင်းခန်းကပဲ တက်စီးလိုက်တယ်..။ ကျွန်တော့်ကို ကားသမားကတောင် မှတ်မိနေပြီ..။
"ငါ့ညီက အချိန်မှန်ပဲနော်...။ ဘာသင်တန်းမို့လို့ ဒီလောက် စောရတာလဲကွ.."
ကျွန်တော်က ရန်ကုန်စီးပွားရေး တက္ကသိုလ် (ပင်မ) မှာ ဒီပလိုမာ သင်တန်းတစ်ခု တက်နေတာလေ..။ အတန်းချိန်က ၇ နာရီခွဲစနေကျဆိုတော့ ကျွန်တော် ၆ နာရီခွဲလောက် ကားစီမှ အချိန်မီရောက်မှာလေ..။ နည်းနည်းစောစောရောက်ရင် ကင်တင်းထိုင်ပြီး လဘက်ရည်သောက်ပြီး ငေးနေ တွေးနေကျလေ..။ ဒီလိုပဲ ကားသမားကို ရှင်းပြလိုက်တယ်.။ နောက်တော့ သူလည်းကားကို အာရုံစိုက်မောင်း ကျွန်တော်လည်း MP3 နားထောင် ဆိုတော့ စကားစ ပြတ်သွားကြတယ်..။
အမှန်တော့ ဒီနေ့ အတန်းက ၉ နာရီမှ စမှာ...။ ဒါပေမယ့် ကျွန်တော်ဆုံနေကြ မျက်ဝန်းလေးကို ဆုံချင်လို့ တမင် စောစော ထွက်လာလိုက်တယ်..။ စံရိပ်ငြိမ်မှတ်တိုင်ရောက်တော့ ကျွန်တော် ဆင်းလိုက်တယ်..။ လျှောက်နေကျဖြတ်လမ်းလေးအတိုင်း ဖြည်းဖြည်းချင်း လျှောက်လာလိုက်တယ်..။ကျွန်တော်
Friday, August 10, 2012
Monday, August 6, 2012
လိင်တူချင်းလက်ထပ်သူ စစ်သားနှစ်ဦး
ပြီးခဲ့တဲ့ june 23 ရက်နေ့က အမေရိကန်နိုင်ငံ New Jersey ပြည်နယ်မှာ လိင်တူချင်းကြိုက်သူ စစ်သားနှစ်ဦးဟာ သူတို့ရဲ့ စစ်ဋ္ဌာနချုပ်ခန်းမဆောင်ဖြစ်တဲ့ Mcguire- Dix-lakehurst မှာ လက်ထပ်ပွဲကို ကျင်းပခဲ့ကြပါတယ်။
ထိုအမျိုးသားစစ်သားနှစ်ဦးထဲက Erwynn Umali ဟာစစ်ပိုင်းဆိုင်ရာတပ်ရင်းမှူး(Technical Sergeant ) ဖြစ်ပြီး ကျန်တစ်ဦးရဲ့အမည်ကတော့ Will Behrens ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Umali ရဲ့ အမေရိကန် လေတပ်ရင်းမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ကိုးလလောက်တုန်းကဆိုရင် သူတို့နှစ်ဦးဟာ လက်ထပ်ဖို့အထိရည်ရွယ်ဖို့မပြောနဲ့ စဉ်းတောင်မစဉ်းစားဝင့်ခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စစ်တပ်က ဥပဒေတစ်ချို့ဟာ လိင်တူအမျိုးသား (သို့) လိင်တူအမျိုးသမီး ဆက်ဆံရေးနဲ့ညိစွန်းနေပြီး သူတို့ရဲ့ဆက်ဆံရေးကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့သာ ထားရှိခဲ့ရလို့ဖြစ်ပါတယ်။ အခုတော့ အဲ့ဒီဥပဒေ ကိုပျယ်ဖြတ်လိုက်ပြီးဖြစ်တဲ့အတွက် သူတို့နှစ်ဦးဟာ လူအများရှေ့မှာ ပွင့်ပွင့်လင်းလင်းလက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။
"ကျွန်တော်တို့ရဲ့ မင်္ဂလာဆောင်ကို ကျင်းပဖို့ လေတပ်ကစစ်ဋ္ဌာနချုပ်မှာမေးမြန်းတော့ သူတို့က ပွင့်ပွင့်လင်းလင်းပဲ လက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် လေတပ်ကစစ်ဋ္ဌာနချုပ်မှာ မင်္ဂလာဆောင်ကျင်းပဖို့ တစ်ခါမှမေးမြန်းခဲ့ဖူးတဲ့သူ ရှိမှာမဟုတ်ပါဘူး" လို့ Umali ကသူ့ရဲ့ facebook စာမျက်နှာမှာဖော်ပြထားတာ ကိုတွေ့ရပါတယ်။ "နောက်ပြီးတော့ ကျွန်တော်တို့ မင်္ဂလာဆောင်ကို ဘယ်အရာရှိကမှ နှောက်ယှက်တာတို့ကန့်ကွက်တာတို့လုပ်တာမျိုးမရှိပါဘူး။ ကျွန်တော်တို့နှစ်ယောက်ကို စိတ်ရှည်ဖို့ တစ်ခုပဲပြောခဲ့တာရှိပါတယ်။ ဘာလို့လဲဆိုတော့ လိင်တူမင်္ဂလာဆောင်မျိုး စစ်တပ်မှာကျင်းပတာဟာ သူတို့အတွက်တော့ ပထမဦးဆုံးအတွေ့အကြုံဖြစ်နေလို့ပါတဲ့" ဟုUmali ကပြောကြားခဲ့ပါသေးတယ်။
သူတို့နှစ်ယောက်မင်္ဂလာပွဲဟာ အောင်မြင်စွာကျင်းပပြီးစီးသွားခဲ့တာဖြစ်ပြီး အခုလိုကောင်းတဲ့တုန့်ပြန်မှုမျိုးရခဲ့ခြင်းသည် ယခင်က သူတို့နှစ်ယောက်ရဲ့ relationship ကိုလုပ်ဖော်ကိုင်ဖက်တွေကို ပြောပြခဲ့တုန်းကလိုပဲ တူညီမှုရှိပါတယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့စက်တင်ဘာလ၌ "မမေးနဲ့မပြောနဲ့" ဆိုတဲ့ ဥပဒေမရှိတော့တဲ့ အချိန်ကစပြီး Umali ဟာသူ့ရဲ့ချစ်သူ Behrensနဲ့သူ့ရဲ့အကြောင်းကို ဖွင့်ပြောဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Umali ဟာသူ့ရဲ့လုပ်ငန်းကိစ္စအတွက်နဲ့ခရီးမထွက်ခင် နှုတ်ဆက်နေ့လည်စာစားပွဲ၌လည်း သူဟာလိင်တူချင်းကို စိတ်ဝင်စားတဲ့အမျိုးသားတစ်ဦးဖြစ်ပါတယ်လို့ လူအယောက်လေးဆယ်ခန့်ရှေ့မှာဖွင့်ပြောခဲ့ပါသေးတယ်။ နောက်ပြီးတော့ Umali ဟာသူ့ရဲ့အမျိုးသားနဲ့ လက်တွဲဖော် လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ ထိုစဉ်က Umali ရဲ့ဝန်ခံချက်ကို သဘောကျလွန်းလို့စစ်တပ်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ လက်ခုပ်သြဘာပေးပြီး ၀ိုင်းဝန်းချီးမြှောက်ခဲ့ကြတယ်ဟုလည်းသိရသေးပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲကို မိသားစုနဲ့ ခင်မင်ရင်းနီးသူများအပါအ၀င် လူအယောက် ၁၅၀ ကျော်တက်ရောက်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို Evangelical Lutheran Church မှာရှိတဲ့ ရေတပ်စစ်သမီးတစ်ဦးဖြစ်သူ Chaplain Kay Reeb ကလက်ထပ်ပေးခဲ့ပါတယ်။
Umali နဲ့ Behrens ရဲ့ ဆက်ဆံရေးကို အားလုံးကသဘောတူညီကျတယ်လို့လဲ မရှိသေးပါဘူး။ ပြီးတော့သူတို့ဟာ ဘာသာရေးအယူဝါဒ ပြင်းထန်တဲ့မိသားစုကနေဆင်းသက်လာကြ တာဖြစ်ပါတယ်။ Behrens ရဲ့မိသားစုဆိုရင် သူအခုလိုလိင်ချင်းစိတ်ဝင်စားနေမှုကို လက်သင့်မခံပါဘူး။ နောက်ပြီး Philippines မှာရှိတဲ့ Umali ရဲ့မိဘတွေဟာလဲ ယခုလိုသူတို့ရဲ့လိင်တူချင်းစိတ်ဝင်စားနေမှုကို လုံးဝဘ၀င် မတွေ့ဘူးလို့ဆိုပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ယခင်က မိန်းမနဲ့ ကလေးနှစ်ယောက်စီ ရှိခဲ့ဖူးကြသူများဖြစ်ကြပါတယ်။ ယခုလိုသူတို့လိင်တူချင်းမင်္ဂလာဆောင်ချိန်၌ ထိုမိန်းမနဲ့ကလေးတွေကပါ မင်္ဂလာပွဲလာတက်ကြတယ်လို့ အံ့သြဖွယ်သိရပါသေးတယ်။
Umali က "ကျွန်တော်တို့ ကလေးတွေကို အဓိကပြချင်တာကတော့ မိမိကိုကိုယုံကြည်မှုရှိဖို့ရယ်နဲ့ လူသားတိုင်းကို ခွဲခြားမှုမရှိပဲ ချစ်တ်ြနိုးတတ်ဖို့ပါ" ဟုပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ အောင်မြင်မှုနဲ့အတူ ကလေးတွေကလည်းသူတို့ကိုချစ်မြတ်နိုးနေတုန်းပါပဲ။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိနေတာကအစ ကလေးတွေကသိနေတယ်လို့လဲဆိုပါသေးတယ်။ မင်္ဂလာဆောင်ပွဲပြီးနောက် သူတို့နှစ်ယောက်ဟာ ကလေးတွေနဲ့အတူ Disneyland လို့ခေါ်တဲ့ ကလေးကစားကွင်းကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲဟာအောင်မြင်စွာ ပြီးဆုံးသွားပေမယ်လို့ လေတပ်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက မင်္ဂလာဆောင်တွေနဲ့ အခွင့်အရေးတန်းတူမရှိခဲ့ဘူးလို့သိရပါတယ်။ ဒီလိုကိစ္စတွေကို အမြန်ဆုံးပြောင်းလဲစေချင်ပါတယ်လို့လဲ သိရပါသေးတယ်။
တန်းတူအခွင့်အရေးကိုလိုချင်တာ ဟာသူတို့နှစ်ယောက်ရဲ့ရည်ရွယ်ချက်ပါတဲ့။ ဒါပေမယ့် သူတို့တိုင်းပြည်မှာ ကတော့အဓိကထား ထားတဲ့နေရာမှာမရှိသေးပါဘူး ဟုBehrens ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တစ်ချို့ကိစ္စတွေမှာ လိင်တူတွေဟာ လိင်ကွဲတွေနဲ့တန်းတူအခွင့်အရေး မရသေးပါဘူး။ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့မိသားစုနဲ့ ရင်းနီးတဲ့မိတ်ဆွေတွေရှေ့မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ဘ၀ကို ပွင့်ပွင့်လင်းလင်းဖြတ်သန်းဖို့ ပထမဦးဆုံးအနမ်းကို ထုတ်ဖော်ပြသွားခဲ့တာဖြစ်ပြီး နှစ်ဦးသားပျော်ရွှင်စွာဖြင့်လဲ တွဲကပြခဲ့သေးပါတယ်။ မင်္ဂလာပွဲမှာ Umali ဟာသူ့ရဲ့လေတပ် ယူနီဖောင်းကိုဝတ်ဆင်းထားပြီး Behrens ကတော့ အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်စားထားတာ တွေ့ရပါတယ်။
Umali ဟာ သူ့ဘ၀မှာချစ်သူနဲ့ စစ်တပ်မှာ တွဲကရလိမ့်မယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ခဲ့မိဘူးလို့ဆိုပါတယ်။ ထို့အတူ Behrens ကလဲ "ကျွန်တော်တို့နှစ်ယောက်စလုံး ဟာရှေ့ဆက်ပြီး အခက်အခဲများစွာကို ရင်ဆိုင်ရဦးမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုအခက်အခဲတွေ ကြုံရလေလေ ကျွန်တော်တို့အတွက် ခွန်အားတွေတိုးလေလေဖြစ်မှာပါ။ ကျွန်တော်တို့ဟာ တစ်ချို့အခက်အခဲတော်တော်များများကို ရင်ဆိုင်ဖြတ်သန်းခဲ့ပြီးပါပြီ။ ပြီးတော့ ကျွန်တော်တို့ဟာ ရှေ့ဆက်လျှေက်ဖို့လဲ အဆင်သင့်ဖြစ်နေပြီးသားပါ" လို့ပြောကြားခဲ့ပါသေးတယ်။
This news is posted by
Moonlight(USA)

Saturday, July 28, 2012
အကို့--------စာအုပ်လေး
အကို့--------စာအုပ်လေး
နူးညံ့တဲ့အကိုလက်ကလေးနဲ့အမြဲနွေးထွေးမှုပေးတဲ့
အကိုအမြဲဂရုတစိုက်ရှိတဲ့ အကို့အတွေးထဲနေရာယူတဲ့
အကို့နှလုံးသားထဲ ၀င်ရောက်စွာရှိနေတဲ့
စာအုပ်လေး အမြဲဖြစ်ပါရစေ။ ။
###
အခန်း(၂)
အကိုနှင့်ပထမဦးဆုံးစတွေ့ဆုံသည့်နေ့ပါ၊…..
နေပူပူတွင် ဘက်စ်ကားဂိတ်သို့အမြန်သွားနေရသည့် ကျွန်တော့်အတွက်ချွေးများသည်
ရေပမာပင်နဖူးမှ စီးဆင်းကျလာခဲ့
သည်။ ဘက်စ်ကားဂိတ်သို့ရောက်ခါနီးတွင် ကျွန်တော်လိုက်ပါရမည်ကားမှာ
ထွက်ရန်ပင်ပြင်နေလေပြီ။ ကျွန်တော့်ခြေလှမ်း
များမြန်မြန်မလှမ်းပေ။ အပြေးခြေလှမ်းများအဖြစ် ပြောင်းခဲ့လိုက်မိသည်။
ကားနားရောက်ခါနီးတွင် ဘေးနားမှတစ်စုံတစ်
ယောက်မှာ ရုတ်တရတ်ဝင်ရောက်လာခဲ့လေသည်။
*အား…*
နှစ်ယောက်စလုံးပြိုင်တူထွက်လာသောအသံဖြစ်သည်။
ကျွန်တော်မှာ နာကြင်သော လက်မောင်းအားကိုင်ကာ ခွေကာကျသွားသော
ကတ္တရာလမ်းပေါ်မှ ထလိုက်ပြီး ကားကိုလိုက်
ရန်ပြင်လိုက်ရာ..
*ဟိတ်….. ခဏနေဦး*
ကျွန်တော့်နာကြင်နေသောလက်မောင်းအား လဲကျနေသောသူမှလှမ်း၍ဆွဲလိုက်လေသည်။
*အား…..နာတယ်..*
*အော်…ဆော်ဒီး….*
သူလွှတ်လိုက်သော်လည်း ကျွန်တော်လိုက်ပါရမည့်ကားမှာ ထွက်၍သွားလေပြီ။
မိမိကိုယ်ကိုစိတ်ပျက်ဟန်ဖြင့် တောက်
ခေါက်လိုက်သည်။ နောက်ထက်နာရီဝက်ခန့်စောင့်ရပေဦးမယ်။ ကျွန်တော်ဒေါသများဖြင့်ဘေးနားမှ
လူအားကြည့်လိုက်
သည်။
*ဒီမှာ…. *
ထိုသူမှာတော့ သူ့၏စာအုပ်များအား တစ်အုပ်စီလိုက်၍ကောက်နေလေသည်။
*ဒီမှာ…ဒီမှာ..*
ကျွန်တော့်အသံကြောင့် မြင်လိုက်ရသော မြင်ကွင်းလေးတစ်ခုမှာ
ကျွန်တော့်အတွက်နှလုံးသားများတုန်လှုပ်စေခဲ့ပါသည်။
ဆူးရှလှသော မျက်လုံးတစ်စုံ…၊ ဆွဲဆောင်မှုရှိလှသောကိုယ်လုံး…၊
စိုပြေလှသောအသားအရေ…၊ နူးညံ့ကာအနီရောင်သန်း
နေသော နှတ်ခမ်းတစ်စုံ…၊ တည်ငြိမ်လှသောမျက်နှာ… တို့ကိုပိုင်ဆိုင်ထားသော
သူတစ်ဦးဖြစ်လေသည်။
*ဘာလဲ… ခုနကဆွဲမိတဲ့ အတွက်ဆော်ဒီး… မင်းက၀င်တိုက်တာဆိုတော့
ပြန်တောင်းပန်သင့်တယ်ထင်လို့….*
*-------*
*ငါ့စာအုပ်တော်တော်များများသဲတွေပေသွားပြီ.. နောက်တစ်ခါဆင်ခြင်ပါ..*
သူစကားများ ပြောပြီးသည့်အထိ စွံ့အခဲ့ပါသည်။ သူသည်စာအုပ်များကောက်ပြီးသွားကာ
ကားဂိတ်မှထွက်သွားရန်ပြင်
လိုက်သည်။
*အော်..ဒီမှာ..*
*ဘာလဲ..*
*ဆော်ဒီး…လို့ပြောမလို့..*
*ရပါတယ်… နောက်နောင်ဆင်ခြင်ပေါ့*
“လရောင်နှင့်လွမ်းသူ”
“လရောင်နှင့်လွမ်းသူ”
“သား..ဒီနေ့ပါတီပွဲကအရေးကြီးတယ်နော်..
အမေတို့ရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေအများကြီး
လာကျမှာ အ၀တ်အစားကိုသေသေသပ်သပ်ဝတ်နော်.”
အကျီများရွေးနေသော
ဖြိုးလရောင်ကို..အမေဖြစ်သူ ဒေါ်မြကတ္တီပါ မှအနောက်မှပြောနေခြင်းဖြစ်သည်။
“မာမီရေ
သားသိပါတယ်.. မာမီအဲ့လိုကြည့်နေတော့ သားဘယ်လိုအ၀တ်အစားလဲလို့ရမလဲ”
“အော်အေးအေး…
မာမီနဲ့ဒယ်ဒီအောက်မှာစောင့်နေမယ်နော် မြန်မြန်ဝတ်ပြီးလာခဲ့..”
ဒေါ်မြကတ္တီပါ
မှာဖြိုးလရောင်အား မှာလျက်အောက်ထပ်ကိုဆင်းသွားတော့သည်။
ဖြိုးလရောင်မှာ
ပါတီပွဲတွင်ဝတ်နေကျ အနောက်တိုင်းဝတ်စုံကိုသာ ထုတ်ပြီး ၀တ်လိုက်တော့သည်။
******************************************************************
“မေမေ..သားဘာဝတ်ရမလဲ.
လာကြည့်ပေးပါဦး”
သားဖြစ်သူ
ထက်လွမ်းသူ အော်သံကြောင့် ဒေါ်နှင်းမူယာ မှာအပေါ်ထပ်သို့ပြေးတက်လာခဲ့လေသည်။
“ဟဲ့..
လွမ်းသူ အခုထိဘာမှမ၀တ်ရသေးဘူးလား. မြန်မြန်ဝတ်လေ.. ဒုက္ခပါဘဲ ဒီပါတီကအရေးကြီးတယ်
အနောက်တိုင်းဝတ်စုံလေးဝတ်လေ..
”
ထက်လွမ်းသူ၏လက်များမှာ
အနောက်တိုင်းဝတ်စုံလေးကိုယူလိုက်ကာ..
“လိုက်တယ်မလား..မေမေ
ဝတ်လိုက်မယ်နော်..”
“အေးအေး…လာမြန်မြန်ဆင်းမယ်..အောက်မှာ
နင့်အဖေစောင့်နေတယ်..”
ထက်လွမ်းသူမှာ
ဝတ်စုံကိုဝတ်ကာ အမေဖြစ်သူ ဒေါ်နှင်းမူယာနှင့်အတူတူအောက်ထပ်ကို ဆင်းလာ
ခဲ့တော့သည်။
********************************************************************
အထက်တန်းလွှာစီးပွားရေး
လူမှုရေးပုဂ္ဂိုလ်များနဲ့ ပါတီလေးမှာမြန်မာနိုင်ငံရဲ့ ဟိုတယ်တစ်ခုမှာဖြစ်ပေမဲ့
အနောက်နိုင်ငံများနဲ့ဆင်တူလှလေသည်။ မိသားစုပါတီလေးဖြစ်၍လူကြီးများနှင့်လူငယ်များမှာ
သီးသန့်ဖြစ်နေသည်။
လူကြီးများမှာ
မိမိလုပ်ငန်းအကြောင်း အိမ်မိသားစုအကြောင်းကိုယ့်အဖွဲ့အလိုက် ၀ိုင်းဖွဲ့ပြောနေကျ
ပေမဲ့
လူငယ်များမှာတော့ ပျော်စရာများကို စုဝေးကာ ရယ်မောပြီးပြောနေကျသည်..။
“လရောင်
မင်းရည်းစားမထားသေးဘူးလား မင်းကိုကြိုက်နေတဲ့ကောင်မလေးတွေ အများကြီးဘဲလေ”
ဖြိုးလရောင်တို့သူငယ်ချင်းဝိုင်းမှ
ရဲနိုင် မှာဖြိုးလရောင်ကိုလှမ်း၍မေးလိုက်လေသည်.။
“ရဲနိုင်ရယ်မထားချင်ပါဘူး
ရည်းစားထားရတာအလုပ်ရှုပ်တယ်ကွ အပိုပိုက်ဆံတွေလည်းကုန်တယ်.”
“ဟမ်..သူဋေးသားကများ
ပိုက်ဆံအကြောင်းညည်းနေသေးတယ် အပိုတွေမပြောပါနဲ့ကွာ
ပိုက်ဆံကိုယပ်ခက်ပြီးတောင်
နေလို့ရတဲ့ မင်းတို့မိသားစုအကြောင်းကို လူတိုင်းသိပါတယ်”
ရဲနိုင်ပြောသောစကားကိုအားလုံးမှာထောက်ခံကျသည်။
ဖြိုးလရောင်မှာတော့ မည်သည့်တခွန်းမှပြန်မပြောနိုင်
ဖြိုးလရောင်ပြုံးလိုက်ရင်း
အ၀င်ပေါက်ဝကိုလှမ်းကြည့်မိလိုက်သည်..။ ထိုအချိန်မိသားစုတစ်စုဝင်လာလေသည်။
အဘယ်ကြောင့်ဆိုသော်
“အဘယ်ကြောင့်ဆိုသော်”
အချစ်ဆိုတာ ရယူခြင်းလား။ အချစ်ဆိုတာ
ပေးဆပ်ခြင်းလား။ အချစ်ဆိုတာ တောင်းတခြင်းလား။
ကျွန်တော်မသိနိုင်ခြင်းများထဲတွင် အချစ်သည်တစ်ခုအပါအ၀င်ဖြစ်လေသည်။
ညီ့ရော အချစ်ကိုသိနိုင်ပါမည်လား။
###
(က)
“အကို ကျွန်မတို့မင်္ဂလာဆောင်ရအောင်”
နန်းနွယ်ဆီမှကြားလိုက်ရသော
စကားကြောင့်ကျွန်တော်ငေးနေရင်း အကြည့်များသူ့ဆီကျရောက်သွားခဲ့သည်။
သူမကတော့ပြုံးလျက်သာ….။
“အကို.. မင်္ဂဆောင်ဖို့စိတ်မကူးသေးဘူး
နန်း..”
ကျွန်တော့်ဆီမှဒီလိုစကားမျိုးသာ
ထွက်လာမည်ဆိုသည်ကို နန်းနွယ်ကြိုသိချင်သိပါလိမ့်မည်။ ထို့ကြောင့်သာ
နန်းနွယ်သက်ပြင်းတစ်ချက်ကလေးမှမချဘဲ
ပြုံးလျက်သာ ကျွန်တော့်လက်မောင်းအားသူမလက်ကလေးများ
ဖြင့်ချိတ်ထားခဲ့သည်။..
ကျွန်တော်တို့နှစ်ယောက်အင်းယားကန်ဘောင်
လမ်းကလေးအတိုင်းလျှောက်လာခဲ့ကြသည်။ ဤလမ်းကလေး
ကိုကျွန်တော်မှတ်မိပါသည်။
ကျွန်တော်နဲ့ညီတို့အတူတူလျှောက်ခဲ့တာဘဲလေ။ တစ်ခါမဟုတ်နှစ်ခါမဟုတ် လက်
ချင်းကိုင်ကာ
မည်သူ့ကိုမှဂရုမစိုက်သည့်နှယ် အတူတူလျှောက်ခဲ့ဖူးသည့်ရက်များ မနည်းပေ။ ယခုကျွန်တော်
ညီမဟုတ်သော
တခြားအမျိုးသမီးတစ်ဦးဖြင့် ဤလမ်းကိုလျှောက်နေခြင်းဖြစ်သည်။
“အကို.. ဘာတွေစဉ်းစားနေတာလဲ
ကျွန်မတို့အကြော်စားကြရအောင်လေ..”
ဘယ်လိုပြောလိုက်တာလဲ
နန်းနွယ်.. အကြော်စားမယ်ဟုတ်လား ညီနဲ့အမြဲစားနေကျ အင်းယားလမ်းအကြော်
ဆိုင်လေးဘဲ…
အခုကျွန်တော်တစ်ယောက်တည်း မိန်းကလေးတစ်ဦးနဲ့လာရောက်စားလျှင် ဆိုင်ကမမှတ်မိဘဲ
နေပါမည်လား…။
“စားလေ..နန်း”
စိတ်ထဲမှမစားရန်တားမြစ်သော်လည်း
နှတ်ခမ်းမှ စားလေဆိုသော လိုက်ရောမှုသာထွက်လာခဲ့သည်။
“အော်…ညီလေး..တစ်ယောက်တည်းလား
ဟို..ညီလေးကော်မပါဘူးလား..”
စစထိုင်ခြင်းပင်
ဆိုင်ရှင်အကိုကြီး၏ မေးသောစကားမှာထင်ထားသည့်အတိုင်းသာဖြစ်သည်။ ကျွန်တော်မည်
သည့်အဖြေမှ
ပြန်မပေးတော့ဘဲ၊ နှတ်ခမ်းလေးမှဟန်ဆောင် အပြုံးလေးတစ်ခုဖန်ဆင်းကာ ခေါင်းလေးငုံ့ကာ
ဝင်ထိုင်လိုက်သည်။
ဒီအကြော်ဆိုင်ကလေးဟာ ညီအရမ်းကြိုက်တဲ့အကြော်ဆိုင်လေးပေါ့။ ကန်ဘောင်ရောက်
တိုင်းအမြဲလာစားနေကျပဲလေ။
ညီအမြဲစားနေကျ ဘူးသီးကြော် အားလူးကြော်၊ စုံနေအောင်စားတတ်သည်မှာ
ညီ့အကျင့်တစ်ခုသာဖြစ်သည်။
ကျွန်တော်မှာတော့ နဂိုကတည်းကဗိုက်မကောင်းသောကြောင့် ညီစားနေသည်
ကိုသာ ထိုင်ကြည့်ရင်း
တစ်ခုနှစ်ခုလောက်သာစားနိုင်သည်။ အကြော်စားလျှင် ငရုတ်ဆီများနှတ်ခမ်းတွင် အမြဲ
ပေနေတတ်သဖြင့်
ကျွန်တော်တစ်သျှူးအမြဲဆောင်ထား တတ်သည်။ အစားစားလျှင်ကလေးလေးအတိုင်းပင်
ပေတတ်သောညီ့ကို
ကျွန်တော်အမြဲ စလျှင်ညီစိတ်ကောက်သည်မှာ တစ်ခါထက်မနည်းပေ။
ကျွန်တော်စိတ်ကူးများ
ပြန့်လွင့်နေချိန်တွင် နန်းနွယ်မှာတော့ အကြော်ရောင်းသော သူနှင့် အစမရှိအဆုံးမသိ
သောစကားများ
ရေပက်မ၀င်အောင်ပြောဆိုနေလေသည်။ သူပြောသောအကြောင်းတွင် ကျွန်တော်နှင့်သူနှင့်
မကြာမီ လင်မယားဖြစ်တော့မည့်ကိစ္စမှာ
အက်ကြောင်းထက်လောက်အောင် အမြဲပါနေလေသည်။ မိန်းကလေး
များသည် စကားများကို
ဤကဲ့သို့ပင်အာပေါက်အောင် ပြောတတ်ပါရဲ့လားဟု ကျွန်တော်စဉ်းစားလိုက်မိသည်။
Friday, July 27, 2012
Lost In Paradise (Hot boy nổi loạn)
ကဲ gay movie ဇာတ်ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပြန်ပါပြီခင်ဗျား။ ဒီဇာတ်ကားလေးက ဗီယက်နမ်နိုင်ကရိုက်ကူးထားတာလေးပါ။ offer boy တွေကိုစိတ်ဝင်စားတဲ့ သူငယ်ချင်းများ ဒီကားလေးကို ကြည့်ကျပါ။ ဒီကားလေးထဲမှာ offer boy တွေရဲ့ဘ၀ကို ထင်ထင်ရှားရှားသရုပ်ဖော်ပြထားတာဖြစ်ပြီး လူ့ဘ၀ရဲ့ အရှုပ်အထွေးတွေနဲ့ ချစ်ခြင်းမေတ္တာတရားရဲ့ ဆန်းကြယ်ပုံကို ဖန်တီးတင်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးက သိပ်ပြီးတော့လဲသနားစရာကောင်းသလို သိပ်ပြီးတော့ လဲဝမ်းနည်းကြေကွဲဖွယ်ရာကောင်းပါတယ်။ ဒီဇာတ်ကားထဲက အဖြစ်အပျက်တွေဟာ မြန်မာပြည်က offer boy တွေနဲ့ခပ်ဆင်ဆင်ပဲလို့သိရပါတယ်။ ကျွန်တော်တောင်ဒီဇာတ်ကားကိုကြည့်ပြီး မျက်ရည်ကျမိပါတယ်။ ကဲမကြည့်ရသေးရင် အောက်မှာတင်ထားပေးပါတယ်။
ယောကျာ်းလှကျွန်း အပိုင်း(၆)
နီယွန်အခန်းအပြင်ဖက်သို့
ထွက်သွားတော့ ဂီနိုနီယွန်ကျောပြင်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်ရင်းကျန်ခဲ့သည်။ နီယွန်ထွက်သွားသည်ကို
သူနှမြောသလိုဖြစ်နေမိသည်။ ဘာဖြစ်လို့ပါလိမ့် သူ့စိတ်က ဒါကိုတမ်းတမ်းတတလိုချင်နေသလိုဖြစ်နေသည်ကို
သူအံ့သြမိသည်။ သူ့ဘ၀တွင် လိင်နှင့်ပက်သက်ပြီး မည်သည့်အတွေ့အကြုံမှ ရှိခဲ့ဖူးသည်မဟုတ်သောကြောင့်လား။
သူဝေခွဲမရဖြစ်နေမိသည်။ ရှင်းရှင်းပြောရလျှင် လိင်ဇာတ်ကားမျိုးတွေကိုတောင် သူကြည့်ဖူးသည်မဟုတ်ပါ။
အတွေ့အကြုံနုနယ်လွန်းသည့် သူ့အဖို့ ဆန်းသစ်တဲ့ကမ္ဘာရောက်သွား သလို နီယွန်၏ပြုစုယုယမှုအောက်တွင်သူနစ်မြောနေမိသည်။
သည်အချိန်မှာ မိုးမြင့်သာ မရောက်လာခဲ့ပါက သူနှင့်နီယွန် ဘာတွေဆက်ဖြစ်တော့မည်ကို သူမတွေးတတ်။
သေချာသည်က နီယွန်ဘာလုပ်လုပ်သူငြင်းမိမည်မထင်ပါ။ ဘာကြောင့်ပါလဲ?????
အခန်းထဲတွင်
မှောင်မိုက်လျှက်ရှိသည်။ ကုတင်မှာ နှစ်ထပ်ကုတင်အမျိုးအစားဖြစ်ပြီး ကျောင်းသားအဆောင်တို့
အလုပ်သမားအဆောင်တို့တွင် အသုံးများသော ကုတင်များဖြစ်သည်။ သူကတော့နောက်မှရောက်သည်ဆိုတော့
ကုတင်အပေါ်ထပ်တွင်သာနေရာရသည်။ တစ်ယောက်ထဲအိပ်မပျော်နိုင်ဖြစ်နေရင်း အိပ်ယာထဲတွင်လူးလိမ့်နေမိသည်။
ကုတင်ပြောင်း၍ အိပ်မပျော်သည်လား သို့မဟုတ် သူ့ခေါင်းထဲရောက်နေသည့် စဉ်းစားစရာတွေက ထွက်မသွားနိုင်၍လားတော့
မသိပါ။ သေချာသည်က သူချမိသည့်သက်ပြင်းတွေဟာ အကြိမ်ရေမရေတွက်နိုင်တော့အောင် များနေပြီဆိုတာပင်။
Tuesday, July 24, 2012
ကိုကိုယောကျာ်းမဟုတ်ဘူး
ပြာလွင့်နေတဲ့ကောင်းကင်ကြီးက မွန်းတည့်နေ၏ဆူးရှတောက်ပမှုကြောင့်
ကြည်လင်ကာရှင်းသန့်နေလေရဲ့။အဲ့ဒီ့နောက်မှာတော့ ဖြူမို့မို့တိမ်သားဆိုင်တွေက
မွမွတတ်ပြီးအလိပ်လိုက်အလိပ်လိုက် လွင့်မြောရွေ့လျားနေလိုက်တာ
ဝါဂွမ်းမှို့ကြီးတွေ့လိုပါပဲ။အဝေးမှလေနတ်သားလေးသယ်ဆောင်လာတဲ့
လေပြေတစ်ချို့ကကျွန်မရဲ့ ပုတုန်းရောင်ဆံနွယ်တွေကို တဖြတ်ဖြတ်ခတ်ပြီး
လွင့်လူးနေစေပါတယ်။ ကျွန်မရဲ့မျက်နှာသားတစ်လျှောက်နဲ့ လက်မောင်းလက်ဖြန်တွေကို
ကျွန်မပွတ်သပ်ကြည့်မိတယ်။ အသားအရေကနေရောင်ကြောင့် လားတော့မသိဘူး
ဝင်းဝါညက်ညာစိုပြေနေပါတယ်။ ကျွန်မကိုယ့်ကိုယ်ကို ဒီနေ့မလှမှာအရမ်းစိုးရိမ်ခဲ့ပါတယ်
ဒါကြောင့်မနက်အစောကြီးထရေချိုးပြီး ဖြီးဖြီးလိမ်းပြင်ဆင်လိုက်တယ်။
ပြီးတော့မှန်ရှေ့မှာမတ်တတ်ရပ်ပြီး ကျွန်မနဲ့လိုက်မယ့်အဝတ်စားတွေကို
ရွေးနေရတာတော်တော်တောင်အချိန်ကြာသွားတယ်ရှင့်။ ဒါပေမယ့်ကျွန်မကြေနပ်ပါတယ်
ကျွန်မလိုချင်တဲ့လှလှပပပုံစံလေးရအောင်တော့ကျွန်မ ရအောင်ပြင်ဆင်နိုင်ခဲ့ပါတယ်။
ဒါမှလည်းကျွန်မက ကိုကို့ကိုစိတ်ကျေနပ်မှုတွေပေးစွမ်းနိုင်မှာပေါ့။
အဟင်းဟင်း ကျွန်မကအသက်
၁၇ နှစ်ရွယ်မိန်းကလေး တစ်ယောက်ဆိုပေမယ့် ကျွန်မကိုယ်ကျွန်မယုံကြည်မှုအပြည့်ရှိပါတယ်
ကျွန်မဟာဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ယာက် ဆိုတာကိုပေါ့။ ဒါကလည်း ကျွန်မကိုမြင်ရုံနဲ့ လူတိုင်းက သိနေကြတာပါပဲ ။ ကျွန်မကလှတယ်လေ။ ချစ်စရာလဲ ကောင်းတယ်။ ကျွန်မကတော့ ကိုကို့ဆီက အသည်းနှလုံးလေးကိုပဲ လိုချင်နေမိတယ်။ ကိုကိုနဲ့ကျွန်မက
လွန်ခဲ့တဲ့ငါးနှစ် ကျွန်မဆယ့်နှနှစ်သမီးကတည်းက ရင်းနီးခဲ့ကြတာလေ။
ကိုကိုကမျက်ခုံးကောင်းပြီးနှာတံစင်းတယ် ကိုကို့မျက်လုံးအိမ်ကနက်နေပြီးသူ့အကြည့်တွေက
စူးရှမှုရှိတယ်။ ကိုကိုက ပြောမယ်ဆိုရင်လူချောတစ်ယောက်ပါ။
ရယ်လိုက်ရင်ပါးချိုင့်ရေယ်လိုက်ရင်ပါးချိုင့်လေးပေါ်လာပြီး
ချစ်ဖို့ကောင်းတဲ့ကိုကို့ကို ကျွန်မချစ်မိနေတယ်ဆိုတာ
လွန်ခဲ့တဲ့နှစ်ကမှကျွန်မကိုယ်ကျွန်မသိလိုက်ရတယ်။
ကျွန်မထက်အသက်သုံးနှစ်ကြီးတဲ့ ကိုကိုကကျွန်မကို ညီမလေးဆိုပြီးဂရုတစိုက်ရှိလှပါတယ်။
တစ်ခါတုံးကဆို ကိုကိုအိပ်နေတုံး ကျွန်မကိုကိုအခန်းထဲ ဝင်သွားလိုက်တာ
ကိုကိုကအိမ်မက်ဆိုးတွေမက်နေပြီးလန့်နိုးလာတယ်ကျွန်မကိုလဲတွေ့ရော
ညီမလေးဆိုပြီးဖက်ထားလိုက်တာ အကြာကြီးပဲ။
အဲ့ဒီ့အချိန်က
ကျွန်မနှလုံးသား ရဲ့အနက်ရှိုင်းဆုံးနေရာက အစိုင်အခဲတွေလှုပ်ရှားသွားတာလေ။
ကျွန်မရဲ့ရင်ခုန်သံတွေဟာ ပေါက်ကွဲပြီးအပြင်ဖက်ကို လွင့်စင်လာတော့မလားအောက်မေ့ရတယ်။ ကျွန်မရဲ့လှိုက်မောမှုတွေကို ကိုကိုက ဆွဲထုတ်ခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်မဟာ ကိုကို့အပေါ်မှာ ယိမ်းယိုင်သွားခဲ့တယ်ထင်ပါ့။
ကိုကို့အိမ်နဲ့ကျွန်မအိမ်က အရမ်းရင်းနီးကြတယ်လေ။ ဒီတော့ကျွန်မက ကိုကကိုကို့ဆီကို
တခါးမရှိဓါးမရှိဝင်ထွက်လို့ရနေခဲ့တယ်။
ကျွန်မလက်ထဲက ကိုကို့အတွက်လမ်းကဝယ်လာတဲ့ ရေခဲစိမ်ပက်စီ အချိုရေဘူးလေးတောင်မှ
အရည်တွေတစက်စက်ကြနေပြီ ကိုကိုရောက်မလာသေးပါဘူး။ ဒီနေ့ကျွန်မကို
ကိုကိုကတစ်နေရာကိုသွား လည်မယ်ဆိုပြီးချိန်းထားခဲ့တာလေ။ အင်း
ကိုကိုရောက်လာလို့ကျွန်မကိုမြင် ဘယ်လိုများပြောမယ်မသိပါဘူး။
ကျွန်မရဲ့ဝတ်စားဆင်ယင်ပုံက ခါတိုင်းထက်ထူးခြားနေတယ်မဟုတ်လား။
ကျွန်မတစ်ယောက်ထဲအတွေးလွန်နေတုံး..........
"ကလင် ကလင်
ကလင်........."
အနောက်ဖက်ကနေ
စက်ဘီးဘဲတီးသံကြားတယ်။ ကိုကိုရောက်လာပြီထင်တယ်။ ကျွန်မလှည့် မကြည့်ဘဲနဲ့မျက်လုံး
နှစ်ဖက်ကိုမှိတ်ထားလိုက်တယ်။တဖြည်းဖြည်းနဲ့ ကိုကို့စက်ဘီးသံက နီးကပ်လို့လာပါတယ်။
စက်ဘီးသံကကျွန်မနားမှာဝဲနေလေရဲ့။ သေချာတယ် ကျွန်မကိုပတ်ပြီးကိုကိုနင်းနေတာပဲနေမှာ။
ကျွန်မရဲ့နှုတ်ခမ်းတွေဟာပြုံးနေပေမယ့် ကျွန်မမျက်လုံးကိုတော့မှိတ်ထားဆဲပါ။ ခဏနေတော့
စက်းဘီးသံရပ်သွားတယ်။ ကျွန်မမျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့
ရှေ့တည့်တည့်မှာပြုံးပြီးကြည့်နေတဲ့ ကိုကို..........
"ဘာတွေဝတ်လာတာလဲညီမလေးရယ်
ကိုယ့်ကိုယ်ကိုလဲကြည့်ပါဦး ကလေးနဲ့တောင်မတူတော့ဘူး"
အချစ်ခါး (ဇာတ်သိမ်းပိုင်း)
မနက်မိုးလင်းကာစဖြစ်၍ ကမ္ဘာကြီးတစ်ခုလုံးသည် ငြိမ်သက်နေရာမှ နိုးထစပြုလာသည်။
ဆောင်းတွင်းဖြစ်သည်ကတစ်ကြောင်း နေမပွင့်သေးသည်က တစ်ကြောင်းကြောင့် အအေးဓာတ်တို့သည်
စိမ့်ကာစိမ့်ကာအကဲပိုနေလေသည်။ စိုစွတ်သောမိုးနှင်းလေးများကလည်
လေတခွေ့တွင်ဝေ့ကာဝေ့ကာ ပါလာတတ်သည်။ ညမိုးများဖြန်းပက်ထားသောကြောင့်
လမ်းဘေးတွင်ပေါက်နေသော မြက်ပင်များသည်လည်းကောင်း ခိုတွေနားတတ်သည့်
ဓာတ်တိုင်မှဓာတ်ကြိုးများသည်လည်းကောင်း မိုးဥမိုးစက်လေးတွေ တွဲလည်းခိုကာ
စိုစွတ်နေလေသည်။
မှုံဝါးဝါးဖြစ်နေသော မျက်လုံးတွေဖြင့် ဂီတကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။
ပြာအုံ့အုံ့ဖြစ်နေသည့်ကောင်းကင်ကြီးတွင် လွင့်မြောနေသည့် တိမ်ငွေ့ ဖြူဖြူတစ်ချို့မှ
လွဲ၍ကျန်တာဘာမှမရှိပါ။ အအေးဓာတ်ပိုစိမ့်လာသည်နှင့်အမျှ
သူ့တစ်ကိုယ်လုံးထုံကျင်အေးကိုက်လာသည်။ သူ့လက်ချောင်းတွေလည်း
ခြောက်ကပ်နေသောသွေးစီးကြောင်းတွေဖြင့် တောင့်တင်းအေးခဲနေသည်။
တစ်ညလုံးမအိပ်ထားသည့် သူ့မျက်လုံးတွေသည်လည်း မျက်ခွံများလေးလံကာ
အားအင်ဆုတ်ယုတ်နေလေသည်။ သူ့နှုတ်ခမ်းသားတွေလည်း ကွဲရှကာခြောက်ကပ်
တင်းမာနေသည်။
ခြံတခါးရှေ့အရောက်တွင် သူခြေစုံရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကြီးကို
သူမသယ်ချင်တော့လောက်အောင် အားအင်တွေချီ့နဲ့နေ၏။ အေးစက်ပြီးစိုစွတ်နေသည့်
သံဘာဂျာတခါးမကြီးကိုကိုင်ကာ ခေတ္တမျှငြိမ်သက်နေသေးသည်။
အသက်ရှုလိုက်တိုင်း ရှုလိုက်တိုင်း ပါးစပ်ထဲမှအခိုးအငွေ့ တွေထွက်လာကာ
ခိုက်ခိုက်တုန်အောင်ချမ်းနေ၏။ သူအားယူလိုက်ပြီး သံတံခါးပေါက်တွေကို
ကိုင်၍လူခေါ်ဘဲတပ်ထားသည့် နေရာရောက်အောင်တစ်လှမ်းချင်းသွားနေသည်။
ဘဲခလုတ်ကိုလက်ဖြင့်စမ်းမိသောအခါ အားထည့်ပြီးအသားကုန် ဖိချလိုက်သည်။
"တီ..................."
ဘဲသံကအဆက်မပြက်ထွက်လာသည်။ သူမျက်လုံးတွေကိုမှိတ်ထားမိ၏။ လက်ကိုမလွှတ်ပဲ
ဖိထားသောကြောင့် ဘဲသံစူးစူးကြီးကိုနားထဲတွင် ကြားနေရသည်။ ထို့နောက်ဖိထားသော
သူ့လက်တွေကိုလွှတ်ချလိုက်၏။ လူခြေသံသံတွေသူ့ဆီလှမ်းလာနေသည်ကို သူကြားနေရသည်။
ထို့အတူနားထဲတွင်လည်း စကားပြောသံတစ်ချို့ကို ဝေဝေဝါးဝါးကြားနေရသည်။
"အကိုကြီးရေ...........ဂီတလေးပြန်လာပြီ"
"ဟုတ်လား
သူ့ကိုတခါးဖွင့်ပေးလိုက်ပါဦး မငြိမ်းရယ်"
"အမယ်လေး......အကိုကြီးရယ် လာပါဦး
ဂီတလေးကိုလာကြည့်ပါဦး။ ဂီတ......ဂီတသားလေး အန်တီခေါ်နေတယ်လေ
ဂီတ......."
Sunday, July 22, 2012
Miss Kicki
Miss Kicki ဆိုတဲ့ဇာတ်လမ်းလေးဟာ ပြင်သစ်သရုပ်ဆောင်နဲ့ ထိုင်ဝမ်သရုပ်ဆောင်တွေကိုပေါင်းစပ် ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ အသက်လေးဆယ်အရွယ်ခန့် ဇာတ်လိုက်ရဲ့အမေဖြစ်သူ မုဆိုးမ မိန်းမ ဟာ အွန်လိုင်းပေါ်က်နေပြီး ထိုင်ဝမ်မှာရှိတဲ့ တရုတ်boss တစ်ယောက်နဲ့ နေ့တိုင်းလိုလို video chat ရင်းကနေ ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံးအခြေအနေမှာတော့ ထိုင်ဝမ်ထိလိုက်သွားတဲ့ အဆင့်ထိဖြစ်သွားခဲ့ပြီး တွေ့ဆုံဖို့ကြိုးစားခဲ့တဲ့ အဆင့်ထိဖြစ်သွားခဲ့ပါတယ်။ အဲ့လိုနဲ့ ဇာတ်လိုက်ရဲ့ အမေနဲ့အတူ ဇာတ်လိုက်ကလေးကပါ ထိုင်ဝမ်ကိုရောက်သွားခဲ့ပြီး တစ်နေ့ လမ်းပျေက်နေတုန်း ထိုင်ဝမ်က တရုတ်ကောင်လေးတစ်ယောက်နဲ့ စတင်ရင်းနှီးပြီးခင်မင်ခဲ့ပါတယ်။ နောက်တော့သူတို့ နှစ်ယောက်ဟာ သွားအတူလာအတူ စားအတူနဲ့ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဇာတ်လိုက်ရဲ့အမေဖြစ်သူဟာ သူနဲ့ ချိန်းထားတဲ့ ထိုင်ဝမ် တရုတ်ကြီးဟာ ရိုးရိုးလူပျိုလူလွတ်တစ်ယောက် မဟုတ်နေပဲ အိမ်ထောင်ရှိသူတစ်ဦး ဖြစ်နေတာကို သိသွားပါတယ်။
ယခုဇာတ်လမ်းထဲတွင် လိင်တူချစ်ခြင်း အနှစ်သာရများအပြင် လူ့လောက၏ ဖြစ်တတ်ပျက်တတ်တဲ့ သဘောသဘာဝများကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ပါဝင်တဲ့ ဇာတ်ဆောင်လေးတွေက လည်း ရုပ်ချောချောနဲ့ချစ်စရာကောင်လေးတွေမိုလို့ ကြည့်ရှုကြမယ့် ကျွန်တော့်သူငယ်ချင်းတွေ အကြိုက် ဖြစ်မယ်ထင်ပါတယ်။
နောက်ပိုင်း ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကိုတော့ ကျွန်တော်မပြောတော့ပါဘူး ဖန်သားပြင်ပေါ်မှာ ကြည့်ရှုခံစားနှိုင်ကြစေရန် အောက်က လင့်ကလေးတွေကို နှိပ်လိုက်ကြပါစို့ဗျာ။ တရုတ်ပြည်က video site ဒါရိုက်လင့်များကို ဖော်ပြပေးထားတာဖြစ်ပြီး ကြာချိန် ၈၈ မိနစ်ရှိပါတယ်။ ဇာတ်လမ်းထဲက အခန်းတော်တော်များများမှာ အင်္ဂလိပ်လိုပဲပြောတာမိုလို့ အင်္ဂလိပ်လိုကျွမ်းတဲ့ ကျွန်တော်တို့မြန်မာတွေ အတွက်ရွေးချယ်တင်ပြလိုက်ပါတယ် ခင်ဗျား။
tudou မှကြည့်ရန်
56.com မှကြည့်ရန်
အားလုံးအဆင်ပြောကြပါစေ
lovealone:P
မှတ်ချက်။ ။connection မကောင်းလို့ ဖွင့်မရရင်တားတားနဲ့ မချိုင်ဝူးနော် ဟိဟိ
ု
လိင်တူကြိုက်သူများ သိသင့်သည့် ကျန်းမာရေးဆိုင်ရာ လိုက်နာဖွယ်ရာများ
လိင်တူကြိုက်သူ၊ လိင်တူရောလိင်ကွဲပါကြိုက်သူနှင့်လိင်ပြောင်းလဲထားသူများမှာမည်ကဲ့သို့သောဘ၀မှ လာသည်ဖြစ်စေ၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာကိုကိုးကွယ်သူဖြစ်စေ၊ မည်သည့်စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းပြု၍ မည်သည့်အရပ်တွင်နေထိုင်သည်ဖြစ်စေ ၄င်းတို့မှာ လူအများထဲမှ လူများပင်ဖြစ်၍ အများသူငါနည်းတူ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေး အသိပညာ တန်းတူရထိုက်သည်။
ယခုနောက်ပိုင်းသုတေသနပြု လေ့လာဆန်းစစ်မှုများအရ ၄င်းတို့မှာ သာမန်လူများထက်ပင် အချို့သောရောဂါများရရှိရန် အခွင့်အလမ်းပိုများနေသည်ကိုတွေ့ရှိရသည်။ ဥပမာ- အမျိုးသမီးလိင်တူကြိုက်တူများတွင် ရင်သားကင်ဆာအဖြစ်များ၍ အမျိုးသားလိင်တူကြိုက်တူများတွင် ဆက်ဆံရာမှတဆင့် ကူးဆက်သောရောဂါများအဖြစ်များသည်။ သို့ဖြစ်ပါ၍ ၄င်းတို့၏ကျန်းမာရေးအတွက် လိုက်နာအပ်သည်များကို ဖော်ပြလိုက်ရပါသည်။

ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ
ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ဝထ္တုလေးဟာ စာရေးဆရာမ နုနုရည်(အင်းဝ) ရဲ့အောင်မြင်ကျော်ကြားတဲ့ ၀တ္ထုလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲမှာ အသက်လေးဆယ်အရွယ် မိန်းမလျှာ တစ်ယောက်နဲ့ အသက်ငယ်ငယ်ယောကျာ်းလေးတစ်ယောက်ကို အဓိကဇာတ်ဆောင်အဖြစ် ထည့်သွင်းရေးသားထားတာဖြစ်ပြီး တောင်ပြုံးပွဲက နတ်ကတော်တွေရဲ့ ဘ၀ကိုပါ ပေါ်လွင်အောင်ရေးသားထားတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ မြန်မာလိင်တူ ဂေးဇာတ်လမ်းလေးပါပဲ။
ဒီစာအုပ်လေးကို ဟာ မိန်းမလျှာတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ နဲ့ သံယောဇဉ်တွယ်တာပုံ။ မိန်းမလျှာ တစ်ယောက်ကိုမချစ်ပဲ အတူနေရသည့် ယောကျာ်းလေးတစ်ယောက်ရဲ့ စိတ်ခံစားချက် စသည့် လူ့သဘောသဘာဝ များကို အကွက်စေ့စေ့ထောင့်ကျကျရေးသားထားတာကိုတွေ့ရပါတယ်။ ဒီစာအုပ်လေးကို ဖတ်ဖူးကြသူတော်တော်များများရှိပါလိမ့်မယ်။ မဖတ်ဖူးတဲ့သူတွေလည်းရှိပါဦးမယ် ဒါကြောင့်မိုလို့ ကျွန်တော်က မဖတ်ရသေးတဲ့သူငယ်ချင်းများဖတ်ရအောင် စေတနာနဲ့ မူရင်းဆိုဒ်က ebook download link ကလေးကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။
မူရင်း burmeseclassic ဆိုဒ်မှ ဒေါင်းရန်
အားလုံးအဆင်ပြေကြပါစေ

Saturday, July 21, 2012
အချစ်ခါး အပိုင်း(၆)
ဂီတသည်တစ်ခုခုကို အလိုမကျဖြစ်နေသည်။ သူစိတ်တွေသည် ရှုပ်ထွေးလျှက်
ပြားပန်းခတ်နေသည်။ ဦးနှောက်သွေးကြောထဲတွင် အစိုင်အခဲကြီးတစ်ခု ပိတ်ဆို့နေသလို
သူ့ခေါင်းတွေကိုက်ခဲနေ၏။ ရှင်းရှင်းဆိုရသော် သူစိတ်ညစ်နေပါသည်။ အခြေအနေက
သူစိတ်ညစ်မည်ဆိုပါကလည်း စိတ်ညစ်စရာပါပင်။ ယခုသူရောက်နေသည့်နေရာက
သူဘဝမှာတစ်ကြိမ်တစ်ခါမှ ရောက်လာရန်မမျှော်လင့်မိသော နေရာဖြစ်နေသည်။
ယခုသူအချုပ်ခန်းထဲတွင် ရောက်နေသည်လေ။
ညကြီးမင်းကြီးအချိန်မတော်မှ အိမ်သို့ရဲတွေရောက်လာသည်။ ရန်ဖြစ်ခဲ့သည့်အတွက်သူ့ကို
စခန်းသို့ခေါ်လာကြခြင်းဖြစ်သည်။ အိမ်မှာသူ့အကိုရှိမနေ၍ တော်သေးသည်။
ရဲတွေကလည်းစုံစမ်းတာလဲ မြန်လိုက်ပါဘိ။ သူအိမ်ကိုရောက်ပြီး ဘာမှမကြာသေးပါ
ချက်ချင်းရောက်လာကြသည်။ အိမ်ဖော်အဒေါ်ကြီးက သူ့ကိုကြည့်ပြီးမျက်ရည်တွေဖြင့်
ကျန်ခဲ့သည်။ သို့ပေမယ့်ဘာမှမတတ်နိုင်တော့ ဖြစ်လေသမျှ အကောင်းဟုသာသတ်မှတ်ရတော့မည်။
မုန်တိုင်းအတွက်ပေးဆပ်ရသည်ပဲလေ တန်ပါတယ်။
စိတ်ညစ်ညစ်ဖြင့်အချုပ်ခန်းထဲသို့ ဝှေ့ဝိုက်ကြည့်နေမိသည်။ လေးဖက်လေးတန်လုံး
သံတိုင်တွေဖြင့်သာကာရန်ထားသည်။ လူသားဆိုလို့သူတစ်ဦးထဲသာ ရှိသည်။ အနားတွင်တော့
အစောင့်ရဲတစ်ယောက်သာရှိသည်။ ထိုရဲကလည်း ကျောက်ရုပ်ဖြစ်နေသည်လားအောင့်မေ့ရသည်
ရပ်နေသည်က တုတ်တုတ်မျှမလှုပ်။ ရာသီဥတု ပြောင်းခါနီး၍လားတော့မသိ ကိုယ်ထဲတွင်
ရှိန်းတိန်းတိန်းဖြင့်နေရထိုင်ရသည်မှာ ပုံမှန်ကဲ့သို့မဟုတ်ပဲ
အေးစိမ့်စိမ့်ဖြစ်နေသည်။
"ဝီ.....ဝီ......ဝီ........"
"ဖတ်......"
အနားတွင် တဝီဝီဖြင့်ပျံသန်းနေသော ခြင်တွေက
ခွေးမောင်းသလိုမောင်းနေရသည်။ လူကိုပင်ချီတော့မည့်အလား နည်းသည့်ခြင်တွေမဟုတ်ပါ။
အချုပ်ခန်းထဲတွင် တစ်ယောက်ထဲထိုင်ရင်း ချမ်းစိမ့်စိမ်းဖြစ်လာသည်။
အိပ်လို့လဲပျော်မည်မထင်ပါ။ အိပ်ရအောင် လည်းစောင်မရှိခေါင်းအုံးမရှိနှင့်
တော်တော်စိတ်ပျက်ဖို့ကောင်းပါသည်။ သူ့လက်ဖဝါးတွေကို ဖြန့်ကြည့်လိုက်သောအခါ
သွေးစသွေးနတစ်ချို့ ဖြင့်ပွန်းနေသည်ကိုတွေ့ရသည်။ သစ်သားချောင်းတုတ်က ရှသည်ထင်သည်။
ထိုအခိုက် အပြင်ဘက်မှ လူသံတစ်ချို့ ကြားရသဖြင့် သူခေါင်းမော့ကြည့်လိုက်သည်။