Friday, April 11, 2014

Gay တို့နှင့်သစ္စာတရား



ဂေးလောကမှာပြောနေကြတာ တစ်ခုရှိပါတယ်။ ဂေးတွေဟာသစ္စာမရှိဘူးတဲ့....... ဟုတ်ပါတယ် ဒီစကားဟာဂေးလောကမှာအပြောများကြပါတယ်။ ဒီတော့ဂေးတွေဘာလို့ သစ္စာမရှိကြတာလဲ စဉ်းစားစရာပါ။ ဂေးအချစ်ဟာ သဘာဝကြီးကိုဆန့်ကျင်ထားတဲ့ အချစ်မိုလို့ ဂေးတွေဟာသစ္စာမရှိတာလား.... ဒါမှမဟုတ် နောက်ဆက်တွဲအကျိုးဆက် ဥပမာ ကိုယ်ဝန်ရှိတာတို့ဘာတို့မရှိလို့ သစ္စာမရှိတာလား.... ဒါမှမဟုတ် ဂေးတွေရဲ့ပင်ကိုယ်စရိုက်ကိုယ်က ဖောက်လွဲဖောက်ပြန်လုပ်ချင်ကြတာကြောင့် သစ္စာမရှိတာလား.....


ယောကျာ်းတွေအိုင်တွေရင်ခြေဆေးတတ်ကြတယ်ဆိုတာ ရှေးရိုးစကားတစ်ခုပါ။ ဒါပေမယ့် အဲ့ဒါဟာများသောအားဖြင့်မှန်ပါတယ်။ ဂေးတစ်ချို့ ကျွန်တော်တွေ့ဖူးပါတယ်။ ကိုယ့်မှာလည်းချစ်သူရှိတယ် ကိုယ့်ချစ်သူနဲ့လည်းမပြတ်နိုင်ပဲ ကွယ်ရာရောက်တဲ့ အခါမှာ ဖောက်ပြန်ဖို့အခြေအနေပေးလာရင် သူတို့တွေဟာ သစ္စာတရားကိုစောင့်ထိန်းဖို့ လုံးလုံးမေ့ပြီး ပြီးစလွယ်ပဲဖောက်ပြန်တတ်ကြပါတယ်။ ဒါဟာ ခဏတာအာသာပြေရုံလောက်သာအသုံးဝင်ပြီး ကိုယ့်အတွက်ဘာမှအကျိုး မရှိပါဘူး ကံမကောင်းရင် ရောဂါတောင်အကူးခံရနိုင်ပါသေးတယ်

ဂေးအချစ်ဟာ ယောကျာ်းလေးချင်းချစ်တဲ့အချစ်ဖြစ်နေတဲ့အတွက် အရမ်းပဲတစ်ယောက်နဲ့တစ်ယောက်ညိစွန်း ဖို့လွယ်ကူပါတယ်။ မိန်းကလေးတစ်ယောက်ကို ယောကျာ်းလေးတစ်ယောက်က ချဉ်းကပ်ရင် ချက်ချင်းမရနိုင်ပေမယ့် ယောကျာ်းလေးတစ်ယောက်ကို ယောကျာ်းလေးတစ်ယောက်က ချဉ်းကပ်ရင် အလွယ်တကူပဲရနိုင်ပါတယ်။ ယောကျာ်းဆိုတဲ့အမျိုးက မိန်းကလေးတွေ လောက်အိနြေ္ဒတွေသိက္ခာတွေ စောင့်ထိန်းစရာမှမလိုပဲလေ။ ဒါဟာလည်း ဂေးတွေဘာကြောင့်သစ္စာမရှိကြလည်းဆိုတဲ့ မေးခွန်းရဲ့ အချက်အခြာကျတဲ့ အစိတ်အပိုင်းတစ်ခုပါ။

နောက်တစ်ခုရှိတာက အိမ်ထောင်မပြုတာကြောင့်ပါ။ မြန်မာပြည်အတိုင်းအတာနဲ့ပြောမယ်ဆိုရင် ဂေးအတွဲတွေဟာ အိမ်ထောင်ပြုခွင့်မရှိပါဘူး။ အိမ်ထောင်ပြုခွင့်မရှိတော့ ကာမပိုင် ဆိုတဲ့အရာမရှိပါဘူး။ ကာမပိုင် ဆိုတဲ့အရာမရှိတော့ ကာမပိုင်ကို စောင့်ထိန်းဖို့ အလေးမထားတော့တာပါ။ သာမန်ဘဝလို သားသမီးမရနိုင်တာရယ်ကြောင့် ချစ်သူနှစ်ဦး တစ်ဦးနဲ့တစ်ဦးချည်နှောင်မယ့် သံယောဇဉ်ကြိုးတွေ ကင်းမယ့်နေပါတယ်။ တစ်ခုခုဆိုရင် သားသမီးမျက်နှာထောက်ထားစရာမလိုတော့ဘူးလေ။ ချစ်သူနဲ့အဆင်မပြေဖြစ်လာတဲ့ အခါ ဘဝဟာခြောက်ကပ်လာသလိုခံစားလာရပြီး အပျော်အပါးတွေရှာဖွေလာတတ်ကြ ပါတယ်။ ဒီလိုအဖြစ်တွေဟာ ဂေးတွေအတွက်အကြီးမားဆုံး ကံဆိုးမှုကြီးတွေပါပဲ။

ကျွန်တော်ဂေးအချစ်ဇာတ်ကားတွေ ထွက်သမျှကြည့်ပါတယ်။ ဇာတ်ကားတွေထဲမှာတောင် တော်တော်များများက ဇာတ်သိမ်းမှာကွဲသွားကြပါတယ်။ ဂေးတွေရဲ့ဘဝဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဇာတ်သိမ်းနိုင်ပါ့မလားလို့တောင် စိုးရိမ်မိပါတယ်။ ဆံပင်ဖြူပြီးအဘိုးကြီးတွေ ဖြစ်တဲ့အထိတစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိဘဝကို လက်တွဲရင်ဆိုင်နိုင်ဖို့ ဖြစ်နိုင်ပါ့မလား..... အသက်ငယ်နေတုန်းမှာ ရည်းစားများပြီး တစ်ယောက်ပြီးတစ်ယောက် ထည်လဲတွဲခဲ့သမျှ အသက်ကလေးရလာတော့ ကိုယ့်ကိုဖေးမမဲ့သူမရှိ ဘဝကိုအထီးကျန်ဆန်ဆန်နဲ့ ရင်ဆိုင်ဖြတ်သန်းရမှာ သိပ်ကြောက်ဖို့ကောင်းပါတယ်။ တွေးကြည့်ရင် ကြက်သီးတောင်ထပါတယ်။

ချစ်သူတစ်ယောက်ထားတော့မယ်ဆိုရင် သေသေချာချာစဉ်းစားမယ်၊ ကိုယ့်ချစ်သူကလွဲရင် ကျန်တဲ့သူနဲ့လိင်ကိစ္စကင်းအောင်နေမယ်၊ တစ်ယောက်နဲ့တစ်ယောက် အတတ်နိုင်ဆုံးနားလည်မှုပေးမယ်၊ စိတ်ကိုအတတ်နိုင်ဆုံး ဖြူစင်အောင်ထားပြီး အရှုပ်အရှင်းကင်းအောင်နေမယ်၊ လိင်ကိစ္စနဲ့အပျော်အပါးကို အတတ်နိုင်ဆုံးရှောင်ကျဉ်မယ်၊ မိမိရဲ့ဆန္ဒကိုသိက္ခာနဲ့ထိန်းမယ် ဆိုရင်တော့ သစ္စာတရားဆိုတဲ့အရာက ဂေးတွေဆီကို အလိုလိုရောက်လာမှာပါ၊ သစ္စာတရားဆိုတဲ့ အရာရှိမှာဘဝဆိုတာသာယာချိုမြိန်မှာပါ။ကမ္ဘာပေါ်မှာသစ္စာမရှိလို့ကွဲသွားကြရတဲ့ ဂေးအတွဲဘယ်နှတွဲရှိမယ်ဆိုတာမပြောတတ်ပါဘူး ဒါပေမယ့်သစ္စာရှိရှိနဲ့ ပျော်ရွှင်စွာဘဝကိုဖြတ်သန်းနေရတဲ့ ဂေးအတွဲတွေလည်း ရှိနေဦးမှာပါ......






                                                         

                                                            Written by-

                                                                    Lovealone

No comments:

Post a Comment