အဓိပ္ပါယ် ဖွင့်ဆိုခြင်း
German gynecologist တစ်ယောက်ဖြစ်တဲ့ Ernst Gräfenberg က ရှာဖွေတွေ့ရှိခဲ့တာဖြစ်လို့ G-Spot လို့ ခေါ်ပါတယ်။ အဓိပ္ပါယ် အပြည့်စုံကို အင်္ဂလိပ်လို ပြောရင် ပိုကောင်းမယ် ထင်ပါရဲ့။
The prostate in men has been unofficially called the male G-Spot because it can also be used as an erogenous zone. It is located where the rectum joins the colon, about 50 mm (2 in) from the anus, and when aroused it is a walnut-shaped swelling.
မြန်မာလို နားလည်လွယ်အောင် ပြောရရင်တော့ စအိုတွင်း မှာရှိနေတဲ့ ယောက်ကျား
ကာမ-ခလုတ် ပေါ့ဗျာ။
သင့်ရဲ့ Male G-spot ကို သင်ကိုယ်တိုင် ရှာဖွေခြင်း
Male G-Spot ဟာ ရှာဖို့ ခက်ခဲလှတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါကို ရှာဖွေဖို့ နည်းနည်းတော့ စိတ်ရှည်သည်းခံဖို့ လိုမှာ အမှန်ပါပဲဗျာ။ ကျောပြင်လေးကို အသာအယာ လှဲလျောင်းပေးခြင်းဟာ ယေဘုယျအားဖြင့် Male G-Spot ကို ရှာဖွေဖို့ အကောင်းမွန်ဆုံး အနေအထားပါ။ ဒီလို သက်သောင့်သက်သာ လှဲလျောင်းဖို့ အိပ်ယာ သို့မဟုတ် ဆိုဖာကြီးကြီး ဖြစ်သင့်ပါတယ်။ လုပ်နည်းလုပ်စဉ်ကတော့ ခြေထောက်တွေကို ခပ်မြင့်မြင့် အနေအထားမှာ ထားလိုက်ခြင်းက အလွယ်ဆုံး ဖြစ်မယ်ထင်တယ်။ ဆိုလိုချင်တာက အိပ်ယာပေါ်မှာ ကျောပြင်ချ လှဲလျောင်းရင်း ခြေထောက်တွေကို နံရံပေါ် မှီထောင်လိုက်တာမျိုး၊ ဆိုဖာ နောက်မှီပေါ်ကို ခြေထောက်တွေ လှမ်းချိတ်တင်လိုက်တာမျိုး တွေပေါ့လေ။ ဒီလို အနေအထားဟာ စအိုနှင့် ကပ္ပယ်အိပ်ကြားက ဧရိယာကို ထိတွေ့ဖို့ မလွယ်ကူသေးဘူးဆိုရင် ခေါင်းအုံးတစ်လုံး သို့မဟုတ် ၂လုံးလောက်ကို သင့်တင်ပါးအောက်မှာ ခုခံလိုက်ပါ။
သင့်ကိုယ်သင် သက်သောင့်သက်သာ အဖြစ်ဆုံး ပြင်ဆင်ပြီးတဲ့ အချိန်မှာတော့ စအိုအပြင်ဖက် ဧရိယာ ဝန်းကျင်ကို ငြင်သာစွာ နှိပ်နယ်ကြည့်ခြင်းဖြင့် စတင်ပါ။ ယောက်ျားအများစုဟာ သူတို့ရဲ့ Taint (စအိုနဲ့ ကပ္ပာယ်အိပ်ကြား ဧရိယာ Perineum လို့လည်း ခေါ်သေးတယ်) ကို နှိုးဆွပေးတာ ကြိုက်နှစ်သက်တတ်ပါတယ်။ အဲဒီလို နှိုးဆွပေးခြင်းဟာ G-Spot ရှာဖွေခြင်း လုပ်ငန်းစဉ်အတွက် တွဲယှဉ်ဖက် လုပ်ရပ်ပါပဲ။ နူးညံ့သန့်ရှင်းတဲ့ လက်ညှိုးတစ်ချောင်းရယ်၊ ပြီးတော့ အလျင်မလိုတဲ့ ငြင်သာမှုရယ် လိုပါတယ်။ Lube ကို လက်ချောင်းလေးတွေမှာ ဆွတ်လိမ်း၊ စအိုတွင်း မျက်နှာပြင်တလျှောက် နူးနူးညံ့ညံ့ ပွတ်သပ်ပေးပါ။
အဲဒီလို အကြိမ်ကြိမ် အခါခါ ပြုလုပ်ပေးရင်း စိတ်ထဲ တင်းအား မရှိတဲ့အခါ ပွတ်သပ်နေရင်း တစ်ခါတစ်ခါ လက်ညှိုးလေးကို လျောကနဲ သွင်းကြည့်ပါ။ နာကျင်တော့မှာပဲ၊ ဘာဖြစ်တော့မှာပဲ စတဲ့ စိတ်တင်းအားတွေ မထားဘဲ စိတ်ထဲ သက်သောင့်သက်သာ ရှိချိန်ရယ်၊ ခပ်နှေးနှေးနဲ့ နူးနူးညံ့ညံ့ စပြီး စမ်းသပ်ကြည့်သင့်ပါတယ်။ အမှန်တကယ် စမ်းသပ်တွေ့ရှိချိန်မှာတော့ အဲဒီ G-Spot ဆိုတဲ့ ဧရိယာလေးဟာ သေးငယ်ပြီး၊ ခရေတွင်း အရှေ့ဖက်ပိုင်း၊ တွင်းဝကနေ နှစ်လက်မလောက် အကွာအဝေးမှာ ရှိတယ်ဆိုတာ သိနိုင်ပါတော့တယ်။
ဆက်ဆံပုံ ဆက်ဆံနည်း ကတော့ (ကိုယ်တွေ့များနှင့် ယှဉ်၍)
ခံတဲ့သူက ပက်လက်အိပ်ရင် ခေါင်းအုံးတစ်လုံး သို့မဟုတ် နှစ်လုံးလောက်ကို သူ့တင်ပါးအောက်မှာ ခုခံထားပေးသင့်ပါတယ်။ ဒါမှမဟုတ်ရင် ခြေထောက်နှစ်ချောင်းကို မိုးပေါ်ထောင်၊ လုပ်တဲ့သူရဲ့ ပခုံးပေါ်ကို တင်ထားပေးပါ။
ခံတဲ့သူက Doggy Style လေးဘက်ထောက်နေရင် ခါးကို နည်းနည်းလေး ကုန်းပေးထားရပါမယ်။ ဒီပုံစံကို Top ကိုကိုတွေ လုံးဝကြိုက်မှာ မဟုတ်ဖူးဆိုတာ ကျွန်တော် လောင်းကြေးစားကြေး ထပ်ရဲတယ်ဗျ။ သူတို့အတွက်က ခါးကော့ပေးထားတာကိုပဲ ကြိုက်ကြလိမ့်မယ်။ အဲ့ဒီတော့ ခါးကော့ပေးရမယ်ဆိုရင် ကိုယ်အပေါ်ပိုင်းကို တတ်နိုင်သမျှ မော့ထားလိုက်ရပါလိမ့်မယ်။ ဒီလိုပုံစံနဲ့ ကျွန်တော် နှစ်ခါ ပြီးဖူးပါတယ်။
အရေးအကြီးဆုံးကတော့ ခံတဲ့သူက သူ့ G-spot ကို သူကိုယ်တိုင် ပိုသိနိုင်တာမို့လို့ သူ့ကို စိတ်ကြိုက် အနေအထား ရွေးခြယ်စေသင့်တာပါပဲ ခင်ဗျာ။ ဆိုလိုတာကတော့ Top ကိုကို ကို ပက်လက်အိပ်ခိုင်းပြီး၊ Bot မမက သူ့အပေါ်က တက်ထိုင်စေချင်တာပါ။ ကိုယ့်စိတ်ကြိုက် အနေအထားနဲ့ ဆောင့်ပေးလို့ ရတာပေါ့နော်။ ဒီလိုပုံစံနဲ့လဲ ကျွန်တော် နှစ်ခါ ပြီးဖူးပါတယ်။
နောက်ဆုံး ပြောချင်တာကတော့ G-spot ကို ထိအောင်ဆိုပြီးတော့၊ သိပ်ကြီးလဲ အတင်းအကြပ် မကြိုးစားကြပါနဲ့ဗျာ။ စအိုအတွင်းသားနဲ့ လော်ကီး ပွတ်တိုက်မိတဲ့ အရသာကိုကပဲ အလွန်အမင်း ကောင်းလှပြီ မဟုတ်ပါလား ခင်ဗျာ။ :-)
ဟိုမိုအားလုံးကို လေးစားလျှက်…
Andrew Nant @ ကိုကိုနန့်
***** ***** ***** ***** ***** ***** *****
ဝန်ခံချက်။ အောက်မှာ ဖော်ပြထားတဲ့ Internet Links တွေကို သင့်လျော်အောင် ဘာသာပြန်ထားပါတယ်။
References:
http://www.askmen.com/dating/vanessa/23_love_secrets.html
http://en.wikipedia.org/wiki/G-Spot

No comments:
Post a Comment