Tuesday, October 28, 2014

ဂေးတို့ရဲ့မာယာ (Myanmar Gay Funny Movie)

ဒီဇာတ်ကားလေးက ဂေးတွေကိုဟာသရှုထောင့်ကနေ ရိုက်ကူးထားတာဆိုပေမယ့် ဂေးတို့ရဲ့ သဘောသဘာဝ တစ်စိတ်တစ်ဒေသကို ဖော်ညွှန်းထားတဲ့အတွက် နှစ်သက်မိပါတယ်။ ဒါ့အပြင် ဂေးတွေကြားထဲမှာ ရေပန်းစားနေတဲ့အသုံးအနှုန်းလေးတွေကိုရော ဟာသဆန်ဆန်လေး ဖွဲနွဲ့ထားပုံကစိတ်ဝင်စားစရာပါ။ မြန်မာရုပ်ရှင်တော်တော်များများမှာတွေ့ရတတ်တဲ့ ဂေးကနေ ယောကျာ်း ပြန်
ဖြစ်သွားတဲ့ဇာတ်ကွက်မျိုးတွေမတွေ့ရပဲ ဂေးဆိုတာပြောင်းလဲလို့မရဘူးဆိုတာကိုလဲ ရည်ညွှန်းထားတာကို တွေ့ရပါတယ်။

 ဒါ့အပြင် ဂေးလောကဟာ အများသိသလို အပွင့်တွေချည်းပဲ မဟုတ်ပဲအပုန်းတွေရောရှိတယ်ဆိုတာကိုပါ ထည့်သွင်းရိုက်ကူးသွားတဲ့အတွက် မြန်မာရုပ်ရှင်လောကမှာ ဂေးနဲ့ပက်သက်ပြီး တော်တော်လေးခရီးရောက်တဲ့ ဇာတ်ကားလေးလို့ယူဆပါတယ်။ ဒါ့အပြင် ပြည်သူ့အချစ်တော် ဟာသလူရွှင်တော်များရဲ့ သရုပ်ဆောင် ပီပြင်မှုများနဲ့အတူ ရယ်မောစရာကောင်းတဲ့ ဒီဇာတ်ကားလေးကို MCGB ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ကဲ...... "ပါးတွေကိုချတာချတာဆိုတာ သွားတွေတောင်ကျွတ်သွားတယ်တဲ့နော်" တဲ့ :P

No comments:

Post a Comment