This is the best gay website for Myanmar gay peoples.

Monday, July 4, 2016



Rush ဆိုသည်မှာ


Rush ကိုလူအနည်းစုလောက်သာသိကြပါသည်။ Rush နှင့်မြန်မာပြည်သူများ ရင်းနီးမှုသိပ်မ ရှိကြသေးပါ။ ပြည်ပတွင်နေထိုင်သူများနှင့် နေထိုင်ဖူးသူများကတော့ အတော်အသင့်တော့ ရင်းနှီးကြမယ်ထင်ပါတယ်။ Rush ရဲ့အမည်အပြည့်အစုံကတော့ Rush Popper ဖြစ်ပါတယ်။ Rush ကိုအနောက်နိုင်ငံတွေဖြစ်တဲ့ ယူကေ၊ စပိန်၊ ဂျာမနီ၊ အမေရိကန်အစရှိတဲ့နိုင်ငံများမှာ စတင်ထုတ်လုပ်သုံးစွဲလာကြတာဖြစ်ပြီး ယခုအခါ အာရှတလွှားရှိ ဂျပန်၊ တရုတ်၊ ထိုင်းအပါအ၀င်နိုင်ငံတော်တော်များများမှာ တွင်တွင်ကျယ် ကျယ်သုံးစွဲနေကြပြီဖြစ်ပါတယ်။ Rush Popper အားအခြားအမည်အဖြစ် AROMAS, LEATHER CLEANER ဟုလည်းခေါ်ဆိုကြပါသေးသည်။

Rush တွင်ပါဝင်သောပစ္စည်းများ
Rush တွင် Nitrous acid, Butyl ester, Nitrite alkyl ester, volatile အစရှိသည်တို့ပါ ၀င်ပါသည်။

အကျိုးသက်ရောက်မှုနှင့်အသုံးပြုပုံ
Rush ကိုလိင်ဆက်ဆံခြင်းမပြုမီ စက္ကန့်ပိုင်းအလိုတွင် ပုလင်းကိုလှုပ်ရမ်း၍ အဖုံးကိုဖွင့်ပြီး နှာခေါင်းနှင့်တေ့ကာရှူပေးရပါသည်။ ထို့နောက် စက္ကန့်ပိုင်းအတွင်း နှလုံးခုန်မြန်လာခြင်း၊ မျက်နှာပူလာခြင်း၊ နားရွက်ပူလာခြင်း၊ ရင်ခုန်လှိုက်မောခြင်း အစရှိသည်တို့ကို စတင်ခံစား လာရမှာဖြစ်ပြီး လိင်ဆက်ဆံချိန်ကာလအတွင် လိင်ဆက်ဆံမှုဖီလင်ကို ပိုမိုကောင်းမွန် စေမှာဖြစ်ပါတယ်။ အမျိုးသားအတွက် လိင်ဆက်ဆံခြင်းစွမ်းအားကို ပိုမိုမြှင့်တင်ပေးပါသည်။ Rush အသုံးပြုပြီးဆက်ဆံပါက ဆက်ဆံချိန်ကိုလဲ ပိုမိုကြာစေပါသည်။ Rush သည်အထူးသဖြင့် ဂေးစုံတွဲများအတွက်ရည်ရွယ်၍ ထုတ်လုပ်ထား ခြင်းဖြစ်ပြီး LGBT အသိုင်းအ၀န်းတွင်း ရေပန်းစားလျက်ရှိပါသည်။ Rush ကိုတစ်ခါရှူရှိုက်ခြင်းသည် ငါးမိနစ်အတွင်းအာနိသင်ပြေသွားစေပြီး လိင်ဆက်ဆံမှုမပြီးသေးပါက အာနိသင်မပြေ ခင်ဆက်တိုက် ပုလင်းကိုလှုပ်ခတ်ပြီး ရှူရှိုက်ပေးဖို့လိုအပ်ပါသည်။

Rushနှင့်အန္တာရယ်
Rush ကိုအသုံးပြုပြီးပါက ခေါင်းအနည်းငယ်ကိုက်ခြင်းဖြစ်တတ်ပါသည်။ သို့သော်မစိုးရိမ်ပါ နှင့်ခဏလေးသာဖြစ်ပြီး ချက်ခြင်းသက်သာသွားစေပါသည်။ Rush သည်မီးလောင်လွယ်  သောအရည်ဖြစ်သဖြင့် နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့သောနေရာတွင်မထားသင့်ပါ။ ထို့အပြင်ကလေးငယ်များနှင့်ဝေးသောနေရာတွင်ထားပါ။ အကယ်၍ Rush အရည်အချို့ နှာခေါင်းထဲသို့ ရှူရှိုက်ရင်း မတော်တဆ၀င်သွားပါက ရေသုံးလေးငါးခွက်လောက် ဆက်တိုက် သောက်ပေးပါ။ Rush ကို လေယာဉ်စီးနင်းပါက သယ်ဆောင်သွားခွင့်မရှိပါ။ ထို့အတူ သယ်ယူပို့ဆောင်ရာတွင်လည်း Rush သည်အများအားဖြင့် စစ်ဆေးမှုခံရမှုအများ ဆုံးပစ္စည်းဖြစ်တတ်ပါသည်။ သို့သော် Rush သည်မူးယစ်ဆေးဝါးလုံးဝမဟုတ်ပါ။ နိုင်ငံတော်တော်များများတွင်လည်း ရောင်းချခွင့်ပြုထားပါသည်။


မသုံးသင့်သောသူများ
Rush ကို သွေးအားနည်းရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ရေတိမ်ရှိသူများ၊ အခြားဆေးဝါးများသောက်သုံးထားသူများ၊ အရက်သောက်ထားသူများ၊ အသုံးသင့်ပါ။ Rush အသုံးပြုနေစဉ်အတွင်း ဆေးလိပ်သောက်ခြင်းရှောင်ကျဉ်ရန်နှင့် ဆေးလိပ်သောက်  ပြီးကာစသူများ အသုံးမပြုသင့်ပါ။

အခြား
Rush သည်ဆေးဝါးမဟုတ်ပါ။ မည်သည့်ရောဂါမှသက်သာပျောက်ကင်းစေမည်မဟုတ်ပါ။လိင်အင်္ဂါ ကြီး ခြင်း သုတ်လွှတ်မြန်ခြင်းကုသခြင်းအစရှိသည့်အစွမ်းအာနိသင်များလည်း လုံးဝ (လုံးဝ) မရှိပါ။ Rush သည်စွဲလန်းစေတတ်သော မူးယစ်ဆေးဝါးလည်းမဟုတ်ပါ။ ၄င်းအားလိင်ဆက်ဆံရာတွင် သုခဘုံသို့  ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခြင်းနှင့်တူသော ခံစားမှုများပေးစွမ်းနိုင်သဖြင့် ဂေးလူတန်းစားအသိုင်း အ၀န်းတွင်အသုံးများကြသည်။ Rush ကိုကျားမ မရွေးသုံးနိုင်သည်။ Rush ကိုအသုံးပြုပြီးတကိုယ်ရေ အာသာဖြေခြင်းလည်းပြုလုပ်နိုင်သည်။


ဤစာပိုဒ်အား Myanmar Rainbow Store မှရေးသားတင်ဆက်ထားခြင်းဖြစ်ပါသည်။ Rush မှာယူလို ပါက Myanmar Rainbow SotreFacebook စာမျက်နှာတွင် Private message ဖြင့်မှာယူနိုင်ပါ သည်။ ပစ္စည်းပေးပို့ခြင်းအား လုံခြုံစိတ်ချစွာထုတ်ပိုးပြီးမှသာ ပေးပို့ပါသည်။

Wednesday, November 18, 2015


လူတစ်ယောက်သည် တစ်ပတ်လျှင်တစ်ကြိမ်လိင်ဆက်ဆံခြင်းဖြင့် စိတ်ကြည်လင်လန်းဆန်းစေ ခြင်း၊ ခွန်အားများပြန်လည်ပြည့်ဖြိုးစေခြင်း၊ စိတ်ဖိစီးမှုဒဏ်မှကင်းဝေးခြင်း၊ နုပျိုသွက်လက်ခြင်း စသည့်အကျိုးကျေးဇူးများကိုခံစားရကြောင့် ကျန်းမာရေးစာစောင်တစ်ခုတွင်ကျွန်တော်ဖတ်ဖူး သည်။ လိင်စိတ်ယိမ်းယိုင်မှု Sexual Orientation အရ လိင်တူချင်းနှစ်သက်သူ Homosexually ဖြစ်သူများသည် လိင်ကိစ္စနှင့်ပက်သက်ပြီး ပိုပြီးပွင့်လင်းမြင်သာမှုရှိသည်ဟု ကျွန်တော်ထင်သည်။ သာမန် Straight တစ်ဦးထက် Homo တစ်ဦးသည် လိင်ဆက်ဆံဖော်ပို၍ များပြားကြောင်း ကျန်းမာရေးစာစောင်တစ်ခု၏ စစ်တမ်းအရဖော်ပြခဲ့ဖူးတာ ကျွန်တော်ဖတ်ခဲ့ဖူးသည်။ 
 အမှန်တော့ ကျွန်တော်တို့၏နေ့စဉ်လူနေမှုဘ၀တွင် လိင် သည်အမြဲတမ်းလိုလိုပါဝင်ပက်သက် နေခြင်းဖြစ်သည်။ လူရယ်လို့ဖြစ်လာကတည်းက အသွေးနဲ့ကိုယ်အသားနဲ့ကိုယ်တည်ဆောက် ထားကြသည့်သူခြင်းမို့ ထိုကိစ္စနှင့်ကင်းနိုင်သောသူဟူ၍ရှားသည်။ အချိန်တန်လျင်အသွေးအသား ၏တောင်းတချက်အရ ဖြည့်ဆည်းပေးရသည်ချည်းသာ။ 
သို့သော် ကျွန်တော်တို့တွေဘယ်လိုပုံစံနဲ့လိင်ဆက်ဆံကြမှာလဲ??
အဓိကအားဖြင့်တော့ အန္တရယ်ကင်းသောလိင်ဆက်ဆံမှု Safe Sex ဖြစ်ဖို့ အရေးကြီးသည်။ တဒင်္ဂ အသွေးအသားဆန္ဒပြေပျောက်ဖို့အတွက် တစ်ဘ၀လုံးမလဲပြစ်လိုက်ရဖို့ သတိပြုရမည်။ အထူးသ ဖြင့် အပျော်အပါးမက်သူ လိင်ဆက်ဆံဖော်များသူများအနေဖြင့် မိမိကိုယ်ကိုလုံခြုံအောင်ကာကွယ် တတ်ဖို့လိုအပ်သည်။ လိင်နှင့်ပက်သက်သော ကူးစက်ရောဂါများ နမော်နမဲ့လိင်ဆက်ဆံခြင်း ကြောင့် ရရှိနိုင်သော ဆိုးကျိုးများအပြင် အန္တရာယ်ကင်းသောလိင်ဆက်ဆံနည်းများကိုပါ အထူးလေ့လာထားရန်လိုအပ်သည်။ 

 Homo အများစုလိင်ဆက်ဆံပါက Blow Job ဟုခေါ်သော လိင်အင်္ဂါကိုပါးစပ်ဖြင့်စုပ်ခြင်းအား ပြုလုပ်ခြင်းကို အထူးနှစ်သက်တတ်ကြသည်။ Blow Job ပြုလုပ်ခြင်းသည် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းထက် အန္တရာယ်ကင်းသည်ဟုဆိုသော်လည်း ၁၀၀%စိတ်ချရသော လိင်မှုကိစ္စ မဟုတ်ပါ။ ပါးစပ်အတွင်း အာခံတွင်းများပေါက်ပြဲကာ သွေးစသွေးနထွက်နေပါက Blow Job ပြုလုပ် ခြင်းကိုအထူးရှောင်ကြဉ်သင့်သည်။ Blow Job ပြုလုပ်ခြင်းဖြင့် ကာလသားရောဂါ HIV ပိုးနှင့် အခြား လိင်ရောဂါပိုးများကူးစက်ခံရနိုင်သည်ကိုသတိပြုပါ။ 
  လိင်အင်္ဂါမသန့်ရှင်းခြင်း ညစ်ညမ်းနေသောလိင်အင်္ဂါများကို Blow Job ပြုလုပ်ပေးခြင်းဖြင့်လဲ ကျန်းမာရေးဆိုးကျိုးများရှိနိုင်သည်ကို သတိပြုစေလိုသည်။ အမျိုးသားအချင်းချင်းလိင်ဆက်ဆံလျှင် များသောအားဖြင့် စအိုလမ်းကြောင်းကိုအသုံးပြုတတ်ကြသည်။ စအိုလမ်းကြောင်းကို အသုံးပြုပြီး လိင်ဆက်ဆံခြင်းသည် သာမန်လိင်ဆက်ဆံခြင်းထက် ၉၉.၉၉% ရောဂါပိုးကူးစက်ခံရနိုင်ရန် အခွင့် အလမ်းပိုများသည်။ စအို၏အတွင်းသား အမြှေးပါးနံရံများသည် အလွန်ပါးလွှာနူးညံ့သည်။ ထို့ ကြောင့်အမျိုးသားလိင်တံဖြင့် ကြမ်းကြမ်းတမ်းတမ်း ထိုးသွင်းခြင်းခံရပါက အလွယ်တကူပဲ ပေါက်ပြဲ သွားကာ သွေးယိုစိမ့်မှုဖြစ်ပြီး ရောဂါကူးစက်ခံရနိုင်ရန် ပိုမိုလွယ်ကူသည်။ 
 လောကကြီးတွင် မည်သည့်အရာမဆို အကောင်းနှင့်အဆိုးသည် အမြဲဒွန်တွဲနေတတ်သည်။ လိင်ဆက်ဆံခြင်းကြောင့် ကောင်းကျိုးများရှိသလို ဆိုးကျိုးများလည်းရှိပါသည်။ အသက်ကိုဥာဏ် စောင့်ဆိုသလို မိမိကျန်းမာရေးနှင့် အသက်ခန္ဓာကိုယ်အတွက် မိမိအသိစိတ်ဖြင့်သာ ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ 
လူသားတစ်ယောက်၏အရေးကြီးဆုံးတာဝန်မှာ မျိုးဆက်ပြန့်ပွားရေးဟု ကျွန်တော့်ကိုလူတစ် ယောက်ကဆိုဖူးသည်။ လူရယ်လိုဖြစ်လာရင် လူသားမျိုးဆက်မပြတ်သုန်းစေဖို့ လူသားမျိုးနွယ် ကြီးဆက်လက်တည်တန့်ခိုင်မြဲစေဖို့ မိမိရဲ့ မျိုးဆက် Generation များကို ကမ္ဘာမြေပေါ်တွင် ဆက်လက်အသက်ရှင်နေထိုင် ကျန်ရစ်ခဲ့စေဖို့က အရေးအကြီးဆုံးအလုပ်ဖြစ်သည်ဟု ၄င်းက ဆိုပါသည်။ ၄င်း၏အဆိုအရဆိုလျှင် လူသားတစ်ယောက်၏ အရေးကြီးဆုံးတာဝန်ကို ထမ်းဆောင် ရန်အတွက်မှာ လိင် သည်အဓိကကျနေပါသည်။ လိင်ဆက်ဆံခြင်းသည် အများအမြင်မှာမြင်သလို မကောင်းသည့်အရာတစ်ခုမဟုတ်ပါ။ တကယ်တော့ လိင်ဆက်ဆံခြင်းသည် လူသားတိုင်းပြုလုပ်နေ ကြသည့်သဘာဝ၏အရေးကြီးဆုံး ကိစ္စရပ်တစ်ခုပဲဖြစ်သည်။ လိင်ဆက်ဆံခြင်းအားဖြင့် မိမိတို့၏ ချစ်ခြင်းမေတ္တာကို ပိုမိုခိုင်မြဲစေသည်။ လိင်ဆက်ဆံခြင်းအားဖြင့် ချစ်သူနှစ်ဦးကြား အမှတ်ရစရာ များကျန်ရစ်စေကာ တစ်ဦးနှင့်တစ်ဦးယုံကြည်မှုပိုလာစေသည်။ 
 မေထုန်ပြုခြင်းခေါ် လိင်ဆက်ဆံခြင်းသည် အမှန်တကယ်တော့ လူသားတွေအတွက်မရှိမဖြစ် လိုအပ်သောအရာတစ်ခုဖြစ်ပါသည်။ သာမန်ထက်ပိုသော လိင်ဆက်ဆံလိုစိတ်ပြင်းပြနေသူ များနှင့် လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှု အခြားသူများထက်ပိုမိုထူးကဲနေသူများအဖို့တော့ လိင်သည် ကျန်းမာ ရေးအတွက် မရှိမဖြစ်လိုအပ်သောအဆင့်မှသည် အန္တရာယ်ပေးနိုင်သောအဆင့်သို့ရောက်ရှိသွား နိုင်သည်။ အထူးသဖြင့် လိင်ဆက်ဆံခြင်းအားဖြင့် နောက်ဆက်တွဲဆိုးကျိုးများ ဥပမာ (ကိုယ်ဝန် ဆောင်ခြင်း) မျိုးမရှိနိုင်သည့် လိင်တူချစ်သူများအနေဖြင့် မိမိ၏လိင်ဆက်ဆံရေးအား ဗရမ်းဗတာ မဖြစ်အောင် သိက္ခာဖြင့် ထိန်းသိမ်းစေလိုသည်။ 
လိင်သည်လူသားတိုင်းအတွက်မရှိမဖြစ်သော အရာတစ်ခုဖြစ်သည်ဆိုသော်ငြားလည်း အခန့်မသင့် ပါကလူတွေကိုဒုက္ခပေးနိုင်သည်ကို စွဲမြဲစွာသိထားဖို့လိုသည်။ လိင်နှင့်ပက်သက်သော ဗဟုသုတ များအသိပညာပေးစာစောင်များ မိမိတက်စွမ်းသလောက် လက်လှမ်းမီသလောက် ဖတ်ရှုကြစေ လိုသည်။ Sex နှင့်ပက်သက်သော Knowledge မှန်သမျှလေ့လာထားခြင်းအားဖြင့် မိမိအပေါ်ကျ ရောက်နိုင်သည့် အန္တရာယ်များမှကြိုတင်ကာကွယ်နိုင်သည်။ ကျန်းမာသော လူသားတစ်ဦးဖြစ်စေ ရန်လိင်ဆက်ဆံခြင်းကို စနစ်တကျထိန်းချုပ်ခြင်းအားဖြင့် မိမိဘ၀ကိုကယ်တင်ပါ။ 


Written By- Lovealone 
Nov (18) 2015












Friday, July 24, 2015

On 4:26 AM by Unknown in    No comments


အခန်း(၆)

အတန်ကြာသောသီဟအမှန်တကယ်ပင်အိပ်ပျော်သွားပါသည်။ ဘယ်တုန်းကအိပ်ချင်နေမှန်းမသိ သည့်သီဟ အခုသူ့ပေါင်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကိုကြည့်ပြီး ဂရုဏာသက်မိကာ သူ့လက်တစ်ဖက်ဖြင့် နဖူးပေါ်တွင်ဝဲကျနေသော သီဟဆံပင်စတွေကိုအသာသပ်တင်ပေးလိုက် သည်။ ထို့နောက်သီဟ၏ဗိုက်သားပြင်ပေါ်သို့သူ့လက်ကလေးကိုအသာတင်ထားလိုက်သည်။ သီဟဗိုက်သားပြင်က အသက်ရှူခြင်းကြောင့် အနည်းငယ်လှုပ်ရှားနေသည်။ ကျစ်လစ်တောင့်တင်း နေသောသီဟ၏ဗိုက်သားပြင်ပေါ်သို့ သူဖြေးဖြေးခြင်းပွတ်သပ်ကြည့်သည့်အခါ သူ့ရင်ထဲတွင် အသည်းတွေအူတွေအစိမ်းလိုက်ဆွဲထုတ်ခံလိုက်ရသလို ဗြောင်းဆန်သွားပါသည်။ သူ့ရဲ့ရင်ခုန် သံတွေဟာလည်း ထိန်းချုပ်လို့မရအောင် ခုန်ပေါက်နေသည်။

  သီဟ၏အာငွေ့နွေးနွေးလေးက သူ့ဝမ်းဗိုက်တစ်ဝိုက်တွင်ပျံ့လွင့်နေသည်။ အိပ်မောကျနေသော သီဟမျက်နှာလေးမှာအပြစ်ကင်းစင်လျက်ရှိပြီး လောကကြီးမှာဘာအပူအပင်သောကမှမရှိသလို ငြိမ်းချမ်းလျက်ရှိသည်။ သီဟ၏မှေးစင်းနေသော မျက်တောင်လေးများအောက်တွင် ရှည်လျား သောနှာရိုးနှင့်အလိုလိုနီရဲနေသော နှုတ်ခမ်းသားလေးကိုစွဲမက်ဖွယ်ရာတွေ့ရလေ၏။ သူချောက် ကမ်းပါးအစပ်မှာလမ်းလျောက်နေရသလို ဘယ်အချိန်ချောက်ထဲကိုပြုတ်ကျသွားမလဲဆိုတဲ့ စိုးရိမ်စိတ်မျိုးနဲ့ သီဟမျက်နှာလေးကိုနှမြောတသစွာကြည့်မိရင်း ဘယ်နှခေါက်မြောက်မှန်းမသိ သောတံတွေကိုမျိုချမိပြန်သည်။

လိပ်ပြာငယ်လေးတစ်ကောင်၏ရှက်နွံနေသည့်အတွေးလေးမျိုးဖြင့် သူ့မျက်နှာလေးနီရဲနေမိသော် လည်းအချစ်၏ဆွဲဆောင်ရာကိုမလွန်ဆန်နိုင်ဝံ့စွာဖြင့် ကျော့ကွင်းထဲတွင်ရုန်းမရဖြစ်နေပါသည်။ အချစ်တွင်အလှတရားတွေရှိသည်တဲ့ ဤသို့ဆိုလျှင်သူသည်ထိုအလှတရားတွေကိုရှာဖွေနေမိ သူတစ်ဦးများလား။

သီဟ၏နှုတ်ခမ်းသားလေးများအားကြည့်ရင်း သူထိန်းချုပ်နိုင်စွမ်းတွေကင်းလွတ်သွားကာ ထိုနှုတ်ခမ်းသားလေးများ၏စွဲမက်ဖွာရာအလှတွင် ယစ်မူးမိကာ…… သူမျက်နှာကို သီဟမျက် နှာဆီသို့ကပ်လိုက်မိကာ…. တုန်ရီနေသောစိတ်တွေကို ထိန်းချုပ်ထားရင်း……. သူ့မျက်လုံး တွေကိုစုံမှိတ်လိုက်ပြီး….. သူ့အားပြုစားနိုင်စွမ်းရှိလွန်းသည့် နှုတ်ခမ်းရဲရဲလေးကို နမ်းလိုက်မိ ပါသည်။

အို….. နှုတ်ခမ်းလေးက နွေးနေတာပဲ။ သီဟနှုတ်ခမ်းနှင့်သူ့နှုတ်ခမ်းတို့ ဟပ်မိသွားတယ်ဆိုရင် ပဲသူ့ရင်ထဲကို အမျိုးအမည်မသိသော ရင်ခုန်သံအသစ်ခံစားချက်အသစ်တွေ ဒရောသောပါးဝင် ရောက်လာပါသည်။ ကောင်းကင်ပေါ်က မြူးကြွနေတဲ့သံစဉ်သစ်တွေ သူ့ရင်ထဲကိုဝင်ရောက်တီး ခတ်နေသလို ထိုးဖောက်ဝင်ရောက်လာသည့် ချစ်ခြင်း၏ရနံ့လေးတွေက သူ့ရဲ့အသွေးထဲအသား ထဲသို့ ပျံ့နှံ့နေအောင် လည်ပတ်စီးစင်းနေပြီဖြစ်သည်။

စိုစွတ်စွတ်အရသာကိုသူ့ဘဝတွင် ပထမဦးခံစားဖူးခြင်းဖြစ်သည်။ ထိုစိုစွတ်စွတ်ကလေးသည် ဘာနဲ့မှလည်းမရသော ခံစားချက်တွေ ရင်ခုန်လှိုက်မောခြင်းတွေ အကြင်နာအငွှေ့သက်လေး တွေနဲ့ ပျားရည်ကဲ့သို့ချိုမြိန်နေသော အချစ်တွေပေါင်းစပ်ထားသည်ဟုထင်မိသည်။ လူတစ် ယောက်၏နှလုံးအိမ်ကိုထိုးဖောက်နိုင်စွမ်းရှိသော နှုတ်ခမ်းသားပိုင်ရှင်လေးရယ်…..

သူ့နှုတ်ခမ်းကိုသီဟနှုတ်ခမ်းတွေဆီမှခွာလိုက်ပြီး သီဟမျက်နှာလေးကို ကြည့်မဝနိုင်ဖြစ် နေမိသည်။

စိမ်းစိုနေသောတောအုပ်ကြီးသည် လေယူရာအတိုင်းယိမ်းနွဲ့နေသည်။ မြစ်ပြင်ကျယ်သည် ရွှေဘော်ရောင်ပက်ဖြန်းလျက်တောက်ပနေသည်။ တစ်ခါတစ်ရံတွင် လှိုင်းလုံးငယ်ကလေးများ

ကလည်း မြစ်ကမ်းစပ်သို့လာရောက်ကျယ်စားနေကြသည်။

ပုံပြင်တွေ စိတ်ကူးယဉ်ဆန်ဆန်ဇာတ်လမ်းတွေထဲကလို လင်းလက်တောက်ပလာတဲ့ရောင်ခြည် သစ်ကလေးတွေနဲ့ အမုန်းတရားဆိုတာဘာမှန်းမသိခဲ့။ စိမ့်ကဲ့နေသောရာသီဥတု သစ်တောစိမ်း ကြီးထဲမှထွက်ပေါ်လာသော သစ်တောရနံ့နှင့် တစ်ခါတစ်ရံတွင်အမျိုးအမည်မသိတိရိစ္ဆာန်ငယ် လေးများ၏ငြီးညူသံလေးများရောနှက်နေကာ ရင်ခုန်သံအသစ်တွေသည် သူ့ရင်ထဲတွင် မွေးဖွား သန့်စင်ခဲ့သည်။ ထိုရင်ခုန်သံတွေကိုသူအမိအရဖမ်းဆုပ်ထားရင်း ရင်ခွင်ထဲမှလွတ်ထွက်သွားမလား စိုးရိမ်မိကာ ထွေးပိုက်ထားမိပါသည်။

နှစ်နာရီခန့်ကြာသောအခါ နေရောင်ခြည်သည်အရှိန်လျော့သွားကာ နီညိုရောင်အဖြစ်သို့ပြောင်းလဲ သွားပါသည်။ သစ်ပင်အချို့မှသစ်ကိုင်းများသည်လည်း လေတိုက်သံနှင့်အတူ လှုပ်နေကြ သည်။ မြစ်ပြင်ကျယ်ကြီးထဲတွင် သဲတွေတင်လာသောစက်လှေတစ်စီးက တရွေ့ရွေ့ခုတ်မောင်း နေပါသည်။ သီဟလက်ကလေးတွေက အနည်းငယ်လှုပ်ရှားလာပြီး မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်လာသည်ကိုတွေ့ရသည်။

“နိုးပြီလားသီဟ…”

သီဟကသူ့မျက်လုံးတွေကိုပွတ်သပ်လိုက်ရင်း သူ့ကိုအိပ်မှုံစံဖွားဖြင့်ပြုံးပြပါသည်။

“အင်း…. နိုးပြီ”

သူ့ကိုကလေးတစ်ယောက်လိုချစ်ခင်ဖွယ်ရာပြောသည်။ ထို့နောက်သူ့ပေါင်ပေါ်မှ ထလိုက်ကာ ငုတ်တုတ်ထိုင်လိုက်သည်။

“ငါးမရဘူးလား မိုးည”

သူဟက်ဟက်ပက်ပက်ရယ်မိပါသည်။ ဒီနေ့သူတို့ကံဆိုးစွာဖြင့် ငါးတစ်ကောင်မှမရပါ။

“မရဘူးသီဟ ငါးမျှားတံတွေကိုကြည့်ပါလား ဒီအတိုင်းပဲ”

  သီဟကလည်းသူနဲ့လိုက်ပြီး ရယ်ပါသည်။ ထို့နောက်ထိုင်နေရာမှထပြီးမတ်တတ်ရပ်လိုက်သော အခါ ထိုးထိုးထောင်ထောင်ဖြစ်နေသော သီဟညီဘွားလေးကို အတွင်းခံဘောင်းဘီလေးဖြင့် ထင်းနေအောင်မြင်လိုက်ရသည်။ ရုတ်တရက်မို့ သူ့မျက်စိတွေပြာသွားသည်။ သီဟကအကျော ဆန့်ပြီးခါးကိုကော့လိုက်သောအခါ အရှေ့သို့ပိုပြီး ငေါထွက်လာသည်။ သီဟမျက်နှာက မြစ်ပြင် ကျယ်ကိုငေးနေသဖြင့် သူခိုးကြည့်နေတာကိုတော့မမြင်ပါ။ အိပ်ရာနိုးကာစမိုလို့လားတော့မသိ သီဟညီဘွားလေးက အားကောင်းနေပုံပေါ်ပါသည်။ သီဟညီဘွားလေးကို သူချက်ချင်းပဲ ကိုင်ကြည့်လိုက်ချင်ပါသည်။

“အဝတ်စားတွေခြောက်လောက်ပြီထင်တယ် ညနေတောင်စောင်းနေပါလား”

သီဟကသူ့ကိုမကြည့်ပဲပြောသည်။

“ပြန်ကြတော့မလား သီဟ”

“အင်း ပြန်ကြမယ်လေ”

သူငါးမျှားတံနှစ်ချောင်းကိုသွားဖြုတ်လိုက်ကာ စက်ဘီးတွင်သွားရောက်ချည်နှောင်ထားလိုက်သည်။ သီဟကတော့ အဝတ်အစားတွေရုပ်လာကာ သူ့ကိုလာပေးသည်။ ထို့နောက် အသီးသီးဝတ်ဆင် လိုက်ကြပြီးနောက် ထိုနေရာမှသူတို့နှစ်ယောက်ထွက်ခွာလာခဲ့ကြပါသည်။

နေရောင်မှေးမှိန်သွားပြီဆိုတာနဲ့ အချမ်းဓာတ်ကလဲပို၍ပို၍ကဲလာပါသည်။ နေပြောက်မထိုးသော သစ်တောအုပ်ကြီးထဲမှသူတို့နှစ်ယောက်ဖြတ်သန်းလာခဲ့ကြသည်။ အပြန်လမ်းသည်ကုန်းတက်ကြီး ဖြစ်သဖြင့် စက်ဘီးကိုဆင်းတွန်းလာခဲ့ကြသည်။ ကုန်းပေါ်ရောက်သောအခါ နှစ်ယောက်စလုံးအ တော်ဟိုက်သွားကြပြီဖြစ်သည်။ စက်ဘီးကိုဖြေးညှင်းစွာတွန်းရင်း စကားတပြောပြောနှင့် ယူကလစ် တောထဲရှိ သစ်ရွက်ခြောက်တွေ သစ်ကိုင်းခြောက်လေးတွေပေါ်မှ ဖြတ်နင်းလာခဲ့ကြသည်။

“သီဟ…..”

“ဟင်……”

စက်ဘီးကိုတွန်းနေရင်းသီဟကသူ့ကိုကြည့်လာသည်။ သူခြောက်ကပ်ကပ်ချောင်းတစ်ချက်ဆိုး လိုက်သည်။

“ဘာမှမဟုတ်ပါဘူး”

သီဟကခပ်ရဲ့ရဲ့လေးရယ်သည်။ ထို့နောက်သူ့လက်မောင်းကို လက်သီးဖြင့်ဖွဖွလေးထိုးလိုက် သည်။ သူလည်းသီနှင့်ရောယောင်ပြီးရယ်မိပါသည်။

“မိုးည”

သီဟကသူ့ကိုခေါ်သည်။

“အင်း….”

“မိုးညမှာကောင်မလေးရှိလား”

ရုတ်တရက်မေးလာသောမေးခွန်းကြောင့်သူကြောင်သွားပါသည်။ သီဟကိုဘာပြန်ပြောရမှန်း တောင်မသိတော့ပါ။ သီဟဘာကြောင့်ဒီလိုမေးတာပါလိမ့်။

“တကယ်လို့ရှိတယ်ဆိုရင်လည်း ကျွန်တော်နဲ့တော့အခင်အမင်မပျက်ပါနဲ့နော်။ ကျွန်တော်မိုးည ကိုခင်တယ်။”

“မရှိသေးပါဘူး သီဟရဲ့။ သီဟကိုလည်း ကျွန်တော်ခင်ပါတယ်။ ကျွန်တော်ကဒီမြို့ကိုရောက်လာ တာမကြာသေးတော့ ရင်းရင်းနီးနီးပေါင်းရမယ့်သူမရှိသေးဘူး”

သီဟကသူ့ကိုနှာခေါင်းရှုံ့ပြပါသည်။

“ဘာဖြစ်လို့လဲသီဟ…..”

“မိုးညစကားပြောနေတာ ကျွန်တော့်အဘွားလေးနဲ့တူနေလို့ ဟိဟိ”

“အာ….. သီဟကလည်းပေါက်ပေါက်ရှာရှာ…”

“ဟား……ဟား……..ဟား…….”

ကြက်ဥတစ်လုံးပြုတ်ဖို့သုံးမိနစ်ဆိုတဲ့အချိန်ကို အကောင်းစားနာရီတစ်လုံးနဲ့ကြည့်ဖို့မလိုသလို အချစ်ဆိုတဲ့အရာကိုရှာဖွေဖို့ မှန်ဘီလူးကောင်းကောင်းမလိုပါဘူး။ အဓိကကတော့ အရင်းခံချစ် တတ်တဲ့ရင်ဘတ်နဲ့ ကိုယ့်နှလုံးသားကိုလှုပ်နှိုးနိုင်စေတဲ့လူမျိုးကိုရှာဖွေနိုင်ဖို့ပါပဲ။ လမင်းကြီးကသာ တကယ်လို့ခွင့်ပြုခဲ့မယ်ဆိုရင် ကြယ်လေးတွေကို သူ့ရဲ့ချစ်သူအတွက်ဆွတ်ခူးပေးချင်မိပါသည်။ တကယ်တော့ပူပူနွေးနွေးအချစ်ဆိုတာမျိုးလေးက သိပ်ကိုယုယကြင်နာရတဲ့အမျိုးလေ သူကသိပ်ကို တန်ဖိုးရှိတာ။ ဒီလိုလတ်လတ်ဆတ်ဆတ်ရင်ခုန်သံတွေရဖို့ ဘယ်ဈေးမှာမှရှာဝယ်၍မရပါ။

  တည်ရှိခြင်းမတည်ရှိခြင်းတွေသာပျောက်ဆုံးသွားမယ်ဆိုရင် အချိန်တွေကိုသာရပ်တန့်ထားလို့ရ မယ်ဆိုရင် ဒဏ်ရာတွေသာမကုစားပဲသက်သာသွားခဲ့မယ်ဆိုရင် လောကကြီးမှာကံအကောင်းဆုံး လူနာအဖြစ်သူအသက်ရှင်ရပ်တည်ချင်ပါသည်။ စီးဆင်းနေတဲ့စမ်းရေအေးအေးလေးတွေ ကျောက် တုံးသေးသေးလေးတွေကြားထဲ တိုးဝှေ့ပြီးဖြစ်ပေါ်လာတဲ့ ဝဲဂယက်သေးသေးလေးတွေကို သိပ်မကြာခင်မှာပဲ ရေပြင်ထဲမှာပြန်လည်ပျောက်ကွယ်သွားမယ့် အချစ်မျိုးကိုသူမလိုချင်ပါ။

တကယ်တော့ အချစ်ဆိုတဲ့ကဗျာလေးဟာ တကယ်တော့သိပ်ကိုနူးညံ့သိမ်မွေ့တဲ့အရာလေးပါ။ လူတွေရဲ့နှလုံးသားဟာအချစ်နဲ့တွေ့ရင် နူးညံ့သိမ်မွေ့သွားတတ်လို့ အချစ်ဟာလူတွေကိုပြုစား နိုင်စွမ်းရှိတဲ့ သိမ်မွေ့တဲ့နှလုံးသားပိုင်ရှင်လေးလို့ဆိုရလေမလား။

သူနှင့်သီဟအတန်လျောက်လာသောအခါ လမ်းခွဲရမည့်နေရာသို့ရောက်လာသည်။ ကောင်းကင်ယံ တွင်တော့ငှက်ငယ်တစ်ချို့ပြန်သန်းနေကြပါသည်။

“ကဲ…. သွားတော့မယ်မိုးည”

သီဟကသူ့ကိုနှုတ်ဆက်သည်။ သူခေါင်းညိတ်ပြလိုက်သည်။

“အင်း”

သီဟကသူ့ကိုကြည့်ပြီးမသွားသေးပဲပေကပ်ကပ်လုပ်နေသည်။ သီဟသူ့ကိုတစ်ခုခုပြောချင်နေ သေးဟန်ရှိသည်။ သူကလည်းသီဟကိုတစ်ခုခုပြောချင်နေသေးသည်။ သို့သော်သူဘာပြောရမှန်း မသိပါ။ ဒါမှမဟုတ်သီဟကိုများမသွားစေချင်သေးတာလား။

သီဟကသူ့ကိုဆွေးမြေ့စွာကြည့်နေသည်။ သီဟအကြည့်တွေကအဓိပ္ပါယ်တစ်မျိုးဆောင်နေမှန်း သူရိပ်စားမိသည်။ သို့သော်ထိုအကြည့်တွေက ဘာအဓိပ္ပါယ်လည်းတော့သူမသိပါ။

သီဟကလက်ထဲမှစက်ဘီးကိုမြက်ခင်းပေါ်သို့ ပစ်ချလိုက်ကာ သူဆီသို့လျောက်လာပြီး……

သူ့…….ကို………ရုတ်……တ……ရက်…….သိုင်း…….ဖက်……….လိုက်………ပါ……..သည်

   သီဟရယ်…… သူ့ရင်ထဲအလိုလိုနေရင်နွေးထွေးလို့သွားရသည်။ သီဟကသူ့ကို သိုင်းဖက် ထားဆဲပါပင်။ သူ့လက်တွေကလည်း အလိုလိုသီဟရဲ့ခါးတွေကိုဖက်မိသားဖြစ်သွားသည်။

ဝမ်းသာလိုက်တာသီဟရယ်…… မင်းရဲ့ရင်ငွှေ့နွေးနွေးလေးတွေနဲ့ငါ့ကိုနွေးထွေးမှုတွေပေးတဲ့ အတွက်ပေါ့။ တကယ်ဆိုရင်ငါဟာမင်းကို လွတ်ထွက်သွားမတွက်ဖက်ထားချင်သူပါ။

သီဟကသူ့ကိုသိုင်းဖက်ရာမှ ဖြေလိုက်ပြီး ပြုံးပြပါသည်။ သူလည်းသီဟကိုပြုံးပြလိုက်သည်။ သို့သော် သူ့အပြုံးထဲတွင်တော့ ရှက်စိတ်ကလေးတွေပါဝင်ဦးမည်ထင်သည်။ သီဟသူ့အနား မှကျောခိုင်းထွက်ခွာသွားပြီး အဝေးသို့ရောက်ရှိသွားပါသည်။ သူသီဟရဲ့ကျောပြင်ကိုငေးကြည့် နေရင်းသက်ပြင်းလေးငွှေ့ငွှေ့ချရုံမှတပါး အခြားဘာများတက်နိုင်ပါဦးမည်နည်း……

 

အခန်း(၇)

လှပသောမိုးကောင်းကင်တို့သည် ပန်းချီဆရာတစ်ယောက်၏ချယ်မှုန်းမှုတို့အလား လူသားတို့နှလုံးသားတို့ကို ဖမ်းစားနိုင်စွမ်းရှိကြသည်။ ထို့အတူ အမျိုးအစားများပြားလှသော ဂီတများသည်လည်း လူတွေ၏စိတ်ကို ခွေ့ယိုင်သွားအောင် ပြုစားနိုင်စွမ်းရှိကြသည်။ လောကကြီး တွင်ရှိသော အလှတရား သဘာဝတရားနှင့် ထူးခြားဆန်းကျယ်မှုတို့သည်လည်း လူတွေကို အမျိုးမျိုးပုံစံပြောင်းလဲနေစေသည်။ ဆောင်းငွှေ့တွေကြားက ချယ်ရီတွေ မိုးနံ့ပါတဲ့လေပြေလေ ညှင်းလေးတွေ ခပ်လှမ်းလှမ်းကနေမကြာမကြာထွက်ပေါ်လာတတ်တဲ့ သီချင်းသံတွေ……

သူဟာဂီတကိုချစ်မြတ်နိုးသူတစ်ယောက်မို့ ဂီတနှင့်ပက်သက်ပြီး စိတ်ထိခိုက်လွယ် စိတ်ခံစား လွယ်သည်။ တစ်ချိန်တစ်ခါက တစ်နေရာရာတွင် ဂီတတစ်ခုကိုနားဆင်ခဲ့မိပါက အခြားတစ်နေရာ သို့အမှတ်မထင်ရောက်ရှိချိန် မထင်မှတ်ပဲထိုဂီတကိုပြန်လည်နားဆင်မိသည့်အခါ စိတ်ထဲတွင် ရုတ်တရက်ဆိုသလို အတိတ်ကထိုဂီတနားဆင်ခဲ့ဖူးသည့်နေရာအချို့ကို သတိရသလိုလို လွမ်းဆွတ်သလိုလိုဖြစ်သွားတတ်သည်။

မနက်ခင်းနေခြည်နွေးနွေးလေးသည် မြက်ခင်းပြင်ပေါ်သို့ဖြာကျနေပါသည်။ ထိုမြက်ခင်းပြင် ပေါ်တွင် သူ့လွယ်အိတ်ကိုခေါင်းအုံးကာ နေပူစာလှုံရင်းပက်လက်လှန်အိပ်နေမိသည်။ စူးရှရှနေ ရောင်ကြောင့်မျက်စိတွေက မှိတ်ထားပေမယ့် အလင်းရောင်တွေကိုမြင်နေရသလိုလို……

Campus ထဲတွင်ကျောင်းသားကျောင်းသူအချို့သွားလာနေကြပါသည်။ အချို့ကတော့ မြက်ခင်းပြင်ပေါ်တွင် ဟိုတစ်စုသည်တစ်စုထိုင်ကာစာဖတ်နေကြသူများရှိသလို စကားပြောနေကြ သူများလည်းရှိသည်။ သူကတော့တစ်ယောက်တည်းနားအေးပါးအေး အတန်းနားချိန်တွင် သီချင်းနားထောင်နေရင်း နေပူဆာလှုံနေတာဖြစ်ပါသည်။

ထိုစဉ်တစ်စုံတစ်ယောက်ကသူ့အနားသို့လျောက်လာသည်ဟုခံစားရသည်။ သို့သော် သူ့မျက်လုံးတွေကိုတော့ဖွင့်မကြည့်မိပါ။ မြက်ခင်းပြင်ပေါ်တွင် ဆက်လက်ပြီးမှေးစက်နေမိပါသည်။

“မိုးည……”

အသံကြားတော့မှသူလန့်သွားသည်။ ဒါသီဟအသံပဲ……

“ရှာလိုက်ရာတာမိုးညရယ် မိုးညကိုကျောင်းထဲမှာပတ်ရှာနေတာနှံ့နေတာပဲ။ ဘယ်မေဂျာကမှန်းလဲ မသိတော့ ဒုက္ခတွေကိုရောက်နေတာ။ ဖုန်းဆက်တာလဲဆက်သွယ်မှုဧရိယာပြင်ပလို့ ပြောနေတယ်”

သူမြက်ခင်းပေါ်သို့ ငုတ်တုတ်ထိုင်လိုက်ပါသည်။ သီဟကသူ့ဘေးးတွင် တင်ပြင်ခွေလေးလာထိုင် သည်။

“ဒါနဲ့ဘာပြောမလို့လဲသီဟ…”

“သြော် ဟုတ်သားပဲ မေ့တော့မလို့”

သီဟကတစ်ခုခုကိုသတိရသွားဟန်ဖြင့် သူ့လွယ်အိတ်ထဲမှ ပစ္စည်းတစ်ချို့ကို ထုတ်ယူလိုက်သည်။

“ရော့….”

သီဟပေးသောဇစ်ဆွဲအိတ်ကလေးကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင်DVD အချပ်လေးထွက်လာပါသည်။

“Sam Smith ရဲ့ Stay with me, John Legend ရဲ့ All Of me, Taylor Swift ရဲ့ Bad Blood, Wiz Khalifa ရဲ့ See You Again, Adele ရဲ့ Set Fire To The Rain, အခုခေတ်စားနေတဲ့ Brandon Beal ရဲ့ Twerk it like Miley လဲပါတယ် ပြီးတော့တခြားကောင်းမယ်ထင်တဲ့သီချင်းတွေလဲ ထည့်ထားတယ် ”

သူသီဟကိုမော့ကြည့်လိုက်သည်။

“ဒီဟာက ကျွန်တော့်ကိုပေးတာလား”

“ဟုတ်တယ်လေ မိုးည Birthday Present အဖြစ်နဲ့ပေါ့”

သူတစ်ချက်ကြောင်သွားပါသည်။ ဒီနေ့သူ့မွေးနေ့လည်းမဟုတ်ပါ။

“နေပါဦးသီဟ ဒီနေ့ကျွန်တော့်မွေးနေ့လို့သီဟကိုဘယ်သူပြောလဲ”

သီဟကဘာမှမပြောပဲပြုံးသည်။ ထို့နောက်သူ့အိတ်ကပ်ထဲမှ ဖုန်းကလေးကိုထုတ်ပြီး Facebook ထဲမှ Noti ထဲတွင် ဒီနေ့သူ့မွေးနေ့ဖြစ်ကြောင်း Remind လုပ်ထားသည်ကိုပြသည်။

“ဟဟ သီဟမှားနေပြီ ကျွန်တော့်မွေးနေ့ကလိုသေးတယ်။ Facebook ပေါ်ကဟာက မမှန်ဘူး ”

သူ့စကားကြောင့် သီဟမျက်နှာကြီး မချိုမချဉ်ဖြစ်သွားပါသည်။ အောင့်သက်သက်ဖြစ်သွားပုံရသည်။ သီဟစိတ်ဆိုးသွားမည်စိုး၍ သူအလျင်အမြန်ပဲ….

“ဒါပေမယ့် သီဟပေးတဲ့လက်ဆောင်ကိုကြိုက်တယ်။ ကျွန်တော်ကလဲ သီချင်းတွေကို ရူးရူးမူးမူး နားထောင်တဲ့သူလေ။ အခုလိုသီချင်းကောင်းတွေ တကူးတကရှာပြီးပေးတာ အရမ်းကျေးဇူးတင်တယ်”

“Facebook မှာ ကိုယ့်ရဲ့ Personal data တွေကိုအမှန်တိုင်းပဲဖြည့်ကြတာမဟုတ်ဘူးလား။ မိုးညကျမှဘယ်လိုဖြစ်တာလဲ Fake Acc ကြီးလား”

“မဟုတ်ပါဘူးသီဟရာ Acc လုပ်တုံးကအလျင်စလိုပဲဖြည့်ထားလိုက်တာပါ။ ပြီးမှပြန်ပြင်လိုက်မယ်လေ”

“အင်း…..”

သီဟငူတူတူကြီးဖြစ်နေတာကြည့်ပြီး သူမနေတတ်တော့ပါ။ သီဟစိတ်ပျော်ရွှင်သွားအောင် တစ်ခုခု လုပ်ပေးချင်သည်။

“သီဟ”

“ဟင်…”

“စိတ်ခုသွားတာလား”

“မခုပါဘူး”

“မခုပါဘူးသာဆိုတယ် မျက်နှာကြီးက မသာမယာကြီးပါလား”

သီဟကသူ့ကိုဘာပြောလို့ပြောရမှန်းမသိဖြစ်နေပုံပေါ်သည်။

“ကဲ သီဟကို မုန့်လိုက်ကျွေးမယ်ဘာစားမလဲ”

သီဟမျက်နှာချက်ချင်းဆိုသလို ဝင်းပသွားသည်ကို သူဖြတ်ကနဲတွေ့လိုက်သည်။

“တကယ်ပြောတာလား မိုးည ကျွန်တော်စားချင်တာတကယ်လိုက်ကျွေးမှာလား”

“အင်းပေါ့”

“Salmon ငါးကို သံပုရာ Sauce နဲ့စားချင်တယ်။ ပြီးတော့ ဆလပ်ရွက်သုပ်ရယ် အီတလီအမဲသားခေါက်ဆွဲရယ် ပြီးတော့….”

“နေ…..နေပါဦး သီဟရဲ့ အဲ့ဒီအစားအစာတွေက ဘယ်မှာရတာလဲ ကျွန်တော်တောင်မစားဖူးဘူး”

သီဟစကားမဆုံးသေးခင်သူဖြတ်မေးလိုက်ခြင်းဖြစ်သည်။

“ဟဲဟဲ ကျွန်တော်သိပါတယ်။ ကျွန်တော်ခေါ်သွားမယ်လေ။ ပိုက်ဆံမလောက်မှာစိုးရင် ATM လေးဘာလေး ကြိုပြေးထားဦးနော်”

သူတစ်ချက်ပြုံးလိုက်ပါသည်။

“ATM ကဒ်မသုံးသေးပါဘူး။ ဒါပေမယ့်သီဟစားချင်တာတော့ ကျွေးနိုင်တဲ့ငွေလုံလုံလောက် လောက်ပါပါတယ်မပူပါနဲ့ ”

“အိုကေ….. ဒါဆိုသွားကြစို့”

ဤသို့နှင့် သူနှင့်သီဟ ဆိုင်ကလေးရှိရာသို့ထွက်လာခဲ့ပါသည်။ သူ့မျက်စိထဲတွင် အရာရာအေး ချမ်းနေသလို သူ့စိတ်ထဲတွင်လည်း ပျော်ရွှင်မှုတွေပြည့်နှက်လို့နေပါသည်။ သူ့ရင်ထဲကအပျော် တွေကိုသီဟတစ်ယောက်သိမှသိပါလေမလား…..

လေစိုင်လေခဲတွေလို ကိုယ်ထည်သာမြင်ရပြီး အမှန်တကယ်ဆုပ်ကိုင်ခွင့်မရှိသည့်ဘ၀လို…. သူ့ရှေ့မှာလှပစွာဖူးပွင့်နေတဲ့ပန်းလေးတစ်ပွင့်ကို မနမ်းရက်သည့်နှလုံးသားမျိုးနှင့် သူနှင့်တွေ့နေရုံ သူ့အပြုံးလေးမြင်နေရရုံဖြင့်သာ ကျေနပ်နေမိပါသည်။ ဘာပဲဖြစ်ဖြစ် သီဟသာသူ့အနားမှရှိနေမယ် ဆိုရင်သူ့အတွက်လုံလောက်ပါသည်။

သီဟကိုသူချစ်သည့်အချစ်က ဘာကိုမှမျှော်လင့်အားကိုးသည့်အချစ်မျိုးလည်းမဟုတ်သလို အခြား ညစ်ညမ်းသည့်အရောင်တွေမပါဝင်ပါ။ သူ့အချစ်ကသန့်ရှင်းသည် ဖြူစင်သည် သီးသန့်ရပ်တည်နေ တဲ့အချစ်မျိုးဖြင့်သီဟကိုချစ်ခြင်းဖြစ်သည်။ သီဟရဲ့အပြုံးလေးနဲ့သီဟရဲ့တီတီတာတာစကားသံ လေးတွေသာသူမြင်ရကြားရမယ်ဆိုရင် ဘာကိုပဲပေးဆပ်ရပါစေသူခေါင်းညိတ်မိမှာဖြစ်သည်။

 သီဟခေါ်သည့်စားသောက်ဆိုင်ရှေ့ရောက်သောအခါ ဆိုင်ကသိမ်းပြီးသားဖြစ်နေသည်။ ဆိုင်ရှေ့တွင် ရွက်ဖျင်ထီးလေးများကိုခေါက်ထားပြီး ထိုင်ခုံများကိုစားပွဲခုံပေါ်သို့မှောက်တင်ထား ပါသည်။ “Sam Foods And Drinks” ဟူသောဆိုင်းဘုတ်အောက်တွင် “Closed” ဆိုသော စာသားလေးကိုထင်ရှားစွာချိတ်ထားလေသည်။

“သီဟ…..”

သူတစ်ခုခုပြောမည့်ဟန်ပြင်လိုက်စဉ်မှာပင်သီဟက သူ့လက်ကိုဆွဲပြီးဆိုင်ရှိရာသို့ခေါ်သွားသဖြင့် ဘာမှမပြောတော့ပဲ ယောင်နနဖြင့်အနောက်ကနေအသာပါလာခဲ့ပါသည်။ သီဟကဆိုင်တံခါးကိုဖွင့် လိုက်သောအခါအထဲတွင် ၀ိုင်ပုလင်းများဖြင့်စီရီထားသောကောင်တာတစ်ခုကိုတွေ့ရပြီး နီယွန်မီး ရောင်များအောက်တွင် မှောက်ထားသောစားပွဲခုံများကိုတွေ့ရသည်။ ဆိုင်၏တစ်နေရာတွင်တွင် တော့ စန္ဒာရားတစ်လုံးချထားသည်ကိုတွေ့ရပြီး နံရံအချို့တွင် ထူးဆန်းသောပန်းချီကားအချို့ကို ချိတ်ဆွဲထားသည်။ ဆိုင်၏ဖွဲ့စည်းတည်ဆောင်ပုံနှင့် မီးအလင်းအမှောင်အနေအထားအရ ဆိတ်ငြိမ် မှုကိုဦးစားပေးရန်ရှိပြီး စိတ်ကူးယဉ်ဆန်ဆန်ဖန်တီးထားကြောင်းတွေ့ရသည်။ ထို့အပြင်စားပွဲခုံ အချို့နားတွင် Indoor Plants အချို့ကိုစိုက်ထားသည်။

သူတို့နှစ်ယောက်ဆိုင်ထဲကိုဝင်သွားတော့ အသက်လေးဆယ်ခန့်မျက်ခုံးကောင်းကောင်းနှင့် အန်တီတစ်ယောက်ထွက်လာသည်။ ထိုအန်တီကြီးကသူတို့နှစ်ယောက်ကိုပြုံးပြသည်။

“ဒါ…. မိုးညတဲ့ မေမေ”

“အိုး….. ချစ်စရာလေးပါလားကောင်လေးက”

ထိုအန်တီကြီးကဖော်ရွေစွာဖြင့် သူ့ကိုနှုတ်ဆက်သည်။

“ဒါသီဟတို့ဆိုင်လား…..”

သီဟကသူ့ကိုခေါင်းညိတ်ပြသည်။ သြော်…. ဒါ့ကြောင့်သီဟကသူ့ဆိုင်က အစားအစာတွေကို သူ့ကိုရွတ်ပြနေတာကိုး….

“မေမေ ဒီနေ့သားစားဖိုမှုးလုပ်မယ် ဒီကသားသူငယ်ချင်းကိုသားလက်ရာကျွေးချင်လို့”

“အိုကေသား။ ဒါဆိုမေမေသားညီမလေးကိုသွားဆေးခန်းလိုက်ပို့လိုက်ဦးမယ် ဒီနေ့သားညီမ လေးကို Orthodontic လုပ်ပေးစရာရှိလို့”

“သူ့သွားလေးတွေက လှပြီးသားပါမေမေရ။ လုပ်ဖို့လိုသေးလို့လား”

“သြော် မိန်းကလေးဆိုတာယောကျာ်းလေးလိုမဟုတ်ဘူးသားရဲ့။ ပြီးစလွယ်ထားလို့မရဘူး အစစအရာရာဂရုစိုက်မှ တင့်တင့်တယ်တယ်ရှိမှာ။ သားကိုတော်မေမေဂရုတော်တော် စိုက်လို့ အခုလိုလူချောလေးဖြစ်လာတာပေါ့”

သီဟမေမေကိုတွေ့တော့ သူ့မေမေလည်းသက်ရှိထင်ရှားရှိနေသေးရင်ကောင်းမှာပဲဟုတွေးမိ သည်။ သူ့တွင်ယခုလို သေးသေးမွှားမွှားကိစ္စလေးတွေကအစ လိုက်လံဂရုစိုက်ပေးမယ့် မိခင်မျိုး မရှိပါ။ သီဟကကံကောင်းပါသည်။

“သားလေး ပျော်ပျော်ရွှင်ရွှင်နေနော် သီဟအနိုင်ကျင့်ရင်အန်တီ့ကိုပြောသိလား”

သူသီဟမေမေကိုပြုံးပြလိုက်သည်။ သီဟမေမေလည်းသူ့မေမေဖြစ်လိုက်ရင်ဘယ်လောက် ကောင်းလိုက်မလဲလေ….

“ဟုတ်ကဲ့ပါအန်တီ”

“ဒါဆိုအန်တီသွားတော့မယ်သားတို့”

“ဟုတ်ကဲ့အန်တီ”

သီဟမေမေကသူတို့နှစ်ယောက်ကိုနှုတ်ဆက်ကာ အပြင်သို့ထွက်သွားပါသည်။ သီဟကသူ့ကို စားဖိုဆောင်ထဲသို့ခေါ်သွားသည်။ စားသောက်ဆိုင်စားဖိုဆောင်ဖြစ်သောကြောင့် ဟင်းချက်ပြုတ် သည့်ပစ္စည်းကရိယာများစုံလင်လှသည်။ သီဟကရေခဲသေတ္တာထဲမှအသီးအရွက်တစ်ချို့ကိုယူကာ တောက်တောက်စဉ်းနေသည်။ ထို့နောက်အသားတစ်ချို့ကိုရေဆေးကာ အသင့်အနေထား လောက်လှီးလိုက်သည်။

“သီဟ ကျွန်တော်ဘာကူလုပ်ပေးရမလဲ”

“အင်း….အိုကေ ဒါဆို မီးဖိုပေါ်မှာ ရေနွေးတည်ပေး ရေကိုတစ်လက်မခွဲသာသာလောက်ပဲထည့်”

“အိုကေ”

သီဟပုံစံကြည့်ရတာ ချက်တာပြုတ်တာကျွမ်းကျင်ပုံရသည်။ အခြားကြည့်စရာမလို ဓားကိုင်တဲ့ပုံကို ကြည့်ပြီးခန့်မှန်း၍ရသည်။ သူ့ကိုသာထိုဟင်းသီးဟင်းရွက်တွေလှီးခိုင်းပါက ပုံစံညီညီလေးတွေ ထွက်လာဖို့မမြင်ပါ။ သီဟလှီးထားသောမုန်လာဥနီလေးများလို့ စဉ်းစဉ်းလေးနဲ့အရွယ်အစား ညီညီလေးထွက်လာဖို့နှင့် ဟန်ချက်ညီညီလှီးတက်ဖို့ဆိုတာမလွယ်ကူလှမှန်းသူသိပါသည်။

   ရေနွေးတည်ပြီးနောက်သူဘာလုပ်ရမှန်းမသိသဖြင့် စားပွဲပေါ်တွင်သွားထိုင်နေပြီး ဖန်ခွက်ထဲသို့ ရေတစ်ခွက်ငှဲ့ကာ ရေသောက်နေရင်သီဟလုပ်သမျှကိုင်သမျှကိုထိုင်ကြည့်နေပါသည်။ သီဟက မီးဖိုချောင်အိမ်ရှင်မတွေပတ်သော ခါးစည်းကြီးကိုပတ်ထားကာ သူ့အင်္ကျီလက်ကလေးတွေကို ခေါက်ထားသည်။ လုပ်ပုံကိုင်ပုံကသေသေသပ်သပ်ရှိပြီးသူလုပ်နေသောအလုပ်ကို စိတ်ဝင်တစား နှင့်စေ့စပ်သေချာအောင်လုပ်နေကြောင်းတွေ့ရသည်။

  Salmon ငါးကိုအရိုးနှင့်အရေခွံမပါပဲအသားသက်သက်ဖယ်ယူထားသည်။ ထို့နောက် မုန်ညှင်းရွက်အသေး သံပုရာသီးအစိပ်ကြီးနှစ်စိပ်နှင့် Casper ရွက်နှင့် သံလွင်ဆီနည်းနည်း သကြားနည်းနည်း ဆားနည်းနည်းတို့ကိုအသင့်ပြင်ထားသည်။ ထို့နောက်အိုးပြားထဲတွင် သံလွင်ဆီနည်းနည်းဆွတ်ကာ Salmon ငါးကိုငရုတ်ကောင်းမှုန့်ဆားနည်းနည်းဖြင့် အနည်း ငယ်ဝါလာအောင်ကြော်လိုက်ပါသည်။ မုန်ညှင်းရွက်ကိုမူသူ့ကိုတည်ခိုင်းထားသောရေနွေးဖြင့် အနည်ငယ်စိမ်လိုက်ပြီး အစိမ်းရောင်မပျယ်ခင် Salmon ငါးနှင့်အတူပန်းကန်ထဲသို့ထည့်လိုက် သည်။ ထို့နောက် သံပုရာသီး Casperရွက်နှင့် လုပ်ထားသော Sauce ကို Salmon ငါးပေါ်သို့ ဆမ်းလိုက်ပါသည်။ သီဟလုပ်ပုံကိုင်ပုံတွေက Professional စာဖိုမှုးကြီးတစ်ယောက်လိုပါပင်။

 ထို့နောက် ဆလပ်ရွက်သုပ်နှင့် အီတလီခေါက်ဆွဲကိုလည်း ထပ်မံပြုလုပ်ကာ သူ့ရှေ့တည့်တည့် သို့လာချပေးပါသည်။

“ကဲ…. စားနိုင်ပါပြီဗျား…..”

သီဟချပေးသောပန်းကန်ထဲမှ Salmon ငါးအနည်းငယ်ကို တူဖြင့်ယူကာစားကြည့်လိုက်သည်။

“ဘယ်လိုနေလဲ….”

သူခေါင်းညိတ်ပြလိုက်သည်။

“ကောင်းတယ် တော်တော်လေးကိုကောင်းတာ”

သီဟကကျေနပ်သွားသောအပြုံးဖြင့်ပြုံးနေလေသည်။ ထို့နောက်သူနှင့်အတူတူထိုင်ကာ စားပွဲပေါ်ရှိအစားအစာများကို စားသောက်ကြပါသည်။ သီဟစားပုံသောက်ပုံလုပ်ပုံကိုင်ပုံ နေပုံထိုင်ပုံကို ကြည့်ခြင်းအားဖြင့် စနစ်တကျအုပ်ထိန်းမှုအောက်တွင်ကြီးပျင်းလာသော လူရည်မွန်တစ်ယောက်ဖြစ်မှန်းသိသာပါသည်။ ထို့အပြင်ရုပ်ကလေးကလည်းရှိ ၀တ်တတ်စား တတ်ပြင်တတ်ဆင်တတ် သဘောကလည်းကောင်းဆိုတော့….. အင်း သူသီဟကိုချစ်ရမှာတောင် လန့်လာသည်။ သီဟနှင့်ချစ်သူတွေဖြစ်ခဲ့လျင်တောင် သီဟကိုစိတ်မချတဲ့စိတ်နဲ့ ကောင်းကောင်း မွန်မွန်နေရမည်မထင်ပါ။ သူသက်ပြင်းတစ်ခုသီဟမသိအောင်ခိုးချမိပါသည်။

“သီဟက Piano တီးတတ်သလား”

သီဟကပြုံးသည်။

“မတီးတတ်ပါဘူး”

“သြော်…. မသိပါဘူး ဆိုင်မှာ Piano ကြီးထားထားတော့သီဟများတီးတတ်သလားလို့”

“Piano ကမေမေတီးတာ။ သီဟမေမေတီးတဲ့သီချင်းထဲမှာ Marriage D’Amour ဆိုတဲ့သီချင်း လေးကိုအကြိုက်ဆုံးပဲ။ ဒါပေမယ့်မေမေကသူစိတ်ပါမှတီးတာမျိုးပါ နားထောင်ရခဲတယ်”

သီဟကပြောလို့မောသွားဟန်ဖြင့် စားပွဲပေါ်ရှိရေခွက်ကိုကောက်ကာမော့လိုက်သည်။ ထို့နောက် စားပြီးသွားသောသူ့ပန်းကန်းနှင့်စားပွဲပေါ်ရှိပန်းကန်းတွေကိုသိမ်းကာ ပန်းကန်ဆေးဘေစင်သို့ ယူသွားပါသည်။ ခဏကြာတော့သူ့ဆီပြန်ရောက်လာပါသည်။ လက်ထဲတွင် Coca Cola သံဗူး တစ်ဗူးပါလာသေးသည်။

“ရော့ မိုးည ကိုလာသောက်”

သူ့ကို Coca Cola သံဗူးပေးရင်းမျက်နှာချင်းဆိုင်တွင်မထိုင်တော့ပဲအနားတွင်လာထိုင်ပါသည်။ သူသီဟပေးသော Coca Cola ဗူးလေးကိုကိုင်ကြည့်လိုက်တော့ အေးစက်နေဆဲပင်။ သီဟက စားပွဲတွင်မေးထောက်ရင်းသူ့ကိုကြည့်နေသည်။ အအေးဗူးလေးကိုကိုင်ထားသောလက်တွေက အေးစက်တောင့်တင်းလာသည်။ သီဟအကြည့်တွေကသူ့ကိုစူးရှစွာစိုက်ကြည့်နေပါသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမြွေတစ်ကောင်၏ညှိ့ယူခြင်းကိုခံထားရသလို ငြိမ်သက်နေမိသည်။

“ဖောက်………”

Coca Cola သံဗူးကိုဖွင့်လိုက်တော့ အထဲမှဆိုဒါအမြုပ်တွေကရှဲကနဲဖြစ်သွားသည်။ အအေးဗူးကို သီဟပါးစပ်နားသို့ကပ်ပေးလိုက်တော့ သီဟကရယ်ပြီးငြင်းသည်။ သူအအေးဗူးကိုပြန်ယူလိုက်ပြီး တစ်ကျိုက်မျှမော့လိုက်သည်။ သူ့ကိုမေးထောက်ကြည့်နေသော သီဟမျက်လုံးအောက်တွင် သူဘယ်လိုနေရထိုင်ရမှန်းမသိတော့ပါ။ ပြီးတော့သီဟအကြည့်တွေကို သူဘယ်လိုရင်ဆိုင်ရမှန်းမသိ…..

သီဟကိုအကဲခတ်မိတော့အနည်းငယ်စိတ်လှုပ်ရှားနေဟန်ရှိပါသည်။ စားပွဲပေါ်တွင်တင်ထားသော အခြားလက်တစ်မှလက်ချောင်းကလေးများက ဂဏာမငြိမ်ဖြစ်ကာစားပွဲကိုတောက်နေပါသည်။ ထို့အပြင်သီဟအောက်နှုတ်ခမ်းလေးက လိုသည်ထပ်ပိုပြီးတင်းတင်းစေ့ထားသည်။ အအေးဗူးကို ဆုပ်ကိုင်ထားသော အေးစက်နေသည့်သူ့လက်တွေကို လှုပ်ရှားနေသောသီဟလက်ရှိရာသို့ တဖြည်းဖြည်းတိုးသွားလိုက်သည်။ ထို့နောက်…… သီဟလက်ချောင်းလေးတွေကို သူ့လက်ချောင်းလေးတွေဖြင့် ထိကြည့်လိုက်သောအခါ……

သီဟ၏လှုပ်ရှားနေသောလက်ချောင်းကလေးတွေက ငြိမ်သက်သွားသည်။ ထို့နောက်သူ့လက် ချောင်းကလေးတွေကနေတစ်ဆင့် သူ့လက်ကလေးကိုဆုပ်ကိုင်လိုက်သည်။ သူရောသီဟရောမည် သည့်စကားမှမဆိုမိပဲ တစ်ယောက်နှင့်တစ်ယောက်လက်ချင်းဆုပ်ကိုင်ထားမိကြသည်။ သူကတော့ လက်ရှိအခြေအနေသည်အမှန်တကယ်မှဟုတ်ပါရဲ့လားဟု သံသယ၀င်နေမိသည်။ ထိုစဉ် သီဟဦးခေါင်းကသူ့ဆီသို့တိမ်းညွတ်လာပြီး သူ့နှုတ်ခမ်းကိုရွှတ်ကနဲနမ်းလိုက်သည်။

သီဟအနမ်းတွေကမြန်ဆန်လွန်းသဖြင့် သူ့နှုတ်ခမ်းကလေးစိုကနဲဖြစ်သွားရုံသာသိလိုက်သည်။ သီဟကိုကြည့်လိုက်တော့ မျက်နှာကြီးကိုပြန်ငုံ့ထားပြီး ငြိမ်သက်နေပြန်သည်။ သို့သော်သူတို့ နှစ်ဦး၏လက်တွေကတော့ ခိုင်မြဲစွာတစ်ယောက်နှင့်တစ်ယောက် ဆုပ်ကိုင်ထားနေကြဆဲပါ။ သူအခု ဖြစ်နေတာ တကယ်လားအိမ်မက်လား……

အချစ်ဆိုတာ ရင်ခုန်ခြင်းတွေနဲ့တည်ဆောက်ထားတဲ့အရာမျိုးလား။ ဒါမှမဟုတ် ရေစီးကြောင်းထဲ ကြားကသံစဉ်တွေနဲ့ရေးဖွဲ့ထားတဲ့တေးသွားတစ်ပုဒ်လား။ မြတ်နိုးခြင်း သိမ်မွေ့နူးညံ့ခြင်းတွေ ပေါင်းစပ်ထားတဲ့အရာတစ်ခုလား။ လူတစ်ယောက်အတွက်အချစ်က ဘယ်လောက်အတိုင်းအတာ အထိအရေးပါနိုင်ပါသလဲ။ အချစ်ကကိုးကွယ်စရာတစ်ခုလား ဒါမှမဟုတ်ယုံကြည်ကိုးစားခြင်းလား။ သူ့အတွက်အချစ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ရမလဲသူမစဉ်းစားမိပါ။

တကယ်တော့ သူဟာလည်းကမ္ဘာကြီးပေါ်မှအသက်ရှင်နေတဲ့လူသားတွေထဲက သာမန်လူသား တစ်ဦးတစ်ယောက်ပါပဲမဟုတ်ပါလား။ ထို့ကြောင့်သူ့အတွက်သီးသန့်ဖြစ်တည်နေတဲ့ ထူးခြား မှုတွေဆိုတာမျိုးတော့မရှိလောက်ဘူးဟုထင်သည်။ ဘာကြောင့်များသူဟာသိပ်ကို စိတ်ကူးယဉ် ဆန်အတွေးလွန်နေတတ်တာပါလိမ့်။ မဖြစ်သေးတဲ့မနက်ဖြန်ဆိုတဲ့အရာတွေအတွက် သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေက သူ့ကိုသောကတွေအဖြစ်နှိပ်စက်လို့နေတတ်သည်။ လူအများနဲ့သက် ဆိုင်တဲ့ဝေါဟာရတွေကိုပဲ သူသုံးစွဲနေခြင်းမဟုတ်လား။ ဟုတ်ပါသည်……. သူသိနေပါသည်။

အချစ်ဆိုသောရောင်ချည်လေးတိုးဝှေ့လာချိန်…. မက်မောစွာနမ်းရှိုက်မိသူ သူ့အတွက်… အိမ်မက်ပေါ်က ရထားပေါ်မှာလိုက်ပါနေရင်း….. ဘယ်ဆီသို့ရောက်မှန်းမသိခဲ့….

တကယ်လို့သူဟာ သိပ်ကိုစိတ်ကူးယဉ်ဆန်တဲ့နယ်မြေတစ်ခုကိုရောက်ရှိသွားပါက….. မိုးတွေကို နမ်းဖို့သူကြိုးစားရမှာလား…..

 

အခန်း (၈)

အချိန်တွေသည်ရေစီးကြီးကြောင်းအတိုင်းအတိတ်ဆီသို့စီးဆင်းသွားသည်။ ပျော်ရွှင်ဖွယ်ရာများ သည်လည်း ထို့အတူ ထိုအတိတ်တွင့်မျောပါသွားကြသည်။ မိုးတွေကိုနမ်းဖို့ကြိုးစားခဲ့တဲ့ သူကိုယ်တိုင်မိုးမိခဲ့တာလားသူမသိတော့…. သို့ပေမယ့် သူထိုမိုးတွေကိုချစ်မိသွားပါသည်။

လောကကြီးတဖြေးဖြေးပြောင်းပြန်ရွေ့လျားနေသည့်အလား စိမ်းလန်းစိုပြည်နေသော မြက်ခင်းစိမ်း များကပုံပြင်ထဲကလိုလှပလို့နေပါသည်။ တသွင်သွင်စီးနေသောမြစ်ရေများသည်လည်း အဝေးမှ ကြည့်လျင်လင်းလက်တောက်ပနေသည်။

တဖြေးဖြေးဖြင့်ခြောက်သွေ့လာသော ရာသီဥတုက သစ်ပင်များကိုရိုးပြင်ကိုင်းကိုင်ဖြစ်ပေါ်လာစေ ပြီး သစ်ရွက်ခြောက်များက မြေပြင်တစ်လျောက်တွင် လွင့်လူးနေတတ်သည်။ နေရောင်ခြည် အောက်တွင် တိတ်ဆိတ်နေသောမြို့ကလေးသည်လည်း နေမင်းကြီးတောင်စွယ်သို့ဝင် သွားသည့်တိုင်အောင် ငြိမ်သက်နေပါသည်။ အရာရာအားလုံး ပုံမှန်အတိုင်းလှုပ်ရှားလျက်ရှိပါသည်။

ခြံထဲတွင် ပန်းပင်တွေကိုရေလောင်းရင်ပေါင်းသင်နေသော သူ့ဖေဖေကို မိုးညပြတင်းပေါက်မှ ကြည့်နေမိပါသည်။ ထိုစဉ် သူ့အကိုဖြစ်သူက အပြင်မှပြန်ရောက်လာပြီး စားစရာတွေထည့်လာ သောစက္ကူအိတ်ကြီးလက်မှပိုက်ထားရင်းမှ ခြံထဲရှိစားပွဲခုံပေါ်သို့တင်လိုက်ပါသည်။

ဒီနေ့ညနေ သူတို့သားအဖသုံးရောက်ခြံထဲတွင် BBQ လုပ်စားပြီးအတူတူဝိုင်သောက်ကြရန် စီစဉ်ထားပါသည်။ ဖေဖေက ပန်းပင်နားရှိပေါင်းတွေကို တူးရင်းဖြင့်ဆွနေသည်။ သားအဖနှစ် ယောက်လှုပ်ရှားနေပုံကို မိုးညတစ်ယောက်အိမ်အပေါ်ထပ်မှအစအဆုံးကြည့်နေပါသည်။

   သူ့လက်မှနာရီကိုကြည့်လိုက်တော့ ညနေခြောက်နာရီပင်ထိုးနေပြီဖြစ်ပါသည်။ ဒီနေ့ညပွဲ သို့သီဟကိုသူဖိတ်ထားပါသည်။ သူ့ဖေဖေနှင့်အကိုကိုလည်း သူ့သူငယ်ချင်းတစ်ယောက်ကို ခေါ်ထားသည်ဆိုသည့်အကြောင်းပြောပြထားဖြစ်သည်။

သူကြည့်နေစဉ်မှာပင် သူ့အဖေဖြစ်သူက မြေကြီးတွေပေနေသောလက်ကို ရေဘုံဘိုင်တွင် သွားဆေးနေသည်။ ထို့နောက် ဂိုဒေါင်ထဲမှ BBQ ကင်စားသည့်မီးဖိုကြီးကိုထုတ်လာသည်။ ညနေနေက တော်တော်စောင်းလာပြီဖြစ်သည်။ ပတ်ဝန်ကျင်းတစ်ဝိုက်တွင်လည်း မှောင်ရီပျိုးစ ပြုလာပါသည်။ မိုးညခြံထဲသို့ဆင်းလာခဲ့ပါသည်။

သီဟကိုသူချိန်းထားသည့် ညနေခြောက်နာရီဖြစ်သည်။ ယခုခြောက်နာရီကို ဆယ်မိနစ်ခန့်စွန်းလာ ပြီဖြစ်သည့်တိုင် သီဟရောက်မလာသေးပါ။ သီဟဘာများဖြစ်လို့ပါလိမ့်ဟု စိုးရိမ်ပြီး ဖုန်းဆက်ကြည့် သည့်အခါ ဖုန်းမကိုင်ပါ။ သူခြံထဲသို့ရောက်သည့်အခါ ဖေဖေနှင့်အကိုဖြစ်သူက သူ့ကိုစိုက်ကြည့်နေ ကြသည်။

“သားသူငယ်ချင်းမလာသေးဘူးအဖေ”

“ဖုန်းဆက်ကြည့်ပါလားသားရ”

ဖေဖေက သူ့ကိုပြန်မေးနေသည်။ အကိုဖြစ်သူကတော့ သူလုပ်စရာရှိတာကိုဆက်လုပ်နေသည်။

“ဆက်စောင့်ကြည့်လိုက်ဦးမယ်ဖေဖေ သူဘာလို့နောက်ကျနေတာလဲမသိဘူး”

BBQ လုပ်စားဖို့ အရွက်များ အသားများကို မီးဖိုနဘေးတွင် သူတို့သားအဖသုံးယောက် ဝိုင်းဝန်း ပြင်ဆင်နေကြပါသည်။

သူ့စိတ်တွေဂဏာမငြိမ်ပါ။ လူကသာအလုပ်လုပ်နေပြီးစိတ်ကတော့ သီဟဆီရောက်နေပါသည်။ သူကပဲသိပ်ပြီး စိတ်အလျင်လိုသည်လားမပြောတတ်တော့ပါ။ နာရီကိုထပ်ကြည့်လိုက်သောအခါ ခြောက်နာရီခွဲသွားသည်။ သူပိုပြီးထိန်းချုပ်ရခက်လာသည်။ ပြင်ပတွင် မိုးကလုံးလုံးချုပ်သွားပြီဖြစ် သည်။ နွေဦးပေါက်လာပြီဖြစ်သောကြောင့် ရာသီဥတုက အရမ်းကြီးမချမ်းတော့ပဲ အတော်အသင့် လေးဖြင့်နေလို့ကောင်းပါသည်။ သူတောင်မှပင် အေးအေးလူလူချိုင်းပြတ်အင်္ကျီလေးကိုသာ ဝတ်ထားပါသည်။ ညသို့ရောက်သည်နှင့် ပတ်ဝန်းကျင်ရှိ ကင်းသံများ အကောင်းပလောင်သံ များကစတင်ထွက်ပေါ်လာပြီဖြစ်သည်။

အဖေက မီးဖိုပေါ်တွင်မီးမွှေးပြီး အဆင်သင့်ပြင်ထားပြီဖြစ်သည်။ အကိုဖြစ်သူက အောက်လင်းမီး အိမ်ကြီးကို မီးပိုအားကောင်းအောင်လေထိုးနေပါသည်။

သူစိတ်မထိန်းနိုင်တော့သည့်အဆုံး ခြံစည်းရိုးတွင်ကပ်ထားသော သူ့စက်ဘီးလေးကိုယူကာ ခြံထဲမှ ထွက်လာခဲ့သည်။

“သားဘယ်သွားမလို့လဲ”

အနောက်မှသူ့ဖေဖေ၏အသံကိုကြားသော်လည်း သူပြန်မဖြေဖြစ်တော့ပဲ စက်ဘီးကိုသာ လမ်းအတိုင်းအားစိုက်နင်းလာခဲ့ပါသည်။

ပထဦးဆုံး သီဟတို့ဆိုင်ကိုသွားကြည့်သောအခါ ဆိုင်ပိတ်ထားပြီး အထဲတွင် လူတစ်ယောက်မှ ရှိပုံမပေါ်သဖြင့် ဆိုင်ရှေ့မှသည်အတိုင်းပြန်လာခဲ့သည်။ သီဟသွားတတ်သော Basketball ကစားကွင်းနှင့် အခြားနေရာတစ်ချို့ကိုလည်း သူပတ်ရှာကြည့်သည်။ သို့သော် မတွေ့…..

နောက်ဆုံးတော့ အချည်းနှီးဖြစ်ကာ သည်အတိုင်းပြန်လာရသည်။ သီဟဖုန်းမှာယခုချိန်ထိ ခေါ်လို့မရသေးပါ။ သီဟတစ်ယောက်ဘယ်တွေရောက်လို့ ဘာတွေလုပ်နေသလဲ သူသိပ်ကို စိုးရိမ်မိပါသည်။

လမ်းမကြီးတစ်လျောက်ခေါင်းငိုက်စိုက်ကာ စက်ဘီးကိုတွန်းလာရင်း သူပြန်လာခဲ့သည်။ ထိုစဉ် သူ့ရှေ့မှ ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်တို့က ဖြတ်သန်းသွားသည်။ ထို့နောက် လမ်းဘေးရှိ ထိုင်းစားသောက်ဆိုင်ထဲသို့ဝင်သွားပါသည်။ ထိုကောင်လေးမျက်နှာကို သူသေချာကြည့်မိလိုက်သည်အခါ…..

“သီဟ….”

သူအလိုလိုဝမ်းနည်းသွားမိသည်။ ကောင်မလေးတစ်ယောက်နှင့်ပျော်ရွှင်နေသော သီဟကို ကြည့်ရင်း သူဘာစကားမှမဆိုမိတော့ပဲ ဆွံ့အသွားသည်။ ယခုမှသိလိုက်ရသည်က သူသည် သီဟအတွက်တော့ဘာမှအရေးမပါသည့် သတ္တဝါတစ်ကောင်ပါလားဟုပင်။

  သူ့ရင်ထဲတွင်ပြောစရာစကားတို့မရှိတော့လောက်အောင်ပင် တိတ်ဆိတ်လို့သွားခဲ့သည်။ အလွမ်းညတေမှာ ခပ်ဆွေးဆွေးတေးသွားတစ်ပုဒ်ကိုဆိုငြီးနေသည့် ဂီတသမားတစ်ယောက်လို သူ့ရဲ့စိတ်တွေကို ကျဆုံးခြင်းတွေက မျှော်လင့်ချက်ကင်းစွာစိုးမိုးထားသည်။

သူ့အိမ်ပြန်လမ်းတို့သည့် စိတ်ဓာတ်ကျစွာဖြင့် ခေါင်းငိုက်စိုက်ဖြင့်သာ…..

လမ်းမပေါ်တွင် ထွန်းထားသောဓာတ်မီးတိုင်များကလည်း တိတ်ဆိတ်စွာဖြင့် သူ့ကိုအဖော်ပြုပေး နေကြသည်။

သူ့ဖက်ကပဲ သိပ်ကိုစိတ်ကူးယဉ်ဆန်ခဲ့လို့ အခုလိုမျိုးသိပ်ကိုခံစားနေရခြင်းများလား သူဝေခွဲ၍မရ တော့ချေ။ ဘာကြောင့်များကံအဆိုးဆုံးလူသားအဖြစ် လောကကြီးကသူ့ကိုရွေးချယ်လိုက်တာလဲ။

သူ့အတွက်အရာရာဟာအဓိပ္ပါယ်မဲ့သွားသလိုခံစားရသည်…… အဓိပ္ပါယ်မရှိသည့်လမ်းမကြီးပေါ် တွင်သူဆက်လျောက်နေရင်း သူသည်အဓိပ္ပါယ်မရှိသော ကဗျာတစ်ပုဒ်ကိုရွတ်ဆိုနေသည့် လူသားတစ်ယောက်ဖြစ်သွားသည်…….

 

အခန်း (၉)

 

(၁)လခန့်ကြာသော်….

Basketball ကွင်းလေးလူသူကင်းရှင်းနေသည်။ ဤနေရာတွင် မိုးညနှင့်သီဟနှစ်ယောက်တည်းသာ ရှိကြသည်။ သီဟက ဘောလုံးကိုပုတ်ဆော့နေသည်။ မိုးညကတော့ မျက်နှာမသာမယာဖြင့် သီဟကို ဝန်လေးစွာကြည့်နေပါသည်။ သူတို့နှစ်ဦးလုံးတစ်ယောက်နှင့်တစ်ယောက် စကားမဆိုကြ ပဲတိတ်ဆိတ်နေကြပါသည်။

သီဟက ဘောလုံးကိုခြင်းထဲသို့ပစ်ထဲ့လိုက်သည်။ ဘောလုံးလေးကခြင်းထဲသို့ဝင်သွားပြီး အောက် သို့ပြန်ကျလာပါသည်။ ဘောလုံးလေးက မိုးညရှိရာသို့ရောက်လာသဖြင့် မိုးညက ဘောလုံးကို ဖမ်းယူလိုက်သည်။

 

သီဟကမိုးညလက်ထဲမှဘောလုံးကိုလှမ်းယူလိုက်သည့်အခါ မိုးညကဘောလုံးကိုမလွှတ်တော့ ပဲဆုပ်ထားသည်။ သီဟမိုးညမျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ မိုးညမျက်နှာကတင်းမာနေသည်။

ဘောလုံးကိုကိုင်ထားသော သီဟလက်တွေကလည်းမလွှတ်သေးသလို ဘောလုံးကိုဖမ်းဆုပ် ထားသော မိုးညလက်တွေကလည်း မလွှတ်သေးပါ။ သူတို့နှစ်ဦးသား တစ်ဦးကိုတစ်ဦးစိုက်ကြည့် နေကြပါသည်။

မိုးညရင်ထဲတွင် သီဟကိုပြောချင်သည့်စကားတွေ မေးချင်သည့်မေးခွန်းတွေများစွာပြည့်နှက် နေပေမယ့် အခုချိန်ထိတော့မိုးညနှုတ်ဆိတ်နေဆဲပါ။

“သီဟ”

သီဟက မိုးညစကားကိုတိတ်ဆိတ်စွာနားထောင်နေသည်။

“သီဟကိုကျွန်တော်ချစ်တယ်”

မိုးညမိမိကိုယ်ကိုယ်ပင်အံ့သြသွားပါသည်။ သီဟကိုသူချစ်တယ်လို့ပြောလိုက်မိပြီ။ သီဟသူ့ကို ဘယ်လိုတုံ့ပြန်မှာလဲ…..

သီဟကမိုးညစကားကြောင့်မျက်ခုံးလေးတွန့်သွားသည်။ ထို့အတူ သီဟလက်တွေက ဘောလုံးကိုလွှတ်လိုက်ပါသည်။

မိုးညကသီဟကိုနှမြောတသစွာကြည့်နေမိသည်။ သီဟများတစ်ခုခုပြန်ပြောလေမလားဟု စောင့်စားနေမိသည်။ ယခုအခါသူနှင့်သီဟကြားတွင် သိပ်ပြီးသူစိမ်းဆန်သွားသလိုခံစားရသည်။ ဘာစကားမှမပြောတော့သော သီဟလက်ထဲကိုဘောလုံးကိုပြန်ထဲ့ပေးလိုက်ပြီး သူသီဟကိုကျော ခိုင်းလိုက်သည်။

မိုးညသိပါသည်။ သူဟာကျရှုံးသူတစ်ယောက်ပဲလေ။ သီဟရဲ့အချစ်ကိုမျှော်လင့်မိခဲ့သည်က သူ့အမှားတွေပဲပေါ့။ ဒါပေမယ့် ထိုအမှားတွေကိုတော့ သူဗွေမယူချင်ပါ။ သူ့ဘဝနှင့်သူပဲ ရှိပါစေတော့လေ။

ထို့နောက် သူ့ခြေလှမ်းတွေကို အားယူပြီးလျောက်လှမ်းလိုက်သည်။ သီဟတစ်ယောက် သူ့ကျောပြင်ကိုငေးကြည့်နေကြောင်း သူရိပ်မိသည်။ လောကကြီးမှာအချစ်နဲ့ပက်သက် ရင်လူတွေအားလုံးဟာ အမြဲတမ်းကျရှုံးနေတတ်ကြတာပါပဲလေ။ ဒါပေမယ့် သူဒီအရှုံးဇာတ် လမ်းလေးကိုပဲ တစ်သက်လုံးသိမ်းထားမှာပါ။ သက်ဆုံးထိတိုင်ပေါ့…….

 

သူ့ခြေလှမ်းတွေသုံးလေးလှမ်းလောက်လှမ်းလိုက် သည့်အခါသူ့အနောက်မှ ခေါ်သံတစ်ခု ထွက်ပေါ်လာသည်။

 

“မိုးည”

သူ့ခြေလှမ်းတွေရပ်တန့်သွားသည်…..

“ခဏလေးနေပါဦး……”

သီဟကသူ့နောက်မှ တစ်လှမ်းခြင်းသူ့ဆီသို့လျှောက်လာနေသည်။ သူ့ရင်တွေကတော့ အတိုင်းအဆမရှိ ခုန်ပေါက်လာပါသည်။ သို့သော် သူသီဟကို ကျောခိုင်းထားဆဲဖြစ်ပြီး လှည့်မကြည်မိပါ။ သီဟကသူ့နောက်သို့ရောက်သောအခါ သူ့နားထဲသို့ နားကြပ်ကလေးကို တပ်ပေးသည်။

ဂီတာသံစဉ်လေးတစ်ခုသူ့နားထဲသို့ဝင်လာသည်။

ဒီသီချင်းလေးကိုသူသိတာပေါ့ Miley Cyrus ရဲ့ Butterfly Fly Away ဆိုတဲ့သီချင်းလေးလေ…..

သီချင်းလေးကိုသူနားဆင်နေစဉ်မှာပင် သီဟကသူ့ကိုအနောက်မှနေ၍ သိုင်းဖက်လိုက်သည်။

သူ့ရင်ထဲ နွေးကနဲဖြစ်သွားသည်။ ဂီတာသံစဉ်လေးနှင့်အတူ သီဟကသူ့ကို တင်းကြပ်စွာ ဖက်ထားသည်။ ထို့နောက် သူ့ပုခုံးပေါ်သို့မေးလေးတင်ထားကာ သူ့ဗိုက်သားတွေကိုလည်း တင်းကြပ်စွာဖက်ထားသည်။

   ဝမ်းသားလွန်း၍သူ့မျက်လုံးမှမျက်ရည်တွေစို့လာသည်……

သီဟရယ်…… ဟု စိတ်ထဲတွင် တိုးတိုးလေးရွတ်မိလိုက်သည်။ သူ့ပုခုံးထက်တွင် မှေးစက်နေသော သီဟကသူ့နားနားသို့ တိုးတိုးလေးကပ်ပြောသည်။ သူ့ရင်ထဲမှဖော်မပြတတ်အောင်ပဲ ကြည်နူးလို့ သွားပါသည်။ သီဟကနွေးထွေးတဲ့ရင်ခွင်ထဲမှာ သူ့ကိုထွေးပိုက်ထားပြီလေ…..

ဂီတာသံချိုချိုလေးက သူတစ်နှစ်ယောက်အတွက် ချိုမြိန်စွာတီးခတ်ထားသည့် တေးသွားလေးတွေ လိုပါ……

“ကျွန်တော့်နားက ထွက်မသွားပါနဲ့မိုးညရယ်…… ကျွန်တော်မိုးညကိုချစ်ပါတယ်”

“သီဟရယ်……..”

သီဟဖက်သို့လှည့်ကာ သီဟမျက်နှာလေးကို ကိုင်ကြည့်မိလိုက်သည်။ သီဟမျက်ဝန်းတွင်လည်း စိုစွတ်နေသော မျက်ရည်စလေးတွေ…….

ထို့နောက် သီဟကိုသူတင်းကြပ်စွာပွေ့ဖက်ထားမိလိုက်သည်…….

 ဘယ်တော့မှကျွန်တော့်ရင်ခွင်ထဲကထွက်မသွားပါနဲ့တော့သီဟရယ်…….

 

ဖတ်ရှုအားပေးခြင်းအတွက်အထူးပဲကျေးဇူးတင်ရှိပါသည်။

 

Written by- Lovealone