Sunday, April 27, 2014
On 7:12 AM by Unknown in gay love story 6 comments
ကျောင်းနာရီစဉ်မှနာရီအချက်ပေးသံသည်
အနီးတစ်ဝိုက်သို့ ပြန့်လွင့်လျက်ရှိသည်။ ထို့အတူကျောင်းဝန်းထဲရှိ
ပင်စည်ကြီးကြီးအရပ်ရှည်ရှည် ယူကလစ်ပင်များကလည်း ဟိုသည်လှုပ်ခတ်ယိမ်းထိုးနေကြသည်။ ကျောင်းပရဝဏ်အတွင်း
လွယ်အိတ်ကိုယ်စီဖြင့်သွားလာနေသော ကျောင်းသားလေးများကလည်း အစီအရီပါပင်။ သိပ်မကြာမီထိုကျောင်းနားသို့
Toyota Surf ကားတစ်စီးမောင်းနှင်လာသည်။ ထို့နောက် တဖြေးဖြေးကျောင်းဝန်းတံခါးမကြီးနားသို့
ဆက်လက်မောင်းနှင် သွားသည်ကိုတွေ့ရသည်။ ကျောင်းဝန်းအဝင်ပေါက်နားသို့ရောက်သောအခါ ဒေါ်မီမီမိုးစက်မှ
ကားကိုစက်သတ်လိုက်ကာ ရပ်နားလိုက်သည်။ ထို့နောက် ကားသော့ကိုဖြုတ်လိုက်ပြီး Safety Belt ကိုပါခါးမှချွတ်လိုက်၏။
“သားလာမေမေကျောင်းထဲထိလိုက်ပို့ပေးမယ်”
သူမကပြောပြီးသည်နှင့်
ကားပေါ်မှတံခါးဖွင့်ပြီးအောက်သို့ဆင်းလိုက်သည်။ ထို့နောက် ကားအနောက်ခန်းရှိ သူမသားထံသို့သွားလိုက်ပြီး
ကားတံခါးကိုဖွင့်လိုက်လေသည်။ ကားထဲတွင် လူပျိုပေါက်အရွယ့် ရုပ်သန့်သန့် ကောင်လေးတစ်ယောက်ထိုင်လျက်ရှိသည်။
“သားအထင်….. မေမေကျောင်းထဲထိမလိုက်ပို့တာပိုကောင်းမယ်ထင်တယ်”
သားစကားကြောင့်
သူမမျက်မှောင်တစ်ချက်ကျူတ်မိလိုက်၏။
“ဘာဖြစ်လို့လဲသား။ မေမေလိုက်မှာမကြိုက်လို့လား”
“မဟုတ်ပါဘူးမေမေ၊ အထက်တန်းကျောင်းသားတစ်ယောက်အနေနဲ့ အမေလုပ်သူက ကျောင်းထဲအထိလိုက်ပို့ဖို့ မလိုတော့ဘူးထင်လို့ပါ။
ပြီးတော့ သားတို့သားအမိကို သူများတွေကမြင်ရင် အကဲပိုတယ်ထင်နေမှာစိုးတယ်”
သားစကားကြောင့်
သူမသွားပေါ်အောင်ပြုံးမိလိုက်ပါသည်။ သားကလေ…. သူ့ဖေဖေနဲ့ကိုတူတာ။ သားဖေဖေဟာလဲ
သားလိုပဲစကားပြောလိုက်ရင် သိပ်ပြီးလူကြီးဆန်တာ တခါတလေ သူမတောင်မစဉ်းစားမိတဲ့ စကားလုံးတွေကိုသားကပြောတတ်သေးတာ။
သားကသူမလိုက်မှာငြိုငြင်နေပြီမို့ အသာတကြည်ပဲသားကို သူမသွားခွင့်ပေးလိုက်ပါသည်။ မသွားခင်သားက
သူမကိုနှုတ်ဆက်အာဘွားလေးပေးသွားသေးသည်။
သားကျောင်းဝန်းထဲသို့
ဝင်သွားပြီးသူမမျက်စိရှေ့မှပျောက်ကွယ်သွားမှ သက်ပြင်းတစ်ချက်ချရင်း Safety Belt လေးကိုပြန်တပ်ကား
ကားကိုကျောင်းရှေ့မှ ပြန်လည်မောင်းနှင်ခဲ့ပါသည်။ သားကိုကျောင်းပို့ပြီးပြီဆိုတော့ သူမရုံးသို့တန်းသွားရုံသာရှိတော့သည်။
သားအတွက်အချိန်ပေးစရာလိုအပ်သည်မို့ ရုံးကိုမနက်တိုင်းနာရီဝက် နောက်ကျမှသူမသွားလေ့ရှိသည်။
အလုပ်အတွက်နဲ့တော့ သူမရဲ့မိခင်တာဝန်တွေ လစ်ဟင်းသွားတာမျိုး သူမအဖြစ်မခံနိုင်ပါ။ သားသည်သူမအတွက်
တစ်ဦးတည်းသောသားကလေးတစ်ယောက်ဖြစ်သလို သူမကော သားဖေဖေကပါသားကိုတုံနေအောင်ချစ်ကြပါသည်။
သားကလေးအတွက် ဘာမဆိုအတက်နိုင်ဆုံး အကောင်းဆုံးတွေသာဖြည့်ဆည်းပေးဖို့ သူမကောသားဖေဖေကပါ
အစွမ်းကုန်ကြိုးစားနေကြပါသည်။ သူမတို့ မျက်ကွယ်ရာမှ သားကလေမျက်နှာတစ်ချက်ကလေးမှ ငြိုငြင်သွားတာမျိုး
သားကလေး သိမ်ငယ်သွားတာမျိုး ကိုမှအဖြစ်မခံနိုင်ပါ။ သားသည်သူမတို့အတွက် ပိုးကလေးမွေးသလိုမွေးထားရသော
ရတနာလေးပါ။
X
X X X
မင်းသန့်ဇင်
အနောက်သို့တစ်ချက်လှည့်ကြည့်လိုက်၏။ ထို့နောက် သက်ပြင်းတစ်ချက်ချမိလိုက်သည်။
“ဟူး…………….. “
သက်ပြင်းချရသည့်အကြောင်းမှ
ကျောင်းဝန်နားတွင်ရပ်ထားသော သူ့မေမေကား မရှိတော့သောကြောင့် ဖြစ်ပါသည်။ တစ်နေ့တစ်နေ့
ကျောင်းကိုလိုက်ပို့နေရသော မေမေ့ကိုသူသနားပေမယ့် သူ့အတွက်တော့ မလိုတော့ဘူးဟုသူထင်သည်။
သူ့လို လူပျိုဖားဖားဖြစ်ကာစ သွက်လက်သန်စွမ်းကျန်းမာ
သည့် ယောကျာ်းလေးတစ်ယောက်အတွက် ထိုမျှအကဲပိုလွန်းလှပါသော မိခင်၏ယုယကြင်နာမှုများ မလိုအပ်တော့ပါ။
ဒီအချိန်တွင်သူလိုအပ်သည်က သူနှင့်အသက်တူရွယ်တူ သူငယ်ချင်းများ၊ ရုပ်ရှင်ကြည့်ဖော်၊
စာကြည့်ဖော်၊ သွားဖော်လာဖော်၊ စဖော်နောက်ဖော် သဟဇာတဖြစ်မည့် သူငယ်ချင်းများသာဖြစ်ပါသည်။
ကျောင်းသားတစ်ယောက်အတွက်
မိခင်ရဲ့မေတ္တာတစ်ခုတည်းနဲ့ အရာရာကိုပြီးပြည့်စုံအောင် ဖန်တီး၍မရတာကို မေမေတစ်ယောက်သိသေးပုံမပေါ်။
ဒီနေ့ သူဆယ်တန်းကျောင်းစတတ်သည့်နေ့ဖြစ်သည်။ မေမေ့ပယောဂကြောင့် သူယခင်တက်ခဲ့သည့်ကျောင်းကိုထားခဲ့ရကာ
ပုဂ္ဂလိကကျောင်းအသစ်တစ်ခုသို့ ပြောင်းလာခဲ့ရသည်။ ယခုလက်ရှိသူတက်ရမည့်ကျောင်းသည် အစိုးရအသိမှတ်ပြု
ပုဂ္ဂလိကကျောင်းတစ်ခုဖြစ်ကာ နိုင်ငံခြားမှ Professor များမှအထူးပြုသင်ကြားပေးပြီးအဆင့်တန်းမြင့်မြင့်ဖွင့်လှစ်ထားခြင်းကြောင့်
ပညာရေးတွင် အလွန်လောဘကြီးသည့် သူ့မေမေက သူ့ကိုပြောင်းရွှေ့ပေးလိုက်ခြင်းပင်ဖြစ်သည်။
မေမေကသူ့အတွက်အကောင်းဆုံးတွေ သာရွေးချယ်ပေးချင်နေသည်လဲပါမည်ထင်ပါသည်။
ကျောင်းCorridor
အတိုင်းလျောက်လာရင်း သူ့ပုခုံးမှလွယ်အိတ်ကို ဖြုတ်ကာ ဘေးသိုင်းပြန်ပြင်လွယ် လိုက်သည်။
ထို့နောက် Toilet(Man) ဟုရေးထားသောဆိုင်းဘုတ်ချိတ်ထားရာဖက်သို့ ချိုးကွေ့လိုက်ကာ သန့်စင်ခန်းခဏဝင်ရန်သွားလိုက်၏။
သူတဖြေးဖြေးလျောက်လာရင်း သန့်စင်ခန်းအပေါက်ရှေ့သို့ ရောက်လာသည်။ သန့်စင်ခန်းထဲတွင်
လူတစ်ယောက်မှရှိဟန်မတူ အသံများတိတ်ဆိတ်နေသည်။ သူအပေါ့သွားပြီးသောအခါ ဘောင်းဘီဇစ်ကိုပြန်ဆွဲတင်လိုက်ပြီး
လက်ဆေးကန်ဆီသို့ ပြန်လျောက်လာကာ ရေပန်းခရားခလုတ်ကိုဖွင့်လိုက်သည်။
“Hey! How are you ဟဲဟဲဟဲ……….”
ရုတ်တရက်ထွက်ပေါ်လာသော
အသံကြောင့် သူလန့်သွားပြီး အနောက်သို့လှည့်ကြည့်လိုက်မိသည်။
“မင်းပုံစံကြည့်ရတာ ကျောင်းသားသစ်ထင်တယ်။
ကြိုဆိုပါတယ်…. ငါတို့ကျောင်းတော်ကြီးကနေ မင်းကို လှိုက်လှိုက်လှဲလှဲ
နွေးနွေးထွေးထွေးနဲ့ကြိုဆိုပါတယ်”
သူတစ်ချက်ကြောင်သွားမိသည်။
သူ့ရှေ့တွင် ဓာတ်ရှင်မင်းသားဝင်းဦးစတိုင်ဖြင့် အမူအယာတွေလုပ်ပြီး စကားတွေပေါနေသော
ရူးကြောင်ကြောင်ငနဲကို ဘာပြန်ပြောရမှန်းပင်မသိတော့။
“ဟို….. မင်းက…..”
“သြော်…… ဟဲဟဲဟဲ ငါလား……
မိတ်ဆက်ရမှာပေါ့……. ငါကဒီကျောင်းမှာ အချောဆုံးကျောင်းသား
ငါ့နာမည်က ရသ။ အဲ့…. ရသပဲနော် သြရသမဟုတ်ဘူး အဆိုတော်နဲ့မှားနေမှာဆိုးလို့”
သူစိတ်ထဲတွင်ကျိတ်ပြီးပြုံးမိလိုက်ပါသည်။
လောကမှာ ဒီလိုပေါတဲ့ငကြောင်မျိုးလဲ ရှိသေးတာပဲ….
“မင်းကဘယ်ကျောင်းကပြောင်းလာတာလဲ…………
ကျွတ်စ်….ကျွတ်စ်….နေဦး
မင်းမျက်လုံးက ထူးဆန်းနေတယ်”
ထိုငပေါက
သူ့ကိုမျက်မှောင်ကြုတ်ကြီးဖြင့်ကြည့်ရင်း အနားသို့တဖြေးဖြေးတိုးလာပါသည်။ မျက်မှောင်ကြုတ်ရုံ
တင်မကသေး လက်မှလက်ညိုးကြီးကလည်း သူမျက်နှာကိုတည့်တည့်ချိန်ထားသေးသည်။ ထို့နောက် ငပေါမျက်နှာက
သူ့မျက်နှာနားသို့တဖြေးဖြေးကပ်လာကာ သူ့ကိုဗိုလ့်အားတစ်သောင်းခန့်ပြူးကျယ်နေသော မျက်လုံးများဖြင့်
ကြည့်နေသည်။ သူရုတ်တရက်မို့ အသက်ပင်မရှူမိတော့ပဲ ငပေါမျက်နှာကို ကြောင်ကြည့် နေမိသည်။
ငပေါကသူ့မျက်နှာကိုကြည့်ပြီးအဖြေရသွားဟန်ဖြင့် တစ်ချက်ပြုံးလိုက်ကာ လက်ဖျောက် တစ်ချက်တီးလိုက်သည်။
“သိပြီ……… မင်းမျက်လုံးကို Eye Liner တွေဆိုးလာတာမဟုတ်လား။
ဒါကြောင့်ထူးဆန်းနေပါတယ်လို့ ဟဲဟဲဟဲ”
ဘုရား….ဘုရား
အဲ့ဒါမှဒုက္ခ။ မနက်ကမှမေမေ့အခန်းထဲကိုဝင်ရင်း Eye Liner တစ်ချောင်းစားပွဲခုံအောက်ကျနေတာ
တွေ့လို့ကောက်ပြီးဆိုးခဲ့မိခြင်းဖြစ်သည်။ ငပေါမျက်စိကလဲ လျင်လိုက်တဲ့ဖြစ်ခြင်း။ သူနည်းနည်းလေးဆိုးခဲ့တာတောင်မှ
တွေ့ဖြစ်အောင်တွေ့မိသွားသေးသည်။
“ဖျတ်…………..”
အသံကြောင့်သူခေါင်းမော့ကြည့်လိုက်တော့ငပေါလက်ထဲတွင်
iPhone တစ်လုံး။
“ဟေ့ကောင် မင်း…..ဘာလုပ်တာလဲ”
“အင်….. ဓာတ်ပုံရိုက်တာလေ မြင်ဘူးလား”
“မြင်တယ်…. ဘာကိစ္စငါ့ကိုဓာတ်ပုံရိုက်တာလဲလို့မေးနေတာ”
ငပေါကသူမေးတာကိုမဖြေပဲ
ဖုန်းကိုတစ်ချက်ကြည့်ရင်း အိတ်ကပ်ထဲသို့ပြန်ထဲ့လိုက်သည်။
“ငါတို့ကျောင်းကိုရောက်လာတဲ့ကျောင်းသားသစ်တိုင်း
လုပ်ရတဲ့ထုံးစံတစ်ခုရှိတယ်။ အဲ့ဒါမင်းကိုပြောပြမယ်”
“ဘာထုံးစံလဲ မင်းကိုမင်းကျောင်းသားဟောင်းဆိုပြီး
ငါ့ကိုအနိုင်ကျင့်မလို့လား။ ဒီမှာ ဒါမျိုးတော့မရဘူးနော်…
ငါကျောင်းအုပ်နဲ့ကိုသွားတိုင်မှာ”
“ရို့….ရို့….ရို့…..ဟဟဟ
…. မင်းကမြွေဟောက်လေးပါလား ထားပါတော့။ မင်းဘာသာမြွေဟောက်ပဲဖြစ်ဖြစ်
မြွေခြောက်ပဲဖြစ်ဖြစ်……”
“ဘာ…….”
“သြော်…. မြွေစိမ်းမြီးခြောက်ပဲဖြစ်ဖြစ်လို့ပြောတာ။
ဒီမှာ ငါတို့ကျောင်းကိုရောက်လာတဲ့ ကျောင်းသားသစ်တိုင်း လုပ်ရတဲ့ထုံးစံရှိတယ်ကွ။ ကဲမင်းဘောင်းဘီချွတ်………”
ဟိုက်……
ဒီကောင်ဘာကောင်လဲ။ တော်တော်မျက်နှာပြောင်တဲ့ကောင်ပါလား။ သိတာတောင် မိနစ်ပိုင်းပဲ ရှိသေးတယ်
ပေါလိုက်တာ 9 လောက်ရှိတယ်။ ဘယ်ဘဝကရေစက်နဲ့များ ဒီလိုငပေါနဲ့လာတွေ့နေတာပါလိမ့်။ သူစဉ်းစားရင်း
ရုတ်တရက်ဆောင်းတွင်းထဲရောက်သွားသလို ချမ်းစိမ့်စိမ့်ဖြစ်လာသည်။ သူ့လက်ထဲမှလွယ်အိတ်ကို
အသားကုန်ကျစ်နေအောင်ဆုပ်ကိုင်ထားမိရင်း ထိုငပေါကိုကြည့်ကာ သူမချင့်မရဲဖြစ်လာမိသည်။
သူ့ပုံစံကိုကြည့်ရင်း ငပေါကသဘောကျကာရယ်နေပြန်သည်။
“ဟဲဟဲဟဲ မင်းကိုစတာပါကွာ။ ငါကအစအနောက်သန်တယ်
ငါအာမခံတယ် မင်းနောက်ဆိုငါ့ကိုခင်သွားလိမ့်မယ်။ ကဲအခုလောလောဆယ် မင်းဘောင်းဘီမချွတ်ရဲဘူးဆိုလဲနေ
…..”
သူငပေါစကားကိုစိတ်ဝင်စားစွာနားထောင်နေမိသည်။
ငပေါဘာများလုပ်မလို့ပါလိမ့်…..
“ငါပဲချွတ်ပြမယ်….”
“ဟာ…….”
“ဟဲဟဲ….. ချွတ်ပြီနော် မျက်စိမမှိတ်ကြေး…….
ဒန်ဒန်…..”
ငပေါကပြောပြီးသည်နှင့်တစ်ခါတည်း
သူ့ခါးမှခါးပတ်ကိုချွတ်နေသည်။ ထို့နောက် ခါးပတ်ကို လက်ဆေးကန်ပေါ်သို့တင်လိုက်ပြီး င်္အကျီကိုအပေါ်သို့ မကာ ဘောင်းဘီကြယ်သီးကိုဆက်ဖြုတ်နေ၏။
“ဟေ့ကောင် ငပေါမင်းရူးနေလား…..”
“မင်းပဲမချွတ်ရဲဘူးဆို မင်းမချွတ်ရဲရင်
ငါချွတ်ပြမယ်လေ။ မျက်စိမှိတ်မထားကြေးနော်….ဒါပဲ ဟွင့်…..”
“တော်……တော်လောက်ပြီ ဆက်မချွတ်နဲ့တော့”
“ဘာလဲ မင်းကမကြည့်ရဲဘူးလား…..
ကြည့်ပါနော် ကြည့်ပါ ဟိဟိ”
“ဟေ့ကောင် မချွတ်နဲ့ဆို”
“အင်… ရဘူး…ရဘူး
ချွတ်ပြီ……”
ဘောင်းဘီကြယ်သီးပြုတ်သွားသောအခါ
ငပေါကဘောင်းဘီကိုအရင်းမှကိုင်ပြီးအောက်သို့အားသကုန် ချွတ်ချလိုက်ပါသည်။ သူရုတ်တရက်ဇောချွေးတွေပြန်သွားရင်း
မျက်နှာကြီးထူပူလာကာ ငပေါကိုမကြည့်မိအောင် လွယ်အိတ်ကြီးဖြင့်သူ့မျက်နှာကိုကာရင်း အိမ်သာထဲမှာ ပြေးထွက်လာခဲ့မိသည်။ အိမ်သာပေါက်ရှေ့သို့ရောက်သောအခါ
သူတက်ရမယ့်အတန်းရှိမည့်နေရာသို့ ခန့်မှန်းရင်း ပြေးထွက်လာခဲ့မိသည်။ အနောက်တွင် ငပေါ၏အော်သံများကိုကြားနေရသည်။
“ဟေ့….. မပြေးနဲ့လေ…….
ဟေ့……… Hello…………”
အိမ်သာထဲမှထွက်ပြေးသွားသော
ကျောင်းသားသစ်ကိုကြည့်ရင်း ရသ ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်။ ဒီကောင်လဲသူစတာခံလိုက်ရပြန်ပြီ။
ဒီကျောင်းတွင် ရသကို မသိသူမရှိသလောက်ရှားသည်။ စသည့်နောက်သည့် နေရာတွင်ပြိုင်စံရှားလောက်အောင်
နာမည်ကြီးသူရသပါ။ ဒီနေ့သူအိမ်သာတက်ရင်း တခါမှမမြင်ဖူးသည့်ကျောင်းသားတစ်ယောက်ကိုတွေ့သဖြင့်
သူ့ဗီဇလေးကိုပြလိုက်ခြင်းသာ။ တစ်ခုတော့ ထူးဆန်းသည် ထိုကျောင်းသား ယောကျာ်းလေးတစ်ယောက်လိုရဲရင့်နေခြင်းမျိုးမရှိပဲ
ထူးထူးဆန်းဆန်း သိမ်မွေ့လွန်းနေသည်။ ဘယ်လိုကောင်ပါလိမ့်…….
ဘောင်းဘီလေးချွတ်ပြတာကိုပဲ ထွက်ပြေးရတယ်လို့…
“ဟား…. ဟား…….ဟား……”
X X X
X
ကျောင်းခန်းထဲသို့ရောက်တော့မှ
သူအသက်ဝဝရှူနိုင်တော့သည်။ အမောမပြေသေးသောကြောင့် နှလုံးခုန်တွေ မြန်လျက်ရှိနေသေးပြီး
ချွေးတွေအနည်းငယ်စို့နေသည်။ အခန်းထဲသို့တစ်ချက်ဝေ့ကြည့်လိုက်ရင်း အခန်းအစွန်ရှိ လွတ်နေသော
နှစ်ခုံတွဲထိုင်ခုံလေးဆီသို့ သွားရန်ဦးတည်လိုက်သည်။ ထိုင်ခုံဆီသို့ရောက်သော အခါသူ့ပုခုံးမှလွယ်အိတ်ကိုချွတ်ကာ
စားပွဲပေါ်သို့တင်လိုက်၏။ အခန်းထဲရှိကျောင်းသားများက စကားပြောသူကိုယ်စီနှင့် မည်သူတစ်ဦးတစ်ယောက်ကမှသူ့အားသတိမထားမိကြပဲရှိနေသည်။
ခဏကြာသော် အခန်းထဲသို့ ဆရာမတစ်ယောက်ဝင်လာသည်။ စကားပြောနေကြသော ကျောင်းသားများလည်းအသံတိတ်သွားပြီး
ကိုယ်စီကိုယ်စီနေရာသို့ ပြန်ထိုင်ကုန်ကြသည်။ ဆရာမကိုကြည့်ရသည်မှာ အတန်းပိုင်ဖြစ်ပုံရသည်။
ထို့နောက်ကျောင်းသားအားလုံး မတ်တတ်ရပ်လိုက်ကြသဖြင့် သူပါလိုက်ရပ်လိုက်သည်။
“အားလုံးမင်္ဂလာပါ”
“မင်္ဂလာပါဆရာမ”
“ကဲထိုင်ထိုင်……..ဆရာမကမင်းတို့ရဲ့အတန်းပိုင်ဆရာမလဲဖြစ်သလို
မင်းတို့ရဲ့ အင်္ဂလိပ်စာဆရာမဆိုလဲ မမှားဘူး။ ဆရာမနာမည်က ဒေါ်နှင်းနုရီလို့ခေါ်တယ်။ ဆရာမကရန်ကုန်တိုင်းဒေသကြီးမှာ
အင်္ဂလိပ်စာအထူးချွန်ဆုံးဆရာများအဆင့် နှစ်ကိုရထားတဲ့ဆရာမပဲ။ ဆရာမလိုပဲဆရာမရဲ့ကျောင်းသားတွေဟာလဲ
ထူးချွန်တဲ့သူတွေပဲဖြစ်စေရမယ်။ ထူးချွန်တဲ့ကျောင်းသားတွေကို ထူးချွန်သလိုချီးမြှင့်မြှောက်စားမယ်
ညံ့ဖျင်းတဲ့ကျောင်းသားတွေကတော့ ဆရာမအတန်းမှာနေရင် အထူးသတိထားဖို့လိုမယ် Everybody
understand? ”
ကျောင်းသားများကဘာမှပြန်မဖြေပဲငြိမ်နေကြသေးသည်။
“Understand???”
“Yes, teacher!!”
“So good, Ok! sit down”
ဆရာမကိုသူတစ်ချက်ပြုံးကြည့်မိရင်း
သဘောကျမိသွားသည်။ သူလဲရပ်နေရာမှပြန်ထိုင်လိုက်ပါသည်။ ထိုအချိန်တွင် အခန်းပေါက်ရှေ့မှ
ရုတ်တရက်ကျောင်းသားတစ်ယောက်ပေါ်လာသည်။
“ဆရာမ ဝင်ခွင့်ပြုပါ”
ဟင်….
ငပေါကောင်…… ဒီကောင်ဘယ်လိုလုပ် ငါ့အတန်းကိုရောက်လာတာလဲ။
ဟုတ်ပါသည် သူနဲ့အိမ်သာမှာတွေ့ခဲ့သည် ငပေါစစ်စစ်ဖြစ်ပါသည်။ ယခုလဲအတန်းထဲထိလိုက်လာပြန်ပါသည်။
မဟုတ်မှလွဲရော ငပေါလဲဒီအခန်းထဲကပဲလား…. ဘုရားဘုရား…..
“အိုး……… မင်းလေးကိုး………”
ဆရာမဆီမှအသံဖြစ်ပါသည်။
“ဟုတ်ကဲ့ဆရာမ မတွေ့တာကြာပြီနော်နေကောင်းတယ်မိုလား”
“I’m fine, ကဲလာလာ…..
”
ငပေါနှင့်ဆရာမက
ရင်းနီးနေသည့်ပုံပေါ်သည်။ တစ်ယောက်နှင့်တစ်ယောက်မြင်လိုက်သည်နှင့် ဖော်ဖော်ရွေရွေနှုတ်ဆက်နေကြသည်။
ဆရာမကငပေါကိုဝင်ခွင့်ပြုလိုက်ပြီး အတန်းထဲသို့ တစ်ချက်ဝေ့ကြည့် လိုက်ပြန်သည်။ ဆရာမရဲ့အကြည့်တွေက
သူ့ထံရောက်သောအခါ ရပ်တန့်သွားသည်။ ရုတ်တရက်မိုလို့ သူလန့်သွား၏။
“ရသ ဟိုမှာနေရာတစ်ခုလွတ်နေတယ် အဲ့ဒီမှာသွားထိုင်ချေ…..”
ဗုဒ္ဓေါ……….ဘုရားရေဒုက္ခပဲ။
ငပေါကသူ့ကိုမြင်သွားသည်။ ငပေါမျက်နှာက မိုရတဲ့မျက်နှာမျိုး။
ဒုက္ခပါပဲ ဒီလိုကျောက်ကျောကိုရေပက်ထားတဲ့ ပြောင်စပ်စပ်မျက်နှာမျိုးနဲ့ကောင် နဲ့သူဘယ်လိုလုပ်ပြီးအတူတူထိုင်ရမှာ
ပါလိမ့်။ သူကပဲကံဆိုးလွန်းသည်လား လောကကြီးကပဲသူ့ကိုမျက်နှာသာမပေးလွန်းသည်လား………
စိတ်ရှိလက်ရှိ အော်ပစ်လိုက်ချင်မိသည်။
“အိုးဟိုးဟိုး….
ကျေးဇူးပဲဆရာမ၊ အဲ့ဒီနေရာကိုကျွန်တော်သိပ်ကြိုက်ပါတယ်”
ငပေါကသူ့အနားသို့လာထိုင်၏။
သူငပေါကိုမကြည့်ပဲမျက်နှာလွှဲထားလိုက်သည်။ ဒီလိုကောင်မျိုး ကျက်သရေတုံးတဲ့ကောင်မျိုး
ချေးကားတိုက်သေမယ့်ကောင်မျိုး ရုပ်ကိုကပြောင်စပ်စပ်နဲ့ ဗေလုဝသေလို့ ဝင်စားတဲ့ကောင်မျိုး။
ချွေးတွေစို့လာသဖြင့် လွယ်အိတ်ထဲမှစာအုပ်တစ်အုပ်ကိုထုတ်ကာ ယပ်ခတ်နေလိုက်သည်။ ဘေးမှငပေါကငြိမ်နေသဖြင့်
သူနည်းနည်းတော့မသင်္ကာဖြစ်သွားသည်။ ဒီကောင်ဘာတွေကြံစည်နေပါလိမ့်။ ထို့နောက် ခေါင်းကိုအသားလေးငဲ့ပြီးငပေါကိုကြည့်လိုက်သောအခါ…..
“Oops…….”
ငပေါက
စားပွဲခုံကိုမေးထောက်ပြီးသူ့ကိုငေးကြည့်လျက်ရှိသည်။ ဒါကြောင့်ဒီကောင်ငြိမ်နေတာကိုး
ကာလနာ မြွေပွေးကိုက် ယောကျာ်းအချင်းချင်းကြီးကိုငေးနေတဲ့ကောင်………….
ဂန်ဒူး.။ သူစိတ်ထဲရှိသမျှ ငပေါကိုကြိမ်ဆဲပစ်လိုက်သည်။ ခဏကြာသော် ဆရာမမှစာသင်ရန်စာအုပ်ထုတ်ဖို့ပြောလာသဖြင့်
သူတို့နှစ်ယောက်ကြား စစ်ပွဲများခေတ္တမျှငြိမ်သက်သွားပါသည်။
X X X
X
အတန်းပြီးသွားသောအခါ
သူ့စာအုပ်များကိုလွယ်အိတ်ထဲသို့ ပြန်ကောက်ထဲ့လိုက်သည်။ ထို့နောက် စာရေးကရိယာများကိုလဲသိမ်းဆဲလိုက်ပြီး
လွယ်အိတ်ကိုကျောပိုးလိုက်၏။ သူ့လုပ်သမျှကို အနားမှာရှိနေသော ငပေါက အဆက်မပြတ်ကြည့်နေပုံပေါ်သည်။
“ကျောင်းသားသစ်……”
“ကျောင်းသားသစ်……”
သူဘာမှပြန်မထူးမိ။
“ကျောင်းသားသစ်……မင်းကိုခေါ်နေတာ
ကျောင်းသားသစ်ရဲ့”
သူငပေါကိုကြည့်လိုက်မိသည်။
ထို့နောက်စိတ်ပျက်ဟန်ဖြင့်သက်ပြင်းတစ်ချက်ချကာ ဘာမှမပြောပဲ အခန်းထဲမှထွက်လာခဲ့သည်။
“သြော်…. လက်စသတ်တော့ မင်းကငါ့ကိုစိတ်ဆိုးနေတာကိုး။
စိတ်မဆိုးပါနဲ့ကျောင်းသားသစ်ရယ် ငါကမင်းကိုခင်လို့စတာပါ။ မင်းကိုဒီကျောင်းမှာရှိတဲ့
အကောင်းဆုံးစားစရာတွေရနိုင်တဲ့ Canteen ကိုခေါ်သွားပေးမယ်။ ပြီးရင် Basketball ကွင်းတို့၊
Library တို့လည်းလိုက်ပြမယ်လေ”
သူ့အနောက်မှတကောက်ကောက်လိုက်ရင်း
စကားတွေတတွတ်တွတ်ပြောနေသည်ကို ခံပြင်းလာသည်မို့ လမ်းလျောက်နေရင်းမှရုတ်တရက်တုန့်ကနဲ
ရပ်ပစ်လိုက်သည်။ ရုတ်တရက်ဆိုတော့ ငပေါနဲနဲလန့်သွားဟန်တူသည်။
“ဒီမှာ မင်းငါ့ကိုနှောက်ယှက်လို့မပြီးသေးဘူးလား။
မနက်ကတည်းကနေအခုထိ ငါမင်းကြောင့်တော်တော်လေး စိတ်ဆင်းရဲနေရတယ်။ ကျွတ်စ်…….”
“Sorry ပါသူငယ်ချင်းရယ်။ ငါအခုပြောနေတာက
စေတနာနဲ့ပါ။ မင်းကကျောင်းသားသစ်….”
“တော်…… ငါ့ဘာသာကျောင်းသားသစ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်
မင်းပြောတဲ့ဟာတွေငါ့ဘာသာရှာနိုင်တယ်။ မင်းကူညီဖို့မလိုဘူး”
သူပြောပြီးသည်နှင့်
စိတ်ဆိုးမာန်ဆိုးဖြင့် ငပေါကိုထားခဲ့ကာ ဆက်လျောက်လာခဲ့သည်။ ဒီတစ်ခါတော့ ငပေါနာသွားပုံပေါ်သည်။
သူ့နောက်ကိုဆက်မလိုက်လာတော့ပါ။ သူတစ်ယောက်ထဲ ကျောင်းCorridor မှလျောက်လာရင်း ကျောင်းအနောက်ဖက်သို့ရောက်လာခဲ့သည်။
ကျောင်းအနောက်ဖက်သို့ရောက်တော့ ငပေါပြောသည့် Canteen ကိုတွေ့လိုက်ရသည်။ Canteen တွင်လည်းကျောင်းသားများ
ကျိတ်ကျိတ်တိုးနေသဖြင့် သူသွားချင်စိတ်မရှိတော့ပဲလမ်းလွှဲလိုက်ကာ မြက်ခင်းပြင်ပေါ်တွင်
လုပ်ထားသော လူသွားလမ်းစင်္ကြန်ငယ်လေးအတိုင်းလျှောက်လာခဲ့ပြန်သည်။ ဒီကျောင်းလေးက သူအရင်တက်ခဲ့သည့်
အစိုးရကျောင်းထက်စာရင်တော့ အများကြီးအဆင့်မြင့်ပါသည်။ ကျောင်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံ
သန့်ရှင်းသပ်ရပ်ပုံ ကနိုင်ငံတကာကျောင်းတွေလိုပဲခေတ်မီမှုရှိသည်။ ထို့အတူကျောင်း
Uniform ကလည်း ဘောင်းဘီရှည်နှင့်အကျီရှပ်လက်တိုကို နကတိုင်လေးဖြင့်တွဲဝတ်ရသည်။ ယူကလစ်ပင်များကိုသူဖြတ်ကျော်လာရင်း
ကျောင်းBasketballကွင်းသို့ရောက်ရှိသွားသည်။
ဘာလုပ်ရမှန်းမသိဖြစ်နေသဖြင့်
Basketball ကစားနေသောကျောင်းသားများကိုသူငေးကြည့်နေမိသည်။။
“Hey Yo!....... အိုးဟိုးဟိုး……”
ရုတ်တရက်သူ့လက်မောင်းအေးစက်သွားသဖြင့်
အနောက်သို့လှည့်ကြည့်လိုက်မိသည်။
“ဟင်…… မင်း…..မင်း…..
ငပေါကောင်”
“အာ…. မင်းခေါ်တာကြီးကလည်း။
ငါမပေါပါဘူးကွ ဟဲဟဲဟဲ။ ငါကမင်းကို Canteen သွားပြီထင်နေတာ ဘယ်လိုလုပ် Basketball ကွင်းထဲပြန်ရောက်လာတာတုန်း။
ရော့….သောက်လိုက်ပါဦး”
ငပေါကသူ့လက်ကိုတို့လိုက်သည့်
Ice Tea သံဗူးလေးကိုသူ့ကိုကမ်းပေးနေသည်။ ငပေါပေးနေသည်ကို သူမယူမိပါ။ ဘာကြောင့်မှန်းမသိ
ငပေါကိုမြင်လိုက်သည်နှင့် သူ့စိတ်တွေရှုပ်ထွေးသွားကာ စိတ်အနှောက်အယှက် ဖြစ်မိသွားသည်။
“ဘာလဲ…..မယူဘူးလား။ ငါကစေတနာနဲ့တိုက်တာနော်။
ပြီးတော့မင်းနောက်ကိုလိုက်နေတယ်ထင်မှာစိုးလို့ ပြောရဦးမယ်။ ငါမင်းနောက်ကိုလိုက်နေတာမဟုတ်ဘူး
ငါ့ဘာသာငါဒီကိုလာတာ မင်းဘာသာမင်းဒီကိုရောက်နေတာ။ ဒါကြောင့်ငါက မင်းကိုတွေ့သွားတာ။ တွေ့သွားတော့
တစ်ခန်းတည်းသား ချင်းမခေါ်ရင် ရိုင်းရာကျမှစိုးလို့ခေါ်တာ။ အချိုရည်တိုက်တာကတော့ စေတနာပေါ့
:D”
သူ့အနားတွင်
စကားတွေစက်သေနတ်ပစ်သလိုတတွတ်တွတ်ပြောနေသာ ငပေါကိုသူစိတ်မရှည်ဟန်ဖြင့် ကြည့်လိုက်သည်။
ထိုအခါကျမှ သကောင့်သားကပါးစပ်ပိတ်သွားသည်။
“ငါမသောက်ချင်ဘူး”
“အာ…..သောက်ပါမင်းကလဲ ငါကစေတနာနဲ့တိုက်တာပါ။
အချိုရည်ထဲမှာအဆိပ်ခတ်မထားပါဘူး။ ယုံကြည်စိတ်ချစွာသောက်သုံးနိုင်ပါတယ် ဟဲဟဲ။ မနက်ကစထားတဲ့ကိစ္စလဲမင်းဘက်ကကျေနပ်ပေးလိုက်
ပါကွာ”
“ငါမင်းအချိုရည်မသောက်တာ မင်းကိုစိတ်ဆိုးနေသေးလို့မဟုတ်ဘူး။
ငါ့မေမေကပြောထားတယ် အချိုရည်အပေါစားတွေမသောက်ရဘူးတဲ့ ချောင်းဆိုးလိမ့်မယ်တဲ့။ ကဲ…..
သွားပြီ”
မှတ်ထား….မှတ်ထား…..အဲ့ဒါငါကွ။
သူပြောချင်တာတွေပြောပြီးသည်နှင့်ချာကနဲ့လှည့်ထွက်လာခဲ့သည်။ ငပေါတော့ အနောက်တွင်ဘယ်လိုကျန်ခဲ့သည်မသိပါ။
သူကျေနပ်စွာပြုံးလိုက်မိသည်။ သူခတ်လှမ်းလှမ်းသို့ ရောက်သောအခါ အနောက်မှအော်သံတစ်ခုကြား၍
သမင်လည်ပြန်လှည့်ကြည့်လိုက်မိ၏။ Basketball ကွင်းအနားတွင် လက်သီးနှစ်ဖက်ကို ဆုပ်ရင်းရင်ထုမနာအော်နေသော
ငပေါကိုတွေ့လိုက်ရ၏။ သူပြောတာ နာသွားဟန်တူသည်။ ကောင်းတယ် နည်းတောင်နည်းသေး အဟေးဟေး…….
X X X
X
ခြံဝန်းတစ်ခုလုံးတိတ်ဆိတ်နေသည်။
ညမိုးချုပ်ကာစဖြစ်သောကြောင့် ပန်းပင်များပေါ်မှာ ပျံသန်းနေသော အကောင်ငယ်လေးများကို ဝိုးတဝါးမြင်နေရသေးသည်။
ခြံဝန်းတံခါးဝမှမီးနှစ်လုံးမှာမူ ထိန်ထိန်လင်းနေသည်။ ခြံထဲတွင် ခေတ်မှီစွာတည်ဆောက်ထားသော
အမိုးလေးထောင့်ပုံသဏ္ဍာန်နှစ်ထပ်တိုက်အဆောက်အဦး တစ်လုံးရှိသည်။ ထိုနှစ်အဆောက်အဦး နံရံအချို့ကို
မှန်သာထူထူကြီးများဖြင့်ကာရံထားပြီအထဲရှိ သွားလာလှုပ်ရှားနေသော လူအချို့ကို အဝေးမှအတိုင်းသားမြင်နေရသည်။
တိုက်အောက်ထပ်တွင်တော့ Toyota Surf တစ်စီးရပ်ထားသည်ကို တွေ့ရသည်။ တိုက်အပေါ်ထပ်တွင်တော့
မီးလင်းနေသော အခန်းငယ်လေးရှိသည်။
“ကျွီ…………..”
ခေါင်းရှိရေများကိုတဘတ်ဖြင့်သုတ်ရင်း
သူရေချိုးခန်းထဲမှထွက်လာခဲ့သည်။ တနေကုန် ပင်ပန်းခဲ့သမျှ ရေချိုးလိုက်သည့်အခါ လန်းဆန်းပေါ့ပါးသွားသည်။
အခုမှရေချိုးခန်းထဲက ထွက်လာသည်မို့ Underwear လေးသာဝတ်ထားပြီး ခေါင်းမှမခြောက်သေးသည့်ရေများကို
ဆက်သုတ်နေသည်။ ထို့နောက် တဘတ်ကိုတန်းပေါ်သို့လွှားတင်လိုက်ပြီး Hair Dryer သွားယူလိုက်ကာ
မှန်ရှေ့တွင်သူ့ကိုသူ ကြည့်ရင်း ဆံပင်များကိုမှုတ်လိုက်သည်။ ဆံပင်မှုတ်လို့ပြီးသွားသောအခါ
ခြောက်ကပ်ကပ်ဖြစ်နေသာ သူ့မျက်နှာပေါ်သို့ Toner ရည်အနည်းငယ်ကို လက်ထဲထည့်လိုက်ပြီး ခပ်ဖွဖွလေးရိုက်လိုက်၏။
ထို့နောက် မိမိကိုယ်ကို မှန်ထဲတွင် တစ်ချက်ကြည့်ကာ မင်းသန့်ဇင်ကျေနပ်သွားပြီးပြုံးလိုက်မိ၏။
“……….”
သူ့စားပွဲပေါ်မှ
Facebook massage tone အသံကြောင့်အနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်မိ၏။ ထို့နောက် စားပွဲရှိရာသို့သူလျောက်လာလိုက်သည်။
Massage box လေးတစ်ခုပေါ်နေပြီး တစ်စုံတစ်ယောက်မှ သူ့ကိုစကားလာပြောထားခြင်းဖြစ်ဟန်တူသည်။
Computer ရှေ့သို့ရောက်သောအခါ မြင်လိုက်ရသည့်စာကြောင့် သူအနည်းငယ်ကြောင်သွားသည်။ ဘယ်သူပါလိမ့်…..
“ရေခဲတုံးကြီးရေ ဘာလုပ်နေတုန်း။ ငါ့ကိုလက်ခံပေးပါဦး”
“မင်းကဘယ်သူလဲ”
သူပြန်မေးလိုက်သောအခါ
….is typing ဆိုပြီးတစ်ဖက်မှ စာရိုက်နေသဖြင့်
ခဏစောင့်နေလိုက်သည်။ ခဏကြာသော်
“သိချင်ရင် Profile ကိုဝင်ကြည့်လိုက်လေ
Facebook သုံးနေပြီးဘယ်သူလဲမေးနေရသေးလား”
စကားပြောတာ
သူနဲ့တရင်းတနီးရှိနေသဖြင့် နည်းနည်းတော့မသင်္ကာဖြစ်သွားသည်။ Profile name ကိုသေသေချာချာပြန်ကြည့်လိုက်သောအခါ…..
“ဟင်….. Ya Tha ဆိုပါလား။ ဒါ…..
ဟို ……ငပေါမဟုတ်လား။ ကျွတ်စ်….
ဘယ်လိုလုပ်ငါ့ Facebook ကိုရှာတွေ့သွားတာပါလိမ့်။ “
Facebook
ပေါ်တွင်သူလည်းနာမည်အရင်းကိုသာသုံးထားသည်မို့ ဒီကောင်ရှာတွေ့သွားတာဖြစ်နိုင်သည်။ အဲ့….
ငါမှသူ့ကိုနာမည်ပြောမပြထားတာ ဘယ်လိုလုပ်သူသိမှာလဲ…. ဒီကောင်တော်တော်မလွယ်တာပဲ။ သူဘာမှပြန်မပြောသေးပဲ Profile ပေါ်သို့ Click လိုက်သည်။
Profile တက်လာသောအခါ ငပေါဖြစ်မှန်းသေချာသွားသည်။ မင်းလိုငပေါကလည်း Facebook သုံးတတ်သေးတာပဲလား……
သူငပေါရဲ့
Requests ကိုလက်မခံသေးပဲဒီအတိုင်ထားလိုက်သည်။ ထို့နောက် ငပေါ့၏ Timeline ကိုဆက်ပြီး
Click လိုက်၏။
“အမယ် General Manger at CHA CHA Café
and Bakery ဆိုပါလား ဟဟ။ တော်တော်လာတဲ့ကောင်ပဲ”
မင်းသန့်ဇင်
Mouse ကို Scroll down လုပ်လိုက်ပြီးသူ့ Timeline ကိုဆက်မွှေလိုက်သောအခါ ဘွားကနဲ သူ့ပုံကြီးကိုတွေ့လိုက်ရသည်။
ရုတ်တရက်မို့ ကိုယ့်မျက်လုံးကိုမယုံနိုင်ပဲ လက်နှစ်ဖက်ဖြင့် ပွတ်လိုက်ကာ နောက်တစ်ခေါက်ပြန်ကြည့်လိုက်သည်။
ဟုတ်ပါတယ် သူ့ပုံမှသူ့ပုံစစ်စစ်ပါ။ မနက်ကမှလတ်လတ်ဆက်ဆက် အရိုက်ခံလိုက်ရသည့်သူ့ပုံကြီးပါ။
ရေးထားပါသေးသည် “My
new cute classmate” တဲ့။ သူ့ပုံကို ပူစီလိုမျိုး နှာခေါင်းမွှေးတုများတပ်ထားပေးကာ
မျက်နှာတွင်လဲပါးနီတွေချယ်ထားပေးသည်။ ခေါင်းတွင်လဲ သရဖူတစ်လုံး စွတ်ထားပေးထားသေးသည်။
ပုံ၏အောက်တွင် Like 10 ကျော်နှင့် Comment အချို့ကိုတွေ့ရသည်။ ဒီကောင်ဘာကောင်လဲ………. ငါလူသတ်မိတော့မယ် ငါလူသတ်မိတော့မယ်………..သူ့ဒေါသတွေအထွတ်အထိပ်သို့ရောက်လာပြီး
ပေါက်ကွဲလာသည်။
“အား………………”
ဆက်ရန်ရှိသေးသည်
Written by -
Lovealone
(၂၀၁၄ ခုနှစ်အတွက် ကျွန်တော်ပထမဆုံးရေးတဲ့ဇာတ်လမ်းလေးပါ။ ကြိုက်နှစ်သက်တယ်ဆိုရင် တစ်ခုခုပြောခဲ့နိုင်ပါတယ်။ နောက်အပိုင်းတွေကိုမကြာမီတင်ပေးပါ့မယ်)
Subscribe to:
Post Comments (Atom)
Search
Warning
Quotes
Popular Posts
-
(ခပ်ကြမ်းကြမ်းဖတ်ချင်သူများအတွက် ခပ်ကြမ်းကြမ်းဇာတ်လမ်းတစ်ပုဒ် တင်ဆက်လိုက်ပါတယ်။ ဒါပထမ ဆုံးရေးတာမိုလို့ ကောမန့်မပေးရင် ဆက်မရေးတော့ဘူးလို...
-
အဓိပ္ပါယ် ဖွင့်ဆိုခြင်း German gynecologist တစ်ယောက်ဖြစ်တဲ့ Ernst Gr ä fenberg က ရှာဖွေတွေ့ရှိခဲ့တာဖြစ်လို့ G-Spot လို့ ခေါ်ပါတယ်။ အဓ...
-
ဒီမြို့လေးဟာသူ့အတွက်တော်တော်လေးကို သူစိမ်းဆန်နေခဲ့ပါသည်။ မြင်ကွင်းအသစ်တွေက မျက်စိပဒေဿဖြစ်စေရုံသာသာမက ပတ်ဝန်းကျင်ရဲ့ရံနံ့ကလည်း သစ်လ...
Follow us on Facebook
Monthly Posts
-
▼
2014
(44)
-
▼
April
(13)
- ကျောင်းတော်ကြီးရဲ့ချစ်ပုံပြင် အပိုင်း(၁)
- Formula 17
- အဆုံးသတ်ခြင်းမရှိခဲ့သော
- Gayနှင့်ဗုဒ္ဓဘာသာ
- Cappuccino (Gay Short)
- Freunde (Gay Short)
- ယောကျာ်းတွေအထူးသဖြင့် (ဂေး) တွေအတွက် HPVကာကွယ်ဆေး
- သင့်ရဲ့ Male G-spot ကိုသင်ကိုယ်တိုင်ရှာဖွေခြင်း
- အချစ်ဦးမို့
- လိင်တူချင်းတပ်မက်မှုနှင့် စပ်လျဉ်း၍
- တစ်ကိုယ်ရေအာသာဖြေခြင်း
- Water | Vattnet (2012) - gay short film
- Gay တို့နှင့်သစ္စာတရား
-
▼
April
(13)
Good!
ReplyDeleteကျေးဇူး
DeleteInteresting.. keep going... :D
ReplyDeletenice try on, I like it.
ReplyDeleteကြိုက်ပါတယ်။အပြုံးလေး အချစ်ခါး ယောက်ျားလှကျွန်းတွေလည်းဖတ်ပြီးပါပြီ သဘောကျတယ် :)
ReplyDeleteကြိုက်ပါတယ်ျေ ကြိုးစားပါနော် ဆက်လက်အားပေးလျက်ပါ
ReplyDelete