This is the best gay website for Myanmar gay peoples.
Thursday, April 17, 2014
On 9:50 AM by Unknown in    4 comments
ပဏ္ဍုပ်ဟူသောစကားသည်ပဏ္ဍကဆိုတဲ့ ပါဠိက ဆင်းသက်လာသည်။ အရပ်စကားနဲ့ပြောရရင်တော့ အခြောက်(ဂေး) ဟု ပြောကြသည်။ ပဏ္ဍုပ်များသည်မြတ်စွာဘုရားရှင်လက်ထပ်ကတည်းက ရှိနေခဲ့ခြင်းဖြစ်ပါသည်။ ပဏ္ဍုပ်များသည် ဗုဒ္ဓဟောကြားသော ဝိနည်းတော်ဥပဒေတော်ကြီးတွင်လည်း အတိအလင်းပါဝင်ထားပါသေးသည်။ ပဏ္ဍုပ်ကိုတိုက်ရိုက်အနက်အဓိပ္ပါယ်ပြန်ကြည့်မယ်ဆိုရင်တော့ လိင်င်္အဂါချို့ယွင်းသူဟု အဓိပ္ပါယ်ရပါသည်။ ပဏ္ဍုပ်တို့အားဘုရားရှင်ကိုယ်တော်ကြီးမှ အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားပါသည်
(၁)အသိတ္တကပဏ္ဍုပ် (သူတပါးရဲ့အင်္ဂါကိုစုပ်၍သုတ်သွင်းရမှဂနာငြိမ်သူ)
(၂)ဥသူယပဏ္ဍုပ် (သူတပါးမေထုံပြုသည်ကိုကြည့်၍ငြူစူရမှဂနာငြိမ်သူ)
(၃)သြပက္ကမိကပဏ္ဍုပ် (ဝှေးစေ့ထုတ်ထားသောသူ)
(၄)ပက္ခပဏ္ဍုပ် (လဆုတ်ပက္ခ၌ရာဂပူပန်၍လဆန်းပက္ခ၌ရာဂငြိမ်းသူ)
(၅)နပိုးပဏ္ဍုပ် (ယောကျာ်းဘာဝရုပ်မိန်းမဘာဝရုပ်ကင်းသူ)
(၆)ဥဘာတောဗျဉ်း(ယောကျာ်းအင်္ဂါစပ်မိန်းမအင်္ဂါစပ်နှစ်မျိုးလုံးရှိသူ)
ဆိုပြီး (၆)မျိုးတိတိရှိပါသည်။ ထို(၆)မျိုးအား တစ်ခုခြင်းစီရှင်းပြရပါလျှင်မူ
(၁)အသိတ္တကဏ္ဍုပ် (သူတပါးရဲ့အင်္ဂါကိုစုပ်၍သုတ်သွင်းရမှဂနာငြိမ်းသူ) ဆိုသည်မှာ သူတပါး၏လိင်အင်္ဂါကို မိမိ၏ပါးစပ်ဖြင့် စုပ်ယူပြီး သုတ်လွှတ်သည့်အခါမှ တဏှာရာဂငြိမ်းသူဟုအဓိပ္ပါယ်ရပါသည်။ အရပ်စကားအားဖြင့် ကီးခြင်း၊ ပလွေမှုတ်ခြင်း၊ ဟုပြောပါသည်။
(၂)ဥသူယပဏ္ဍုပ် (သူတပါးမေထုံပြုသည်ကိုကြည့်၍ငြူစူရမှဂနာငြိမ်းသူ) ဆိုသည်မှ သူတပါးလိင်ဆက်ဆံနေသည်ကို ကြည့်၍မိမိဘာသာ တကိုယ်ရေအာသာဖြေပြီးမှ တဏှာရာဂငြိမ်းသူဟု အဓိပ္ပါယ်ရပါသည်။
(၃)သြပက္ကမိကပဏ္ဍုပ် (ဝှေးစေ့ထုတ်ထားသောသူ) ဆိုသည်မှာ မိမိ၏ဝှေးစေ့အိမ်မှ ဝှေးစေ့အထုတ်ခံထားရသူကို ဆိုလိုသည်။ ဤနေရာတွင် မွေးရာပါမပါရှိသူများကိုလဲ ဆိုလိုသည်။ အချိုမှာ ဝှေးစေ့နှစ်လုံးမပါပဲ တစ်လုံးတည်းပါတတ်တာမျိုးရှိပါသေးသည်။ ထို့အပြင် အခြားပရောဂကြောင့်ဖြစ်စေ မင်းမြတ်မင်းဒဏ်သင့်၍ဖြစ်စေ မိမိ၏ဝှေးစေ့များအထုတ်ခံထားရသူများလည်းပါဝင်သည်။ အရပ်စကားဖြင့် ထိုလူမျိုးများအား နတ်ကွတ်ဟုခေါ်ပါသည်။
(၄)ပက္ခပဏ္ဍုပ် (လဆုတ်ပက္ခ၌ရာဂပူပန်၍လဆန်းပက္ခ၌ရာဂငြိမ်းသူ) ဆိုသည်မှာ ပဏ္ဍုပ်ပက္ခကျရာအချိန်များတွင်သာ ပဏ္ဍုပ်စိတ်ဝင်တတ်သောသူများဖြစ်သည်။ ယင်းပုဂ္ဂိုလ်များသည် သာမန်အချိန်တွင် ယောကျာ်းစစ်စစ်ဖြစ်သော်လည်း ပဏ္ဍုပ်ပက္ခတည်ရာအချိန်တွင်မူ လုံးဝမိန်းမစိတ်ဝင်သွားပါသည်။ တစ်ပက္ခတွင် မြန်မာရက် ၁၅ ရက်ရှိပါသည်။ ထို့ကြောင့် ထိုပုဂ္ဂိုလ်များသည် လဆုတ်ပက္ခတည်ရာအချိန်များတွင် တဏှာရာဂထကြွပူပန်ပြီး လဆန်းပက္ခရောက်သောအချိန်မှသာလျှင် တဏှာရာဂကင်းငြိမ်းကြရပါသည်။
(၅)နပိုးပဏ္ဍုပ် (ယောကျာ်းဘာဝရုပ်မိန်းမဘာဝရုပ်ကင်းသူ) ဆိုသည်မှာ ယောကျာ်းအင်္ဂါရော မိန်းမအင်္ဂါပါ မပါရှိသူ လိင်အင်္ဂါကင်းမဲ့သူများကိုဆိုလိုပါသည်။
(၆)ဥဘာတောဗျဉ်း(ယောကျာ်းအင်္ဂါစပ်မိန်းမအင်္ဂါစပ်နှစ်မျိုးလုံးရှိသူ) ဆိုသည်မှာ ယောကျာ်းအင်္ဂါရော မိန်းမအင်္ဂါပါနှစ်မျိုးလုံးပါရှိသူများကိုဆိုလိုပါသည်။ လိင်အင်္ဂါအစုံလိုက်ပါလာခြင်းကိုဆိုလိုခြင်းဖြစ်သည်။ Bisexual ကိုရှေးကအဘိဓာန်များတွင် လိင်အင်္ဂါအစုံလိုက်ပါရှိသူဟု ဆိုကြသည်။ ယခုအခါတွင်တော့ ယောကျာ်းကောမိန်းမပါ ချစ်တတ်သည့်သူ လိင်တူလိင်ကွဲနှစ်မျိုးလုံးကိုစုံမက်သူဟု အဓိပ္ပါယ်ပြောင်းလာခဲ့ပါသည်။
မြတ်စွာဘုရားရှင်လက်ထပ်တွင် ရဟန်းတို့ဆွမ်းမခံသင့်သော နေရာများတွင် ပဏ္ဍုပ်တို့၏ အိမ်များပါဝင်ပါသည်။ ထို့အပြင် ပဏ္ဍုပ်တို့ရဟန်းဝတ်ခြင်းကိုလဲ တားမြစ်ခံထားရပါသေးသည်။ သို့သော် မြတ်စွာဘုရားရှင်သည် လောကမှရှိရှိသမျှသတ္တဝါတို့အား သနားကရုဏာတော် ကြီးမားသော အတုမရှိပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကြီး ဖြစ်လင့်ကစား ပဏ္ဍုပ်တို့အပေါ်တွင်လည်း သနားညှာတာသော အားဖြင့် ရဟန်းဝတ်ခွင့်ကို သီးခြားခွဲပေးခဲ့ပါသည်။ ရဟန်းဝတ်ခွင့်ရသော ပဏ္ဍုပ်အမျိုးအစားမှာ (၁)အသိတ္တကဏ္ဍုပ် (၂)ဥသူယပဏ္ဍုပ်  တို့ဖြစ်ကြသည်။ (၄)ပက္ခပဏ္ဍုပ် မှာမူ ရန်ဖန်ရန်ခါသာပြုကောင်းသည်ဟုဆိုသည်။ လိုရင်းမှာမူ  ပဏ္ဍုပ်ပက္ခတည်သော ကာလတွင်မူ ရဟန်းမပြုကောင်းပဲ ပဏ္ဍုပ်ပက္ခလွန်သော အခါတွင်သာ ရဟန်းပြုခွင့်ရသည်ဟုဆိုလိုခြင်းဖြစ်သည်။ ဤသို့သတ်မှတ်ခဲ့ရခြင်းမှာ မြတ်စွာဘုရားလက်ထပ် သဃာအလွန်စည်ပွားတိုးတက်ချိန်တွင် ပဏ္ဍုပ်တို့သည်သံဃာအဖြစ်ဝင်ရောက်ခဲ့ကြပြီး အခြားသဃာများဖြင့် မသင့်မလျော်နေခဲ့ကြသောကြောင့် အခြားဒိတ္ထိဂိုဏ်းဝင်များမှ ပုတ်ခတ်ပြောဆိုမှုကိုခံခဲ့ရသဖြင့် မြတ်စွာဘုရားမှ တားမြစ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရဟန်းပြုရာ၌ သိမ်အတွင်းကံဆောင်စဉ် သင်ယောကျာ်းစစ်စစ်ဖြစ်ပါသလား ဟူသောမေးခွန်းများမေးလေ့ရှိခြင်းဖြစ်သည်။
ဂေး (သို့) အခြောက် ဖြစ်ရခြင်းမှာ အတိတ်ဘဝက `ကာမေသုမိစ္ဆာစာရကံ´  ကိုကျူးလွန်ခဲ့သောကြောင့် ဖြစ်ရခြင်းဖြစ်ပါသည်။ `ကာမေသုမိစ္ဆာစာရကံ´ ကိုအများက သူတပါးသားမယားစော်ကားသောကံဟု သာသိထားကြပါသည်။ သို့သော် အမှန်စင်စစ် `ကာမေသုမိစ္ဆာစာရကံ´ မှာထိုမျှနှင့်မပြီးသေးပါ။ အောက်ပါ အမျိုးသမီးများကို ပြစ်မှားစော်ကားမိလျှင်လဲ ကာမေသုမိစ္ဆာစာရကံ´  ထိုက်ပါသေးသည်။ ထိုအမျိုးသမီးများမှာ-
၁။ မာတုရက္ခိတာ = မိခင်ကစောင့်ရှောက်ထားသော အမျိုးသမီး။
၂။ ပိတုရက္ခိတာ = ဖခင်က စောင့်ရှောက်ထားသော အမျိုးသမီး။
၃။ မာတာ ပိတုရက္ခိတာ =မိခင်,ဖခင် နှစ်ဦးလုံးက စောင့်ရှောက်ထားသော
    အမျိုးသမီး။
၎။ ဘဂိနီရက္ခိတာ အစ်မ၊ညီမတို့ကစောင့်ရှောက်ထားသော အမျိုးသမီး။
၅။ ဘာတုရက္ခိတာ =အကို၊မောင်တို့မှစောင့်ရှောက်ထားသော အမျိုးသမီး။
၆။ ဉာတိရက္ခိတာ = ဆွေမျိုးတို့ စောင့်ရှောက်ထားသော အမျိုးသမီး။
၇။ ဂေါတ္တရက္ခိတာ = လူမျိုးတူအနွယ်တူ လူတို့က စောင့်ရှောက် ထားသော
    အမျိုးသမီး။
၈။ ဓမ္မရက္ခိတာ =အတူတကွ တရားကျင့်ဖော်တို့က စောင့်ရှောက်
   ထားသော အမျိုးသမီး(သီလရှင်၊ယောဂီစသည်)
၉။ သပရိဒဏ္ဍာ = မင်းစသော အာဏာပိုင်တို့မှ အချိန်ကျလျှင် တော် ကောက်မှာမို့
    သူ့မကို သွားလာပေါင်းသင်းလျှင် ပြစ်ဒဏ်ပေးမည်ဟု အမိန့်ထုတ် ထားသည့်အတွက်
   သွားလာပေါင်းသင်းသူအား ပြစ်ဒဏ်မကင်းစေသောအမျိုးသမီး။
၁၀။ သာရက္ခာ = အစောင့်အရှောက်ရှိသောအမျိုးသမီး။( မိခင်ဝမ်း၌
      တည်နေစဉ်ကပင် မိဘအချင်းချင်းတပါးသောအမျိုးသားနှင့်အချိန်ကျလျှင် လက်ဆက်ပေး မည်ဟု
     သတ်မှတ်စေ့စပ်ထားသူကိုဆိုလိုသည်)
၁၁။ ဓနက္ကိတာ = ရွှေ၊ငွေ အစရှိသော ပစ္စည်းဥစ္စာဖြင့် ၀ယ်ယူ ထားသော
     အမျိုးသမီး။
၁၂။ ဆန္ဒ၀ါသိနီ = မိန်ခလေးကိုယ်တိုင်
     ဆန္ဒတူချစ်ကြိုက်သဖြင့် ယောက်ျားလေးအိမ်သို့လိုက်လာသောအမျိုးသမီး(ခိုးရာလိုက်လာသော
     အမျိုးသမီး)
၁၃။ ဘောဂ၀ါသိနီ =ဆင်းရဲသဖြင့် ပုဂံခွက်ယောက် အစရှိသော အသုံး
     အဆောင် လေးဖြင့် တင်းတောင်းထားတဲ့ အမျိုးသမီး။
၁၄။ ပဋ၀ါသီနီ = ရွှေ၊ငွေ၊အ၀တ်တန်ဆာအတွက် ယောက်ျားနှင့်
     အတူ နေထိုင်ပေါင်းသင်းနေသော အမျိုးသမီး။
၁၅။ သြဒပတ္တကိနီ = ရေခွက်တွင် လက်ဆုံချ ထိမ်းမြားထားသော
      အမျိုးသမီ။(ယခုခေတ်လက်ထပ်ထိမ်းမြားပုံ)
၁၆။ သြဘတ စုမ္ဗိတာ = ခေါင်းပေါ်က ခေါင်းခုကျသွားသော အမျိုးသမီး။
     (ဆင်းရဲလို့ ခေါင်းပေါ်တွင် ခေါင်ခုတင်ကာ ဈေးဘန်း၊ထင်းစသည်ကို ရောက်နေရသော
     အမျိုးသမီးအား မယားအဖြစ်အတည်ယူလိုက်သော အမျိုးသမီးကို ဆိုလိုပါသည်)
၁၇။ ဓဇာဟတာ = စစ်နိုင်၍ ခေါ်ဆောင်လာသော သုံးပန်းထဲမှ
     အမျိုးသမီးအား မယားအဖြစ်တရားဝင်လက်ထပ်ပေါင်းသင်းထားသော အမျိုးသမီး။
၁၈။ ကမ္မကာရီ ဘရိယာ = အစေခံ အိမ်ဖော်အမျိုးသမီးအား မယားအဖြစ် တရားဝင်
     လက်ထပ်ထားသော အမျိုးသမီး။
၁၉။ ဒါသီဘရိယာ = ကျွန်မလေးအား မယားအဖြစ် တရားဝင်
      လက်ထပ်ထားသော အမျိုးသမီး။
၂၀။ မုဟုတ္တိကာ = တပါးသူက အခကြေးငွေဖြင့် ပေါင်းဖော်ရန် ငှားရန်း
      ထားသောအမျိုးသမီး(ပြည့်တန်ဆာ)။တို့ဖြစ်ကြပါသည်။
ဤသို့ဆိုလျှင် ကာမေသုမိစ္ဆာစာရကံ၏ကျယ်ပြန့်  ပုံကိုသိရှိလောက်ပြီဖြစ်ပါသည်။ အဂမနိယ၀တ္ထုခေါ် မပြစ်မှားအပ်သော အထက်ပါအမျိုးသမီးများမှ တစ်စုံတစ်ယောက်သော အမျိုးသမီးအား ပြစ်မှားစော်ကားခြင်း ပြုခဲ့မိပါက ကာမေသုမိစ္ဆာစာရကံထိုက်ပြီး ဂေးဖြစ်မည်ဖြစ်ပါသည်။ သို့သော် ပြစ်မှားသည်ဟုဆိုရာတွင် ကာမေသုမိစ္ဆာစာရကံမြောက်ကြောင်း အင်္ဂါ(၄)ချက်ရှိပါသေးသည် ထိုအချက်၎-ချက်မှာ-
၁။ အထက်တွင်ဖော်ပြခဲ့သော မမှီဝဲ မသွားလာအပ်သော အဂမနိယ အမျိုးသမီး (၂၀) ဖြစ်ခြင်း။
၂။ သွားလာ မှီဝဲလိုသော စိတ်ရှိခြင်း။
၃။ အမျိုးသမီး၏ မုခမဂ်-(ပါးစပ်ခံတွင်း)၊ပဿာဝမဂ်-(ကျင်ငယ်အင်္ဂါ)၊ ၀စ္စမဂ်-(ကျင်ကြီးအင်္ဂါ)
   ဟုဆိုသော မဂ်အင်္ဂါ-၃-ခုတွင်တခုခုကို မှီဝဲ သွားလာခြင်း။
၎။ မီဝဲ သွားလာသည်ကို သာယာခြင်း။
ထိုအချက်လေးချက်နှင့်ကိုက်ညီပါက ကာမေသုမိစ္ဆာရကံမြောက်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည့်သော အမျိုးသားများအဖို့  ကာမေသုမိစ္ဆာရကံမကျူးလွန်မိအောင် နေဖို့အလွန်ပဲ ခက်ခဲလှပါသည်ဟု ကျွန်တော့်အနေဖြင့်မြင်ပါသည်။ ထို့ကြောင့်လဲ ကမ္ဘာပေါ်တွင် ဂေးများတစ်နေ့တစ်ခြားပွားများလာသည်လားဟု ထင်မှားစရာတောင်ဖြစ်လာပါသည်။
ဂေးနှင့်ဗုဒ္ဓဘာသာဆက်နွယ်မှုနဲ့ပက်သက်ပြီးတော့ Wikipedia website တွင်တော့ အခုလိုဖော်ပြပေးထားတာကိုတွေ့ရှိရပါသည်။ Lay followers and monastic practices In the early sutras of Buddhism, "accepted or unaccepted human sexual conduct" for laypersons "is not specifically mentioned."[6] "Sexual misconduct" is a broad term, subject to interpretation according to followers' social norms. Early Buddhism appears to have being silent corcerning homosexual relations.[1] ဗုဒ္ဓဘာသာရှေးဟောင်းကျမ်းစာများတွင် sex နှင့် ပက်သက်ပြီး လက်ခံခြင်း လက်မခံခြင်းကိစ္စများကို ဖော်ပြထားခြင်းမရှိပါ။လိင်တူ ဆက်ဆံမှုများ အတွက်လည်း ဗုဒ္ဓဘာသာ တို့သည် နှုတ်ဆိတ်နေခဲ့ကြသည်။ Regardig Buddhist monks, the Vinaya (code of monastic discipline) bans all sexual activity, but does so in purely physiological terms,making no moral distinctions among the many possible forms of intercourse it lists.[7] ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ အတွက်မူ ဝိနည်း ခေါ် လိုက်နာရမည့် စည်းကမ်းချက်များရှိပြီး မည်သည့် လိင်ဆက်ဆံမှုမျိုးကို မဆို တားမြစ်ထားသည်။
Among Buddhists there is a wide diversity of opinion about homosexuality. Buddhism teaches that sensual enjoyment and desire in general, and sexual pleasure in particular, are hindrances to enlightenment, and inferior to the kinds of pleasure (see, e.g. pīti, a Pāli word often translated as "rapture") that are integral to the practice of jhāna. However, most Buddhists do not pursue skill in meditation or aim for enlightenment. For most, the goal is a pleasant life and, after death, a pleasant rebirth. For these Buddhists, enjoying sensual pleasures in a non-harmful way is normative. ဗုဒ္ဓဘာသာ အတွင်း၌ လိင်တူဆက်ဆံခြင်းနှင့် ပက်သက်၍ ကျယ်ပြန့်သော အကြံပေးမှုများစွာ ရှိခဲ့ကြသည်။ မည်သို့ပင်ဆိုစေ လိင်ဆက်ဆံခြင်း အမှုမှန်သမျှသည် ဗောဓိဥာဏ် သို့ မဟုတ် လွတ်မြောက်သော ဥာဏ်စဉ်ရရန် အတွက် အတားအဆီး တခု ဖြစ်ကြောင်း သင်ပြထားသည်။ Regarding transsexual people, the earliest texts mention the possibility of a person supernaturally changing sexes; such a person is not barred from ordination, and if already ordained, simply changes orders.[8] ဗုဒ္ဓဘာသာ ရှေးစာများ ၌ လူတို့၏ သဘာဝလွန် လိင်ပြောင်းလဲ နိုင်သည်များကို ဖော်ပြထားပြီး ၊ ထိုသူများကို သဘာဝလွန်ဆန် သူများဟုတားဆီးထားခဲ့ခြင်းများ မရှိပေ။
ဗုဒ္ဓဘာသာတွင် နိယတဗျာဒိတ်တော် ခံယူရရှိပြီးထားတဲ့ သဗ္ဗညုဘုရားအလောင်းတော်ကြီးများက လွဲရင် သတ္တ၀ါတိုင်း လိင်ပြန်ပါသည်။ အရှင်အာနန္ဒာတောင် အခြောက်ဖြစ်ခဲ့ပါသေးသည်ဟု မဟာဝါပါဠိတော် မဟာခန္ဓက ပဏ္ဍက၀တ္ထုနှင့် ၄င်းအဖွင့်အဋ္ဌကထာ။ ၀ိနယသာရဂဏ္ဍိကျမ်း။ ကိုကိုးကားပြီးစာရေးသူ မိုးသု(မန္တလေး)ကရေးသားထားသည်ကို ဖတ်ရှုဖူးပါသည်။ ထို့ကြောင့် ကပြောင်းကပြန် ကျင်လည်ကျက်စားနေရတဲ့ သံသရာခရီးရှည်ကြီးထဲမှာ လူတွေဟာ တစ်ကြိမ်တစ်ခါတော့ အမှားတွေလုပ်ခဲ့ကြသလို တစ်ကြိမ်တစ်ခါလောက်တော့လဲ လိင်ပြန်ကြရမှာပါ။ ဒါဟာ နိယာမပါပဲ။ လက်မခံချင်လို့ ရှောင်လွှဲချင်လို့ မရပါဘူး။
မိမိ၏သားသမီးကဂေးဖြစ်နေခြင်းနှင့်ပက်သက်ပြီးရဟန်းတစ်ပါးက ဒကာမတစ်ပါးကို မရှက်ဘူးလားဟု မေးမြန်းခဲ့ခြင်းကို ထိုဒကာမက
``သူ ဒီလိုဖြစ်နေပါစေလို့ တပည့်တော်မက ရည်ရွယ်ပြီး မွေးထားတာလဲ မဟုတ်ဘူး။ အဲတော့ သူ့ကံနဲ့သူပဲ။ တပည့်တော်မက ရှက်တော့ကော ဘာဖြစ်သွားမှာမို့လဲ။ ရှက်လဲ တပည့်တော်မ မွေးထားတဲသားပဲ။ မရှက်လဲ တပည့်တော်မ မွေးထားတဲ့သားပဲ။ တပည့်တော်မ မွေးထားတဲ့သားကို တပည့်တော်မပဲ ကျွေးရမှာ သားအဖြစ် လက်ခံရမှာ တပည့်တော်မ တာဝန်ပဲ။ ကိုယ်မွေးထားတဲ့ သားသမီး ကျွေးစရာရှိရင် ကျွေးမယ်။ ပေးစရာရှိ ပေးမယ်။ ဆုံးမစရာရှိလဲ တိုးတိုးကော ကျယ်ကျယ်ပါ ကိုယ်တော်တို့ အဖေကြီးမသိအောင် တပည့်တော်မ ဆုံးမနေတာပဲ။ တပည့်တော်မ တာဝန်ကျေတယ်။ ကောင်းတာမကောင်းတာတော့ သူတို့ကံပဲ။ ကောင်းကောင်းဆိုးဆိုး တပည့်တော်မ မွေးထားတာ´´လို့် ယခုလို ပြန်ပြောခဲ့သည်ဟု ထိုရဟန်းတစ်ပါးက ဖော်ပြထားတာကိုလည်း တွေ့ရပါသည်။  ထို့ကြောင့် ဂေးနှင့်ပက်သက်ပြီးဗုဒ္ဓဘာသာတွင် မအပ်စပ်ဘူးဟူသော အယူအဆ အပြစ်ရှိသည်ဟူသော အယူအဆသည် မှေးမှိန်နေကြောင်းကိုလည်းတွေ့ရှိရပါသည်။
ကျွန်တော်သိသလောက် ဗုဒ္ဓဘာသာတွင် လိင်ကို ပဓာနမထားကြောင်းတွေ့ရပါသည်။ ဗုဒ္ဓဘာသာတွင် ကိုယ်ကျင့်တရားကိုသာ အဓိကထားသည်လို့ သာကြိမ်ကြိမ် အခါခါ ပြောခဲ့ရေးခဲ့တာကိုသာတွေ့ရပါသည်။ သားသမီးများက ခြောက်နေရင် ယောကျာင်္းစိတ်ပြန်ပေါက်အောင် အတ္တကို ရှေ့တန်းတင်ပြီး အတင်းကြီး ပုံသွင်းပြုပြင်မဲ့အစား ကောင်းကောင်းမွန်နေထိုင်ဖို့ ကိုယ်ကျင့်တရား ကောင်းကောင်းမွန်မွန်နဲ့ နေထိုင်ဖို့ ပြောဆိုဆုံးမပေးတာကမှ သူ့အတွက်ကော ကိုယ့်အတွက်ပါ အကျိုးရှိပါသည်။  ပစ္စုပ္ပန်တမလွန် နှစ်တန်သော ဘ၀တို့ကို အကျိုးဖြစ်ထွန်းစေပါသည်။
ဤသို့ဆိုလျှင် ဂေးဖြစ်ခြင်းမဖြစ်ခြင်းနှင့်ပက်သက်ပြီးဗုဒ္ဓ၏အယူဝါဒတွင်အပြစ်ရှိသည်ဟု မရှိဘူးဟူသော အထောက်အထားများမတွေ့ရှိရပါ။ ဂေးဖြစ်နေသူများသည် ဗုဒ္ဓ၏အယူတွင် မိမိ၏အတိတ်ကံမှတင်နေသည့် အကုသိုလ်ဝဋ်ကြွေးများကို ပေးဆပ်သူ များဟုသာမြင်ရပြီး ဂေးဖြစ်သည့်အတွက် အပြစ်ကျူးလွန်နေသူများဟူ၍ မမြင်ရပါ။ ထို့အပြင် လိင်တူခြင်းလက်ထပ်မှုနှင့် ပက်သက်၍ အချို့သူများက ဗုဒ္ဓဘာသာအရ လုံးဝလက်မခံနိုင်ဘူးဟုဆိုနေခြင်းအား စဉ်းစားရမည်ဆိုပါက ဗုဒ္ဓဘာသာတွင် လိင်တူချင်း (ဝါ) ယောကျာ်းချင်းလက်ထပ်ခြင်းကြောင့် မည်သည့်ကံမြောက်ကြောင့် မည်သည့်ကံထိုက်ကြောင်းကို ကျွန်တော့်အနေနဲ့ရှာမတွေ့ပါ။ ထိုကံထိုက်ခြင်းကြောင့် မည်သည့်အပြစ် အပယ်ငရဲကိုခံစားရမည်ဆိုသည့်အကြောင်းကိုလည်း ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ပါ။ ထို့ကြောင့် လူတွေက လိင်တူချစ်ချင်းအား ဗုဒ္ဓဘာသာအရ လုံးဝလက်မခံနိုင်ဘူးဟုဆိုနေခြင်းအား ကျွန်တော့်အနေဖြင့်တော့ ဘာကြောင့်လက်မခံရသလဲ ဘာဖြစ်လို့လက်မခံရသလဲ ဟုသာမေးချင်ပါသည်။ လက်မခံနိုင်ဘူးဆိုပါကလဲ သက်သေအထောက်အထား ကျမ်းဂန်အထောက်အထားများနှင့်တကွ ဖော်ပြပေးပါဟုတောင်းဆို ဦးမည်ဖြစ်ပါသေးသည်။ အဘယ်ကြောင့်ဆိုသော ထိုသက်သေအထောက်အထားများအား ကျွန်တော်ကိုယ်တိုင်ရှာဖွေနေသောကြောင့်ဖြစ်ပြီး ယခုထက်တိုင်ရှာမတွေ့သေးသောကြောင့်လည်း ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ဂေးဖြစ်ခြင်းသည် ဗုဒ္ဓဘာသာတွင် အထူးတလည်ဖော်ပြထားခြင်းမရှိပါကြောင်းနှင့် ဗုဒ္ဓဘာသာသည် လိင်စိတ်ယိမ်းယိုင်မှုနှင့်ပက်သက်ပြီး မည်သည့်ဆက်နွယ်မှုကိုမျှ အထူးတလည်အကျယ်တဝင့် မှတ်တမ်းတင်ထားခြင်းမရှိကြောင်းတွေ့ရှိရပါသည်။
                                                       Written by-
                                                                  Lovealone
မှတ်ချက်။    ။ ဤဆောင်းပါးနှင့်ပက်သက်ပြီး စာရေးသူသည် မိမိအမြင်များနှင့် သိရှိထားသိအချက်အလက်များကိုသာ ဦးစားပေးတင်ပြခြင်းမျိုးသာဖြစ်ပြီး ဂေးနှင့်ဆိုင်သည့် ဗုဒ္ဓဘာသာ အချက်အလက်များရှာဖွေလိုသူများအတွက်လည်း အဆင်ပြေစေရန်ရည်ရွယ်ပါသည်။ ဤဆောင်းပါးတွင်ဖော်ပြထားခြင်းကို တစ်စုံတစ်ရာဝင်ရောက်ဆွေးနွေးလိုသည်ဖြစ်စေ မိမိသဘောအမြင်သို့မဟုတ် သိရှိထားသည့်အရာများကိုဖြစ်စေ ဝင်ရောက်တင်ပြလိုပါက လွတ်လပ်စွာတင်ပြနိုင်ပါကြောင်းလဲပြောကြားလိုပါသည်။ ဤဆောင်းပါးဖြစ်မြောက်ရန်အတွက် အင်တာနက်ရှိမြောက်များစွာလှသော စာပေများမှအချက်အလက်များအား ထုတ်ယူသုံးစွဲထားကြောင်းကိုလဲဝန်ခံအပ်ပါသည်။ ထို့အပြင် Wikipediaဆိုဒ်မှ စာများအားတကူးတက
ဘာသာပြန်ပေးပါသော ကျွန်တော့်ရဲ့သူငယ်ချင်းကိုကောင်းမြတ် ကိုအထူးကျေးဇူးတင်ရှိပါကြောင်း ကိုလည်းပြောကြားလိုပါသည်။
4 comments:
  1. thank you very so much
    ReplyDelete
  2. i am not clear, Am I break the line(u know what I mean) if I pay for a sex, or if I hire a escort?
    Is the marriage is the only way for sex????
    just want to clear, thanks so much for u sharing
    ReplyDelete
  3. သာဓု သာဓု သာဓု။ ကျ​နော်​ ဗုဒ္ဓဘာသာစစ်​စစ်​ straight စစ်​စစ်​တ​ယောက်​ပါ။
    အခုလို ဗုဒ္ဓဘာသာကို ​သေချာ​လေလာထားတဲ့ gay အ​ခြောက်​ တ​ယောက်​ကို​တွေ့ရတာ ​လေးစားပါတယ်။
    အပြစ်​ကျူးလွန်​တာမဟုတ်​ပဲ အတိတ်​က ဝဋ်​​ကြွေး​တွေကို​ပေးဆပ်​​နေတယ်​လို့ လက်​ခံထားတာ ၀မ်းသာပါတယ်​။
    non straight ​တွေအ​ကြောင်းစိတ်​၀င်​စားလို့ ဒီblog ထဲ​ရောက်​လာတာပါ။
    ReplyDelete
  4. အခြောက်ဆိုတဲ့စကားလုံးကို ဖြစ်နိုင်ရင် မြန်မာ့စကားလုံးတွေထဲက ပျောက်သွားစေချင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ကို ခွဲခြားဆက်ဆံတာထက် ဆိုးရွားတဲ့အပြစ်ဒါဏ်မရှိပါဘူး။
    သေသေချာချာ လေ့လာရေးသားထားတဲ့ lovealone ကို ကျေးဇူးတင်ပါတယ်။ မြန်မာပြည်မှာ ဒီလိုထက်မြက်တဲ့လူငယ်တွေရှိနေတဲ့အတွက် ၀မ်းသာမိပါတယ်။
    သဘာဝအတိုင်းပဲဆိုတဲ့ သိပ္ပံအသုံးအနှုန်းကိုသာ လက်ခံမိပါတယ်။ ဘာပဲဖြစ်ဖြစ် အမြင်မတူ၊ အယူအဆမတူသော်လည်း တကယ့်ကိုလှိုက်လှိုက်လဲလဲ ဒီဘလော့ဘ်ရှိနေတာကို ၀မ်းသာမိတယ်။
    ဂေးဆိုရင် လိင်ပိုင်းဆိုင်ရာလို့သာ သိထားတဲ့သူများ အမြင်ပြောင်းချိန်ရောက်ပြီထင်ပါတယ်။
    ReplyDelete