This is the best gay website for Myanmar gay peoples.

Wednesday, January 30, 2013

On 8:14 AM by Unknown in    2 comments


ဆောင်းဝင်စဖြစ်တာကြောင့်ရာသီဥတုက အေးစက်စက်နိုင်လာသည်။ သူနှင့်နေ ထမင်းဆိုင်မှ ထွက်လာပြီးနောက် ညဈေးတန်းလေးကို ဖြတ်ကာလမ်းလျှောက်လာခဲ့ကြသည်။ အေးစက်စက် လေညှင်းလေးနှင့်အတူ နေကသူ့ပခုံးကိုဖက်ထားသောကြောင့် လမ်းလျှောက်ရသည်မှာ အရသာတစ်မျိုးပင်။ ဈေးထဲတွင်များသောအားဖြင့် အဝတ်အစားတွေသာရောင်းသည်ကများသည်။ နေက သူလိုချင်သည့်အဝတ် အစားတွေအကြောင်းကို တတွတ်တွတ်ပြောနေသည်။ သူကတော့ ပြုံးရင်းသာနားထောင်နေလိုက်သည်။
     
 ဈေးမှပြန်ရောက်သောအခါ နေ့ကိုတောင်ပေါ်ရှိရပ်တော်မူဘုရားသို့ လိုက်ပို့ပေးလိုက်သည်။ ထိုဘုရားမှအပြန်တွင်တော့ ဘယ်မှမဝင်တော့ပဲ သူတို့နှစ်ယောက်လုံး Hotel သို့တန်းပြန်ခဲ့ကြ၏။ Hotel သို့ရောက်တော့ တံခါးပိတ်လုနီးနေပြီဖြစ်သည်။ ထို့နောက် နှစ်ရောက်လုံး မိမိအခန်းသို့ပြန်တက်ခဲ့ကြ၏။
အခန်းထဲသို့ရောက်သော် နေက ခြေပစ်လက်ပစ်ကုတင်ပေါ်သို့ လှဲချလိုက်သည်။ သူနေ့ကို တစ်ချက်ကြည့်လိုက်ပြီး တံခါးကိုပြန်ပိတ်ကာ လော့ချလိုက်၏။ နေကတော့ ကုတင်ပေါ်တွင် သက်ပြင်းချလျှက်ရှိသည်။ သူနေ့အနားကပ်သွားလိုက်သည်။ နေကသူ့ကို မြင်တော့ လက်ကိုလှမ်းဆွဲကာ ကုတင်ပေါ်သို့ ဆွဲချလိုက်သည်။ ထို့နောက်နေက သူ့ကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

“အောင်............”

“နေ့ကို ကြောက်နေတာလား”


ရုတ်တရက်နေမေးလာသော မေးခွန်းကြောင်း သူဘာပြန်ဖြေရမှန်းမသိတော့ချေ။ အမှန်တိုင်းပြောရလျှင်တော့ သူနေ့ကိုကြောက်သည်ဆိုသည်ထက် sex ကိစ္စကိုရင်ဆိုင်ရမှာ မဝံ့မရဲဖြစ်နေသည်ဆိုလျှင် ပိုမှန်လိမ့်မည်။ အတွေ့အကြုံမရှိသေးသော သူ့အတွက် အလွန်ခက်ခဲသည့် ပြဿနာကြီးတစ်ခုပါပင်။ အထူးသဖြင့် နာကျင်သည့် ဒဏ်ကို သူခံနိုင်ရည်မရှိခြင်းပင်။ ဂေးဖြစ်ရသည်မှာ ထင်သလောက်မလွယ်မှန်း သူအခုမှ သဘောပေါက်သည်။

“မကြောက်ပါဘူးနေ။ ဒါပေမယ့် အောင်စိုးရိမ်နေတာက အောင်ခံနိုင်ရည်မရှိမှာကိုစိုးတယ်။ ပြီးတော့ နေရော ခံနိုင်ရည်ရှိပါ့မလား”

“အင်း ခံနိုင်ရည်မရှိတော့ဘာဖြစ်လဲအောင်ရာ။ နေက အောင့်ကို sex လုပ်ဖို့သပ်သပ်ပဲ ချစ်တာမှမဟုတ်တာ။ အောင့်မှာ ပြဿနာရှိနေရင် နေအတင်းမလုပ်ပါဘူး။ နေ့ဖက်ကဆိုရင်လဲ နေအတက်နိုင်ဆုံး ပြေလည်အောင် ကြိုးစားမှပေါ့ ဘာတွေပူနေတာလဲအောင်ရ”

သူနေ့စကားတွေကိုနားထောင်ရင်း အားတက်လာသလိုလိုပါပင်။ သည်လိုကျတော့လဲ နေက နားလည်မှုရှိသားပဲ။ သူရွေးချယ်မှု မမှားလောက်ဟုသူယူဆသည်။ နေ့ကိုသူရွေးချယ်ခဲ့တာ သူမမှားယွင်းချင်ပါ။

“နေ...”

“အင်း ပြောလေအောင်”

“မနက်ဖြန်ကျရင် ထပ်ကြိုးစားကြည့်တာပေါ့နော်”

“ဟား.......ဟား........အောင်ကလဲ ဘာဖြစ်လို့ဒါကြီးကိုပဲ စိတ်ထဲထားနေရတာလဲ။ မေ့ပလိုက်စမ်းပါအောင်ရာ အဲ့ဒါမလုပ်ရလို့လဲ ဘာမှမဖြစ်ပါဘူး။ သေသွားမှာကျနေတာပဲ အောင်ရာ”

“နေပြောတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် နေနဲ့အောင်က ချစ်သူတွေဆိုတော့ ရေရှည်မှာ ဘယ်လောက်အောင့်အီးထားနိုင်မှာလဲနေရာ။ နှစ်ယောက်စလုံးအတွက် ဒါကလိုအပ်မှာပဲလေ ဒါကြောင့် အောင်က အဆင်ပြေသွားအောင် ကြိုးစားချင်တာ”

“ကောင်းပါပြီဗျာ အောင့်သဘောပါ”

နေကသူ့ဆံပင်တွေကို ဆော့ကစားရင်းစကားဆိုသည်။ သူနေ့ကို မော့ကြည့်မိသည်။ နေကလဲ သူ့ကို ပြန်စိုက်ကြည့်သည်။

“အောင်.....အဲ့ဒီကြည့်နေတဲ့ မျက်လုံးလေးက ဘယ်လိုလေးမှန်းလဲမသိဘူး”

“ဘာဖြစ်လို့လဲ”

“ဘာမှမဟုတ်ပါဘူး အောင်မျက်လုံးကလှတယ်လို့”

“ဟား..........ဟား........... ကဲ နေအိပ်ကြရအောင်နော် ညဥ့်နက်နေပြီ”

“အောင် ဒီအဝတ်အစားတွေနဲ့ အိပ်မလို့လား။ ညအိပ်ဝတ်ဖို့ လဲစရာမပါဘူးလား။ နေဦး နေ့ဆီမှာ င်္အကျီတွေပါတယ် နေလဲပေးမယ် ခဏစောင့်”

နေကပြောပြောဆိုဆိုဖြင့်ထကာ သူ့အိတ်ထဲမှ အဝတ်အစားတစ်ချို့ထုတ်ကာ သူ့အနားသို့ ပြန်လာသည်။ ထို့နောက် သူ့ကိုယ်ပေါ်မှ အဝတ်အစားတွေကို ချွတ်ကာ လဲပေးသည်။ ဘောင်းဘီအတိုဝတ်ပေးရန် ပြင်တော့ သူငြင်းလိုက်သည်။ နေကဘာမှမပြောပဲ ဘောင်းဘီကို ပြန်သိမ်းသွား၏။ နေ့င်္အကျီက သူနှင့်အတော်ပွနေသဖြင့် သူဝတ်လိုက်တော့ ချောင်နေသည်။ ရယ်တော့ရယ်ချင်စရာပါပင် သူ့ပုံစံက အောက်က အတွင်းခံဘောင်းဘီအပေါ်က င်္အကျီအပွကြီးဖြင့် ဂျပန်အောကားတွေထဲက ကောင်မလေး တွေပုံစံလိုပေါက်နေသည်။ နေကသူ့ကို ကြည့်ကာတစ်ချက်ပြုံး၏။ ထို့နောက် ဘောင်းဘီအိပ်ထဲမှ ဖုန်းကိုထုတ်ကာ သူ့ကိုကင်မရာဖြင့် ချိန်လိုက်သည်။

“ နေ ဘာ.............ဘာလုပ်မလို့လဲ အဲ့ဒါက”

“ဟိဟိ အောင့်ပုံစံလေးက ဘယ်လိုလေးလဲမသိဘူး ဓာတ်ပုံရိုက်ချင်လို့ အမှတ်တရသိမ်းထားမယ်လေ”

“ဟာ..........ဒီပုံစံကြီးကို ရိုက်စရာလား................မ.............မလုပ်နဲ့နော်”

နေကတား၍မရတော့ ပြောပြောဆိုဆိုဖြင့် သူ့ကိုတစ်ပုံပြီးတစ်ပုံ တစ်ဖျတ်ဖျတ်ရိုက်တော့သည်။ သူနေ့ကို သူ့အနားရှိခေါင်းအုံးဖြင့် ပစ်ပေါက်လိုက်ကာ စောင်ကိုဆွဲပြီး အသာခြုံထားလိုက်၏။ နေကတော့ တဟားဟား သဘောကျလျှက်ရှိသည်။

“အင်း..........ဒီပုံလေးတွေကို အင်တာနက်ပေါ်ကိုတင်လိုက်လို့ကတော့ ရှယ်ပဲ ဟဲဟဲဟဲ”

“ဟာ............နေ ညစ်ပတ်တယ်ကြည့်စမ်း”

“ဟိဟိ ဘာဖြစ်လဲ ဘာဖြစ်လဲ”

နေကသူ့ကိုပြောင်ပြရင်း ရိုက်ပြီးသားပုံတွေကို screen ကိုပွတ်ပြီးတစ်ပုံပြီးတစ်ပုံ ကြည့်လျှက်ရှိသည်။ သူ့နေ့ကိုကြည့်ရင်း အသဲယားလာကာ နေ့ပေါ်သို့ လွှားကနဲခုန်ပြီး ဖုန်းကိုလှမ်းလုသည်။ နေကလဲ ရှောင်ကာ ဖုန်းကို သူ့လက်ထဲမရောက်အောင် ကြိုးစား၏။ သူနေ့ကို အပေါ်စီးကနေခွထားပြီး ဖုန်းကိုအတင်းလုယူသည်။ နေကဖုန်းသူ့လက်ထဲရောက်လုရောက်ခင်တွင် သူ့ချိုင်းကြားသို့ ကလိယားထိုးလေသည်။

“ဟဟ........ယား........ယားတယ်နေ”

“အဲ့ဒါဆိုဖုန်းပြန်ပေး.....”

“မပေးပါဘူး ဒီအထဲကပုံတွေကို အရင်ဖျက်ပြီးမှပေးမယ်”

“ဟာ မလုပ်နဲ့နော်အောင်”

“မရဘူး လုပ်ပြီ”

နေကသူ့ကိုပြောမရတော့ သူ့င်္အကျီကိုဆွဲလှန်ပြီး သူ့ဗိုက်သားတွေကို မေးစေ့ဖြင့်ပွတ်လေသည်။ နေ့မေးစေ့တွင် မုတ်ဆိတ်မွှေးငုတ်တိုတစ်ချို့ ရှိနေသောကြောင့် ပွတ်သပ်လိုက်သည့်အခါ သူ့တစ်ကိုယ်လုံး တွန့်သွားလေသည်။ ထို့အပြင်နေက သူ့ချက်တစ်ဝှိက်နှင့် ကြွက်သားတွေကို လျှာဖြင့်သပ်လေသည်။ သူတီကောင်ကို ဆားဖြင့်တို့သလို လွန့်လူးနေမိသည်။ နောက်ဆုံး မခံနိုင်သည့်အဆုံးတွင်တော့ သူ့နေ့ခေါင်းကို ခြေထောက်နှစ်ချောင်းနှင့်ညှပ်ပြီး ဒူးခေါင်းဖြင့်ချိတ်ကာ အခြားတစ်ဖက်သို့ ဆွဲလှဲပစ် လိုက်သည်။

“ယားပါတယ်ဆိုနေရာ.........နေ့မုတ်ဆိတ်မွှေးတွေက စူးကစူးနဲ့”

“အဲ့ဒါဆို ဖုန်းပြန်ပေးလေ”

“မပေးပါဘူး ဒီဖုန်းပေးလိုက်ရင် နေကပုံတွေကို တင်ပစ်မှာ ဒါကြောင့်မဖြစ်ဖြစ်အောင် ဖျက်ပစ်ရမယ်”

“မတင်ပါဘူး အောင်ရာ အလကားစတာပါ။ နေဖုန်းထဲမှာပဲ အမှတ်တရသိမ်းထားရုံလေးပါနော် ......မဖျက်ပါနဲ့နော်”
“သေချာလား”

“သေချာပါတယ်ဆို”

“အင်း အဲ့ဒါဆိုလဲပြီးရော တင်လာလို့ကတော့ တွေ့မယ်”

သူသိပ်မကျေနပ်စွာဖြင့် ဖုန်းကိုမပေးချင်ပေးချင်ပြန်ပေးလိုက်သည်။ နေကဖုန်းရတော့ မျက်ခွက်က ပြောင်စပ်စပ် ပြန်ဖြစ်သွားပြန်သည်။ နေ့ပုံစံကို ကြည့်ပြီး သူမကျေမနပ်ဖြစ်မိသည်။

“ပုံလေးတွေက မိုက်လိုက်တာကွာ ....ရှလွတ်စ်.......ဟိဟိ”

သူနေ့ကို ဘာမှမပြောတော့ပဲ စောင်ကြီးကိုသာခေါင်းသို့ အုပ်ထားလိုက်၏။ နေကသူ့အနားရောက်လာပြန်သည်။ ထို့နောက် ခြုံထားသည့် သူ့စောင်ကြီးကိုဆွဲလှန်လိုက်သည်။

“အောင် ရေချိုးရအောင်လေ အတူတူချိုးကြမယ် “

“ဟင် ဒီလောက်ချမ်းနေတာကို”

“အာ.....ရေပူရှိတယ်လေကွာ။ နေတစ်နေကုန်ကားစီးလာတာ ရေချိုးချင်တယ် အောင်နဲ့အတူတူချိုးမယ်လေ”

“မချိုးပါဘူး”

“ချိုးပါ”

“ချိုးဘူး”

“ချိုးရအောင်ပါနော်.........နော်”

“အာ......မချိုးပါဘူး ချိုးချင်ရင်ကိုယ့်ဖာသာကိုချိုးပါလား “

“ပြောလို့မရဘူးလား”

“မရဘူး “

“မရရင်တွေ့မယ်”

နေက စကားဆုံးသည်နှင့် သူ့ခြေထောက်တွေကိုစုကာ မသည်။ ကျန်လက်တစ်ဖက်မှလဲ သူ့ပုခုံးအောက်သို့ လျှိုကာမလိုက်သည်။ ထို့နောက်သူ့ကို ရေချိုးခန်းထဲသို့ အတင်းပွေ့ခေါ်သွားသည်။ သူအတင်းတော့ မရုန်းရဲ။ တော်ကြာ မတော်လို့ပြုတ်ကျလျှင် အောက်မှာရှိသည် ကြမ်းပြင်နှင့်နဖူးမိတ်ဆက်နေမှာစိုးရသေးသည်။

“ဟဲဟဲ မင်းဘာတတ်နိုင်သေးလဲ”

“အောက်ချပေး..........ရေမချိုးချင်ဘူးအေးပါတယ်ဆိုမှ”

“မရဘူး မရဘူးချိုးရမယ် ဟဲဟဲဟဲ”

နေက ရေချိုးခန်းထဲရောက်တော့ သူ့ကိုအောက်ချပေးသည်။ ထို့နောက် သူထွက်ပြေးမည်စိုးသဖြင့်တံခါးကို ပါတစ်ခါတည်း ပိတ်ပစ်လိုက်သည်။

“အဝတ်အစားတွေကို နေကိုယ်တိုင်ချွတ်ပေးရမလား အောင့်ကိုယ့်ဖာသာကိုချွတ်မလား”

“ကိုယ့်ဖာသာကိုပဲချွတ်တော့မယ်”

နေကအောင်နိုင်သည့် စစ်သူကြီးလိုအပြုံးမျိုးဖြင့် ပြုံးသည်။ ထို့နောက် bathtub (ရေချိုးကန်ငယ်) ထဲသို့ ရေတွေကိုဖွင့်ချလိုက်သည်။ ရေပူနှင့်ရေအေးကို တစ်ဝက်စီရေစပ်ပြီး ဆပ်ပြာရည်တွေကိုပါ အမြုပ်ထစေရန် ရောထည့်လိုက်၏။ ထို့နောက် လက်ဖြင့် ရေကန်ငယ်ထဲသို့ စိမ်ပြေနပြေထိုင်မွှေနေသည်။ သူက အတွင်းခံဘောင်းဘီနှင့် အပေါ်င်္အကျီတစ်ခုသာရှိသောကြောင့် အဝတ်အစားချွတ်တာ ချက်ချင်းပြီးသွားသည်။ ရေတွေကတဖြည်းဖြည်းဖြင့် ပြည့်လုနီးပါဖြစ်လာသည်။ ရေပူတွေဖြင့်ရောစပ်ထားသောကြောင့် ရေခိုးရေငွှေ့တွေက အထက်သို့ပြန်တက်လာကာရေချိုးခန်းအတွင်တွင်အခိုးတွေဖြင့်ဝေနေသည်။ နေက ရေစပ်ပြီးသွားသောအခါ သူ့ခန္ဓာကိုယ်ပေါ်မှ အဝတ်စားတွေကို ချွတ်ကာ အနားရှိစတီးတန်းပေါ်သို့ တင်လိုက်၏။ ထို့နောက် သူကဘောင်းဘီမှခါးပါတ်ကိုဆွဲချွတ်လိုက်ပြီး သူ့ကိုဘေစင်ပေါ်တင်လိုက်ဟူသော မျက်လုံးမျိုးဖြင့်ကြည့်ပြီး ပေးလေသည်။ သူနေလှမ်းပေးသည့် ခါးပတ်ကိုယူကာ ဘေစင်ပေါ်သို့ တင်ထားလိုက်၏။

နေကဘောင်းဘီပါချွတ်ပြီးသွားသောအခါ နေ့အတွင်းခံအစပ်ပေါင်ခြံကြားတွင် အမွှေးမျှင်တစ်ချို့ကို ရင်ခုန်ဖွယ်ရာ မြင်တွေ့ရသည်။ သူတစ်ချက်မျက်နှာလွှဲလိုက်ရင်း တံတွေးမျိုချမိသည်။ နေ့ပေါင်သားတွေကို သူအခုမှသေသေချာချာကြည့်မိသည်။ နေ့ပေါင်သားတွေက ဖုထစ်ကျစ်လစ်နေပြီး ဆွဲဆောင်မှုအပြည့်ရှိပါသည်။ အထူးသဖြင့် ပေါင်ခြံပေါ်တွင်ရှိသည့် အမွှေးမျှင်တွေက သူ့ကိုရင်တွေတစ်ဒိတ်ဒိတ်ခုန်အောင် စိတ်လှုပ်ရှားစေသည်။ နေရဲ့ပေါင်သားတွေကို သူကိုင်ကြည့် ချင်မိသည်။

“အောင်လာလေ...........”

နေက ရေကန်ထဲမှ ရေအနည်းငယ်ဖြင့်သူ့ကိုလှမ်းပက်ပြီး ခေါ်လိုက်မှ သူပြန်သတိဝင်သွားသည်။ နေကတော့ သူ့အရင် ရေကန်ထဲသို့ ဝင်သွားသည်။ သူရေကန်နားသို့ တဖြေးဖြေးကပ်သွားလိုက်သည်။ ရေခိုးရေငွှေ့တွေနှင့် ဝေနေသော အခါသူ့စိတ်တွေကို ဝေဝါးလာစေပြီး ခံစားမှုတစ်ခုခုကို ထူးကဲသည့် အရသာဖြင့် ခံစားနေရသလို မည်သို့ပုံဖော်ရမှန်းမသိဖြစ်နေ၏။  ရေကန်အနားသို့ရောက်သောအခါ နေကသူ့လက်တွေကိုလှမ်းကိုင်လိုက်၏။ သူ့ခြေတစ်ဖက်ကိုမြှောက်ပြီး ရေကန်ထဲသို့ လှမ်းဝင်လိုက်သည်။ ရေကအပူရှိန်အနည်းငယ် ရှိနေသဖြင့်ရုတ်တရက်သူ့ခြေထောက်တစ်ချောင်း နွေးကနဲဖြစ်သွားသည်။

“နေရေတွေက ပူလိုက်တာ.......”

“အဲ့ဒါမှအတော်ပဲအောင်ရ နို့မိုဆို အောင်အေးနေမှာစိုးလို့”

သူရေကန်ထဲသို့ရောက်သောအခါ နေကသူ့ကိုအရှေ့ဖက်သို့လှည့်စေပြီး အနောက်မှနေ၍ သူ့လက်နှစ်ဖက်ကို ကိုင်ကာ ထိုင်လိုက်စေသည်။ သူထိုင်လိုက်တော့ ရေကန်ထဲတွင်ရှိသည့် နေ့ပေါင်ပေါ်သို့ ထိုင်မိသွားသည်။ နေကအတွင်းခံဘောင်းဘီဝတ်ဆင်ထားသေးသဖြင့် သူထိုင်လိုက်တော့ နေ့ပစ္စည်းခုလုခုလု လေးပေါ်တွင် ထိုင်ရခက်သလိုဖြစ်နေသည်။ နေကသူ့ဝမ်းဗိုက်တွေကို သိုင်းဖက်လိုက်ပြီး အနောက်သို့ ဆွဲလှဲလိုက်၏။

                                                    

                                                    ဆက်ရန်ရှိသေးသည်-
                                                                                                       Lovealone :P
                                                                                          boytheboy.sept@gmail.com

2 comments:

  1. အရမ်းကောင်းတယ်။ နောက်အပိုင်းတွေ မျှော်နေမယ်

    ReplyDelete