This is the best gay website for Myanmar gay peoples.

Saturday, September 1, 2012

On 10:23 PM by Unknown in




English        -      Gay
Myanmar     -      လိင်တူချင်းဆက်ဆံသော။ ပူပန်မှုကင်းသော ။ပေါ့ဆသော။ နမော်နမဲ့နိုင်သော   ပျော်ရွှင်သော။မြူးကြွသော။
                               n လိင်တူချင်းဆက်ဆံသူ။


ကျွန်တော်သည် အမှန်စင်စစ်အားဖြင့် ဂေး တစ်ယောက် ဖြစ်ပါ၏။ မိမိကိုယ်ကိုမညာတမ်းဝန်ခံရလျှင် ကျွန်တော်ဂေးဖြစ်ရသည့် အတွက် အနည်းငယ်သိမ်ငယ် သလိုခံစားမိသည်။ ကျွန်တော်တွေ့ကြုံလာရသည့် အတွေ့အကြုံကပေးသည့် ခံစားမှုတစ်ချို့က ကျွန်တော့်ကို သည်လိုသိမ်ငယ်စေဖို့ အများဆုံးတွန်းအားပေးခဲ့သည်ဆိုလျှင် မမှားပါ။

       ဂေးဖြစ်ခြင်းက သာမန်ယောကျာ်းတစ်ဦးထက် နိမ့်ကျသည်လား။ သို့မဟုတ် ကျွန်တော်တို့သည့် အပြစ်တစ်ခုကို ကျူးလွန်မိသည့် အပြစ်ရှိသူတွေလား ဟုကျွန်တော်စဉ်းစားမိသည်။ တကယ်ဆိုလျှင် ကျွန်တော်လက်ခံထားသည့် ကျွန်တော်၏ဂေးဘဝကြီးကို တစ်ချိန်က မုန်းတီးဆက်ဆုပ်ရွံရှာခဲ့ဖူးပါသည်။
ကျွန်တော့်ရဲ့ဘ၀အစက……….

ကျွန်တော့်ကို ကရင်ပြည်နယ် ဘားအံမြို့ စစ်ဆေးရုံကြီးမှာမွေးဖွားခဲ့ပါသည်။ ကျွန်တော့်အဖေသည် တပ်မတော်မှစစ်သားတစ်ဦးဖြစ်သောကြောင့် ကျွန်တော့်အား စစ်ဆေးရုံကြီးတွင် မွေးခြင်းဖြစ်သည်။ မွေးကင်းစကလေးငယ်လေးဖြစ်သည့် ကျွန်တော်သည် လူ့လောကကြီးကို စတင်ရောက်လာသည့် အချိန်မှာပဲ ကံဆိုးမှုတစ်ခုက ကျွန်တော်နှင့်ယှဉ်ပါလာခဲ့သည်။ သူနာပြုဆရာမများ၏ နမော်နမဲ့ နိုင်မှု ဂရုမစိုက်မှုကြောင့် မွေးဖွားသည့်ကာလအချိန်တွင် ကျွန်တော်၏ ဝှေးစေ့ တစ်လုံးမှာ သူငယ်အိမ်မှ အထက်သို့တက်သွားပါသည်။ အသားအရည်နုလွန်းသည် မွေးကင်းစကလေးဖြစ်သည့် ကျွန်တော်သည် မွေးဖွားသည့်အချိန်တွင် ထိုကဲ့သို့သော ကြီးမားသည့် လွဲချော်မှုကြီးနှင့် စတင်ရင်ဆိုင်ခဲ့ ကြသည်။



   အသက်၂ နှစ် ၃ နှစ်အရွယ်ရောက်သော် ကျွန်တော်အား ချစ်ကြသော ကျွန်တော်၏ ဦးကြီးများ အကိုဝမ်းကွဲများ အဒေါ်အမများ ဆွေမျိုးအသိုင်းအဝိုင်းမှ ကျွန်တော့်အား နတ်ကွတ် (နတ်ကွတ် ဆိုသည်မှာ ဝှေးစေ့တစ်လုံးတည်းပါသူ ကိုဆိုလိုသည်) ဟုလှောင်ပြောင်သရော်လေ့ရှိပါသည်။ ထိုလှောင်ပြောင်သရော်မှုက ပြန့်နှံ့သွားပြီး ကျွန်တော့်အား နတ်ကွတ်ဖြစ်မှန်း လူသိများခဲ့သည်။ အဲ့သည့်ခေါ်ဆိုမှု၏ နောက်ဆက်တွဲအကျိုးဆက်များသည် ကျွန်တော့်အား ဆိုးဝါးမှုများစွာပေးခဲ့သည်။

မူလတန်းစတင်တက်ရောက် ချိန်တွင်ကျွန်တော့်မိဘများသည် ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့ငယ်လေးတစ်ခုသို့ စတင်ပြောင်းရွှေ့နေထိုင်ခဲ့ပါသည်။ ကျောင်းတွင် ရှမ်းလူမျိုးများသောကြောင့် ဗမာဖြစ်သည့် ကျွန်တော်သည် အဖော်မဲ့ခဲ့ပြီး ပေါင်းမည့်သင်းမည့်သူငယ်ချင်းများ များများစားစား မရှိခဲ့ပါ။ ထို့အပြင် ကံဆိုးသည်က ကျွန်တော့်အား ပတ်ဝန်းကျင်မှ နတ်ကွတ်မှန်းသိနေကျသည့် အတွက် လှောင်ပြောင်သရော်လာကြသည်။ ၄င်းတို့သည် နှလုံးသားနုနယ်လွန်းသည့် ကလေးတစ်ယောက်၏ ခံစားချက်ကို စာနာရကောင်းမှန်းမသိပဲ ၄င်းတို့တခဏတာ ရယ်မောပျော်ရွှင်ရစေရန်သာ သိပြီး ထိုကဲ့သို့ မပြုလုပ်သင့်သည် သရော်မှုမျိုးကို ကျွန်တော့်အပေါ်တွင် ပြုလုပ်ခဲ့ကြသည်။ နောက်ပိုင်းတွင် နတ်ကွတ်မှ တစ်ဆင့်ကျွန်တော့်အာ ဝှေးစေ့မပါသည့် ကောင်ယောကျာ်းမဟုတ်ဘူး အခြောက် ဟုစတင် သုံးနှုန်း ခဲ့ကြသည်။ ထိုစဉ်မှစ၍ ကျွန်တော်ခေါင်းထဲတွင် ကျွန်တော်သည် အခြောက်တစ်ယောက် ဟုစတင် တွေးမြင်မိလာသည်။


  မိဘများထဲမှ ကျွန်တော်သည်သားဦးဖြစ်သောကြောင့် သားကြီးသြရသဆိုပေမယ့် ကျွန်တော်သည် ယောကျာ်းတစ်ယောက်ကဲ့သို့သော ကြမ်းတမ်းသည့် ရဲ့ရင့်သည် အမူအရာများ မရှိခဲ့ပါ။ ထို့အပြင် တစ်ကိုယ်တည်းသိမ်ငယ်ခဲ့သည့် ခံစားမှုများနှင့်ရောပြီး ကြောက်တတ်သည့်စိတ်များက ပိုမိုလာခဲ့သည်။ တစ်ခုခုဆိုလျှင် ကျွန်တော်သည် ငိုဖို့သာသိနေသည်။ ထို့ကြောင့် စိတ်ဓာတ်ပျော့သည့်ကျွန်တော်သည် ကျောင်းတွင်ဖြစ်စေ ရွယ်တူများနှင့်အတူ ကစားချိန်တွင်ဖြစ်စေ အနိုင်ကျင့်ခံခဲ့ရသည်ကများသည်။ စိတ်ဓာတ်နူးညံ့လွန်းသည့်  ကျွန်တော်သည် ရန်ဖြစ်သည့်အခါတိုင်း သူတစ်ပါးကို ထိခိုက်စေရန် ပြန်လည်တိုက်ခိုက်ခြင်းမျိုးလုပ်ဖို့ မဝံ့ရဲတော့ပဲ မိမိကသာ ခံခဲ့ရသည်ချည်းသာများခဲ့သည်။ ဤသို့ဖြင့် ကျွန်တော့်၏ ကလေးဘဝသည် မနှစ်မြို့စရာကောင်းသည့် ခါးသီးအတွေ့အကြုံများကို မချိမဆန့်ခံစား ခဲ့ရသည်။


  တစ်ခုရှိသည်က ကျွန်တော်သည် သူတစ်ပါးက အခြောက်ဟုခေါ်လင့်ကစား မိန်းမလျာတစ်ဦးကဲ့ သို့ နွဲ့ခြင်းမျိုး မိန်းကလေးတစ်ယောက်ဖြစ်ချင်သည့် ဆန္ဒမျိုးမရှိပါ။ ကျွန်တော်သည် ယောကျာ်းလေး တစ်ယောက်၏ စိတ်ရှိသောသူတစ်ယောက်သာ ဖြစ်သောကြောင့် အသက် ဆယ်ကျော်သက် စတင်သည့် အချိန် ၇ တန်း ၈ တန်းအရွယ်တွင် မိန်းကလေးလှလှလေးမြင်လျှင် တိတ်တခိုးသဘော ကျတတ်သေးသည်။ ထိုစဉ်က ကျွန်တော်သည် ဂေးမဟုတ်သည့် straight စစ်စစ်တစ်ယောက်သာ ရှိပါသေးသည်။ ကျွန်တော်ရှစ်တန်းစတင် တက်ရောက်သည့်အချိန်တွင်မူ ကျွန်တော့်မိဘများနှင့် အတူကျွန်တော့်၏ ညီလေးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ထပ်မံရွှေ့ပြောင်းရောက်ရှိနေပြီဖြစ်သည်။

     ကလေးတစ်ယောက်ဘဝမှ လူပျိုဘဝသို့ စတင်ကူးပြောင်းချိန် အသက် ဆယ့်လေးနှစ်ခန့်တွင် ကျွန်တော်၏ ပထမဦးဆုံးသော ဂေးဖြစ်စေမည့် အကြောင်းအရင်းများက စတင်လာခဲ့သည်။ ရှစ်တန်း ကျောင်းသားဖြစ်သည့် ကျွန်တော်သည် လူပျိုပေါက်ဝင်လာသည့်အခါ ယောကျာ်းလေးတို့ သဘာဝအတိုင်း တစ်ကိုယ်ရေးအာသာဖြေသည့် နည်းလမ်းများကို သူငယ်ချင်းများထံမှ တတ်မြောက်ခဲ့ပြီး လိင်စိတ်စတင်တိုးတက်လာခဲ့ပါသည်။ တစ်နည်းအားဖြင့် လူပျိုဖော်ဝင်လာသည် ဟုဆိုနိုင်ပါသည်။

ကျောင်းပိတ်ခါနီး စာမေးပွဲကြီးဖြေရန် တစ်လအလိုခန့်တွင် ကျွန်တော့်မိဘများက စာမေးပွဲကောင်းစွာ ဖြေဆိုနိုင်စေရန် ကျွန်တော့်အား အတန်းပိုင်ဆရာမ၏ အိမ်တွင် ညအိပ်ထားပြီး စာကျက်စေခဲ့သည်။ ထိုအချိန်တွင် အတန်းဖော် ယောကျာ်းလေး လေးငါးယောက်ခန့် ကျွန်တော်တို့ အတူညအိပ်စာကျက် ဖြစ်ခဲ့သည်။ လိင်ကိစ္စစတင်စိတ်ဝင်စားလာခဲ့သည့် ကျွန်တော်သည် အတန်းဖော်သူငယ်ချင်းများ နှင့် လိင်ရုပ်ရှင်များ ကို MP4 အစရှိသည့် လူငယ်အသုံးအဆောင်ပစ္စည်းလေးများ ဖြင့် စတင်ကြည့်ရှုတတ်နေ ခဲ့သည်။ တစ်နေ့စာကျက်ပြီး အိပ်ချိန်ရောက်သောအခါ ကျွန်တော့် ဘဝ၏တစ်ခါမှ မကြုံဖူးသေးသော လိင်အတွေ့အကြုံသစ်ကို ကျွန်တော်၏ အတန်းဖော်တစ်ယောက်နှင့် စတင်တွေ့ရှိခဲ့သည်။

ထိုစဉ်ကကျွန်တော်သည် ယောကျာ်းလေးချင်လည်း ကြိုက်ရကောင်းမှန်းမသိသေးပါ။ ထို့အပြင် မိမိကိုယ်ကိုလည်း ဂေးဟုမသိသေးသည့်အပြင် တစ်ချို့မိန်းကလေးတစ်ချို့ကို ပင်စိတ်ဝင်စားနေတတ် သေးပါသည်။ သို့သော် ထိုအတန်းဖော်နှင့် အိပ်ယာထဲတွင် တစ်ဦးနှင့်တစ်ဦး hand play လုပ်ပေးခဲ့ပြီးသည့် နောက်ပိုင်း ကျွန်တော့်စိတ်ထဲတွင် ထိုကဲ့သို့သော အတွေ့အကြုံမျိုးကို သာယာ  နစ်မြောခဲ့သည့်အပြင် နောက်ထပ်ထိုသို့ သောအတွေ့အကြုံမျိုးကို မသိစိတ်က လိုချင်နေခဲ့မိသည်။ ကျွန်တော်၏ နောက်ပိုင်းတစ်ကိုယ်ရေအာသာ ဖြေချိန်များတွင် ထိုကြုံတွေ့ခဲ့သည့် အတွေ့အကြုံကိုသာ စိတ်ထဲတွင် တမ်းတနေခဲ့ပြီး အာသာဖြေခဲ့သည်။

အသက်ဆယ့်ငါးနှစ် ၉ တန်းတက်ချိန်ရောက်သောအခါ ကျွန်တော်သူငယ်ချင်းသစ် တစ်ယောက်ရခဲ့သည်။ ထိုသူငယ်ချင်းသည် ကျွန်တော်နှင့် biology ဘာသာတွဲချင်းတူနေသော ကြောင့် ပိုမိုရင်းနီးခဲ့ကြသည်။ ထိုသူငယ်ချင်းသည် စင်စစ်မှာ မိန်းမလျာတစ်ယောက်သာဖြစ်ပြီး သူသည် ယောကျာ်လေး အချင်းချင်းကိုသာ နှစ်သက်သူဖြစ်သည်။ ထိုသူငယ်ချင်းနှင့်ပေါင်းမိပြီး ကျွန်တော်သည် ယောကျာ်လေးတစ်ဦးကဲ့သို့ ကျားကျားယားယားမရှိတော့ပဲ အနည်းငယ် မိန်းမလျာဆန်ခဲ့သည်။ သို့သော် ကျွန်တော်သည် သာမန်မိန်းမလျာတွေလို နွဲ့နှောင်းသည့်အမူအရာမျိုးမရှိခဲ့ပါ။ သို့ပေမယ့် ကျွန်တော်သည် ထိုစဉ်က မိန်းမတစ်ယောက်ကို ချစ်တတ်ဖို့မေ့လျော့နေခဲ့ပါသည်။

နောက်ပိုင်းတွင် ကျွန်တော်ဆယ်တန်းအောင်သည် ထို့နောက် အဆောင်တွင် guide ဆရာတစ်ဦး အဖြစ် အလုပ်လုပ်ခဲ့သည်။ ထိုအချိန်တွင် နှစ်ကျကျောင်းသားတစ်ဦးဖြစ်သည့် ဇင်မင်းသူ ဆိုသည့် ကောင်လေးကို ကျွန်တော့်မသိစိတ်က စတင်သဘောကျခဲ့သည်။ (ကျွန်တော်နှင့် ဇင်မင်းသူ ဇာတ်လမ်းကို အပြုံးလေး ဟူသော ခေါင်းစဉ်ဖြင့် ဝတ္ထုတစ်ပုဒ်ရေးသားခဲ့ပြီး ဖြစ်ပါသည်)။ ထိုကောင်လေး နှင့်ရင်းနီးခဲ့ရာမှ အတူစားအတူသွားအတူတူ အဆောင်တွင် နေထိုင်ခဲ့သည့်အချိန် များတွင် ကျွန်တော် သည့်သူ့ကိုချစ်မှန်းမသိချစ်နေခဲ့သည်။ ထိုစဉ်က ကျွန်တော်သည် အသက် ၁၇ သာရှိသေးသဖြင့် အချစ် ဆိုသည့်အရာကို ခံစားဖူးသေးခဲ့ခြင်းမရှိပါ။ တစ်လခန့်အကြာ ထိုကောင်လေး အဆောင်မှ ရန်ဖြစ်ပြီး ထွက်သွားသည်။ ထိုကောင်လေးထွက်သွားတော့ ကျွန်တော် ဆောက်တည်ရာမရဖြစ်ခဲ့သည်။ ညများသည်လည်း ကျွန်တော့်အတွက် အိပ်မပျော်တော့။ မိသားစု ထမင်းဝိုင်းသည်လည်း  ကျွန်တော့်အတွက် မချိုမြိန်တော့။ သူငယ်ချင်းများနှင့် အတူရှိနေသည့် အချိန်များတွင်လည်း ကျွန်တော့်အတွက် ပျော်ရွှင်စရာများ ဆိတ်သုန်းခဲ့ရသည်။ အဲ့သည့်နောက်ပိုင်း ကျွန်တော့်ခေါင်းထဲတွင် အသိတစ်ခုတိုးလာသည်က ကျွန်တော်သည် ယောကျာ်းလေးချင်း ချစ်တတ်သူတစ်ဦး ပါလား ဟူ၍ဖြစ်သည်။

နောက်ပိုင်းကျွန်တော်ဖြတ်သန်းခဲ့ရသည့် ဘဝအချိန်များတွင် ကျွန်တော်သည် computer, internet စသည့် လူငယ်တို့ကြားခတ်စားသည့် သင်တန်းများ တက်ရောက်ခဲ့ပြီး English စကားပြော သင်တန်းများလည်းတက်ရောက်ခဲ့သည်။ ကျွန်တော်သည် ထိုအချိန်က အဝေးသင်သာ တစ်ရောက်နေသော ဥပဒေကျောင်းသား တစ်ယောက်ဖြစ်သောကြောင့် အားလပ်သည့် အချိန်များပြား ခဲ့သည်။ internet အသုံးများသည့် ကျွန်တော်သည် online ပေါ်မှ ဂေးဆိုဒ်များ စတင်တွေ့ရှိသွား ပြီး ဂေးလောကထဲသို့ တစ်ဖြေးဖြေးနယ်လွန်ပြီးရောက်ရှိလာခဲ့သည်။ ထိုမှ တစ်ဆင့် ဂေးဇာတ်လမ်း ဝတ္ထုများ ဖတ်လာရခဲ့ပြီး ထိုမှတစ်ဆင့် လိင်တူချစ်ခြင်း ရုပ်ရှင်များအပြင် လိင်တူ လိင်ရုပ်ရှင်များကို လည်း တွေ့ရှိကာ သိတတ်လာခဲ့သည်။

Internet ဆိုသည့် အတိုင်း လေလှိုင်းပေါ်တွင် ဖြစ်သည့်အလျောက် ကျွန်တော်သည် ပွင့်လင်းစွာ သူတစ်ပါးအား ဆက်ဆံခဲ့သည်။ မိမိကိုယ်ကိုလဲ လိင်တူချစ်သူတစ်ဦးအဖြစ် ပြောဆိုတတ်နေခဲ့သည်။ သို့သော် ပြင်ပတွင်တော့ ကျွန်တော်သည် လူမသိသူမသိ အပုန်းဘဝကိုသာခဲ့ယူထားမြဲဖြစ်သည်။ ထိုအချိန်မှ စ၍ကျွန်တော်သည် ယောကျာ်လေးအချင်းချင်း အွန်လိုင်းပေါ်တွင် ရည်းစားထားတတ်ခဲ့သည်။ ဤသို့ဖြင့် ကျွန်တော်သည် ဂေးစစ်စစ် တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ သည့်နောက်ပိုင်း ကျွန်တော်သည် အဝေးသင် ဒုတိယနှစ်ကို ဆက်လက်တက်ရောက် ခြင်းမပြုတော့ပဲ သူငယ်ချင်းများနှင့်အတူ လက်ရှိနေထိုင်သည့် တရုတ်ပြည်ထဲသို့ အလုပ်လုပ်ရန် ရောက်လာခဲ့သည်။

မိမိအိမ်မှလွဲ၍ နယ်ဝေးများ မရောက်ဖူးသည်ကတစ်ကြောင်း လူငယ်သဘာဝအရ စူးစမ်းလေ့လာလို သည်ကတစ်ကြောင်း နယ်မြေသစ်တိုင်းတပါး၏ အခြေအနေများကို နှစ်သက်မိသည်က တစ်ကြောင်းကြောင့် ကျွန်တော်သည် တရုတ်ပြည်ထဲသို့ရောက်ရှိလာပါသည်။ တိုင်းတပါးသို့ရောက်ရှိလာသော ကျွန်တော်သည် အသက်ဆယ့်ရှစ်နှစ် ကျော်လွန်သွားပြီဖြစ်ပြီး အရင်ကထက် အတွေ့အကြုံရင့်ကျက်ကာ အရာရာကို စဉ်းစားချင့်ချိန်တတ်ခဲ့သည်။ မိမိကိုယ်ကိုလည်း လမ်းမှားမရောက်အောင် စောင့်ရှောက်တတ်လာသည်။ ကျွန်တော် ရည်းစားထားခဲ့သော အွန်းလိုင်းပေါ်မှ ယောကျာ်းတစ်ယောက်က ကျွန်တော့်ကိုပြောသည် I love you, because you can control your-self. ဟုပြောပါသည်။ ထိုအချိန်မှ စတင်၍ ကျွန်တော်သည် မိမိကိုယ်ကို ယုံကြည်မှုများ တိုးပွားလာခဲ့သည်။ အရာရာကိုလည်း သတ္တိဖြင့်ရင်ဆိုင်တတ်လာခဲ့သည့်အပြင် ယခင်က ရှိခဲ့သည် ကြောက်စိတ်များ အားငယ်သည့်စိတ်များ မိန်းမဆန်သည့် အတွေးများပျောက်ကွယ်သွားကာ ယောကျာ်းကောင်းတစ်ဦးကဲ့သို့ ကြိုးစားနေနိုင်လာခဲ့သည်။

ကျွန်တော်သည့် စာဖတ်ဝါသနာ ကြီးသည့်အလျောက် အားလပ်သည့် အချိန်များတွင် အွန်လိုင်းပေါ်မှ စာပေများ အပြင် ဗဟုသုတရစေမည့် စာပေများ ဆောင်းပါးများကို အဖတ်များခဲ့သည်။ ထို့အပြင် laptop တစ်လုံးဝယ်ယူခဲ့သည့်နောက်ပိုင်းတွင် ကျွန်တော်သည် ရသမျှ စာအုပ် Ebook များကို ရှာဖွေစုဆောင်းတတ်လာသည်။ ကျွန်တော့်၏ အားလပ်ချိန်များသည် စာပေများထဲတွင် နှစ်ပျော်ရင်း အချိန်ကုန်ခဲ့သည်။ ထိုမှတစ်ဆင့် ကျွန်တော်သည် ဟိုမိုဆိုဒ်များတွင် ကဗျာများ စာတိုပေးစလေးများ ရေးသားခဲ့သည်။ ထို့နောက် ဟိုမိုဇာတ်လမ်းရေးသားသော စာရေးဆရာများကိုအားကျကာ ဟိုမိုဇာတ်လမ်းများကို စတင်ဖန်တီးခဲ့သည်။ ကျွန်တော့်အွန်လိုင်းပေါ်မှာ သူငယ်ချင်းတစ်ချို့၏ အားပေးမှုနှင့်အတူ ကျွန်တော့်၏ကြိုးစားအားထုတ်မှုများဖြင့် ကျွန်တော်ပထမဦးဆုံး ရေးသားခဲ့သော အချစ်ခါးဆိုသည့် ဝတ္ထုသည် အောင်မြင်မှုများဖြင့် ကျွန်တော့်အား စာရေးဆရာတစ်ယောက် lovealone အဖြစ်လူသိများစေခဲ့ပြီး စာရေးသည့် လောကထဲသို့ ဆွဲသွင်းခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တစ်ချိန်က ဆက်ဆုပ်ရွံရှာခဲ့ဖူးသည့် ကျွန်တော့်၏ ဘဝကြီးသည် ယခုအချိန်အခါ တွင်ထိုကဲ့သို့သော အတွေးများပျောက်ဆုံးကာ မိမိဘဝကို ကျေနပ်စွာလက်ခံတတ်နေပြီဖြစ်ပါသည်။ လူတိုင်း၏ ကဲ့ရဲ့မှုများ ပြောဆိုဝေဖန်မှုများ တွေ့ကြုံလာရသည့် အခါမျိုးတွင် ကျွန်တော့်တွင် ထိုသူတို့အား ပြန်လည်တုန့်ပြန် ချေပနိုင်စွမ်း ရှိသည့် ဗဟုသုတများ အသိအမြင်များရှိနေပြီဖြစ်သောကြောင့် ကျွန်တော်သည် ဂေးဖြစ်ရခြင်းကို သိမ်ငယ်မနေတော့ပါ။ ကျွန်တော်သည် ဗုဒ္ဓဘာသာ မြန်မာလူငယ်တစ်ယောက် ဖြစ်သည့်အပြင် မိဘကို တစ်ဖက်တစ်လမ်းမှ လုပ်ကျွေးနေသူတစ်ဦးလဲ ဖြစ်ပါသည်။ ထို့အပြင် ကျွန်တော် သည်ယောကျာ်း တစ်ယောက်ပီသအောင် ကြိုးစားနေပြီးမိမိဘဝကို မြင့်မားအောင် ဆောင်ရည်နေပါသည်။ လာမည့် အနာဂတ်တွင် ကျွန်တော်သည် ကျွန်တော့်မိသားစုအား ဦးစည်းဦးဆောင်ပြုလုပ်သွားမည် ဖြစ်ပြီး လူ့ပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် ကောင်းကျိုးများကို လက်လှမ်းမှီသလောက် စွမ်းဆောင်သွားရန် ရည်ရွယ်ချက်ထားထားမိပါသည်။


စာကြွင်း။    ။ ကျွန်တော့်ဘဝ၏ ဖြစ်ရပ်မှန်များကို စာဖတ်သူတို့ အားတင်ဆက်ထားပါသည်

                                                                                               Lovealone