This is the best gay website for Myanmar gay peoples.

Saturday, September 1, 2012

On 2:29 AM by Unknown in








ထိုမိန်းကလေး အခန်းထဲမှထွက်သွားသော် ညီစိုး အနားရှိခေါင်းအုံးဖြင့် သွင်သန့်ကို ပေါက်ထဲ့လိုက်သည်။

“ဘာလဲကွာ ညီစိုးရာ”

“ဘာဘာလဲလဲ အခုမင်းလုပ်ပုံ ကောင်းသေးရဲ့လား။ မိန်းမမြင်ရင် ငမ်းငမ်းတက်ဖြစ်နေတဲ့ကောင် ပြန်မှမင်းကို ဦးနိုင်နဲ့တိုင်မယ်။ “

“တိုင်ပေါ့ကွာ။ ညီစိုး အခုလိုဖြစ်တာ မင်းကြောင့်နော်။ မင်းညကြီးမင်းကြီးဘောလုံးထကန်ချင်လို့ အခုလိုမဖြစ်သင့်တာတွေ ဖြစ်ကုန်တာ။ ဘာပဲပြောပြောငါကတော့ ဒဏ်ရာသက်သာမှ ဒီကပြန်မယ်။ ကောင်မလေးက ချောတယ်ကွ။ ချောလိုက်တာမှ ရွှေရုပ်ကလေးကို ရွှေမှုန်လေးတွေ ကပ်ထားတဲ့အတိုင်းပဲ။ “

“အေး။ ငါတော့ အဲ့မိန်းမ မျက်လုံးတွေကို သိပ်မယုံချင်ဘူး။ သူ့မျက်လုံးတွေထဲမှာ မရိုးသားတဲ့အရိပ် အယောင်တွေပါနေတယ်။ မင်းကတော့ မွှန်နေတာဆိုတော့ မြင်မဲ့ကောင်မဟုတ်ပါဘူး။”


သူတို့နှစ်ယောက် အခြေအတင်စကားပြောနေခိုက် အခန်းတံခါးလေးပြန်ပွင့်လာသည်။ ထို့နောက် ကောင်မလေးက လက်ထဲတွင် ဆန်ပြုတ်လင်ဗန်းနှင့်အတူ စားစရာအချို့ကိုကိုင်ဆောင်ကာ အခန်းထဲသို့ဝင်လာသည်။ ဆန်ပြုတ်ပြုတ်တာကလဲ မြန်လိုက်တဲ့ဖြစ်ချင်း။ ညီစိုး မကျေမနပ်စိတ်ထဲမှာ ရေရွတ်လိုက်သည်။

ကောင်မလေးက အခန်းထဲသို့ ရောက်သောအခါ ညီစိုးနားသို့ ဆန်ပြုတ်တစ်ပန်းကန်လာချပေးသွားပြီး ကျန်သည့် စားစရာများနှင့် ဆန်ပြုတ်တစ်ပန်းကန်ကိုတော့ သွင်သန့်အနားသို့သွားချပေးသည်။ ထို့နောက် ညီစိုးဖက်သို့ လှည့်လာသည်။

“ရှင်ကတော့ ခြေထောက်ပဲဖြစ်ထားတာဆိုတော့ လက်ကအကောင်းကြီးရှိသေးတယ် အဲ့ဒီတော့ ဆန်ပြုတ်ကို ကိုယ့်ဖာသာကိုပဲသောက်လိုက်တော့။ ရှင့်သူငယ်ချင်းကတော့ လက်မှာ ပတ်တီးကြီးနဲ့ဆိုတော့ ကျွန်မခွံ့ကျွေးမှရမယ်”

“ရပါတယ်။ ကျွန်တော့်လက်အကောင်းကြီးပါပဲ မိမွေးတိုင်းဖမွေးတိုင်းပဲရှိပါသေးတယ်။ ကိုယ့်ဖာသာကိုပဲ စားလိုက်ပါ့မယ်ခင်ဗျား”


ထိုကောင်မလေးက သူ့ကိုအကြည့်တစ်ခုဖြင့်ကြည့်သည့် ။ဘာကြောင့်မှန်းမသိ ညီစိုးထိုမိန်းကလေး၏ အကြည့်ကြောင့် စိတ်ထဲလိပ်ပြာမလုံသလိုဖြစ်သွားသည်။ သည်မိန်းကလေးမှာ သူမမြင်နိုင်သည့် မှော်စွမ်းအားတွေများရှိနေသည်လား။ ဘုရားဘုရား သည်မိန်းကလေးက သူ့စိတ်ထဲကိုများဖောက်ထွင်းသိနေသည်လား မသိပါ။ သူတွေးရင်း ကျောချမ်းသလိုဖြစ်လာပြီး လန့်လာသည်။ ညီစိုးထိုမိန်းကလေးကို မကြည့်တော့ပဲ အစားကိုသာ ငုံ့စားနေရသည်။ စိတ်ထဲတွင်တော့ မတင်မကျကြီးနှင့် သိပ်ပြီးတော့တော့ မကျေနပ်ပါ။  သွင်သန့်ကတော့ ထိုကောင်မလေး ခွံ့ကျွေးသည့် ဆန်ပြုတ်ကို ဖွန်ကြောင်ရင်းစားနေသည်။



“ရှင်တို့ ကအဆိုတော်တွေ ဟုတ်လား”

“ဟုတ်ပါတယ် ခင်ဗျား ။ ကျွန်တော်တို့က Dream Heart အဖွဲ့ကပါ။ ကျွန်တော်က သွင်သန့် သူက ညီစိုးပါ”

“အင်း ။ ဒီနာမည်တွေ ရှင်ခဏတုန်းက တစ်ခါပြောပြထားပြီးပြီလေ”

“အဟီး ဟုတ်သားပဲနော်။ ဒါနဲ့ နာမည် က…………..”

“ကျွန်မနာမည် ဆူးလို့ခေါ်ပါတယ်။ ရှင်တို့ကို အဆိုတော်မှန်းတော့ ကျွန်မတစ်ကယ်မသိတာပါ။ ကျွန်မကို စိတ်မခုပါနဲ့နော်”

“အာ………….ရပါတယ်ဆူးရယ်။ ဆူးကမသိလို့ပြောတာပဲ ကိစ္စမရှိပါဘူး အဟီးဟီး”

ညီစိုး သွင်သန့်နှင့် ဆူးဆိုသည့်မိန်းကလေးကို ကြည့်ရင်း ပါးစပ်ထဲတွင်ထဲ့ထားသည့် စတီးဇွန်းကို ဖိကိုက်ပစ်လိုက်သည်။ ဘယ်လိုမိန်းမနှင့် ဘယ်လိုယောကျာ်းမှန်းမသိပါ။ တွေ့တာမှ နှစ်ဆယ့်လေးနာရီ မပြည့်သေးဘူး ဖြစ်နေလိုက်သည်က တော်တော်အမြင်ကတ်ဖို့ကောင်းသည်။ ညီဆို ဆူးဆိုသည့် မိန်းမကို တစ်ခုခုမေးရန် အကြံရသွားသည်။ ဟုတ်သည် ထိုမိန်းမကို အစ်ရမည်။


“ဒါဆိုရင် ဆူးက ဒီအိမ်မှာ တစ်ယောက်ထဲနေတာလား။ အိမ်ကလဲမြို့နဲ့ဝေးတယ်လို့ပြောသေးတယ်။ နောက်ပြီးတော့ တယ်လီဖုန်းတွေဘာတွေကလည်း မရှိဘူးဆိုတော့ …..။ မိန်းကလေးတစ်ယောက်ထဲနေတယ်ဆို မဖြစ်နိုင်ဘူးထင်တယ်နော်။”

ညီစိုး စကားဆုံးသောအခါ  ဆူးက ညီစိုးကို စူးစူးရဲရဲကြီးကြည့်သည်။ ဆူးအကြည့်ကြောင့် ညီစိုးလန့်သွားပြီး ဆန်ပြုတ်ကို ပြန်ငုံ့သောက်နေလိုက်သည်။


“ကျွန်မက ဒီမှာတစ်ယောက်ထဲနေတာပါ။ ကျွန်မက လူတွေနဲ့ သိပ်ပြီးအဆက်အဆံ မလုပ်ချင်တာရယ် ။လူတွေနဲ့ ပက်သက်ရမှာကိုကြောက်နေတာရယ်ကြောင့် တစ်ယောက်ထဲပဲ အေးအေးဆေးဆေးနေဖြစ်ပါတယ်။ ရှင့်မျက်လုံးတွေက ကျွန်မကိုမယုံသလိုပဲနော်”

“ဟုတ်သားပဲ ညီစိုးရယ်။ မင်းကလဲ ဒီမှာဆူးက မင်းစကားကြောင့်ငါတို့ကို တစ်မျိုးထင်သွားပါဦးမယ်။ ကိုယ့်ဖာသာကို စားစရာရှိတာ အေးအေးဆေးဆေးစားစမ်းပါကွာနော် “


ညီစိုး သွင်သန့်ကို ကြည့်ပြီး အံကြိတ်ထားလိုက်သည်။ သည်ကောင့်ကိုတော့ နားအုံတွေ နားသလည်တွေကို ကြီးပိတ်ရိုက်ပစ်ချင်နေသည်။ ကိုယ့်လူတစ်ယောက်လုံးက သူများဖက်ပါနေမှတော့ ပြောလို့မနိုင်တော့မှန်း ညီးစိုးသည့်သည်။ ထို့ကြောင့် ဖာသိဖာသာပဲနေပြီး စားစရာရှိတာကို ဆက်စားနေလိုက်သည်။



                                                        &&&&&$&&&&&



ဇော် စဉ်းစားရင်း တစ်ယောက်ထဲ အိမ်ထဲတွင် ငုတ်တုတ်ထိုင်နေမိသည်။ ဇွဲ အကြောင်းက သူ့ခေါင်းထဲတွင် ရစ်သီရစ်သီဖြင့် တစ်ချိန်လုံး မင်းမူလျှက်ရှိသည်။ ဇွဲနှင့်သူက တစ်ယောက်အကြောင်း တစ်ယောက်သိပ်ပြီးတော့ ပြည့်ပြည့်စုံစုံသိသည်တော့မဟုတ်။ ဂီတလုပ်ငန်းကို စလုပ်မှ လက်တွဲလာကြသည် ဖြစ်သောကြောင့် ဇော်ဇွဲ၏ အတွင်းစိတ်ကို သူဂဃနဏ မသိပါ။ ကိုမိုးတေကို မေးလျှင်တော့ သိနိုင်မည်ထင်သည်။ ကိုမိုးတေနှင့် ဇွဲက သူတို့အရင်တွဲလာခဲ့ကြသည် ပြီးတော့ တစ်မြို့ထဲသားတွေလည်းဖြစ်သည်။ ထို့ကြောင့် ဇွဲအကြောင်းကို ကိုမိုးတေထံမှ မေးလျှင်တာ့ တစေ့တစောင်းတော့ သိနိုင်မည်ထင်သည်။ ဇော်အကြံရသွားပြီး ဇွဲအကြောင်း တီးခေါက်ရန် ကိုမိုးတေရှိသည့် ဧည့်ခန်းထဲသို့လျှောက်လာခဲ့သည်။


ဧည့်ခန်းထဲသို့ ရောက်သော် ဘောလုံးပွဲရှေ့တွင် ငုတ်တုတ်ထိုင်ကြည့်ရင်း မှိုင်တိုင်တိုင်ဖြစ်နေသော ကိုမိုးတေကို တွေ့ရသည်။ ကိုမိုးတေက သူတို့ငါးယောက်ထဲတွင် အသက်အကြီးဆုံးဖြစ်သည်။ ထို့ကြောင့်သူကကိုမိုးတေကို ရိုရိုသေသေတော့ ဆက်ဆံသည်။ သူလာနေတာကိုမြင်သောအခါ စိတ်မပါသောလေသံဖြင့်ကိုမိုးတေက သူ့ကိုပြောသည်။

“ဇော်ပါလား။ လာ………………ထိုင်”

“ကိုမိုးတေ။ ဟို………ဘောလုံးပွဲ ကြည့်နေတာလား”

“အင်း ဟုတ်တယ်။ သူတို့နှစ်ယောက် အခုချိန်ဆို ဘယ်လိုများနေပြီး နေနေစားနေကြလဲ မသိပါဘူး။ သူတို့လေးတွေက ဘောလုံးပွဲဆိုသိပ်ကြိုက်ကြတာ။ ဘောလုံးပွဲလေးတောင် ကြည့်နိုင်ကြပါ့မလားမသိဘူး”

ဇော် စိတ်ညစ်သွားရပြန်သည်။ သူက ဇွဲအကြောင်းကို မေးချင်သည်ဆိုကာမှ ကိုမိုးတေက လင်းတကြီးလို မှိုင်နေပြီး ဟိုနှစ်ကောင်ကို သတိရတမ်းတနေသည်။


“ဟို……………….ကိုမိုးတေ ။ ကျွန်တော်တစ်ခုလောက်မေးချင်လို့ ရမလား”

သူကိုမိုးတေကို တစ်ချက်ကြည့်လိုက်သည်။ ကိုမိုးတေသည် သူ့ကို မကြည့်တောပဲ ပြတင်းပေါက်အပြင်ဖက်သို့ ဇာတ်မင်းသားစတိုင်ဖြင့် တွေတွေလေးငေးနေသည်။ ထို့နောက် တစ်ခုခုကို သိပ်ခံစားနေရသော ပုံစံဖြင့် သူ့ကိုမကြည့်ပဲပြောသည်။


“မမေးပါနဲ့တော့ ဇော်ရယ်။ ဘာမှမမေးပါနဲ့တော့။ အခုချိန်မှာ သူတို့နှစ်ယောက်က သေသလားရှင်သလားတောင်မသိသေးပါဘူး။ သူတို့လေးတွေသနားပါတယ်။ အကိုက သူတို့ကို ညီလေးတွေလို သံယောဇဉ်ရှိတာဆိုတော့ တစ်ကယ်ပဲ တစ်နေ့မှ စိတ်မချမ်းသာရပါဘူး”

အင်းကိုမိုးတေနဲ့တော့ ခက်တော့ခက်နေပါပြီ။ ဇော်ဘယ်လိုလုပ်ရပါ့။ ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်နေသည်။ ကိုမိုးတေကလဲ သူ့လိုရင်းကို ပြောချိန်မရအောင်ပင် စကားကို သိမ်းကျုံးယူထားသည်။ သူခေါင်းကုတ်မိလိုက်သည်။ ထိုစဉ် ကိုမိုးတေရှေ့ရှိ စားပွဲပေါ်တွင်တင်ထားသော ခေါက်ဆွဲကြော်ပန်းကန်ကို သူတွေ့သွားသည်။ ဟုတ်ပြီ ကိုမိုးတေကို ခေါက်ဆွဲကြော်ကျွေးပြီး အာရုံပြောင်းယူရမည်။

“ ဟား ။ ကိုမိုးတေ ခေါက်ဆွဲကြော်တွေက မွှေးနေတာပဲဗျာ။ နည်းနည်းလောက်စားလိုက်ပါလား ကျွန်တော်ခွံ့ကျွေးမယ်လေဗျာနော်”

သူအချိန်ဆွဲမနေတော့ပဲ ခေါက်ဆွဲကြော်ပန်းကန်ကို မကာ ခေါက်ဆွဲတွေကို တူနဲ့ကလော်လိုက်ပြီး ကိုမိုးတေ မျက်နှာရှေ့သို့ထောင်ပြလိုက်သည်။ ကိုမိုးတေ ၏မျက်လုံးရွဲကြီးတွေသည် သူထောင်ပြသော ခေါက်ဆွဲကြော်ကို တွေတွေကြီးကြည့်ရင်း သက်ပြင်းတစ်ချက်ချသည်။ ထို့နောက်


“ဒီခေါက်ဆွဲကြော်မျိုးဆိုရင် သွင်သန့်နဲ့ ညီစိုးတို့က သိပ်ကြိုက်ကြတာ။ သြော်……………….သူတို့တွေ ဒီလိုခေါက်ဆွဲကြော် မျိုးတွေ စားကောစားနိုင်ကြရဲ့လားမသိပါဘူး။ “


ဇော် လက်မှိုင်ချလိုက်သည်။ မထူးတော့သည်မို့ ခေါက်ဆွဲကြော်ပန်းကန်ကို စားပွဲပေါ်သို့ပြန်တင်လိုက်၏။ မဖြစ်တော့ ကိုမိုးတေကို သွယ်ဝိုက်နေ၍ မဖြစ်တော့ ။ တည့်တည့်မေးမှ ဖြစ်တော့မည်။ သူသိချင်တာကို မသိရလျှင် ဇော့်စိတ်ထဲတွင် တစ်ခုခုကို လိုအပ်နေသလို စနိုးစနှောင့်ကြီး ဖြစ်နေတတ်သည်။

“ကိုမိုးတေ ကျွန်တော် ကိုမိုးတေကို ဇွဲအကြောင်းမေးစရာ တစ်ခုရှိတယ်။ ကျွန်တော့်ကို ဖြေပေးပါလား”

“ဇွဲ အကြောင်းလား။ အင်း။ မေး။”


သည်တစ်ခေါက်တော့ ကိုမိုးတေက သူ့ကိုကြည့်ပြီးပြန်ဖြေသည်။ သူဝမ်းသာသွားသည်။ ထို့နောက်


“ကိုမိုးတေ ဇွဲက gay လားဟင်”

“ဂိုး…………………………………………….”

ရုတ်တရက် TV က အသံတွေ ထွက်လာသည်။ သူ့အသံကို ကိုမိုးတေကြားတော့မည်မထင်တော့။ ထို့အတူ ကိုမိုးတေ၏ မျက်လုံးတွေသည်လည်း TV ရှေ့သို့ရောက်သွားပြီး သူ့ကို စိတ်မ၀င်စားတော့ပါ။ သူမျက်လုံးကို အပေါ်သို့လှန်လိုက်ပြီး ပါးစပ်ကြီးကိုဖောင်းကာ သက်ပြင်းအကြီးကြီးကို ဟင်းကနဲ ချလိုက်သည်။ ဟူး…………………….



                                                         &&&&&$&&&&&


တောင်ကုန်းပေါ်ရှိ မြေနီလမ်းလေးတွင် ညီစိုး သွင်သန့်နှင့် ဆူးတို့လမ်းလျှောက်လာကြသည်။ တောင်ကုန်းလေးတွင် ထင်ရှုးပင်ကြီးတွေက စီကာဆိုင်ကာ ပေါက်ရောက်လျှက်ရှိသည်။ သဘာဝတောလေရနံ့လေးနှင့်အတူ တောင်ယံထိပ်မှေ၀၀ါးစွာလွင့်မြောနေသော တိမ်ဖြူလွှာငွေ့ငွေ့လေးတွေက စိတ်ကြည်နူးစရာကောင်းလှသည်။ အချမ်းဓာတ်အနည်းငယ် လွန်ကဲနေပေမယ့် နေရောင် နုနုလေးကြောင့် သိပ်တော့ချမ်းသည်ဟု မထင်ရပါ။ သဘာဝအလှတွေရဲ့ ဆွဲဆောင်မှုအောက်တွင် နစ်မြောနေရင်း ညီစိုး ပတ်ဝန်းကျင်မှ တိုက်ခတ်လာသော လတ်ဆတ်သည့် လေတွေကို နှာခေါင်းမှတစ်ဆင့် တ၀ကြီးရှုသွင်းပစ်လိုက်သည်။ အိမ်ခန်းကျဉ်းလေးတွင်သာ အချိန်ကုန်ရတာများသည့် သူတို့အဖို့ ယခုလို သီးခြားသစ်တောနယ်မြေလေးလို စိမ်းလန်းသာယာနေသည့် ရှုခင်းလေးတွေက စိတ်ကိုတစ်ကယ်ပဲ လန်းဆန်းတက်ကြွစေပါသည်။ ညီစိုး လေပြေလေးတွေကို ရှုရှိုက်ရင်း မှိတ်ထားသော မျက်လုံးလေးကို အသာပြန်ဖွင့်ကြည့်လိုက်တော့ ဟိုနှစ်ယောက် စကားတပြောပြောဖြင့် လျှေက်သွားကြသည်မှာ သူ့အရှေ့ခပ်လှမ်းလှမ်းကို ရောက်နေကြသည်။

“သွင်သန့်ရေ…………………ဝေး…………….သွင်သန့်”

သူတမင်အသံကိုလိုအပ်သည်ထက် ပို၍ကျယ်ကာအာပြဲကြီးဖြင့်ခေါ်လိုက်၏။ အမှန်ဆိုလျှင် သွင်သန့်နှင့် ဆူးတို့က သူ့ရှေ့ ကိုက်နှစ်ဆယ်ခန့်လောက်သာ စောလျှောက်နေကြခြင်းသာ။ ရိုးရိုးလှမ်းအော် လျှင်လဲကြားနိုင်သည်။ သို့သော် တစ်ဆူးဆူး နှင့် တစ်ဆူးတည်းဆူးနေသည့် သွင်သန့် ဆူးကြားမှ အာရုံနစ်မျောပြီး အော်မကြားခေါ်မကြားဖြစ်နေဦးမည် စိုးသောကြောင့် ယခုလိုအော်လိုက်ခြင်းဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်လုံး သူ့ကိုလှမ်းကြည့်ကာ ရယ်မောနေကြသည်။ အင်းလေ ရယ်မှာပေါ့။ သူတို့က ခြေအကောင်းနှင့် လမ်းလျှောက်နေကြသူတွေ သူ့မှာတော့ ချိုင်းထောက်ကြီးထော့နဲ့ထော့နဲ့ဖြင့် တွဲမည့်သူမပါပဲ တစ်ကိုယ်တည်းကိုယ့်အားကိုယ်ကိုး နေရသည်ဆိုတော့ လူအကောင်းပကတိလိုဘယ်ခက်သွက်သွက်တော့ လျှောက်နိုင်ပါ့မည်နည်း။

“မင်းလမ်းလျှောက်တာ နှေးလိုက်တာ ညီစိုးရာ။”

“ငါ……………………………”

အနားရောက်တော့ သွင်သန့်က သူ့ကိုမျက်ခွက်ပြောင်ပြီး စပြန်သည်။ သူတစ်ခုခုထဆဲမည် လုပ်ပြီးမှ ဆူးရှိနေသည်ကို သတိရသွားသဖြင့် အရှိန်သပ်လိုက်သည်။ ဒီကောင်လက်ကျိုးတာတောင်နည်းသေး ဟုစိတ်ထဲတွင် တွေးပစ်လိုက်သည်။

“ကိုသွင်သန့်ကလည်း ညီစိုးက ခြေထောက်မှမကောင်းတာ ခပ်မြန်မြန်တော့ ဘယ်လျှောက်နိုင်ပါ့ဦးမလဲ”

“ဟုတ်ပါတယ်ဗျာ။ မိမွေးဖမွေးတုန်းက အကောင်းလေးပါ။ အခုတော့ မျောက်မူးလဲလို့ ကျိုးရပါပြီ။ အင်းလေ ကျိုးနေတာကိုတောင်မှ မညှာမနာ မဖေးမ မကူညီတဲ့အပြင် ခနော်ခနဲ့နဲ့ ပြောင်ချင်ပျက်ချင် နေတဲ့သူတွေက ရှိနေသေးတော့ ခက်သဗျ”

“ဆူးရယ် ဒီမျောက်ကို ပြောမနေနဲ့။ ကိုယ်ခဏတုန်းကပြောနေတဲ့စကားတောင် ဘယ်ရောက်သွားမှန်းမသိတော့ဘူး။”

သွင်သန့်ရေ မင်းတော့မိုးကောင်းတုန်းရွာထားဦးပေါ့ကွာ။ ငါ့အလှည့်ကျမှာ မိုးကြိုးပါပစ်ချမယ်။ ညီစိုး စဉ်းစားမိသည်။ ဘယ်ဘဝက ဝဋ်နာကံနာကြောင့်များ ယခုလို မကောင်းမကမ်းသူငယ်ချင်းမျိုး ရခဲ့သည်မသိပါ။ အမေရေ………အမေ့သားတော့ လူပေါင်းမှားပြီ………….

“သြော်……….ဘာတဲ့ဟို………သြော်သိပြီ အချစ်အိမ်လေး ဆိုတဲ့ သီချင်း………အင်း ……ဟုတ်တယ် အဲ့ဒီနားကိုရောက်နေပြီ”

“ဟုတ်သားပဲ။ ဒီလိုဒီလို အဲ့ဒီသီချင်းလေးက ကိုယ်ကိုယ်တိုင်ရေးတာပေါ့နော်။ ပြီးတော့ ကိုယ်တစ်ယောက်ထဲပဲ single သီချင်းဆိုလိုက်တယ်။ အဲ့ဒီသီချင်းလေးကို  ဆူးကိုဆိုပြမလို့။ ဆူးနားထောင်မယ်မဟုတ်လားဟင်”

“ကောင်းသားပဲ။ နားထောင်ကြည့်မယ်လေ”

သွင်သန့်မျက်နှာက ငါးခူပြုံးပြုံးလျှက်ရှိ၏။ ညီစိုးကတော့ အရှေ့ကိုလဲဆက်မသွားတော့ပဲ ချိုင်းထောက်ကြီးကို မေးတင်ကာ သွင်သန့်နှင့်ဆူးကို စိတ်မရှည်ဟန်ဖြင့်ကြည့်နေသည်။ အရှေ့ဆက်သွား ရအောင်လဲ သူမှလမ်းမသိပဲကိုး။ သွင်သန့်က သူ့လည်ချောင်းကို ရှင်းသွားအောင် အနည်းငယ် ချောင်းဟန့်သည်။ ထို့နောက် ဆူးကို မျက်လုံးရွဲကြီးတွေဖြင့်ကြည့်ကာ……………


ဘယ်သူကစပြီးမေ့သွားခဲ့တာလဲ………….ဘယ်သူကစပြီးထားရစ်ခဲ့တာလဲ………….မျှော်လင့်ခြင်း မိုးသားများအောက်……..ကိုယ်ကျရှုံးပြီး။ အနိုင်ယူပြီးတော့ မင်းထွက်သွား ရေး…….ရေ။ အမုန်းများငါ့ကို မင်းပေးခဲ့တာလား။ နာကြင်ခြင်းများ ပေးသွားခဲ့တာလား။ မဆုံနိုင်တော့ဘူး ကိုယ်တို့ဝေးသွားခဲ့…….

နောက်ဆုံး မင်းမမုန်းနိုင်သေးရင် လှည့်ကြည့်ပေးပါ။ အချစ်ဆုံး နွေးထွေးမှုနဲ့စောင့်နေ ဒီအချစ်အိမ်လေးထဲ……….
တစ်ချိန်မှာ မင်းလေးပြန်လာမလား အမြဲတမ်းတံခါးဖွင့်ထား………….
ခြောက်ကပ်နေတယ်……..မင်းမရှိတဲ့အချိန်များလဲ……..

ဘယ်သူကစပြီးမေ့သွားခဲ့တာလဲ………….ဘယ်သူကစပြီးထားရစ်ခဲ့တာလဲ………….မျှော်လင့်ခြင်း မိုးသားများအောက်……..ကိုယ်ကျရှုံးပြီး။ အနိုင်ယူပြီးတော့ မင်းထွက်သွား ရေး…….ရေ။ အမုန်းများငါ့ကို မင်းပေးခဲ့တာလား။ နာကြင်ခြင်းများ ပေးသွားခဲ့တာလား။ မဆုံနိုင်တော့ဘူး ကိုယ်တို့ဝေးသွားခဲ့…….
အင်း……….Hmmm…………….ရေး………………

“သွင်သန့်ငါဗိုက်ဆာပြီကွာ”

သွင်သန့်ဆိုလို့ပြီးသွားသည်နှင့် ဆူးက စကားမစရသေးခင် ညီစိုးက အရင်ဦးအောင်စကားဖြတ်ပြောလိုက်၏။ ဆူးနှင့် သွင်သန့်က ညီစိုးကို ရုတ်တရက်လန့်ပြီးကြည့်သည်။

 “ဘယ်လိုဖြစ်တာလဲ ညီိစိုးရာ အလန့်တကြားနဲ့ ငါဒီမှာ သီချင်းဆိုရတာတောင် ဖီးလ်ပျက်တယ်”

“ငါဗိုက်ဆာပြီဆို။ မနက်တည်းက လမ်းလျှောက်ဆိုပြီးထွက်လာကြတာ အခုနေမြင့်တော့မယ် ဘာမှမစားရသေးဘူး”

“မင်းနဲ့တော့ ခက်တာပဲကွာ ။ “

“ကဲ ညီစိုးက ဗိုက်ဆာနေပြီဆိုတော့ ကျွန်မတို့ပြန်ကြတာကောင်းမယ်။ သွင်သန့် သီချင်းကို အိမ်ရောက်မှပဲ ဆက်နားထောင်မယ်လေ” 

သွင်သန့်ဘယ်လိုပုံစံဖြင့်တုန့်ပြန်မည်ကို ညီစိုးအာရုံစိုက်ကြည့်နေသည်။ သွင်သန့်ပုံစံက သိပ်ကျေကျေနပ်နပ်ကြီးတော့မဟုတ်ပါ။ မျက်နှာမှာ မတက်နိုင်လို့ လိုက်လျောလိုက်ရသည့်ဟန်က အပြည့်။ ဘာပဲဖြစ်ဖြစ် သူဗိုက်ဆာနေသည့်ကိစ္စ ကအရေးကြီးသည်မဟုတ်ပါလား။ သွင်သန့် ဖွံကြောင်ဖို့ အတွက်နှင့်တော့ သူအငတ်မခံနိုင်ပါ။ ပြီးတော့ သူဆူးကို သိပ်ကြည့်မရသည်လဲပါသည်လေ။

   

                                                         &&&&&$&&&&&

အိမ်ရောက်တော့ စားသောက်ပြီးသည်နှင့် ညီစိုးမီးဖိုးခန်းမှ ထွက်လာခဲ့သည်။ ထို့နောက် အခန်းကော်ရစ်တာ အတိုင်းလျှောက်လာရင်း သူတို့အခန်းရှိရာဆီသို့ပြန်လာခဲ့သည်။ သူကိုယ်တိုင် နားမလည်သည်က သွင်သန့်ဘာဖြစ်လို့ သည်အိမ်မှထွက်ခွါဖို့ မကြိုးစားခြင်းကိုပင်။ တကယ်ဆိုလျှင် သူတို့မှာ အရေးကြီးလုပ်စရာတွေ တပုံကြီးဖြစ်သည်။ ပြီးတော့ ဦးနိုင်တို့ ဇွဲတို့ ဇော်တို့ သူတို့နှစ်ယောက် ကိုမည်မျှ စိတ်ပူနေမည်နည်း။ ဒါတွေကို သွင်သန့်မသိသည်လား။ သို့မဟုတ် သိလျှက်သားနှင့် တမင်မသိချင်ယောင်ဆောင်နေသည်လား။ ထို့အပြင် သူတို့ဆိုဖို့ စီစဉ်ထားသည့် ရှိုးပွဲကိစ္စ ကရှိသေးသည်။ တွေးမိလိုက်တိုင်း ဦးနှောက်ခြောက်စရာတွေ ခေါင်းရှုပ်စရာတွေ ဖြင့်သူ့ခေါင်းကြီး မီးတောက်လာရချည်းသည်သာ။

သွင်သန့်ကိုတော့ မနက်ဖြန်သို့မဟုတ် သဘက်ခါ မရရအောင် ဖြစ်အောင်ပြန်ဖို့ပြောရမည်။ ဤအိမ်လို တောထဲမှာလိုလို တောင်ထဲမှာလိုလို တယ်လီဖုန်းမရှိ အိမ်နီးအိမ်းနား ပတ်ဝန်းကျင်မရှိနှင့် ပြင်ပကမ္ဘာလို ဖြစ်နေသည့် နေရာမျိုးမှ သူတစ်စက္ကန့်လေးမျှ မနေချင်ပါ။ ဖြစ်နိုင်လျှင် သူသည်နေရာကနေ အမြန်ဆုံးပြေး ထွက်နေချင်မိသည်။ ထိုသို့စဉ်းစားမိတိုင်း ညုတုတုမျက်နှာဖြင့် ညို့ယူနေတဲ့ဆူးနှင့် မိန်းမမြင်လျှင် ငမ်းငမ်းတတ်ဖြစ်နေသည့် သွင်သန့်တို့ကိုသာ အကြိမ်ကြိမ်မကျေနပ်ဖြစ်မိသည်။

ဟိုမိန်းမကလည်း မိန်းမတန်ပဲနဲ့ ကလူအိသို့မြူအိသို့နဲ့ မြင်းကမလှုပ်ခုန်ကလှုပ်ဆိုတာ အဲ့ဒါမျိုးကိုပြောတာနေမှာ။ ဟိုလင်းတကလည်း နွားပေါကြီးလိုပဲ ပလာတာကိုမြက်မှတ်ပြီး သရေတမြှားမြှားနဲ့ စားချင်နေတဲ့ရုပ် နှစ်ယောက်လုံး လင်တရူးနဲ့ မယားတရူးတွေ …….

ညီစိုးစိတ်ထဲရှိသည့်အတိုင်း နှုတ်မှရေရွတ်လိုက်၏။ ထို့နောက် သူ့အခန်းတံခါးဘုကို လှည့်ပြီးအခန်းထဲသို့ ၀င်ရန်ပြင်လိုက်သည်။ ထိုစဉ်………….။  ရိပ်ကနဲ ဖြတ်ပြေးသွားသော လူရိပ်တစ်ခုကို သူဖြတ်ကနဲ မြင်လိုက်သည်။ သူလှမ်းကြည့်လိုက်တော့ ကော်ရစ်တာအကွေ့ကို ပတ်ပြီး အခြားတစ်ဖက်သို့ ပြေးဝင်သွားလေသည်။ အနောက်မှမြင်လိုက်သည်ဆိုတော့ ခန္ဓာကိုယ်နောက်ပိုင်းနှင့် ဖားယားချထားသော ဆံပင်အရှည်ကြီးကိုသာ တွေ့လိုက်ရသည်။

“ ဟိတ်…………………..ဟိတ်………………..”

“မင်းဘယ်သူလဲ……………….ဟိတ်……………………….”

“မပြေးနဲ့လေ…………….ဟာ”


ရိပ်ကနဲမြင်လိုက်ရသော အရိပ်ကိုကြည့်ရင်းသူ့စိတ်ထဲ ကျောချမ်းချင်သလိုလိုဖြစ်လာသည်။ ဤအိမ်ကြီးသည် သူတို့ကို တစ်ခုခုဖုံးကွယ်ထားသည်ဟု ခံစားမိသည်။ ဤအိမ်ကြီး၏နောက်ကွယ်တွင် သူတို့အား တစ်စုံတစ်ခုက အန္တရာယ်ပေးဖို့အသင့်စောင့်ဆိုင်းနေသလို သူ့စိတ်ထဲမှာ ထင်နေခဲ့သည့် သံသယက ယခုလိုမသင်ကာစရာမြင်ကွင်းမျိုးကို မြင်ရသောအခါပိုလို့ပင် စိုးရိမ်စိတ်ကြီးမာလာစေသည်။ ဆူးပြောတာ့ ဤအိမ်ကြီးတွင်သူတစ်ယောက်ထဲနေသည်တဲ့ ။ ဒါဆိုလျှင် ဤမိန်းကလေးမှာ မည်သူပါလိမ့်။ ဒါမှမဟုတ် ဤမိန်းကလေးဟာ လူတစ်ယောက်မဟုတ်ပဲ နာနာဘာဝ တစ်ကောင်များဖြစ်နေမလား။ ဤအိမ်ကြီးတွင် စိတ်စွဲ၍သေကာ မကျွတ်မလွတ်ပဲ စွဲကပ်နေသည့် ဝိညာဉ်တစ်ကောင်လား။ ဘုရား ဘုရား……….

မဖြစ်ဘူး မဖြစ်ဘူး။ ဒီလိုဆိုမဖြစ်ဘူး။ ဒီအိမ်ကြီးကနေ အမြန်ဆုံးထွက်သွားမှဖြစ်မယ်။ ဒီကိစ္စကို ပေါ့သေးသေး တွက်လို့မရဘူး။ ဒီကိစ္စကို တိကျတဲ့အဖြေတစ်ခုတော့ သိအောင်လုပ်မှရမယ်။ အဲ့မိန်းမနောက်ကို လိုက်ကြည့်ရမယ်။

ညီစိုးလက်ထဲရှိ ကိုင်ထားသော တံခါးဘုကိုမဖွင့်တော့ပဲ ကော်ရစ်တာအတိုင်း ခြေထောက် ထော့နဲ့ထော့နဲ့ ဖြင့်လျှောက်လာခဲ့သည်။ ကော်ရစ်တာဆုံးသောအခါ ထိုမိန်းမပျောက်ကွယ်သွားသော နေရာမှာ သူထင်သလို  အကွေ့တစ်ခုမဟုတ်ပဲ အခန်းလွတ်တစ်ခုဖြစ်နေသည်။ ဤအခန်းသည် ဘာအခန်းဖြစ်နိုင်မည်နည်း။ အခန်းထဲတွင် ဘာတွေရှိနိုင်သနည်း။ မေးခွန်းတွေနှင့်အတူ သိချင်စိတ်က သူ့ရင်ထဲပြင်းပြလာပြန်သည်။ ဘုရား ဘုရား အခန်းထဲတွင် ထိုမိန်းကလေးများရှိနေမည်လား။ သူအခန်းတံခါးကို ဖွင့်သင့်မဖွင့်သင့် ချင့်ချိန်နေမိသည်။ အကယ်၍ အခန်းထဲတွင် ထိုမိန်းကလေး၏ အလောင်းကြီးရှိနေလျှင်……….ဟင့်အင်း…..ဘုရား ။ ငါ့စိတ်တွေ ဘာတွေဖြစ်နေပါလိမ့်။


“ညီစိုး အဲ့မှာဘာလုပ်နေတာလဲ “

“အမယ်လေးဗျ။………”

ရုတ်တရက် ခေါ်သံကြောင့်သူလန့်သွားသည်။ လှည့်ကြည့်လိုက်တော့ ဆူးနှင့် သွင်သန့်က အနောက်က ရောက်နေသည်။ ဆူးမျက်လုံးတွေက သူ့ကို နစ်ဝင်စွာစိုက်ကြည့်လျှက်ရှိသည်။

“လန့်လိုက်တာ။ “

“ဘာတွေများတွေ့လိုက်လို့ လန့်နေတာလဲ။ “

“သြော် ဟို………….ဟိုဒင်း။ အဲ့ ဒီလိုပါ ကျွန်တော် တစ်ယောက်ထဲ ဒီဘက်ကိုလျှောက်လာကြည့်တာ အဲ့ဒါ အနောက်က ဆူးတို့က အသံမပေးပဲ ခေါ်လိုက်တော့ ရုတ်တရက်ကြီးလန့်သွားတာပါ.”

“ဟုတ်လား။ မသိပါဘူး ကျွန်မက ရှင့်ကိုကြည့်ရတာ တစ်ခုခုကိုများမြင်လိုက်ရလို့ လန့်သွားတာလားလို့။ “

“မ………မဟုတ်ပါဘူး။ ဘာ…..ဘာ……..ဘာမှမမြင်ပါဘူးဗျာ”

“အင်း ဒါဆိုလည်းပြီးတာပါပဲလေ။ ကျွန်မအခန်းသွားတော့မယ်။ သွင်သန့် ကျွန်မသွားဦးမယ်နော်”

“ကောင်းပါပြီဆူး”

ဆူးထွက်သွားတော့ သွင်သန့်က သူကိုမေးပင့်ပြီးကြည့်သည်။ သူသွင်သန့်ကိုခေါ်ကာ အခန်းထဲသို့ဆွဲလာခဲ့သည်။ အခန်းထဲသို့ ရောက်သော် သွင်သန့်က သူ့ကို နားမလည်စွာဖြင့် ကြည့်နေသည်။

“မင်းဘာမြင်လိုက်ရလို့လဲ ညီစိုး။ မင်းပုံစံကိုကြည့်ရတာ တစ်ခုခု ကိုအရမ်းလန့်နေတဲ့ပုံပဲ။”

“သွင်သန့် ငါတို့ ဒီကနေအမြန်ဆုံးထွက်သွားရအောင်ကွာနော်။ ဦးနိုင်တို့ ငါတို့နှစ်ယောက်ကို စိတ်ပူနေလောက်ပြီ။ ပြီးတော့ ငါလေဒီမှာ မနေချင်တော့ဘူး ငါတောင်းပန်ပါတယ် သွင်သန့်ရာ။ ငါတို့သွားရအောင်ကွာနော်”

“ညီစိုး ဖြေးဖြေးပြောစမ်းပါကွာ။ မင်းဘာတွေဖြစ်နေတာလဲ ငါ့ကိုပြောလေ။ ငါသိမှ မင်းဖြစ်နေတာတွေကို ဖြေရှင်းပေးနိုင်မှာပေါ့”

“ခဏတုန်းက ငါအခန်းကိုပြန်လာတုန်း ရိပ်ကနဲဆို လူရိပ်ဖြတ်သွားတာတွေ့လိုက်တယ်။ လူရိပ်က အနောက်ကနေမြင်လိုက်ရတာဆိုတော့ ကျောပဲမြင်လိုက်ရတယ်။ ပြီးတော့ သူက မိန်းကလေး ဆံပင်အရှည်ကြီးနဲ့ ။ ဆူးပြောတော့ သူက ဒီအိမ်မှာတစ်ယောက်ထဲနေတာတဲ့ အခု…….အခု……..”

“ဟုတ်လို့လား ညီစိုးရာ။ မင်းအမြင်တွေဘာတွေများမှား…………..”

“သူပြောတာ အမှန်ပါပဲ ကိုသွင်သန့်”

“ဟင်”   “ဟင်”

“ဆူး”   “ဆူး”

ဟထားသော အခန်းပေါက်ဝရှေ့သို့ ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိသော ဆူးဆီက ရုတ်တရက်အသံထွက်လာသည်။ သူတို့နှစ်ယောက်လုံး မျက်လုံးတွေ ၀ိုင်းစက်သွားသည်။ ဆူးက လက်ကိုပိုက်ထားရမှဖြေလိုက်ပြီး အခန်းထဲသို့ဝင်လာသည်။


“တကယ်တော့ ဒီအိမ်မှာ ဆူးနဲ့ဆူးညီမလေးတစ်ယောက်နေတာပါ။ ဒါပေမယ့် ဆူးညီမလေးက စိတ်သိပ်မမှန်ဘူးလေ။ ဒါကြောင့် သူ့ကိုလူတွေနဲ့အတူထားလို့မရဘူး။ တော်ကြာ သူစိတ်ဖောက်လာပြီး တစ်ခုခုလုပ်မိမှာစိုးလို့ပါ။ ကျွန်မဒီလို မြို့ပြင်မှာတစ်ယောက်ထဲနေရတယ်ဆို တာကလည်း ကျွန်မညီမလေး အတွက်ကြောင့်ပါ။ ဟောဒီက ညီစိုးတို့ သွင်သန့်တို့ ကျွန်မမှာ အခုလို စိတ်မမှန်တဲ့ညီမလေးတစ်ယောက်ရှိနေတယ်ဆိုတာ သိရင် ကျွန်မကိုညိုညင်မှာစိုးလို့ ထုတ်မပြောပဲ လိမ်ညာမိတာပါ။ တကယ်တော့ ကျွန်မညီမလေးက အရမ်းသနားစရာကောင်းပါတယ်ရှင်……..”

ပြောရင်းဆိုရင်းဆူးမျက်ဝန်းမှ ၀မ်းနည်းရိပ်တို့ ယှက်သန်းလာကာ မျက်ရည်အုတွေခိုကျလာသည်။ ဆူးသည် အငိုလွယ်သော မိန်းကလေးတစ်ယောက်လားတော့ ညီစိုးမသိပါ။ သူမခဏလေးတွင်းမှာပင် ရုတ်တရက် လူတစ်ဖက်သား သနားချင်စိတ်ပေါက်သွားသည့် မျက်နှာထားမျိုးဖြစ်အောင်လုပ်သွား နိုင်သည်။ စောစောက သူ့ကိုကြည့်သည့်အကြည့်တွေက သည်လိုမဟုတ်ပါ။ မာယာတွေ ရက်စက်ကြမ်းကြုတ်မှု အရိပ်အငွေ့တွေဖြင့် ရစ်သီနေသည့် ကြောင်မက်ဖွယ်ရာ မျက်လုံးတွေဖြစ်သည်။

“သွင်သန့် ကျွန်မကို စိတ်မဆိုးပါနဲ့နော်။ သွင်သန့်ကို ကျွန်မမညာချင်ပါဘူး။ ဒါပေမယ့်……အဟင့် ဟင့်….အဟင့်”

“ဆူးရယ် မငိုပါနဲ့တော့နော်။ ဘာမှမဖြစ်ပါဘူးဆူးရယ်။ တကယ်ဆိုရင် ဆူးက ကျွန်တော်တို့ရဲ့ အသက်သခင်ကျေးဇူးရှင်ပါ။ ဆူးဘာမှစိတ်မကောင်းမဖြစ်ပါနဲ့။ ဆူးဖုံးကွယ်ထားတဲ့ ဆူးညီမလေးရဲ့ ကိစ္စကို ကျွန်တော်နားလည်ပါတယ်။ ပြီးတော့လဲ ဆူးကိုကျွန်တော်ညာတယ်လို့မမြင်ပါဘူး။ ဆူး……..တိတ်တော့နော်”

ညီစိုးကတော့ ဘာပြောလို့ပြောရမှန်းမသိတော့ပါ။ ခဏက သူ့ရဲ့ကြောက်စိတ်တွေ နည်းနည်းတော့ သက်သာသွားသလိုခံစားရသည်။ ဘာပဲဖြစ်ဖြစ် သည်အိမ်ကနေတော့ ထွက်သွားဖို့ နည်းလမ်းရှာရမည်။


                                                   &&&&&$&&&&&


ညကြီးသည် ညဉ်နက်မှောင်မိုက်လျှက်ရှိသည်။ ပတ်ဝန်းကျင်တွင် လေတိုး၍ယိမ်းထိုးလှုပ်ခတ်နေသော သစ်ပင်များကလွဲ၍ ကျန်တာ ဘာမှမရှိပါ။ ဇော်မျက်လုံးတွေ မျက်တောင်မခတ်မိတော့။ ဇော့်အသက်ရှုသံတွေ မြန်ဆန်လျှက် ရင်တွေ တဒိုင်းဒိုင်းခုန်နေသည်။

“ဇော်………..”

ဇွဲကခေါ်သံနှင့်အတူ သူ့ရှေ့နားသို့တိုးလာသည်။ သူကတော့ ဇွဲတိုးလာတိုင်း တိုးလာတိုင်းနောက်ကိုသာ ဆုတ်နေမိသည်။ ဇွဲ၏မျက်ဝန်းတွေသည် စွတ်စိုလျှက် ဇွဲ၏ ပါးပြင်တွေသည် နီမြန်းလျှက် ဇွဲမျက်နှာပေါ်တွင် ပြင်းထန်သည့်ခံစားချက်တစ်ချို့က မင်းမူလျှက် ရှိသည်။ ဇော် အာခေါင်တွေခြောက်ချင်လာသည်။ လည်ပင်းထဲတွင် သလိပ်ကပ်သလိုလို တံတွေးမျိုချချင်သလိုလိုဖြစ် နေသည်။

“ဇွဲ ညကြီးငါ့ကိုခေါ်တာ ဘာကိစ္စရှိလို့လဲဟင်။ ငါ့…………..ငါ့ကိုဘာ…….ဘာပြောမလို့လဲ”

ဇွဲက ရုတ်တရက်စကားမပြောသေးပဲ အရှေ့သို့ နောက်တစ်လှမ်းထပ်တိုးလိုက်သဖြင့် သူနောက်ကို တစ်လှမ်းထပ်ဆုပ်လိုက်သည်။ သို့သော် သူ့အတွက် နောက်ဆုတ်ဖို့အခွင့်အရေးမရတော့။ သူ့အနောက်တွင် ခံနေသည့် ဓာတ်တိုင်ကြီးက သူ့ကိုဇော်နှင့် နီးကပ်သွားစေရန် ခံထားသကဲ့သို့ဖြစ်သွားသည်။


“ဇော်……….မင်းသိရဲ့လား”

“ဟင်……..ဘာ…..ဘာ….ကိုသိရမှာလဲ ဇွဲ”

ဇွဲက ဇော့်ကို ရီဝေေ၀တစ်ချက်ကြည့်သည်။ ထို့နောက် လက်တစ်ဖက်မှ ဇော့်ရဲ့လက်ကလေးကို လှမ်းဆွဲလိုက်ကာ

“ဒီနေရာမှာ မင်းရှိနေတယ်ဆိုတာကိုပေါ့ ဇော်ရာ”

အို……..ဇော့်ရင်တွေ ကာရန်မဲ့နဘေမဲ့ အတိုင်းအဆမရှိ ခုန်ပေါက်ကုန်သည် ။ ယခု ဇွဲကသူ့လက်ကို ဆုပ်ကိုင်ထားပြီး နွေးနေသည့် ဘယ်ဖက်ရင်အုန်သို့ကပ်ထားသည်။ ထိုနေရာသည် ဇွဲ၏နှလုံးသား တည့်တည့်တည်ရှိသည့်နေရာဖြစ်သည်။ ဇွဲနှလုံးသားထဲတွင် သူရှိနေသည်တဲ့လား

“ဇွဲ………ဒါဆိုရင် မင်းက……………”

“ချစ်တယ် ဇော်ရာ ………..ဇော့်ကိုချစ်တယ်”

ရုတ်တရက်စကားဆုံးသည်နှင့် ဇွဲကသူ့ကို တင်းကြပ်နေအောင် ဆွဲဖက်ထားသည်။ ဇွဲ၏ရင်ငွေ့တွေက သူ့ခန္ဓာကိုယ်ထဲသို့ နွေးထွေးစွာရောက်ရှိလာသည်။ သူလှိုက်ကနဲ ပြန်တက်သွားသော စက္ကူစလေးကို ဇွဲ၏ ရင်ခွင်ထဲတွင် ရုံးမရပဲ ကြည်နူးသာယာသွားသည်။ သူဇွဲရင်ခွင်ထဲမှ ရုံးမထွက်မိပါ။ ရူးမိုက်စွာပျော်ဝင် မိရင်း သူ့ရဲ့နှလုံးသားဟာ သံစုံတီးဝိုင်းတွေ တီးခတ်နေသလို မြည်ဟီးလျှက်ရှိသည်။ ဇွဲက သူ့ကိုရင်ခွင်ထဲမှ ဆွဲထုတ်လိုက်ပြီးသူ့မျက်နှာလေးကို စေ့စေ့ကြည့်သည်။ သူသည်လည်း ဇွဲကိုပြန်ကြည့်မိသည်။ ဇွဲ၏ ဦးခေါင်းသည် တဖြေးဖြေးနိမ့်ဆင်းလာပြီး သူ့နှုတ်ခမ်းရှိရာသို့ ဦးတည်နေသည်။


သူကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေမိရင်း သွေကြောတွေတောင့်တင်းသွားသလို အေးခဲနေ၏။ ဇွဲ၏ နှုတ်ခမ်းလေးသည် သူ့နှုတ်ခမ်းနှင့်နီးသထက်နီးလာသည်။ ထို့အတူ သူ့ရင်ခုန်သံတွေဟာလဲ တစ်စထက် တစ်စပိုမိုမြန်ဆန်လာသည်။ သူကြောက်စိတ်ကြောင့်မျက်လုံး များပင်မှိတ်ထားမိသည်။ သူ့ရင်တွေ အေးစိမ့်လာပြီး ချောက်နက်ကြီးထဲသို့ ကျသွားသလို လှိုက်ကနဲဖြစ်သွားသည်။

ထို့နောက်သူရုတ်တရက် မျက်လုံးပြန်ဖွင့်ကြည့်လိုက်၏

အခန်းမျက်နှာကျက်ရှိ မီးခိုရောင်သုတ်ထားသော ဖော်မီကာတွေက ငြိမ်သက်နေသည်။ ကုတင်ခေါင်းရင်းရှိ နာရီသံမှာလဲ အချက်မှန်မှန် တီးခတ်သံထွက်ပေါ်နေသည်။ အခန်းထဲရှိ အရာဝတ္ထုပစ္စည်း များသည် အရာအားလုံး ပုံမှန်အတိုင်းသာ ရှိနေသည်။ သူ့နဖူးကို စမ်းကြည့်တော့ ချွေးတွေအနည်းငယ်စို့နေသည်။ သူဘာအိမ်မက်တွေမက်နေပါလိမ့်။ သူ့စိတ်တွေ ပုံမှန်မှ ဟုတ်သေးရဲ့လား မသိပါ။ သက်ပြင်းတစ်ချက် ထွေးမှုတ်လိုက်ရင်း ကုတင်ဘေးတစ်ဖက်သို့ ခန္ဓာကိုယ်ကို စောင်းလိုက်၏.။ ထိုစဉ် ရုတ်တရက်ဘွားကနဲ မြင်လိုက်ရသော လူရိပ်ကြောင့် သူလန့်သွားသည်။

“ ဇွဲ………….ဟင်……………မင်းဘာလုပ်မလို့လဲ”

ဟုတ်သည်။ သူ့ကုတင်ဘေးတွင် ဇွဲရောက်နေသည်။ ညအိပ်ဝတ်စုံကြီးနှင့်အတူ ခေါင်းအုံးတစ်လုံးကို ဖက်ထားပြီး သူ့ကုတင်အောက်တွင်ထိုင်ကာ သူ့ကိုကြည့်နေသည်။ ညကြီးအချိန်မတော် ဇွဲသူ့အခန်းထဲသို့ ဘာလာလုပ်တာပါလိမ့်။ ထို့ကြောင့် သူပေါက်ကရအိမ်မက်တွေ မက်နေတာဖြစ်မည်ထင်သည်။

“မင်းကို ငါ့အခန်းထဲ ဘာလာလုပ်တာလဲလို့မေးနေတယ်လေ”

“ဇော်…………ငါအိပ်မပျော်ဘူးသိလား”

“ဟင်……….အဲ့ဒီတော့ဘာဖြစ်လဲ”

“ဇော်…………”

“ဘာတုန်း……”

“မင်းငါ့ကို ဘယ်လိုမြင်လဲဟင်”

“ဘာ………..မင်းစကားက ဘာစကားကြီးလဲ။ သွား သွားတော့ ။ ငါ့အခန်းထဲကို ညကြီးအချိန်မတော် ဘာလာလုပ်မှန်းမသိဘူး ။ သွား မင်းအခန်းမင်းပြန်အိပ်တော့။ အိပ်မပျော်ရင် အိပ်ဆေးသောက် အိပ်။ ရူးကြောင်ကြောင်နဲ့”

“ဇော်ကလည်း အဖော်မရှိလို့ပါကွာ။ မင်းကလည်း အရမ်းရက်စက်တာပဲ”

“ဟေ့ ရက်စက်တာတွေ ကြင်နာတာတွေ ငါမသိဘူး။ ငါသိတာ ငါအိပ်တော့မယ်။ မင်းလဲသွားတော့။ သွားတော့ကွာ သွား။ မြန်မြန်သွားတော့”

“မင်းကလည်း ငါအိပ်မပျော်လို့ မင်းနဲ့စကားပြောရအောင်လာတာပါ။ ဒီရောက်တော့ မင်းကအိပ်ပျော်နေတာနဲ့ ငါဘာလုပ်ရမှန်းမသိလို့ ဒီအတိုင်ထိုင်ကြည့်နေတာ။ မင်းအခန်းထဲမှာ မအိပ်ချင်ရင် ငါ့အခန်းထဲ လိုက်အိပ်ပါလား။”

“ ဟာ……..မအိပ်ပါဘူး။ မအိပ်ဘူး မင်းအခန်းမင်းပဲပြန်အိပ်။ ငါ့အခန်းထဲမှာ ငါပဲအိပ်မယ်။ မင်းသွားတော့”

ဇွဲက သူပြောနေသည်ကိုတောင် မပြန်သေးပဲ ပေကပ်ကပ်လုပ်နေပြန်သည်။ သူအနားရှိခေါင်းအုံးဖြင့် ရိုက်မည့်ဟန်လုပ်လိုက်မှ ထိုင်ရာမှထလာသည်။

“ဇော်…….”

“ဘာပြောဦးမလို့လဲ”

“good night လို့”


ဇွဲထွက်သွားသည့်အခါ သူတံခါးကြီးကို ၀ုန်းကနဲပိတ်ပစ်လိုက်သည်။ ငါတော့ရူးပြီ…………….


                                                     &&&&&$&&&&&



ညီစိုး နေ့လည်ကတွေ့လိုက်ရသည့် ကောင်မလေးအကြောင်းတွေးရင်း အိပ်မပျော်နိုင်ဖြစ်နေသည်။ ထိုကောင်မလေးသည် စိတ်မမှန်သည့်မိန်းကလေးတစ်ယောက်တဲ့ ။ ဖြစ်နိုင်ပါ့မည်လား။ သူပြတင်းပေါက်ကြီးကို ကုတင်ပေါ်မှ မော့ကြည့်မိသည်။ အပြင်ဖက်တွင် လမင်းကြီးက ထိန်ထိန်သာလျှက် ရှိ၏။ သစ်ကိုင်းခြောက်ပင်တစ်ချို့မှာနားနေသော ငှက်များထပြီးပြန်သန်းသွားသည်ကို တွေ့ရသည်။ သူသက်ပြင်းတစ်ချက်ချမိသည်။ သွင်သန့်ကတော့ ချေပစ်လက်ပစ်ကို အိပ်ပျော်နေသည်။ အပူအပင်မရှိ သောကမရှိနှင့် သွင်သန့်လိုတော့ သူမအိပ်နိုင်ပါ။ သူ့တွင်ရင်လေးနေရသည့် အကြောင်းတွေကြောင့် အိမ်မရနိုင်။ ညတွေရယ် မြန်မြန်ကုန်ဆုံးပါတော့။

“ကျွီ…………..”

ရုတ်တရက် တံခါးဖွင့်သံကြောင့် သူအခန်းတံခါးကို လှမ်းကြည့်လိုက်၏။ အခန်းထဲသို့ ညကြီးအချိန်မရှိ ဘယ်သူပါလိမ့်။ သူအာရုံစိုက်ကြည့်နေရင်း တစ်စုံတစ်ခုကို သတိရသွားကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ ပြီးနောက် သူ့မျက်လုံးကို အသာလေးမှေးကြည့်လိုက်သည်။ အခန်းတံခါးသည် တဖြေးဖြေးပွင့်လာပြီး အခန်းထဲသို့ တစ်စုံတစ်ယောက်က ခြေဖော့ပြီး ၀င်လာ။


ဘုရား ဘုရား သူနေ့လည်ကတွေ့လိုက်ရသည့် မိန်းကလေးပါလား။ သည်မိန်းကလေးက စိတ်မမှန်ဘူးဟုလဲ ဆိုသေးသည် သူတို့အခန်းထဲကို ဘာလာလုပ်တာပါလိမ့်။ သူသတိထားတုန်းမှာပင် ထိုမိန်းကလေး၏ချေလှမ်းတွေက သူ့ကုတင်ဆီကို ဦးတည်လျှောက်လာနေသည်။ သူမျက်လုံးတွေကို ဇွတ်မှိတ်ထားလိုက်၏။ တဖြေးဖြေးဖြင့် ထိုမိန်းကလေးသည် သူ့အနားသို့ကပ်လာမှန်း သူခံစားရသည်။ ထို့နောက်ရုတ်တရက် သူ့ပါးပြင်ပေါ်သို့ နူးညံ့သည့်အထိအတွေ့တစ်ခု ရောက်လာသည်။

ဒီမိန်းကလေးက စိတ်မမှန်ဘူးဆိုတာ ဟုတ်ပါမလား။ သူငါ့ပါးကိုလာပွတ်နေပါလား။ ဘာလုပ်တာပါလိမ့်။ မဖြစ်ဘူး မဖြစ်ဘူး ဒီအိမ်ကြီးဟာ ငါတို့အတွက် အလိမ်အညာတွေ ဖြားယောင်းသွေးဆောင်မှုတွေနဲ့ အန္တရာယ်ရှိနေပြီ။

ထိုမိန်းကလေးသည် သူ့ပါးပြင်လေးကို ညင်သာစွာပွတ်သပ်နေပြီးသူ့လက်ကိုပြန်ရုပ်သိမ်းသွားသည်။ သူအခြေအနေကိုရိပ်မိသွားပြီး ခန္ဓာကိုယ်ကို တစ်ဖက်သို့စောင်းပစ်လိုက်၏။ ထိုမိန်းကလေးက  သူနိုးလာပြီထင်၍ သူ့အနားမှ ခွာသွားပြီး အခန်းအပြင်ဖက်သို့ ပြေးထွက်သွားသည်။ သူကုတင်ပေါ်မှ ထကာ အခန်းအပြင်ဖက်သို့ လိုက်ထွက်လာခဲ့သည်။

ကော်ရစ်တာတွင် မီးမရှိပဲမှောင်မိုက်နေသည်။ ပြတင်းပေါက်တစ်ချို့မှ ကျို့တို့ကျဲတဲဝင်လာသည့် အလင်းရောင်မှုန်ပြပြလေးတစ်ချိ့ သာဝေး၀ါးစွာမသဲမကွဲ မြင်နေရသည်။ သူသတိကြီးစွာထားရင်း ကော်ရစ်တာအတိုင်းလျှောက်လာသည်။ သူ့ခြေထောက်မှ ချိုင်းထောက်ကိုလဲ အသံမကြားအောင် ဖွဖွလေးထောက်ရင်း ပတ်ဝန်းကျင်ကိုအရိပ်အကဲ ခတ်နေမိသည်။ တဖြေးဖြေးလျှောက်လာရင်း နေ့လယ်က ထိုမိန်ကလေး ပြေးဝင်သွားသည့် အခန်းနားသို့ရောက်လာ၏။

ယခုလောလောဆယ်တွင်တော့ ထိုမိန်းကလေးကို မတွေ့ရတော့ပါ။ သို့သော် သူစိတ်ဝင်စားနေသည့် အခန်းကိုတော့ တွေ့ပြီဖြစ်သည်။ ဤအခန်းကို သူမသင်္ကံကာဖြစ်မိသည်မှာအမှန်ပင် ဖြစ်သည်။ အခန်းနားသို့ရောက်သော် တံခါးဘုကိုလှည့်ပြီးအသာဖွင့်ကြည့်လိုက်၏။ တံခါးကလည် အသာတကြည်ပင်ပွင့်သွားသည်။ အခန်းထဲကမှောင်နေသဖြင့် ဘာမှမမြင်ရ။ သူအခန်းထဲသို့ ဆန်းတ၀ါးဝါဖြင့်လျှောက်လာရင်း နံရံတွေကို လိုက်စမ်းနေမိသည်။ တစ်နေရာရောက်သော် နံရံရှိမီးခလုတ် ကိုစမ်းမိသွားသည်။ ထို့နောက်သူခလုတ်ကို ချောက်ကနဲဖွင့်လိုက်၏။


“ဟာ……………………………….”

“ဘုရား………….ဘုရား………….”

မြင်လိုက်ရသည့်မြင်ကွင်းက သူ့ကိုပါးစပ်အဟောင်းသားဖြစ်သွားစေသည်။ အခန်းနံရံတစ်ခုလုံးတွင် သူတို့ Dream Heart အဖွဲ့၏ ဓာတ်ပုံတွေ အပြည့်ကပ်ထားသည်။ မျက်နှာကျက်များတွင်လည်း သူတို့ငါးယောက်၏ တစ်ယောက်ချင်းစီ၏ ပုံများကို ချိတ်ဆွဲထားသည်။ သူ့နားထဲတွင် စကားသံတစ်ချို့ ကြားယောင်လာသည်။ “ Dream Heart ဆိုတာဘာကြီးတုန်းရှင့်။ သြော် ……ရှင်တို့က အဆိုတော်တွေ လား။ ကျွန်မတကယ်မသိလို့ပါနော် စိတ်မဆိုးပါနဲ့”

ထင်တော့ထင်သားပဲ။  ဒီလောက်နာမည်ကြီးနေတဲ့ငါတို့ အဖွဲ့ကိုမသိဘူးဆိုတာ မဖြစ်နိုင်ဘူးလို့။ ဟင် အခုတော့ကြည့်စမ်း ငါတို့ကိုမသိဘူးလဲပြောသေးတယ်။ တစ်ခန်းလုံးလဲ ငါတို့ပုံတွေပြည့်နေတာပဲ ကပ်ထားတာ။ ဒီမိန်းမ ဒီမိန်းမ ဘုရား ဘုရား ဒါဆိုငါတို့ကို တမင်ချုပ်ထားတာပေါ့။

သူတွေးရင်း ကြက်သီးတွေ တဖြန်းဖြန်းထသွားသည်။ အခန်းထဲကို လှည့်ပတ်ကြည့်လိုက်ရင်း တီဗွီစင် အနားတွင် တင်ထားသော တယ်လီဖုန်းကို ထပ်တွေ့သွားပြန်သည်။ ပြောတော့ အိမ်မှာ တယ်လီဖုန်းမရှိဘူးတဲ့ ဘုရား ဘုရား။

သူ့တစ်ကိုယ်လုံးဇောချွေးတွေပြန်လာသည်။  သူရင်ထဲတွင် ကြောက်စိတ်များက ပိုမိုကြီးစိုးလာသည် ။ သူကျောရိုးထဲစိမ့်ကာ လက်တွေကတုန်ကယင်ဖြစ်လာသည်။ မဖြစ်ဘူး မဖြစ်ဘူး ဒီအိမ်ကနေ အခုပဲထွက်ပြေးမှရမယ်။ သွင်သန့်ကိုနှိုးပြီး ပြေးရမယ်။ ဟုတ်တယ်။

သူအနောက်ကိုဆုတ်ကာ လှည့်သွားရန်ပြင်လိုက်စဉ် တံခါးအောက်ခြေရှိ ထိုင်ခုံအပုလေးကို မမြင်ပဲ ၀င်တိုက်မိသွားသည်။ ထို့နောက်ချိုင်းထောက်ကြီးဖြင့် သူကြမ်းပြင်ပေါ်သို့လဲသွား၏။ ကြမ်းပြင်ပေါ်မှ သူကုန်းရုံးထလိုက်သည်။ ထိုစဉ်သူ့ခြေထောက်မှ ပတ်တီးစတစ်ချို့ပြည်လာသည်။

သူပတ်တီးစတွေကို ဆွဲကြည့်လိုက်တော့ အလိတ်လိုက်ပါလာသည်။ ထို့နောက်သူ့ခြေထောက်မှကွာသွားပြး အတွင်းမှ ဂျက်စက္ကူကဒ်ထူပြားကြီးက ပြုတ်ကျသွားသည်။ ပတ်တီးတွေကို သူကြမ်းပြင်ပေါ်ချကာ သူ့ခြေထောက်ကို လှုပ်ရမ်းကြည့်သည်။ သို့သော် သူ့ခြေထောက်မှ နာကျင်မှုတစ်စုံတစ်ရာမရှိပဲ အကောင်းပကတိအတိုင်း သွက်လက်နေသည်။ သည်လိုဆို သူတို့ဘာမှမဖြစ်ဘူးပေါ့။ တစ်ဖြေးဖြေး ဆူးဆိုသည့်မိန်းမ၏ ကောက်ကျစ်သည့် အလိမ်အညာတွေက တစ်ခုချင်း ဘူးပေါ်သလိုပေါ်လာသည်။ သူ သွင်သန့်ရှိရာ အခန်းထဲသို့အမြန်ဆုံးပြေးဝင်သွား လိုက်၏။


အခန်းထဲသို့ရောက်သော်မီးဖွင့်ပြီး သွင်သန့်ကိုလှုပ်နိုးလိုက်သည်။

“သွင်သန့် ဟေ့ကောင် သွင်သန့် ထ………………ထ……………သွင်သန့်”

“သွင်သန့် ထဆိုနေ……………ဟေ့ကောင်”

သူအတင်းလှုပ်နှိုးမှ သွင်သန့်က တအင်းအင်းတအဲအဲဖြစ်လာ၏။

“ဘာလဲကွာ အိပ်နေတဲ့ဟာကို”

“ဟေ့ကောင် ထစမ်း။ အခုလိုဖြစ်တာမင်းကြောင့်။ ငါတို့ကို အဲ့ဒီဆူးဆိုတဲ့မိန်းမက ပိပိရိရိနဲ့ လိမ်ထားတာ။ မင်းဒီမှာ ငါ့ခြေထောက်ကိုကြည့်စမ်း”

သွင်သန့်က အိပ်ချင်မူးတူးဖြင့်သူ့ခြေထောက်ကို ထကြည့်သည်။ သူ့ခြေထောက်မှ ပတ်တီးကိုမမြင်ရသောအခါ သူ့မျက်လုံးတွေကိုပွတ်သပ်ပြီး ပြန်ကြည့်သည်။ ဒုတိယအကြိမ်ကြည့်ပြီးနောက် ညီစိုးဖက်သို့လှည့်လာသည်။

“ငါနေ့လည်က အခန်းထဲကို ဝင်ကြည်ပြီးပြီ။ အဲ့အခန်းတစ်ခန်းလုံးမှ ငါတို့ ငါးယောက်ပုံတွေချည်းပဲ။ ဒီမိန်းမငါတို့ကို အသေအလဲ ကြိုက်နေတာ အဲ့ဒါကြောင့်ငါတို့ကို လိမ်ပြီးဒီမှာထားထားတာ။ အဲ့ဒီအခန်းထဲမှာ တယ်လီဖုန်းလဲတွေ့ခဲ့တယ် သူပြောတော့တယ်လီဖုန်းမရှိဘူးတဲ့ဆို။ ပြီးတော့ မင်းလက်က ပတ်တီးကိုဖြည်ကြည့်လိုက်”

သွင်သန့်အိပ်ချင်ပြေသွားဟန်ပေါ်လာသည်။ သွင်သန့်လဲသူ့လိုပဲ တဖြေးဖြေးသွေးပူလာပြီထင်ပါ့။ သူ့လက်ထဲမှ ပတ်တီးအစကိုကို ဖြည်ကာ ပတ်တီးတွေကို ရစ်ယူလိုက်သည်။ ပတ်တီးတွေကွာသွားသော အခါသူ့လက်တွေကို သူလှုပ်ကြည့်သည်။


“ငါ့လက်က ဘာမှလဲ မဖြစ်ပါလား ။ “

“အဲ့ဒါပြောတာပေါ့ သွင်သန့် ငါတို့ဒီအိမ်ကအခုပဲ ထွက်ပြေးရအောင် ငါတို့အတွက် ဘာအန္တရာယ်တွေ ရှိလာမယ်ဆိုတာ ကြိုပြီးခန့်မှန်းလို့ရတာမဟုတ်ဘူး။ တော်ကြာ ဒီမိန်းမနှစ်ယောက် ငါတို့ကို အပြတ်ရှင်းပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ”

“အစက ငါမင်းပြောတာတွေကို သတိမထားခဲ့ဘူး။ အခုမှ မင်းပြောတာတွေက အမှန်တွေဖြစ်နေတယ်။ သွားမယ် ငါတို့ပြေးရအောင်။ ကားလမ်းမကြီးကိုတွေ့အောင်ရှာရမယ်။ ကားလမ်းမကြီးတွေ့ရင် ငါတို့အတွက် အိုကေပဲ”

“လာ ……သွားကြမယ်”

ညီစိုးနှင့်သွင်သန့်သည် အိမ်ထဲမှ အလောတကြီးပြေးထွက်လာကြသည်။ အပြင်ဖက်တွင် လမင်းကြီးမှာ ထိန်ထိန်သာနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။ တစ်ခါတစ်ခါ ထွက်ပေါ်လာသော ခွေးအူသံများက လည်းကျောချမ်းချင်စရာကောင်းလှသည်။ လေပြေနှင့်အတူ ယိမ်းနွဲ့နေသော သစ်ပင်ကြီများကလည်း မကောင်းဆိုးဝါတွေ လှုပ်ရှားနေသလို ခြောက်ခြားဖွယ်ရာ ကောင်းလှသည်။ ညီစိုးနှင့်သွင်သန့် အိမ်ကြီးကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီး တစ်ယောက်လက် တစ်ယောက်တွဲကာ တစ်ဖြေးဖြေး ခြေလှမ်းခပ်သုတ်သုတ်ဖြင့် လျှောက်လာကြသည်။ ထိုစဉ်……..


“သွင်သန့်……………….သွင်သန့် ရှင်ဘယ်မှာလဲ ………………”

“သွင်သန့် ညီစိုး ရှင်တို့ဘယ်မှာလဲ ……………….”

“ရှင်တို့ ဘယ်မှမသွားရဘူးနော်။ ရှင်တို့ကို ကျွန်မပိုင်တယ်……………..”

အိမ်ကြီးထဲမှ ဆူးဆိုသည့်မိန်းမအသံက ထိတ်လန့်ချောက်ချားဖွယ်ရာကောင်းစွာ ကွဲအက်အက်ကြီး ထွက်လာသည်။ ညီစိုးနှင့်သွင်သန့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်သည်။


“လာပြေးစို့………..”

သူတို့နှစ်ယောက်လုံး သုတ်ချေတင်ကာ အရှေ့ဘက်ရှိ တောစပ်ထဲသို့ ပြေးလာခဲ့ကြသည်။ တောကြီးသည်လည်း နာနာဘာဝကြီးတစ်ကောင် အိပ်နေသည့်ပမာ မဲမှောင်လျှက် ရှိသည်။ ညီစိုးကော သွင်သန့်ကော ပြေးရင်းမောဟိုက်လာသည်။ သူတို့ဘ၀တွင် ပြေးဖူးသည်ဆိုလို့ gym စက်ပေါ်မှာသာ ပြေးဖူးသည်။ ယခုကဲ့သို့ တောကြားတောင်ကြားခြုံကြားတွင် ပြေးလွှားရသည့်အခါ ခံနိုင်ရည်မရှိပဲ မောပန်းနွမ်းဟိုက်လာ၏။ သို့သော် အနောက်မှ ဆူးအသံက ထပ်ကြပ်မကွာ လိုက်ပါလာသဖြင့် မနားရဲဘဲ ဆက်ပြေးနေရသည်။

“ရှင်တို့ ကျွန်မလက်က ပြေးလွတ်မယ်များထင်နေလား။ ဒီတောထဲမှာ ရှင်တို့အတွက်ထွက်ပေါက်မရှိဘူးနော်.။ ဟား………ဟား………..ဟား………..ဟီး………….ဟီး……………..ဟီး”

“သွင်သန့် ငါမောတယ်။ ဒီမိန်းမအသံကြီးကို ကြားလား ကြောက်စရာကြီး။ ငါဒီမိန်းမ ကြီးကိုကြောက်လာပြီ”

ညီစိုးက ပြေးရင်သွင်သန့်ကိုပြောသည်။ သွင်သန့်က ကိုင်ထားသော ညီစိုးလက်ကို ပိုမိုဆုပ်ကိုင်ကာ

“ဒီမိန်းမကို ဘာမှကြောက်စရာမလိုဘူး။ ငါတို့ကယောကျာ်းတွေ သူကမိန်းမ သူငါတို့ကို ဘာများလုပ်နိုင်မှာမိုလို့လဲ။ မင်းဘာမှအားမငယ်နဲ့ မင်းငါရှိနေသ၍ဘာမှ မဖြစ်စေရဘူး”

“အား………………………”

ညီစိုး ရုတ်တရက်ပြေးနေရာမှ လဲကျသွားသည်။ သွင်သန့်က ညီစိုးအော်သံကြောင့် ထိတ်လန့်သွားပြီး ညီစိုးကို ပြန်ထူသည်။ သို့သော်

“အား…………..သွင်သန့် ။ နာလိုက်တာ “

“ဘာဖြစ်တာလဲ ညီစိုး ။ ခလုတ်တိုက်တာလား “

“မဟုတ်ဘူ ငါ့ခြေထေက်………..အား ကျွတ်စ် ကျွတ်စ်”

“ ဟာ မင်းခြေထောက်က သံကွင်းကြီးချိတ်နေပါလား။ တောက်……………….ဒါဟိုမိန်းမ ထောင်ချောက် ဆင်ထားတာပဲနေမှာ”

“မင်းပြေးတော့ သွင်သန့်။ မင်းလွတ်အောင်ပြေး ငါ့ကိုထားခဲ့၊ နို့မိုဆိုရင် နှစ်ယောက်လုံး ပြန်မိသွားလိမ့်မယ်”

“ငါမပြေးဘူး။ ငါပြေးရင် မင်းတစ်ယောက်ထဲကျန်ခဲ့လိမ့်မယ် ။ မင်းကို ငါမရ ရအောင်ကယ်မယ်။ အဲ့ဒီသံကွင်းကြီးကို မင်းခြေထောက်က ငါချွတ်ပေးမယ် “

သွင်သန့်က ညီစိုးခြေထောက်မှ သံကွင်းကြီးကို ဆွဲချွတ်သည် ။ သို့သော် လွယ်လွယ်ဖြင့် ကျွတ်မသွားပါ။ ညီစိုးသည် နာကျင်လွန်း၍ မျက်ရည်များပင်ကျလာသည်။ အချိန်ကြာသည် အထိတိုင်အောင် သံကွင်းကကျွတ်မသွားသဖြင့် သွင်သန့်က ညီစိုး ဘောင်းဘီစကို အပေါ်သို့ဆွဲတင်လိုက်ပြီး ဘိုးဖိနပ်ကိုချွတ်ပစ်လိုက်သည်။ ထို့နောက် ချေထောက်မှ သံကွင်းကြီးကို ချွတ်လိုက်၏။ ကံကောင်းသည်ဟုပြောရမည် ညီစိုးချေထောက်မှာ သေးနေသဖြင့် သံကွင်းကချောင်နေပြီး အားထုတ်ဆွဲချွတ်လိုက်သောအခါ ကျွတ်သွားလေသည်။

“ဟား……………ရပြီ”

“လာပြေးရအောင် ……………..”

ညီစိုးကို သွင်သန့်က တွဲရင်းမတ်တပ်ရပ်လိုက်သည်။ သူတို့နှစ်ယောက် ဆက်လက်ပြေးရန် ပြင်နေစဉ်မှာပင် မိန်းမတစ်ယောက်က သူတို့အရှေ့သို့ ရောက်ရှိလာသည်။

“ဆ…………………………….ဆူး”

“ဟုတ်တယ် ရှင်တို့နှစ်ယောက်က ကျွန်မလက်ကပြေးလွတ်မယ်ထင်နေတယ်ပေါ့လေ။ No way ပဲသိလား။ ရှင်တို့ကို ကျွန်မဘယ်လောက်တောင် ကြိုက်သလဲ ရှင်တို့မသိဘူး။ ရှင်တို့ကို ကျွန်မက အရုပ်လေးတွေလို တစ်စိမ့်စိမ့် ကြည့်နေချင်တာရှင့် ဟင်းဟင်း”

“ကဲဟယ်……………………ကဲဟယ်…………………”

ဆူးကပြောလို့ပြီးသည်နှင့် ညီစိုးနှင့် သွင်သန့်ကို လက်ထဲရှိ ထင်တုံးဖြင့် ရိုက်ချလိုက်သည်။ ညီစိုးရော သွင်သန့်ပါ မြေကြီးပေါ်သို့ ခွေလဲကျသွားလေတော့သည်။



                                                    &&&&&$&&&&&


Photo studio ထဲတွင် camera man တစ်ယောက်နှင့် ဇွဲတို့အလုပ်ရှုပ်နေကြသည်။ Camera man က ဇွဲကိုသူလိုချင်သည့် အိုက်တင်မျိုးကိုပြောသည်။ ဇွဲက ကိုယ်နေကိုယ်ဟန်ကိုပြင်ကာ camera man ပြောသည့်အတိုင်း လိုက်လုပ်သည်။ studio ခန်းထဲတွင် မီးစလိုက်များ ၀င်းကနဲဝင်းကနဲ ဖြစ်သွားသည်။ ဇော် နှင့် မိုးတေက computer ရှေ့တွင် ဇွဲ၏ ပုံတွေကို ထိုင်ကြည်နေ၏။ ဇော်က အခြေအနေကို ကြည့်ပြီး မိုးတေနားကပ်ကာ တိုးတိုးလေးပြောသည်။

“ကိုမိုးတေ…………..”

“အင်း ပြောလေ ဇော်”

“ကျွန်တော်ကိုမိုးတေကို မေးစရာရှိတယ်။ “

“မေးလေ ဘာမေးမလို့လဲ “

“ရှုးတိုးတိုး………………ဒီအကြောင်းကို ဇွဲသလို့မဖြစ်ဘူး။ သူ့အကြောင်းမေးမလို့ ကျွန်တော့်နားကိုလာ ကပ်ပြောမယ်”

“အိုကေလေ”

မိုးတေက ဇော်၏စကားကို စိတ်ဝင်စားသွားဟန်ဖြင့် အနားသို့ကပ်သွားသည်။ ဇော်က မိုးတေသူ့အနားသို့ရောက်သောအခါ နားနားကပ်ပြီးတိုးတိုးလေးမေးသည်။

“ကိုမိုးတေ ဇွဲကလေ gay လား”

“ဟင်………….ဘယ်လို”

“ဇွဲလေ သူက gay မဟုတ်လား “

“မသိဘူးလေ ဘာဖြစ်လို့လဲ။ “

ဇော်က ပတ်ဝန်းကျင်အခြေအနေအနည်းငယ်အကဲ ခတ်ပြီး မိုးတေနားနားသို့ သူနှင့်ဇွဲအကြောင်းတွေ ပြောပြလိုက်သည်။ မိုးတေက တော့ပါးစပ်ကြီးအဟောင်းသားဖြင့် အံ့သြလျှက်ရှိသည်။

“ဘုရား ဘုရား ဒါဆိုရင် မင်းပြောတာဟုတ်လောက်တယ် ဇော်”

“ဘာတွေဟုတ်နေကြတာလဲ နှစ်ယောက်သားတိုးတိုး တိုးတိုးနဲ့ ဘာတွေပြောနေကြတာလဲ”

သူတို့အနောက်မှ ရုတ်တရက် ဇွဲကရောက်လာကာ သိုင်းဖက်လိုက်သဖြင့် နှစ်ယောက်စလုံးလန့်သွား သည်။ ဇော်ကတော့ နေရထိုင်ရကျဉ်းကြပ်နေသည်။ မိုးတေက ဇွဲကိုမသင်ကာသလိုကြည့်သည်။ ထို့နောက် အပေါ်သို့မော့ကာ

“ဇွဲမင်းက…………………”

မိုးတေက ပေါ်တင်မေးတော့မည့်ဟန် ဖြစ်သဖြင့် ဇော်ကမျက်ရိပ်ပြကာ တားထားလိုက်သည်။ ထိုအခါ မိုးတေက ပါးစပ်ကြီးဟထားရာမှ ပြန်စေ့သွား၏။ ထိုစဉ် သူတို့၏အနောက်မှ ဦးကိုကိုနိုင်ဖုန်းပြောနေသော အသံထွက်လာသည်။

“ဗျာ…………………..ဟုတ်ကဲ့။ ဟုတ်ကဲ့ပါ ဆရာ…………ဟုတ်ကဲ့ ကျွန်တော်တို့ အခုချက်ချင်းပဲ လာခဲ့ပါမယ်”

ထို့နောက် ဖုန်းကို အလောတကြီးချလိုက်၏။ သူတို့သုံးယောက်လုံး ဦးကိုကိုနိုင်အနားသို့ရောက်သွားကြ၏။

“သားတို့ ဦးတို့နေတဲ့ အိမ်ရဲ့ မလှမ်းမကမ်တောင်ခြေနားမှာ ဖိနပ်တစ်ဖက် တွေ့တယ်တဲ့။ ညီစိုးနဲ့ သွင်သန့်ပျေက်နေတဲ့ အမှုကို ရဲစခန်းကစုံစမ်းနေတာ။ အဲ့ဒါ အဲ့ဖိနပ်က ညီစိုးတို့ဖိနပ်ဟုတ်မဟုတ် လာကြည့်ပေးပါတဲ့”

“ဒါဆိုရင် အခုသွားကြမယ်လေ”

“ကောင်းတယ်”

ရဲစခန်းသို့ ရောက်သောအခါ စခန်းမှူးက သူ့စားပွဲပေါ်ရှိ ဖိနပ်ကို ထုတ်ပြသည် ။ ဦးကိုကိုနိုင် မျက်ဝန်းတွေ အရောင်တောက်သွားသည်။


“ဟုတ်ပါတယ်ဆရာ။ ဒါညီစိုးရဲ့ဖိနပ်ပါ။ ကျွန်တော်မှတ်မိပါတယ်။ ဒါဆိုရင် သူတို့တွေ ဒီအိမ်ပတ်ဝန်းကျင်မှာပဲ ရှိနေမှာပေါ့နော်”

“ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အတိအကျတော့မပြောနိုင်ဘူး ဘာလို့လဲဆိုတော့ အဲ့ဒီပတ်ဝန်းကျင်မှာ လူနေတဲ့အိမ်မှ မရှိတာ ။ သူတို့နှစ်ယောက် ကဒီလောက်အချိန်အကြာကြီး ပျေက်နေတာဆိုတော့ လူနေတဲ့အိမ်တစ်ခုခုကို ရောက်နေတာဖြစ်နိုင်တယ်။ ဒါပေမယ့်လဲ အဲ့ဒီနားတစ်ဝိုက်မှာအိမ်ကိုမရှိတာ။ အဲ……….ဒါပေမယ့်”

“ဒါပေမယ့် ဘာဖြစ်လဲဆရာ “

ဇော်ရော ဦးကိုကိုနိုင်တို့ရော သိချင်စိတ်ကြောင့် တပြိုင်ထဲမေးလိုက်ကြသည်။

“အဲ့ဒီနားမှာ အိမ်ဟောင်းတစ်လုံးတော့ရှိတယ်။ အဲ့ဒီအိမ်က လူမနေတော့ဘူး ။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်တုန်းက အဲ့အိမ်မှာလူနေခဲ့ဖူးတယ် အခုတော့.”

“အခုတော့ လူမရှိတော့ဘူးပေါ့နော်ဆရာ”

“အင်း ဟုတ်တယ်။ လူမရှိပေမယ့် အဲ့အိမ်မှာ သေသွားတဲ့ကောင်မလေးနှစ်ယောက် မကျွတ်သေးဘူးဗျ”

“ဗျာ………………………………”


ဦးကိုကိုနိုင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ သူတို့၏ မျက်နှာတွင် စိုးရိမ်မှုတွေက အထင်းသားပေါ်လွင်လျှက်ရှိ၏။

“ဒါဆိုရင် ကျွန်တော်တို့ညီစိုးနဲ့ သွင်သန့်ကို ဘယ်လိုရှာမလဲဆရာ”

ဇော်ကထမေးလိုက၏။ စခန်းမှူးက

“ကျွန်တော်တို့ မနက်ဖြန် လူအများကြီးလွှတ်ပြီး စုံစမ်းခိုင်းဖို့ စီစဉ်ထားပါတယ်”


ရဲစခန်းမှအပြန် သူတို့အားလုံး ခေါင်းငိုက်စိုက် ကျပြီးပြန်လာခဲ့သည်။ ဦးကိုကိုနိုင်က တစ်ခုခုကို အကြီးအကျယ်စဉ်းစားနေသည့်ဟန်ဖြင့် မျက်နှာကြီးတွေဝေနေသည်။ ဇော်က ကားမောင်းနေရင်း ထပြောသည်။

“မနက်ဖြန်ထိ စောင့်မနေတော့နဲ့။ နေရာသိနေပြီပဲ ကျွန်တော်တို့ ကိုယ့်ဖာသာကိုယ်သွားရှာကြမယ်လေ”

“အဲ့ဒါကောင်းတယ်။ ညီစိုးတို့ပျောက်နေတာ သုံးရက်ရှိပြီ အခုထိ သေသလားရှင်သလားမသိရသေးဘူး။ ရဲတွေကလည်း နေ့ရွှေ့ညရွှေ့လုပ်နေတယ်။ “

ဇော့်စကားကို မိုးတေက ၀င်ထောက်ခံသည်။ ဇွဲကတော့ ဘာမှမပြောပဲ ငြိမ်သက်လျှက်ရှိသည်။ ဦးကိုကိုနိုင်က

“အင်း မဖြစ်သေးဘူး။ သူတို့က မနက်ဖြန်ဆို မနက်ဖြန်အထိစောင့်လိုက်တာကောင်းမယ်။ မင်းတို့ချည်းပဲသွားရင် အန္တရာယ်ကြုံလာလိမ့်မယ်။ မင်းတို့က သီချင်းဆိုတာကလွဲလို့ ဘာမှလုပ်တတ်တာမဟုတ်ဘူး။ ရဲတွေပြောသလိုစောင့်လိုက်ပါ”

ဇော်သက်ပြင်းချမိသည်။ သူလည်း ညီစိုးနှင့်သွင်သန့်ကို အရမ်းစိုးရိမ်မိသည်။ ဘုရားသိကြားမလို့ သွင်သန့်နဲ့ ညီစိုး ဘာမှမဖြစ်ကြပါစေနဲ့။


                                                      &&&&&$&&&&&


တိတ်ဆိတ်သောညဉ်နက်ကြီးက ပြန်ရောက်လာပြန်သည်။ ညီစိုးခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသည်။ ဦးခေါင်းထဲမှာလဲ ထုံတက်နေသည်။ ယခုမှနေရထိုင်ရပိုခက်နေသည်။ ဆူးကသူတို့နှစ်ယောက်ကို အလွတ်မပေးတော့ပဲ ကုတင်ဖြင့် လက်နှစ်ဖက်ကို ပူးတွဲ၍ ကြိုးဖြင့်ချည်ထားသည်။ သူတို့မှာ ရုံးမရ လူးမရ ဖြင့် ၀ဋ်ကြီးတစ်ခုလို ဒုက္ခပင်ပန်းဆင်းရဲတွင်းကျခံရသည်။


ညသည်ကား ခါတိုင်းများထက်ကိုပိုပြီး မာယာပရိရယ်များနေသလို ပိုပြီးတော့လဲ တိတ်ဆိတ်ငြိမ်သက်နေသည်။ ယခုဆိုတစ်စထက်တစ်စ ညဉ်နက်သထက်နက်လာသည်မှာ သန်းခေါင်းယံအချိန်သို့ ပြန်ရောက်လာပြီဖြစ်သည်။ ညီစိုးမှ နာကျင်မှုကြောင့်အိပ်မပျော်သော်လည်း သွင်သန့်မှာမူ တခူးခူးတခေါခေါဖြင့် အိပ်မောကျနေချေပြီဖြစ်သည်။ တစ်ခန်းလုံး သွင်သန့်၏ ဟောက်သံများဖြင့်သာ ဖုံးလွှမ်းနေသည်။


“ကျွီ…………………”

ထိုစဉ်သူတို့အခန်းတံခါး ထပ်မံပွင့်သွားပြန်သည်။ သူကုတင်ပေါ်မှ ခေါင်းထောင်ကြည့်ုလိုက်၏။ ဟင် ဆူးရဲ့ညီမပါလား

ထိုမိန်းကလေးက သူ့ကုတင်နားသို့ရောက်လာသည်။ သည်တစ်ခါတော့ သူနိုနေမှန်းသိပုံပေါ်သည်။ သို့သော် သူမက ရဲတင်းစွာသူ့အနားသို့တိုးကပ်လာသည်။ အနားသို့ရောက်သော် သူ့ကို နှုတ်ခမ်းအားလက်ညိုးဖြင့်ပိတ်ကာ အချက်ပြသည်။ ထို့နောက် လေသံတိုးတိုးလေးဖြင့်ပြောသည်။


“ရှင်တို့နှစ်ယောက် ဒီကနေလွတ်အောင်ပြေး။ ဒီနေရာဟာ ရှင်တို့နေတဲ့နေရာနဲ့ တောင်တစ်လုံးပဲခြားတယ်။ ဒီအရှေ့က ကုန်းမြင့်အတိုင်းတက်သွား ပြီးရင် တော့အုပ်ထဲမဖြတ်နဲ့ ထင်းရှုးတောထဲကိုသွား ။ ထင်းရှုးတောထဲကိုရောက်ရင် မြောက်ဖက်အတိုင်းဆက်သွားကြ။ ထင်းရှုးတောဟာ တဖြေးဖြေးတောင်ကုန်းအထိပေါက်နေတာ အဲ့ဒီတောင်ကုန်းပေါ်ရောက်ရင် ရှင်တို့နေတဲ့ရပ်ကွက်ကို ခပ်ရေးရေးလှမ်းမြင်ရပြီ”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”

အသံတွေကြောင့် သွင်သန့်ကပါနိုးလာသည်။ ထို့နောက်သူမကို မြင်သောအခါ လန့်သွားသည်။ သူမက မလန့်စေရန်အချက်ပြလိုက်ပြီး သွင်သန့်လက်မှ ကြိုးများကို ဆက်ဖြေပေးသည်။

“နေပါဦး မင်းကိုမင်းအမကပြောတော့ စိတ်မမှန်ဘူးဆို။ အခုမင်းကိုကြည့်ရတာ လူကောင်းအတိုင်းပါပဲလား “

“ရှင်တို့မှားနေပြီ။ တကယ်တန်းစိတ်မမှန်ဖြစ်နေတာက ကျွန်မမဟုတ်ဘူး ကျွန်မအမဖြစ်လိမ့်မယ် “

“ဘယ်လို”

“ဟုတ်တယ် သူ့စိတ်က သာမန်ဆိုရင်လူကောင်းသူကောင်းလိုပဲ။ ဒါပေမယ့် တစ်ခါတစ်လေကျရင်တော့ အခုလိုမျိုးပဲ ဖောက်ပြန်လာတတ်တယ်။ သူဒီလိုဖောက်ပြန်ပြီဆိုရင် လူတွေကို ဒုက္ခပေးတတ်တယ်။ ဒါကြောင့်ကျွန်မက သူနဲ့အတူ ဒီမြို့ပြင်မှာလာနေတာ။ နောက်ပြီးတော့ သူက ရှင်တို့အဖွဲ့ကိုအရူးအမူး crazy ဖြစ်နေတာရှင့်”

“သြော်………………..အဲ့လိုလား။ “

“ကဲ အချိန်မရှိတော့ဘူး။ ရှင်တို့ကျွန်မပြောတဲ့အတိုင်းသာ သွား။ မြန်မြန်းသွားကျတော့ “

“ကောင်းပြီ။ တာ့တာ မင်းကိုကျေးဇူးတင်ပါတယ် “

“လာသွင်သန့် သွားကြမယ်”

သူနှင့်သွင်သန့် အိမ်အပြင်ဖက်သို့ရောက်သောအခါ အအေးဓာတ်က ပိုမိုထူးကဲလာသည်။ အချိန်မရှိတော့သည်မို့ ခက်သုတ်သုတ်ပဲပြေးလာခဲ့ကြသည်။ သူတို့ခြေလှမ်းတွေ ဘယ်လောက်မှ မရောက်သေးပါ အိမ်ကြီးထဲမှ အော်သံတွေ အဆက်မပျက်ပေါ်လာပြန်သည်။

“နင်ဘာလို့သူတို့ကို လွှတ်ပေးလိုက်တာလဲ “

“အမရယ် သူတို့ကိုသွားပါစေ ။ သူတို့က လူတွေလေ အရုပ်တွေမှမဟုတ်တာ ချုပ်ထားလို့မရဘူးလေ”

“မသိဘူး မသိဘူး နင်ငါ့ရှေ့ကဖယ်နော်”

“အမရယ် တောင်းပန်ပါတယ်။ သူတို့ကိုလွတ်လွတ်လပ်လပ် သွားပါစေနော်”

“နင်တော်တော်လျှာရှည်ပါလား …………ကဲဟယ်…………………မဖယ်ချင်ဦး”

“အမယ်လေး………………….”

အမယ်လေးဆိုသည့် အာမေဒိဋ်သံထွက်ပေါ်လာသည်နှင့် ညီစိုးတို့သဘောပေါက်လိုက်သည်။ ဆူးက သူ့ညီမကို ပြောမရလို့ တစ်ခုခုလုပ်လိုက်ပြီထင်သည်။ သူတို့နှစ်ယောက် အချိန်ဆွဲမနေတော့ပဲ ဆူးညီမပြောသည့်အတိုင်း ကုန်းမြင့်ရှိရာဖက်သို့ ပြေးလာခဲ့ကြသည်။ ထိုကုန်းမြင့်တွေမှတစ်ဆင့် ထင်းရှုးတောထဲကို ရောက်လာကြသည်။ ထင်းရှုးတွေထဲတွင် အသံများက ချောက်ခြားဖွယ်ရာကောင်းသည်။ တစ်ခါတစ်ခါ တိုးဝင်လာတတ်သည့် လေသံတွေကြောင့် အသည်းလွင့်မတတ် လန့်ဖျတ်သွားရသည်။

သွင်သန့်နှင့်ညီစိုးတို့ ထင်းရှုးတောထဲတွင် ဆက်လက်ပြေးလာကြရင်းတဖြေးဖြေး တောင်ကုန်းပေါ်သို့ ရောက်လာကြသည်။ တောင်ကုန်းပေါ်သို့ရောက်သောအခါ သူတို့နေသည့် ပြင်ဦးလွင်မြို့ကို မီးရောင်ပြပြလေးတွေအဖြစ် လှမ်းမြင်လိုက်ရသည်။ ညီစိုးစိတ်ထဲအတော်လေးဝမ်းသာ သွားမိ၏ ။ သူရုံးထွက်ချင်လွန်းခဲ့သည့် အိမ်ကြီးလက်ထဲမှ သူတို့မကြာခင်လွတ်မြောက်တော့မည် မဟုတ်ပါလား။

ထိုစဉ်တစ်ဖက်တောင်အောက်ဖက်မှ ဓာတ်မီးတွေဖြင့် လူတစ်စုတက်လာသည်ကိုတွေ့ရ၏။

“ညီစိုး……………………ညီစိုး…………………………သွင်သန့်………………………..သွင်သန့်”

“ညီစိုးရေ ဒါ…………..ဒါ………………..မိုးတေတို့ ဇော်တို့အသံမဟုတ်လား “

“ဟုတ်တယ် ဟုတ်တယ် သူတို့ငါတို့ကိုလာရှာကြပြီနော်။ ၀မ်းသာလိုက်တာ သွင်သန့်ရာ “

“လာငါတို့ သွားရအောင်”

သူတို့နှစ်ယောက် အပြေးပဲသွားလိုက်မိ၏။ မိုးတေက သွင်သန့်နှင့် ညီစိုးကို ရုတ်တရက်အမှောင်ထဲမှ ပြန်မြင်လိုက်ရသောအခါ ၀မ်းသာလွန်း၍ မျက်ရည်များပင်ကျလာသည်။ မိုးတေက သူတို့နှစ်ဦးကို ညီလေးတွေလို သံယောဇဉ်ကြီးမားသည်လေ။ ဇွဲကလည်း သူတို့ကိုကြည့်ပြီး ပီတိတွေဖြစ်နေသည်။ သွင်သန့်ကို မိုးတေက ဖက်ထားသည်။ ညီစိုးကို ဇော်ကဖက်ထားသည်။ ဇွဲကတော့ သူတို့အားလုံးကိုကြည့်ပြီး မျက်နှာလေး ရွှင်နေသည်။ မိုးတေက


“မသေကောင်းမပျောက်ကောင်း ညီစိုးနဲ့သွင်သန့်ရာ။ ငါ့မှာလေ မင်းတို့မရှိလို့ တစ်နေ့တစ်နေ့ စိတ်တွေဆင်းရဲလိုက်တာဆိုတာလေ ပြောမနေနဲ့တော့။ တော်သေးတာပေါ့ မင်းတို့ဘာမှမဖြစ်ကျလို့”

မိုးတေစကားဆုံးတော့ ညီစိုးကလည်း ဇော့်ကိုပြောသည်

“ငါတို့ကို အခုလိုလာရှာတာ အရမ်းဝမ်းသာတာပဲကွာ။ ငါတို့မှာလေ ဒီတသက် မင်းတို့နဲ့ပြန်မှတွေ့ရပါတော့မလားလို့။ အခုမှပဲ စိတ်ထဲပေါ့သွားတော့တယ်”
 “ရှာရမှာပေါ့ ညီစိုးရာ ငါတို့ဟာ တစ်ဖွဲ့တည်းက ညီအကိုတွေပဲလေ။ မင်းတို့မရှိလို့ ဘယ်ဖြစ်ပါ့မလဲ။ ငါလဲ မင်းတို့မျက်နှာတွေ ပြန်မြင်လိုက်ရမှ စိတ်ချမ်းသာတော့တယ်”


ဇော်က ညီစိုးကိုအားပေးစကားပြောရင်း ဖက်ထားသည်။ ထိုစဉ် ဇော့်၏နောက်မှ အရိပ်မဲမဲတစ်ခု ပေါ်လာသည်။ ထို့နောက် ထိုအရိပ်မဲထံမှ လက်များကမြှောက်သွားပြီး တစ်စုံတစ်ခုဖြင့် ဇော့်ခေါင်းကို ရိုက်ရန်ပြင်လိုက်သည်။ ဇော်ကနောက်ကျောပေးထားသည်ဆိုတော့ မမြင်ပဲရှိလေသည်။ မြင်နေရသည့် ညီစိုးက ပါးစပ်များဆွံ့အနေပြီး အသံမထွက်နိုင်ပဲရှိတော့သည်။


“ဇော်………………………….”

“ခွပ်……………”

“အား………………….”

ခေါ်သံကြောင့်ဇော်လန့်ပြီးအနောက်ကို လှည့်ကြည့်လိုက်၏။ မြေကြီးပေါ်တွင် လဲနေသည်က ဇွဲဖြစ်သည်။ ဇွဲ၏အနောက်တွင် ရပ်နေသော မိန်းမတစ်ယောက်။ ထိုမိန်းမ၏ လက်ထဲမှ ထင်းချောင်းကြီးက သွေးဆာနေသည့်ပမာ တဆတ်ဆတ်တုန်ရီလျှက်ရှိသည်။ ထိုအခိုက် မိုးတေက ဆူးကို တွန်းပစ်လိုက်သည်။ မိုးတေ၏ ယောကျာ်းအားဖြင့် တွန်းလိုက်သော တွန်းကန်ချက်ကြောင့် ဆူးမှာ မြေကမူအတိုင်း လိမ့်ဆင်းသွားပြီး သစ်ရွက်ခြောက်တွေ ခြားထဲရောက်သွား၏။

“ဇွဲ………..ဇွဲ…………ခေါ်နေတာကြားရဲ့လားဟင်။ ဇွဲ ငါစကားပြောတာ ကြားရဲ့လား “

ဇော်ဇွဲကိုပွေ့ထူလိုက်ပြီး စကားတွေပြေနေသည်။ ဇွဲနဖူးထက်မှ စီးကျနေသော သွေးတွေက မျက်နှာပြင်တစ်ခုလုံး နီရဲနေသည်။ ဇော်စကားပြောရင်း အသံတွေတုန်ရီလာသည်။ ဖြစ်ရလေ ဇွဲရယ် ငါ့ကိုအဲ့လောက်တောင်ချစ်တာပဲလား။ ငါ့အတွက်နဲ့များ အသားအနာခံပြီ ၀င်အရိုက်ခံပေးရသလား ဇွဲရယ်။

“ဇွဲ……….လုပ်ပါဦး ကိုမိုးတေ ညီစိုး သွင်သန့်။ ဒီမှာဇွဲကိုခေါ်လို့မရတော့ဘူး။ ဇွဲက ကျွန်တော်နာမှာစိုးလို့ သူအစားဝင်ခံပေးလိုက်တာ။ ဇွဲတစ်ခုခုဖြစ်လို့မဖြစ်ဘူး ဇွဲကိုကယ်ကြပါဦးဗျာ”


“အင်း……ဟင်းဟင်းဟင်း”

ထိုစဉ်ဇွဲဆီမှ တိုးညှင်းသော အသံလေးထွက်လာသည်။ ဇော်ဝမ်းသာသွားသည်။ ထို့နောက် ဇွဲ၏မျက်နှာလေးကို ပွေ့ထူကာ သူ့ရင်ခွင်ထဲသို့ ထဲ့ထားလိုက်သည်။


                                &&&&&$&&&&&



စခန်းမှူးနှင့် ဒုရဲအုပ်က သူတို့ပြောသမျှစကားတွေကို နားထောင်ရင်း ခေါင်းတညိတ်ညိတ်လုပ်နေသည်။ ထို့နောက် စခန်းမှူးက

“တကယ်တော့ အဲ့ဒီညီအမဆိုတာ တကယ်မရှိပါဘူးဗျာ”

“ဘယ်လို ဆရာ။ ကျွန်တော်တို့ကိုယ်တိုင် မျက်ဝါးထင်ထင်မြင်ခဲ့ရတာလေဗျာ။ ဇွဲဆိုရင် အဲ့ဒီဆူးဆိုတဲ့ ကောင်မလေးရိုက်လိုက်လို့ အခုဆေးရုံတင်ထားရတာလေ။”

“အင်း ။ ကျွန်တော်ပြောတာ မယုံဘူးဆိုရင် ခင်ဗျားတို့ ကိုအဲ့အိမ်ကိုလိုက်ပို့ပေးလို့ ရပါတယ်. အဲ့အိမ်ဟာ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်လောက်ကတည်းက နေမဲ့လူမရှိတာပါ။ ပြီးတော့ အိမ်ကလည်း တောထဲမှာ အဆက်သွယ်မရှိဘာမရှိနဲ့ လူနေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ အဲ့ဒီအိမ်ဟာ သရဲခြောက်တယ်ဆိုပြီး ဘယ်သူမှမ၀ယ်ကျလို့ အခုလိုအိမ်ဟောင်းအိမ်စုတ်ကြီးဖြစ်သွားတာပါ”

“မဖြစ်နိုင်ပါဘူး ဆရာ သရဲကလူကို ဒီလိုကြီးကိုယ်ထိလက်ရောက်ဒုက္ခပေးနိုင်လို့လား”

မိုးတေ၏ စကားကိုစခန်းမှုးကြီးက ခေါင်းညိတ်သည်။ ထို့နောက် ဒုရဲအုပ်ကိုအချက်ပြလိုက်၏။ ဒုရဲအုပ်က ထိုင်ရာမှထသွားပြီး စာအုပ်တစ်အုပ်ကိုယူလာပေးသည်။ စခန်းမှုးကြီးက စာအုပ်ကို ဟိုလှန်သည်လှန် လှန်ကာ အထဲမှတစ်စုံတစ်ခုကို တွေ့သွားသောအခါ မိုးတေကိုပေးလိုက်သည် ။

“ခင်ဗျားတို့တွေ့ခဲ့တာ အဲ့ဒီပုံထဲကကောင်မလေး မဟုတ်လား “

“ဟင်…………..ဟာ……………..ဟုတ်ပါရဲ့……………….”

“ဟုတ်ပါတယ် ဆရာ။ သူက …….”

“သူ့နာမည်က ဆူးတဲ့သူ့ညီမလေးနာမည်က သဇင်တဲ့ သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က အဲ့ဒီအိမ်လေးထဲမှာ လုပ်ကြံခံရပြီးသေဆုံးသွားကြတာ။ အဲ့ဒီနောက်ပိုင်း အဲ့ဒီအိမ်နားမှာ သူတို့နှစ်ယောက်ကို ခဏခဏတွေ့နေရတယ်ဆိုပြီး လူတွေရှောင်လာကြတယ်။ နောက်တော့ ပြင်ဦးလွင်မှာ သရဲခြောက်တဲ့အိမ်ကြီးဆိုပြီး နာမည်ကြီးလာတယ်လေ”

“အဖြစ်အပျက်တွေက မယုံနိုင်စရာပါပဲ ဆရာရယ်။ ကျွန်တော်ဖြင့် မျက်ဝါးထင်ထင်မြင်ခဲ့တာမို့ ဘယ်လိုတွေးရမှန်းတောင်မသိတော့ဘူး။ “

“ပရလောကဘုံသားတွေဆိုတာ လူတွေကိုအမျိုးမျိုးလှည့်စားနိုင်ကျပါတယ်။ ကျွန်တော်လက်လှမ်းမီ သလောက်ပြောရရင် ဒါဟာ ခင်ဗျားတို့ကို စက္ကုအာရုံလှည်းစားတာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဇွဲခေါင်းက ဒဏ်ရာကိစ္စကတော့ ကျွန်တော်လဲ မတွေးတတ်တော့ဘူး “

ရဲစခန်းမှ ပြန်လာတော့ ဦးကိုကိုနိုင် မိုးတေ သွင်သန့် နှင့် ညီစိုးတို့မှာ ဘာပြောလို့ပြောရမှန်းမသိပဲ နှုတ်ဆိတ်လာကြသည်။ ထူးဆန်းသည့်အဖြစ်အပျက်ကြီးက လက်မခံချင်လို့မရအောင် သူတို့ကြားသို့ ၀င်ရောက်ခဲ့ပြီးဖြစ်သည်။ သူတို့ရင်ထဲတွင် သနားမိသည်က ဆူးနှင့်သဇင် ညီအမနှစ်ယောက်သာ….

သဇင်နဲ့ဆူးရေ မင်းတို့ဘ၀တွေ အမြန်ဆုံးကျွတ်လွတ်ကျပါစေ…………………..



                               
                                                  &&&&&$&&&&&


Dream Heart အဖွဲ့၏ ဖျော်ဖြေရေး အစီအစဉ်မှာ ပြီးဆုံးသွားပြီဖြစ်သဖြင့် သူတို့အားလုံး ပြင်ဦးလွင်မြို့မှ  ထွက်ခွာကျတော့မည်ဖြစ်သည်။ ဦးကိုကိုနိုင်က အစစအရာရာ လိုလေးသေးမရှိအောင် စီစဉ်ပေးထားသဖြင့် ပြန်မည့်နေ့တွင် သူတို့အားလုံးအတွက် အရာအားလုံး အဆင်သင့်ဖြစ်နေသည်။ မနက်ခင်းအစောကြီး ကားဖြင့်မန္တလေးဖက် ဆင်းမည်ဖြစ်သောကြောင့် သူတို့အားလုံး မိုးမလင်းခင်ကတည်းက ကြိုပြီးနိုးနေကြသည်။ ထုတ်စရာရှိတာ ထုတ်ပိုးစရာရှိတာပိုး သယ်စရာရှိတာသယ်ဖြင့် အချိန်အတော်လေး ၀င်သွားသည်။ နေအနည်းငယ်မြင့်သောအခါ ခရီးထွက်ဖို့အဆင်သင့်ဖြစ်သွားသည်။

ဇော်လက်ထဲရှိ တစ်ခါသုံး စက္ကူခွက်ကလေးဖြင့် ထဲ့ထားသည့် ကော်ဖီခွက်ကလေးကို ကိုင်ကာ ဇွဲကိုလိုက်ရှာနေသည်။ ဦးကိုကိုနိုင်တို့ကတော့ ခရီးထွက်ဖို့ ကားပေါ်ကိုပစ္စည်းတွေ နေရာချနေချေပြီ။ ကျန်သုံးယောက်မှာလဲ ဦးကိုကိုနိုင်နှင့်အတူ အလုပ်ရှုပ်လျှက်ရှိသည်.။ ဇွဲက အိမ်ဝရံတာပေါ်ကနေ သူတို့ကို ငေးနေမိသည်။ ထိုစဉ် အနားသို့ ဇော်ရောက်လာသည်။

“ဇွဲ ခေါင်းက ဒဏ်ရာ ဘယ်လိုနေသေးလဲ သက်သာသွားပြီလား “

“ရှိုးတောင်ဆိုခဲ့ပြီးပြီပဲ အခုဆိုပျောက်လုနီးပါးဖြစ်နေပါပြီ။”

“ရော့…………..ကော်ဖီသောက်”

ဇွဲက ဇော်ပေးသည့် ကော်ဖီခွက်ကလေးကို လှမ်းယူလိုက်ရင်း တစ်ကျိုက်မော့လိုက်၏။ ကော်ဖီပူပူလေးက ဆောင်းတွင်းမနက်ခင်းဖြင့် လိုက်ဖက်လွန်းစွာ ရင်ကိုနွေးထွေးသွားစေသည်။ ဇော်က သူကပုခုံးကိုလာဖက်ပြန်သည်။


“ဇွဲ……………..”

“ဟင်…………”

“မင်းငါ့အပေါ်ကို ဘာလို့ အရမ်းအနစ်နာခံခဲ့ရတာလဲ။ နောက်ပြီးတော့ သူများတွေထက် မင်းငါ့ကို ပိုဂရုစိုက်တာ ပိုအလေးထားတာ အဲ့ဒါဘာကြောင့်လဲဆိုတာ ငါသိချင်တယ်”

“ငါမဖြေဘူးဆိုရင်ကော “

ဇော်က ဟက်ကနဲတစ်ချက်ရယ်လိုက်သည်။ ထို့နောက် မခို့တရို့ပြုံးကာ ဇွဲ၏ပါးကိုဆွဲညှစ်ပစ်လိုက်သည်။

“မင်းမဖြေဘူးဆိုလည်းရတယ်လေ။ ငါကတော့ ငါလိုချင်သလို ဆွဲထင်ပစ်လိုက်မှာပေါ့ “

“မင်းကဘယ်လို ထင်ပစ်မှာလဲ”

“ငါမဖြေဘူးဆိုရင်ကော “

“မင်းမဖြေရင်ငါကလည်း ငါထင်ချင်သလိုဆွဲထင်ပစ်လိုက်မှာပေါ့ကွာ”

“ဟား………… ဟား……….. ဟား………… ဟား………….. ဟား……….. ဟား…………. ဟား”

နှစ်ဦးသားရယ်သံတို့သည် ပတ်ဝန်းကျင်ကို ခေတ္တမျှရိုက်ခတ်သွားသည်။ တသုန်သန်ုတိုက်ခတ်နေသော လေရူးလေးသည်လဲ ချယ်ရီပွင့်ကလေးတွေကို မွေ့ရမ်းသယ်ဆောင်သွားသည်။ ထို့တူ ကောင်းကင်ထက်မှ နေခြည်ရောင်ဖြင့်တောက်ပစွာ ကျဆင်းလာသည့် နှင်းပွင့်ကလေးတွေသည်လည်း တိတ်တိတ်လေး ခိုးရယ်ကုန်ကျသည်။ သင်ကော ????????


                                   THE END
                                              WRITTEN BY………
                                                        LOVEALONE
                                                 www.facebook.com/boylovealone
                                                   boytheboy.sept@gmail.com