This is the best gay website for Myanmar gay peoples.

Tuesday, September 11, 2012

On 9:47 AM by Unknown in
On 9:34 AM by Unknown in
On 9:14 AM by Unknown in

Thursday, September 6, 2012

On 12:01 PM by Unknown in

(ခပ်ကြမ်းကြမ်းဖတ်ချင်သူများအတွက် ခပ်ကြမ်းကြမ်းဇာတ်လမ်းတစ်ပုဒ် တင်ဆက်လိုက်ပါတယ်။ ဒါပထမ ဆုံးရေးတာမိုလို့ ကောမန့်မပေးရင် ဆက်မရေးတော့ဘူးလို့ ကြိုပြောလိုက်ပါတယ်)

ယောကျာ်းချင်းစိတ်ဝင်စားတာ ကြာပြီကြုံရင်ကြုံသလို ဆွဲဖြစ်တယ်။ မန္တလေး -ရန်ကုန်ကို အလုပ်ကိစ္စနဲ့ မကြခဏ လိုင်းကားနဲ့သွားဖြစ်တယ်။ သွားလိုက်တိုင်းလဲ ဘေးနားမှာ ခပ်မိုက်မိုက်ဘဲလေးတွေနဲ့ တွဲထိုင်ရရင် ကောင်းမှပဲလို့ အမြဲတွေးမိတယ်။ တစ်ခါတစ်လေလဲ ကံကောင်းတယ် ။ ဘော်ဒီတောင့်တောင့် ချာတိတ်ကလေးတွေနဲ့ အတူတူတွဲထိုင်ရတယ်။ ဘောင်းဘီတိုဝတ်ပြီး ခရီးသွားတာ များတာမို့ အဲ့လိုထိုင်ရတိုင်းလဲ ဘောင်းဘီတိုဝတ်ထားတဲ့ ဘေးကကောင်နဲ့ ပေါင်ချင်းပွတ်ရ တာအရသာရှိပါ့ ။ တစ်ခါတစ်ခါ ကားပေါ်မှာ အိပ်ရင်းနဲ့ မျက်နှာကိုသူ့ဖက်လှည့်ထားတုန်း ဘေးကချာတိတ်အိပ်နေရင်းနဲ့ ကိုယ့်ဖက်မျက်နှာ စောင်းကျလာလို့ ကစ်ဆင်ဆွဲသလို နှုတ်ခမ်းချင်းတေ့သလိုလဲ ဖြစ်ဖူးပါရဲ့။

         ဒါနဲ့ ကျွန်တော့်အသက်က ၂၇ ။ အလုပ်က ကားပစ္စည်းအရောင်းအဝယ်။ ဝပ်ရှော့လဲ ရှယ်ရာ ပါတယ်ပေါ့။ မတစ်ထောင်သားတွေနဲ့ အလုပ်လုပ်နေရတော့ ပါးစပ်ကတော့နည်းနည်းကြမ်းတယ်။ ဆဲဆိုနေရတယ်လေ။ တစ်နေ့တော့ မန္တလေးကနေ ရန်ကုန်ကို အီလိုက်နဲ့အပြန် ဘေးခုံမှာ လူမရှိလို့ ချောင်ချောင်စီးရမယ်ကြံတုန်း စပယ်ယာမက ဟိုးနောက်ခုံကနေ လူတစ်ယောက်နေရာလာချတယ်။ မော့ကြည့်လိုက်တော့ အတော်ဝမ်းသာသွားတယ်။  ဘော်ဒီတောင့်တောင့်ကျစ်ကျစ်နဲ့ အရပ်ခြောက်ပေလောက်ရှိတဲ့ ချာတိတ်တစ်ယောက်ဖြစ် နေတယ်လေ။

Tuesday, September 4, 2012

On 7:52 AM by Unknown in
ချယ်တို့က ဂျယ်ဆိုတော့၊ မိန်းမလျှာဆိုတော့ အဲ...အဲရိုင်းရိုင်းခေါ်ရင် အခြောက်မ၊ ဂျီမတွေဆိုတော့ ကိုယ့်စကားကိုယ် အထင်အမြင် သေးချင်ကြတယ်။ စကားပေါ့၊ စကားပို၊ စကားလျှံ ထင်ကြတယ်၊ ဖိနပ်ကြားက နတ်စကားထွက်မလားပေါ့ဒီလိုသူတို့က။   
    
  ပြောပါစေပြောပါစေထင်ပါစေ။ တနေ့တော့ ဂျီမ စေတနာကို သိလာမှာပါ။ ဘယ်သူက ဘာတွေထင်လည်း ဂရုမစိုက်သေးဘူး။ ဂျီမဘ၀ကို ပြောင်ပြောင်တင်းတင်း ခံယူလိုက်ပြီးကတည်းက ချယ် တို့ (အချစ်ဝတ္ထုတွေထဲက ခပ်တေတေ ဇာတ်လိုက်မ လေသံနဲ့ ပြောရရင်) ချယ်တို့ ဘာကိုမှဂရုမစိုက်ပြီ၊ သေမှာမကြောက်လို့ ပေတရာ လျှောက်နေတာ၊ ဘယ်အရာကို ချယ်ဂရုစိုက်ရမည်နည်း။ ချယ် ဂရုမစိုက်လိုပြီ        
ချယ် သိပ်နားလည်သည်ပေါ့။ လေးငါးတန်းမျှသာတတ်တဲ့ ပညာမဲ့မှ မဟုတ်ဘဲ။ ဘွဲ့ရ ပညာတတ်တယောက်အနေနဲ့ သိပ်နားလည်သည်ပေါ့။
   
     ဒီဘ၀ ဂျီမဖြစ်ရတာဟာ ဟိုအရင်ဘ၀က သူများသားမယားကို စော်ကားပစ်မှားခဲ့လို့ဆိုတဲ့ ဗုဒ္ဓတရားတော်အလိုအရလည်း ချယ်သိတယ်။ သိပ္ပံနည်းကျကျ လေ့လာပြီး စိတ်ပညာရှင်တွေက ပြောတဲ့ (Homo Dysfunction) ဟိုမုန်း ပြောင်းလဲတဲ့ ရောဂါ၊ ဟိုမုန်း ကမောက်ကမ ဖြစ်တဲ့ရောဂါဆိုတာကိုလည်း ချယ် သိတယ်။        
ရောဂါပဲဖြစ်ဖြစ်၊ ၀ဋ်ခံရတာပဲဖြစ်ဖြစ် ဂျီမဘ၀ဟာ မကောင်းဘူးဆိုတာလည်း ချယ်သိတာပါပဲ။ ကိုယ့်ကိုမြင်သူတိုင်းက ရယ်စရာ သတ္တ၀ါတယောက်လို သဘောထားကြတယ်။ တချို့ကလည်း ရွံစရာ သတ္တ၀ါတယောက်လို ကြည့်ကြတယ်။ ကိုယ်ပြောတဲ့စကားကို ဘယ်သူမှ မလေးစား ချင်ဘူး။ အထင်သေးကြတယ်။ ယောက်ျားတန်မဲ့နဲ့ ရေသာခိုအချောင်လိုက်နေကြတယ်လို့ ထင်ကြတယ်။ ခုဆို ပိုဆိုးသေး၊ ဘတ်စ်ကားပေါ်မှာ ချယ်တို့နဲ့ လူတွေက တွဲမထိုင်ချင်ကြတော့ဘူး။ အေအိုင်ဒီအက်စ် ရောဂါပိုး ဖြန့်ဝေသူလို့ ထင်ကြပြန်တယ်။ ကဲစဉ်းစားဂျီမ၊ အခြောက်မ ဖြစ်ရတဲ့ဘ၀ ဘယ်မှာကောင်းလို့လဲ။ ဘယ်သူဖြစ်ချင် မလဲ။ တကယ်ပါ ချယ်လည်း ဖြစ်ချင်ပါ့မလား၊ ချယ်မဖြစ်လိုပါ ။ ချယ် မဖြစ်လိုတာ သေချာပါသည်ကွယ်        

ချယ် ရောဂါစတာ ငါးနှစ်သမီး။ အဲငါးနှစ်သားလောက်ကပေါ့။ ချယ့်ဒက်ဒီက အစိုးရအရာရှိတယောက်၊ မာမီက ဟိုစပ်စပ် ဒီစပ်စပ် ပွဲစားမပေါ့။ ချယ်က အကြီးဆုံးသား သြရဿ၊ သားကြီး သြရဿအခြောက်ဖြစ်တာလေ ကောင်းကြရော။ ချယ်တို့အိမ်က ဂျယ်လီဂျယ်လီနဲ့ ချစ်စနိုးခေါ်ကြတယ်လေ။ ယောက်ျားနာမည် မှည့်ထားတာက တော့ အောင်ပြည်စိုးတဲ့။ ထားလိုက်ပါတော့ ဒါက တကပ်။ ရုပ်ရှင်စကားနဲ့ ပြောတာလေကပ် ချိန်းလိုက်ဦးမယ်။        
အဲငါးနှစ်သားလောက်မှာ ချယ်ဆိုတဲ့ ဂျီမပေါက်စလေးက၊ မာမီ့မိတ်ကပ်တွေ၊ နှုပ်ခမ်းနီတွေ ယူလိမ်း၊ ယူဆိုး၊ ပြီးတော့ မာမီ့ထမီကြီး ၀တ်ပြီး တိုက်ခန်းဝရန်တာမှာ ဆယ့်နှစ်ရာသီ ကနေတာပဲ။ ကိုယ့်ဖာသာကိုယ် ဘာဖြစ်မှန်းလည်းဘယ်သိမလဲ။ အဲဒါ လမ်းပေါ်က ရှောက်သီးဆေးပြားရောင်းတဲ့ အချောက်မကြီးတွေက မြင်တော့ သမီးလေးသမီးလေး…’ နဲ့ လှမ်းလှမ်းခေါ်ကြတယ်။ ဇာတ်သွင်းတာလေ၊ အချောက်မကြီးတွေလုပ်ပုံ လုပ်စရာလား        
ချယ်ကတော့ အဲလိုခေါ်ရင် ရှက်ရှက်ပြီး အိမ်ထဲဝင်ပြေးတာပဲ။ ချယ် အဲလို ကကနေတာကို အစကတော့ ဒယ်ဒီရော၊မာမီရော ကလေးပဲဆိုပြီး ကြည့်နေသေးတယ်။ ဆယ်နှစ်သားကျော်လာတော့ ဒယ်ဒီတို့ မာမီတို့ လန့်လာပြီ ဘောင်းဘီရှည်မချွတ်တမ်းဝတ်ပြီး ဖင်လေးလိမ်ကျစ်လိမ်ကျစ်နဲ့ ဂျယ်လီကလေ၊ ဂျယ်လီကလေနဲ့ပြောရာကနေ ချယ်ကချယ်ကနဲ့ဖြစ်လာပြီလေ။ ကျောင်းစာအုပ်အဖုံးမှာလည်း ပန်းချယ်ရီမမတဲ့ နာမည်တွေပြောင်းလို့...။ အဲတင် ဒယ်ဒီက အိမ်ရှေ့ဝရန်တာမှာ ကြိုးနဲ့တုတ်တော့တာပဲ။ ပြီးတော့ ကြိမ်လုံးနဲ့ ဟေ့ကောင်မင်းမိန်းမ လား၊ ယောက်ျား လားပြောစမ်းဆိုပြီး ရွှမ်းဆိုတချက်ချ။ ချယ်က ကျောလေးကော့ပြီး အမယ်လေးမိန်းမပါဒယ်ဒီရဲ့...ဆိုပြီး အော်တာပဲ။    
    

Saturday, September 1, 2012

On 10:23 PM by Unknown in




English        -      Gay
Myanmar     -      လိင်တူချင်းဆက်ဆံသော။ ပူပန်မှုကင်းသော ။ပေါ့ဆသော။ နမော်နမဲ့နိုင်သော   ပျော်ရွှင်သော။မြူးကြွသော။
                               n လိင်တူချင်းဆက်ဆံသူ။


ကျွန်တော်သည် အမှန်စင်စစ်အားဖြင့် ဂေး တစ်ယောက် ဖြစ်ပါ၏။ မိမိကိုယ်ကိုမညာတမ်းဝန်ခံရလျှင် ကျွန်တော်ဂေးဖြစ်ရသည့် အတွက် အနည်းငယ်သိမ်ငယ် သလိုခံစားမိသည်။ ကျွန်တော်တွေ့ကြုံလာရသည့် အတွေ့အကြုံကပေးသည့် ခံစားမှုတစ်ချို့က ကျွန်တော့်ကို သည်လိုသိမ်ငယ်စေဖို့ အများဆုံးတွန်းအားပေးခဲ့သည်ဆိုလျှင် မမှားပါ။

       ဂေးဖြစ်ခြင်းက သာမန်ယောကျာ်းတစ်ဦးထက် နိမ့်ကျသည်လား။ သို့မဟုတ် ကျွန်တော်တို့သည့် အပြစ်တစ်ခုကို ကျူးလွန်မိသည့် အပြစ်ရှိသူတွေလား ဟုကျွန်တော်စဉ်းစားမိသည်။ တကယ်ဆိုလျှင် ကျွန်တော်လက်ခံထားသည့် ကျွန်တော်၏ဂေးဘဝကြီးကို တစ်ချိန်က မုန်းတီးဆက်ဆုပ်ရွံရှာခဲ့ဖူးပါသည်။
ကျွန်တော့်ရဲ့ဘ၀အစက……….

ကျွန်တော့်ကို ကရင်ပြည်နယ် ဘားအံမြို့ စစ်ဆေးရုံကြီးမှာမွေးဖွားခဲ့ပါသည်။ ကျွန်တော့်အဖေသည် တပ်မတော်မှစစ်သားတစ်ဦးဖြစ်သောကြောင့် ကျွန်တော့်အား စစ်ဆေးရုံကြီးတွင် မွေးခြင်းဖြစ်သည်။ မွေးကင်းစကလေးငယ်လေးဖြစ်သည့် ကျွန်တော်သည် လူ့လောကကြီးကို စတင်ရောက်လာသည့် အချိန်မှာပဲ ကံဆိုးမှုတစ်ခုက ကျွန်တော်နှင့်ယှဉ်ပါလာခဲ့သည်။ သူနာပြုဆရာမများ၏ နမော်နမဲ့ နိုင်မှု ဂရုမစိုက်မှုကြောင့် မွေးဖွားသည့်ကာလအချိန်တွင် ကျွန်တော်၏ ဝှေးစေ့ တစ်လုံးမှာ သူငယ်အိမ်မှ အထက်သို့တက်သွားပါသည်။ အသားအရည်နုလွန်းသည် မွေးကင်းစကလေးဖြစ်သည့် ကျွန်တော်သည် မွေးဖွားသည့်အချိန်တွင် ထိုကဲ့သို့သော ကြီးမားသည့် လွဲချော်မှုကြီးနှင့် စတင်ရင်ဆိုင်ခဲ့ ကြသည်။


On 2:29 AM by Unknown in








ထိုမိန်းကလေး အခန်းထဲမှထွက်သွားသော် ညီစိုး အနားရှိခေါင်းအုံးဖြင့် သွင်သန့်ကို ပေါက်ထဲ့လိုက်သည်။

“ဘာလဲကွာ ညီစိုးရာ”

“ဘာဘာလဲလဲ အခုမင်းလုပ်ပုံ ကောင်းသေးရဲ့လား။ မိန်းမမြင်ရင် ငမ်းငမ်းတက်ဖြစ်နေတဲ့ကောင် ပြန်မှမင်းကို ဦးနိုင်နဲ့တိုင်မယ်။ “

“တိုင်ပေါ့ကွာ။ ညီစိုး အခုလိုဖြစ်တာ မင်းကြောင့်နော်။ မင်းညကြီးမင်းကြီးဘောလုံးထကန်ချင်လို့ အခုလိုမဖြစ်သင့်တာတွေ ဖြစ်ကုန်တာ။ ဘာပဲပြောပြောငါကတော့ ဒဏ်ရာသက်သာမှ ဒီကပြန်မယ်။ ကောင်မလေးက ချောတယ်ကွ။ ချောလိုက်တာမှ ရွှေရုပ်ကလေးကို ရွှေမှုန်လေးတွေ ကပ်ထားတဲ့အတိုင်းပဲ။ “

“အေး။ ငါတော့ အဲ့မိန်းမ မျက်လုံးတွေကို သိပ်မယုံချင်ဘူး။ သူ့မျက်လုံးတွေထဲမှာ မရိုးသားတဲ့အရိပ် အယောင်တွေပါနေတယ်။ မင်းကတော့ မွှန်နေတာဆိုတော့ မြင်မဲ့ကောင်မဟုတ်ပါဘူး။”


သူတို့နှစ်ယောက် အခြေအတင်စကားပြောနေခိုက် အခန်းတံခါးလေးပြန်ပွင့်လာသည်။ ထို့နောက် ကောင်မလေးက လက်ထဲတွင် ဆန်ပြုတ်လင်ဗန်းနှင့်အတူ စားစရာအချို့ကိုကိုင်ဆောင်ကာ အခန်းထဲသို့ဝင်လာသည်။ ဆန်ပြုတ်ပြုတ်တာကလဲ မြန်လိုက်တဲ့ဖြစ်ချင်း။ ညီစိုး မကျေမနပ်စိတ်ထဲမှာ ရေရွတ်လိုက်သည်။

ကောင်မလေးက အခန်းထဲသို့ ရောက်သောအခါ ညီစိုးနားသို့ ဆန်ပြုတ်တစ်ပန်းကန်လာချပေးသွားပြီး ကျန်သည့် စားစရာများနှင့် ဆန်ပြုတ်တစ်ပန်းကန်ကိုတော့ သွင်သန့်အနားသို့သွားချပေးသည်။ ထို့နောက် ညီစိုးဖက်သို့ လှည့်လာသည်။

“ရှင်ကတော့ ခြေထောက်ပဲဖြစ်ထားတာဆိုတော့ လက်ကအကောင်းကြီးရှိသေးတယ် အဲ့ဒီတော့ ဆန်ပြုတ်ကို ကိုယ့်ဖာသာကိုပဲသောက်လိုက်တော့။ ရှင့်သူငယ်ချင်းကတော့ လက်မှာ ပတ်တီးကြီးနဲ့ဆိုတော့ ကျွန်မခွံ့ကျွေးမှရမယ်”

“ရပါတယ်။ ကျွန်တော့်လက်အကောင်းကြီးပါပဲ မိမွေးတိုင်းဖမွေးတိုင်းပဲရှိပါသေးတယ်။ ကိုယ့်ဖာသာကိုပဲ စားလိုက်ပါ့မယ်ခင်ဗျား”


ထိုကောင်မလေးက သူ့ကိုအကြည့်တစ်ခုဖြင့်ကြည့်သည့် ။ဘာကြောင့်မှန်းမသိ ညီစိုးထိုမိန်းကလေး၏ အကြည့်ကြောင့် စိတ်ထဲလိပ်ပြာမလုံသလိုဖြစ်သွားသည်။ သည်မိန်းကလေးမှာ သူမမြင်နိုင်သည့် မှော်စွမ်းအားတွေများရှိနေသည်လား။ ဘုရားဘုရား သည်မိန်းကလေးက သူ့စိတ်ထဲကိုများဖောက်ထွင်းသိနေသည်လား မသိပါ။ သူတွေးရင်း ကျောချမ်းသလိုဖြစ်လာပြီး လန့်လာသည်။ ညီစိုးထိုမိန်းကလေးကို မကြည့်တော့ပဲ အစားကိုသာ ငုံ့စားနေရသည်။ စိတ်ထဲတွင်တော့ မတင်မကျကြီးနှင့် သိပ်ပြီးတော့တော့ မကျေနပ်ပါ။  သွင်သန့်ကတော့ ထိုကောင်မလေး ခွံ့ကျွေးသည့် ဆန်ပြုတ်ကို ဖွန်ကြောင်ရင်းစားနေသည်။