Showing posts with label gay life. Show all posts
Showing posts with label gay life. Show all posts
Monday, May 25, 2015
On 5:53 PM by Unknown in gay life 4 comments
ဂေးဘ၀ဖြင့် အိမ်ထောင်မှုတစ်ခုကိုကောင်းစွာ
တည်ထောင်နိုင်မည်လော?
ဂေးဘ၀ဖြင့် အိမ်ထောင်ဦးစီးတစ်ယောက်ပီသစွာ
ကောင်းစွာကျင့်ကြံနိုင်မည်လော?
ဂေးဘ၀ဖြင့် မိမိဇနီးမယားနဲ့သားသမီးအပေါ်
ကောင်းစွာစောင့်ရှောက်နိုင်မည်လော?
သိပ်မကြာသေးခင်က
ကျွန်တော့်ကိုလူတစ်ယောက်က ဆက်သွယ်လာသည်။ ၄င်းသည်ဂေးတစ်ယောက်ဖြစ် ကြောင်းနှင့်၎င်းတွင်
တရားဝင်လက်ထပ်ထားသောဇနီးနှင့်သမီးလေးတစ်ယောက်ရှိကြောင်းပြောသည်။ ထိုသူသည် ကျွန်တော့်အား၎င်းဘ၀ကို
ပွင့်ပွင့်လင်းလင်းပြောပြပြီး ကျွန်တော်နှင့်တိတ်တိတ်ပုန်း ချစ်သူဖြစ်လို သေးကြောင်းကိုလည်းပြောပါသည်။
ထိုကိစ္စများကို ယခင်ကကျွန်တော်ရေးခဲ့ဖူးပါသည်။ လိင်တူချစ်သူဆက်ဆံ ရေးနှင့်အဓိကပြဿနာများ
ဟူသောဆောင်းပါးတွင်းလည်းကောင်း ဂေးတစ်ယောက်ဖြစ်ကြောင်းမိဘကို ဖွင့်ပြောတော့မည်ဆိုလျင်
ဟူသောဆောင်းပါးတွင်းလည်းကောင်း ဂေးဘ၀နှင့်သက်ဆိုင်သော ပြဿနာအချို့ ကိုကျွန်တော်ဥာဏ်မှီသလောက်တင်ပြခဲ့ဖူးပါ၏။
ယခုအခါထိုပြဿနာအချို့ထဲမှ တစ်စိတ်တစ်ဒေသသည် ကျွန်တော့်ထံသို့တိုက်ရိုက်ဆက်နွယ်လာပါ၏။
ကျွန်တော်လည်းယခုချိန်ထိ
အိမ်ထောင်ပြုရမလားမပြုရဘူးလားဆိုတာကို မိမိကိုယ်ကိုဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိ သေးပါ။
အဘယ်ကြောင့်ဆိုသော် မိန်းကလေးများကိုမချစ်တတ်သောမိမိ၏ဂေးစိတ်နှင့် ထိုဂေးစိတ်ကို ထိန်း
သိမ်းနိုင်စွမ်းကင်းမဲ့သွားသည့်အခါ ဖြစ်ပေါ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးတွေကို တွေးကြောက်ပြီး
ရေရေရာရာ ဆုံးဖြတ်ဖို့မရဲခဲ့ပါ။ ကျွန်တော့်ထံဆက်သွယ်လာသော ထိုလူကိုပြတ်ပြတ်သားသားငြင်းပယ်ပြီး
ကျွန်တော်အဆက်အသွယ်ဖြတ်လိုက်ပါသည်။
လိင်တူချင်းလက်ထပ်ဖို့အခွင့်အရေးနှင့်အခြေအနေမပေးသေးသည့်
ကျွန်တော်တို့မြန်မာနိုင်ငံတွင် ယခုကဲ့သို့ တိတ်တိတ်ပုန်းလိင်တူချစ်သူများ ရေတွက်မရအောင်ရှိနေမည်။
ထိုလိင်တူချစ်သူများမှ မိဘနှင့်ပတ်ဝန်းကျင်၏ ဖိအားအပြင် မိမိ၏စိုးရိမ်စိတ်အချို့ကြောင့်
မိမိအမှန်တကယ်နှစ်သက်ခြင်းမရှိသော အမျိုးသမီများနှင့် အိမ်ထောင်ကျခဲ့ပါက ၄င်းတို့၏ဘ၀သည်
ပျံချင်လျက်နှင့်အချုပ်ခံထားရသော ငှက်တစ်ကောင်လို မွန်းကြပ်နေပေလိမ့်မည်။ ယခုပြဿနာများကို
ကျွန်တော်တို့ကိုယ်တိုင်က ဦးဆောင်အဖြေရှာပြီး မဆွေးနွေးပါက မည်သူကမျှ အရေးတယူပြုပြီး
ဖြေရှင်းပေးကြမည်မဟုတ်ပါ။ အခွင့်အရေးကိုလိုချင်ပါက အခွင့်အရေးကိုရအောင်ယူတတ်ရမည်ဖြစ်သည်။
ထို့အပြင် ပြဿနာတစ်ခုဖြစ်ပြီဆိုလျင်လည်း အဆိုပါ ပြဿနာ၏ဇစ်မြစ်ကိုရှာပြီး ဖြေရှင်းဖို့မကြိုးစားပဲ
တစ်စုံတစ်ခုကို အပြစ်တင်ဖို့ကြိုးစားနေမည်ဆိုပါက ထိုပြဿနာသည် ပြေလည်သွားနိုင်မည်မဟုတ်ပါ။
ယခုကျွန်တော်တို့၏ပြဿနာမှာအိမ်ထောင်ပြုရေးမပြုရေးဖြစ်သည်။
ဂေးတစ်ယောက်သည်အိမ်ထောင်ပြုသင့် ပါသလား။ ဂေးဘ၀ဖြင့် အိမ်ထောင်မှုတစ်ခုကိုကောင်းစွာတည်ထောင်နိုင်ပါမည်လော?ဂေးဘ၀ဖြင့်
အိမ်ထောင် ဦးစီးတစ်ယောက်ပီသစွာ ကောင်းစွာကျင့်ကြံနိုင်မည်လော?ဂေးဘ၀ဖြင့် မိမိဇနီးမယားနဲ့သားသမီးအပေါ်
ကောင်းစွာစောင့်ရှောက်နိုင်မည်လော? ဂေးတစ်ယောက်အိမ်ထောင်ပြုသင့်မပြုသင့်ဟူသော
မေးခွန်းပေါ်တွင် မူတည်ပြီး ပြဿနာပေါင်းများစွာရှိပါသည်။ အဆိုပါမေးခွန်းကိုကောင်းစွာဖြေနိုင်ရန်
၎င်းပြဿနာများကိုလည်း ဖြေရှင်းနိုင်ဖို့လိုအပ်သည်။
ကျွန်တော်ယခင်ကပြောခဲ့ဖူးသည်။
ဂေးတို့၏ Relationship သည်ရေရှည်တည်တံ့နိုင်မှုနည်းပါးသည်။ ဂေးစုံတွဲ တို့တွင် ကိုယ်ဝန်ရှိခြင်းပြဿနာကင်းမဲ့ခြင်း
လူသိရှင်ကြားလက်ထပ်ပြီး လုံခြုံသည့်တရားဥပဒေအကာအကွယ် ရယူရန်ခက်ခဲခြင်းနှင့် ကံဃာကံရှင်နှစ်ဦးစလုံးမှာအမျိုးသားများဖြစ်သောကြောင့်
အချိန်မရွေးဖောက်ပြန်ရန် လွယ်ကူခြင်း စသည့်အချက်အလက်များကြောင့် ဂေးတို့၏ဆက်ဆံရေးသည်
ခိုင်မာမှုနည်းပါးသည်။ လုံးဝမခိုင်မာဟု မဆိုလိုပါ သို့သော် ကျွန်တော်တို့မျက်စိရှေ့တွင်
သွားနေသောလမ်းစဉ်များမှာ ယခုကျွန်တော် ပြောခဲ့သည့်အတိုင်းသာဖြစ်ပါသည်။
အကယ်၍ဂေးတစ်ယောက်အနေဖြင့်
လုံးဝမုချအိမ်ထောင်ပြုမည်ဟုဆုံးဖြတ်ထားပါက ယခုအချက်အလက်များ ကိုလည်းစဉ်းစားသင့်သည်ဟုထင်သည်။
ဂေးတစ်ယောက် အပုန်းဘ၀ဖြင့် မိမိဇနီးကို ယောကျာ်းစစ်ချင်ယောင် ဆောင်ကာ လိမ်ညာလက်ထပ်ရမည်ဖြစ်သောကြောင့်
လိပ်ပြာလုံနိုင်ဖို့ကြိုးစားရမည်။ မိမိ၏ဇနီးမယား အပေါ် စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့်အကြင်နာတရား
ပေးနိုင်ရမည်။ မိမိဇနီးနှင့်မိသားစုအပေါ် တာဝန်ကျေပွန်သော ဖခင်ကောင်းတစ်ယောက်ဖြစ်အောင်
ကြိုးစားနိုင်ရမည်။ မိမိ၏မိသားစုနှင့် မိမိ၏ဂုဏ်သိက္ခာကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့်
ဆိတ်ကွယ်ရာတွင် ဖြစ်စေ ရှေ့တွင်ဖြစ်စေ ဖြစ်ပေါ်လာသော ဂေးစိတ် များကိုချေဖြတ်နိုင်ရမည်။
ထို့အပြင် အခြားအရှက်ရစေမည့် ဒိတ်တင်လုပ်ခြင်း မိမိနှင့်နီးစပ်ရာယောကျာ်းငယ် များအပေါ်
စိတ်တိမ်းညွှတ်ခြင်း ယောကျာ်းအချင်းချင်းလိင်ဆက်ဆံလိုစိတ်ဖြစ်ခြင်းများကို ထိန်းသိမ်းထားနိုင်ဖို့
လိုအပ်သည်။
ကျွန်တော်ပြောခဲ့တာတွေဟာ
အကြမ်းဖျင်းအားဖြင့်တင်ပြထားခြင်းသာဖြစ်ပါသည်။ တကယ်တော့ ပြဿနာ မူရင်းမှာ ကျွန်တော်ပြောခဲ့သလောက်ကချင်မှကပါလိမ့်မည်။
ဒီတော့ မေးစရာရှိလာသည်။ ကျွန်တော်ပြောခဲ့သ လိုပဲဂေးတစ်ယောက်ဟာ အိမ်ထောင်ပြုတော့မယ်ဆိုရင်
အဲ့ဒီစည်းကမ်းတွေကို အချက်အလက်တွေကို လိုက်နာနိုင်ပါ့မည်လော။ နှမချင်းအမချင်းစာနာသောစိတ်ဖြင့်တွေးကြည့်မည်ဆိုလျှင် မိန်းကလေးတစ်ယောက် အတွက် အိမ်ထောင်ပြုခြင်းသည် ၄င်းဘ၀တစ်ခုလုံးကို
မိမိအားကိုးရသောသူထံသို့ ပုံအပ်ခြင်းသာဖြစ်ပါသည်။ ၄င်းသည် ၄င်းဘ၀သာယာဖြောင့်ဖြူးလုံခြုံစေဖို့
၎င်းအတွက်အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းစေဖို့ ၄င်းအတွက် တစ်သက်စာစစ်မှန်သော ကြင်နာသူအဖြစ်နှင့်
အမျိုးသားဖြစ်သူကိုလက်ထပ်ယူခြင်းသာဖြစ်သည်။ မိန်းကလေးတစ်ယောက်၏ ယုံကြည်ကိုးစားမှု ၄င်း၏ချစ်ခြင်းမေတ္တာနှင့်
၎င်းအပေါ်တာဝန်ယူလိုစိတ်တို့ ကို ကျွန်တော်တို့ထံတွင် အမှန်တကယ်မရှိပါပဲ ကျွန်တော်တို့သည်
မိန်းကလေးတွေကို ဟန်ဆောင်ဖုံးကွယ်ပြီး လက်ထပ်သင့်ပါသလား။
ဒီကိစ္စကိုစဉ်းစားမိတိုင်း
ကျွန်တော်တော်တော်ဦးနှောက်ခြောက်မိပါသည်။ ဂေးတစ်ယောက်ဟာ အိမ်ထောင်မပြု တော့ဘူးဆိုပါကလည်း
အောက်ပါစိုးရိမ်စရာကိစ္စတွေဖြစ်လာနိုင်ပါသေးသည်။ အိမ်ထောင်မပြုခြင်းကြောင့် ရေရာသေချာသော
ဘ၀လက်တွဲဖော်မရှိခြင်း၊ အသက်အရွယ်ကြီးရင့်လာသည့်အခါ ပြုစုစောင့်ရှောက်မည့် သားထောက်သမီးခံမရှိမှာကို
စိုးရိမ်မိခြင်း၊ မိမိဘ၀သည်အပုန်းဘ၀ဖြင့် လူသိမခံဝံ့ပဲအထီးကျန်ခြောက်ကပ် နေမှာစိုးရိမ်မိခြင်း၊
လူပျိုကြီးဘ၀ဖြင့်ဟန်ဆောင်ထားမိသောကြောင့် မွန်းကြပ်သည့်စိတ်ခံစားမှု စိတ်ဖိစီးမှုများ
ဖြစ်ခြင်း၊ ယောကျာ်းအချင်းချင်းအသက်ကြီးသည်အထိ အတူနေထိုင်နေပါက ပတ်ဝန်ကျင်မှ ကဲ့ရဲ့မည့်ဒဏ်များ
ကိုစိုးရိမ်မိခြင်း အစသည့်ဆိုးကျိုးများဖြစ်ပေါ်နိုင်သည်။
အခြားသူများကို
ဥပမာပေးပြီးမပြောလိုပါ။ ကျွန်တော့်အသက်အခု ၂၃ပြည့်ပါတော့မည်။ အသက်၁၇နှစ်မှ စတင်ပြီးမိမိကိုယ်ကို
ဂေးဟုခံယူခဲ့မိသည့်အချိန်မှစပြီး ယခုအချိန်အထိ ကျွန်တော်ဖြတ်သန်းခဲ့သော ဂေးသက်တမ်းအရအတွေ့အကြုံများစွာရမိသည်။
သို့သော်ယခုချိန်မှာတော့ ကျွန်တော်သည် ထိုအရာများကို တဖြည်းဖြည်းကြောက်ရွံ့နေမိပါသည်။
ကျွန်တော်အထက်မှာရေးသားခဲ့သလိုပဲ ကျွန်တော့်ထံတွင်လည်း ထိုကဲ့သို့ အတွေးပေါင်းများစွာရှိနေပါသည်။
ဆုံးဖြတ်ချက်ကိုချဖို့ လုံးဝမခိုင်မာသေးသည့်အပြင် မိမိဘ၀ကို လည်းမည်သို့ရှေ့ဆက်ရမည်မသိသေးပါ။
ကျွန်တော်အထီးကျန်မှာကြောက်မိပါသည်။ မိမိအသက်ကြီးသည့် အခါပြုစုစောင့်ရှောက်မည့်သူ အဖော်ပြုပေးမည့်သူမရှိမှာကိုလည်းစိုးရိမ်မိသည်။
ထို့အပြင် မိမိမချစ်မနှစ်သက် သောအမျိုးသမီးများနှင့်လည်း လက်ထပ်ရမှာကိုမလိုလားပါ။
ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း
သူငယ်ချင်းမိတ်ဆွေနှင့် မိသားစုဝင်များမှ ကျွန်တော့်အား ချစ်သူရည်စား ကောင်မလေးရှိနေပြီလားဟုမေးသည့်အခါတိုင်းတွင်
လည်းပြန်ဖြေစရာစကားလုံးတို့ ကျွန်တော်ရှာမတွေ့ခဲ့ပါ။ မိမိကြောင့်သူတစ်ဖက်သားကို ဆင်းရဲဒုက္ခမရောက်စေချင်သလို
မိမိဘ၀ကောင်းစားဖို့အတွက်လည်း သူတစ်ပါး ၏ဘ၀ဟန်ဆောင်ဖုံးကွယ်ပြီး မသိမ်းပိုက်လိုပါ။
သည်တော့ ကျွန်တော်တို့တွေဘာဆက်လုပ်ကြမှာလဲ????
မိန်းမတစ်ယောက်နဲ့လက်ထပ်ကြမှာလား
လက်မထပ်ကြဘူးလား????
ယောကျာ်းတစ်ယောက်နှင့်လက်ထပ်ကြမှာလား
လက်မထပ်ကြဘူးလား????
Lovealone
25 May 2015
Monday, January 12, 2015
On 7:34 PM by Unknown in gay life 11 comments
တကယ်ဆိုကိုယ်တွေကလည်း ယောကျာ်းတွေပါပဲ။ ယောကျာ်းတစ်ယောက်လိုပဲ ဖခင်စိတ်လဲရှိတယ်။ ကလေးသူငယ်တွေကိုလဲ ချစ်တတ်တယ်။ လောကကြီးရဲ့ ထုံးတန်းစဉ်လာ အယူဝါဒတွေအားလုံးကိုလဲလက်ခံတယ်။ ခက်နေတာက ကိုယ့်စိတ် အဲ့ဒီစိတ်ဆိုတဲ့အရာကို ဘယ်သူမှထိန်းချုပ်လို့မရတာကိုတော့ ၀န်ခံစေချင်တယ်။ လူတိုင်းဟာ သာမာရိုးကျတဲ့ နည်းလမ်းနဲ့ပဲဘ၀ကိုရင်ဆိုင်ချင်တာပေါ့။ ဘယ်သူကမှ ဖြစ်ပါစေတော့ ဖြစ်စေတော့ဆိုပြီး တမင်ရည်ရွယ်လုပ်ဆောင်တာမျိုး ရှိပါ့မလဲ။ ဒါပေမယ့် အဲ့ဒီစိတ်ဆိုတဲ့အရာကို ပြောင်းလဲလို့မရတော့တဲ့အချိန်မှာတော့ လူတွေဟာ သဘာဝမကျတဲ့ နည်းလမ်းတွေနဲ့ အသက်ရှင်ဖို့ အကြောင်းတွေဖန်လာကြတယ်။
အပေါင်းအသင်းတွေကြား အထူးသဖြင့် Straight သူငယ်ချင်းတွေကြားမှာဆိုရင် ချစ်သူရည်းစားအကြောင်းပြောပြီဆိုရင် ကိုယ်တွေကအလိုလိုနေရင်း အပုန်းထဲကဇာတ်လမ်းတွေကို Straight ဇာတ်လမ်းဆင်ပြီးခပ်တည်တည်နဲ့ ရွှီးရတာများတယ်။ ဟုတ်တယ်လေ ကျွန်တော်ကတော့ အပုန်းပါ မိန်းကလေးတွေကို မကြိုက်ပါဘူးဆိုပြီးပြောချလိုက်ရင် မင်းဘ၀ဘာဖြစ်သွားမယ်ထင်သလဲ စဉ်းစားကြည့်။ ကြက်သီးထဖို့တောင်ကောင်းတယ်။ အသက်ငယ်သေးရင်တော့ တစ်မျိုးပေါ့ ဒါပေမယ့် အသက်၂၀ကျော်လာပြီဆိုရင်တော့ လိမ်ရတာ ခက်သွားပြီ။ အချိန်တန်အရွယ်ရောက်နေပြီမို့ ချစ်သူရည်းစားမထားပါဘူးလို့ပြောရင် ယုံချင်မှယုံကြလိမ့်မယ် အခန့်မသင့်ရင် ကိုယ့်ကို မူမမှန်တဲ့လူလို့မြင်သွားကြလိမ့်မယ်။
တခါတလေကျတော့လည်းကိုယ့်ကိုကိုယ်ပြန်မေးမိသားရယ်။ ဘာကြောင့်များ ဒီလိုစိတ်တွေဝင်နေရတာလဲဆိုပြီးတော့ပေါ့။ စဉ်းစားလို့ရှိရင် ဦးနှောက်တွေခြောက်ပြီး ခေါင်းတွေကိုက်လာတယ်။ မျက်စိရှေ့မှာ မြင်နေတွေ့နေရတာတွေကလည်း စိတ်ချမ်းသာစရာတစ်ခုမှကိုမရှိတာ။ ဟိုမိုတွေရည်စားဖြစ်ပြီဆိုရင် ဘယ်နေ့ကွဲမလဲဆိုတာကိုပဲ စောင့်နေရသလိုလို။ ချစ်လျှက်နဲ့ကွဲမလား သစ္စာဖောက်လို့ပဲကွဲကြမလား တစ်ခုခုပဲ။
သူများအတွဲတွေမြင်ရင်လဲ စိတ်ထဲမှာ အားကျသလိုလိုတော့ရှိသား။ ကိုယ့်ကောင်မလေးနဲ့ကိုယ် လူရှေ့သူရှေ့မှာ ပေါ်ပေါ်တင်တင်တွဲလို့ရတာပေါ့။ ခိုးကြောင်ခိုးဝှက်လုပ်နေစရာလဲမလိုဘူး လက်တွဲချင်ရင်လဲ ပေါ်တင်တွဲ။ ပြီးရင်မိသားဖသားပီပီတောင်ရမ်းလက်ထပ် ဘ၀တစ်ခုကိုအတူတူရင်ဆိုင်ဖြတ်သန်း သာယာတဲ့ မိသားစုဘ၀လေးတစ်ကိုတည်ဆောက်.......... အင်း မဖြစ်သေးပါဘူးလေ အဲ့ဒီမိန်းမဆိုတဲ့ သတ္တ၀ါတွေကိုတွေ့လိုက်ရင် ရင်ထဲမှာ ဘယ်လိုမှ ခံစားလို့ကိုမရတာခက်တယ်။ ဖင်မနိုင်ပဲ ပဲကြီးဟင်စားမိသလိုမျိုးဖြစ်မှာလဲစိုးတယ်။
ခက်တော့ခက်နေပြီ ဆိုသလိုပေါ့ ဟုတ်ပါတယ် တော်တော်လေးကို ခက်နေတာပါ။ ကိုယ်ရင်ဆိုင်ရမယ့် အရာတွေထဲမှာ မိဘ၊ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း၊အပေါင်းအသင်း၊ အဲ့ဒါတွေက အဓိကပဲ။ လိမ်ထားမယ်ဆိုရင်လဲ အချိန်ကာလ အတိုင်းအတာတစ်ခုထိပဲရမယ်။ ဘယ်လောက်များ လိမ်ထားနိုင်မှာ မိုလို့လဲ။ ကိုယ်ဖက်ကရော ဘယ်လောက်များ ပိပိရိရိဟန်ဆောင်ထားနိုင်မှာလဲ။ တွေးကြည့်ရင် ရင်ဘတ်ကို ခဲဆွဲထားသလိုပဲ လေးလေးပင်ပင်ကြီးပါ။
သူများတွေလို ပွင့်လိုက်ဖို့ကလဲ မ၀င့်ရဲဘူးလေ။ ကိုယ်တွေက တစ်သက်လုံးက ယောကျာ်းလေးလိုနေလာတာ ယောကျာ်းအချင်းချင်း ကြိုက်တဲ့စိတ်ကလွဲရင် မိန်းမဖြစ်ချင်နေတာလဲမဟုတ်ဆိုတော့ ခက်တော့ခက်သားပေါ့။ ဒီကြားထဲ အရှက်အကြောက်ကလဲ ကြီးသေးတာဆိုတော့ အပုန်းမှန်းလူသိမှာလဲကြောက်။ မိန်းမတွေကို စိတ်ဝင်စားချင်ယောင်ဆောင်ရတာကလဲ အလုပ်တစ်လုပ်။ တခါတလေ မိန်းမတွေကလည်း အပုန်းမှန်းမသိ ဘာမသိနဲ့ လာလာပြီးဇယားတွေကပ်လာရင် ကိုယ်တွေက စိတ်တွေကျဉ်းကြပ်ရတာ အမော။ အဲ့လိုအချိန်တွေဆိုရင် ကျွမ်းတွေချည်း လှိမ့်ထိုးချင်တာအမှန်ပဲ။
ဘယ်တက်နိုင်ပါ့မလဲ။ ဘ၀ကိုကဒီလိုဖြစ်ဖို့ အကြောင်းကံပါလာနေတာကိုး။ ကိုယ်ဖြစ်နေတဲ့ဘ၀ကိုပဲ သင့်တင့်လျှော်ကန်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ အကောင်းဆုံးပါ။ ကိုယ်တွေလို ဘ၀တူတွေကိုတွေ့ရင် ကိုယ်ချင်းစာမိပေမယ့် တခါတလေကျတော့ သူတို့တွေ ရှုပ်နေတာတွေ ကိုယ့်ကျင့်တရားစောင့်ထိန်းမှု လျော့ပေါ့နေတာတွေကို တွေ့ပြန်ရင်လဲ အမြင်ကတ်မိတာတော့အမှန်ပဲ။ ဂေးဆိုတာ ကောင်းတဲ့သတ္တ၀ါတွေမဟုတ်ဘူးလို့ စိတ်ထဲမှာ အမြဲတွေးမိတယ်။ ဖြစ်ချင်တိုင်းကိုဖြစ်နေကြတာပဲကိုး။ စိတ်ဆင်းရဲတယ်။
ပြောလို့ပြောတာမဟုတ်ဘူး ကိုယ်ကိုတိုင်ကဂေးဆိုပေမယ့် ဂေးတွေဆိုရင် နည်းနည်းတော့လန့်တယ်။ တစ်ချို့တွေဆို စနှိုက်ကြော်ရတာနဲ့ ဂျိုးကြော်ရတာနဲ့ ပုလင်းကွဲမှန်းမသိ ဘာမှန်းမသိ ရမ်းသမ်းကြိုက်ရတာနဲ့ ပလင်းကွဲရှတော့မှ အခြောက်မကြီးတွေပါဆိုပြီး သောက်ရှက်တွေခွဲရတာနဲ့ တစ်ချို့တွေကြတော့လဲ ယောကျာ်းမှန်းလူသိအောင် စကားပြောရင် စိတ်ထဲကမပါပဲ တဗျဗျနဲ့ အမြင်တွေကို ကတ်လို့။ တွေ့ဖူးပါသေးတယ် Chatting ထဲမှာဆိုရင် ကျားလိုကတာ ကျားလိုက်တာဆိုတာ ကိုယ်တွေကတောင် အားကိုးချင်စိတ်ပေါက်သွားတယ်။ အပြင်မှာလဲ သွားတွေ့လိုက်ရော နွဲ့လိုက်တာပက်စက်တယ်။ အံ့ရော....... ။
အမှန်ကနွဲ့ရင်နွဲ့တယ်ပေါ့ လက်ခံပါတယ်။ တစ်ချို့ကြတော့မဟုတ်ဘူး ဟိန်တွေဟန်တွေနဲ့ ကျားဇာတ်တွေခင်းကြတာလေ။ တကယ်တမ်းကတော့ ပုလင်းကွဲရှဖို့ အကြောင်းတွေဖြစ်လာတာ ဒင်းတို့တွေလေ ဘာပြောကောင်းမလဲ ဟင်းဟင်း........
နောက်တစ်မျိုးရှိသေးတာက လိင်ရမ္မက်သမားတွေ။ ဘယ်နှယ့် ကိုယ်ကလူတစ်ယောက်ပဲ ဥစ္စာ လူ့သိက္ခာလေးကိုငဲ့ပြီး စိတ်ဆန္ဒကိုထိန်းချုပ်မယ် ကိုယ့်ဘ၀ကိုတန်ဖိုးထားမယ် မစဉ်းစားဘူး တွေ့တာနဲ့ ဒိတ်မယ် ဟိုတယ်သွားမယ် ဟိုဒင်းဟိုလာလုပ်မယ် လိတ်မယ် ဖွာမယ်ကီးမယ် ဂျိမ်းမယ်ဆိုတာတွေချည်းပဲ မယုံမရှိနဲ့ အဲ့ဒါတကယ်နော်.......
အဲ့ဒီလိုတွေပြောနေတော့ ဒီစာရေးနေတဲ့ကောင် Lovealone မင်းကရော သူတောင်ကောင်းကြီးလားလို့ မေးကောင်းမေးလိမ့်မယ်။ ဟုတ်ပါတယ် ကျွန်တော်လည်း သူတောင်ကောင်းကြီးတော့မဟုတ်ပါဘူး။ ဒါပေမယ့် အရမ်းကြီး ပျက်စီးလေလွင့်နေတာမျိုးကိုတော့ သိပ်လက်မခံချင်ဘူး။ လူဆိုတာ ဘယ်ဘ၀မှာပဲ ရောက်နေရောက်နေ ကိုယ့်ဘ၀ကို အကောင်းဆုံးပြုပြင်နေထိုင်ရမှာပဲမဟုတ်လား။ ဖြစ်ချင်ဖြစ် လုပ်ချင်တာလုပ်မယ်ဆိုရင် အလကားသုံးစားမရတဲ့ လူတစ်ယောက် ဖြစ်သွားမှာပေါ့။
ထားပါတော့ ဒါကတော့ ကျွန်တော့်အမြင်သတ်သတ်ပါ။ ဂေးတွေမှာလဲ ကောင်းတဲ့သူတွေအများကြီးပါ ကျွန်တော်နဲ့ခင်မင်ရင်းနီးတဲ့လူတွေ ကြားထဲမှာ လူကောင်းသူကောင်းတွေရှိပါသေးတယ်။ ဘယ်လိုပဲပြောပြော အပုန်းဘ၀ဆိုတာကြီးက စိတ်ပျက်စရာကြီးပါ။ Bisexual ဆိုလဲတော်သေးတယ် နှစ်ဖက်ချွန်လို့ရတာပေါ့ အဟေးဟေး။
ကဲအပုန်းလောကကြီးကို ရင်ဖွင့်လို့ဝသွားပြီ.........
Lovealone
Monday, November 17, 2014
( သိပ္ပံနည်းကျ
လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှု
လေ့လာနည်းပညာ)
နိဒါန်း
၁၉၇၅
ခုနှစ်လောက်ကတည်းက အမေရိကန်စိတ်ပညာ အဖွဲ့အစည်းက စိတ်ပညာရှင်တွေဟာ
လူတွေရဲ့ လိင်စိတ်အပေါ်မှာ သုတေသနပြုမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။
ဘာကြောင့် Gay, straight, lesbian နဲ့ bisexual တွေလို့
ကွဲပြားရသလဲဆိုတာကို ပိုမိုနားလည် သဘောပေါက်လာနိုင်ဖို့အတွက်
အများကြီး ကြိုးစားအားထုတ် ခဲ့ကြပါတယ်။
အရင်အချိန်ကဆိုရင်
လိင်တူချစ်သူတွေကို ပုံမှန်မဟုတ်တဲ့သူတွေအဖြစ် လူတွေက
သတ်မှတ်ခဲ့ကြပါ တယ်။ အဲလိုလူတွေတွေ့ရင် ရွံရှာသလိုလို၊
အထင်သေးသလိုလို အကြည့်တွေနဲ့ ကြည့်တတ်ပြီး၊ လူသားအချင်းချင်း
ခွဲခြားဆက်ဆံမှု တွေရှိခဲ့ပါတယ်။
အခြားနိုင်ငံတွေမှာ
မကြည့်နဲ့ဗျာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ ကြည့်ပါ။
မြန်မာနိုင်ငံမှာတော့ မိန်းမ လျာ၊ အခြောက်၊ ယောကျာ်းလျာ၊
နှစ်ဖက်ချွန်စသည်ဖြင့် အထင်သေးစွာ ခေါ်ကြပါတယ်။ အဲလိုလူတွေကို
မကောင်းသော သူတွေအဖြစ် ရှေးကတည်းက သတ်မှတ်ခဲ့ကြပြီး
ခုခေတ်မှာတောင်မှ မြန်မာလူ့ဘောင် အသိုင်း အဝိုင်းမှာ အဲလိုလူ တွေဟာ
လူတကာရဲ့ အထင်သေးရှုံ့ချမှုကို ခံကြရပါတယ်။
ထိုကဲ့သို့
လိင်တူလိင်ကွဲ ချစ်သူများဟူ၍ ကွဲပြားရတာဟာ ရောဂါတစ်ခုမဟုတ်ကြောင်း၊
အထင်သေး ရှုံ့ချစ ရာ မဟုတ်ကြောင်း၊ ဘာကြောင့် ဒီလိုတွေ
ကွဲပြားရသလဲဆိုတာတွေကို ဆေးပညာရှူ့ထောင့်ကနေ တင်ပြလိုသော
ရည်ရွယ်ချက်နဲ့ ကျွန်တော် ဒီဆောင်းပါးလေးကို
ရေးရခြင်းဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာ
တိမ်းညွှတ်မှုဆိုသည်မှာ အဘယ်နည်း။
လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှုဆိုသည်မှာ
အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သူတို့ရဲ့ စိတ်ကူးခံစားချက်၊
လိင်စိတ်ဆွဲဆောင်မှု ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုဆိုတာကို ဘယ်အချက်
တွေကို မူတည်ပြီးကြည့်နိုင်သလဲဆိုရင် လူတစ်ယောက်ရဲ့
လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု၊ သက်ဆိုင်ရာအပြုအမူတွေနဲ့
သူ့ပတ်ဝန်းကျင်က လူတွေနဲ့ အပေါင်းအသင်းတွေကို မူတည်ပြီး
ခွဲခြားသတ်မှတ်နိုင်ပါတယ်။
လူတွေရဲ့လိင်ပိုင်းဆိုင်ရာ
တိမ်းညွတ်မှုကို
သုံးမျိုးသုံးစားခွဲခြားနိုင်ပါတယ်။
1. Straight
(Heterosexual) - လူတစ်ယောက်ဟာ သူနဲ့မတူတဲ့ ဆန့်ကျင်ဖက်လိင်အပေါ်
လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်တပ်မက်မှု ရှိမယ်ဆိုရင် အဲလိုလူကို
straight လို့သတ်မှတ်ပါတယ်။
2.
Gay/Lesbian (Homosexual) - အမျိုးသားဖြစ်လျှင် (gay)
အမျိုးသမီးဖြစ်ပါက (lesbian) လို့ ခေါ်ပါတယ်။ လူတစ်ဦးဟာ
မိမိနဲ့လိင်တူတဲ့ သူတစ်ယောက်အပေါ် လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှု
ရှိမယ်ဆိုရင် အဲလူကို homosexual လို့သတ်မှတ်ပါတယ်။ gay
လို့ပြောလိုက်လျှင် အမျိုးသားကို ဆိုလိုသည်ဟု သတ်မှတ်ရပေမည်။
သို့ရာတွင် gay ဟူသော အသုံးအနှုန်းမှာ အမျိုးသားအတွက်ရော၊
အမျိုးသမီးအတွက်ပါ အကျုံးဝင်သည်။ gay men, gay women စသည်ဖြင့်
ခွဲခြားပြောနိုင်သည်။
3. Bisexual - လူတစ်ဦးသည် မိမိနှင့်လိင်တူသော သူသာမက
ဆန့်ကျင်ဖက်လိင် နှစ်မျိုးစလုံးအပေါ် လိင် ပိုင်းဆိုင်ရာ
တိမ်းညွတ်မှုရှိမယ်ဆိုရင် အဲလိုလူကို bisexual
လို့သတ်မှတ်ပါတယ်။
အထက်ဖော်ပြပါ
လူသားတိုင်းရဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှု အားလုံးဟာ
ပုံမှန်သဘာဝအတိုင်းသာ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာတိမ်းညွတ်မှု
ကွဲပြားခြင်းသာဖြစ်ပါတယ်။ abnormal လုံးဝမဟုတ်ပါဘူး။ လူတစ်ဦး
နှင့်တစ်ဦး စိတ်အခြေအနေ မတူကွဲပြားသကဲ့သို့ လိင်စိတ်အခြေအနေမတူ
ကွဲပြားရုံသာဖြစ်ပါတယ်။ ဒီလိုကွဲပြား ရခြင်းဟာ
ရောဂါတစ်ခုမဟုတ်ပါဘူး၊ ခန္ဓာကိုယ်တွင်း ဇီဝရုပ်ဖြစ်ပျက်ဖြစ်စဉ်
လွဲမှားဖောက်ပြန်မှု၊ အစီအစဉ်မကျမှု လည်း မဟုတ်ပါဘူး။
ချို့ယွင်းချက်တစ်ခုလည်း မဟုတ်ပါဘူး။ မတူကွဲပြားမှုလေးတစ်ခုသာ
ဖြစ်ပါတယ်။ ထို့အတွက် လိင်တူချစ်သူများ အနေဖြင့် မိမိသည်
သူတပါးနှင့် မတူသောကြောင့် အားငယ်စရာမလိုပေ။ အခြားသောသူများ
အနေနှင့်လည်း ထိုသူတို့အား နှိမ့်ချဆက်ဆံခြင်း မပြုလုပ်သင့်ပေ။
ဒီလိုမတူကွဲပြားမှုတွေဟာ ဘာအကြောင်းကြောင့် ဖြစ်လာရသလဲဆိုတာကို
ကျွန်တော် အနည်းငယ်တင်ပြချင်ပါတယ်ဗျာ။
လူတွေဟာ
ဘယ်အချိန်မှာ မိမိဟာ gay, straight , lesbian, bisexual ,straight
ဆိုပြီး စတင်ကွဲပြားလာတာ ကို
သတိထားမိသလဲဆိုရင်….
အရွယ်ရောက်လာပြီး
လိင်စိတ်တိမ်းညွှတ်မှုတွေကို အခြေခံပြီးသိလာပါတယ်။ အထူးသဖြင့် ကလေးဘဝ
အလယ်ပိုင်းနဲ့ လူပျိုပေါက်အစောပိုင်းကာလမှာ စတင်သိသာလာပါတယ်။
ဒီလိုကွဲပြားလာတာဟာ လိင်ပိုင်းဆိုင်ရာ အထိအတွေ့ လုံးဝမထိတွေ့ရသေးတဲ့
အချိန်မှာဖြစ်လာတယ်လို့ဆိုပါတယ်။ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့
မေးခွန်းကို ဖြေဖို့ရာ အရမ်းကိုရှုပ်ထွေးလွန်းလှပါတယ်။
ဒီအကြောင်းရင်းတွေကြောင့် ဒါဖြစ်ရတယ်လို့ တိတိကျကျ
ပြော၍မရနိုင်လောက်အောင်ပင်ဖြစ်နေပါတယ်။ ဖြစ်နိုင်ခြေများတဲ့
အကြောင်းအရာတွေကို တင်ပြပေးပါ့မယ်။
စိတ်နှင့်ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့် ပြောင်းလဲမှု၊
မတူကွဲပြားမှုတွေကို ပထမဦးစွာ တင်ပြပေးချင်ပါတယ်။
၁.မိမိမွေးဖွား
ကြီးပြင်းလာရာ ပတ်ဝန်းကျင်ပေါ် မူတည်နိုင်ပါတယ်။
ငယ်စဉ်ဘဝတွေ့ကြုံရသော အဖြစ် အပျက်များ၊ မိဘများရဲ့အုပ်ထိန်းမှု
အခြေအနေတွေအပေါ်လည်း မှီတည်နိုင်ပါသေးတယ်။ ဥပမာပြောရမယ် ဆိုရင် တော့-
ငယ်စဉ်မှာ မိန်းကလေးများနှင့်သာ အနေနီးတဲ့ ကောင်လေးတစ်ယောက်ဟာ gay
ဖြစ်သွားနိုင်ပါတယ်။ ဆိုလိုတာက မောင်နှမတွေထဲမှာ
မိန်းကလေးချည်းရှိပြီး ကောင်လေးတစ်ယောက်တည်းရှိတာမျိုးပါ။
၂.မိမိရဲ့ပထမဆုံး
လိင်ဆက်ဆံမှု အတွေ့အကြုံပေါ်မှာလည်း မှီတည်ပြီး ဖြစ်နိုင်ပါတယ်။ ဥပမာ၊
ကောင်လေး တစ်ယောက်ဟာ မိမိရဲ့ပထမဆုံး လိင်ဆက်ဆံဖော်ဟာ ယောကျာ်းလေး
တစ်ယောက်ဖြစ်သည် ဆိုပါစို့၊ အဲ့ဒီ ကောင်လေးဟာ လိင်တူဆက်ဆံရတာကို
နှစ်သက်သဘောကျသွားပြီး gay ဖြစ်နိုင်ပါတယ်။ မိန်းကလေးများ အနေ
နဲ့လည်း ဒီအတိုင်းပါပဲ။ မိန်းကလေးတွေအနေနဲ့ တစ်ခုပြောစရာရှိပါတယ်။
မိန်းကလေးတစ်ချို့ဟာ ငယ်ရွယ်စဉ်မှာ ယောကျာ်းတစ်ဦး (သို့)
ယောကျာ်းအများရဲ့ အတင်းအဓမ္မကျင့်ကြံမှုကို ခံခဲ့ရတယ်ဆိုပါစို့။
အဲဒီမိန်းကလေးဟာ ယောကျာ်းတွေကို ကြောက်လန့်သွားပြီး
ယောကျာ်းလေးတွေနဲ့ လိင်ဆက်ဆံရမှာကို ကြောက်လန့်သွားတတ် ပါတယ်။
အဲလိုမိန်းကလေးမျိုးဟာ မိန်းကလေးအချင်းချင်း
လိင်စိတ်ဖြေဖျောက်ရတာကိုသာ နှစ်သက်သဘောကျပြီး လိင်တူနှစ်သက်တဲ့
မိန်းကလေး lesbian ဖြစ်လာနိုင်ပါတယ်။
လိင်တူချစ်သူ အမျိုးသားများကို
သူတို့ရဲ့သွားလာလှုပ်ရှားပုံ။ ခန္ဓာကိုယ်အနေအထားနဲ့ ပြောဆိုပုံတို့ကို
ကြည့်ချင်းအားဖြင့် အကြမ်းဖျင်း ခန့်မှန်းသိရှိနိုင်ပါတယ်။
လိင်တူချစ်တဲ့ အမျိုးသားများဟာ များသောအားဖြင့် ဖြူဖြူနွဲ့နွဲ့
ပိန်ပိန်ပါးပါးလေးတွေ ဖြစ်နေတတ်ပါတယ်။ ဥပမာ - ကြွက်သားပမာဏနည်းတာ၊
ခြေလက်သေးသွယ်တာ (အာဟာရလုံလောက်စွာ မရရှိသောကြောင့်
ပိန်လှီနေသူများကို ဆိုလိုခြင်းမဟုတ်ပါ)၊ ခန္ဓာကိုယ်အမွေးတွေ နည်းတာ၊
ပုခုံးရင်အုပ်ဟာ အမျိုးသားများကဲ့သို့ ကျယ်ပြန့်ခြင်းမရှိတာ၊
အသံဟာလည်း ခပ်သြသြဖြစ်မနေတာတို့ပေါ့။ ဒါကို ယောကျာ်းမဆန်ဘူးလို့
ပြောကြတယ်ပေါ့။ သူ့ရဲ့စကားပြောဆိုပုံ သွားပုံလာပုံတွေကို
ကြည့်၍လည်း သိနိုင်ပါတယ်။ သို့သော်လည်း ခက်တာက ဖြူဖြူနွဲ့နွဲ့
ယောကျာ်းလေးတွေအားလုံးဟာ လိင်တူချစ်သူတွေ မဟုတ်ကြသလို၊
ကျားကျားလျားလျားနဲ့ ကာယဗလမောင်တွေဟာလည်း လိင်တူချစ်သူတွေ
ဖြစ်နေနိုင်ပါတယ်။ ဒါတွေဟာ ရုပ်ပိုင်း ဆိုင်ရာ အခြေအနေတွေကို
ပြောပြတာပါ။ အထက်ပါ အချက်အားလုံးဟာ ဖြစ်နိုင်ချေရှိတဲ့ သဘောကို
ပြတာပါ။ ဖြစ်မယ်လို့ အတိအကျ မပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
ခြွင်းချက်တွေ အများကြီးရှိနေလို့ပါ။
စိတ်ပိုင်းဆိုင်ရာ
အခြေအနေတွေကို ကြည့်မယ်ဆိုရင်...
လိင်တူနှစ်သက်သူတွေဟာ
စိတ်ပိုင်းဆိုင်ရာလွဲမှားမှုတစ်ခုလားလို့ မေးရင် လုံးဝမဟုတ်ဘူးလို့ဘဲ
ဖြေရပါ လိမ့်မယ်။ အသိုင်းအဝိုင်း တစ်ခုရဲ့လက်ခံမှုကလည်း
လူတွေရဲ့လိင်မှုရေးရာ တွေအပေါ်မှာ သက်ရောက်မှု ရှိနိုင်ပါ တယ်။
ဥပမာ -
မိမိအသိုင်းအဝိုင်းက လိင်တူကို လုံးဝမနှစ်သက်ဘူးဆိုပါစို့။
လုံးဝလက်မခံနိုင်ဘူးပေါ့။ အဲဒီအခါမှာ လူတစ်ဦးဟာ မိမိဟာ
လိင်တူဖြစ်ရက်နဲ့ မိမိဟာ လိင်တူချစ်သူဖြစ်ကြောင်း ဖွင့်မပြောဘဲနဲ့၊
အချိန်တန် အိမ်ထောင်ပြု ပြီး တစ်သက်လုံးနေထိုင်သွားတာ
မျိုးလည်းရှိပါတယ်တဲ့။ သူဟာ အခြေအနေတခုခုကြောင့် ဆန့်ကျင်ဖက်လိင်နဲ့
အိမ်ထောင်ပြု သားမွေးအစရှိတဲ့ အပြုအမူတွေ ပြုမူသော်လည်း
သူ့ရဲ့လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုကတော့ လိင်တူပဲ ဖြစ်ပါတယ်တဲ့။
ဒီလိုအဖြစ်အပျက်တွေဟာ လူသားတွေမှာသာမက ခွေး၊ သိုး၊ ငှက်အစရှိတဲ့
တိရိစ္ဆာန်တွေမှာတောင်မှ တွေ့ရတတ်ပါတယ်။
ဥပမာ -
လိင်တူချစ်တဲ့ငှက်တွေဟာ အလျဉ်းသင့်သလို ငှက်ဖိုတွေနဲ့
လိင်ဆက်ဆံမှုပြုကြသော်လည်း ထို လိင်တူချစ်တဲ့ ငှက်တွေကို ငှက်အုပ်က
ဝိုင်းဖယ်ကျဉ်ကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီတော့ အဲ့ငှက်ဟာ သဘာဝ တရား
တာဝန်ဖြစ်တဲ့ သင့်တော်တဲ့ငှက်မနဲ့ မိတ်လိုက်ပြီး ငှက်ငယ်များကို
မွေးဖွားကာ သူ့မျိုးဆက် မပြတ်အောင် ထိန်းသိမ်းလေ့
ရှိကြပါတယ်။
လူတစ်ဦးဟာ
လိင်တူချစ်သူလား၊ ဆန့်ကျင်ဖက်လိင်ကိုမှ သဘောကျတာလားဆိုတာ မိမိရဲ့
စိတ်အခြေအနေ၊ ပတ်ဝန်းကျင်က ရိုက်ခတ်မှုတွေက သက်ရောက်စေတယ်ဆိုတာ
အထိုက်အလျောက် မှန်ပါတယ်။ သို့သော်လည်း အဲလိုဖြစ်လာဖို့ရန် သူတို့ဟာ
သူတို့ gay ဖြစ်ပါစေဆိုပြီး ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။
မွေးရာပါကတည်းက သတ် မှတ်ပြီးသား အခြေအနေတစ်ခုလည်းဖြစ်ပါတယ်။
ဆေးပညာရှူ့ထောင့် အမြင်လေးကို တင်ပြပါ့မယ်။
ယောကျာ်းလေး၊
မိန်းကလေးဟူ၍ ခွဲခြားရာမှာ မျိုးရိုးဗီဇနည်းပညာဟာ အရေးကြီးတဲ့
အခန်းကဏ္ဍ တစ်ရပ် အနေနဲ့ ပါဝင်လာပါတယ်။ ပုံမှန်သတ်မှတ်ထားတာက
ယောကျာ်းလေးမှာ Y chromosome ပါပြီး၊ Y chromosome က လူတစ်ဦးကို
အမျိုးသားအဖြစ် သတ်မှတ်ပေးပါတယ်။ Y chromosome မရှိဘူးဆိုရင်တော့
လူတစ်ဦးဟာ မိန်းကလေး ဖြစ်သွားပါတယ်။ Y chromosome ဟာ အမျိုးသား
လိင်ဟော်မုန်းတွေဖြစ်တဲ့ androgen, testoster one
စသည်တို့ထွက်လာဖို့ရန် အထောက်အပံ့ဖြစ်စေပါတယ်။
မွေးရာပါရွေးချယ်သတ်မှတ် ပြီးသားဆိုတာကို ကျွန်တော်တို့
ဘယ်လိုသတ်မှတ် နိုင်သလဲဆိုရင် လိင်တူချစ်သူဖြစ်သူတွေရဲ့
ဦးနှောက်ရဲ့ hypothalamus မှာရှိတဲ့ INAH3 လို့ခေါ်တဲ့ နျူကလိယပ်စ်
(nucleus) နေရာလေးတစ်ခုဟာ မိန်းကလေးတွေနဲ့
လွန်စွာမှတူပါတယ်တဲ့။
အဲဒီနေရာလေးဟာ
အမျိုးသားတွေထက် သိသိသာသာကိုကြီးနေပြီး မိန်းကလေးတွေ
နီးပါးလောက်ရှိပါ တယ်။ ဒီလိုဖြစ်လာရတာဟာ သဘာဝတရားက သူတို့ကို
ဒီလိုဖြစ်ပါစေလို့ သတ်မှတ်ထားသလိုများ ဖြစ်နေသလား။
အခြားအကြောင်းရင်း တစ်ချက်ကတော့ အမျိုးသားတွေရဲ့ အဓိကလိင်အဂါင်္ဟာ
ဝှေးစေ့နဲ့ လိင်တံပေါ့ဗျာ။ ဝှေး စေ့က ပိုအဓိကကျပါတယ်။ ၄င်းဟာ
ဘာလုပ်ပေးသလဲဆိုရင် အရွယ်ရောက်စဉ်မှာ မျိုးအောင်နိုင်ဖို့အတွက်
သုတ်ကောင် ထုတ်လုပ်မှု လုပ်ပေးပါတယ်။ အရေးကြီးတဲ့ အမျိုးသား
လိင်ဟော်မုန်း တွေကိုလည်း ထုတ်ပေးပါတယ်။ Testosterone လို့ခေါ်တဲ့
ဟော်မုန်းဟာ အမျိုးသားတစ်ဦး ဖြစ်ဖို့ရာ လွန်စွာ အရေးကြီးပြီး
အမျိုးသားလိင်ဟော်မုန်းတစ်မျိုး ဖြစ်တဲ့ androgen ကို လုပ်ပေးပါတယ်။
နောက်တစ်ခုက MIS လို့ခေါ်တဲ့ ပစ္စည်းလေးပါ။ သူက
အမျိုးသားတွေရဲ့ဝှေးစေ့ကနေ ထွက်လာပြီး ငယ်ရွယ်စဉ်မှာ အမျိုးသမီး
ဖြစ်စေသော အကြောင်းရင်းတွေအားလုံးကို တားမြစ်ပေးပါတယ်။
အမျိုးသားတွေမှာ testosterone ဟော်မုန်းနည်းနေလို့
မျိုးအောင်စေရန် မစွမ်းဆောင်နိုင်ဘူးဆိုရင် ကျွန်တော်တို့
အဲဒီဟော်မုန်းထိုးပေးလို့မရပါဘူး။ testosterone ဟာ ဝှေးစေ့မှာ
androgen ပမာဏကို များစေသည် ဆိုသော်လည်း ပြင်ပမှ testosterone
သောက်ခြင်း၊ ထိုးခြင်းဟာ ဝှေးစေ့မှာ androgen ပမာဏကို မတက်လာစေတဲ့
အပြင် နဂိုနည်းနေတဲ့ androgen ပမာဏကိုတောင် ပိုနည်းသွားစေပါတယ်။
သို့သော် testosterone ကို အမျိုးသား သန္ဓေတားဆေး အနေနဲ့တော့
သုံးလို့ရပါတယ်။ သို့သော် အမျိုးသား သန္ဓေတားနိုင်လောက်အောင်
ပါဝင်သော testosterone ပမာဏဟာ သွေးတိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။
Castration လို့ခေါ်တဲ့ ဝှေးစေ့ထုတ်ထားသော သူတွေမှာ (ဥပမာ-
လိင်ပြောင်းထားတဲ့သူတွေပေါ့ဗျာ) အဲလိုလူတွေမှာ အမျိုးသား
လိင်ဟော်မုန်း ပမာဏဟာ လွန်စွာများနေတတ်ပါတယ်။ လိင်တူချစ်သော
အမျိုးသားများမှာ testosterone နဲ့ MIS ပမာဏနည်းနေပါတယ်။
ဒါတွေနည်းနေလို့ လိင်တူချစ်သူ ဖြစ်ရတယ်တော့လည်း မဟုတ်ပါဘူး။
ဒီလိုအတိအကျသိရင် ကျွန်တော်တို့ ပြုပြင် ကုသမှုတွေ
လုပ်ဖို့ရာလွယ်ကူတာပေါ့ဗျာ။
နောက်ဖြစ်နိုင်ချေတစ်ခုကတော့
elder brother hypothesis လို့ ခေါ်ပါတယ်။ မိမိရဲ့ဖွားချင်း မောင်နှမ
တွေထဲမှာ ယောကျာ်းလေးတွေ များနေတယ်ဆိုပါစို့ဗျာ။ အငယ်ဆုံးမှာ
သက်ရောက်မှုရှိသွားတာဗျ။ အသေးစိတ် ရှင်းပြရမယ်ဆိုရင်တော့
Y-chromosome ဟာ အမျိုးသားဖြစ်ဖို့ရန် သတ်မှတ်ပေးတယ်လို့ ကျွန်တော်
အထက်မှာ ပြောပြထားပါတယ်။ အမျိုးသမီးတွေမှာတော့ Y-chromosome
လုံးဝမရှိပါဘူး။ ဒီတော့ သားအတွက်ဆိုရင် Y-chromosome ဟာ အဖေဆီကပဲ
ရလာတာဖြစ်ပါတယ်။ အဲလိုနဲ့ သားတွေများလာတဲ့အခါ၊ ကျွန်တော်တို့
ခန္ဓာကိုယ်ဟာ ပြင်ပက ကိုယ့်မှာမရှိတဲ့အရာတစ်ခု ဝင်လာရင် antibody
လို့ခေါ်တဲ့ ပဋိပစ္စည်းတစ်မျိုးထုတ်ပြီး တိုက်ခိုက်လေ့ရှိတယ်ဗျ။
အဲဒီတော့ သားတွေ မွေးတာများလာတဲ့အခါ မိခင်ဖြစ်သူမှာ Y-chromosome
antibody တွေများလာပြီး အငယ်ဆုံးသားမှာ သက်ရောက်မှု
ရှိသွားခြင်းဖြစ်ပါတယ်။ အစောပိုင်းသားတွေမှာ
သက်ရောက်မှုသိပ်မရှိလှပါဘူး။ အငယ်ဆုံးသားမှာ ရောက်လာတဲ့ Y-chromosome
antibody တွေဟာ သူ့မှာရှိတဲ့ အမျိုးသားဖြစ်မှုကို အားပေးမယ့်
Y-chromosome နဲ့ တိုက်ခိုက်မှုဖြစ်ပြီး၊ Y-chromosome ရဲ့
စွမ်းအားကျသွားပြီး ယောကျာ်လေးနဲ့ ထပ်တူမကျနိုင်တော့ပါဘူး။
ဒီလိုမျိုး မျိုးရိုးဗီဇပညာရပ်တွေမှာ လွှမ်းမိုးမှုရှိတဲ့အတွက် Gay
များဟာ မျိုးရိုးလိုက်တတ်သော သဘောလေးလဲရှိပါတယ်။
ဖြစ်နိုင်ချေရှိပါတယ်။ မွေးရာပါ Gay ၊ Straight ရယ်လို့
သတ်မှတ်ပြီးသားဆိုတာကို ကျွန်တော် ဥပမာဖြစ်ရပ်လေးတစ်ခုနဲ့
ရှင်းလင်းချင်ပါတယ်ဗျာ။
တစ်ခါက
အမေရိကန်ပြည်မှာ မွေးကင်းစယောကျာ်းကလေးလေးဟာ မတော်တဆဖြစ်မှု
တစ်ခုကြောင့် သူ့ရဲ့ယောင်္ကျားအဂါင်္ဖြစ်တဲ့ လိင်တံမှာ
ထိခိုက်မှုရှိသွားတယ်ပေါ့ဗျာ။ အဲဒီအခါမှာ ဆရာဝန်က ဒီကလေးဟာ
ကြီးပြင်းလာတဲ့အခါ ယောကျာ်းလေးတို့ စွမ်းဆောင်နိုင်တဲ့ အလုပ်တွေကို
မလုပ်နိုင်တော့တဲ့အခါ ပတ်ဝန်းကျင်မှာ အရှက်ရလိမ့်မယ်လို့
စိုးရိမ်ပြီး မိဘတွေနဲ့ တိုင်ပင်ကာ ကလေးလေးကို
လိင်ပြောင်းခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။ အဲတော့ ကလေးလေးဟာ
မိန်းကလေး ဖြစ်သွားတယ်ပေါ့ဗျာ။ ငယ်ငယ်တည်းက အဲ့ကလေးဟာ သူဟာ
မိန်းကလေး တစ်ယောက်ဆိုတာပဲ သူသိတယ်။ သူ့ကို အမျိုးသမီး
လိင်ဟော်မုန်းတွေ ထိုးပေးတယ်။ နာမည်ရော မိန်းကလေးနာမည်ပဲ ပေးထားတယ်။
သူ့မိဘတွေကလည်း သမီး၊ သမီးလို့ပဲ ခေါ်ကြတာပေါ့။ ကြီးလာတဲ့အခါ
အဲ့ဒီကလေးလေးဟာ မိန်းကလေးတစ်ယောက်လိုပဲပေါ့။
ဒါပေမယ့်
အပျိုဖော်ဝင်တဲ့ အချိန်ပေါ့နော်။ လိင်ကို
စတင်စိတ်ဝင်စားလာတဲ့အချိန်မှာ သူဟာ မိန်းကလေး တွေကိုပဲ
စိတ်ဝင်စားတယ်တဲ့။ သူ့မှာ အမျိုးသားအဂါင်္တွေ၊
အမျိုးသားဖြစ်စေနိုင်သော အကြောင်းအရာတွေ မရှိ သော်လည်းဘဲ သူဟာ
အမျိုးသား သဘာဝကိုသာ ဖော်ပြနေပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ
ယောကျာ်းလေးလေ ဗျာ။ သူ့ကို ဘယ်လိုပဲ မိန်းကလေးလိင်ဖြစ်အောင်
ခွဲစိတ်ထားထား၊ အမျိုးသမီးလိင်ဟော်မုန်းတွေ ထိုးပေးပေး သူ့ရဲ့
အမျိုးသားစိတ်က မပျောက်ဘဲ၊ သူဟာ အမျိုးသမီးတွေကိုသာ
စိတ်ဝင်စားလာတာဖြစ်ပါတယ်။ အဲဒီအကြောင်းနဲ့ပတ် သက်ပြီး မိဘတွေနဲ့
ပွင့်ပွင့်လင်းလင်းပြောဖြစ်ရင်း ဖြစ်ရပ်မှန်ကို သိတဲ့အခါမှာ သူဟာ
ယောကျာ်းလေး အဖြစ်ကို ပြန်ပြောင်းလိုက်ပါတယ်တဲ့။
နိဂုံးချုပ်
ကျွန်တော် အချုပ်အနေနဲ့ပြောရမယ်ဆိုရင် Gay, lesbian
တွေလို့ homosexual တွေဖြစ်ရခြင်းဟာ အဓိက အချက်နှစ်ခုရှိပါတယ်။
စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေကြောင့်လည်း
ဖြစ်လာနိုင်သလို၊ မွေးရာပါ ရွေးချယ်သတ်မှတ်ပြီးသားလည်း
ဖြစ်နေပါတယ်။
ပတ်ဝန်းကျင်ရဲ့
စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေဟာ gay
ဖြစ်နိုင်ချေ နည်းလှပါတယ်။ အဖြစ်အများဆုံးအကြောင်းရင်းကို
ပြောပါဆိုရင် သန္ဓေသားဘဝကတည်းက ယောကျာ်း၊ မိန်းမ ခွဲခြားနိုင်ဖို့
အတွက် အရေးကြီးသောဟော်မုန်းများ၊ မျိုးရိုးဗီဇဆိုင်ရာပစ္စည်းများ၊
ဦးနှောက်ဖွံ့ဖြိုးမှု အစရှိတဲ့ အရာတွေ မတူကွဲပြားမှုကြောင့်
လိင်တူချစ်သူ၊ လိင်ကွဲချစ်သူဟူ၍ ကွဲပြားနေရခြင်းဖြစ်ပါတယ်။
ဒီအကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိရန်မှာ
စိတ်ဝင်စားဖို့ကောင်းသကဲ့သို့ လွန်စွာရှုပ်ထွေးလှသည်။ ယခုတိုင်အောင်
ပညာရှင်များကြားမှာ ရှုပ်ထွေးဆဲ ကိစ္စတစ်ခုပါ။ အဖြေရှာဆဲပါ။
ဘာကြောင့်ဖြစ်ရတယ်လို့ တိတိကျကျ မသတ်မှတ်နိုင်သေးပါဘူး။
လူတစ်ဦးဟာ
သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုက လိင်တူချစ်သူဖြစ်နေသော်လည်း၊
မိမိပတ်ဝန်းကျင် က လက်မခံနိုင်သောကြောင့် လည်းကောင်း၊ ဘာသာရေး
ယဉ်ကျေးမှုဆိုင်ရာ သတ်မှတ်ချက်များကြောင့် ပတ်ဝန်းကျင်တွင် မိမိသည်
လိင်တူချစ်သူဆိုသည်ကို အသိပေးရန် ရှက်ရွံ့သောကြောင့်လည်းကောင်း၊
မိမိ၏ မျိုးဆက်ပြန့်ပွားရေးအတွက် သော်လည်းကောင်း၊ လိင်တူချစ်သူ
အမျိုးသားပင်ဖြစ်စေကာမူ ချောမောလှပသော မိန်းကလေးတစ်ဦးနှင့်
အိမ်ထောင်ပြုလိုသော romantic emotion တစ်ခုခုရှိ၍သော်လည်းကောင်း
သာမန်လိင်ကွဲချစ်သူများကဲ့သို့ပင် အိမ်ထောင်ပြုကာ ဘဝကို
ဖြတ်သန်းလေ့ရှိကြပါတယ်။
ကျွန်တော်ပြောချင်တာကတော့
ဒီလိုလိင်ပိုင်းဆိုင်ရာကွဲပြားမှုရှိသူတွေဟာ ရောဂါကြောင့်လည်း မဟုတ်
သလို၊ သူတို့ရဲ့ချို့ယွင်းချက်ကြောင့်လည်း မဟုတ်ပါဘူး။
ဒါကြောင့်မို့ ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းအနေနဲ့
လူသားချင်းတန်းတူအခွင့်အရေးကို အလေးထားသောအနေဖြင့် ထိုသူများကို
အထင်သေးရှုံ့ချသော အပြုအမူများ ကို မပြုသင့်ပေ။
လူသားချင်းတန်းတူအခွင့်အရေးကို တန်ဖိုးထားသောအနေဖြင့် ယနေ့ခေတ်မှာ
အနောက်နိုင်ငံတော်တော်များများမှာ လိင်တူလက်ထပ်မှုတွေကို
တရားဝင်အသိအမှတ်ပြုထားနေပါပြီ။
ကမ္ဘာတဝန်းမှာ ဘာသာရေးယုံကြည်မှုဟာ လူသားတွေအပေါ်
လွှမ်းမိုးထားပါတယ်။ ဗုဒ္ဓဘာသာမှာဆိုရင် လိင်တူချစ်သူတွေကို
နပုန်းပဏ္ဍုက်များဟူ၍လည်းကောင်း၊ အဆင့်အတန်းနိမ့်သော
သူများအဖြစ်လည်းကောင်း ခွဲခြားမှုရှိပါ တယ်။ ခရစ်ယာန်ဘာသာ
မှာဆိုရင်လည်းပဲ အဓမ္မရာဂဟူ၍ သတ်မှတ်ထားကာ မကောင်းသော
လိင်စိတ်ရှိသူများဟု ဖော်ပြထားပါတယ်။ သို့သော်လည်း
လိင်တူချစ်သူများမှာ ရောဂါရှိနေသူ၊ ပုံမှန်မဟုတ်သောသူများ
မဟုတ်ကြတဲ့ အတွက် ယနေ့ခေတ်တွင် လူသားချင်းတန်းတူအခွင့်အရေး ကို
ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်း တန်ဖိုးထား ရပါမယ်။
ဘာသာရေးကို ပစ်ပယ်ခြင်းမရှိစေဘဲ၊ လူအခွင့်အရေးကိုလည်း တန်ဖိုးထားကာ
နားလည်မှုဖြင့် လက်ခံနိုင် ပါက လိင်တူချစ်သူများကို
အထင်သေးရှုံ့ချ၊နှိမ့်ချဆက်ဆံခြင်းများ ပပျောက်နိုင်လိမ့်မည်ဟု
မျှော်လင့်မိပါသည်။
ကျွန်တော်တို့
မြန်မာနိုင်ငံတွင်လည်း ယဉ်ကျေးမှုအရ တရားဝင်အသိအမှတ် မပြုနိုင်စေကာမူ
ပြစ်တင် ရှုံ့ချသော အပြုအမူများဖြင့် မတုန့်ပြန်မိကြစေရန်နှင့်
လိင်တူချစ်သူများ အနေနှင့်လည်း မိမိထိုသို့ ဖြစ်နေရသည် ကို
အားငယ်ခြင်းမရှိဘဲ မိမိတို့ဘဝ ပျော်ရွှင်မှု အစစ်အမှန်ကို
ရရှိခံစားကြစေလိုသော မေတ္တာစေတနာမွန်ဖြင့် ဒီဆောင်းပါးလေးကို
ရေးသားလိုက်ရပေသည်။
အရူးလေး
Credit to www.achittatkatho.net
(MLGBT မှာ Ko Alex တင်ထားတာတွေ့လို့ ပြန်လည်မျှဝေပါသည်)
Saturday, June 21, 2014
မိဘ
ဒီခေါင်းစဉ်ကိုဖတ်မိတယ်ဆိုရင် Sex နဲ့ပတ်သက်ပြီးရေးတော့မယ်ဆိုတာ စာဖတ်သူတွေသိလောက်မှာပါ။ တကယ်လည်း ကျွန်တော် Sexကိစ္စကိုရေးမှာပါ။ ကျွန်တော်တို့လို ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ နိုင်ငံတွေမှာ HIV ပိုအဖြစ်များပါတယ်။ ဘာကြောင့်များပါလဲ။
ပထမဆုံးပြောချင်တာက ဒီလိုကိစ္စတွေကိုစရေးပြီဆိုတာနဲ့ ကျွန်တော်တို့စာရေးသူတွေဟာ ယဉ်ကျေးမူဘောင်တွေနဲ့ ပထမဆုံး ရင်ဆိုင်ကြရမှာပါ။ အရွယ်ရောက်ပြီး သားတစ်ဦးဦး သို့မဟုတ် သမီးတစ်ဦးဦးကိုပိုင်ဆိုင်ထားတဲ့မိသားစုတစ်စု ဆိုပါစို့။ မိမိမှာဒီရောဂါကိုပိုင်ဆိုင်ထားခြင်းမရှိပေမယ့် ကိုယ်ရဲ့ အတ္တလွန်ကဲမှု ၊ ယဉ်ကျေးမူကိုအလွန်အကျွံထိန်းသိမ်းလိုမှုတွေကြောင့် မိမိသား သို့မဟုတ် သမီးတွေမှာ ဒီရောဂါမျိုးကူးဆက်နိုင်တဲ့အခြေနေတွေရှိလာနိုင်ပါတယ်။
ဥပမာဆိုကြပါစို့။ အရွယ်ရောက်ပြီး သားတစ်ယောက်ရဲ့ ပိုတ်ဆံအိတ်(သို့) ခရီးဆောင်အိတ်ထဲမှာ(Aphaw) တစ်ခုကိုတွေ့ကြပါပြီတဲ့။ ဘယ်လိုဖြေရှင်းကြပါသလဲ။ စည်းကမ်းကြီးတယ်။ တင်းကြပ်တယ်ဆိုတဲ့ မိသားစုမှာ သေချာပေါက် ကိုယ်သားနဲ့ ပြသနာဖြစ်ကြပါမယ်။ ဒါကအပေါ်ယံပြသနာပါ။ ဒီထက်ကြီးကျယ်တဲ့ ကိစ္စလေး တစ်ခုကိုရှင်းပြချင်ပါတယ်။
ကိုယ်သားကိုဒီလိုကိစ္စအသေးအဖွဲလေးတောင်မှ ခေတ်မျက်စိနဲ့ခွင့်မလွတ်ပေးနိုင်ဘူးဆိုရင် ဘာတွေဆက် ဖြစ်လာနိုင်သလဲ။ အရိုးရှင်းဆုံးလေးပြောပြပါ့မယ်။ သွေးသားစိတ်ဆန္ဒဆိုတာထိန်းချုပ်ရန် အင်မတန်ခက်ခဲပါတယ်။ မိမိပရောဂကြောင့် လိင်မူကိစ္စမှာ အသုံးပြုဖို့ အကာကွယ်တစ်ခုကို ကိုင်တွယ်ရန် သားသမီးကကြောက်ရွံ့သွားပြီဆိုပါစို့။ မမျှော်လင့်ပဲ စိတ်ဆန္ဒကို ထိန်းချုပ်မရနိုင်တဲ့အခြေနေမှာ ဒီပစ္စည်းတစ်ခုမရှိရင် ဘ၀အတွက် ရင်မဆိုင်ဝံ့တဲ့ ပြသနာတွေဖြစ်လာနိုင်ပါတယ်။
အဖေ အမေကိုကြောက်ပြီး ဒီလိုပစ္စည်းကို မကိုင်ဆောင်ရဲဘူး။ မထိတွေ့ရဲဘူး။ သိက္ခာကျမှာဆိုးလို့ ဆောင်မထားဘူးဆိုပါစို့။ အရေးကြုံတဲ့ လိင်မူကိစ္စတစ်ခုခုကြုံလာလို့ အကာကွယ်မပါဘဲဆက်ဆံမိရင် HIV AIDS ပြသနာနဲ့ရင် ဆိုင်ကြရဖို့ ပိုမိုနီးစပ်လာပါတယ်။ ဒါကြောင့်မိဘတွေက ခေတ်နဲ့အညီမျက်ခြေမပျက်ပဲ တစ်ချို့သောကိစ္စရပ်များတွင် ယဉ်ကျေးမှုပေတံကိုအနည်းငယ် လျှော့ချစေချင်ပါတယ်။ ဒီလိုရေးလို့ လိင်မူကိစ္စကိုအားပေးတယ်လို့ မယူဆစေချင်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတာလေးကိုတင်ပြချင်တာပါ။
ချစ်သူသမီးရည်စား
ချစ်သူသမီးရည်းစားလို့ဆိုလိုက်ရင် မိန်းကလေးယောက်ျားလေသာမက gay၊ Homosexual ၊ Heterosexual ၊ Bisexual Person အကုန်လုံးအကျုံးဝင်ပါတယ်။ မိန်းကလေးချစ်သူတစ်ယောက် မိမိရည်းစားနဲ့ စိတ်ကွယ်ရာအရပ်မှာ ချိန်းတွေ့ကြမယ်ဆိုရင် အများစုက အလိုတူရင်ကြည်ဖြူတတ်ကြပါတယ်။ လိင်မှုကိစ္စဟာ ခုခေတ်မှာထမင်းစားရေသောက် ထက်ပိုပြီးလွယ်ကူနေကြတဲ့ အချိန်ဖြစ်နေပါပြီ။ ကဲ ချိန်းတွေ့မယ်။
စိတ်ကွယ်ရာအရပ်ကိုရောက်ပြီဆိုပါစို့။ သမီးရည်းစားချင်း ချစ်တင်းနှောကြမယ်။ နံပတ်တစ်အချက်အနေနဲ့ နုတ်ခမ်းချင်းနမ်းကြပါမယ်။ ဒါဆိုရင် မိမိချစ်သူကောင်လေး ဒါမှမဟုတ် မိမိချစ်သူ ကောင်လေး (Gay) တွေနဲ့ ပတ်သက်ပြီး ပထမဆုံး အသဲရောင်အသားဝါ (B ) ပိုး (ယေဘုယျ)စတင်ကူးဆက်နိုင်ပါတယ်။ တံတွေးကနေ အသဲယောင်အသားဝါ (B) ပိုးဝင်တတ်တာတော့ ခုချိန်ထိအငြင်းပွားနေဆဲပါ။ ဒါပေမယ့် ကူမယ်ဆိုကူးနိုင် တဲ့ အခြေနေရှိပါတယ်။
နံပတ်နှစ်အချက်အနေနဲ့ နှတ်ခမ်းချင်းနမ်းနေတဲ့အချိန်အတွင်း မိမိချစ်သူမှာ သွာဖုံးသို့မဟုတ် အခြားသော အကြောင်းအရာကြောင့် ပွန်းပဲ့ ပေါက်ပြဲပြီးသွေးစိမ့်ထွက်တဲ့ နေရာတစ်ခုရှိပြီဆိုပါဆို့။ ဒီအချိန်မှာ HIV ဖြစ်နိုင်တဲ့ အခြေနေတွေပါလာပါပြီ။ ကံဆိုးစွာနဲ့ မိမိမှာလည်း သွားဖုံးဒါမှမဟုတ် တစ်ခြားခံတွင်း အတွင်းပိုင်းနေရာမှာ အနာတစ်ခု ခုရှိနေပြီ် မိမိချစ်သူမှာ HIV (+) ဖြစ်နေရင် ရောဂါကူးဆက်ခံရနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အတတ်နိုင်ဆုံး အနေထိုင်ဆင်ခြင်သင့်ပါတယ်။
နောက်တစ်ချက်က မိမိချစ်သူက ကိုယ်နဲ့မပတ်သက်ခင် လူပေါင်းများစွာနဲ့ နေထိုင်ခဲ့လိမ့် မယ်ဆိုတဲ့ အတွေးကို အမြဲတွေးထားပါ။ အယုံလွယ်ပြီး ပရမ်းပတာအချစ်ကိုယုံစားမိရင် ဘ၀တိုးတက်လမ်းအတွက် ထိခိုက်လာစရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိမိအသိဥာဏ်နဲ့ ထိန်းချုပ်ကြပါ။ တကယ်လို့ လက်ထပ်ရန်အတွက် ရည်ရွယ်ထားရင် သွေးစစ်ပါ။သွေးစစ်ဆေးခြင်းမပြုဘဲ ဘယ်လိင်မှုကိစ္စလိုက်ရောခြင်းကိုမှ မပေးမိပါစေနဲ့။
(မိမိချစ်သူဟာ မိမိနဲ့မဟုတ်ဘဲ ပြည်တန်ဆာ၊gay ဒါမမဟုတ် အခြားသော ကိစ္စရပ်များ ပတ်သက်ပြီး HIV အသဲရောင် အသားဝါ (B၊ C) စသည့် ရောဂါများ လူမသိသူမသိကူးဆက်ခံထားရသူဖြစ်နိုင်ပါတယ်)။ ဒါမှလဲ အောင်မြင်ပျော်ရွင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်နိုင်မှာပါ။
(gay၊ Homosexual ၊ Bisexual Person)
တိုးတက်လာတဲ့ ခေတ်ကြီးမှာ (gay၊ Homosexual ၊ Bisexual Person) စသည်ဖြင့် လူအခွင့်အရေးအရ လူတန်းစားပေါင်းစုံကလည်း တိုးတက်တဲ့ ခေတ်စနစ်နဲ့ရှင်သန်လာကြပါတယ်။ ဒီမှာဘာကြောင့် ဒီအမျိုးစားလူတွေကို ပြောရသလည်းဆိုရင် သာမန်လူတွေထက် တတိယလိင်စိတ်ကိုပိုင်ဆိုင်ထားတဲ့ လူတွေကပိုပြီး အချစ်ရေးမှာထဲထဲ ၀င်ဝင်ရှိလှပါတယ်။ ဒါကြောင့် ဒီအပိုင်းမှာ (gay၊ Homosexual ၊ Bisexual Person) ကိုထည့်ဆွေးနွေးပါ့မယ်။
သူတို့အသိုင်းဝိုင်းက ပိုမိုလွတ်လပ်ပြီး လိင်မှုကိစ္စတွေမှာပိုမိုတက်ကြွကြပါတယ်။ ဒါကြောင့် ဘယ်သူတစ်ဦးတစ် ယောက်ကိုမှ စိတ်ချမယုံကြည်ဘဲ လိင်မူကိစ္စကို အကာအကွယ်ဖြင့် နေထိုင်သင့်ပါတယ်။ မြောက်များစွာသော အဖိုးတန်ဘ၀တွေက ယောက်ျား၊ မိန်းမ၊ gay၊ ဆိုပြီးပိုင်းခြားမထားပါဘူး။ တိုင်ပြည်အတွက် လူသားအားလုံးဟာ အဖိုးတန်ရတနာများပဲဖြစ်ပါတယ်။ ဒါကြောင့် အထူးသဖြင့် မည့်သည့်လိင်ခံစားစိတ်ကိုပိုင်ဆိုင်ထားတဲ့ လူငယ်တွေဖြစ်ဖြစ် ပိုမိုသတိထားစေချင်ပါတယ်။
နောက် Oral Sex ကHIV ကူးဆက်နိုင်ချေနည်းပါးတယ်ဆိုပေမယ့် တစ်ခြားလိင်ကတစ်ဆင့်ကူးဆက်တတ်တဲ့ ရောဂါတွေကိုတော့ တွန်းလန်နိုင်စွမ်းမရှိပါဘူး။ဒါကြောင့်တတ်နိုင်သမျှ အကာကွယ်သုံးပါ။ မည်သည့်အမျိုးအစားဖြင့် လိင်ဆက်ဆံသည်ဖြစ်စေ အကာကွယ်ကို ဂရုပြုပြီးသုံးစေချင်ပါတယ်။ တစ်ယောက်ထဲပါ။ နှစ်ယောက်ထဲပါ။ ဒီလောက်ဖြောင့်တဲ့ အဆင်လေး( အချောလေး)၊ ဖြစ်ပါစေ HIV (B၊ C) စတဲ့ရောဂါတွေ မရှိနေနိုင်ဘူးလို့ ဘယ်သူမှအာမမခံနိုင်ပါဘူး။
ကူးဆက်ခံ၇မယ်ဆိုရင် ကိုယ်တိုင်ပထမဆုံးကြေကွဲကြရမှာဖြစ်ပြီး နောက်ပိုင်း မိဘမောင်ဘွား နဲ့အသိုင်းဝိုင်းတစ်ခုလုံး နဲ့အဆင်မပြေမှုတွေဖြစ်လာနိုင်ပါတယ်။ လွတ်လပ်ပါ။ပွင့်လင်းပါ။ သို့သော်စည်းစနစ်တကျဖြင့် မိမိအခွင့်အရေးကို အသိရှိရှိအသုံးချပါ။
အကာအကွယ်ဖြင့် လိင်ဆက်ဆံတယ်ဆိုရင်တောင် အခန့်မသင့်ရင် HIV ကူးဆက်ခံရနိုင်ပါသေးတယ်။ မည်သည့်ပုံစံနဲ့ ဖြစ်နိုင်မယ်ထင်ပါသလဲ။ လိင်ဆက်စံနေစဉ်အတွင်းမှာ အကာအကွယ် (Aphaw) ပေါက်ပြဲသွားမယ်ဆိုရင် ကူးဆက် နိုင်ပါတယ်။ ဒါကြောင့် မည်မျှသန့်တဲ့ (အမျိုးသား) နဲ့ဖြစ်ဖြစ် အကာကွယ်ကိုသုံးပါ။ လိင်ဆက်ဆံပြီးရင် အသုံးပြုထား သော (Aphaw) အဟောင်းကို ပေါက်ပြဲမူရှိမရှိ သတိထားပြီးစစ်ဆေးပါ။
အကာကွယ်တော့သုံးပါတယ်။ ပေါက်သွားတာကို မသိဘူးဆိုရင် အသုံးပြုသူကော အသုံးပြုခြင်းကို ခံရသူကော (အကာကွယ်) အသုံးမပြုခြင်းနဲ့ဘာမှ မကွာခြားပါဘူး။
ဒီအပိုင်းမှာဒီလောက်ပဲပြောပါ့မယ်။ တော်ကြာအမြင်စောင်းမှာလဲစိတ်ပူလို့ပါ။
ယဉ်ကျေးမှုနဲ့လူငယ်
ကျွန်တော်တို့လူမျိုးတွေဟာ အရှက်ကြောက်ကြီးတတ်ကြပါတယ်။ အရှက်တရားကို အတိုင်းတာတစ်ခုလောက်ထိ လက်သင့်ခံနိုင်ပေမယ့် လွန်ကဲခြင်းကိုတော့ သိပ်လက်မခံနိုင်ပါဘူး။ မိမိအနေနဲ့ အထက်ပါအချက်လက်တစ်ခုခု ကြောင့် HIV သံသယ ၀င်နိုင်တဲ့ အခြေနေတစ်ခုခုနဲ့ ကြုံနေရပြီဆိုပါစို့။ မရှက်ပါနဲ့ တိုင်ပင်ပါ။နှီးနှောပါ။ ဆွေးနွေးပါ။ ဒါပေမဲ့ မိမိတိုင်ပင်မယ်သူနဲ့ အတိုင်ပင်ခံသူတို့ကြားမှာခိုင်မြဲတဲ့ ယုံကြည်မူရှိ၇န်တော့လိုပါတယ်။
ဒီလိုမဟုတ်ရင်လဲ Sun တံဆိပ်၇ှိတဲ့ ဆေးခန်းတွေမှာ သွားရောက် ဆွေးနွေးနိုင်ကြပါတယ်။
ဗုဒ္ဓဘာသာမှာ လိင်မှုကိစ္စကိုရှက်ဖွယ်အဖြစ်ယူဆထားလို့ ကျွန်တော်တို့မသိနိုင် မမြင်နိုင်တဲ့ တိုးတိုးတိတ်တိတ် အခြေနေတစ်ရပ်မှာ နှစ်ရှည်လူသတ်သမားဖြစ်ကြတဲ့ ရောဂါဆိုးတွေက တဖြေးဖြေးချင်းလူသားတွေဆီဝင်ရောက် နေကြပါတယ်။ ဒါကို လူတိုင်းလက်မခံပေမယ့် နိုင်ငံတကာစစ်တမ်းတွေအရ ကျွန်တော်တို့ မြန်မာဟာလဲ HIV အဖြစ်ဆုံးနိုင်ငံစာရင်းမှာ တရိပ်ရိပ်တက်လာပါတယ်။ လူငယ်တွေကူးဆက်ခံရမယ်ဆိုရင် ထိုကတစ်ဆင့် တိုင်ပြည်တိုးတက်ရေးကိုလုပ်ဆောင်တဲ့ နေရာမှာ ဆိုးကျိုးအဖြစ် လူသားအရင်းမြစ်တွေ ထိခိုက်နစ်နာမှာဧကံပါဘဲ။
ဗဟုသုတရှိပါ။ စဉ်းစားတွေခေါ်ပါ။ သူတစ်ပါးပြောစကားနဲ့ လမ်းမဆုံးဘဲ။အမြင်ကျယ်ကျယ်နေထိုင်ကြပါ။ ဒါမပဲ ခေတ်တစ်ခေတ်မှာ အောင်မြင်ပျော်ရွှင်တဲ့ အဖိုးတန်လူငယ်လေးတွေဖြစ်မှာပါ။ ဆန္ဒတစ်ခုကြောင့် နောက်ဆက်တွဲဖြစ်လာမယ့် ဝေဒနာတွေက စွမ်းအားကြီးမားလွန်းပါတယ်။ ယဉ်ကျေးမူကြောင့် ခေတ်တစ်ခုရဲ မျိုးဆက်လူသားလေးတွေ ဆုံးရှုံးမယ်ဆိုရင် တချို့ချို့ သော ယဉ်ကျေးမူတင်းကျပ်ခြင်းတွေကို ဖယ်ထုတ်ရပါမယ်။
ကျွန်တော်အပေါ်အပိုင်းမှာပြောခဲ့ပါတယ်။ (Aphaw) တစ်ခုကို လူငယ်တစ်ယောက်ဆောင်ထားတာအပြစ်လား ဆိုတဲ့ကိစ္စကကျွန်တော်အမြင်မှာတော့ အပြစ်မဟုတ်ပါ။ မိဘတွေဟာလဲ အချိန်နဲ့တပြေးညီ မိမိသားတွေကို မထိန်းအုပ်နိုင်ပါဘူး။ ဒီအချိန်မှာ တစ်ခုတော့ရှိပါတယ်။ အမျိုးသမီးငယ်တွေအနေနဲ့တော့ (လုံးဝ) ဆောင်ထားခြင်းမပြုရပါဘူး။ မြန်မာနိုင်ငံ ဥပဒေအရ (Aphaw) အမျိုးသမီးငယ်တွေထံမှာတွေရှိခြင်းဟာ ပြည်တန်ဆာဥပဒေတစ်ခုနဲ့ထိနေပါလို့ပါ။
ဒါကြောင့် မိဘတွေကိုလည်းတိုက်တွန်းချင်ပါတယ်။ ဗဟုသုသရှိပါ။ ပတ်ဝန်းကျင်ကိုလေ့လာပါ။ အမြဲထာဝရ ရှေးရိုးကြီးကို စွဲကိုင်မထားပါနဲ့။ရှေးရိုးကြောင့် မိမိသွေးသားဒီလိုအဖြစ်မျိုးကြုံလာရင်ကိုယ်တွေပဲ နှစ်ရှည်လများ စိတ်ဆင်းရဲကြပါလိမ့်မယ်။
ဒီလိုအခြေနေဖြစ်လာလို့ HIV စစ်ရန် ရှက်ကြောက်နေကြသေးတယ်ဆိုရင်လည်း ခုခေတ်မှာသွေးစစ်တဲ့ အပြားလေးတွေ ၀ယ်လို့ရပါတယ်။ ဆေးဆိုင်တစ်ဆိုင်ဆိုင်မှာ RV စစ်တဲ့ စစ်တံလေးတစ်ခုပေးပါ။ ၀ယ်ပေါ့။ ပြီးရင် ကိုယ်တိုင်စစ်။ ရှိနေတယ်ဆိုရင် သေချာကျွမ်းကျင်တဲ့ အဖွဲစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဘ၀ကို ပျော်ရွင်စွာဖြတ်သန်းလို့ရပါတယ်။
အဓိကက အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း လက်ခံနိုင်ရန် ကြိုးစားပါ။ စစ်တံလေးတွေက တစ်ခုကို 2500 ကစပြီး ဈေးအမျိုးမျိုးရှိပါတယ်။ အမျိုးသမီးငယ်တွေဆိုရင်လည်း ဒီလောက် ငွေကြေးလေးကိုအသုံးချပြီး မိမိဘ၀အတွက် စိတ်ချရ နိုင်တဲ့ အိမ်ထောင်ဦးစီးဖြစ်လာမယ့် ချစ်သူနဲ့  တိုင်ပင် စစ်ဆေးပြီး သာယာပျော်ရွင်တဲ့ဘ၀ကို သံသယကင်းကင်း တည်ဆောက်နိုင်ပါတယ်။
ဒီလိုအကြောင်းအရာတွေ ရေးနေလို့ ကျွန်တော်က ဆရာဝန်တစ်ယောက်လည်းမဟုတ်ပါဘူး။ ကျွန်တော်လေ့ လာထားသလောက်ကိုဘဲ အဆင်ပြေသလိုရေးထားပေးတာပါ။ လူငယ်အားလုံးဟာ အနာဂတ်အတွက် အဖိုးတန် ရတနာတွေဖြစ်တဲ့ အတွက် ဆန္ဒကိုသိက္ခာနဲ့ ထိန်းချုပ်ရင်း HIV သားကောင်အဖြစ်ကနေ ရိုးရင်းသောနည်းလမ်းဖြင့် လွတ်မြောက်အောင် တိုက်ပွဲဝင်ကြပါစို့။
Credit- ဇော်ညီညီ (နေပြည်တော်)
Friday, May 23, 2014
On 3:34 AM by Unknown in gay life 5 comments
ဒီအကြောင်းကို
စဉ်းစားမိနေတာကြာပါပြီ။ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်နေတာပါ။ ကျွန်တော်တို့ ဂေးတွေအတွက်
အခက်အခဲကြီးတစ်ခုဆိုလဲဟုတ် ပြသနာတစ်ခုဆိုလဲဟုတ်တဲ့ ဒီအကြောင်းအရာကို ကျွန်တော်စဉ်းစားမိသလောက်
ဆွေးနွေးတင်ပြချင်ပါတယ်။ အမြင်မတူလို့ ကွဲလွဲချက်တွေရှိနေရင်လဲ စာဖတ်သူတို့အနေနဲ့ မိမိအမြင်များကိုလွတ်လပ်စွာ
ထင်မြင်ချက်ပေးပိုင်ခွင့်ရှိပါကြောင်းနဲ့ လွတ်လပ်စွာ ဆွေးနွေးဖလှယ်နိုင်ပါကြောင်းကိုလဲ
ပြောကြားလိုပါတယ်။
ဒီအကြောင်းကိုဆွေးနွေးမယ်ဆိုရင်
အရင်ဆုံးအပွင့်တွေကို ခဏဘေးဖယ်ထားချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငယ်ငယ်ကတည်းကပွင့်နေတဲ့
Thursday, May 22, 2014
နေမောင်ကို မွေးခဲ့တုန်းက ဖေဖေတော်တော်ပျော်ခဲ့သည်တဲ့။ နေမောင်ရှေ့တွင် သမီးချည်းပဲကို သုံးယောက်တိတိတောင် မွေးထားခဲ့သည်ဖြစ်ရာ သားတစ်ယောက်လိုချင်လွန်းလှသော ဖေဖေသည် ဘယ်တုန်းအခါကမှ မယုံခဲ့သည့် ဗေဒင်များ၊ယတြာများကိုပင် လျှင် အတော်ကြီးယုံခဲ့သည်ဟုဆိုသည်။ ဘုရားတွင်လည်း အကြိမ်ကြိမ်ဆုတောင်းခဲ့ရသည်ဟု မေမေကပြောပါသည်။ ထို့နောက်တွင် နေမောင့်ကိုမွေးသည်။ ဖေဖေကား ပျော်မဆုံးပြီတည်း…။
သားတစ်ယောက်မွေးရခြင်းနှင့် သမီးတစ်ယောက်မွေးရခြင်းသည် အလွန်တရာကိုမှ ကွာခြားလွန်းလှသည်ဟု ဖေဖေက ခံယူသူပင်..။ သမီးဆိုသည့်အမျိုးက အချိန်တန်လျှင် အိမ်ထောင်ကျပြီး သျှောင်နောက်ဆံထုံးပါ ယောက္ခမအိမ်သွားရမည့်သူ၊ မွေးသောမိဘများ မပိုင်ရ။ အားကလည်းကိုးလို့မရ။ တစ်နည်းအားဖြင့် သမီးတစ်ယောက်ရလာခြင်းသည် ဘာကိုမှ ကြီးကြီးမားမား မျှော်မှန်း၍မရ..။ သားဆိုသည့် အမျိုးကတော့ ထိုသို့မဟုတ် မွေးကတည်းက သက်ဆိုင်းတိုင် မိဘဖြစ်သူတွေနှင့်အတူတူနေပေးမည့်သူဟု ဖေဖေကခံယူသည်။ ကိုယ်က ပိုင်ဆိုင်ခွင့်ရသည်…ဒီကြားထဲ အချိန်တန်လျှင် လိမ္မာသော ချွေးမလေးတစ်ယောက်ကိုလည်း အိမ်ပေါ်သယ်ဆောင်လာပေးဦးမည်။
ယောက်ျားလေးဖြစ်သောကြောင့်လည်း တစ်နေ့တွင် ဖအေ့ခြေရာနင်း၊ ဖအေရုန်းခဲ့သမျှ အလုပ်တွေ ဆက်ခံလုပ်ကိုင်ပေးမည့်သူ၊ မိဘကို သက်ဆုံးတိုင် လုပ်ကျွေးမည့် သူ….စသဖြင့် စသဖြင့်သော ခံယူချက် မျှော်မှန်းချက်တွေနှင့် ဖေဖေပါတည်း။
သို့သော်…..
Saturday, May 10, 2014
ဘာသာရေးကြောင့် ပဲဖြစ်ဖြစ်၊
လူမှုအသိုင်းအ၀ိုင်း ကြောင့်ပဲဖြစ်ဖြစ်၊ လက်ထပ်ထားလို့ ပဲဖြစ် ဖြစ် ယောက်ျားလေး
တော်တော်များများက ကိုယ်လိင်တူဆက်ဆံတာကို မသတီဖြစ်တတ်တာ၊ ကိုယ့်ကိုကိုယ် အပြစ်
ရှိတယ်လို့ ထင်တတ်တာတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့သာ အဲဒီလိုမျိုး ခံစားနေရမယ်ဆိုရင်
ကိုယ့်ကျန်းမာရေးအတွက်ရော၊ လိင်ဆက်ဆံဖက်ရဲ့ ကျန်းမာရေးအတွက်ရော တာဝန်ယူနိုင်မှာ
မဟုတ်တော့ပါဘူး။ လိင်တူဆက်ဆံတဲ့ ယောက်ျားတစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ်
လက်မခံနိုင်မှုတွေကြောင့် HIV ပိုးနဲ့ ကာလသားရောဂါပိုး ကူးစက်နိုင်ခြေတွေ
ပိုများလာနိုင်တာကို သတိပြုဖို့လိုပါတယ်။
၁။
ပေါင်းသင်းဆက်ဆံရေး မကောင်းခြင်း
ယောက်ျားချင်း လိင်ဆက်ဆံတယ် ဆိုတာကို
လူသိမခံဝံ့တဲ့သူတွေဟာ လိင်ဆက်ဆံခြင်းကို ပုန်းလျှိုးကွယ်လျှိုး ပြုလုပ်ကြပြီး
ဆက်ဆံဖက်တွေလည်း များတတ်ပါတယ်။ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံ ခြင်းအကြောင်း၊
Thursday, April 17, 2014
On 9:50 AM by Unknown in gay life 4 comments
ပဏ္ဍုပ်ဟူသောစကားသည်ပဏ္ဍကဆိုတဲ့ ပါဠိက ဆင်းသက်လာသည်။ အရပ်စကားနဲ့ပြောရရင်တော့
အခြောက်(ဂေး) ဟု ပြောကြသည်။ ပဏ္ဍုပ်များသည်မြတ်စွာဘုရားရှင်လက်ထပ်ကတည်းက ရှိနေခဲ့ခြင်းဖြစ်ပါသည်။
ပဏ္ဍုပ်များသည် ဗုဒ္ဓဟောကြားသော ဝိနည်းတော်ဥပဒေတော်ကြီးတွင်လည်း အတိအလင်းပါဝင်ထားပါသေးသည်။
ပဏ္ဍုပ်ကိုတိုက်ရိုက်အနက်အဓိပ္ပါယ်ပြန်ကြည့်မယ်ဆိုရင်တော့ လိင်င်္အဂါချို့ယွင်းသူဟု အဓိပ္ပါယ်ရပါသည်။
ပဏ္ဍုပ်တို့အားဘုရားရှင်ကိုယ်တော်ကြီးမှ အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားပါသည်
Friday, April 11, 2014
တနှစ်တနှစ် စအို-ကင်ဆာ လူနာပေါင်း အမေရိကားမှာ ၆ဝဝ ရှိပြီး၊ ၈ဝဝ နီးနီးသေဆုံးနေကြရတယ်။ လိင်ကတဆင့် ကူးစက်တဲ့ သားအိမ်ဝ-ကင်ဆာရောဂါ ကာကွယ်ဆေး HPV vaccine ဟာ (ဂေး) တွေမှာ အဖြစ်များတဲ့ စအို-ကင်ဆာကိုပါ ကာကွယ်နိုင်တယ်လို့ နိုင်ငံတကာ သုတေသန တခုက ဆိုလိုက်ပါတယ်။
ယောက်ျားတွေကို ဒီကာကွယ်ဆေး ထိုးပေးထားရင် Human papillomavirus ဗိုင်းရပ်စ် ရောဂါဖြစ်မှာကို ၇၅% သက်သာစေတယ်လို့ The New England Journal of Medicine မှာ ရေးသားလိုက်တာ ဖြစ်ပါတယ်။
ဒီထုတ်ဖေါ်ချက်ဟာ Centers for Disease Control and Prevention အမေရိကန် ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေး ဗဟိုဌာနကနေ အသက် ၁၁-၁၂ နှစ်ရှိတဲ့ ယောက်ျားလေး မှန်သမျှ ဒီ HPV ကာကွယ်ဆေးထိုးကြဘို့ အကြံပြုအဖွဲ့ကနေ တိုက်တွန်းချက် ထွက်တဲ့နေ့ရဲ့ နောက်ရက်မှာ ထုတ်ပြန်လိုက်တာပါ။
အဓိပ္ပါယ် ဖွင့်ဆိုခြင်း
German gynecologist တစ်ယောက်ဖြစ်တဲ့ Ernst Gräfenberg က ရှာဖွေတွေ့ရှိခဲ့တာဖြစ်လို့ G-Spot လို့ ခေါ်ပါတယ်။ အဓိပ္ပါယ် အပြည့်စုံကို အင်္ဂလိပ်လို ပြောရင် ပိုကောင်းမယ် ထင်ပါရဲ့။
The prostate in men has been unofficially called the male G-Spot because it can also be used as an erogenous zone. It is located where the rectum joins the colon, about 50 mm (2 in) from the anus, and when aroused it is a walnut-shaped swelling.
မြန်မာလို နားလည်လွယ်အောင် ပြောရရင်တော့ စအိုတွင်း မှာရှိနေတဲ့ ယောက်ကျား
ကာမ-ခလုတ် ပေါ့ဗျာ။
On 8:06 AM by Unknown in gay life No comments
|
“လောကအလှ” အင်တာနက် မဂ္ဂဇင်း စာမျက်နှာက “လိင်တူချင်းတပ်မက်မှု”နဲ့ ပတ်သက်ပြီး ကျွန်တော့်ကို
မေးမြန်းခဲ့ဖူးပါတယ်။ အဲဒါကို http://lawka-ahla.com/news.php?item.1167
မှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။ အဲဒါလေးကို
သူ့စာမျက်နှာကပဲ ကူးယူပြီး ကျွန်တော့် ပရိသတ်အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
ေေိ်မေး ။အမျိုးသားတစ်ဦးက သူ့ကိုယ်သူ လိင်တူချင်းကို နှစ်သက်တဲ့သူဆိုတာကို အသက်ငယ်စဉ်မှာ တင်သိနိုင်သလား ဆရာ။ အသက်ငယ်စဉ်မှာကတည်းက ကိုယ့်ကိုယ်ကို သိနိုင်တာပဲ။ သက်လတ်ပိုင်းအရွယ်ကျမှ လိုင်းပြောင်းသွားတာမျိုးဆိုတာ ဖြစ်နိုင်ပါသလား။ အတ္တကျော် ။ ။ ကျွန်တော့်ဆီမှာ ကလေးရပြီး၊ ကလေးတော်တော် အရွယ်ရောက်ပြီးမှ အဲဒီ့လိုင်းကို အပြီး ပြောင်းသွားပြီး သူ့ကိုယ်သူ စက်ဆုပ်နေသူရဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာရှိပါတယ်။ အလားတူ စာတွေလည်း ရှိနေတဲ့အပြင် တစ်နေ့က Burnet Institute မှာ Sexuality အကြောင်း ဟောပြောတော့ တက်ာတဲ့ မေးခွန်းတွေထဲမှာ အိမ်ထောင်သည် ဖြစ်ပြီးမှ သည်လိုတွေ လိုင်းပြောင်းကုန်ကြတာ ဘာ့ကြောင့်လဲ ဆိုတဲ့ မေးခွန်းက ငေါငေါကြီး တ |
On 6:41 AM by Unknown in gay life No comments
ဂေးလောကမှာပြောနေကြတာ တစ်ခုရှိပါတယ်။ ဂေးတွေဟာသစ္စာမရှိဘူးတဲ့....... ဟုတ်ပါတယ် ဒီစကားဟာဂေးလောကမှာအပြောများကြပါတယ်။ ဒီတော့ဂေးတွေဘာလို့ သစ္စာမရှိကြတာလဲ စဉ်းစားစရာပါ။ ဂေးအချစ်ဟာ သဘာဝကြီးကိုဆန့်ကျင်ထားတဲ့ အချစ်မိုလို့ ဂေးတွေဟာသစ္စာမရှိတာလား.... ဒါမှမဟုတ် နောက်ဆက်တွဲအကျိုးဆက် ဥပမာ ကိုယ်ဝန်ရှိတာတို့ဘာတို့မရှိလို့ သစ္စာမရှိတာလား.... ဒါမှမဟုတ် ဂေးတွေရဲ့ပင်ကိုယ်စရိုက်ကိုယ်က ဖောက်လွဲဖောက်ပြန်လုပ်ချင်ကြတာကြောင့် သစ္စာမရှိတာလား.....
Friday, March 1, 2013
On 3:58 AM by Unknown in gay life 16 comments
တစ်ဦးကိုတစ်ဦးဘယ်လောက်ထိရည်ရွယ်ထားလဲ?
ဘယ်လောက်ထိချစ်နိုင်ကြမှာလဲ?
ဒီခေါင်းစဉ်ကတော့
နံပါတ်တစ်စဉ်းစားရမည့် အချက်ဖြစ်ပါတယ်။ ကိုယ်က ချစ်သူထားမှာလား ဒါမှမဟုတ် ရည်းစားထားမှာလားဆိုတာကိုပါပဲ။
ချစ်သူနဲ့ရည်းစားက တကယ်တော့ အဓိပ္ပါယ်ချင်းမတူပါဘူး။ အပေါ်ယံကြား ရင်ခပ်ဆင်ဆင်ရှိပေမယ့်
ချစ်သူဆိုတဲ့အဓိပ္ပါယ်ကတော့ ကိုယ်တကယ်ချစ်တဲ့သူ ကိုယ့်ကိုလဲ တကယ်ချစ်သူ ကိုချစ်သူလို့ခေါ်ပါတယ်။
ရည်းစားဆိုတာကတော့ အပျော်ထားရုံ အပျင်းပြေရုံသက်သက်ပဲ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါကြောင့်
တစ်ယောက်နဲ့တစ်ယောက်တွဲတော့မယ်ဆိုရင် သူ့ဖက်ကိုဖက် အဆင်ပြေအောင် ညှိယူနိုင်ဖို့အရေးကြီးပါတယ်။
တစ်ဦးနဲ့တစ်ဦးသည်းခံ နိုင်မှုအတိုင်းအတာကလဲ အဲ့ဒီလူနှစ်ဦးကြားမှာရှိတဲ့ သံယောဇဉ်အတိမ်အနက်ကိုဖော်ပြပါတယ်။
ဘယ်လောက်ပဲ ရန်ဖြစ်ရန်ဖြစ် မကွဲနိုင်ကြတဲ့ လင်မယားတွေကိုတွေ့ဖူးမှာပေါ့။ ဒါကြောင့်
တစ်ယောက်နဲ့တစ်ယောက် တစ်သက်တာထိ လက်တွဲဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ဖြစ်လာသမျှ ပြဿနာကို
အေးအတူပူအမျှ ရင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ်။
Role ကိစ္စ
ဒါကလဲ ဟိုမိုတွေအတွက်
အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ တစ်ခါတစ်လေ
တစ်ဦးနဲ့တစ်ဦးချစ်ကြ ပေမယ့် role ကိစ္စအဆင်မပြေတာတွေ ရှိနေတတ်ပါတယ်။ ဥပမာ ကိုယ်ကလဲ
top ကိုယ့်ချစ်သူကလဲ top ဖြစ်နေတာမျိုးတွေ role ချင်းတူနေတာမျိုးတွေကိုဆိုလိုတာပါ။
ဒါပေမယ့် စောစောကပြောသလို တစ်ဦးနဲ့တစ်ဦး တစ်သက်လုံးလက်တွဲဖို့ ဆုံးဖြတ်ထားတယ် သူမှသူ
တစ်ခြားလူဆို ဘယ်သူမှမချစ်နိုင် ပါဘူးဆိုရင်တော့ role ချင်းညှိယူရပါလိမ့်မယ်။ ကိုယ်နဲ့
role ချင်းတူနေတဲ့ချစ်သူက ကိုယ့်ကိုလိုက်လျောပြီး top ကနေ ver အဖြစ်ဆင်းပေးလိုက်သည်
ဆိုပါစို့။ အဲ့ဒီအခါကျ ကိုယ်က top ကပဲနေနေရုံနဲ့ မပြီးသေးပါဘူး။ သူကတောင် ကိုယ့်ကိုချစ်လို့ လိုက်လျောပေးထားရင်
ကိုယ်က top ကြီးပဲနေမယ်ဆိုတော့ တရားမျှတမှု ရှိရဲ့လားဆိုတာကို စဉ်းစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့
ဟိုမိုအချစ်ဆိုတာမျိုးက သာမန်အချစ်လို ဆက်ဆံရေးနဲ့နေလို့မရလို့ပါဘူး။ လောကကြီးကိုဆန့်ကျင်ထားတဲ့
အချစ်ဖြစ်တဲ့အတွက် သဘာဝမကျတဲ့ အလေ့အကျင့်တွေကို သဘာဝကျအောင် ဖန်တီးရယူရပါမယ်။ ဒီကိစ္စက
role မတူတဲ့သူတွေအတွက်တော့ ပြဿနာတစ်ခုမဟုတ်ပါဘူး။
Friday, February 15, 2013
On 12:59 AM by Unknown in gay life 13 comments
လူတွေ၏နားထဲတွင်
Gay ဟုဆိုလိုက်သည်နှင့် တစ်ချို့က မျက်နှာရှုံ့ကြမည်။ တစ်ချို့ ရွံရှာသလိုဖြစ်သွားကြမည် တစ်ချို့ကျတော့လဲ ဘာမှမဖြစ်သလိုပဲနေကြသည်။ မည်သို့ပင်ဆိုစေကာမူ
ကျွန်တော်တို့ဂေးတွေသည် လူတွေ၏ အပြောခံလူတန်းစားဘဝကနေ မလွတ်မြောက်နိုင်သေးသည်မှာ ယနေ့ထိတိုင်အောင်ဖြစ်သည်။
ထိုကဲ့သို့ ဖိအားများ ပတ်ဝန်းကျင်တွင် တည်ရှိနေသောကြောင့် မဖြစ်သင့် မဖြစ်ထိုက်သည့်
ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာရသည်။ လူတွေ၏ တစ်ဖက်သက်အမြင်ဖြင့် ဂေးတွေကို ဖိနိမ့်
ခွဲခြားဆက်ဆံကြသည် လှောင်ပြောင်သရော်ကြသည်။ ထို့ကြောင့် လူတစ်ယောက်ဟာ သူ့ကိုယ်သူ
100% ဂေးဟုသိနေလျှင်တောင် ပတ်ဝန်းကျင်တွင်
ဂေးဟုလူသိမခံတော့ချေ။ ထိုင်နေလျှက်အကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလို မိမိဘာသာ
အပုန်းဘဝဖြင့်နေနေသည်က လူပြောမခံရပဲ အေးအေးဆေးဆေးနေနိုင် သေးသည်။ ပတ်ဝန်းကျင်တွင် ဂေးဟုဝန်ခံလိုက်ခါမှ
မထင်မှတ်သည့် ဆိုးကျိုးတွေ ရရှိလာနိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့နေထိုင်သည်က
မြန်မာနိုင်ငံမဟုတ်ပါလား...........
သာမန် လိင်ကွဲကိုမှနှစ်သက်သူ Straight တစ်ယောက်သည်
မိမိကိုယ်ဂေးဟု အစခံရပါက မည်သို့မျှ ဖြစ်မသွားသော်လည်း ကျွန်တော်တို့ ဂေးတွေသည် လူကြားသူကြားထဲတွင်
မတော်တဆ ဂေးဟုအစခံရပါက နောက်ကျောမလုံသလိုဖြစ်မိတာတော့အမှန်ပင်ဖြစ်သည်။ အမှန်တကယ်တော့
လိင်စိတ်ဝင်စားမှု ပြောင်းလဲရာကနေ စတင်လာခဲ့ပြီး လိင်တူချင်းသာ ကြိုက်နှစ်သက်တတ်ကြသော
ကျွန်တော်တို့ဂေးများသည် လူအဖွဲ့အစည်းတစ်ခုလုံး၏ လူသားများသာဖြစ်ပါသည်။
Tuesday, September 4, 2012
On 7:52 AM by Unknown in gay life
ချယ်တို့က ‘ဂျယ်’ ဆိုတော့၊ မိန်းမလျှာဆိုတော့ အဲ...အဲ…ရိုင်းရိုင်းခေါ်ရင်
အခြောက်မ၊ ဂျီမတွေဆိုတော့ ကိုယ့်စကားကိုယ် အထင်အမြင် သေးချင်ကြတယ်။
စကားပေါ့၊ စကားပို၊ စကားလျှံ ထင်ကြတယ်၊ ဖိနပ်ကြားက နတ်စကားထွက်မလားပေါ့…ဒီလို…သူတို့က။
ပြောပါစေ…ပြောပါစေ…ထင်ပါစေ…။
တနေ့တော့ ဂျီမ စေတနာကို သိလာမှာပါ။ ဘယ်သူက ဘာတွေထင်လည်း ဂရုမစိုက်သေးဘူး။
ဂျီမဘ၀ကို ပြောင်ပြောင်တင်းတင်း ခံယူလိုက်ပြီးကတည်းက ချယ် တို့ (အချစ်ဝတ္ထုတွေထဲက ခပ်တေတေ ဇာတ်လိုက်မ လေသံနဲ့ ပြောရရင်) “ချယ်တို့ ဘာကိုမှဂရုမစိုက်ပြီ၊ သေမှာမကြောက်လို့ ပေတရာ လျှောက်နေတာ…၊ ဘယ်အရာကို ချယ်ဂရုစိုက်ရမည်နည်း။ ချယ် ဂရုမစိုက်လိုပြီ…။
ချယ် သိပ်နားလည်သည်ပေါ့…။ လေးငါးတန်းမျှသာတတ်တဲ့ ပညာမဲ့မှ မဟုတ်ဘဲ။ ဘွဲ့ရ ပညာတတ်တယောက်အနေနဲ့ သိပ်နားလည်သည်ပေါ့။
ဒီဘ၀ ဂျီမဖြစ်ရတာဟာ ဟိုအရင်ဘ၀က သူများသားမယားကို
စော်ကားပစ်မှားခဲ့လို့ဆိုတဲ့ ဗုဒ္ဓတရားတော်အလိုအရလည်း ချယ်သိတယ်။
သိပ္ပံနည်းကျကျ လေ့လာပြီး စိတ်ပညာရှင်တွေက ပြောတဲ့ (Homo Dysfunction) ဟိုမုန်း ပြောင်းလဲတဲ့ ရောဂါ၊ ဟိုမုန်း ကမောက်ကမ ဖြစ်တဲ့ရောဂါဆိုတာကိုလည်း ချယ် သိတယ်။
ရောဂါပဲဖြစ်ဖြစ်၊
ဝဋ်ခံရတာပဲဖြစ်ဖြစ် ဂျီမဘ၀ဟာ မကောင်းဘူးဆိုတာလည်း ချယ်သိတာပါပဲ။
ကိုယ့်ကိုမြင်သူတိုင်းက ရယ်စရာ သတ္တ၀ါတယောက်လို သဘောထားကြတယ်။ တချို့ကလည်း
ရွံစရာ သတ္တ၀ါတယောက်လို
ကြည့်ကြတယ်။ ကိုယ်ပြောတဲ့စကားကို ဘယ်သူမှ မလေးစား ချင်ဘူး။ အထင်သေးကြတယ်။
ယောက်ျားတန်မဲ့နဲ့ ရေသာခိုအချောင်လိုက်နေကြတယ်လို့ ထင်ကြတယ်။ ခုဆို
ပိုဆိုးသေး၊ ဘတ်စ်ကားပေါ်မှာ ချယ်တို့နဲ့ လူတွေက တွဲမထိုင်ချင်ကြတော့ဘူး။
အေအိုင်ဒီအက်စ် ရောဂါပိုး ဖြန့်ဝေသူလို့ ထင်ကြပြန်တယ်။ ကဲ…စဉ်းစား…ဂျီမ၊ အခြောက်မ ဖြစ်ရတဲ့ဘ၀ ဘယ်မှာကောင်းလို့လဲ။ ဘယ်သူဖြစ်ချင် မလဲ။ တကယ်ပါ ချယ်လည်း ဖြစ်ချင်ပါ့မလား၊ ချယ်မဖြစ်လိုပါ …။ ချယ် မဖြစ်လိုတာ သေချာပါသည်ကွယ်…။
ချယ် ရောဂါစတာ ငါးနှစ်သမီး။ အဲ…ငါးနှစ်သားလောက်ကပေါ့။
ချယ့်ဒက်ဒီက အစိုးရအရာရှိတယောက်၊ မာမီက ဟိုစပ်စပ် ဒီစပ်စပ် ပွဲစားမပေါ့။
ချယ်က အကြီးဆုံးသား သြရဿ၊ သားကြီး သြရဿအခြောက်ဖြစ်တာလေ ကောင်းကြရော။
ချယ်တို့အိမ်က ဂျယ်လီ…ဂျယ်လီနဲ့ ချစ်စနိုးခေါ်ကြတယ်လေ။ ယောက်ျားနာမည် မှည့်ထားတာက တော့ ‘အောင်ပြည်စိုး’ တဲ့။ ထားလိုက်ပါတော့ ဒါက တကပ်။ ရုပ်ရှင်စကားနဲ့ ပြောတာလေ… ကပ် ချိန်းလိုက်ဦးမယ်။
အဲ…ငါးနှစ်သားလောက်မှာ
ချယ်ဆိုတဲ့ ဂျီမပေါက်စလေးက၊ မာမီ့မိတ်ကပ်တွေ၊ နှုပ်ခမ်းနီတွေ ယူလိမ်း၊
ယူဆိုး၊ ပြီးတော့ မာမီ့ထမီကြီး ၀တ်ပြီး တိုက်ခန်းဝရန်တာမှာ ဆယ့်နှစ်ရာသီ
ကနေတာပဲ။ ကိုယ့်ဖာသာကိုယ် ဘာဖြစ်မှန်းလည်းဘယ်သိမလဲ။ အဲဒါ လမ်းပေါ်က
ရှောက်သီးဆေးပြားရောင်းတဲ့ အချောက်မကြီးတွေက မြင်တော့ ‘သမီးလေး…သမီးလေး…’ နဲ့ လှမ်းလှမ်းခေါ်ကြတယ်။ ဇာတ်သွင်းတာလေ…၊ အချောက်မကြီးတွေလုပ်ပုံ လုပ်စရာလား…။
ချယ်ကတော့
အဲလိုခေါ်ရင် ရှက်ရှက်ပြီး အိမ်ထဲဝင်ပြေးတာပဲ။ ချယ် အဲလို ကကနေတာကို
အစကတော့ ဒယ်ဒီရော၊မာမီရော ကလေးပဲဆိုပြီး ကြည့်နေသေးတယ်။
ဆယ်နှစ်သားကျော်လာတော့ ဒယ်ဒီတို့ မာမီတို့ လန့်လာပြီ
ဘောင်းဘီရှည်မချွတ်တမ်းဝတ်ပြီး ဖင်လေးလိမ်ကျစ်လိမ်ကျစ်နဲ့ ဂျယ်လီကလေ…၊ ဂျယ်လီကလေ…နဲ့ပြောရာကနေ ချယ်က…ချယ်က…နဲ့ဖြစ်လာပြီလေ။ ကျောင်းစာအုပ်အဖုံးမှာလည်း ‘ပန်းချယ်ရီမမ’ တဲ့ နာမည်တွေပြောင်းလို့...။ အဲတင် ဒယ်ဒီက အိမ်ရှေ့ဝရန်တာမှာ ကြိုးနဲ့တုတ်တော့တာပဲ။ ပြီးတော့ ကြိမ်လုံးနဲ့ ‘ဟေ့ကောင်…မင်း…မိန်းမ လား…၊ ယောက်ျား လား…ပြောစမ်း’ ဆိုပြီး ‘ရွှမ်း’ ဆိုတချက်ချ။ ချယ်က ကျောလေးကော့ပြီး ‘အမယ်လေး…မိန်းမပါဒယ်ဒီရဲ့...’ ဆိုပြီး အော်တာပဲ။
Saturday, September 1, 2012
On 10:23 PM by Unknown in gay life
English - Gay
Myanmar - လိင်တူချင်းဆက်ဆံသော။ ပူပန်မှုကင်းသော ။ပေါ့ဆသော။ နမော်နမဲ့နိုင်သော ပျော်ရွှင်သော။မြူးကြွသော။
n လိင်တူချင်းဆက်ဆံသူ။
ကျွန်တော်သည်
အမှန်စင်စစ်အားဖြင့် ဂေး တစ်ယောက် ဖြစ်ပါ၏။ မိမိကိုယ်ကိုမညာတမ်းဝန်ခံရလျှင် ကျွန်တော်ဂေးဖြစ်ရသည့်
အတွက် အနည်းငယ်သိမ်ငယ် သလိုခံစားမိသည်။ ကျွန်တော်တွေ့ကြုံလာရသည့် အတွေ့အကြုံကပေးသည့်
ခံစားမှုတစ်ချို့က ကျွန်တော့်ကို သည်လိုသိမ်ငယ်စေဖို့ အများဆုံးတွန်းအားပေးခဲ့သည်ဆိုလျှင်
မမှားပါ။
ဂေးဖြစ်ခြင်းက သာမန်ယောကျာ်းတစ်ဦးထက် နိမ့်ကျသည်လား။
သို့မဟုတ် ကျွန်တော်တို့သည့် အပြစ်တစ်ခုကို ကျူးလွန်မိသည့် အပြစ်ရှိသူတွေလား ဟုကျွန်တော်စဉ်းစားမိသည်။
တကယ်ဆိုလျှင် ကျွန်တော်လက်ခံထားသည့် ကျွန်တော်၏ဂေးဘဝကြီးကို တစ်ချိန်က မုန်းတီးဆက်ဆုပ်ရွံရှာခဲ့ဖူးပါသည်။
ကျွန်တော့်ရဲ့ဘ၀အစက……….
ကျွန်တော့်ကို
ကရင်ပြည်နယ် ဘားအံမြို့ စစ်ဆေးရုံကြီးမှာမွေးဖွားခဲ့ပါသည်။ ကျွန်တော့်အဖေသည် တပ်မတော်မှစစ်သားတစ်ဦးဖြစ်သောကြောင့်
ကျွန်တော့်အား စစ်ဆေးရုံကြီးတွင် မွေးခြင်းဖြစ်သည်။ မွေးကင်းစကလေးငယ်လေးဖြစ်သည့် ကျွန်တော်သည်
လူ့လောကကြီးကို စတင်ရောက်လာသည့် အချိန်မှာပဲ ကံဆိုးမှုတစ်ခုက ကျွန်တော်နှင့်ယှဉ်ပါလာခဲ့သည်။
သူနာပြုဆရာမများ၏ နမော်နမဲ့ နိုင်မှု ဂရုမစိုက်မှုကြောင့် မွေးဖွားသည့်ကာလအချိန်တွင်
ကျွန်တော်၏ ဝှေးစေ့ တစ်လုံးမှာ သူငယ်အိမ်မှ အထက်သို့တက်သွားပါသည်။ အသားအရည်နုလွန်းသည်
မွေးကင်းစကလေးဖြစ်သည့် ကျွန်တော်သည် မွေးဖွားသည့်အချိန်တွင် ထိုကဲ့သို့သော ကြီးမားသည့်
လွဲချော်မှုကြီးနှင့် စတင်ရင်ဆိုင်ခဲ့ ကြသည်။
Subscribe to:
Posts (Atom)
Search
Warning
Quotes
Popular Posts
-
(ခပ်ကြမ်းကြမ်းဖတ်ချင်သူများအတွက် ခပ်ကြမ်းကြမ်းဇာတ်လမ်းတစ်ပုဒ် တင်ဆက်လိုက်ပါတယ်။ ဒါပထမ ဆုံးရေးတာမိုလို့ ကောမန့်မပေးရင် ဆက်မရေးတော့ဘူးလို...
-
၁။ တစ်ကိုယ်ရေ အာသာဖြေတယ်ဆိုတာ ဘာလဲ သည်ကိစ္စမျိုးကို သားလေး နားလည်အောင် အရပ်သုံးစကားနဲ့ တန်းခနဲ ချရေးလိုက်ချင်ပေမယ့် နားခံသာတဲ့ စကားလ...
-
တစ်ဦးကိုတစ်ဦးဘယ်လောက်ထိရည်ရွယ်ထားလဲ? ဘယ်လောက်ထိချစ်နိုင်ကြမှာလဲ? ဒီခေါင်းစဉ်ကတော့ နံပါတ်တစ်စဉ်းစားရမည့် အချက်ဖြစ်ပါတယ်။ ကိုယ်က...
-
လူတစ်ယောက်သည် တစ်ပတ်လျှင်တစ်ကြိမ်လိင်ဆက်ဆံခြင်းဖြင့် စိတ်ကြည်လင်လန်းဆန်းစေ ခြင်း၊ ခွန်အားများပြန်လည်ပြည့်ဖြိုးစေခြင်း၊ စိတ်ဖိစီးမှုဒဏ်မှကင...
-
Rush ဆိုသည်မှာ Rush ကိုလူအနည်းစုလောက်သာသိကြပါသည်။ Rush နှင့်မြန်မာပြည်သူများ ရင်းနီးမှုသိပ်မ ရှိကြသေးပါ။ ပြည်ပတွင်နေထိုင်သူများ...




