Friday, February 15, 2013
On 12:59 AM by Unknown in gay life 13 comments
လူတွေ၏နားထဲတွင်
Gay ဟုဆိုလိုက်သည်နှင့် တစ်ချို့က မျက်နှာရှုံ့ကြမည်။ တစ်ချို့ ရွံရှာသလိုဖြစ်သွားကြမည် တစ်ချို့ကျတော့လဲ ဘာမှမဖြစ်သလိုပဲနေကြသည်။ မည်သို့ပင်ဆိုစေကာမူ
ကျွန်တော်တို့ဂေးတွေသည် လူတွေ၏ အပြောခံလူတန်းစားဘဝကနေ မလွတ်မြောက်နိုင်သေးသည်မှာ ယနေ့ထိတိုင်အောင်ဖြစ်သည်။
ထိုကဲ့သို့ ဖိအားများ ပတ်ဝန်းကျင်တွင် တည်ရှိနေသောကြောင့် မဖြစ်သင့် မဖြစ်ထိုက်သည့်
ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာရသည်။ လူတွေ၏ တစ်ဖက်သက်အမြင်ဖြင့် ဂေးတွေကို ဖိနိမ့်
ခွဲခြားဆက်ဆံကြသည် လှောင်ပြောင်သရော်ကြသည်။ ထို့ကြောင့် လူတစ်ယောက်ဟာ သူ့ကိုယ်သူ
100% ဂေးဟုသိနေလျှင်တောင် ပတ်ဝန်းကျင်တွင်
ဂေးဟုလူသိမခံတော့ချေ။ ထိုင်နေလျှက်အကောင်းသား ထသွားမှ ကျိုးမှန်းသိဆိုသလို မိမိဘာသာ
အပုန်းဘဝဖြင့်နေနေသည်က လူပြောမခံရပဲ အေးအေးဆေးဆေးနေနိုင် သေးသည်။ ပတ်ဝန်းကျင်တွင် ဂေးဟုဝန်ခံလိုက်ခါမှ
မထင်မှတ်သည့် ဆိုးကျိုးတွေ ရရှိလာနိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့နေထိုင်သည်က
မြန်မာနိုင်ငံမဟုတ်ပါလား...........
သာမန် လိင်ကွဲကိုမှနှစ်သက်သူ Straight တစ်ယောက်သည်
မိမိကိုယ်ဂေးဟု အစခံရပါက မည်သို့မျှ ဖြစ်မသွားသော်လည်း ကျွန်တော်တို့ ဂေးတွေသည် လူကြားသူကြားထဲတွင်
မတော်တဆ ဂေးဟုအစခံရပါက နောက်ကျောမလုံသလိုဖြစ်မိတာတော့အမှန်ပင်ဖြစ်သည်။ အမှန်တကယ်တော့
လိင်စိတ်ဝင်စားမှု ပြောင်းလဲရာကနေ စတင်လာခဲ့ပြီး လိင်တူချင်းသာ ကြိုက်နှစ်သက်တတ်ကြသော
ကျွန်တော်တို့ဂေးများသည် လူအဖွဲ့အစည်းတစ်ခုလုံး၏ လူသားများသာဖြစ်ပါသည်။
ကမ္ဘာပေါ်တွင်
ကျွန်တော်တို့လို လိင်တူချင်းကြိုက်သူ ရိုက်သတ်၍ မကုန်နိုင်ပါ။ ကျွန်တော်တို့သည်လည်း
လူသားများဖြစ်သည့်အလျောက် လူ့လောက ကြီးကို တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနေကြခြင်းသာဖြစ်သည်။
လူအများစုအနေဖြင့် ထိုသို့ဖိအားများပေးနေ ခြင်းအားဖြင့် ကျွန်တော်တို့ ဂေးလောကတွင်
မဖြစ်သင့်မဖြစ်ထိုက်သည့် များစွာသော ထိခိုက်နစ်နာဆုံးရှုံးမှု များရှိနေရသည်။ သာမန်အားဖြင့်
ထိုပြဿနာများကို မသိမြင်နိုင်သော်လည်း စင်စစ်အားဖြင့် ကျွန်တော်တို့ ဂေးလောကသားများအနေဖြင့်တော့
ရှုပ်ထွေးသည့် စိတ်သောကများကို နေ့စဉ်ကြုံတွေ့နေရတတ်သည်။
ပထမဦးဆုံးပြဿနာအနေဖြင့်
ကျွန်တော်တို့ဂေးများသည် မိမိကိုယ်ကိုပတ်ဝန်းကျင်က ဂေးမှန်းလူသိမှာ ကြောက်ကြသည်။ ထို့ကြောင့်
ကျွန်တော်တို့တွင် ဆိုးကျိုးများရှိပါသေးသည်။ ပတ်ဝန်းကျင်တွင် လူသိမှာကြောက်သောအခါ
မိမိကိုယ်ကို သာမန်Straight တစ်ဦးအသွင်ဖြင့်သာ ကျွန်တော်တို့နေထိုင်ကြမည်။ ထိုအခါ
လူမသိတော့ လူမသိသောအခါ ကျွန်တော်တို့အတွက် ပါတနာ ခေါ် ချစ်သူရည်းစားရှာဖို့ အခက်အခဲ
ရှိလာသည်။ ကိုယ်ကလဲ သူ့ကိုဂေးမှန်းမသိ သူကလဲကိုယ့်ကိုဂေးမှန်းမသိသောအခါ ကျွန်တော်တို့အတွက်
လက်တွဲဖော်ကောင်းတစ်ယောက်ရဖို့ သာမန်လူတစ်ဦးလို မလွယ်ကူတာတော့အမှန်ပင်ဖြစ်သည်။ ထိုပြဿနာတွေကတော့ ထားလိုက်ပါတော့ အဘယ်ကြောင့်ဆိုသော်
ယနေ့ခေတ်အခါတွင် အင်တာနက်ပေါ်မှ တစ်ဆင့် တစ်ဦးကိုတစ်ဦး ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်ဆံနေကြပြီး
အချင်းချင်း ဒိတ်နိုင်ကြသဖြင့် ထိုပြဿနာက အကြီးအမားကြီးမဟုတ်တော့ချေ။ သို့သော် ဂေးတွေသည်အချင်းချင်း
တစ်ဦးကိုတစ်ဦး ချစ်ခင်နှစ်သက်ကြသည် ဆိုလျှင်တောင် ၄င်းတို့နှစ်ဦးသည် ရေရှည်တွင်
အတူတကွ ဘဝကို လက်တွဲသွား နိုင်ကြဦးမည်မဟုတ်ချေ။
မိမိက မိမိကိုယ်ကိုဂေးဟု လူသိမှာမကြောက်တော့လျှင်တောင်
မိမိ၏ ချစ်သူက ကြောက်နေလျှင် အခက်အခဲရှိနေနိုင်သည်။ တစ်ဦးနှင့်တစ်ဦး ချစ်ကြသော်လည်း
အတူနေပါက ပတ်ဝန်းကျင်တွင် လူပြောခံ ရမည်စိုးသောကြောင့် လမ်းခွဲလိုက်ရသူများလည်းရှိသည်။
ဥပမာအားဖြင့် လုံးဝလူသိခံ၍ မသင့်တော်သူမျိုး ကျောင်းဆရာ၊ စစ်ဗိုလ်၊ စသည်ဖြင့် အခြေအနေအားဖြင့်
မျက်နှာပန်းမလှသူမျိုးတွေတော့ ထိုကိစ္စကြီးသည် မဟာဒုက္ခကြီးတစ်ခုဖြစ်သည်။ ကိုယ်ကလည်း
ဂေးဖြစ်နေသောကြောင့် မိန်းကလေးတွေကို ချစ်၍မရ သို့သော် ယောကျာ်းအချင်းချင်း ယူမည်ဟုဆိုသော်လည်း
မိမိပတ်ဝန်းကျင်တွင် ကျော်မကောင်းကြားမကောင်း ဖြစ်ဦးမည်။ ထိုအခါ လူပျိုကြီးဘဝဖြင့်
အသက်ကြီးသွားသည့် လူများများလာသည်။
လူပျိုကြီးဘဝဖြင့် မတင်းတိမ်နိုင်သည့်အဆုံး တိတ်တခိုး
ယောကျာ်းလေးတစ်ယောက်နှင့် အတူတူနေမည်ဆိုလျှင်တောင် လူကွယ်ရာတွင် တိတ်တဆိတ်အပြောခံရဦးမည်မှာ
မလွဲဧကန်ဖြစ်သည်။ သည်တော့ ကျွန်တော်တို့လောက် ကံဆိုးသည့်ဘဝဆိုတာ ရှိပါ့ဦးမလား။ အချို့ဂေးတွေသည်
မိမိကိုယ်ကို ယောကျာ်းအချင်းချင်း မယူနိုင်မှန်းသိလျက်နှင့် ဂေးဘဝကို မစွန့်လွှတ်နိုင်ပဲရှိလေသည်။
အချိန်တန်လျှင် အိမ်ကပေးစားသည့် မိန်းကလေးတစ်ဦးကို လက်ထပ်ရမည်ဆိုလျှင်တောင် ၄င်း၏ဂေးစိတ်အလိုနောက်
ကိုလိုက်နေကြသေးသည်။ ဂေးတစ်ယောက်က အိမ်ထောင်ပြုလိုက်၍
မိမိဇနီးမယားအပေါ် သစ္စာရှိရှိ ပေါင်းသင်းနိုင်သည်ဆိုလျှင်တောင် ၄င်း၏စိတ်ကတော့ 100%
မည့်သို့သောအခါမှ စိတ်ချမ်းမြည့်ပျော်ရွှင် ရမည်မဟုတ်ချေ။ အနည်းဆုံးတော့ မိမိပတ်ဝန်းကျင်တွင်ရှိသည့်
ယောကျာ်းချောလေးများတွေ့လျှင် စိတ်နှင့်ပစ်မှားမိမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဂေးဆိုသည့်အမျိုးသည်
မည်သို့သောအခါမှ straight ပြန်မဖြစ်နိုင်သောကြောင့်ဖြစ်သည်။
တစ်ချို့မြန်မာရုပ်ရှင်
ဗွီဒီယိုများတွင်တွေ့မြင်နိုင်ပါသေးသည်။ ဇာတ်လိုက်မှာ အခြောက်တစ်ယောက်ဖြစ် ပြီးနောက်ဆုံးတော့
ယောကျာ်းစိတ်ပြန်ပေါက်သွားကာ ယောကျာ်းစစ်စစ်ပြန်ဖြစ်သွားသည့် ဇာတ်လမ်းမျိုးတွေ ရှိပါသည်။
(မိုးအောင်ရင် ရိုက်ထားသည့် ယောကျာ်းမစစ်လာမချစ်နဲ့ ဟူသောဇာတ်ကားကို ကြည့်နိုင်သည်)။
အမှန်တကယ်တော့ ထိုသို့ဇာတ်ကားများသည် ဒါရိုက်တာ၏ စိတ်ကူးယဉ်မှုသပ်သပ်သာဖြစ်သည်။ အခြောက်တစ်ယောက်က
တည်တည်ငြိမ်ငြိမ်နှင့် ယောကျာ်းပုံပြန်ဖြစ်သွားနိုင်သည်အထိ လက်ခံနိုင်သည်။ အဘယ်ကြောင့်ဆိုသော်
လူ့ခန္ဓာကိုယ်သည် လေ့ကျင့်ယူလျှင်ရရှိနိုင်သည့်အမျိုးဖြစ်သည်။ သို့သော် စိတ်ဓာတ်ရေးရာအားဖြင့်
မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားဖို့ဆိုသည်မှာ မည်သို့မှမဖြစ်နိုင်ချေ။ (ဤနေရာတွင်
လိင်တူလိင်ကွဲ နှစ်မျိုးလုံးကြိုက်သူ bisexual များအားမဆိုလိုပါ) ။ ထို့ကြောင့် ထိုသို့သော
ရုပ်ရှင်ဇာတ်လမ်းမျိုးကို ရိုက်ကူးသူ ဒါရိုက်တာများသည် လိင်စိတ်ကျန်းမာရေးနှင့်ပက်သက်ပြီး
သေသေချာချာ သိရှိနားလည်သူများမဟုတ်ကြပါချေ။ Gay တစ်ယောက်သော် လည်းကောင်း Lesbian တစ်ယောက်သော်လည်းကောင်း
တို့သည် မည်သို့သောအခါမှ ဆန့်ကျင်ဖက်လိင်ကို စိတ်ဝင်စားကြ လိမ့်မည်မဟုတ်ဟု ကျွန်တော်ရဲရဲကြီးပြောရဲသည်။
ဒုတိယအနေနဲ့ကတော့
မိမိကိုယ်ကိုအားငယ်ခြင်းဖြစ်သည်။ လူ့ပတ်ဝန်းကျင်၏ ဖိအားများကြောင့် ကျွန်တော်တို့ ဂေးများသည်
မိမိကိုယ်ကို သိမ်ငယ်သိလိုခံစားလာရသည်။ ထိုသို့သိမ်ငယ်မှုများကြောင့်
လူတစ်ယောက်သည် စိတ်ကျရောဂါရရှိနိုင်သည်အထိ ဖြစ်သွားတတ်သည်။ တစ်ချို့ဂေးများသည် မိမိ၏
အသိုင်းအဝိုင်း ပတ်ဝန်းကျင်နှင့် အဆင်မပြေမှုများ များလာသည့်အခါ မိမိဘဝကို အဆုံးစီရင်ဖို့ထိ
စိတ်ကူးတတ်လာကြသည်။ ထို့ကြောင့် ဂေးဖြစ်ကာစသူများသည် မိမိကိုယ်ကို ဂေးမှန်းသိလိုက်ရသည့်
အခါ အကြီးအကျယ်စိတ်ဓာတ်ကျသွားတတ်ကြသည်။ ထို့အပြင် ဝမ်းနည်းပက်လက်ဖြင့် မိမိကိုယ်ကို
လူဖြစ်ရှုံးသလို ခံစားလာတတ်ကြပြီး မိမိဘဝကို အလိုမကျဖြစ်သွားတတ်ကြသည်။ ငါသာ မိန်းကလေးတွေကို
ချစ်ရင် သိပ်ကောင်းမှာပဲ ဟုအစဉ်အမြဲ တွေးတောနေလိမ့်မည်။
ကျွန်တော့်တွင် ဂေးသူငယ်ချင်းတစ်ယောက်ရှိသည်။ ကျွန်တော်တို့
ဆယ်တန်းအောင်ကာစက သူသည်ယောကျာ်းလေး တစ်ယောက်ကို ချစ်နေမိကြောင်း ကျွန်တော့်ကို ဖွင့်ပြောဖူးသည်။
ထိုအခါက ကျွန်တော်သည်သူ့ကို အပြင်းအထန် ကန့်ကွက်ရှုံ့ချပြီး အပြစ်တင်ခဲ့ဖူးသည်။ ထို့နောက်ပိုင်း
ကျွန်တော်သည်လည်း ယောကျာ်းလေးတစ်ဦးကို ချစ်မိသွားသောအခါ မိမိကိုယ်ကို ယူကျုံးမရဖြစ်
ခဲ့ပြီး အကြီးအကျယ်စိတ်ဓာတ်ကျခဲ့ဖူးသည်။ သို့သော် ထိုသို့သော ခံစားချက်များသည် အခိုက်အတန်သာ
ဖြစ်တတ်ပြီး နောက်ပိုင်းတွင် သူ့လိုလို အဆင်ပြေသွားတတ်သည်။ တစ်နည်းအားဖြင့် မိမိရရှိထားသည့်
ဘဝတစ်ခုအပေါ် အလိုက်သင့်နေတတ်သွားသည်ဆိုပါတော့။ ထို့ကြောင့် ဤနေရာတွင် ကျွန်တော်တစ်ခု
ပြောချင်သည်က မိမိကိုယ်ကို ဂေးမှန်းသိပြီး စိတ်ဓာတ်ကျနေသည့် စာဖတ်သူ ညီငယ်လေးများ သူငယ်ချင်းများ
အနေဖြင့် မိမိကိုယ်ကို အားငယ်ဖို့ မလိုကြောင်း နှစ်သိမ့်လိုပါသည်။
ပတ်ဝန်းကျင်က မည်သို့ပင်ပြောနေစေကာမူ စိတ်ဓာတ်ခိုင်မာလျှင်
မိမိကိုယ်မည်သို့သော ဆိုးကျိုးမှ သက်ရောက်နိုင်မည်မဟုတ်ချေ။ ထို့အပြင် စကားဆိုသည့်အမျိုးက
ပြောပြီးလျှင်လေထဲတွင်ပျောက်သွား တတ်သည့်အမျိုးဖြစ်သောကြောင့် ချီးမွမ်း (၇) ရက် ကဲရဲ့
(၇) ရက်ဟုသာ စိတ်ထဲမှတ်ထားကြစေ လိုသည်။ တစ်ဆက်တည်း ကျွန်တော်ဆက်လက် ဆွေးနွေးလိုသည်က
ဂေးများအတွက် အဓိက အရေးကြီးသည်က straight များကို မချစ်မိဖို့ပင်။ မိမိက ချစ်သူအဖြစ်ရွေးချယ်တော့မည်ဆိုလျှင်
မိမိကိုယ်ပြန်ချစ်နိုင်သူကိုပဲ ရွေးချယ်သင့်သည်။ သို့မဟုတ်ပါက တစ်ဖက်သက်အချစ်ဖြင့်သာ
အရိုးဆွေးသွားလိမ့်မည်။ အချစ်နှင့်မေတ္တာ ဆိုသည့်အမျိုးက အသွားအပြန်ရှိမှ နွေးထွေးကာ
ချိုမြိန်မည်ဖြစ်သည်။ မိမိကာပဲ ပေးဆပ်နေရသည်ဆိုလျှင် တော့ တရားမျှတမည်မဟုတ်ချေ။ ထို့ကြောင့်
straight ကိုမချစ်ပါနှင့်ဟု ပြောပါရစေ။ straight ဆိုသည့်အမျိုးက လိင်တူချင်းမကြိုက်သောကြောင့်
၎င်းတို့ကို straight ဟုခေါ်ခြင်းဖြစ်သည်။ ထို့ကြောင့် ၄င်းတို့သည် ဘယ်လိုနည်းနှင့်မှ
လိင်တူချင်းမကြိုက်ဟု ကျွန်တော့်အသက်နှင့်လောင်းကြေးထပ်၍ ပြောရဲသည်။
သို့သော် တစ်ချို့straight များက ငွေကြေးအရသော် ၄င်းဟန်ဆောင်လိမ်ညာပြီး
ချစ်သည်ကြိုက်သည်ဟု ပြောတတ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ၄င်းတို့၏အချစ်က အချစ်စစ်မဖြစ်နိုင်ဟု
ကျွန်တော်အာမခံသည်။ လိင်စိတ်ကွဲပြားမှုနှင့် ပက်သက်ပြီး ဆောင်းပါးတစ်ပုဒ်တွင် အောက်ပါအတိုင်းရေးထားသည်။
၁။
လိုင်ကွဲစင်စစ်ကိုသာကြိုက်သူ (Pure Heterosexual)- လိင်တူချင်း လုံးဝလုံးဝ လိင်စိတ်မရှိသူ
၂။
Pure Heterosexual နှင့် Pure Bisexual ကြားလိင်စိတ်ရှိသူ- လိင်ကွဲကို အရမ်းကြိုက်သော်လည်း
လိင်တူကိုလည်း လိင်စိတ်အနည်းငယ်ရှိသူ ( ဒီလိုလူမျိုးတွေက ဘဝမှာအခြေအနပေးမှသာ လိင်တူချင်း
စမ်းသပ်ဖူးသူဟု ယူဆနိုင်ပါသည်။ လိင်တူပေါ် လိင်စိတ်တိမ်းညွတ်မှု ၂၅% ကနေ ၀%ကြားနဲ့ လိင်ကွဲအပေါ်
၇၅% ကနေ ၁၀၀% ထိရှိသူတွေဟု အကြမ်းဖြင်း ယူဆနိုင်ပါတယ်)
၃။လိင်တူလိင်ကွဲ
နှစ်မျိုးလုံးကြိုက်သူ (Pure Bisexual)
၎။
Pure Bisexual နှင့် Pure Homosexual ကြား လိင်စိတ်ရှိသူ- လိင်တူကို အရမ်းကြိုက်သော်လည်း
လိင်ကွဲကို အနည်းငယ်လိင်စိတ်ရှိသူ (ဒီလိုလူမျိုးတွေက ဘဝတွင်အခြေအနေပေးမှသာ လိင်ကွဲနှင့်စမ်းသပ်
ဖူးသူဟု ယူဆနိုင်ပါသည်။ လိင်ကွဲအပေါ် လိင်စိတ်တိမ်းညွတ်မှု ၂၅%ကနေ ၀% ကြားနဲ့ လိင်တူအပေါ်
၇၅% ကနေ ၁၀၀% ထိရှိသူတွေဟု အကြမ်းဖျင်းယူဆနိုင်ပါသည်)
၅။လိင်တူစင်စစ်ကိုသာကြိုက်သူ
Pure Homosexual (သို့) လိင်ကွဲလုံးဝလုံးဝ မကြိုက်သူ
ထိုကကြောင့်
ကျားကျားချင်းကြိုက်နိုင်သည်မှာ No 3,4,5 ပဲရှိပါသည်။ ထို့ကြောင့် မိမိသည် ဘယ်လိုလူမျိုးကို
ချစ်သင့်သည် ဘယ်လိုလူမျိုးကို မချစ်သင့်ဘူးဆိုသည်ကို မိမိဘာသာကွဲပြားဖို့ လိုအပ်ပါသည်။
ထိုသို့ မိမိစိတ်ထဲတွင်ရှင်းရှင်းလင်းလင်း သိထားပါက မိမိပတ်ဝန်းကျင်တွင်ရှိသော ဂေးယောင်ယောင်
straight ယောင်ယောင်လူများအတွက်နှင့် စိတ်ညစ်ရတော့မည်မဟုတ်ချေ။
တကယ်တော့ ဂေးဖြစ်ရသည်မှာ ဂုဏ်ယူစရာတစ်ခု မဟုတ်ပေမယ့်
ရှက်စရာတစ်ခုလဲ မဟုတ်ပါ။ ထို့ကြောင့် ဂေးဖြစ်နေကြသူများ မိမိကိုယ်ကို ရှက်ကြောက် သိမ်ငယ်နေစရာမလိုပါ။
ဂေးများသည် နူဝဲနေသော သူတောင်းစားများမဟုတ်ပါ။ အကျင့်စာရိတ္တဖောက်ပြားနေသောသူများလည်း
မဟုတ်ပါ။ ခိုးဆိုးလုယက် တိုက်ခိုက်နေသော လူမိုက်များလဲမဟုတ်ပါ။ ထို့ကြောင့် မိမိကိုယ်ကိုအားငယ်နေမည့်
အစား မိမိဘဝကို နေတတ်အောင် နေသားကျအောင်ကြိုးစားသင့်ပါသည်။ ထို့အပြင် မိမိကိုယ်ကို
ဂေးဘဝတွင် ရဲရဲကြီး မြုပ်နှံတော့မည်ဆိုပါက အထူးသဖြင့် စိတ်ဓာတ်ခိုင်မာအောင် ကြိုးစားသင့်သည်။
စိတ်ဓာတ်ပျော့ညံ့ပါက မဖြစ်သင့်သည့် အမှားများဖြစ်ပေါ်လာနိုင်သည်။ ဂေးလောကသည် အလွန်အင်မတန်မှ
ရှုပ်ပွေသောကြောင့် မိမိကိုယ်ကို လမ်းမှားမရောက်အောင် ထိန်းသိမ်းတတ်ဖို့လိုသည်။
အထူးသဖြင့်
လိင်စိတ်ကိုအလိုမလိုက်မိဖို့ဖြစ်သည်။ မိမိ၏ ချစ်သူမှလွဲ၍ အခြားသူများနှင့် လိင်ကိစ္စကို
တတ်နိုင်သမျှရှောင်ကျဉ်ရမည်။ ယောကျာ်းအချင်းချင်းမို့ ကိုယ်ဝန်ပြဿနာ မဖြစ်နိုင်သော်လည်း
တစ်ဖက်တွင် ရောဂါဆိုးများက ခြိမ်းခြောက်လျှက်ရှိသည်ကို သတိပြုစေလိုသည်။ လိင်တူဆက်ဆံချင်းသည်
သာမန်လိင်ဆက်ဆံ ခြင်းထက် HIV ပိုးကူးစက်နှုန်း 99.99% ပိုမြန်သည်ကို သိထားသင့်သည်။ မရှောင်လွှဲ
နိုင်လျှင်တော့ ထုံးစံအတိုင်း အဖော်သုံးဖို့လိုအပ်ပါသည်။ သို့သော် မိမိ၏ ဘဝကို ယောကျာ်းလေး
ဖြစ်နေတာပဲ အဲ့လောက်ဂရုစိုက်စရာ မလိုဘူးဟု သဘောမထားပါနှင့်။ ယောကျာ်းလေးသည်လဲ သွေးနှင့်ကိုယ်
သားနှင့်ကိုယ် တည်ဆောက်ထားသော လူတစ်ဦးသာဖြစ်သည်။ ထို့ကြောင့် တွေ့ကရာလူနှင့် ပွေရှုပ်ခြင်းမရှိပဲ
မိမိကိုယ်ကို တန်ဖိုးထားရပါမည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် လိင်တူချင်းဆက်ဆံပါက
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇ အရ အရေးယူခံရသည်။ ထို့ကြောင့် ထိုကိစ္စမျိုးကို အထူးလျှို့ဝှက်ထားဖို့လိုသည်။
ဘဝလမ်းခရီးများ သာယာဖြောင့်ဖြူးကြပါစေ
Lovealone
:P
boytheboy.sept@gmail.com
မှတ်ချက်။ ။ဤစာကို ကျွန်တော်သိရှိထားသည့် ဗဟုသုတများနှင့်
သူငယ်ချင်းညီအကိုများ သိသင့်သိထိုက်သည်ဟု ယူဆရသည့် အချက်အလက်များကိုပေါင်းစပ်၍ ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
Search
Warning
Quotes
Popular Posts
-
(ခပ်ကြမ်းကြမ်းဖတ်ချင်သူများအတွက် ခပ်ကြမ်းကြမ်းဇာတ်လမ်းတစ်ပုဒ် တင်ဆက်လိုက်ပါတယ်။ ဒါပထမ ဆုံးရေးတာမိုလို့ ကောမန့်မပေးရင် ဆက်မရေးတော့ဘူးလို...
-
အဓိပ္ပါယ် ဖွင့်ဆိုခြင်း German gynecologist တစ်ယောက်ဖြစ်တဲ့ Ernst Gr ä fenberg က ရှာဖွေတွေ့ရှိခဲ့တာဖြစ်လို့ G-Spot လို့ ခေါ်ပါတယ်။ အဓ...
-
ဒီမြို့လေးဟာသူ့အတွက်တော်တော်လေးကို သူစိမ်းဆန်နေခဲ့ပါသည်။ မြင်ကွင်းအသစ်တွေက မျက်စိပဒေဿဖြစ်စေရုံသာသာမက ပတ်ဝန်းကျင်ရဲ့ရံနံ့ကလည်း သစ်လ...
ပုဒ်မ ၃၇၇ ကိုပယ်ဖျက်ရေးအဆို လွှတ်တော်တင်သွင်းမယ်ဗျာ,,,, ဘယ်သူထောက်ခံမလဲ?...
ReplyDeleteကျုပ်ထောက်ခံမယ်ဗျာ။ (စိတ်ထဲကပြောတာ)
ReplyDeleteအပြင်မှာတော့ ထောက်မခံရဲသေးပါဘူး။
Gay မှန်း လူသိလို့ မဖြစ်သေးဘူးဗျ ။
ငဲ့ညှာစရာ မိဘမောင်နှမတွေ ရှိသေးတယ် ။
နောက် ကျုပ်အလုပ်အကိုင်ကလည်း gayမှန်းလူသိမခံဝံ့တဲ့ အလုပ်မျိုးကိုမှ နှစ်ထပ်ကွမ်း လုပ်မိနေတာကိုး ။
ဒီဆောင်းပါးထဲကအတိုင်းဆို ကျုပ်က 75% gay ဗျ ။
ကျုပ်က sex အတွက်ဆို ယောင်္ကျင်္ားတွေကိုပဲ ပိုသဘောကျတယ်ဗျ ။
ဒါပေမယ့် မိန်းမယူ၊ ကလေးမွေးပြီး မိသားစုဘဝ တည်ထောင်ချင်စိတ်ကလည်း ငယ်ငယ်ထဲကခုထိ မက်ခဲ့ရတဲ့ အိပ်မက်ပဲဗျ ။
ယောင်္ကျင်္ားချင်းဆို ကလေးမှ မွေးမရတာနော့ ။
နည်းပညာတိုးတက်လာလို့ ရခဲ့ရင်တောင် လိင်တူချင်းရတဲ့ ကလေးဆိုပြီး ကလေးတွေ အားငယ်သွားမှာပေါ့ ။
gay မှန်းသာသိသွားရင် ဘယ်လိုနည်းနဲ့မှ မိန်းမကောင်းကောင်းရမှာ မဟုတ်တော့ဘူး ။
ဒါ့ကြောင့် gay မှန်းလူသိလို့ မဖြစ်သေးပါဘူးကွယ် ။
ဒါပေမယ့် တစ်ခုလောက် ကြုံကြိုက်တုန်း ကျတော်တော့ပြောခဲ့ပါရစေဗျာ
Deleteတကယ်ဂေး( အခြောက်မ) မိန်းမလိုနေသူဖြစ်ဖြစ် ၊ အပုန်း(အခြောက်စိတ်) မိန်းမလျာစိတ်နှင့် ယောက်ကျာင်္းသာ အပေးဆပ်မှု့ ဘ၀ဖြင့်ချစ်သူ ၊ ယောက်ကျာင်္း(လိင်စိတ်ကြီးသူ ) ယောက်ကျာင်္းချင်းလည်း အတွေ့အကြုံရှိသူ ( ယောက်ကျာင်္းကိုလည်း လိင်ဆက်ဆံချင်သူ ) မိန်းမနှင့်ယောက်ကျာင်္းတွဲပြီး top အနေနှင့် ကဲ့သို့ဆက်ဆံခြင်သူ ၊ ယောက်ကျာင်္း (မိန်းမသာလျှင်ချစ်သူ ) မိန်းမနှင့်သာ လိင်ဆက်ဆံချင်သူ ၊ သို့သော် အပိုင်းလိုက် အခန်းကဏတွေလိုက် ကျတော်တို့ခွဲပြော
Deleteကျမည် အသေးစိတ် အနုကာမလောကော လောကတွင် စိတ်သာလျှင် ဆန်းကျယ်
နက်နဲစွာဆိုးပိုင်လျက်ရှိသည်ကိုတော့ အားလုံးသော လူသား ( သတ၀ါ ) တွေ လက်ခံဖို့လိုမယ် ဘော်ဒါတို့ရေ
အဓိကကတော့ အိမ်က သိတာမသိတာ ၊ ပတ်ဝန်းကျင်က သိတာမသိတာထက်စာရင်
ကိုယ့်ကိုယ်ကိုကိုသိဖို့လိုသည် ၊။ အခြောက်မလုပ်ချင်သူ အားကြီးလွန်းသူ ( ပြင်မရသူ ) သည် အခြောက်မဘ၀နှင့်သာ ထိုက်တန်သည် ။ ယောက်ကျာင်္းချင်းသာ အာသာဆနရှိသူသည်လည်း ယောက်ကျာင်္း ချင်းသာ ထာဝရစိတ်ဖြေဖျောက်နေခြင်း
အတွဲစိတ်တူကိုယ်တူရှာဖွေ ပေါင်းဖော်ခြင်းကသာ အဆင်ပြေနိုင်လောက်သည်
အဓိက ဆိုလိုရင်းမှာ မိမိစိတ်ကိုသာ ကနဦး ဆန်းစစ်ပြီး ထိုစိတ်၏ တိကျသောအဖြေပေါ်တွင်တော့ ရဲရဲကြီး လျှောက်လှမ်းရန်လိုပါလိပ်မည် ။ မည်သူသို့ပင်ဆိုစေ ။ ယောက်ကျာင်္းအစစ်ဘ၀ ( သို့သော် ) ငယ်ဘ၀ ထိုသူတို့သည်
ကျောင်းသားဘ၀တွင် အင်ဒေါ့လိ့ဆန့် ဆယ်ကျော်သက်စိတ်ဖြင့် တစ်ယောက်ဖင် နှုင့်တန်ဆာတို့ထိတွေ့ဘူးသော နီးစပ်မှု့ အရသာ ထိုသို့အဆင့်သိသူ
ယောက်ကျာင်္းတစ်ယောက်ကိုလည်း ကျတော် လိင်ဆက်ဘူးပါသည် ထိုသူသည် ယခု ( အပုန်း ( ယောက်ကျာင်္းခြင်း ချစ်သူ ) ဘ၀ဖြစ်နေတာသိရပါသည်။ ယောက်ကျာင်္းလေး
ဒါအစစ် ထိုသူနှင့်အကြိမ်ကြိမ် အရသာထူးကဲတာသူသိအောင် လုပ်ဆောင်ရင်းလိင်ဆက်ဆံဘူးပါသည် ။ ထိုသူသည် အရသာကိုခံစားသိရှိသော်လည်း အခြောက်စိတ် မိန်းမမုန်းစိတ် ( ယောက်ကျာင်္းခြင်းသာ သာယာစိတ် ) ဖြစ်မလာပါ ။ ရပ်ကွက်တစ်ခုတွင် ထိုသူသည် လူဆိုးတောင်ဖြစ်နေလိုက်သေးသည် ။ ထိုကြောင်းပေါင်းများစွာ ယောက်ကျာင်္း စိတ်ဖြင့် ယောက်ကျာင်္းအစစ်များကို ဆက်ဆံထိတွေ့ဘူးသော ကျတော်သည် အိမ်ထောင်ပြုဖို့ စိတ်အားထက်သန်ပါသည် ။ ယောက်ကျာင်္းခြင်းသာယာပါသည်
ကျတော့်တစ်ကိုယ်တည်းနေနိုင်သည်ဖြစ်သောကြောင့် ကျတော့်အဖော်တစ်ယောက်နှင့်လည်းနေနိုင်သည် သို့သော် ကျတော့်စိတ်သည်
ယောက်ကျာင်္းစိတ်ဖြင့်သာ အရိုးထုတ်ခြင်သည် ပတ်ဝန်းကျင်ထက် ကျတော့်သားသမီး
မွေးဖွားရမည် သဘာဝသည် သဘာဝအတိုင်းသာ လျောက်လှမ်းရမည်ဆိုသောစိတ်ကသာအဓိက လွမ်းမိုးပါသည် ကိုယ်ပိုင်မိသားစု လက်တွဲဖော်ဘ၀ကို လိင်တူခြင်း အကြောင်းအရာ အချစ်နှစ်သက်မှုများစွာတို့ဖြင့် ကျတော်ဖြတ်သန်းခဲ့ပြီးပါပြီ ကျတော့်တွင် မှန်ကန်သော သစာပြုပြောရလျှင်ထောင်သောင်းချီသော လိင်တူဆက်ဆံမှု့ အရာသာ ဇာတ်လမ်းအချစ် များစွာရှိပါသည် စာရေးခြင်သူ စာအုပ်ထုပ်မည့်သူ ကျမ်းမာရေးလိုက်စားသူတို့အတွက် ဝှေငှပြောပြချင်ပါသည် ကျတော်သည် ယနေ့အချိန်ထိသွေးသားသန့်စင်စွာ ရှိနေပါသေးသည် ကျတော်သည် လိင်တူဖြင့်သာ ဘီယာသောက်လိုသည် ။ေ၇အတူသွားကူးလိုပါသည် ။ ညတိုင်းလည်း ဖက်အိပ်ချင်သည်။ ဘုရားလည်း ကုသိုလ်ရေးမှန်သမျှပြုရင်းသွားခြင်ပါသည်။ ရံဖန်လည်းသ၀န်တိုမှု့အချစ်တို့ဖြင့် ရန်ဖြစ်ချင်လိုက်သေးသည် ။ ဆင်တူဝတ်ပြီး အောင်မြင့်တဲ့ဘ၀ပန်းတိုင်အလုပ်ကိုင်များဖြင့် ပတ်ဝန်းကျင်တွင် ဆွေမျိုးညီအကိုအဖြစ် အရမ်းချစ်ပြချင်ပါသည် သို့သော်ပေါင်းများစွာဖြင့် ကျတော် သည် များမကြာမှီ ကျတော့်မိဘများ အသက်ဘေးကျမ်းမာရေးများနှင့် ကျတော့်အသက်အရွယ်ကြောင့် ကျတော့်စိတ်ဖြင့် ကျတော် အိမ်ထောင်ပြုဖြစ်ရပါတော့မည် ။ ( gogle.969@gmail.com ) topelife@vzochat ( kyalminlaymgmg * Facebook ) hotline 0936230199
ဒီလိုမျိုးသိသင့်သိထိုက်တာလေးတွေပြောပြတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျ နောက်လဲ ဒီလိုမျိုး ပညာပေးအကြောင်းအရာလေးတွေ တင်ပေးပါဦးနော် ကျွန်တော်တို့လို gay တွေလမ်းမှားမရောက်စေချင်ပါ
ReplyDeletehote tal taw taw myar myar bae lan hmar youk nay kya tal.....
DeleteThese page not only tell stories, but also express the real life difficulity of the gay.
ReplyDeleteThanks you, I am glad there is someone who understand, our difficulty. Wish you good luck.
By the way, I have some questions for you?
I hope you have much more mature experience than me. If you accept to give advice for my questions, reply to me plz.
Email me boytheboy.sept@gmail.com. i can give advices you some i know.
DeleteSuper like this page ! Actually I wonder who post this page . And Let me know that * Does anyone who want to be in a relationship with me ?* I m real homosexual person . I m too young in gay life ,but I am going to be 18 , to get legal age. I cant keep my mind anymore that I m becoming gay .I hope someone would reply me via Email , Here is my email address < jamaimun@gmail.com>have a fabulous day ****
ReplyDeleteကိုဘယကိုသိနေတော့အရှေ့ ကမိန်းကလေးကိုစိတ်သောကေ၇ာက်အောင်မလုပ်ချင်ဘူးအဲ့ဒီအတွက်မိန်းမယူချင်တယ်ဆိုတဲ့စိတ်ကြီးကိုဖျောက်လိုက်ပါတယ်ကျွှန်တော့်၇ဲ့ဘဝပေးကံလို့ ဘဲသတ်မှတ်လိုက်ပါတယ်
ReplyDeleteဟုတ်ပါတယ်ဗျာ ဂေးတွေကိုလမ်းမှားမရောက်စေချင်ပါဘူး
ReplyDeleteဂေးကိုချစ်တဲ့သူတစ်ယောက်အနေနဲ့ပါဗျာတစ်ယောက်လောက်နဲ့မိတ်ဖွဲ့ချင်တယ်
မျိုးချစ်အောင်ကိုခင်ချင်ပါတယ် 09250711139 ကိုဆက်သွယ်လိုက်ပါ
Deleteအင်တာနက်အွန်းလိုင်းပေါ်မှ သက်ရှိအားလုံးကို ကိုမိဘ ညီအကိုမောင်နှသားချင်းအဖြစ် လူသား တစ်ယောက် နှင့် စက်ပစည်းအသုံးပြုရင်း ဆက်သွယ်နေသည်ဟုသာ မြင်မိပါသည် ကျတော်သိသမျှ
ReplyDeleteတတ်သမျှ နားလည်သမျှ အတွေ့မှန်သမျှကို ဝေငှပြောကြား ထုတ်ဖော်ခြင်ပါသည်။ မပုတ်ခတ်ပါ ၊ မရည်ရွယ်ပါ ။ မစော်ကားပါ ။ တစ်ခုတစ်ကြောင်း တစ်မျိုး သိသွားတတ်သွား နားလည်ရရှိသွားစေချင်သော မမြင်မျိုးသက်သက်သာဖြစ်ပါသည်။ homosexul တစ်ယောက်အဖြစ် ၀န်ခံရင်း များစွာသော ခင်မင်ရင်းနှီး လူသားဆန်ခြင်းများ ပြသလိုပါသည်