This is the best gay website for Myanmar gay peoples.

Monday, February 18, 2013

On 5:38 AM by Unknown in    8 comments




သံယောဇဉ်တစ်ခု စတင်တွယ်ကပ်လာပြီဆိုလျှင် လူကိုအလွန်အင်မတန်မှ မွန်းကြပ်စေသည်။ ယောက်ျားလေး တွေနှင့်ပဲ အထိအတွေ့များခဲ့သည့် နီယွန်က မိန်းမတစ်ယောက်ကို ချစ်ကြိုက်ရကောင်းမှန်း မသိတော့သည်လား။ ထိုမှမဟုတ် သူ့ကိုပဲ နီယွန်ကချစ်နေပြီလား။ နီယွန်ချစ်သည်က အကြောင်းမဟုတ်ပါ။ သူက နီယွန်ကိုချစ်နိုင်ပါ့မည်လား။ စိတ်ကူးယာဉ်ဆန်သည့် ယောက်ျားအချင်းချင်းချစ်သည့် အချစ်မျိုးသူတစ်ခါမှ မချစ်ခဲ့ဖူးပါ။ သူဒီလောကကိုရောက်လာခဲ့သည်ကလဲ ငွေကြေးချို့တဲ့သည့် သူ့ဘဝ အခြေအနေကြောင့်သာဖြစ်သည်။ သို့ပေမယ့် နီယွန့်ကိုတော့ မုန်းတီးနေသည့် စိတ်မရှိပါ။ သူ့အပေါ်စိုးရိမ်နေသော နီယွန့်ကို ကြည့်ပြီး သူသနားသည်။

ချစ်ချင်းအစသနားခြင်းကတဲ့။ တကယ်လို့သူသာ နီယွန့်ကိုသနားနေမိတာမှန်လျှင် သူလဲ နီယွန့်ကို ကြိုက်နေပြီလားမသိပါ။ ဘာပဲဖြစ်ဖြစ် နီယွန်က သူကဘေးနားမှ အမြဲရှိနေသည့် အဖော်မွန်ကောင်း တစ်ယောက်မှန်းသူသိသည်။ ထို့အပြင် နီယွန့်ကျေးဇူးတွေလဲ သူ့မှာရှိနေသေးသည်။  နီယွန်က သူ့ကိုကြိုက်သည်ဟု ဖွင့်ပြောလာခဲ့ရင်ကော။ သူမည်သို့ ဆုံးဖြတ်ရမည်နည်း။ ထူးဆန်းသည်က သူလဲယခုအချိန်ထိ မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားခဲ့ ခြင်းမျိုးမရှိခဲ့ခြင်းပင်။ သူသက်ပြင်းတစ်ချက်ချလိုက်ပြီး ကုတင်အောက်ထပ်ရှိ နီယွန့်ကို လှမ်းငုံ့ကြည့် လိုက်သည်။ နီယွန်ကတော့ ငြိမ်သက်စွာအိပ်ပျော်နေဟန်ရှိသည်။ ထို့နောက်စောင်ကိုခြုံကာ သူလဲ အိပ်ပျော်အောင် ကြိုးစားလိုက်၏။

“ဂီနို................”


အောက်မှ အသံထွက်လာသော နီယွန်ကြောင့် ခြုံထားသော စောင့်ကို သူပြန်လှန်လိုက်သည်။ ထို့နောက် အောက်ထပ်ကုတင်ကို ပြန်ငုံ့ကြည့်လိုက်၏။ နီယွန်ကသူ့ကို ဝိုင်းစက်နေသော မျက်လုံးလေးတွေ ဖြင့်ကြည့်နေသည်။ နီယွန့်မျက်လုံးတွေက ညိုရင့်နေပြီး ရွှန်းလက်နေ၏။

“ဘာပြောမလို့လဲ နီယွန်”

နီယွန်က တစ်ခုခုပြောမည်လုပ်ကာ ပါးစပ်ပြင်လိုက်ပြီး တစ်စုံတစ်ခုကို ပြန်သတိရသွားဟန်ဖြင့် ပြောမည့် စကားကို မပြောပဲရှိနေလေသည်။ နီယွန့်မျက်လုံးတွေကလည်း ပုံမှန်မဟုတ်သလို သူခံစားမိသည်။ နီယွန်က ဟိုကြည့်သည်ကြည့်လုပ်ကာ ချောင်းဟန့်လိုက်၏။

“အဟွတ်................ဟွတ်”

“နေမကောင်းဘူးလား နီယွန်။ မင်းကိုကြည့်ရတာ တစ်မျိုးပဲ”

“ငါနေကောင်းပါတယ်ကွာ ဘာမှမဖြစ်ပါဘူး”

“ဒါဆိုရင် ငါ့ကိုဘာပြောမလို့လဲ”

“သြော်...........ဟို အပြင်ကိုတစ်ယောက်ထဲ ငါမသိအောင် ထွက်မသွားနဲ့ဦးလို့ပြောမလို့ပါ”

နီယွန်ညာပြောနေမှန်းသူသိသည်။ နီယွန့်ပြောမည့်စကားကထိုစကား မဖြစ်နိုင်ဘူးဟု သူထင်သည်။ ဘာကြောင့်မှန်းတော့မသိ နီယွန်နှင့်ပက်သက်လာလျှင် သူအသေးစိတ်ကအစ သတိထားတတ်နေမိ ခြင်းပင်။ နီယွန်က သူ့ကိုဘာမှပြောချင်လို့ ပြောမည့်စကားကိုပြောမထွက်နိုင်ပဲဖြစ်နေရပါသနည်း။ မဟုတ်မှလွဲရော... ဘုရား.....ဘုရား မင်းငါ့ကိုရင်တုန်အောင်လုပ်နေတာလား နီယွန်.......

“သြော် ဘာများလဲလို့ကွာ”

“ဒါပဲနော် အိပ်တော့”

“အေးအေး ပြီးရော မင်းလဲအိပ်တော့”

သူ့စိတ်ထဲ သိပ်ပြီးမကျေနပ်ပေမယ့် နီယွန့်ကိုလည်း အတင်းအကြပ်ကြီးမမေး ချင်တော့၍ အိပ်ဖို့သာ ဆုံးဖြတ် လိုက်တော့သည်။


                                                      *****************

ဂီနို့ကို စီစီနှင့်အခန်းထဲသို့ လွှတ်လိုက်တုန်းက သူမတင်မကျကြီးခံစားနေရတာကို ပြန်အမှတ်ရမိသည်။ သူထိုခံစားချက်ကိုမသိပါ။ ဘာကြောင့်မတင်မကျကြီး ဖြစ်မှန်းလဲမသိ။ သို့ပေမယ့် ဂီနို့ကို သူနှမြောနေတာ ကိုတော့ သူ့ကိုသူရိပ်မိပါသည်။ ယောက်ျားလှကျွန်းတွင် အနေများလာတော့ သူ့စိတ်တွေလဲ ပြောင်းလဲသွား သည်ထင်သည်။ ဒါကလဲ သိပ်တော့မဆန်းပါ။ လူဆိုသည်က ပြုလုပ်ပါများလာလျှင် အကျင့်ဖြစ်သွားတတ်သည်ပဲ။ သူကိုယ်တိုင်ကလည်း မိန်းကလေးတစ်ယောက်ကို ချစ်ဖို့ ဘယ်တုန်းကမှ စိတ်ကူးမယာဉ်ခဲ့မိခြင်းကို အံ့သြမိသည်။ သူလည်း Gay ပဲထင်ပါရဲ့။ မုဆိုးနားနီး မုဆိုး တံငါနားနီး တံငါ ဆိုသလို သူရှင်သန်ကြီးထွားခဲ့သည့် သည်ပတ်ဝန်းကျင်အတိုင်းပဲ သူလဲလိုက်လျောညီထွေစွာ နေထိုင်ရင်း သူ့ကိုသူ ဂေးဖြစ်မှန်းမသိဖြစ်သွားခဲ့ရသည်။ ဒါကြောင့် ဒီအလုပ်ကိုသူပျော်ဝင်နေမိတာကိုး။

တခါတလေမိမိကိုယ်ကို ပြန်သုံးသပ်မိလျှင် ရှက်သလိုလိုတော့ရှိသေးသည်။ ယောကျာ်းတန်မဲ့ ယခုလိုဖြစ်ရခြင်းကို သိမ်ငယ်သလိုလဲ  ခံစားရသည်။ ယခင်တုန်းကတော့ သူသာမန်ယောကျာ်းလေး လိုဘဝတစ်ခုနှင့် နေထိုင်သွားဖို့ စိတ်ကူးဖူးသည်။ သို့ပေမယ့် ယခုတော့ သူ့စိတ်တွေကပြောင်းလဲ သွားခဲ့ပြီဆိုတော့ မဖြစ်နိုင်တော့မှန်းသိသည်။ လက်ရှိရရှိထားသည့် မိမိဘဝကိုပဲ ပိုမိုကောင်းမွန်အောင် ပြုပြင်နေထိုင်သွားရန် ဆုံးဖြတ်ထားသည်။ သူစိုးရိမ်သည်က ဂီနိုကသူ့လိုမဟုတ်ပဲ တခြားစိတ်ဖြစ်နေမှာ ကိုဖြစ်သည်။

ဂီနို့ကိုစတွေ့ကတည်းက သူများတွေနှင့်မတူပဲ နည်းနည်းထူးခြားနေသည်ကို သူသတိပြုမိသည်။ ဂီနိုနှင့် ပက်သက်လျှင် သူ့စိတ်ထဲက အလိုလိုကူညီချင်နေခြင်း ဂီနိုနှင့်ပက်သက်လျှင် အလိုလို ခွန်အားတွေ ရှိနေခြင်းစသည်ဖြင့် သူ့အတွက် ဂီနိုဆိုသည့် ကောင်လေးတစ်ယောက်က အရေးပါမှန်းမသိ ပါနေခဲ့သည်။  နောက်ပြီး သူဂီနို့ကို ဒီလောကထဲသို့ဆွဲခေါ်ခဲ့မိသည့်အတွက် နောင်တရမိသည်။ ယခုတော့ ဂီနိုက ပိုက်စံနောက်ကို ကောက်ကောက်ပါအောင် လိုက်နေချေပြီ။ ဆင်းဆင်းရဲရဲဖြစ်ခဲ့သည့် ဂီနို့ဘဝအတွက် သူကိုယ်ချင်းစာမိပါသည်။ သို့ပေမယ့် ငွေနောက်လိုက်ရင်း ဂီနိုထိခိုက်နစ်နာသွားမှာ သူမလိုလားပါ။ ဘာပဲဖြစ်ဖြစ် ဂီနို့ကိုသူတက်နိုင်သမျှ ကာကွယ်ပေးရမည်။ မိုးမြင့်က လူစိတ်ရှိသည့် အခြောက်မမဟုတ်ကြောင်း သူသိသည်။

“ဒေါက်...............ဒေါက်...............”

အခန်းအပြင်ဖက်မှ တံခါးခေါက်သံကြားမှ သူအတွေးတွေကို ပြန်စုစည်းလိုက်၏။

“ဘယ်သူလဲ.........”

“ဟဲ့ နင့်အမေ နင့်အမေ နီယွန် တံခါးဖွင့်စမ်း”

အသံကြားလိုက်ကတည်းက ကြက်သရေမရှိသည့် မိုးမြင့်မှန်း သူသိသည်။ သက်ပြင်းတစ်ချက်ချ လိုက်ရင်း ကုတင်ပေါ်မှ စိတ်မပါလက်မပါထကာ တံခါးသွားဖွင့်ပေးလိုက်သည်။ ဘာတွေကွိုင်ရှာဦးမည်မသိ။

“ဒီနေ့ည ငါတခြားအလုပ်ကိစ္စရှိလို့ အပြင်သွားရမယ်။ ဒါကြောင့် ဒီညလူတွေကို နင်ကြည့်ရမယ်။ အလုပ်လုပ်တာ သပ်သပ်ရပ်ရပ်ရှိပါစေ။ ”

အခုတလော မိုးမြင့်တခြားအလုပ်တစ်ခု လုပ်နေသည်ဟုသူကြားထားသည်။ သို့ပေမယ့် ဘာအလုပ်မှန်းရည်ရည်ရာရာတော့သူမသိပါ။ နားစွန်နားဖျားကြားထားသည့် စကားဖြစ်၍ သူသိပ်ဂရုမစိုက်မိသည်ကလည်းပါသည်။

“အင်း သွားလေ ဒီညအတွက် ကျုပ်တာဝန်ယူတယ်”

“မင်းအပြောနဲ့အလုပ်ညီဖို့လိုတယ်နော် ဟင်းဟင်း”

မိုးမြင့်က သူ့ကိုလှောင်သလိုပြောင်သလိုကြည့်ကာ အခန်းထဲမှ ထွက်သွား၏။ သူမိုးမြင့်နောက်သို့ လိုက်ကာ တံခါးလိုက်ပိတ်လိုက်သည်။ ခဏကြာတော့ ခြံဝန်းထဲမှ ကားတစ်စီးထွက်သွားသည်ကို သူပြတင်းပေါက်မှ လှမ်းမြင်လိုက်သည်။ မိုးမြင့်ဒီညမရှိဘူးဆိုတော့ သူတို့လွတ်လွတ်လပ်လပ်နေလို့ရပြီဖြစ်သည်။ ထို့အပြင် နားညည်းလည်းသက်သာဦးမည်။ အချိန်ခဏလေး မိုးမြင့်မရှိခြင်းကလည်း တော်တော်လေးကို သိသာပါသည်။ ဒင်းခဏလေးမရှိရင် ခဏလေးနားအေးသက်သာတယ်.......တစ်ခါတည်းသေသွားလိုက်ရင် ဘယ်လောက်များကောင်းလိုက်မလဲ..................

သူ့အတွေးနှင့်သူပြုံးလိုက်ရင်း ဂီနို့ကို သတိရကာ အခန်းအပြင်ဖက်သို့ ထွက်လာခဲ့သည်။ ထို့နောက်လှေကားမှ တစ်ဆင့်အောက်ထပ်သို့ဆင်းလာခဲ့ပြီး ဂီနို့ကိုရှာသည်။ သို့သော် ဂီနို၏ အရိပ်အယောင်မှ မတွေ့ရပါ။ အိမ်သာများ ရေချိုးခန်းများ ဧည့်ခန်းထိအဆုံးရှာလို့ပြီးသွားသော အခါ သူမောဟိုက်သွားသည်။ ထိုစဉ် သူ့ဘေးမှ အငယ်လေးနှင့်သစ္စာက ဖြတ်သွားသဖြင့် သူရုတ်တရက်လှမ်း မေးလိုက်၏။

“ ဟေ့ကောင်တွေ မင်းတို့ ဂီနို့ကိုမတွေ့မိဘူးလား’

အငယ်လေးနှင့်သစ္စာက သူ့ကိုကြည့်ကာ ခေါင်းခါကြသည်။

“ဂီနိုလား မကြီးမိုးမြင့်နဲ့ပါသွားတယ်လေ”

အနောက်မှ အသံကြား၍ ကြည့်လိုက်သောအခါ နန်စီဖြစ်နေသည်။ နန်စီက သောက်လက်စရေခွက်ကို စားပွဲပေါ်သို့ချလိုက်ပြီး တစ်ခုခုကို စဉ်းစားဟန်ဖြင့်ပြောသည်။

“မကြီးမိုးမြင့်က ခါတိုင်းအပြင်သွားရင် အပိုလူခေါ်မသွားတတ်ပါဘူး။ ဒီနေ့ကျမှ ဘာလို့ ထူးထူးဆန်းဆန်း ဂီနို့ကို ခေါ်သွားတာပါလိမ့်”

“သူမနေ့ကမှ ဂီနို့ကို ကြိမ်းထားတာ အခုဂီနို့ကို ခေါ်သွားတယ်ဆိုတော့ ဘာမကောင်းကြံစည်မလို့လဲမှ မသိတာ”

အငယ်လေးနှင့်သစ္စာကပါ ဝင်ပြောသောအခါ သူ့စိတ်တွေပူထူသွားသည်။ ဂီနိုကလည်း ဘာဖြစ်လို့လိုက်သွား တာပါလိမ့်။ သူတို့ပြောသလို မဖြစ်ပါစေနှင့်ဟု သူဆုတောင်းနေမိသည်။ သူ့ရင်တွေပူလာပြီး နန်စီချထားသည့် ရေခွက်ထဲမှ ရေတွေကို တစ်မော့ထဲ မော့ချလိုက်၏၊

“ဒီလောက်လေးနဲ့တော့ ဂီနို့ကိုဘာမှ လုပ်လောက်မှာမဟုတ်ပါဘူးဟယ် နင်တို့ကလည်း။ သူကိစ္စရှိလို့လားမှ မသိတာ”

“အေး မင်းပြောတာလဲ ဖြစ်နိုင်တာပဲ”

သူနန်စီ့ကိုထောက်ခံလိုက်တော့ အငယ်လေးနှင့်သစ္စာ ပြုံးစိစိလုပ်နေကြသည်။ အငယ်လေးနှင့်သစ္စာက တတွဲတွဲလုပ်လွန်းကြသည်။ ယခုတော့ သူတို့နှစ်ယောက်က ကြိုက်နေကြသည်ဆိုလားဘာလား ကြားသည်။

“ဂီနိုလေးကို စိတ်ပူနေတယ်မဟုတ်လား “

“အာ......မဟုတ်ပါဘူးကွာ မင်းတို့ကလည်း ဂီနိုက ငါ့သူငယ်ချင်းပါ”

“အောင်မယ် ဘာသူငယ်ချင်းလဲ နီယွန်နော်။ ဂီနိုဆိုတာနဲ့ ဆတ်ဆတ်ထိမခံဖြစ်နေတာကို မိုးမြင့်နဲ့ရန်ဖြစ်တာ ဆိုတာ ဘယ်နှခါမှန်းကိုမသိတော့ဘူး။ နီယွန့်ကို နန်စီသဘောကျနေတာသိရဲ့သားနဲ့ ဟွန်း...............”

အငယ်လေးက ပြောမရသည့်ကြားထဲ နန်စီကတစ်မှောက်ဝင်ရှုပ်နေပြန်သည်။ သူမျက်နာကြီး ရှက်လွန်း၍ နီရဲနေလောက်ရော့မည်။

“ဟားဟား............တော်ပါတော့ကွာ မင်းတို့ကတစ်အားစနေ ဟိုမှာ မျက်နာကြီးက မျောက်ဖင်ကြီး ကျနေတာပဲ နီရဲနေပြီ”

“အိုး ဟုတ်သားပဲ သူလေးရှက်နေပြီ ကြည့်စမ်း ကြည်စမ်း”

သူတဖြေးဖြေးအသက်ရှုရကြပ်လာသလိုလို အိမ်သာတက်ချင်လာသလိုလို ရင်ထဲတွင် ဘယ်လိုခံစားချက်ကြီးမျိုးမှန်းမသိဖြစ်ပေါ်လာသည်။ သူ့မသိစိတ်ထဲတွင် ကျိတ်၍ဝမ်းသာနေသော် လည်းသူ့မျက်နှာကြီးကတော့ ထိန်းထားလို့မရအောင် နီမြန်းနေပြီဖြစ်သည်။ မဖြစ်ဘူး မဖြစ်ဘူး ဒင်းတို့စတာနဲ့ ငါသေတော့မယ်။ မြန်မြန်လစ်မှ..........

“ဟုတ်လားမှန်း....................ကြည့်ရအောင်”

တဖြေးဖြေးဖြင့် အငယ်လေးနှင့်သစ္စာက သူ့ဆီကို မျက်လုံးပြူးပြူးမျက်စံပြူးပြူးဖြင့်ကပ်လာသည်။ တဖြေးဖြေးဖြင့် သူ့အနားရောက်သော်အခါ အငယ်လေးက မျက်နှာနားကိုကပ်လာပြီး သေသေချာချာ စေ့စေ့စေပ်စပ်ကြည့်လေသည်။ အငယ်လေးမျက်နှာကြီးကို ကြည့်ပြီးသူအမြင်ကတ်လာသဖြင့် နှာခေါင်းကို ဆွဲလိမ်ပစ်လိုက်သည်။

“အား...................သေပါပြီ”

“မှတ်ပါလား ရှည်ချင်ဦး”

“ကောင်းတယ် ကောင်းတယ် ခိခိခိ”

“ဟာ ငါ့အသည်းလေးကို လုပ်သွားတယ် ကြည့်စမ်း။ အသည်းလေး မင်းဘယ်နားနာသွားလဲ ဟေ့ကောင် နီယွန် မင်းဝဋ်လည်လိမ့်မယ်ကြည့်နေ”

အနောက်မှ တန်းစီပြီးထွက်ပေါ်လာသော ထိုစကားသံများကို သူမသိဟန်ဆောင်ကာ ကျောခိုင်းထွက်ခွာ လာခဲ့သည်။ ဂီနိုရာ......................ငါရှက်လိုက်တာဟီးဟီး



                                                              ******************



ကောင်းကင်ကြီးသည် ကြယ်လေးတွေတဖွေးဖွေးဖြင့် သန့်ရှင်းကြည်လင်နေသည်။ တိမ်ညိုတိမ်မဲ များကင်းစင်လျှက် လမင်းကြီး၏ နူးညံသည့်အလင်းရောင်ဖျော့ဖျော့လေးက အေးမြမှုတွေနှင့်အတူ လောကကြီး ကိုလွှမ်းခြုံထားသည်။ လူတွေက ဆောင်းတွင်းလို ချမ်းသည့်ရာသီဥတုတွင် နေရောင်အောက်တွင် နေဆာလှုံကြသည်။ သို့သော် ပူအိုက်နေသည့် ညအခါမျိုးတွင်တော့ အေးချမ်းနေသည့် လမင်းကြီး၏ အလင်းရောင်ဖြင့် လဆာလှုံကာ အေးမြမှုကို ခံစားရကောင်းမှန်းမသိကြ။ ညသန်းခေါင် အပြင်ထွက်ကာ လဆာလှုံနေသည်ဆိုလျှင် ထိုသူကိုအရူးဟု ပြောလျှင်ပြောတတ်ကြဦးမည်။ မည်သို့ပင်ဆိုစေကာမူ စိတ်မွန်းကြပ်နေသူတစ်ယောက် ဒါမှမဟုတ် တစ်ခုခုကိုသတိရနေသူတစ်ယောက် ဒါမှမဟုတ် ဝမ်းနည်းနေသူ တစ်ယောက်ကတော့ လမင်းကြီး၏ အလင်းရောင်အောက်တွင်ထိုင်ကာငေးမောနေတတ်ကြမည်ထင်သည်။

           ညလေအေးလေးတစ်ချို့က နီယွန့်ပါးပြင်ပေါ်သို့ ဖြတ်သန်းတိုးဝှေ့သွားသည်။ သူ့နဖူးထိပ်မှ တွဲကျနေသော ဆံပင်စလေးက လှုပ်ရုံလေးဆိုသလိုသာ အနည်းငယ်ရွေ့ရှားသွားသည်။ ခပ်ဝေးဝေးမှ မာကြူရီ မီးလုံးရောင်တွေကို ငေးကြည့်ရင်း မြို့ပြ၏ ညတစ်ညအလှကို သူခံစားနေမိသည်။ သူ့ရင်ထဲတွင် ထူးခြားနေသည်။ ထိုထူးခြားနေသည့် ခံစားချက်ကိုသူကိုယ်တိုင်အဓိပ္ပါယ်မဖော်တတ်ပါ။ သို့ပေမယ့် သူ့မျက်လုံးထဲတွင် မြင်ယောင်နေသည်က ဂီနို့၏ ပုံရိပ်တွေဖြစ်သည်။ ယခု ဂီနိုသူ့နားတွင်မရှိပါ။ သို့ပေမယ့် ဂီနိုကိုတွေ့လို့တွေ့ညား သူခဏခဏ ရှာကြည့်မိနေသည် ပြီးမှ ဂီနိုမှမရှိဘဲဟူသော အသိစိတ်ပြန်ဝင်လာ ကာမိမိကိုယ်ကိုရှက်နေမိသည်။

အနေနီးနေတုန်းက သိပ်မသိသာပေမယ့် ဝေးသွားသည့်အခါမှ လူတစ်ယောက်အပေါ်တွယ်ညိနေသည့် မိမိ၏သံယောဇဉ်ကို နားလည်လာသည်။ လူတွေပြောပြောနေသည့် လွမ်းသည်ဆိုသည့် ဝေဒနာကြီးက တော်တော်ဆိုးကြောင်းသူအခုမှသိသည်။ ဂီနိုရယ် မင်းဘာဖြစ်လို့ မိုးမြင့်နဲ့လိုက်သွားရတာလဲ...... မင်းပြန်မလာမှာ ငါစိုးရိမ်နေမိတယ်.....ပြီးတော့ မင်းမျက်နှာလေးကို မြင်ချင်လိုက်တာ....အာ ငါဘာတွေ စဉ်းစားနေမိပါလိမ့်.............

သူ့ရင်ထဲတွင် ရှိနေသည့်ပိုးက တော်တော်ဆိုးနေမှန်း ယခုမှသိသည်။ သူ့အခြေအနေက ကုစားလို့ မရနိုင်တော့ဘူးလား။ လူတွေမှာသာ ချစ်တတ်သည့်နှလုံးသားမပါလျှင် ဘယ်လောက်ကောင်းမည်နည်း။ လူတွေ မချစ်တတ်လျှင် အသည်းလည်းကွဲစရာမလိုတော့ လွမ်းလဲလွမ်းစရာမလိုတော့ စိတ်လဲပင်ပန်းစရာ မလိုတော့ပါ။ မည်မျှကောင်းပါသနည်း။ သို့ပေမယ့် အသည်းနှလုံးနှင့်အသက်ရှင်နေသ၍တော့ သူစဉ်းစားသမျှ ကအချည်းနီးဖြစ်မည်ထင်သည်။ ဘာရယ်မဟုတ်သူ့အတွေးနှင့်သူပြုံးလိုက်မိသည်။ ခပ်ဝေးဝေးမှ နာရီစဉ်၏ သုံးချက်တီးသံထွက်ပေါ်လာသည်။ မကြာခင်မိုးလင်းတော့မည်ကိုး။ ဆိုင်သိမ်းကတည်းက ဝရံတာပေါ်တွင် သူထိုင်နေခဲ့သည်မှာ တစ်နာရီခန့်ရှိတော့မည်။ အိပ်မပျော်တော့မည့် ညတစ်ညကို ရင်ဆိုင်ဖြတ်သန်းနေမည့် အစားမအိပ်ပဲနေလိုက်ချင်သည်။

......ဂီနိုနဲ့ငါက ဘာမှမဟုတ်သေးပါဘူး.......ငါဒီလောက်ဖြစ်နေစရာလိုလို့လား..............



                                                                   ******************

“နီယွန်”

“ဟေ့ကောင်နီယွန်”

“နီယွန်”

“နီယွန်”

ခေါ်သံတွေသူကြားနေရသည်။ သူဒီအသံကို ရင်းရင်းနီးနီးသိပါသည်။ သို့ပေမယ့် သူ့မျက်လုံးတွေက အိပ်ချင်မူးတူးဖြင့် ဖွင့်မရဖြစ်နေသည်။ ခေါ်သံကတော့ အဆက်မပြက်ထွက်ပေါ်နေဆဲပင်။

“ဟေ့ကောင်နီယွန်”
သူမျက်လုံးတွေကို ပွတ်သပ်ပြီး ကြိုးစားဖွင့်ကြည့်လိုက်၏။

“ဟင်..................ဂီနို”

ဟုတ်သည်။ ဂီနိုမှဂီနိုစစ်စစ်။ သူ့အိပ်ချင်စိတ်တွေ လွင့်ပြယ်ကုန်ကာ ကုတင်ပေါ်မှ ငေါက်ကနဲ ထထိုင်လိုက်၏။ ဂီနိုကသူ့ကို ပြူးကျယ်သောမျက်လုံးများဖြင့် ကြည့်နေသည်။ ထို့အပြင် ဂီနို့လက်ထဲတွင် အထုတ်တစ်ထုတ် ကိုဆွဲထားသေးသည်။

“မင်းပြန်ရောက်နေပြီလား”

“အေးလေ ပြန်ရောက်နေလို့ပဲ အခုမင်းရှေ့ရောက်နေတာပေါ့။ မင်းကလည်း အိပ်လိုက်တာသိုးနေတာပဲ တော်တော်နှိုးယူရတယ် ဟူး................”

ဂီနို့ကိုသူဘာမှမပြောပဲ ပြုံးရုံသာပြုံးပြလိုက်သည်။

“မင်းမျက်နှာသွားသစ်လိုက်ဦးလေ.....ငါမင်းအတွက် မနက်စာဝယ်လာတယ် စားပြီးမှပြန်အိပ်ချင်အိပ်လေ”

“မသစ်တော့ပါဘူးကွာ ဒီအတိုင်းပဲစားတော့မယ်”

“ဟန်.............ညစ်ပတ်တယ်ကြည့်စမ်း အစားအစာဆိုတာ မျက်နှာသစ်သွားတိုက်ပြီးမှ စားရတာကွ”

“ငါကလေးမဟုတ်ပါဘူး သိပါတယ် မင်းဆရာမလုပ်စမ်းပါနဲ့။ ဒါနဲ့ ဘာတွေဝယ်လာတာလဲ မင်းအထုတ်ထဲက ဟာတွေက စားကောင်းမဲ့အစားအစာတွေပဲနေမှာ”

“မနက်စာဆိုတော့ ငါလဲမုန့်ဟင်းခါးပဲဝယ်လာခဲ့တယ်။ သံပရာသီးရယ် ငရုတ်သီးမှုန့်ရယ် အကြော်ရယ် ကသပ်သပ် မုန့်ဖတ်ကသပ်သပ် ဟင်းရယ်ကသပ်သပ်ထုတ်လာတယ်။ မင်းစားမယ်ဆိုရင် မျက်နှာသွားသစ်လိုက် ငါပြင်ပေးမယ် အိုကေ...............?”

ဂီနိုက သူ့ကိုခပ်တည်တည်ဖြင့်ပြောနေသည်။ ဂီနိုကစကားကို ခပ်တည်တည်ပြောနေပေမယ့် ဂီနို့ပုံစံကတော့ လူကြီးမဆန်ပဲ ချစ်စရာကောင်းနေသည်။ သူဘာမှမပြောတော့ပဲ အိပ်ယာထဲမှထကာ ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်ကာ သွားတိုက်လိုက်၏။ သွားတိုက်နေရင်းတန်းလန်း ဂီနို့ကို ချောင်းကြည့်လိုက်တော့ သူ့အတွက် တကယ်ပဲ မုန့်ဟင်းခါးတွေ ပြင်ပေးနေသည်။ သူချောင်းကြည့်နေတာ ဂီနိုမြင်သွားမည်စိုးသဖြင့် ခေါင်းကို မှန်ရှေ့ပြန်လှည့်လိုက်ပြီး သွားကိုသာဆက်တိုက်နေလိုက်သည်။ သွားတိုက်ပြီးသွားသောအခါ အဆင်သင့်ပြင်ထားသည့် မုန့်ဟင်းခါးတွေကို အားရပါးရ စားပစ်လိုက်သည်။

“စားလို့ကောင်လား နီယွန်”

“အေးကောင်းတယ်”

“ဟဲဟဲ ဒါဆိုရင်တော့ ဝယ်ရကျိုးနပ်သွားပြီ။ ငါသွားဝယ်တုန်းက မုန့်ဟင်းခါးရောင်းတဲ့ အဒေါ်ကြီးပါးက သနပ်ခါးတွေတောင်မခြောက်သေးဘူးကွ။ မင်းက ဦးဦးဖျားဖျားစားရတာပဲ “

“နေပါဦး ဒါနဲ့ မင်းကိုမနေ့ညက တစ်ညလုံးမိုးမြင့်က ဘယ်ကိုခေါ်သွားတာလဲ”

သူ့အမေးကြောင့်ပြုံးနေသော ဂီနို့မျက်နှာက ခပ်တည်တည်ပြန်ဖြစ်သွားပြန်သည်။ ဂီနိုသူ့မေးခွန်းကို သိပ်မဖြေချင်ကြောင်း ဂီနိုမျက်နှာက သက်သေပြနေသည်။ သူလဲ လူကဲခတ်ညံ့သူတစ်ဦး မဟုတ်သောကြောင့် မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး ခန့်မှန်းလို့ရနေသည်။

“ဘာမှမဟုတ်ပါဘူးကွာ မမမိုးမြင့်ကငါ့ကို အလုပ်ကိစ္စရှိလို့ခေါ်သွားတာပါ။ ငါ့ကိုဘောက်ဆူးတောင် ပေးလိုက်သေးတယ်”

“အလုပ်ကိစ္စလား ဘာအလုပ်ကိစ္စလဲ”

“ဟို.......ပစ္စည်းလေးတစ်ခုသွားပို့ခိုင်းတာပါကွာ ဘာမှမဟုတ်ပါဘူး”

“ဂီနို မင်းမိုးမြင့်ကိုအချဉ်မှတ်နေလား။ အဲ့ဒီမိုးမြင့်ဆိုတဲ့ ဒေါင်မကျပြားမကျက အရမ်းဥာဏ်များတာနော် သူခိုင်းတိုင်းလိုက်လုပ်မနေနဲ့ ဒုက္ခရောက်နေဦးမယ်။ မင်းကဒီလောက ကြီးထဲကိုအခုမှရောက်လာတာ မင်းလိုကောင်မျိုးလေးကို ဟိုကဖုတ်စားသွားမယ်”

“မင်းစကားတွေကလဲ ငါတောင်ကျောချမ်းလာပြီ”

“ငါကမင်းအတွက် စိတ်ပူလို့ပြောတာပါကွာ”

ဟိုက်...............သွားပြီ။ ထိန်းထားသည့်ကြားထဲက စိတ်ပူလို့ပါဟု ဘယ်လိုပြောလိုက်မိပြန်ပြီမသိ။ ဂီနိုက သူ့စကားကိုနားထောင်ပြီး ငြိမ်သက်သွားသည်။ ဂီနိုသူ့ကို တစ်ခုခုဖုံးကွယ်ထားသည်ဟု သူခံစားရသည်။ သူမသိပဲ ဂီနိုသူ့နောက်ကွယ်တွင် ဘာတွေလုပ်နေပါသနည်း။ သူမသိလိုက်ပဲ ဂီနိုတစ်ခုခုဖြစ်သွားမှာ သူစိုးရိမ်သည်။  

“ငါပန်းကန်တွေသွားသိမ်းလိုက်ဦးမယ်”

ဂီနိုရာ......မင်းနဲ့အတူတူရှိနေရတာ ငါ့အတွက်နေရခက်လိုက်တာ။ မင်းမရှိပြန်ရင်လဲ မင်းကိုလွမ်းနေရတယ်။ ကြာရင်ငါတော့ ရူးတော့မယ်။ ဟူး............

ပန်းကန်တွေ ဆေးပြီးနောက် သူအခန်းထဲသို့ပြန်ဝင်လာခဲ့သည်။ အခန်းထဲသို့ရောက်သော အခါ သူမှင်သက်သွားမိသည်။ ဂီနိုက အတွင်းခံဘောင်းဘီလေးနှင့် မျက်နှာသုတ်ပုဝါလေးတစ်ခုကို ပုခုံးပေါ်တင်ကာ သူ့ကိုပြူးပြူးလေးကြည့်နေသည်။ သူ့လက်ထဲမှ ပန်းကန်တွေ လွတ်ကျတော့မလိုဖြစ်သွားသည်။ သူဘာဖြစ်နေတာပါလိမ့်။ အရင်ကလဲ ဂီနိုအတွင်းခံနှင့်နေတာ သူမမြင်ဖူးသည်မဟုတ်ပါ။ သည်နေကျမှ ထူးထူးဆန်းဆန်း။

“ငါရေချိုးလိုက်ဦးမယ် နီယွန် မင်းအိပ်ချင်ရင်အိပ်တော့နော်”

“ဟုတ်ကဲ့............အဲ့မဟုတ်ပါဘူး အေး.......အေးလို့ပြောတာ”

သူ့ပုံစံကိုကြည့်ပြီး ဂီနိုကရယ်ကျဲကျဲလုပ်ကာ ရေချိုးခန်းထဲဝင်သွားသည်။  အတွင်းခံဘောင်းဘီဝတ်ထားမှ ဂီနို့ ကြွက်သွားတွေက သူ့ကိုပိုပြီးဆွဲဆောင်နေသလိုရှိသည်။ သူရင်ဘတ်ကို ဖိထားမိတော့ အထဲမှတဒိတ်ဒိတ်ခုန် နေသော ရင်ခုန်သံကိုအတိုင်းသားကြားနေရသည်။ ဘုရား......ဘုရား သူရင်တွေခုန်နေပြီ။ သူ့ပုံစံက ယောကျာ်းတွေကို တစ်ခါမှမမြင်ဖူးသည့်ုမိန်းမပျိုလေး ရှက်သွေးဖြာသလိုဖြစ်နေပါပကောလား။ အနားရှိကုတင်ပေါ်သို့ အသာထိုင်ကာ မိမိကိုယ်ကို အံသြနေမိသည်။ ထိုအခိုက်........

“နီယွန်.........ငါ့ကိုဆပ်ပြာပေးဦး ငါယူဖို့မေ့သွားလို့”

“ဟန်...........မင်းဖာသာမင်းလာယူပါလား”

“မင်းကလည်းကွာ ငါကျတော့ မုန့်ဟင်းခါးတွေတောင်ပြင်ပေးရသေးတယ်။ လုပ်ပါကွာ ငါရေစိုကြီးနဲ့ ထွက်မလာ ချင်လို့ပါ”

“ဆပ်ပြာက ဘယ်နားထားတာလဲ”

“မင်းကုတင်အောက်က ခြင်းလေးထဲမှာရှိတယ်။ တလက်စတည်း ခေါင်းလျှော်ရည်ထုတ်လေးပါယူခဲ့ကွာ”

သူ့ကုတင်အောက်ကို ငုံ့ကြည့်လိုက်တော့ ခြင်းလေးတစ်ခုကိုတွေ့သည်။ ထိုအထဲမှ ခေါင်းလျှော်ရည်ထုတ်လေးနှင့် ဆပ်ပြာခွက်ကလေးကို ယူကာခြင်းကိုကုတင်အောက်သို့ ပြန်ထိုးထည့်လိုက်၏။ ထို့နောက် ဂီနို့ဆီကိုသူလျှောက်လာခဲ့သည်။

“ရော့..........”

ဂီနိုက သူလှမ်းပေးသည်ကို လက်ကမ်းပြီးယူသည်။ ရေတွေစိုရွှဲနေသည့် ဂီနို့မျက်နှာက တစ်မျိုးဆွဲဆောင်မှု ရှိသည်။ ထို့အပြင် နီရဲနေသည့် နှုတ်ခမ်းလေးက သူ့ကိုနမ်းချင်အောင် နှိုးဆောင်နေသလို။ သူ့စိတ်တွေ ထိန်းထားသည့်ကြားထဲမှ ထကြွသောင်းကျန်းလာသည်။ သူချက်ချင်း အကြည့်ကိုလွှဲလိုက်ပြီး ဂီနို့ကို ကျောခိုင်းလိုက်ကာသွားဖို့ ပြင်လိုက်သည်။ သို့သော် ရေတွေစိုရွှဲနေသော အေးစက်နေသည့်လက်တစ်စုံက သူ့လက်ကို မိမိရရဆုပ်ကိုင်ထားလိုက်သည်။ သူရုတ်တရက် ထိတ်လန့်သွားပြီး အနောက်သို့ပြန်လှည့် လိုက်၏။ ဂီနိုကသူ့ကို စူးစူးရဲရဲကြီး ကြည့်လျှက်ရှိသည်။ သူရင်တွေ တဒိတ်ဒိတ်ခုန်လာသည်။ ညို့အားပြင်း ထန်နေသော ဂီနို့အနားတွင် အသက်ရှုဖို့ပင်မေ့လျော့နေခဲ့သည်။

ဂီနိုက သူ့လက်ကိုဆွဲပြီး ရေချိုးခန်းထဲသို့ ဆွဲခေါ်လိုက်၏။ ပြီးနောက် တံခါးကို ဂျိမ်းကနဲပိတ်ကာ သူ့ကိုတံခါးနှင့်ကပ်ပြီး ငေးကြည့်လျှက်ရှိသည်။ ဂီနို့မျက်နှာက နီးသထက်နီးလာသောအခါ သူမကြည့်ရဲ လောက်အောင် ဖြစ်လာသည်။ ဂီနိုသူ့ကိုနမ်းတော့မည် ထင်သည်။ သူရေငတ်သလိုလိုဖြစ်လာသည်။ အတွင်းခံဘောင်းဘီလေးသာ ဝတ်ထားသည့် ဂီနို့ခန္ဓာကိုယ်လေးက သူ့စိတ်ကို သောင်းကျန်းထကြွနေစေသည်။  သူတံတွေတစ်ချက်မျိုချလိုက်၏။ ရေစိုနေသော ဂီနိုပေါင်တံပေါ်သို့ သူ့လက်ကလေးဖြင့် ထိခါနီးတွင် ဂီနိုကသူ့ရှေ့ဆက်မတိုးတော့ပဲ ရပ်တန့်လိုက်သည်။ ထိုအခါမာကျော တောင့်တင်းနေပြီဖြစ်သည့် ဂီနို့လိင်တံက သူ့ဝမ်းဗိုက်နားသို့ လာရောက်ထိကပ်နေသည်။ သူအသက်ရှုရသည် ပင်ကြပ်လာပြီး ဝမ်းဗိုက်တစ်ခုလုံး လှိုက်မောနေသည်။ ဂီနိုက သူပေးထားသည့် ဆပ်ပြာခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ဆပ်ပြာခွက်ကလေးက အဖုံးပွင့်ကာ ကြမ်းပြင်ပေါ်တွင် တစ်စစီဖြစ်သွား၏။

သူလက်ရှိကြုံတွေ့နေရသည်ကို အိမ်မက်မက်နေသယောင်ယောင်စိတ်ထဲတွင် မသင်္ကာဖြစ်နေမိသည်။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းနေပြီး တခဏလေးအတွင်းမှာပင် လျှပ်စီးလက်သလို ယခုခြေအနေသို့ ရောက်ရှိလာခဲ့သည်။ ပထမတစ်ခါ ဂီနိုကိုအနှိပ်သင်ပေးတုန်းကလို ရင်ခုန်မှုမျိုး ယခုသူ့ရင်ထဲသို့ ပြန်ရောက်လာသည်။ ဖုတ်လိုက်ဖုတ်လိုက် သစ်ရွက်လေတိုးသလို အမျိုးအမည်မသိသော ဤသို့ခံစားမှု ရင်ခုန်သံမျိုးသည် သာယာချိုမြိန်လှပါသည်။ ယခုသူဘာလုပ်ရမည်ကို ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။

သူ့အပေါ်င်္အကျီကိုခါးမှမြှောက်ပြီး ချွတ်ပစ်လိုက်၏။ ဂီနိုက သူ့ခါးမှ ဂျင်းဘောင်းဘီကျယ်သီးတွေကို တစ်လုံးချင်း ဖြုတ်ပေးလျှက်ရှိ၏။ ထို့နောက် ဘောင်းဘီကိုပေါင်လယ်ခန့်လောက်ထိ ဆွဲချလိုက်၏။ သူ့ဖွားဖက်တော်မှာလဲ အနည်းငယ်ကုန်းရုန်းထကြွနေပြီဖြစ်သည်။ ဂီနိုက သူ့ဟာလေးကိုကြည့်ပြီး လက်ညိုးလေးအသာလေးဖိကြည့်သည်။ သူတုန်ရီစွာ ဂီနို့မျက်နှာကို ကြည့်မိတော့ ဂီနိုကတော့ ပြုံးစိစိ လေးလုပ်နေသည်။ သူစိတ်မထိန်းနိုင်တော့ပဲ ဂီနိုနှုတ်ခမ်းတွေကို လှမ်းပြီးနမ်းလိုက်၏။ ဂီနိုက သူ့အနမ်းကို ငြိမ်သက်စွာ ခံယူပြီး အနောက်မှနေ၍ သူ့လည်ဂုတ်ကို လက်ကလေးဖြင့် သိုင်းဖက်လာသည်။ ထို့အပြင် ကျန်လက်တစ်ဖက်ဖြင့် သူ့ခါးမှနေ၍ အရှေ့သို့ဆွဲ ကပ်လိုက်ရာ ပူနွေးနေသော သူ့ဝမ်းဗိုက်သားနှင့် ရေစိုအေးစက်နေသော ဂီနို့ဝမ်းဗိုက်သားတို့ ကပ်လျက်ဖြစ်သွားကာ ယားကျိကျိဖြစ်သွားသည်။

ဂီနို့လက်တွေကအငြိမ်မနေပဲ သူ့ခါးမှတစ်ဆင့် သူ့တင်းပါးအစပ်ကို မမှီ့တမှီလှမ်းပြီးဆုပ်နယ်နေသည်။ ထို့နောက် အတွင်းခံအတွင်ထဲသို့ လက်နှိုက်ကာ သူ့တင်ပါးတွေကို ဖြစ်ညှစ်လေသည်။ သူနှင့်နှုတ်ခမ်းချင်း နမ်းနေရာမှ ဂီနိုက အနမ်းကိုရပ်တန့်အဆုံးသတ်လိုက်ပြီး သူ့ကိုရီဝေဝေ အကြည့်တွေဖြင့်ကြည့်သည်။ သူ့ဘဝတွင် တစ်ခါမှမခံစားဖူးသော ကြည်နူးပျော်ရွှင်ခြင်းတွေ ရင်ထဲသို့ အပြိုင်းပြိုင်းဆိုက်ရောက်လာသည်။ သူဂီနို့ကို ပြုံးပြလိုက်သည်။ ဂီနိုက သူကလည်တိုင်နားသို့ တိုးကပ်သွားပြီး လည်တိုင်တွေကို ဖွဖွလေးနမ်းလေသည်။ သူမျက်လုံးမှိတ်ထားရင် ဂီနိုပြုသမျှနုနေလေတော့သည်။

လည်တိုင်မှတစ်ဆင့် ဂီနိုကတဖြေးဖြေးအောက်သို့ ဆင်းသွားပြီး ဝမ်းဗိုက်ရှိဖုထစ်နေသည့် သူ့ကြွက်သား တွေကိုပါးစပ်ဖြင့်ဟပ်ကာ အငမ်းမရစုတ်နေသည်။ ဂီနို့၏ အာငွှေ့နွေးနွေးလေးက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံ ရစ်သိုင်းထားသလို နွေးထွေးနေသည်။ သူလက်တွေက အလိုလိုဂီနိုခေါင်းလေးကို ပွတ်သပ်ပေးနေမိသည်။ ထို့နောက်ဂီနို့လက်တွေသည် သူ့အတွင်းခံဘောင်းဘီကိုပါ ဆွဲချွတ်ပစ်လိုက်သည်။ ထိုအခါ အချုပ်အနှောင်မှ လွတ်မြောက်သွားသော သူ့ငယ်ပါက အားရပါးရ ထောင်မတ်လာသည်။ ဂီနိုက သူ့ငယ်ပါကို အရင်းမှကိုင်ကာ မမြင်ဖူးသလို သေချာကြည့်နေသည်။ ညိုရင့်ရောင်သန်းနေသော သူ့ငယ်ပါက ထိပ်ဖူးတွင် အနည်းငယ် အရည်ကြည်လက်နေသည်။ ဂီနိုကအရင်းမှ ကိုင်ထားရင် အထက်အောက်တစ်ကြိမ်ခန့် အတိုးအလျော့ လုပ်ကြည့်သည်။ ဂီနိုလုပ်သမျှကို သူငြိမ်သက်စွာဖြင့် ရင်ခုန်ပြီးကြည့်နေမိသည်။

ဂီနိုကအဖျားထိဆွဲတင်လာပြီး သူ့ငယ်ပါကို အရင်းသို့ပြန်ဆွဲလိုက်သည်။ ထိုအခါ ငယ်ပါး၏ ကွမ်းသီးခေါင်း ကပိုပြီးနေရာရလာသောကြောင့် မှိုပွင့်ကဲ့သို့ဖြစ်နေသည်။ သူ့မှိုပွင့်ကို ဂီနိုက ကြည့်ရင်းကြည့်ရင်း ပါးစပ်ကလေးကို အသာဟက တဖြေးဖြေးအနားသို့ တိုးကပ်လာ၏။ ပါးစပ်ရှေ့ရောက်သောအခါ သူ့ကွမ်းသီးခေါင်းလေးကို အသာငုံလိုက်သည်ကိုတွေ့ရသည်။ ဂီနို့၏    အာခံတွင်းထဲသို့ ရောက်သွားသော သူ့ငယ်ပါသည် ရှိန်းတိန်းတိန်း စိုစိစိလေးဖြင့် နွေးသွားသည်။ ဂီနိုက သူ့ငယ်ပါကို ပါးစပ်ထဲမှ ပြန်ထုတ်လိုက်ပြီး နောက်တစ်ကြိမ်ပြန်ငုံသည်။ သည်တစ်ကြိမ်တွင်တော့ အရင်းနားထိရောက်အောင်ငုံသည်ကိုတွေ့ရသည်။ ထို့နောက် ထုံးစံအတိုင်း စီးချက်ညီညီ လှုပ်ရှားနေသည်။

အတန်ငယ်ကြာသောအခါ သူဂီနိုခေါင်းလေးကို ကိုင်ကာရပ်တန့်ခိုင်းလိုက်သည်။ ဂီနိုကသူ့ကို မော့ကြည့်လာသည်။ သူဂီနို့ကို ပုခုံးမှကိုင်ပြီးထစေလိုက်သည်။ ထို့နောက် အဆုံးထိမကျွတ်သေးသည့် သူ့ဘောင်းဘီကို ခြေထောက်တစ်ဖက်ဖြင့်ချိတ်ပြီး ချွတ်ပစ်လိုက်သည်။ ယခုအခါ သူတို့နှစ်ဦးလုံးသည် အဝတ်ဗလာဖြင့် မိမွေးဖမွေးသည့်အတိုင်း တုံးလုံးလေးတွေဖြစ်နေသည်။ ဂီနို့ငယ်ပါလေးမှာလဲ အထက်သို့ ထောင်မတ်နေပြီဖြစ်သည်။ သူဂီနို့ငယ်ပါကို မရဲတရဲလှမ်းကိုင်ကြည့်လိုက်သည်။ ယခင်က ဆီတွေဖြင့် ရွဲနေသော ဂီနို့ငယ်ပါလေးက ယခုတစ်ခါဆီမပါပဲ ကိုင်ရသည်နှင့်အနည်းငယ်တော့ ကွာခြားနေသည်။ ဂီနို့ ငယ်ပါအရေပြားလေးသည် နူးညံ့နေကာ ကိုင်လို့ကောင်းလှသည်။ ဂီနို၏ လက်တစ်ဖက်ကလဲ သူ့ငယ်ပါကို ဆော့ကစားလျှက်ရှိ၏။ ထို့နောက်သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် လွတ်ထွက်သွားမလား ဖက်ထားမိကြသည်။

ထို့နောက် ဂီနိုကသူ့၏ငယ်ပါကို အရှေ့သို့ ဆွဲလိုက်ပြီး ငယ်ပါချင်းကပ်ကာ ပွတ်တိုက်နေသည်။ လက်တစ်ချောင်းထဲတွင် ငယ်ပါနှစ်ခုကို တင်းကြပ်စွာကိုင်ထားပြီး ပွတ်တိုင်ချင်း၏ အရသာသည်လဲ တစ်မျိုးတော့ ရှိသည်။ ဂီနိုက သူ့နှုတ်ခမ်းတွေကို အသာနမ်းပြန်သည်။ သူတို့နှစ်ယောက် အတန်ကြာသည်အထိ အနမ်းရေယာဉ်ကြောတွင် စီးမြောနေမိကြသည်။ ပြီးနောက် ဂီနိုက သူ့ကို အခြားတစ်ဖက်သို့ လှည့်စေလိုက်သည်။ သူသဘောပေါက်ပါသည်။ သူက  ဒီလောကတွင် ကျင်လည်နေသည့်သူ ဆိုတော့သူ့အတွက် နာကျင်မှုမရှိတော့ပဲ အသားကျနေပြီဖြစ်သည်။ သူကြည်ကြည်ဖြူဖြူ ပဲလှည့်ပေးလိုက်သည်။ ဂီနိုက သူ့ကိုထားကာ ရေချိုးခန်းထဲမှ ခဏထွက်သွားပြီး ကွန်ဒုံးတစ်ခုကို ယူကာ အခန်းထဲသို့ပြန်ဝင်လာသည်။ ထို့နောက်ဂီနိုက ကွန်ဒုံးကို ငယ်ပါထိပ်မှနေ၍ အရင်းထိစွပ်လိုက်သည်။ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီဟူသော ပုံစံ.......

ထို့နောက် သူ့တင်ပါးဝနားသို့ တဖြေးဖြေးတိုးကပ်လာကာ လက်ဖြင့်အသာတေ့ပြီး အထဲသို့ အနည်းငယ် ထိုးထဲ့လေ၏။ အစပိုင်းတွင် အနည်းငယ် တစ်နေသေးသည်။ သို့သော် ဂီနိုကအနည်းငယ်အားစိုက် လိုက်သောအခါ ချောချောချူချူပဲဝင်သွား၏။ ဂီနိုဟာကမလွယ်လှပါ အရွယ်အစားအားဖြင့်သော်လည်းကောင်း အရှည်အလျားအားဖြင့်သော်လည်းကောင်း သူ့ကိုကြိမ်းနေစေတာတော့အမှန်ပင်။ လူပုံစံလေးက ချစ်စရာကောင်းသလောက် အောက်ကဟာက ကြောက်စရာကောင်းလှသည်။ ဂီနိုတစ်ချောင်းစဆောင့်လိုက် တိုင်းသူ့တင်ပါးတစ်ခုလုံး ပြည့်ကြပ်သွားပြီး တစ်ခါပြန်ထုတ်လိုက်တိုင်းတွင် ဟာကနဲ ကျန်ခဲ့သည်။ ပင်လယ်ပြင်တွင် လှိုင်းစီးနေရသလိုလို ကစားကွင်းက ရိုလာကိုစတာ စီးနေရသလိုလို ခံစားနေရသည်။ ဂီနိုကတော့ အနောက်ကနေ ခပ်မှန်မှန်လေးဆောင့်နေသည်။

အနည်းငယ် ဆောင့်ပြီးသွားသော် သူ့တင်ပါးအတွင်းမှ ငယ်ပါကိုပြန်ထုတ်လိုက်ကာ position ပြောင်းလုပ်ရန် အချက်ပြသည်။ ရေချိုးခန်းကြမ်းပြင်ပေါ်တွင်  ဂီနိုကသူ့ကိုပက်လက်လှန်ခိုင်းသည်။ ထို့နောက် သူ့ပေါင်တစ်ချောင်းကို မြှောက်ကာ ပခုံးပေါ်သို့တင်ထားပြီး အောက်ကနေ ဒူးနှစ်ချောင်းထောက်ကာ သူ့တင်ပါးထဲသို့ စသွင်းသည်။ ဂီနို့ကွမ်းသီးခေါင်းက တဖြေးဖြေးဖြင့် သူ့တင်ပါးထဲသို့ ဝင်လာပြန်သည်။ အရသာက အနည်းငယ် စပ်ဖျဉ်းဖျဉ်းနိုင်သည်။ ဂီနိုက အောက်မှခပ်မှန်မှန်လေးဆောင့်ပေးလျှက် ရှိသည်။ သူကတော့ ဗိုက်တွေအောင့်သလို အိမ်သာတက်ချင်သလိုလို.......

“................ ............. ............. ................. ............. .............”


“................ ............. ............. ................. ............. .............”

ဂီနို့ဆီမှ အနည်းငယ် ညည်းသံသဲ့သဲ့လေးထွက်ပေါ်လာသည်။ ဂီနိုခံစားမှုတွေ မြင့်တက်လာပြီထင်သည်။ ထို့အပြင် ဆောင့်ချက်တွေမှာလဲ မြန်သထက်မြန်လာသည်။ လေးငါးချက်ခန့်ဆောင့်ပြီးသောအခါ  ဂီနို့တစ်ကိုယ်လုံး တုန်ရီလာပြီး သူ့နှုတ်ခမ်းကို အတင်းဖိနမ်းကာ ဆောင့်လေသည်။ ထို့နောက် မောဟိုက်သွားဟန်ဖြင့် သူ့ပေါ်တွင် မှောက်လျက်ကြီး ငြိမ်သက်သွားသည်။ သူဂီနို့မျက်နှာလေးကို သေချာကြည့်မိတော့ နွမ်းလျလျှက်ရှိပြီး မျက်လုံးလေးစင်းထားသည်။ ငြိမ်သက်နေသော ဂီနို့မျက်နှာလေးကို ကြည့်ရင် သူဂီနို့ဆံပင်လေးတွေကို ပွတ်သပ်ပေးလိုက်သည်။ ဂီနို့မျက်လုံးလေးတွေက ပြန်ပွင့်လာသည်။ ထို့နောက် ဂီနို့နှုတ်ခမ်းလေးက ကွေးညွတ်နေအောင်ပြုံးလေးသည်။

“နီယွန်..............”

“ဟင်..........”

“ချစ်တယ်...............”


                                                                              ဆက်ရန်ရှိသေးသည်-
                                                                                                    Lovealone :P
                                                                                          boytheboy.sept@gmail.com
 

8 comments:

  1. အရမ်းကောင်းပါတယ်ဗျ ဆက်ရေးပါဦးနော်

    ReplyDelete
  2. Woohhh...Excellent!!!

    ReplyDelete
  3. ဒါက ထိုင်းဗီဒီယို ကို အခြေခံထားတာထင်တယ် ကြည့်ဖူးတယ် Gthai movieဆိုလား မသိဘူး

    ReplyDelete
  4. အရမ်းကောင်းပါတယ်

    ReplyDelete
  5. ခံချင် ရင် တော့ ဆက်ပါ
    ၂၅၀ ၇၅၈ ၆၀၈
    top only
    ygn

    ReplyDelete