This is the best gay website for Myanmar gay peoples.

Friday, February 15, 2013

On 12:58 AM by Unknown in    1 comment



လေးကောင်ဂျင်ဝိုင်းတစ်ခုတွင် လူများအုံခဲလျှက်ရှိသသည်။ ထိုလူများ၏ မျက်နှာများတွင် ဇောချွေးများ ပြန်လျှက်ရှိပြီး အုပ်ဆောင်းအုပ်ထားသော လေးကောင်ဂျင်သီးကို စိတ်ဝင်စားနေကြသည်။ ဝိုင်းတစ်ခုလုံး အပ်ကျသံမျှ မကြားရလောက်အောင် တိတ်ဆိတ်နေသည်။ လူတစ်ချို့၏ မျက်လုံးများကတော့ ကျီးကန်တောင်မှောက်နှင့် ဂဏာမငြိမ်ကြပါ။ တစ်ချို့က ပါးစပ်တွင် ပွစိပွစိဖြင့် တစ်ခုခုကို ဆုတောင်းနေ သယောင်ယောင်......

“ကဲ....အားလုံး လက်ရှောင်...ပေါက်ကောင်ဖွင့်မယ်”

အုပ်ဆောင်းရှေ့တွင် ထိုင်နေသော လူဝဝကြီး၏ အသံကြောင်း အားလုံး စိတ်ပိုလှုပ်ရှားသွားသည်။ ထို့နောက် လူဝဝကြီးက အုပ်ဆောင်းကိုလှပ်လိုက်လေ၏။

“ကြက်................”

“ဟာ......................................”

“ဟင်......................................”

“ဟယ်မိုက်ရိုင်းချက်တော်......................................”


အုပ်ဆောင်းလှပ်ပြီးသည်နှင့် ငြိမ်သက်နေသည့်လူအုပ်ကြီးက ပြန်လည်ဆူပွက်လာလေသည်။ အားလုံး ရွစိရွစိ ဖြစ်ကုန်ကာ စကားသံများလည်း ပြန်လည်ဆူညံလာသည်။ လေးကောင်ဂျင်ဒိုင်ဖက်မှ အလုပ်သမားများက ဇယားပေါ်ရှိ ပိုက်စံများကို သိမ်းကျုံးကာ စားသွားသည်။ ထိုးသားများဖက်မှ တောက်ခေါက်သူကခေါက် ကွမ်းတံတွေးထွေးသူကထွေး မျက်နှာကိုချွေးသုတ်သူကသုတ်ဖြင့် ရှုပ်ရှပ်ခတ်နေ၏။

“ဖိုးစတုတ်တွေကြီးပဲ ထွက်နေတာပဲအေ....ကြွေက တစ်နေကုန်ကပ်ကိုမကပ်ဘူး။  နှစ်ပင်လောက်လာပြီး ကပ်မယ်ကြံရင်း ပြန်ကောင်ထွက်ပြီးစားသွားလိုက် ပြန်ကောင်လိုက်တော့ ဖိုးစတုတ်ပြန်ထွက် ဖိုးစတုတ်လိုက်တော့ နှစ်ပင်ပူးပြီးစားနဲ့ ကြာရင်တော့ ငါကဖာတန်းကိုရောက်တော့မယ်”

ဇယားရှေ့တွင်ထိုင်နေသော စီစီက သူ့ပိုက်စံတွေအစားခံရ၍ မကျေမနပ်ဖြစ်ပြီး ပါးစပ်က စက်သေနတ်ပစ်သလို ပွစိပွစိ တတွတ်တွတ်ပြောလေတော့သည်။ ထိုအခါနဘေးရှိ လူများက ထောက်ခံသူကထောက်ခံလေသည်။

“ဟုတ်ပါ့ မကြီးစီရယ် ကျွန်မလဲလေ ရှုံးလိုက်တာရှုံးလိုက်တာဆိုတာ အခုတစ်ပြားမှမရှိတော့လို့ ဝိုင်းဘေးနား ထွက်ထိုင်နေရတဲ့အထိပဲ”

“ဟယ်ဟုတ်လား ညည်းဒီနေ့လဘ်မရှိလို့နေမှာ ကောင်မညည်းယောကျာ်းနဲ့ အဟွှာပြုပြီးအဟွှာမလုပ်ခဲ့ဘူးလား”

“ဘာလုပ်ရမှာလဲ မကြီးစီရဲ့”

“ဟယ် ခါတိုင်းငါတို့ ဒီလောက်မရှုံးပါဘူးအေ ညည်းကိုကလဘ်ပိတ်နေတာနေမှာ ဒါညည်းတစ်ခုခုညစ်ပတ်ခဲ့လို့ပဲဖြစ်မယ် ပြောရင်းဆိုရင်း ညည်းဆီကဖာစော်နံလာသလိုပဲ “

စီစီစကားကြောင့် တစ်ဝိုင်းလုံး ဟားကနဲပွဲကျသွားလေသည်။ အခြောက်တို့ထုံးစံအတိုင်း စီစီကလဲပါးစပ်ထဲတွေ့ကရာတွေ တန်းစီပြီး ညစ်ညစ်ပတ်ပတ်ပြောလေသည်။ သို့သော် အနားတွင်ထိုင်နေသည့် မိန်းမကလဲ နည်းနည်းမှ မရှက်သည့်အပြင် မျက်နှာပြောင်နေသေးသည်။

“ကဲကောင်မ ညည်းလစ်တော့ ငါ့နားလာမညှော်နဲ့ အာရုံပျက်တယ်ငါခါးနေတာနော် လိမ့်တော့ကောင်မ”

“အမယ်လေးတော် ကောင်းပါပြီ တကယ်တည်း ကျုပ်ကြောင့်ပဲလဘ်ပိတ်ရတယ်ရှိသေး။ ဒီကရှုံးတာချင်းအတူတူ ကိုယ်ချင်းစာလို့ ပြောမိတာပါ”

စီစီမောင်းထုတ်လိုက်သောကြောင့် အနားရှိမိန်းမက မကျေမနပ်ဖြစ်ပြီး ပွစိပွစိပြောကာ ထသွားလေသည်။ ထိုမိန်းမထသွားသောအခါ စီစီက

“ကဲ ဘူမတစ်ကောင်တော့ထသွားပြီ ဒီညသူငယ်စားဖို့ ရေလိုတယ်ဟေ့။ လှေမျောရင် လှေနဲ့လိုက် ရေမျော အဲ့လေ ငွေမျောတော့ငွေနဲ့လိုက်တဲ့ ...လိမ္မာထားမယ်နော် ကြွေသီးလေးရေ”

“ကဲ ခင်ဗျားတို့ထိုးမှာဖြင့်ထိုးကျ လေသိပ်ရှည်တာပဲ ကျုပ်တို့က အချိန်နဲ့အလုပ်လုပ်နေတာဗျ။ မြန်မြန်ထိုးကျ ထိုးပြီးရင် အုပ်ဆောင်းလှပ်မယ်”

“အမယ်လေးနော် နင်တို့ဒိုင်တွေကလေ သူတောင်းစားထမင်းဝရင်....အဟွှာဖြစ်တတ်သလိုပဲပြောကိုမပြောချင်ဘူး”

စီစီက ရှုံးလဲရှုံးအပြောလဲခံရသဖြင့် ဒိုင်ကိုမကျေမနပ်ဖြင့် တစ်ခွန်းမကျန်ပြန်ပက်လေ၏။ ထို့နောက် ၄င်း၏ လက်ဆွဲအိတ်ထဲမှ ငွေစက္ကူတစ်ထပ်ကိုထုတ်လိုက်ကာ သူကြိုက်သည့် ဇယားပေါ်မှ အကောင်တစ်ကောင်ပေါ် သို့တင်လိုက်လေသည်။ အနားရှိလူများကလည်း အစီအရီကိုယ်ထိုးချင်သည့်အကောင်ကို ထိုးကြသည်။ တစ်ချို့က ထိုးပြီးသားအကောင်ကို မကြိုက်သဖြင့် ဟိုရွှေ့ဒီရွှေ့လုပ်ကြသေးသည်။ အားလုံးပြီးသွားသောအခါ ဒိုင်ဖက်က အသံထွက်လာသည်။

“ကဲ ထိုးလို့ပြီးရင် အုပ်လှပ်မယ်ဟေ့”

“ပြီးပြီဟေ့ လှပ်.............”

ထိုအခါလူဝဝကြီးသည် ၄င်း၏ပါးစပ်ထဲသို့လက်မှစီးကရက်ကြီးကို တပ်လိုက်ပြီး အုပ်ဆောင်းကိုလှမ်းကာ လှပ်ချလိုက်သည်။

“ဝက်.................”

“ဟေး..................”

“ငါပြောတယ် ငါပြောတယ် ငါ့နားမှာ ဟိုဘူကောင်မ လာထိုင်နေလို့ ငါလဘ်ပိတ်နေတာလို့။ ကြည့်စမ်း အဲ့ကောင်မ ထသွားတာနဲ့ ငါတန်းတိုက်တာပဲ။ ငါ့ပိုက်စံလေးတွေ ပြန်လာပြီ ဟီဟီ”

       စီစီက သူ့အကောင်ပေါက်သွား၍ ဝမ်းသာပြီထအော်လေသည်။ ဒိုင်ဖက်က လူများမှာ မျက်နှာမသာမယာဖြစ်ကာ စီစီ၏ ပိုက်စံတွေကိုရေပြီး လျော်ပေးလိုက်ရသည်။ စီစီက ဒိုင်ဖက်မှလျော်ပေးသော ပိုက်စံတွေကို တစ်ချက်နမ်းလိုက်ပြီး ၄င်း၏ရင်ဘတ်ထဲရှိ  ဘလာဇီယာထဲသို့အလိပ်လိုက်ထိုးထဲလိုက်၏။ ထိုအခိုက် ဝိုင်းထဲသို့လူရွယ်တစ်ယောက်ဝင်လာသည်။ ထိုလူရွယ်ကိုမြင်သောအခါ အုပ်ဆောင်းရှေ့တွင် ထိုင်နေသော လူဝဝကြီးက အံသြပြီး............

“ဟေ့ကောင် ဂီနို မလာတာကြာပါပကောလား ဘယ်ပျောက်နေတာလဲကွ”

လူဝကြီးစကားကြောင့် ဝိုင်းထဲရှိလူတစ်ချို့က ဂီနို့ထံသို့အကြည့်ရောက်သွားသည်။ ထိုအထဲတွင် စီစီလဲပါသည်။ စီစီက ဂီနို့ကိုမြင်တော့ ဝမ်းသာသွားဟန်ရှိသည်။ ၄င်း၏ပါးစပ်ထဲရှိ ရွှေသွားများပေါ်အောင် ပြုံးလေသည်။

“ဟုတ်တယ်ဗျာ အခုကျွန်တော်အလုပ်ရနေတာဗျ။ အဲ့ဒါနဲ့ ဒီဖက်ကိုသိပ်မလာဖြစ်တော့ဘူး ကျုပ်ကအရင်လို အမှိုက်လာလုပ်တာမဟုတ်ဘူးနော် ရေနဲ့လာကစားတာ”

“တယ်ဆိုတဲ့စာပါလားကွာ ဘာပဲဖြစ်ဖြစ်ပါကွာ မင်းမလာတော့ ငါတို့ခြောက်ကပ်ကပ်ကြီးဖြစ်နေတာကွာ။ ဘာပဲပြောပြောမင်းရှိနေရင် ဝိုင်းကစိုစိုပြေပြေနဲ့ရှိသေးတယ်။ ”

“ဘာလဲ အခုမှကျုပ်ကိုသိပ်ချစ်နေကြတာပေါ့”

“ဟားဟားဟား........................”

ဂီနိုကပြောပြောဆိုဆိုဖြင့် ဝိုင်းအနားသို့ထိုင်ဟန်ပြင်လိုက်သည်။ ထိုစဉ်...............

“ဟေ့မောင်လေး ဂီနိုမိုလား”

“ဟော မကြီးစီပါလား ဟားဟား ဘာလဲလာကစားတာပဲလား”

“ဟုတ်တယ်မောင်လေးရဲ့ လာဒီနားကိုလာထိုင်...........”

စီစီကလက်ယပ်ခေါ်နေသဖြင့် ဂီနိုကထိုင်လုဆဲဆဲနေရာတွင် မထိုင်တော့ပဲပြန်ထကာ စီစီဘေးနားသို့ရောက်သွားသည်။ စီစီက ဘေးသို့နည်းနည်းတိုးပေးကာ ဂီနို့ကိုနေရာပေးလိုက်ပြီး ထိုင်စေသည်။

“မမရှုံးနေတာမောင်လေးရဲ့သိလား။ မမကိုနိုင်အောင်ပြန်ထိုးပေးဦး “

“ဒေါ်စီ ခင်ဗျားကလဲ အားအားရှိအထိုးခံချင်နေတာပဲလား”

စီစီရှေ့မှ လူဝကြီး၏ စကားကြောင့် စီစီကမျက်နှာတစ်ချက်ရှုံ့သွားသည်။ ထို့နောက် ထိုလူကြီးကို အခြောက်တို့ တတ်အပ်သည့်ပညာအတိုင်း အသားကုန်ဆဲရေးတိုင်းထွာလေသည်။ ဆဲလို့အားရသော အခါ ဂီနို့ဖက်သို့ပြန်လှည့်သွားပြီး.......

“မအိပ်ဘူးလား ဂီနိုရယ် တော်ကြာအိပ်ရေးပျက်ပြီး အားမရှိပဲနေဦးမယ်။ မမကအားရှိမှ ကြိုက်တာနော်သိလား ခိခိ။”

“အိပ်ပြီးပါပြီဗျာ ဆက်အိပ်လို့မရတော့လို့ ခဏထွက်လာတာ ဒီဖက်ကိုလဲမရောက်ဖြစ်တာကြာနေပြီလေ။”

“ကဲဒါဆိုလည်း မင်းမကစားနဲ့တော့ မင်းပင်ပင်ပန်းပန်းရှာထားတာလေးတွေ ပါကုန်ဦးမယ်။ မမကိုကစားပေး မောင်လေးကြိုက်တဲ့အကောင်သားထိုး နိုင်တာရှုံးတာကံတရားပေါ့..............အဲ့ နိုင်ရင်ပိုကောင်းတာပေါ့နော်။ မင်းကို မုန့်ဖိုးပေးမယ်”

စီစီ့ကိုကြည့်ပြီး ဂီနိုတစ်ချက်ငြိမ်သက်ကာတွေဝေသွားသည်။ ထို့နောက် ခေါင်းညိတ်လိုက်လေ၏.................................


                                                 ******************

“အဲ့ဒီကောင် ဘာအချိုးချိုးနေတာလဲ...............ငါ့ကိုကြောနေတာလား “

မိုးမြင့်က ခါးကိုထောက်ပြီး မာန်ပါပါဖြင့် ၄င်းရှေ့ရှိ တန်းစီနေသော လူများကို ကြိမ်းလေသည်။ မိုးမြင့် မျက်နှာက ကြောက်စရာကောင်းလောက်အောင် တင်းမာနေသည်။ ၄င်းရှေ့ရှိလူများကိုလည်း စားတော့မလိုဝါးတော့မလို အကြည့်မျိုးဖြင့် တစ်ယောက်ချင်းလိုက်ကြည့်နေသည်။

“ယောက်ျားလှကျွန်းမှာ ဒါမျိုးလာလုပ်လို့မရဘူးဆိုတာ ဒီကောင်မသိသေးဘူးထင်တယ်။ မနေ့တနေ့ကမှ ထမင်းဝတဲ့ကောင်က အခုတော့ ဒီလိုသောက်ချိုးမျိုးလာချိုးနေတယ် မိုးမြင့်အကြောင်းပြရသေးတာပေါ့။ နင်တို့တွေ သူဘယ်ထွက်သွားမှန်းဘယ်သူမှမသိကျဘူးလား”

တန်းစီနေသောလူများထံမှ မည်သည့်စကားမှ ထွက်ပေါ်မလာချေ။ မိုးမြင့်က စိတ်မရှည်ဟန်ဖြင့် သက်ပြင်းတစ်ချက်ချသည်။ ထို့နောက် လမ်းကိုခေါက်တုန့်ခေါက်ပြန်လျှောက်လေ၏။

“ဂီနို ဂီနို ရုပ်ကလေးက သနားကမားနဲ့ငါ့ကိုလာစမ်းနေတာ။ ငါဘာကောင်မလဲဆိုတာ သိကြသေးတာပေါ့ ဒင်းလာပါလေ့စေဦး ဟင်းဟင်း”

“သူသူ့အိမ်ကို ခဏပြန်သွားတာလားမှမသိတာ။ လာပါလိမ့်မယ်ဗျာ”

“ဟဲ့...............အိမ်ကိုအကြောင်းမရှိပဲနဲ့ ခဏခဏပြန်စရာလား။ မနေ့ညနေကပဲ နင်တို့နှစ်ယောက် သွားပြီးပြီလေ အဲ့လောက်သွားနေစရာလိုသလား။ အလုပ်ချိန်ကိုမလေးစားတာလောက် မုန်းတာမရှိဘူး။ အခုမိုးချုပ်နေပြီ ဒင်းကပေါ်မလာသေးဘူး ခဏနေဧည့်သည်တွေလာတော့မယ်”

မိုးမြင့်စကားဆုံးတော့ နီယွန်လဲဘာမှမပြောတော့ပဲ ငြိမ်သွားလေသည်။ ဟုတ်လည်းဟုတ်သည် ဂီနီုဒီကောင်ကလဲ ညနေစောင်းခါနီးကာမှ ဘယ်ကိုထွက်သွားသည်မသိပါ။ သူဂီနိုထွက်သွားသည်ကို သိတော့သိသည် သို့ပေမယ့် ခေါင်းမထူနိုင်အောင် အိပ်မှုန်စံဖွားဖြစ်နေသဖြင့် ပြန်အိပ်နေလိုက်ခြင်းသာ။

“ ကျွန်တော်ရောက်ပါပြီ မမမိုးမြင့်”

ရုတ်တရက်စကားသံထွက်ပေါ်လာသောကြောင့် နီယွန်မော့ကြည့်လိုက်သည်။ အပေါက်ဝတွင် ငူငူကြီးရပ်နေသော ဂီနို.........။ သူဂီနို့ဆီလျှောက်သွားရန် ပြင်လိုက်စဉ် မိုးမြင့်က ခါးကိုထောက်ပြီး သူ့ထက်အရင် ဂီနို့နားသို့ရောက်သွားလေသည်။ ထို့နောက် ဂီနို့ခေါင်းကို ခွက်ကနဲ ခေါက်ချလိုက်၏။

“အား...................”

“ဟာ................”

မိုးမြင့်၏အပြုအမူကြောင့် သူထောင်းကနဲဒေါသထွက်သွား၏။ ဂီနိုကတော့ နာလွန်း၍ ဘာမှမပြောပဲ သူ့ခေါင်းလေးကိုသာပွတ်နေသည်။ မိုးမြင့်က ဂီနို့ကိုမျက်စောင်းတစ်ချက်ထိုးလေသည်။

“ဘယ်အချိန်ရှိနေပြီလဲ နင့်သောက်မျက်စိကန်းနေလား”

ဂီနိုက တိုင်တွင်ချိတ်ထားသော နာရီကိုတစ်ချက်ကြည့်ကာ ခေါင်းကလေးပြန်ငုံ့သွားသည်။

“ဒီမှာ မိုးမြင့် ခင်ဗျားဒါတော့ တော်တော်လွန်သွားပြီ”

အနောက်မှ နီယွန့်စကားကြောင့် မိုးမြင့်က ခေါင်းကိုဆတ်ကနဲလှည့်ကြသည်။

“အလုပ်ချိန်ကလေးနောက်ကျတာကို ကိုယ်ထိလက်ရောက်လုပ်စရာမလိုပါဘူး။ ဒီမှာခင်ဗျားကို ကျုပ်ပြောမယ် ခင်ဗျားက အလုပ်ရှင်ဆိုပြီး အလုပ်သမားတွေကို နိုင့်ထက်စီးနင်းလုပ်ချင်တိုင်းလုပ်နေလို့မရဘူး။ ဒီအလုပ်သမားတွေ မရှိရင် ခင်ဗျားဘာဖြစ်သွားမယ်ထင်နေသလဲ ။ ခင်ဗျားထမင်းငတ်သွားမယ်သိလား”

“အမယ်လေးဟေး နေစမ်းပါဦးနီယွန် နင်ကဘယ်တုန်းက သတ္တိတွေရှိပြီးငါ့ကိုဒီလိုပြန်အာခံနေရတာလဲ။ ငါထမင်းကျွေးလို့ ကြီးလာတဲ့ကောင်ကများ ငါ့ကိုပြန်ဟစ်နေသေးတယ် အဲ့ဒါကြောင့် ရှေးလူကြီးတွေကပြောတာ ခြေနှစ်ချောင်းမကယ်ကောင်းဘူးဆိုတာ။ “

“ဟုတ်တယ် ကျုပ်ကခင်ဗျားကြောင့် လူမွှေးသူမွှေးပြောင်လာတာမှန်တယ်။ ဒါပေမယ့် အဲ့ဒီအတွက် ကျုပ်လဲကျုပ်ဘဝတစ်ခုလုံးကိုပေးဆပ်ထားပြီးပြီလေ။ အခုကိစ္စကခင်ဗျားက အရင်ကိုယ်ထိလက်ရောက် အလုပ်သမားတွေကို စော်ကားနေတာလေ။ ကျုပ်က မျက်စိရှေ့မှာ အဲ့လိုမတရားတာတွေ့ရင် ကြည့်လို့ကိုမရတာ”

“အေးကြည့်လို့မရရင်လဲ နင်ငါ့အိမ်ပေါ်ကဆင်းတော့။ နင်ဘာသာနင်ဘာဖြစ်ဖြစ်ငါနဲ့မဆိုင်ဘူး။ နင်မရှိလဲ ငါ့အနှိပ်ခန်းက လူပြက်မှာမဟုတ်ဘူး”

“ခင်ဗျားတကယ်ပြောနေတာနော် ပြီးမှကျုပ်ကိုလိုက်မခေါ်နဲ့”
အခြေအနေက တင်းမာလာပြီမို့ ဂီနိုကပဲကြားပြန်ဝင်လိုက်ရသည်။

“တော်..............တော်ကြပါတော့ဗျာ........တော်ကြပါတော့ ကျွန်တော့်ကြောင့် အားလုံးစိတ်အနှောင့်အယှက် ဖြစ်ကုန်ကြပြီ။ ကျွန်တော်ပဲမှားတာပါ ကျွန်တော့်အမှားပါ မမမိုးမြင့်ကိုလဲတောင်းပန်ပါတယ် နောက်ကိုဒီလိုထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်နော်”

ပြောပြောဆိုဆိုဖြင့် အံကြိတ်ထားသောနီယွန့်ကို ဂီနိုကဆွဲထားလိုက်သည်။ မိုးမြင့်မျက်နှာကတော့ တင်းမာနေဆဲပင်။ ဂီနိုက နီယွန့်ကိုအသာဆွဲကာ အခန်းထဲမှထွက်လာခဲ့သည်။ မိုးမြင့်က ခါးထောက်ထားပြီး ဂီနိုနှင့်နီယွန့်ကို  တောက်ခေါက်လေ၏။ ထိုအခါ တန်းစီနေသည့်အထဲမှ ခပ်နွဲ့နွဲ့နန်စီက ထွက်လာကာ မိုးမြင့်ကို ဖျောင်းဖျလေ၏။

အပြင်ဖက်သို့ရောက်သော် ဂီနိုက နီယွန့်ကိုလက်လွှတ်လိုက်သည်။ နီယွန်က ဂီနို့ကိုဒေါသမပြေသေးသော မျက်လုံးများဖြင့်တစ်ချက်ကြည့်သည်

“မင်းဘယ်တွေလျှောက်သွားနေတာလဲ ဂီနို...........”

“ဟို................ငါ့ကြောင့်မင်းအခုလို မိုးမြင့်နဲ့စကားများရတာ ငါတောင်းပန်ပါတယ်နီယွန်ရာ”

“ဟေ့ကောင် ငါမင်းကိုမေးနေတာ မင်းဘယ်သွားနေတာလဲလို့”

“ဟို.......................”

“မင်းဘာမဟုတ်တာတွေ လုပ်လာပြန်ပြီလဲ မင်းငါမသိအောင် ဘာတွေဖုံးကွယ်ထားသေးလဲ”

ဂီနို့မျက်နှာက အပြစ်ရှိသူတစ်ယောက်ပမာ နီယွန့်ကိုမော့မကြည့်ပဲငုံ့ထားသည်။ မင်းဘာဖြစ်လို့ ဒီလောက်ဒေါသ ထွက်နေတာလဲ နီယွန်ရာ။ မင်းချစ်ဖို့ကောင်းတဲ့ မျက်နှာလေးက ဒေါသထွက်လာရင် ကြောက်ဖို့ကောင်းတဲ့မျက်နှာဖြစ်သွားတယ်။ မင်းငါ့အတွက်နဲ့ ဒီလောက်တောင်ပဲဖြစ်ရလား။

“ဟေ့ကောင် မင်းကိုငါမေးနေတာဖြေဦးလေကွာ”

“ငါ စီစီနဲ့လိုက်သွားတာ..............”

“ဘာ..........”

“ဟုတ်တယ် သူကဒီကိုမလာတော့ဘူးတဲ့။ နောက်ကိုငါ့ကိုအပြင်မှာပဲ ခေါ်အိပ်မယ်တဲ့။ မိုးမြင့်ကိုလဲ ပိုက်စံပေးစရာမလိုတော့ဘူး ငါလဲပိုက်စံပိုရတယ်တဲ့။ ပြီးတော့ ပြီးတော့ သူဒီနေ့ ငါ့ကိုဖုန်းတစ်လုံးလဲပေး လိုက်တယ်သိလား “

“ကျွတ်စ်..............ဂီနို မင်းတော့သေတော့မှာပဲ”

“ဘာဖြစ်လို့လဲနီယွန်ရ.......မိုးမြင့်မသိဖို့ပဲလိုတာမဟုတ်လား”

“အေးဟုတ်တယ် သူမသိဖို့ပဲလိုတာ ဒါပေမယ့် သူသိသွားရင်လဲ မင်းတော့သေပြီ။ ငါတို့နဲ့ ရန်ဖြစ်တဲ့ ဘုန်းမြင့်အောင်ဆိုတဲ့ လူအုပ်စုက မိုးမြင့်လူတွေပဲ။ မိုးမြင့်က အဲ့လိုလုပ်တာသိရင် အဲ့ကောင်တွေကိုခေါ် ပြီးမင်းကိုရိုက်ခိုင်းလိမ့်မယ်။ မင်းအရင်ကကောင်တွေကို မိုးမြင့်ဘယ်လိုလုပ်ခဲ့တယ်ဆိုတာငါ့မျက်မြင်ပဲ ဂီနို”

နီယွန့်ပြောလို့ပြီးသွားသော အခါဂီနိုက တစ်ချက်မထီပြုံးပြုံးလေသည်။ ထို့နောက် ၄င်း၏လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲထိုးထည့်ကာ ကိုယ်ကိုမတ်လိုက်ပြီး အခြားတစ်ဖက်သို့မျက်နှာလွှဲလိုက်သည်။

“မစိုးရိမ်ပါနဲ့ နီယွန်ရာ သူမသိစေရဘူးလို့အာမခံပါတယ်။ ငါဘာမှမဖြစ်စေရပါဘူး”

“ဒါပေမယ့် ဂီနို ငါမင်းအတွက်စိုးရိမ်တယ် ကျေးဇူးပြုပြီး အဲ့လိုမျိုးတွေထပ်မလုပ်ပါနဲ့။ ငါမင်းကိုတောင်းဆိုပါတယ်”

နီယွန်က ဂီနို့ပုခုံးနှစ်ဖက်ကို ကိုင်လှုပ်ပြီးပြောလိုက်သည်။ ဂီနို့မျက်နှာက မထီသည့်မျက်နှာ မဟုတ်တော့ပဲ တည်တည်ငြိမ်ငြိမ်လေးပြန်ဖြစ်သွား၏။ သူ့အပေါ်စိုးရိမ်နေသော နီယွန့်ကိုသေသေချာချာကြည့်မိသည်။ သူနှင့်နီယွန်ကြားတွင် မမြင်ရသည့် ကြိုးတစ်ချောင်းညိတွယ်နေပြီလား။ နီယွန်ဘာကြောင့် သူ့ကိုဒီလောက် စိုးရိမ်နေရပါသနည်း။ သူတို့နှစ်ယောက်က ၏သံယောဇဉ်က တစ်ဖြေးဖြေးသူငယ်ချင်းဆိုသည့် စည်းကိုကျော်ပြီး နားလည်ရခက်သည့်အခြေအနေတစ်ခုဖြစ်လာပြီ ဖြစ်သည်။ သူနီယွန့်ကို ဘာမှမပြောတော့ပဲ ဖက်ထားလိုက်မိသည်။

ငါ့ကို ဘာလို့အဲ့လောက်တောင် စိုးရိမ်နေရာတာလဲ နီယွန်ရာ............................



                                                                       ဆက်ရန်ရှိသေးသည်-
                                                                                                    Lovealone
                                                                                        boytheboy.sept@gmail.com


1 comment:

  1. ဘာမှတောင် မဖတ်ရသေးဘူး ၊ တစ်ပိုင်းပြီးသွားပြန်ပြီ ။




    Request :

    Hello, every adult males here !

    Please vote your penis size anonymously (especially Asian or Chinese) at http://www.misterpoll.com/polls/558788

    See the results of average penis size per country directly at http://www.misterpoll.com/forums/267558/topics/244292

    ReplyDelete