This is the best gay website for Myanmar gay peoples.

Friday, March 1, 2013

On 3:49 AM by Unknown in    3 comments




“ဂီနို..................................”

သူ့နားထဲတွင်ဘာမှ မကြားရတော့။ အနောက်မှ အော်သံနှင့်အတူ ကားနဘေးတွင် နီယွန်က တောက်လျောက် ကပ်ပါလာသည်။ နီယွန်၏ လက်များသည် ကားပြတင်းပေါက်မှန်ကို တဘုန်းဘုန်းပုတ်ခတ်လျှက် လိုက်ပါလာသည်။ သူ့မျက်လုံးတွေကို လုံးဝအကြည့်မလွှဲပဲ အရှေ့တည့်တည့်သို့သာ မူထားလိုက်သည်။ သူ့ရင်ဘတ်ကြီး တစ်ခုလုံး တုန်ရီစွာဖြင့် နွေးနေအောင် ခံစားနေရသည်။ ပြင်းထန်လှသည့် ရင်ခုန်သံတွေကြောင့် သူ့၏အသက်ရှူသံတွေကလဲ ကျယ်လောင် စွာရိုက်ခတ်နေသည်။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှသည်။ သူ့ကိုသူပင်မယုံနိုင်လောက်အောင်ပင် အိမ်မက်မက်နေသလိုလိုခံစားနေရသည်။ သူအခင်မင်ဆုံး သူအရင်းနီးဆုံး သူအယုံကြည်ဆုံး.........ပြီးတော့ သူအချစ်ဆုံး သူက သူ့ကို ယခုလို သစ္စာဖောက်လိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးပါ။

ကားက တဖြေးဖြေးအရှိန်ရလာသောအခါ နီယွန်ဆက်မလိုက်နိုင်တော့ပဲ ကတ္တရာလမ်းမပေါ်တွင် လဲကျသွားသည်။ ကားလေးကတော့ လုံးဝရပ်တန့်ခြင်းမရှိပဲ အရှိန်မှန်မှန်ဖြင့် ဆက်လက်ထွက် ခွာသွားတော့သည်။


                                                ***************


ညကိုးနာရီခန့်..........

အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် ကြက်တွေတင်သည့် ဟိုင်းလတ်ကားတစ်စီးမောင်းနှင်လာသည်။ ကားရှေ့ခန်းတွင် လူနှစ်ဦးလိုက်ပါလာပြီး တစ်ဦးမှာ ဦးထုတ်ကို ခပ်ငိုက်ငိုက်ဆောင်းထားလေသည်။ ကျန်တစ်ဦးမှာ လေတစ်ချွန်ချွန်ဖြင့် ကားကိုကျွမ်းကျင်စွာမောင်းနှင်နေသည်။  သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် မည်သည့်စကားမျှ မပြောကြ။ ဦးထုတ်ဆောင်းထားသော လူရွယ်က တည်ငြိမ်အေးစက်စွာဖြင့် မျက်နှာကို အရှေ့တည့်တည့်သို့သာမူထားလေသည်။ တစ်ခါတစ်ရံတွင် လမ်းဘေး ဓာတ်တိုင်မှ မီးဝါများက ၄င်းတို့နှစ်ဦး၏ မျက်နှာပေါ်သို့ ကျရောက်လာလေ၏။

ကားကတော့ လေတွင် မြှားတစ်စင်းပစ်ခွင်းလိုက်သလို တရိပ်ရိပ်ပြေးလွှားနေဆဲပင်။ ကားအနောက်တွင် တင်လာသည့် ခြင်းထဲမှကြက်များက လှုပ်လှုပ်ရှားရှားဖြင့်လိုက်ပါလာသည်။

“အဟမ်း..........အဟမ်း”

ကားမောင်းလာသောလူက စကားစရန် အရင်ချောင်းဟန့်လိုက်သည်။ ဂီနိုထိုလူကို တစ်ချမျှကြည့်လိုက်၏။ ထို့နောက်မိမိဘာသာ အရှေ့သို့မျက်နှာကို ပြန်မူလိုက်သည်။ ထိုအခါ သူ့ဘေးရှိလူသည် အားမလို အားမရဖြစ်သွားပြီး ..........

“ဂီနို ငြိမ်လှချည်လားကွ........”

သူထိုလူကြီးကို ဘာမှပြန်မပြောပဲ ခေါင်းညိတ်ပြပြီး အသိအမှတ်ပြုလိုက်သည်။ ထိုလူကြီးက ၄င်း၏စကားကို ဆက်ပြောသည်။

“ခါတိုင်းဆိုရင် မင်းရဲ့အတွေ့အကြုံတွေမင်းရဲ့ ခံစားချက်တွေ ငါ့ကိုဖောင်ဖွဲ့အောင်ပြောနေကြပါ။ လုပ်စမ်းပါဦးကွာ ပျင်းလာပြီ။ ဟိုရောက်ဖို့အဝေးကြီးလိုသေးတယ်ဟ”

“ကျွန်တော်စိတ်ညစ်နေတယ်ဗျာ စကားပြောချင်စိတ်မရှိဘူး”


“အဲ့ဒါကြောင့် မင်းပုံစံက ရေခဲတုံးကြီးလိုဖြစ်နေတာလား။ ဘာတွေများစိတ်ညစ်နေတာလဲ ငါ့ကိုပြောပြပါလား”

သူသက်ပြင်းချမိလိုက်သည်။ သူနှင့်နီယွန်အကြောင်း သူများတွေကို လျောက်ပြောနေဖို့မသင့်ပါ။ သူစိတ်ညစ်နေတာသာ သိသည်။ ဟူး........ဘယ်လိုလုပ်ရပါ့.......

“ခင်ဗျားကိုပြောရင်လဲ ခင်ဗျားဘာမှအကူအညီပေးနိုင်မှာမဟုတ်ပါဘူး။ ခင်ဗျားသိလဲ ဘာမှထူးမှာမဟုတ်ဘူး ကိုယ့်ဖာသာကို အေးအေးဆေးဆေးကားမောင်းစရာရှိတာမောင်းစမ်းပါဗျာ”

ဂီနိုက ပိတ်ဟောက်လိုက်သောအခါ ထိုလူကြီး၏မျက်နှာသည် မအီမသာဖြစ်သွားပြီး ရှုံ့တွသွားသည်။ ဂီနိုက ခေါင်းကို ကားထိုင်ခုံနောက်ကျောသို့မှီရင်း လိုက်ပါလာသည်။ မိုးမြင့်ပို့ခိုင်းသည့် မူးယစ်ဆေးဝါးအထုတ်ကို ကြက်ခြင်းတွေ သယ်လာသယောင်ယောင်ဖြင့် အခြားမြို့ငယ်လေးတစ်ခုသို့ ပို့ပေးရန် သူနှင့် ထိုလူကြီးထွက် လာကြခြင်းဖြစ်သည်။ သည်တစ်ခေါက်နှင့်ဆိုလျှင် သူတို့ပို့ပို့နေတာ သုံးလေးခေါက်ရှိပြီးဖြစ်သည်။ မူးယစ်ဆေးဝါးကို မိုးမြင့်က တောထဲမှ လက်နက်ကိုင်သူပုန်တွေထံမှ သွားဝယ်သည်။ ထို့နောက် မြို့ပေါ်သို့ ဝယ်ယူလိုသူတွေထံ တစ်ဆင့်ပြန်လည်ဖြန့်ချီသည်။ သို့သော် မိုးမြင့်က ဘယ်တော့မှ ကိုယ်တိုင်မလုပ်။ ဖုန်းတစ်လုံးဖြင့်သာ ဟိုလူ့ခိုင်း သည်လူ့ခိုင်းဖြစ် အလုပ်ဖြစ်နေသည်။ သူကတော့ မိုးမြင့်၏ ခိုင်းလို့အကောင်း ဆုံးတပည့်တစ်ယောက် ဖြစ်နေမည်ထင်သည်။ မိုးမြင့်ခိုင်းသမျှ သူမညည်းမညူပဲလုပ်ပေးသည်။

မူးယစ်ဆေးဝါးတွေပို့ပြီး ပိုက်စံများပြန်ယူလာပေးလျှင် မိုးမြင့်က သူ့ကို တန်ရာတန်ကြေးပေးလေသည်။ အနှိပ်ခန်းတွင် မလုပ်ရသော်လည်း ဤဝင်ငွေလေးကြောင့် သူအဆင်ပြေသည်။ ယခု အဝေးပြေး ကားသမားတွေ ရပ်နားလေ့ရှိသည့် စားသောက်ဆိုင်တစ်ဆိုင်က မူးယစ်ဆေးဝါးတွေ မှာထားခြင်းဖြစ်သည်။ ထိုစားသောက်ဆိုင်မှာ 24 နာရီဖွင့်သော ဆိုင်တစ်ဆိုင်ဖြစ်ပြီး။ ဆေးစွဲနေသည့် ကားသမားတွေအတွက် ခိုနားရာ ဘိတစ်ခုဖြစ်လေသည်။  ဟိုင်းလတ်ကားလေးသည် အတန်ကြာမောင်းပြီးသောအခါ လမ်းဘေးရှိ စားသောက်ဆိုင်ကြီးတစ်ခုရှေ့တွင် ရပ်တန့်လိုက်လေသည်။

“ရောက်ပြီကောင်လေး ငါတို့ဆင်းကြရအောင်”

ဂီနိုကခေါင်းတစ်ချက်ညိတ်ပြလိုက်ရင်း ကားတံခါးကိုဖွင့်ကာ ကာပေါ်မှဆင်းလိုက်သည်။  သူ့ဘေးမှ ကားသမားက လည်းတစ်ဖက်ပြတင်ပေါက်မှဆင်းသွားပြီး ကားနောက်ခန်းတွင်ထဲ့ထားသည့် မူးယစ်ဆေးဝါးထုတ်ကို သွားယူလေသည်။ ထို့နောက် သူတို့နှစ်ဦးသာ စားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့သည်။ ဆိုင်ထဲသို့ရောက်သောအခါ မေးစေ့တွင် မှဲ့တစ်ပေါက်နှင့် တရုတ်မကြီးတစ်ဦးက သူတို့ကိုထွက်လာကြိုသည်။

“နင်တို့က မိုးမြင့်လွှတ်လိုက်တာမဟုတ်လား”

“အင်းဟုတ်တယ် ခင်ဗျားကိုပစ္စည်းလာပို့တာ”

“အေးအေးလာကြလာကြ အိမ်ထဲမှာပြောကြမယ်”

ထိုမိန်းမကြီးကပဲ သူတို့ကို ဦးဆောင်က ဆိုင်နောက်ဖက်ရှိ အိမ်ထဲသို့ခေါ်သွားသည်။ အိမ်ထဲသို့ ရောက်သောအခါ သူတို့နှစ်ဦးကို ဧည့်ခန်းတွင် ထိုင်စေသည်။ ဂီနိုတစ်ခုသတိထားမိသည်မှာ အိမ်ပုံစံအပြင်အဆင်မှာ အိမ်နှင့်မတူပဲတည်ခိုခန်းတစ်ခုနှင့်တူနေသည်။ အိမ်တစ်ခုလုံးကို သူစေ့စေ့စပ်စပ် လိုက်ကြည့်နေမိသည်။ ခဏကြာတော့ အိမ်ထဲဝင်သွားသည့် တရုတ်မကြီး ကောင်မလေးနှစ်ယောက်နှင့်အတူ ပြန်ထွက်လာသည်။

“ရော့ဒါက ပစ္စည်းဖိုးပိုက်စံတွေ ရေကြည့်ဦး”

ကားသမားက ထိုတရုတ်မကြီးပေးသည့် ပိုက်စံကိုသူ့ထက်အရင် ယူလိုက်လေသည်။ ထို့နောက် ပစ္စည်းထုတ်ကို တရုတ်မကြီးလက်ထဲသို့ပေးလိုက်ပြီး လက်ထဲရှိပိုက်စံထုတ်ကို ကိုင်ကာ ရေကြည့်နေသည်။ တရုတ်မကြီးက သူတို့နှစ်ဦး၏ အရိပ်အကဲကိုကြည့်ကာ.......

“နင်တို့နှစ်ယောက် ဒီမှာခဏနားပါဦးလား။ အပေါ်ထပ်မှာတည်းခိုခန်းရှိတယ်။ ပြီးတော့ နင်တို့လိုအပ်မယ်ဆိုရင် ဒီမှာကောင်မလေးနှစ်ယောက်လဲရှိတယ်”

တရုတ်မကြီးစကားကြားသောသအခါ ကားသမားက မျက်လုံးတွေ အရောင်တောက်ပကာဝင်းလက်သွားသည်။ ထို့နောက်ဂီနို့ကိုတစ်ချက်ကြည့်သည်။ ဂီနိုက ခေါင်းခါပြလိုက်သည်။

“မဖြစ်ဘူးဗျ ကျွန်တော်တို့က အဝေးကြီးကို ပြန်ရဦးမှာ”

“ဂီနိုကလည်းကွာ မင်းကလည်းငါတို့က ဒီလောက်အဝေးကြီးကနေလာရတာ ခဏတော့နားဦးမှပေါ့ ပြီးတော့ ပြန်ရင်လည်းအဝေးကြီးကနေပြန်ရမှာလေကွာ”

“အဲ့ဒါဆိုလည်း ခင်ဗျားနေခဲ့ ကျွန်တော့်ကိုပိုက်စံထုတ်ပေးလိုက် ကျွန်တော်တစ်ယောက်ထဲပဲ ပြန်တော့မယ်”

“ဟာအဲ့လိုတော့လုပ်လို့မရဘူးလေကွာ မင်းကလဲ။ ခက်လိုက်တာကွာ မင်းကတော်တော်အတာပဲ လောကရဲ့ အကောင်းဆုံးစည်းစိမ်တွေကို ခံစားကြည့်လိုက်စမ်းပါကွာ  ဘယ်လောက်ပျော်ဖို့ကောင်းသလဲဆိုတာ။ ပြီးတော့ မင်းရဲ့ ညစ်နေတဲ့စိတ်တွေ ဟိုး............အဝေးကြီးကို လွင့်ပျယ်သွားလိမ့်မယ် ဟား......ဟား.......ဟား........”

“တော်စမ်းပါဗျာ စိတ်ညစ်နေရတဲ့အထဲ”

သူစကားဆုံးတော့ ကားသမားက သူ့အနားသို့ကပ်ကာ တိုးတိုးလေးပြောသည်။

“မင်းက မိန်းမတွေနဲ့မကြုံဖူးသေးလို့ပါကွာ။ မျှော့တွေနဲ့တွေ့ရင် မင်းတမ်းတမ်းစွဲ ဖြစ်သွားလိမ့်မယ်”

(မျှော့ဆိုသည်မှာ အမျိုးသမီးနှင့်အမျိုးသား လိင်ဆက်ဆံချိန် အမျိုးသားဖက်မှ သုတ်ရည်ထွက်ခါနီးတွင် အမျိုးသမီးက ၄င်း၏အင်္ဂါကို ကျုံ့သွားစေပြီး အမျိုးသား၏ အင်္ဂါကို စုတ်ယူထားခြင်းမျိုးကိုခေါ်သည်။ ထိုသို့မျှော့စုတ်တတ်သည့် မိန်းမများကို လုပ်ဖူးသောယောကျာ်းများသည် ၄င်းမိန်းမ၏ အင်္ဂါကိုတမ်းတမ်းစွဲ ဖြစ်သွားတတ်ကြသည်။ များသောအားဖြင့် မြန်မာနိုင်ငံတွင် ဖားကန့်ဖက်မှ မိန်းမပျက်များ လုပ်တတ်ကြသည် (စာရေးသူ))

အနားကပ်ပြီးလာပြောသော ကားသမားကို ဂီနို မသတီသလို တစ်ချက်ကြည့်လိုက်မိသည်။ ဒီငနဲကတော့ မျှော့မွှန်နေပြီ ခေါ်လို့ရတော့မယ်မထင်ဘူး ငါဘယ်လိုလုပ်ရမလဲ..........။  ကားသမားကို သူ့အနားမှ တွန်းထုတ်လိုက်သည်။ ကားသမားက ထိုင်ခုံပေါ်သို့ မတ်မတ်ကလေး ပြန်ဖြစ်သွား၏။ တရုတ်မကြီးနှင့် မိန်းမပျက်နှစ်ဦးမှာ သူတို့နှစ်ဦးကို ကြည့်ပြီးသဘောကျကာ တစ်ခစ်ခစ်ရယ်လေသည်။ ထိုအခို အပြင်ဖက်မှ ရဲကားသံများ ထွက်ပေါ်လာသည်။ လူတွေအားလုံးရုတ်တရက်လန့်ကုန်ကြသည်။

“အမယ်လေး.............ရဲ..........ရဲ တွေလာနေပြီ”

ဂီနို့အနားရှိကားသမားသည် ရဲဆိုသည့်အသံကြားသည်နှင့် အနားရှိပိုက်စံအိတ်အထုတ်ကြီးကို ဂရုမစိုက်အားတော့ပဲ တစ်ချိုးတည်း အိမ်နောက်ဖက်သို့ လစ်ပြေးလေသည်။ စားသောက်ဆိုင်အတွင်းရှိ လူများသည်လည် ရုတ်ရုတ်သည်းသည်းဖြစ်ကုန်ကြသည်။ အခန်းတွင်းရှိ ဘိန်းရှူနေသော ကားသမားများသည်လဲ ကြောက်အားလန့်အားဖြင့် ထွက်ပြေးကုန်ကြသည်။ တည်းခိုခန်းအပေါ်ထပ်ရှိ မိန်းမပျက်များလည်း ကြောက်လန့်တကြားဖြစ်ကာ ဦးတည်ရာသို့ ပြေးကြလေသည်။ ဂီနိုလဲ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။ သူ့အနားရှိ တရုတ်မကြီးနှင့် မိန်းမပျက်နှစ်ဦးမှာ မည်သည့်အချိန်ကတည်းက ပျောက်သွားသည်မသိပါ။

ရဲတွေက အင်အားတော်တော်များသည်။ စားသောက်ဆိုင်ကို သတင်းအတိအကျရထားပုံပေါ်သည်။ ကားပေါ်မှဆင်းသည်နှင့် တွေ့သမျှလူကို တုတ်တွေဖြင့် ရိုက်ကာ ဖမ်းဆီးလေသည်။ ဆိုင်ထဲရှိ လူတစ်ချို့မှာ လဲသူကလဲ ကွဲသူကကွဲဖြစ်ကုန်ကြသည်။ အချို့လူများမှာ ငရဲပွက်သည့်အလား ကယောင်ခြောက်ခြားဖြင့် အော်ဟစ်ကာ အရူးသွေးတန်းဖြစ်ကုန်ကြသည်။ ရဲများကလဲ တွေ့သည့်လူကို တွေ့သည့်နေရာတွင် မပြေးနိုင်အောင် အသားကုန်ရိုက်လေသည်။ ဂီနိုလည်း သူ့ရှေ့ရှိ ငွေထုတ်ကို ကိုင်ကာ စားသောက်ဆိုင်ဘေးရှိ လမ်းကြားထဲသို့ ပြေးဝင်လာခဲ့သည်။ ထို့နောက် ခြံစည်းရိုးကို ကျော်တက်လိုက်ပြီး ခြံအပြင်ဖက်သို့ ကျော်ထွက်လိုက်သည်။ အပြင်သို့ရောက်သောအခါ သူ့လက်ထဲရှိ ပိုက်စံထုတ်ကို အနားရှိ သဲပုံထဲသို့ ဖွက်ထားလိုက်၏။ ထို့နောက် လွတ်ရာကျွတ်ရာသို့ ပြေးရန်ကြံစည်လိုက်သည်။ ထိုစဉ်...........

“ဟေ့ကောင် မပြေးနဲ့ “

သူလှည့်ကြည့်လိုက်တော့ သူ့အနောက်တွင် ရဲတစ်ယောက်ယောက်နေသည်။ သူ့ကိုလဲ သေနတ်ဖြင့် ချိန်ထားသည်။ ထို့ကြောင့် သူအသာငြိမ်နေကာ မလှုပ်ရှားတော့ပဲ လက်မြှောက်လိုက်သည်။ ထိုရဲက သူ့ကို အနောက်မှနေ၍ သေနတ်ဖြင့်ချိန်ကာ လက်ထိပ်ခတ်လိုက်ပြီး စားသောက်ဆိုင်ဖက်သို့ ပြန်ခေါ်သွားသည်။ စားသောက်ဆိုင်ထဲသို့ရောက်သောအခါ ဆိုင်ထဲတွင် ဖမ်းမိထားသည့် လူများကို လက်ထိပ်ခပ်ကာ မြေကြီးပေါ်တွင် ဒူးထောက်ခိုင်းထားသည်ကို တွေ့ရသည်။ သူထိုလူတွေကို တစ်ချက်အကဲခတ်ကြည့်လိုက်တော့ ဆိုင်ရှင်တရုတ်မကြီးနှင့် သူနှင့်အတူလာသည့် ကားသမားတို့ မပါကြောင်းတွေ့ရသည်။ ရဲက သူ့ကျောခုံးသို့ သံတုတ်ဖြင့် အနောက်ကနေ ရိုက်ချလိုက်သည်။

“ဒုတ်...........”

“အား..........”

“ဒူးထောက်ထားစမ်း.......ဟေ့ကောင်”

“ဟုတ်............ဟုတ်ကဲ့”

လူတွေအားလုံး ဖမ်းဆီးပြီးသွားသောအခါ အနောက်မှ ရဲများထွက်လာသည်ကိုတွေ့ရသည်။ တည်းခိုခန်းပေါ်မှ ကိုယ်တုံးလုံးနှင့် ယောကျာ်းများ မိန်းမပျက်များလည်းပါလာကြသည်။ ထို့နောက်အားလုံးကို ဒူးထောက်ကာ ထိုင်ခိုင်းလေသည်။ ရဲတွေအားလုံးက လူတွေအားလုံးကို ဝိုင်းထားကြသည်။ ၄င်းတို့အထဲမှ ဒုရဲအုပ်တစ်ယောက်က လူတွေရှေ့တွင် ခါးကိုမတ်မတ်ထောက်ကာ လူတွေအားလုံးကို စေ့စေ့ကြည့်သည်။

“ခင်ဗျားတို့တွေအားလုံးကို စခန်းကိုခေါ်သွားမယ်။ ဒီိဆိုင်က မကောင်းတဲ့အခန်းတွေရော မူးယစ်ဆေးဝါးတွေပါ လုပ်နေတာဖြစ်တဲ့အတွက် ခင်ဗျားတို့အားလုံးကို အရေးယူရလိမ့်မယ်။ မူးယစ်ဆေးဝါးသုံးထားတဲ့သူမှန်ရင် ထောင်ချမယ်။ ဆေးစစ်ကြည့်လို့ အောင်တဲ့သူတွေကိုတော့ ပြန်လွှတ်ပေးမယ်။ ဟိုမိန်းမပျက်တွေက တော့ ကတုံးတုံးခံရမယ်”

ထို့နောက် ရဲသားများက လူတွေအားလုံးကို အချုပ်ကားပေါ်သို့တက်ခိုင်းလေသည်။ လူတွေစုံသော အခါ ကားတံခါးများကို ပိတ်လိုက်ပြီး ကားများထွက်ခွာသွားသည်။

                                             
                                                     ***************


သူ့လက်မှ လက်ပတ်နာရီလေးကို ကြည့်လိုက်တော့ နံနက်ဆယ်နာရီထိုးနေချေပြီ။ အပြင်ဖက်မှ နေရောင်က စူးရှစွာဖြင့် အခန်းတွင်းထဲသို့ ဖြာကျနေသည်။ သူအိပ်မှုံစံဖွားဖြင့် အခန်းထဲသို့ လှည့်ပတ်ကြည့်လိုက်၏။ အခန်းတွင်းရှိ အရာဝတ္ထုအားလုံးက အသက်မဲ့လျက်ငြိမ်သက်နေကြသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ စောင်လေးကို ဖယ်လိုက်ပြီး ကုတင်ပေါ်သို့ ငုတ်တုတ်ထထိုင်လိုက်၏။ ထို့နောက် သူ့ခါးမှ င်္အကျီကိုချွတ်ပြီး ရေချိုးရန် ပြင်လိုက်သည်။ ကုတင်အောက်ရှိ သူ့ဖိနပ်ကိုထုတ်စီးကာ သွားတိုက်တံနှင့် ဆပ်ပြာခွက်ကို ယူပြီး ရေချိုးခန်း ရှိရာသို့ တမ်းတမ်းမတ်မတ်လျောက်လာခဲ့၏။ ရေချိုးခန်းရှေ့သို့ရောက်သော် ရေချိုးခန်းလေးက ပွင့်လျက်သား  ရှိနေသည်။ ရေချိုးခန်းအဝကို မြင်တော့ သူတစ်စုံတစ်ခုကို သတိရသွားကာ ငေးကြည့်နေမိသည်။ ဂီနို........................

သူ့နှုတ်မှ တိုးညှင်းစွာ ဂီနို့နာမည်ကို ရေရွတ်မိသွားသည်။ ထို့အတူ သူ့အကြည့်တို့ကလဲ ဂီနိုကုတင် ဆီသို့ရောက်သွားသည်။ သူ့ကုတင်အပေါ်ထပ်တွင်ရှိသည့် ဂီနို့ကုတင်လေးသည် ရှင်းလင်းကာ ပိုင်ရှင် မဲ့လျက်ရှိသည်။ ဂီနိုပြန်မလာသေးပါ။ ဂီနိုဘယ်တွေသွားနေတာလဲ ဂီနိုရယ်။ ဂီနိုပျောက်နေတာ ရက်အတော်ကြာနေပြီဖြစ်သည်။ မိုးမြင့်ဆီမှလဲ ဘာအသံမှ မကြားရ။ ဂီနို့ကို သူတွေ့ချင်လှပြီ ။ စဉ်းစားလိုက်ရင်း သူ့စိတ်တွေလေးလံသွား ပြန်သည်။ အိပ်ယာထကာစမို့ ရွှင်ရွှင်လန်းလန်းမရှိတာလဲ ပါမည်ထင်သည်။ ထုံထိုင်းနေသော သူ့ဦးခေါင်းကို ကြည်လင်သွားစေရန် ရေအကြာကြီးချိုးပစ်မည်ဟု တွေးလိုက်သည်။ ထို့နောက် ရေချိုးခန်းထဲသို့ ဝင်လာခဲ့လေ၏။

ရေပန်းကရားလက်ကိုင်ဘုကို ကိုင်ကာ တစ်ဖက်သို့အသာလှည့်လိုက်သည်။

“ဝေါ............. .....................”

အပေါ်ရှိ steel ရေပန်းမှ ရေများက သူ့ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာသည်။ သူ့တစ်ကိုယ်လုံး ရေတွေ စိုရွှဲကုန်သည်။ များပြားလှသော ရေစက်ရေပေါက်များသည် သူ့ဦးခေါင်းပေါ်မှ တစ်ဆင့် ခန္ဓာကိုယ်အောက်ဆုံး ထိလိမ့်ဆင်းသွားလေသည်။ ရေတွေစိုရွှဲနေသော သူ့ဆံပင်တွေကို ပွတ်သပ်ပြီး နဖူးပေါ်သို့ လှန်တင်လိုက်၏။ ထို့နောက် မှန်ထဲတွင် မြင်နေရသော သူ့ပုံစံကိုသူကြည့်နေမိသည်။ ရေချိုးခန်းတစ်ခုလုံး ရေခိုးရေငွှေ့တွေ ဖြင့်သာ မွှန်ပြည့်လာ၏။ ရေငွှေ့တွေကြောင့်ဝါးနေသော မှန်ထဲမှ မသဲမကွဲမြင်နေရသည့် သူ့ပုံရိပ်က အေးစက်တောင့်တင်းနေသည့် အသက်မပါသော စက်ရုပ်ကြီးလို ငြိမ်သက်နေ၏။

  သူအာရုံတွေကိုရှင်းပစ်လိုက်ကာ ခေါင်းတစ်ချက်ရမ်းလိုက်သည်။ ထို့နောက် ရေပန်းကရားကို ပိတ်ပစ်လိုက်၏။ သူဆုံးဖြတ်ထားသည် ။ ဒီနေ့ သူဂီနို့အိမ်ကိုသွားဖြစ်အောင်သွားမည်.............


ရေမိုးချိုးအဝတ်အစားလဲပြီးသောအခါ သူ့အစီအစဉ်အတိုင်း အခန်းထဲမှ ထွက်လာခဲ့သည်။ ထို့နောက် လှေကားအတိုင်း အပေါ်ထပ်မှ ဆင်းလာခဲ့ပြီး အောက်ထပ်သို့လျောက်လာခဲ့၏။ ဂီနို အိမ်ရောက်လျင်တော့ အကျိုးအကြောင်းသိရမည်ထင်သည်။ ဘာပဲဖြစ်ဖြစ် ဂီနိုနှင့်ပက်သက်သည့် သတင်း တစ်စွန်းတစ်စလေး ရလျှင်ပဲ သူကျေနပ်သည်။ ဂီနိုက သူ့အတွက်မျှော်လင့်ချက်မဟုတ်ပါလား။ အောက်ထပ်သို့ရောက်သော အခါ ဧည့်သည်နှိပ်သည့်အခန်းများကို ဖြတ်သန်းကာကျော်လာခဲ့သည်။ ထိုစဉ်သူ့ရှေ့၌ အငယ်လေးက မိုးမြင့်အခန်းထဲသို့ ဝင်သွားသည်ကိုတွေ့ရသည်။ သူမိုးမြင့်အခန်းနားသို့ ဖြတ်လျောက်လာခဲ့တော့ စကားသံ တစ်ချို့မသဲမကွဲကြားရသဖြင့် ရှေ့ဆက်မသွားတော့ပဲ အသာချောင်းနားထောင်နေလိုက်သည်။

“ခင်ဗျားက ဂီနို့ကိုလဲ ဒုက္ခပေးပြီးပြီ။ အခုကျုပ်ကိုပါ ဒုက္ခပေးဦးမလို့လား”

“ငါပြောမယ်အငယ်လေး။ အခု ပျောက်နေတဲ့ငွေတွေက နည်းတာမဟုတ်ဘူး။ ဒီတော့ အဲ့ဒီငွေအိတ် အကြောင်း နင်လိုက်စုံစမ်းလို့ရရင် ငါနင့်ကို အဲ့အထဲက တစ်ဝက်ပေးမယ်။ ဘယ်လိုလဲ”

“ကျုပ်မလုပ်နိုင်ဘူး မမမိုးမြင့်။ ဂီနိုက အခုခင်ဗျားပြောပုံအရဆိုရင် ထောင်ကျတော့မယ့်ကိန်းပဲ။ ခင်ဗျားက ဂီနို့ကိုကျတော့ ကယ်ဖို့မစဉ်းစားပဲနဲ့ ဒီငွေအကြောင်းတော့စဉ်းစားနေတယ်။ တကယ်ဆိုရင် ဂီနိုက ခင်ဗျားကြောင့် ဒုက္ခရောက်သွားတာဗျ”

“ဟင်း ဟင်း ဟင်း ငါတော့အဲ့လိုမထင်ဘူး။ ဒီကောင် ငါ့ငွေတွေကို ယူပြီးလစ်သွားတာပဲနေမှာ။ အဲ့ဒီမူးယစ်ဆေးဝါးမှုမှာ  အဖမ်းခံရတဲ့ လူတွေက ဒီလောက်အများကြီး............နင်စဉ်းစားကြည့် ဒီကောင်လွတ်သွားတာကော မဖြစ်နိုင်ဘူးလား။ “

“မိုးမြင့် ခင်ဗျားမျက်စိထဲမှာ ဘာဖြစ်လို့ငွေတစ်ခုပဲ မြင်နေရတာလဲ။ ခင်ဗျားမှာ ကိုယ်ချင်းစာစိတ်ကလေး ဆိုတာ နည်းနည်းများရှိရင် ဘယ်လောက်များကောင်းလိုက်မလဲ။ “

“ဂီနိုနဲ့ထည့်လိုက်တဲ့ တစ်ယောက်က ငါ့ကိုဖုန်းဆက်တယ်။ သူလွတ်သွားတယ်တဲ့ ဒါပေမယ့် ငွေအိတ်က သူ့ဆီမှာ ပါမသွားဘူး ဂီနိုနဲ့ကျန်ခဲ့တာတဲ့။ ဒီတော့ နင်လုပ်ရမှာက ဂီနို အဖမ်းခံရလားမခံရဘူးလားဆိုတာ စုံစမ်း။ တကယ်လို့အဖမ်းခံရတယ်ဆိုရင်လဲ ထောင်ထဲကို ထောင်ဝင်စာလိုက်တွေ့ပြီး ငွေအိတ်ဘယ်မှာလဲ ဆိုတာ ဒီကောင့်ကိုမေးရမယ်။ “

သူသည်းညည်းခံနိုင်စွမ်းမရှိတော့။ သူ့လက်တွေ တုန်တုန်ရီရီဖြစ်လာသည်။ ထို့နောက် စေ့ထေားသည့် တံခါးကိုကို အသားကုန်ဆောင့်တွန်းပစ်လိုက်၏။

“ဝုန်း..............”

“ဟင်................နီယွန်.............နင်......နင်............”

သူရုတ်တရက် ဝုန်းကနဲ ဝင်လာတော့ မိုးမြင့်က လန့်သွားဟန်ရှိသည်။ သူ့ကို ပြူးကြောင်သော မျက်လုံးများဖြင့် ကြည့်လျက်ရှိ၏။ နှုတ်မှလဲ အတိအထစ်စကားများကို ပြောနေသည်။ အငယ်လေးက တော့ စိတ်မကောင်းဟန်ရှိသည် မျက်နှာမကောင်းပါ။

“တောက်............. လတ်စသတ်တော့ ခင်ဗျားက ဂီနို့ကို အရုပ်ကလေးတစ်ရုပ်လို အသုံးချနေတာကိုး။ ဒါကြောင့် ဟိုတစ်နေ့က သူ့ကိုခင်ဗျားဘာမှ မလုပ်တာ ထူးဆန်းနေတာ။ ခင်ဗျားတော်တော် ရက်စက်တာပဲ မိုးမြင့်”

“နီယွန်  ဒီလိုဖြစ်သွားတယ်ဆိုပေမယ့် ဒါက ဂီနိုသူသဘောတူလို့ ကြည်ကြည်ဖြူဖြူ လုပ်ပေးခဲ့တာပဲလေ”

“ဟုတ်တယ် သူသဘောတူတယ်ဆိုတာမှန်တယ်။ အခုသူဒုက္ခရောက်နေပြီလေ ခင်ဗျားသူ့ကို ကူညီဖို့ နည်းနည်းလေးမှတောင် စိတ်ကူးမရှိဘူးလား”

သူ့စကားဆုံးတော့ မိုးမြင့်ငြိမ်သက်သွားသည်။ မိုးမြင့်မျက်လုံးတွေကလည်း သူ့ကို အကြည့်လွှဲသွား၏။ ထို့နောက် သူ့ကိုအေးတိအေးစက် နိုင်လှသော လေသံဖြင့်ပြောသည်။

“ငါဂီနို့ကို သွားကယ်လို့ရှိရင် ငါ့ပေါင်ငါလှန်ထောင်းသလို ရဲတွေငါ့ကို မင်္သကာဖြစ်သွားကြလိမ့်မယ်။ ငါဒုက္ခရောက် ရင်ဒီယောက်ျားလှကျွန်းကြီးလဲ ဆက်ပြီးတည်မြဲနေမှာမဟုတ်တော့ဘူး။ ပြီးတော့ ယောကျာ်းလှကျွန်းကို မှီခိုနေတဲ့ နင်တို့တွေလဲ ဆက်ပြီးအဆင်ပြေမှာမဟုတ်တော့ဘူး”

“ကောင်းပြီလေ........ ခင်ဗျားမကယ်ရင် ကျုပ်ရအောင်ကယ်မယ်။ “

“တောက်...............”

ပြင်းထန်းလှသော သူ့တောက်ခေါက်သံက အခန်းတွင်းတွင် ပဲ့တင်သံတွေ ထပ်သွားသလို နားထဲ ကြားယောင်မိသည်။ ထို့နောက် တံခါးကို ဝုန်းကနဲ ပြန်ပိတ်ပြီး သူကျောခိုင်းထွက်ခွာလာခဲ့သည်။ သူ့ရင်ထဲ၌ ပူဆွေးသောက တွေကဆူပူသောင်းကျန်းလျက်ရှိသည်။ သူ့စိတ်တွေထိန်းလို့မရအောင်ပင် စိတ်လှုပ်ရှားနေ ချေပြီ။ ဂီနို့ကို သူဘယ်လိုနည်းနဲ့ ကယ်ရမယ်ဆိုတာ လောလောဆယ်မှာတော့ စဉ်းစား၍ မရသေးပါ။ ဂီနိုထောင်ကျမည်ဆိုပါက အနည်းဆုံးတော့ နှစ်ရှည်လများထောင်ထဲမှာ နေရမှာသေချာသည်။ မူးယစ်ဆေးဝါး မှုကနဂိုကတည်းက ပြစ်ဒဏ်ကြီးမားသည်မဟုတ်ပါလား။ ဂီနိုဒုက္ခရောက်လျှင် ဂီနို့ကို မှီခိုနေသည့် သူ့မိသားစု လဲဖရိုဖရဲဖြစ်ဦးမည်။ စဉ်းစားရင်း စဉ်းစားရင်း သူ့ဦးနှောက်တွေ ထူပူခြောက်ခြားလာ၏။ သူ့နဖူးတွင်လဲ ဇောချွေးတွေပြန်လာသည်။ ဂီနိုရယ်......ငါမင်းကို ရအောင်ကူညီပါ့မယ်......

သူတစ်လမ်းလုံး စဉ်းစားလာရင်း ဂီနို့အိမ်ရှေ့သို့ရောက်လာခဲ့သည်။ ဂီနိုတို့အိမ်ကလေးက ဆင်းရဲနွမ်းပါး သည့်အရိပ်လက္ခာတို့ဖြင့် ခြောက်ကပ်နေသည်။ အိမ်ရှေ့ရောက်တော့ သူတံခါးပေါက်ဆီသို့ လျောက်လာခဲ့၏။ အိမ်ထဲသို့ ဝင်ကြည့်လိုက်သောအခါ စားပွဲခုံပေါ်တွင် ထမင်းစားနေသည့် ဂီနို့ ညီလေးနှင့် ညီမလေးကို တွေ့ရသည်။ ထိုကလေးနှစ်ယောက်က သူ့ကိုမြင်တော့ မျှော်လင့်ချက်ကျဆုံးနေဟန်ရှိသော မျက်လုံးများက ပြန်လည်လင်းလက်လာသည်။ သူထိုကလေးနှစ်ယောက်ကို အတက်နိုင်ဆုံး ချိုသာအောင် ပြုံးပြလိုက်၏။

“ညီလေးနဲ့ညီမလေး............. မင်းတို့အမေရှိလား”

“ရှိပါတယ်အကို အမေနေမကောင်းလို့ ခဏအိပ်နေတယ်”

သူစိတ်မကောင်းဖြစ်သွားပြန်သည်။ သူ့စကားကို ဆက်ပြောသင့်မပြောသင့် စဉ်းစားနေမိသည်။ အကယ်၍ ယခုအခြေအနေတွင် သူပြောပြလိုက်မည်ဆိုပါက ရရှိလာမည့် ရလဒ်က ကောင်းသွားနိုင်သလား ဆိုးလာနိုင်သလား။ သူ့ကိုစဉ်းစားရကြပ်စေပြန်သည်။ သားတစ်ယောက်လုံး ဒုက္ခရောက်နေတာကို မသိလျှင်လဲ ထိုမိဘက မည်သို့ခံစားရမည်ကို သူကိုယ်ချင်းစာမိသည်။ သို့သော် တစ်ဖက်တွင်လဲ စိတ်ဆင်းရဲသွားမည့် အခြေအနေကို သူစိုးရိမ်မိသည်။

“ကိုကြီး........ သားသားကိုကို ဂီနိုရောဟင်.....”

ထမင်းစားနေသော ကလေးငယ်လေးက သူ့ကိုမြင်သောအခါ အားကိုးတစ်ကြီးဖြင့် ဂီနို့ကိုမေးရှာသည်။ သူမည်သို့ ပြန်ဖြေရမည်နည်း...........

“သြော်....... သားအကိုက......ဟို.........အဟား.......သူအလုပ်များနေလို့တဲ့သားရဲ့။ အဲ့ဒါ အကိုကြီးက သူ့ကိုယ်စား သားတို့ကိုလာကြည့်တာ”

ပြောသာပြောရသည့် သူ့ရင်ထဲတွင် လုံးဝမကောင်းပါ။ သူ့အဖြေကြောင့် မျက်နှာလေး ညိုးငယ်သွားသည့် ကလေးနှစ်ယောက်ကို ကြည့်ရင်း သူနင့်နေအောင် ခံစားရသည်။ ကလေးတို့ရယ် အကိုကြီးကို ခွင့်လွှတ်ပါ။

“နီယွန်ပါလား..........သားကော........သားမပါဘူးလား။ သူမလာတာကြာပြီကွယ် ဘာများဖြစ်နေသလဲလို့ စိတ်ပူနေတာ မင်းလာတာနဲ့အတော်ပဲ”

“အဒေါ့်ကို ကျွန်တော်ပြောစရာရှိလို့ အပြင်ကိုခဏလေးလိုက်ခဲ့လို့ရမလား “

ဂီနို့အမေမျက်နှာက သူ့စကားကြောင့် ပိုလို့စိုးရိမ်သွားဟန်ရှိသည်။ သူမ၏ ရှုပ်ထွေးနေသော ဆံပင်တွေကို ပြင်ဆင်လိုက်ပြီး ထဘီကို ပြင်ဝတ်ကာ အခန်းထဲမှ ထွက်လာ၏။ ထို့နောက် သူ့ဆီသို့ လျောက်လာသည်။ သူအဒေါ်ကြီးကို အိမ်အပြင်ဖက်သို့ ခေါ်လာခဲ့သည်။ အပြင်ဖက်သို့ရောက်သောအခါ အဒေါ်ကြီး မျက်နှာက ပြိုတော့မည့်မိုးတွေလို ညို့မိုင်းနေပြီဖြစ်သည်။

“သားဘာဖြစ်လို့လဲ နီယွန်”

“အဒေါ် သူ.............................ဟို..................................”

အဒေါ်ကြီးက သူ့ကို စိတ်မရှည်ဟန်ဖြင့်ကြည့်သည်။ ထို့နောက် သူ့ပုခုံးနှစ်ဖက်ကို လာကိုင်လေ၏။

“ပြောပါနီယွန် သားဘာဖြစ်လို့လဲ။ အဒေါ့်ကို အားမနာပါနဲ့”

“ဂီနို အခုထောင်ကျတော့မယ် အခြေအနေကိုရောက်နေပြီ အဒေါ်။ မူးယစ်ဆေးဝါးမှုနဲ့ စားသောက်ဆိုင်တစ်ခုကို ဖမ်းတဲ့အထဲ သူပါသွားတယ်။ “

“ဟင်................ ဒါ.............ဒါဆို အဒေါ့်သားလေး ဒုက္ခရောက်တော့မှာပဲ။ ဘယ်လိုလုပ်ကျမလဲဟင်။ အဒေါ်အစကတည်းက သူ့ကိုမင်္သကာဖြစ်နေတာ အလုပ်လုပ်တာ ဘာမှမရှိသေးဘူး အဒေါ့်ကို ပိုက်စံတွေ အများကြီးသူပေးပေးနေတာ အခုတော့ အဒေါ်က ကိုယ့်သားကို ဒုက္ခပြန်သေးသလိုဖြစ်နေပါပြီကွယ်”

အဒေါ်ကြီးက ပြောရင်းဆိုရင်း ရှိုက်ကြီးတငင်ငိုကျွေးပါတော့သည်။ သူအဒေါ်ကြီးကို ဖက်ထားလိုက်သည်။ အဒေါ်ကြီးက သူ့ပုခုံးပေါ်တွင် ငိုနေသည်။ သူ့ပါးပြင်မှလဲ မျက်ရည်စတစ်ချို့ လိမ့်ဆင်းလာလေ၏။ ဂီနိုရယ် မင်းစိတ်ချပါ။ တကယ်လို့ မင်းဒုက္ခရောက်သွားမယ်ဆိုရင်တောင် မင်းမိသားစုကို ငါစောင့်ရှောက်မှာပါ။ မင်းဒုက္ခရောက်နေတဲ့အချိန်မှာ ငါမင်းအနားမှာ ရှိမနေနိုင်တာ ငါ့ကိုခွင့်လွှတ်ပါ။ ဒီအချိန်မင်းအားငယ်နေမလား မင်းဝမ်းနည်းနေမလား မင်းတစ်ယောက် ငါတို့စားသလိုမှ စားနေနိုင်ရဲ့လားဆိုတာ ငါမတွေးရဲလောက်အောင် ပါပဲ။ မင်းသိပ်ကြားချင်တဲ့ ချစ်တယ်ဆိုတဲ့စကားလေးတောင် ငါမင်းကို မပြောရသေးဘူးနော် ဂီနို......

သူအဒေါ်ကြီးကို တင်းကြပ်စွာဖက်ထားမိသည်။ သူကိုယ်တိုင်လဲ ဝမ်းနည်းပက်လက်ဖြစ်နေမိသည်။ ကြာလာလေလေ သူ့ကိုယ်သူအသုံးမကျသူတစ်ယောက်အဖြစ် ပိုမြင်လာကာ အပြစ်တင်နေမိသည်။ ရက်စက်လိုက်တာ ကံကြမ္မာကြီးရယ်............

“ဂီနို့ဒုက္ခမရောက်စေရဘူးလို့ တို့အာမခံတယ်...............တို့ကူညီမယ်..................”

ရုတ်တရက် သူတို့နှစ်ဦးအနောက်မှ စကားသံထွက်ပေါ်လာသဖြင့် သူလှည့်ကြည့်လိုက်မိသည်။

“ဟင်................”

                                              
                                                       ***************


“ဆရာ အခုအချုပ်ခန်းတွေ မလောက်ဘူးဖြစ်နေတယ်။ အမိန့်မချရသေးတဲ့ အကျဉ်းသားတွေကို ထောင်ထဲခဏပြောင်းထားမှဖြစ်မယ်ဆရာ”

“ကောင်းပါပြီ ဆရာကြီး။ B ရုံကထောင်မူးကို ကျုပ်ဖုန်းဆက်ထားလိုက်မယ် လုပ်စရာရှိတာဆက်လုပ်ပါ”

“ဟုတ်ကဲ့ပါ ဆရာ”

“လေးစားပါတယ်”

တပ်ကြပ်တစ်ယောက်က အလေးပြုပြီးပြန်ထွက်သွားသည်။ ထိုအခါ ထိုင်ခုံပေါ်တွင် ထိုင်နေသည့် ရဲအုပ်က ၄င်း၏လက်နှစ်ချောင်းကို အညောင်းဆန့်လိုက်ရင်း  စားပွဲပေါ်ရှိ စီးကရက်ဘူးကို ယူကာ ဆေးလိပ်တစ်လိပ် ထုတ်ယူလိုက်ပြီး နှုတ်ခမ်းထိပ်သို့ ဟန်ပါပါဖြင့် တေ့လိုက်သည်။ ထို့နောက် လက်တစ်ဖက်မှ မီးခြစ်ကို ခြစ်ကာ ဆေးလိပ်ကိုမီးညှိပြီး မီးခိုးများကို မျက်နှာကျက်ပေါ်သို့ ထွေးမှုတ်လိုက်လေ၏။

ညစ်ပေနေသော ထောင်နံရံတွေကို ကြည့်ရင်း ဂီနို နှာခေါင်းရှုံ့မိသည်။ ဤမျှလောက် ညစ်ပေနေသည်ကို မဆေးမကြောပဲထား သည်မှာ အံ့သြစရာကောင်းလှသည်။ ထောင်းသားတွေဘယ်လိုနေသည်မသိပါ။ သူတော့ မြင်သည်နှင့် ကျက်သီးထချင်လာ၏။ အနားရှိ ရဲနှစ်ယောက်က သူတို့ကို ခွေးတိုးပေါက်ကဲ့သို့ လုပ်ထားသည့်  အပေါက်မှ ထောင်ခန်းထဲသို့ ဝင်ခိုင်းလေသည်။ သူတို့တွေ ကုန်းကုန်းကွကွဖြင့် ဝင်ပြီးသွားသောအခါ ထောင်တံခါးကို ဂျိမ်းကနဲ ပြန်ပိတ်ကာ သော့ခတ်ပြီးအနားမှထွက်သွားကြသည်။ ထောင်ထဲသို့ရောက်သော အခါ ဝတ်စုံဖြူတွေဖြင့် သူတို့ကို မကြည်ကြည့် ကြည့်နေသည့် အခြားထောင်သားများကိုတွေ့ရသည်။ ဂီနိုဖာသဖာသာနေရင်း ခေါင်းကိုအသာငုံ့ထားလိုက်သည်။ ရဲများထွက်ခွာသွားသောအခါ မုတ်ဆိတ်မွှေးကားကား ဖြင့်ထောင်သားတစ်ဦးက ထိုင်နေရမှာထလာကာ သူတို့ရှေ့သို့ ရောက်လာသည်။

ထို့နောက် သူတို့တစ်ဦးချင်းဆီကို စေ့စပ်စွာကြည့်လေ၏။

“ငါတို့က ဒီမှာအမြဲတမ်း ရဲဘက်စခန်းကို လိုက်ရတယ်။ မင်းတို့လဲ ဒီမှာနေမှာဆိုတော့ ငါတို့နဲ့အတူ ရဲဘက်စခန်းကို လိုက်ရမယ်။ ဟိုရောက်ရင် မြက်ပေါက်ရမယ် ကျောက်ထုရမယ်။ ရဲဘက်မရှိတဲ့နေ့ဆိုရင် ထောင်ထဲမှ အမွှေးတိုင်လိမ့်ရမယ် ကြားကြလား.............”

“ကြားပါတယ်..............”

ထိုင်နေသော အုပ်စုထံမှ အသံတိုးတိုးလေးထွက်လာ၏။ ထိုအခါ တန်းစီးဖြစ်ဟန်တူသော ထောင်သားက ၄င်း၏ အာဏာသက်ရောက်သဖြင့် သဘောကျကာ ပြုံးလေသည်။ တန်းစီးသည် ထောင်ထဲသို့ ရောက်လာသော အချုပ်သားတွေကို ကြည့်ကာ ဂီနို့ကိုတွေ့သွားသည်။ ထို့နောက် တန်းစီးသည် ဂီနို့အနားသို့ လျောက်သွားက ဂီနို့မေးစေ့ကို ကိုင်ပြီးအပေါ်သို့မော့စေလိုက်သည်။

“ဟင်း........ဟင်း...........ဟင်း..............”

တန်းစီးသည် ဂီနို့ကိုကြည့်ပြီး သဘောကျသွားဟန်ဖြင့် ငှက်ဆိုးထိုးသံဖြင့် ရယ်ကာ အနားမှ ပြန်လည်ထွက်ခွာသွားသည်။



                                                       ***************


ထောင်နံရံအထက်ရှိ အပေါက်ကလေးမှ လရောင်လေးသည် အခန်းထဲသို့ ဖြာကျနေသည်။ အခန်းထဲတွင် အားလုံးတိတ်ဆိတ်နေကြသည်။ ဂီနိုတစ်ယောက် ကြမ်းပြင်ပေါ်တွင် လူးလိမ့်ရင်း အိပ်မပျော်နိုင်ဖြစ်နေသည်။ အချို့ထောင်သားများမှာ ဟောက်သူက ဟောက်နေချေပြီဖြစ်၏။ အနားတွင် ခြင်တွေ တဝီဝီဖြစ်နေသော ကြောင့်သူလုံးဝအိပ်လို့မရပါ။ ထို့အပြင်မာကျောသည့် ကြမ်းပြင်တွင် အခင်းမပါပဲအိပ်ရသည့် အခါသူအိပ်၍ မရနိုင်ပဲရှိနေသည်။ ဒီနေ့ညနှင့်ဆိုလျှင် သူအိပ်မပျော်သည်မှာ ညအတော်များနေပြီဖြစ်သည်။ စားရတော့လဲ ဝက်စာတမျှဆိုးဝါးလွန်းလှသော အစားအသောက်တွေသာ စားရသည်။ မသေရုံတမယ်သာရှိသည့် သူ့ဘဝကိုသူ ရင်နာမိသည်။

ညကတဖြေးဖြေးနှင့်သန်းခေါင်ကျော်လာပြီဖြစ်သည်။ သူတို့ကိုအပြင်ဖက်တွင်စောင့်နေသည့် ထောင်စောင့်မှာလဲ စောင်ကလေးခြုံကာ ကွေးကွေးလေးအိပ်ပျော်နေချေပြီ။ ထိုစဉ် သူ့နဘေးတွင် ရှိသည့် တန်းစီးက တဖြေးဖြေးလှုပ်ရှားလာသည်ကိုတွေ့ရသည်။ ထို့နောက် သူ့အနောက်တွင်ရှိသော အခြားထောင်သား နှစ်ယောက်မှာလဲ ထိုနည်းတူစွာ လှုပ်ရှားပြီး ထလာကြသည်။ ထို့နောက် သူ့အနားသို့ သုံးယောက်လုံး ဝိုင်းကပ်လာကြသည်။ သူရုတ်ရက်ခေါင်းထောင်ကြည့်လိုက်၏။

“ခင်ဗျားတို့ ဘာလုပ်မလို့လဲ”

“ကောင်လေး မင်းပါးစပ်ကို ပိတ်ထား။ ပြီးတော့ ငြိမ်ငြိမ်လေးနေ အသံမထွက်နဲ့။ ဒီလိုဆို မင်းမနက်ဖြန်ကျရင် ရဲဘက်ကိုလိုက်စရာမလိုတော့ဘူး။ ထောင်ထဲမှာ ကော်ဖီမစ်ထုတ်တွေနဲ့ ဆေးပေါ့လိပ်တွေရှိတယ် မင်းအေးအေးဆေးဆေး နှပ်နေလို့ရတယ်”

ပြောပြောဆိုဆိုဖြင့် အနောက်မှငနဲနှစ်ကောင်က သူ့လက်နှစ်ကိုကို တစ်ယောက်တစ်ဖက်ဆီကိုင်ပြီး လာချုပ်သည်။ သူ့ရှေ့တွင် မုတ်ဆိတ်နှင့်တန်းစီးက အနားသို့တဖြေးဖြေးကပ်လာ၏။ ဂီနိုအော်မည်ဟု ကြံတော့ အနောက်မှ ငနဲနှစ်ကောင်က သူ့ပါးစပ်ကို လက်ဖြင့်အတင်းပိတ်ထားကြသည်။ ကြာတော့ သူအသက်ရှူရကြပ်လာသည်။ ရုန်းသောလဲ သူတို့ကပိုအားကြီးနေသဖြင့် ဂီနိုရုန်းမရပါ။ ကြာတော့ သူမွန်းကြပ်လာပြီး ခေါင်းမူးလာသည်။ ရှေ့ဆက်ပြီးရုန်းနေမည်ဆိုပါက အခြေအနေက ပိုဆိုးလာနိုင် သဖြင့် သူမရုန်းတော့ပဲ အသာပြန်ငြိမ်နေလိုက်ရသည်။

ထိုအခါ တန်းစီးက သူ့ပါးတွေကို လက်ကြမ်းကြီးဖြင့်ညှစ်ကာ တဖြေးဖြေးအောက်သို့လျောသွားပြီး သူ့ဘောင်းဘီကို ဆွဲချွတ်လေ၏။ သူ့လက်ကို ချုပ်ထားသည့် ငနဲ့နှစ်ကောင်က သူ့ကို လူမရှိသည့် ထောင်ခန်းအစွန်ဖက်သို့ အတင်းဆွဲခေါ်လေသည်။ သူအောက်ပိုင်ဗလာဖြင့် ထောင်းသားတွေ လုပ်သမျှခံနေရသည်။ ထောင်ခန်းအစွန်သို့ရောက်သောအခါ ငနဲနှစ်ကောင်က သူ့ကိုကျောပေးခိုင်းပြီး လက်ကို နောက်ပြန်ချုပ်ထားကြသည်။ ထို့နောက် ၄င်းတို့အလယ်မှ တန်းစီးလုပ်သူက ရောက်လာပြီး ၄င်း၏ မာကျောနေသော လိင်တံကြီးဖြင့် ဂီနို့တင်ပါးကို အတင်းဖြဲကာ ထိုးထည့်လေသည်။ ဂီနိုတဖြေးဖြေး ချွေးများပြန်လာသည်။

တန်းစီးသည် ၄င်း၏တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်ကြီးဖြင့် ဂီနို့ကို 45 ဒီဂရီခန့် ကုန်းခိုင်းလေသည်။ ထို့နောက် ဂီနို့တင်ပါးတွေကို အားရပါးရဖြစ်ညှစ်လိုက်ပြီး သူ့လိင်တံကြီးကို အထဲသို့ မဝင် ဝင်အောင် အတင်းဓမ လုပ်လေသည်။ ဂီနိုနာကျင်လွန်း၍ မျက်ရည်များပင်ကျလာသည်။ အနားရှိငနဲ နှစ်ကောင်မှာလဲ သူ့ကို မလှုပ်နိုင်အောင်အတင်းချုပ်ထားကြသည်။ တန်းစီး၏ င်္အဂါမှာ အတော်အတန်ထွားသဖြင့် ဂီနို အသက်ထွက်လုမတက် နာကျင်စွာခံစားနေရသည်။ ထို့အပြင် မညှာမတာ ရက်ရက်စက်စက် လုပ်နေသဖြင့် ဂီနို့စအိုမှ သွေးများယိုစီးလာသည်

“အား..................................”

                               
                                                                    ဆက်ရန်ရှိသေးသည်-
                                                                                               Lovealone
                                                                                 boytheboy.sept@gmail.com








3 comments:

  1. မူးယစ်ဆေးဝါးမှုမှန်း နီယွန်က ဘယ်လိုလုပ် သိသွားရပြန်တာလဲဟင် ။
    မိုးမြင့်နဲ့ အငယ်လေး ပြောတဲ့ စကားထဲမှာလည်း မပါဘဲနဲ့ ။

    ReplyDelete
    Replies
    1. အော် မိုးမြင့်ခိုင်းတယ်ဆိုထဲကိုက အဲဒီကိစ္စပဲရှိတာကို

      Delete
  2. great. love it that he has been raped at the prison. carry on....

    ReplyDelete