This is the best gay website for Myanmar gay peoples.

Thursday, March 21, 2013

On 12:58 AM by Unknown in    No comments





“ဒါဆိုရင် အဲ့ဒီငွေထုတ်က အခင်းဖြစ်တဲ့နေရာမှာ ကျန်ခဲ့တယ်ပေါ့ဟုတ်လား”

“ဟုတ်ပါတယ် မမမိုးမြင့် ကျွန်တော်ကလဲ ရဲဆိုတာနဲ့ ကြောက်အားလန့်အားနဲ့ ပြေးလိုက်မိတာ အဲ့ဒီငွေထုတ်ကို ယူဖို့သတိမရလိုက်ဘူး”

“ကောင်းပြီး မင်းပြန်တော့ နောက်လိုမှငါဖုန်းဆက်မယ်”

“ဟုတ်ကဲ့မမမိုးမြင့်”

ကားသမားထွက်သွားသော အခါမိုးမြင့်က ၄င်းလက်ထဲရှိစီးကရက်ကို ဆေးလိပ်ခွက်ထဲသို့ ပြာခြွေလိုက်၏။ ထို့နောက် နှုတ်ခမ်းစပ်သို့ ပြန်တည့်ကာ တစ်ချက်မျှ ရှိုက်လိုက်သည်။ စီးကရက်မီးကလေးသည် ရဲကနဲဖြစ်သွားလေသည်။  ထို့နောက် မိုးမြင့်၏ နှုတ်ခမ်းမှ မီးခိုးငွှေ့များ လေထုထဲသို့ မှုတ်ထုတ်လိုက် လေသည်။ မီးခိုးငွှေ့တွေ ထွက်သွားသည်နှင့် တစ်ပြိုင်နက် မိုးမြင့်၏ နှုတ်ခမ်းထောင့် တစ်နေရာမှာလဲ ကွေးညွတ်သွားလေသည်။

“ဟင်း..... ဟင်း.......ဟင်း.......တွေ့ကြသေးတာပေါ့ ဂီနိုရယ်”



                                                           **************

မျောလွင့်နေသော မိုးကောင်းကင်ကြီးသည် ကြည်ပြာရောင်ယှက်သန်းလျက် တိမ်ဖြူများက လေနှင်ရာသို့ ရွေ့လျားနေလေသည်။  ထိုကောင်းကင် ပြာပြာကြီး၏ အောက်တွင် အမြောင်းလိုက် အမြောက်လိုက် ဖြစ်နေသော လယ်ကသင်းရိုးများက ခြောက်ကပ်တိတ်ဆိတ်နေလေ၏။ ထိုလယ်ကသင်းရိုးများပေါ်တွင် တစ်ချက်တစ်ချက် ထပျံတတ်သော ခြေတံရှည်ရှည် ဗျိုင်းဖြူများသည်လည်း ဟိုသည် ကျီးကန်တောင်မှောက် ကြည့်လျက်ရှိသည်။ လယ်မြေများမူကား ထွက်ယှက်ထားသောကြောင့် မြေနုများ မြေပေါ်တွင်ပွနေပြီး အချို့နေရာ များတွင် ရေအိုင်ငယ်လေးများ အိုင်နေလေသည်။

“ဂီနို ဒီညနေ အလုပ်ဆင်းမှာမိုလား”

“အင်း ဟုတ်တယ်နီယွန် မင်းလဲငါ့အတွက်နဲ့ အလုပ်ပျက်နေတာကြာပြီ။ မင်းကို အားနာလှပြီ”

နီယွန်က တစ်ချက်ရယ်လိုက်ရင်း သူ့မျက်နှာမှ နေကာမျက်မှန်ကြီးကို ချွတ်ကာ ဂီနို့မျက်နှာပေါ်သို့ တပ်ပေးလိုက်လေသည်။ ဂီနိုက တစ်ချက်ရယ်လိုက်ရင်း မျက်နှာကို မိုးကောင်းကင်ပေါ်သို့ မော့ကြည့် လိုက်လေ၏။ ဂီနို့၏ လည်ဇလုတ်မှာ အရှေ့သို့အနည်းငယ်ချွန်ထွက်နေပြီး တောင့်တင်းသော ရင်အုံသားနှင့် ကျစ်လစ်သော အသားအရည်တို့က နေ၏တောက်ပမှုနှင့်အတူ ဝင်းလက်နေလေသည်။ ပင်လယ်ကမ်းခြေတွင် အပန်းဖြေသည့်အခါ ဝတ်ဆင်လေ့ရှိသည့် အုန်းပင်ပုံပါ ဘောင်းဘီပွပွကြီးကြားမှာ ပွယောင်းနေသဖြင့် ဂီနို ထောင်ထားသော ဒူးခေါင်းကို သေချာကြည့်လျင် အထဲမှ ပေါင်တံအစပ်နားထိ လှမ်းမြင်နေရသည်။

“ရပါတယ် ဂီနိုရာ။ ငါတို့ပြန်ရင်တော့ မိုးမြင့်နဲ့စကားနည်းနည်းများရလိမ့်မယ်။ ဒါပေမယ့် ဘာမှမဖြစ်ပါဘူး မိုးမြင့်က ပွစိပွစိလုပ်ပြီးရင် ပြီးသွားတာပါပဲ”

“ငါကတော့ ငါ့ငွေထုတ်ကိစ္စ လိပ်ပြာမလုံဘူးကွာ”

ဂီနိုက မျက်မှန်ကိုချွတ်ရင်း နီယွန့်ကို တစ်ချက်ကြည့်လိုက်၏။ နီယွန်က ဂီနိုကို မစိုးရိမ်စေရန် နှစ်သိမ့်သော အကြည့်ဖြင့် ကြည့်လေသည်။
“ရပါတယ် သူမေးရင်သာ မင်းကယုတ္တိရှိရှိနဲ့ မျက်နှာကို ခပ်တည်တည်နေတတ်ဖို့လိုတာ။ ပြီးရင် ဘာမေးမေး မသိဘူးလို့သာပြောလိုက်”

ဂီနိုက နီယွန့်စကားကိုသဘောကျကာ သွားပေါ်အောင်ရယ်လေသည်။ ထို့နောက် အပေါ်ပိုင်းဗလာ ဖြစ်နေသော နီယွန့်ရင်ဘတ်ရှိ နို့သီးခေါင်းလေးကို လှမ်းဆိတ်လိုက်လေသည်။

“အား..............”

“ဟား........... ဟား.............”

ဂီနိုဆိတ်တာခံလိုက်ရ၍ နီယွန်က မကျေမနပ်ဖြစ်ကာ ဂီနိုဘောင်းဘီပွပွကြီးထဲကို လက်ဖြင့် အတင်းနိုက်လေ၏။ နီယွန့်လက်မှာ တဖြေးဖြေး အတွင်းထဲသို့ ရောက်လုနီးပါးဖြစ်သွားလေရာ ဂီနိုက မခံနိုင်တော့ပဲ မတ်တပ်ရပ်ချလိုက်၏။ ထို့နောက် နီယွန်ပေါ်သို့ အုပ်မိုးလိုက်ကာ နှစ်ယောက်သား သဲသောင်မြေပေါ်တွင် လူးလိမ့်သွားလေ၏။

“မင်းတော်တော်သန်တာပဲ နီယွန်”

“ဟား ဟား ငါကမင်းကိုချစ်လို့ အလျော့ပေးထားတာ မင်းလောက်တော့ သနားတယ် “

“ဘာကွ”

“ဟား ဟား ဟား အမယ်လေ တကယ်လုပ်တယ်ဗျ”

ဂီနိုကအပေါ်မှ အတင်းဖိထားလေရာ နီယွန်မှ မလှုပ်နိုင်ပဲရှိနေလေသည်။ ထိုအခါ နီယွန်မှ အားမထည့်တော့ပဲ ငြိမ်နေလိုက်၏။ ပေါ်မှဖိထားသော ဂီနိုက နီယွန်မောသွားပြီဟု ယူဆကာ ဖိထားသော လက်ကို ပြန်ရုပ်သိမ်းလိုက်ကာ နဘေးရှိသောင်ပြင်ပေါ်သို့ ပက်လက်လှန်ချလိုက်လေသည်။

“မင်းတော့သေပြီ ဂီနိုရေ့ ဟား.........”

ပြောပြောဆိုဆိုဖြင့် နီယွန်က မှောက်ခုံလှဲနေရာမှ ထကာ ဂီနို့ငယ်ပါကို အတင်းလှမ်းဆုပ်ထားလိုက်လေသည်။ ဂီနိုမှာ ချက်ကောင်းကို အကိုင်ခံလိုက်ရ၍ အောင့်တက်သွားကာ ဘာမှမလှုပ်နိုင်တော့ပဲ ရှိလေသည်။

“အား............သေပါပြီဗျာ ဟေ့ကောင်နီယွန်”

“ငါလူဖြစ်ရှုံးသွားဦးမယ် ......... အား ...........နာတယ်ဆို”

“မှတ်ပြီလား “

“မှတ်ပါပြီ”

“ငါ့ကိုအနိုင်ကျင့်ချင်သေးလား”

“မကျင့်ချင်တော့ပါဘူး”

“ဟိုဟာလုပ်ရင် အမြဲတမ်းအပေါ်က နေချင်သေးလား”

“အား ..........နာ...နာတယ် မနေ......နေတော့ပါဘူး အောက်ကလဲနေပေးပါမယ်”

ဂီနိုက နီယွန့်ဆီ လက်ကလေးလှမ်းလိုက်ရင်း နီယွန်က ငယ်ပါကို အတင်းညှစ်လိုက်ရင်း လုပ်နေသဖြင့် ဂီနိုမှ မလူးသာမလွန့်သာဖြစ်နေပြီး နီယွန်အနိုင်ကျင့်သမျှပြန်ခံနေရရှာသည်။ နီယွန်က ဂီနို့ငယ်ပါကို မလွှတ်သေးပဲ ဆက်ကိုင်ထားရာ ငယ်ပါလေးမှ တဖြေးဖြေး ထွားလာပြီး အနည်းငယ်မာကျောတောင့်တင်းလာသည်။

“ကြည့်စမ်း မင်းကို ဆုံးမနေတုန်းတောင်မှမင်းက တောင်ချင်နေသေးတယ် ဟုတ်စ....”

“မ....မ......လုပ်ပါနဲ့ နီယွန်ရာ။ မင်းက ကိုင်နေတာဆိုတော့ အဲ့ဒါက ......သူဟာသူ မာလာတာပေါ့ ငါစိတ်ပါ လို့မဟုတ်ပါဘူး”

“ဟား ဟား ရပါတယ်ကွာ  စိတ်ပါလဲကိစ္စမရှိပါဘူး မင်းလေးကို ငါက ကောင်းကောင်းလေး သဲနဲ့ထုပေးလိုက်မယ်”

“နီယွန် အဲ့.......အဲ့လို မနောက်ရဘူးလေ”

ဂီနိုကား ပြောရင်းဆိုရင်း ထိတ်လန့်သည့် မျက်နှာမှာ အထင်းသားပေါ်လွင်လာလေရာ နီယွန်မှာ အူတက်အောင် တစ်ခစ်ခစ်ရယ်လေတော့သည်။ ထို့နောက် ဆုပ်ကိုင်ထားသော လက်ကိုအသာဖြေလိုက်ကာ ဖွဖွလေးသာ ကိုင်ထားတော့သည်။ ဂီနိုမျက်နှာက ယခုမှ အကြောက်ပြေသွားသည့်ဟန်ပေါ်သည်။ နီယွန်က ဂီနိုကို လှမ်းဆွဲပြီး သူ့ရင်ခွင်ထဲသို့ ထည့်လိုက်၏။ ဂီနိုကား နီယွန့်၏ ရင်ခွင်ထဲတွင် အလိုက်သင့်လေး မှိန်းနေလေသည်။ ထိုအချိန်တွင် မြစ်အတွင်း၌စက်လှေတစ်စီး ဖြတ်သွားရာ ရေလှိုင်းလေးများအနည်းငယ် ကြွတက်လာပြီး သောင်စပ်သို့ လာရောက်ရိုက်ခတ်လေသည်။ နီယွန်နှင့်ဂီနိုကား အောက်တစ်ပိုင်း ရေများ စိုကုန်လေသည်။

ဂီနိုက နီယွန့်ရင်ခွင်ထဲမှ ပက်လက်လှန်လိုက်ပြီး မြစ်ပြင်ကျယ်ကြီးကို ရှုစားလျက်ရှိသည်။ နီယွန်ကား ဂီနို့ကို ပွေ့ထားလျက် ဘာမှမပြောပဲဆိတ်ငြိမ်နေသည်။ ထိုအခိုက် ဂီနိုက နီယွန့်လက်ကလေးကို လှမ်းဆွဲလိုက်ပြီး ၄င်း၏ ဘောင်းဘီမျော့ကြိုးကိုဆွဲကာ ဘောင်းဘီထဲသို့ထဲ့လိုက်လေ၏။ နီယွန်က ဂီနို့အပြုအမူကြောင့် ဂီနို့ကို တစ်ချမျှ ငုံ့ကြည့်လိုက်သည်။ ဂီနိုမှာလဲ ပြန်မော့ကြည့်သည်နှင့် အကြည့်ချင်းဆုံသွားလေသည်။ ထိုအခါ ဂီနိုက အောက်မှနေ၍ နီယွန်နှုတ်ခမ်းလေးကို ပင့်နမ်းလိုက်လေသည်။ အုန်းပင်ပုံပါသည့် ဘောင်းဘီပွပွကြီးသည်က အတွင်းထဲမှ လက်၏လှုပ်ရှားမှုကြောင့် ပိန်လိုက်ဖောင်းလိုက် တက်လိုက်ကြွလိုက်ဖြစ်နေလေသည်။ သိပ်မကြာခင်မှာပဲ ဂီနိုဆီမှ ညည်းသံသဲ့သဲ့လေးထွက်လာလေတော့သည်..........


                                                   ****************

ယောကျာ်းလှကျွန်းသို့ ရောက်သောအခါ ဂီနိုနှင့်နီယွန် နှစ်ယောက်သား အခန်းထဲသို့ တိုက်ရိုက်ဝင်လာခဲ့ကြသည်။ ညနေမိုးချုပ်ခါနီးနေပြီဖြစ်သောကြောင့် အောက်ထပ်သို့ဆင်းကာ သူတို့အတွက် လုပ်ပေးထားသည့် အခန်းငယ်လေးထဲတွင် နှစ်ယောက်သား အတွင်းခံဘောင်းဘီလေးတွေ ကိုယ်စီဖြင့် သွားထိုင်ကြလေသည်။ ကျန်ရှိနေသည့် လူများမှာ သူတို့နှစ်ဦးကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြလေသည်။

“ဂီနို ငါအိမ်သာသွားတက်လိုက်ဦးမယ်”

“အင်း”

နီယွန်မှာ ဂီနို့ကိုပြောလိုက်ပြီးနောက် အခန်းထဲမှထွက်ကာ အိမ်သာရှိသည့် အိမ်နောက်ဖက်ထဲသို့ လျောက်သွားလေသည်။ ထို့နောက် အိမ်သာရှေ့သို့ ရောက်သောအခါ အိမ်သာတံခါးကို ဖွင့်လေ၏။ သို့သော် အိမ်သာတံခါးမှာ ရုတ်တရက် မပွင့်ပဲ ကြပ်နေလေ၏။

“ဒေါက် .........ဒေါက်..........အထဲမှာလူရှိလား”

“အထဲမှာလူရှိလား”

နှစ်ခါတိတိခေါ်ကြည့်သော်လဲ အထဲမှပြန်ထူးသံမကြားရသည့်အခါ နီယွန်မှာ ဇဝေဇဝါဖြစ်သွား ပြီးတံခါးကို ဆွဲကြည့်လေသည်။ သို့သော် တံခါးမှာ အထဲမှပိတ်ထားသည့် ဟန်ရှိသဖြင့် ဖွင့်မရဖြစ်နေ၏။ ထို့ကြောင့် နီယွန်မှာ ဆက်မဆွဲတော့ပဲ တံခါးကိုကျောခိုင်းကာ စောင့်ဆိုင်းနေလိုက်သည်။ ထိုအခိုက်...........

“ဝုန်း.......”

တံခါးမှာရုတ်တရက် ပွင့်သွားပြီး ကျောပေးရပ်နေသော နီယွန့်နောက်ကျောကို ခိုက်မိသွားလေသည်။ သူအနောက်ကို တစ်ချက်လှည့်ကြည့်လိုက်တော့ အထဲမှလူကား မိုးမြင့်ဖြစ်နေသည်။

“ခင်ဗျားတမင်လုပ်တာမိုလား”

“ဟုတ်တယ်”

“ဘာဗျ.......”

“ဟုတ်တယ်လေ နင်ကများ ငါ့ပစ္စည်းတွေကို ဆွဲလားရမ်းလားလာလုပ်နေတာ ဒီယောကျာ်းလှကျွန်းက ပစ္စည်းတွေက နင်တို့ပထွေးပိုက်စံနဲ့ ဝယ်ထားတာ တစ်ခုမှမပါဘူး ရှင်းလား”

သူရုတ်တရက်ဒေါပွသွား၏။ မိုးမြင့်မှာ တမင်သက်သက်ရန်ရှာနေမှန်းသိသာသည်။

“တောက် ခင်ဗျားဟာလေ တော်တော်ဥစ္စာခြောက်တာပဲ။ ဟင်း......ဥစ္စာတင်ဘယ်ကမလဲ လူကလဲခြောက်နေတာကိုး”

နီယွန့်စကားကြားလိုက်သောအခါ မိုးမြင့်မှာ တီကောင်ကိုဆားဖြင့်တို့လိုက်သလို မခံမရပ်နိုင်ဖြစ်သွားပြီး ဆတ်ဆတ်ခါနာသွားသည်။ ထို့နောက် ပြူးကျယ်သော မျက်လုံးများဖြင့် နီယွန့်ကို ကြည့်ပြီး ပါးကို တစ်ချက်အားဖြင့် လွှဲချလိုက်သည်။

“ဖြောင်း..................”

နီယွန်မှာ မိုးမြင့်၏ ရိုက်ချက်ကြောင့် မျက်နှာတစ်ခုလုံးပူထူသွားလေသည်။ ထို့နောက် ဒေါသထွက်ကာ မိုးမြင့်ကို ဆောင့်တွန်းချလိုက်၏။ မိုးမြင့်မှာ နီယွန်၏ တွန်းချက်ကြောင့် အနောက်သို့လန်သွားကာ အိမ်သာ တံခါးနှင့် ကပ်သွားလေသည်။ ထိုအခိုက် အိမ်ထဲမှ မိုးမြင့်လူဘုန်းမြင့်မောင်တို့အုပ်စု ထွက်လာလေသည်။ နီယွန့်နှင့်မိုးမြင့်ကို မြင်သောအခါ ကြောင်တောင်တောင်ဖြစ်သွားကြ၏။ မိုးမြင့်က စိတ်မရှည်ဟန်ဖြင့်.......

“ဘာလုပ်နေကြတာလဲခွေးသူတောင်းစားတွေ ငါကျွေးတာတွေမျိုစို့ပြီးတော့ ငါ့ကိုဒီကောင်လုပ်နေတာကို ဒီအတိုင်းကြည့်နေကြသလား”

မိုးမြင့်က အော်လိုက်သောအခါမှ နီယွန်အနားသို့ သွားကာ ဝိုင်းဖမ်းချုပ်ထားလိုက်ကြ၏။ မိုးမြင့်က ၄င်း၏ ရှုပ်ပွသွားသော ဆံပင်များကို ပြန်သပ်ကာ လဲနေရာမှ ပြန်ထလိုက်သည်။ ထို့နောက် အိမ်ရှေ့ဖက်သို့ လျောက်သွားပြီး ကောင်တာမှ ဘီယာပုလင်းတစ်လုံးကို ကိုင်ကာ ပြန်ရောက်လာသည်။ ထို့နောက် နီယွန်ရှေ့သို့ ပြန်ရောက်လာ၏။ နီယွန်ကား မိုးမြင့်ကို စူးရဲသော မျက်လုံးများဖြင့်ကြည့်နေလေသည်။

“စိတ်ချပါနီယွန် နင့်ကိုငါမသတ်ပါဘူး။ လေးငါးခြောက်ချက်လောက် ချုပ်ရရုံလေးတင်ပါ။ နင်ကနင့်ကို ကျွေးမွေးခဲ့တဲ့ သခင်ကို ပြန်ကိုက်တဲ့ခွေးမျိုးပဲ သေဖို့သာပြင်”

မိုးမြင့်မှာ ပြောလို့ဆုံးသည်နှင့် နီယွန်ခေါင်းကို ဘီယာပုလင်းဖြင့်ရိုက်ရန် အားဖြင့် ကိုင်မြောက်လိုက်လေ၏။ ထိုအခိုက်..........

“ခဏနေဦး”

အသံကြားရာသို့ ကြည့်လိုက်သောအခါ သူတို့ဆီလျောက်လာသော ဂီနို၊ အငယ်လေးနှင့် သစ္စာတို့သုံးယောက် ကိုတွေ့ရသည်။ နန်စီကာမူ ဂီနိုတို့နှင့် လိုက်မလာပဲ ကြောက်နေဟန်ဖြင့် အဝေးကနေပဲ ကျန်လူများဖြင့် ကြည့်နေလေသည်။ ဂီနိုတို့အုပ်စုကို တွေ့သောအခါ မိုးမြင့် မျက်လုံးများက ပိုမိုဒေါသ ထွက်သည့် အရိပ်အယောင်များပေါ်လာလေ၏။

“ဘာလဲ နင်တို့ဘာလာရှုပ်တာလဲ ကိုယ့်အလုပ်ကိုသွားလုပ်ကြစမ်း”

“ခင်ဗျားနီယွန့်ကို အဲ့ပုလင်းနဲ့ ရိုက်လိုက်ရင် ကျွန်တော်တို့သုံးယောက်ကလဲ ငြိမ်နေမှာမဟုတ်ဘူးနော်။ အနည်းဆုံးတော့ ဒီထဲမှာရှိတဲ့နှစ်ယောက်လောက်က ခင်ဗျားကို ပုလင်းနှစ်လုံးနဲ့ပြန်ရိုက်ကြမှာ သေချာတယ်”

အငယ်လေးစကားကိုကြားသောအခါ မိုးမြင့်က အသံဆိုးကြီးဖြင့် ဟက်ဟက်ပက်ပက်ရယ်လေသည်။

“ဟင်း......ဟင်း.......ဟင်း..........နင်တို့မရိုက်ခင် နင်တို့ကို ငါအရင်ရိုက်ပြမယ်ကြည့်နေ”

“ဟဲ့သူတို့ကိုပါ ချုပ်ထားလိုက်စမ်း”

မိုးမြင့်အမိန့်ပေးလိုက်သောအခါ ဘုန်းမြင့်မောင်နှင့်ကျန်တစ်ယောက်က ဂီနိုတို့အနားသို့ ကပ်သွား၏။ နှစ်ယေက်မှာမူ နီယွန်ကို ချုပ်ထားရသဖြင့် ထိုအနားတွင်ပင်ရပ်နေလေသည်။ ဂီနိုတို့အနားသို့ရောက်သော အခါလက်ထဲရှိ ဟော်ကီတုတ်တွေဖြင့် အသားကုန်လှိမ့်ရိုက်လေသည်။ အငယ်လေးမှာ လက်ဖြင့်ကာလိုက်သဖြင့် တံတောင်ဆစ်ကို ရိုက်မိသွားပြီး လက်ဖျံရိုးထိသွားကာ ကြမ်းပြင်ပေါ်သို့လဲကျသွားသည်။ သစ္စာလဲ ခေါင်းကို အရိုက်ခံလိုက်ရကာ နှာခေါင်းမှ သွေးများလျံတက်လာသည်။ ဂီနိုမူကား အတင်းဝင်လုံးနေသဖြင့် ဘုန်းမြင့်မောင်က ကျောကုန်းကို တုတ်ဖြင့် ထောင်းချလိုက်လေ၏။

“ကဲကွာ...... သေစမ်း”

“အွတ်............”

ထိုသုံးယောက်၏ အဖြစ်ကိုကြည့်ရင်း ကျန်ရှိနေသည့် နန်စီနှင့် အလုပ်သမားများမှာ ဒေါသထွက်ကုန်ကြသည်။ မိုးမြင့်ကမူ အောင်နိုင်သော စစ်သူကြီးလိုအပြုံးမျိုးဖြင့် ပြုံးလိုက်ရင်း နီယွန်ဖက်ကို ပြန်လှည့်သွားသည်။ တဖြေးဖြေး နီယွန်မျက်နှာနားသို့ရောက်သော အခါ စုတ်တစ်ကျွတ်ကျွတ်သပ်ရင်း လက်ကို လေထဲသို့မြှောက် လိုက်၏။ နီယွန်မှာ မိုးဖြင့်ကို ကြည့်ရင်းမျက်လုံးမှိတ်ထားလိုက်သည်။

“ကဲဟယ်........”

“စွတ်.............”

နီယွန်သူ့ခေါင်းတွေ ကြေမွသွားလောက်ပြီဟုသူထင်သည်။ သို့သော် သူ့ခေါင်းပေါ်သို့ မည်သည့် ဒဏ်ရာ ဒဏ်ချက်မျှ မကြရောက်လာသော အခါအံ့အားသင့်သွားပြီး မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်လေ၏။ မြင်လိုက်ရသည့် မြင်ကွင်းကား သူ့ကို အံသြသွားစေသည်။ မိုးမြင့်ဗိုက်တွင် ဓားတန်လန်းကြီးနှင့် ဖြစ်နေပြီး နဘေးတွင် တဆက်ဆက်တုန်ရီနေသော နန်စီ။

“နန်စီ မ.....မသာမ နင်..... နင်.......”

“ဘာလဲ ကိုယ့်အလှည့်ကျတော့ နာတတ်သလား။ ကျမလဲနာတတ်တာပဲမမရဲ့ ကျွန်မအကိုကို နှိပ်စက်ခဲ့တဲ့ မမမိုးမြင့်ကို ကျွန်မလက်စားချေချင်နေတာကြာလှပေါ့။ အခုလိုအခွင့်ရေးရတုန်းမှာ လက်စားချေခွင့်ရတာ သိပ်ကျေနပ်တာပဲသိလား။ ကျွန်မအကိုဟာ ရှင်နှိပ်စက်တာကို ခံရပြီး လူတွေရှေ့မျက်နှာမပြရဲလောက်အောင် သူ့မျက်နှာဟာ စုတ်ပြက်သက်သွားတယ်လေ အခုရှင့်အလှည့်ပဲ”

နန်စီမှာပြောပြောဆိုဆိုဖြင့် မိုးမြင့်ဗိုက်မှ တန်းလန်းဖြစ်နေသော ဓားကိုပြန်ဆွဲထုတ်ပြီး နောက်တစ်ကြိမ် ရင်ဘတ်ကို ထပ်ထိုးစိုက်လိုက်လေ၏။ ထို့နောက် ရင်ဘတ်မှ ဓားကိုပြန်ထုတ်ပြီး မိုးမြင့်ခန္ဓာကိုယ် တစ်ခုလုံးကို ရစရာမရှိအောင် ထိုးပစ်လေသည်။ မိုးမြင့် ကိုယ်ပေါ်မှ သွေးများကာ ကြမ်းပြင်ပေါ်သို့ အိုင်စီးလာပြီး မိုးမြင့်မှာ ခွေခွေလေး လဲကျသွားလေသည်။ ထိုအခိုက် ကျန်အလုပ်သမားများမှာ ဝရုန်းသုန်းကား ဝင်ရောက်လာပြီး ဘုန်းမြင့်မောင်တို့ အုပ်စုကို ဝင်ရိုက်ကြလေသည်။ ယောကျာ်းလှကျွန်းတစ်ခုလုံး အခြေအနေမှာ ရုတ်ချည်း ဆိုသလို လူသတ်ကွင်းသကဲ့သို့ဖြစ်သွားပြီး ဆူညံပွက်ကလောရိုက်သွားသည်။ နန်စီမှာမူ သေနေသော မိုးမြင့်  အလောင်းကြီးကို ဓားဖြင့်ဆက်ထိုးနေပြီး သူရူးပမာ တဟားဟားရယ်နေလေသည်။

 ဘုန်းမြင့်မောင်တို့ အုပ်စုကို မကျေမနပ်ဖြစ်လျက်ရှိသော အလုပ်သမားများမှာ အတင်းဝင်လုံးပြီး ရိုက်နှက်ကြလေရာ သူတို့လေးယောက်လုံး အလဲလဲအကွဲကွဲဖြစ်ကုန်သည်။ ထိုအခိုက် ကြမ်းပြင်ပေါ်တွင်လဲနေသော ဂီနို့ကို နီယွန်ကသွားထူပေးသည်။ ထို့အတူ ခေါင်းကိုအရိုက်ခံ လိုက်ရသော သစ္စာကိုလဲ အငယ်လေးက ထူပေးလေသည်။

“ဂီနိုရရဲ့လား......”

“အားကျွတ်စ်......ကျွတ်စ်.......ကျွတ်စ် နာလိုက်တာ ငါ့ကျောကုန်းကိုအောင့်နေတာပဲ”

“သစ္စာ ငါတို့ဒီကနေပြေးမှဖြစ်တော့မယ် ဒီမှာလူတွေသတ်ကုန်ကြပြီ။ မင်းကိုငါပိုးပြီးခေါ်မယ်”

“ငါ့ခေါင်းတွေမူးနေတယ် အငယ်လေး ဘာမှကိုမမြင်ရဘူး”

“ရတယ် မင်းကိုငါပိုးခေါ်မယ်”

နီယွန်က ဂီနို့ကိုတွဲပြီးခေါ်ကာ မတ်တပ်ရပ်လိုက်၏။ အငယ်လေးကလဲ သစ္စာကို ကျောပေါ်သို့ပိုးခေါ်လိုက်သည်။ နန်စီမှာမူ ကြောင်တောင်တောင်ဖြစ်နေပြီး အလောင်းကြီးဘေးမှ မထတော့ချေ။ ဘုန်းမြင့်မောင်တို့ အုပ်စုမှာလဲ အလုပ်သမားများ၏ လက်ချက်ကြောင့် အတုံးအရုံးလဲကုန်ကြသည်။ နီယွန်ကား ဂီနို့ကို တွဲရင်း နန်စီဖက်သို့လျောက်သွားလေသည်။ ကျန်အလုပ်သမား များနှင့် အငယ်လေးတို့ကား အပေါက်မှထွက်ကာ ပြေးကုန်ကြသည်။

“နန်စီ ပြေးရအောင်လေ ဘာလုပ်နေတာလဲ”

နန်စီက အသံကြောင့်နီယွန့်ကိုမော့ကြည့်သည်။ ထို့နောက် မျက်ရည်တွေ ကျနေသော မျက်နှာကို လက်ဖြင့်သုတ်ရင်း ခေါင်းခါပြသည်။

“နီယွန်.....တို့လူသတ်လိုက်မိပြီ။ ဟင့်.......တို့......ကြောက်တယ်”

“အချိန်ဆွဲမနေနဲ့တော့ နန်စီရဲတွေမလာခင်ပြေးရအောင်”

“ဟင့်အင်း မလိုက်တော့ဘူး။ နီယွန်တို့ပဲ လွတ်အောင်ပြေးပါ။ နန်စီဒီမှာပဲနေခဲ့မယ်။ နန်စီတို့ဘဝတွေကို အညွှန့်တုန်းအောင် လုပ်ခဲ့တဲ့ ဒီယောက်ျားလှကျွန်းကြီးကို နန်စီလက်စားချေရဦးမယ်”

“နန်စီ မင်းဘာတွေပြောနေတာလဲ။ အချိန်မရှိဘူး မြန်မြန်လာသွားရအောင်”

နီယွန်က ပြောပြောဆိုဆိုဖြင့် နန်စီလက်ကိုဆွဲထူလေသည်။ နန်စီက လာဆွဲထူသော နီယွန့်လက်ကို ခါချလိုက်ပြီ အိမ်အနောက်ဖက်ထဲသို့ ပြေးဝင်သွားလေသည်။ နီယွန်လဲဆက်မလိုက်တော့ပဲ ဂီနိုနှင့်အတူအိမ်အပြင်ဖက်သို့ ထွက်လာခဲ့သည်။ ထို့နောက် လမ်းမပေါ်သို့ရောက်သောအခါ တက္ကစီတစ်စီးကို တားပြီးကားတံခါးကို ဖွင့်ကာ ဂီနို့ကို အရင်တင်လိုက်၏။ ထို့နောက် အခြားပြတင်ပေါက်သို့ကွေ့ပြီးတက်လိုက်ကာ ကားသမားကို မောင်းခိုင်းလိုက်၏။ တက္ကစီကားလေးမှာ တဖြေးဖြေး မောင်းရင်းအရှိန်ရလာကာ လမ်းမပေါ်တွင် တရိပ်ရိပ်ပြေးနေလေသည်။

“နီယွန် ဟိုထမင်းဆိုင်ဖက်ကို မောင်းခိုင်းလိုက်”

“အင်းဟုတ်ပြီ ဂီနို”

ဂီနို့ကိုပြန်ဖြေလိုက်ရင်း ကားသမားကို မောင်းရမည့်နေရာအား အသေးစိတ်ပြောပြလိုက်သည်။ ကားသမားက သူ့ပြောသည်ကိုနားထောင်ရင်း ခေါင်းညိတ်လေသည်။ ထိုအခိုက် တက္ကစီကားရှေ့မှ မီးသတ်ကားအချို့ ဖြတ်သွားလေရာ အနောက်သို့နီယွန်လှည့်ကြည့်လိုက်မိ၏။ ယောကျာ်းလှကျွန်းတည်ရှိရာဖက်တွင် မီးခိုးငွှေ့ များတလူလူထွက်နေသည်ကို တွေ့ရသည်။ နီယွန် ထိုမီးခိုးငွှေ့များကို ကြည့်ရင်းသက်ပြင်းတစ်ချက်ချမိသည်။


                                                ***************

“အမေ သားသွားတော့မယ်.......”

ဂီနိုလက်ထဲရှိ ငွေထုတ်ထဲမှငွေတစ်ချို့ကို ယူလိုက်ပြီး ကျန်ငွေများကိုသူ့မိခင်လက်ထဲသို့ ထဲ့ပေးလိုက်သည်။ ဂီနို့မိခင်ကား မျက်ရည်စတွေဖြင့် ထိုငွေအိတ်ကိုယူလိုက်သည်။ ဂီနို့ညီမလေးနှင့်ညီလေးက ဂီနိုနှင့်နီယွန်ကို ပြူးပြူးလေးကြည့်နေလေသည်။

“ဒီငွေတွေနဲ့ တစ်နေရာကိုသွားပြီး အမေတို့ကောင်းကောင်းနေကြပါ။ သားတို့ကံမကုန်သေးရင် ပြန်ဆုံဦးမှာပါ အမေ”

“အကိုကြီး ညီမလေးတို့ကိုထားသွားတော့မှာလား”

ဂီနိုသူ့ညီမလေးကို စိတ်မကောင်းစွာကြည့်လိုက်ရင်း သက်ပြင်းချမိသည်။ ထို့နောက် သူ့ညီမလေး၏ ခေါင်းလေးကို ပွတ်သပ်လိုက်သည်။

“အခိုက်အတန့်လေးပါပဲ ညီမလေးရယ်...... အကိုကြီးမင်းတို့ကို တစ်သက်လုံး ပစ်မထားပါဘူး။ မင်းတို့ဆီကို ပြန်လာမယ်လို့ ကတိပေးပါတယ်”

“အကိုကြီးက ဘယ်သွားမလို့လဲ ဒီကအကိုကြီးနဲ့အတူတူသွားမှာလား”

“ဟုတ်တယ် အကိုကြီးတို့က အဝေးကြီးကိုသွားတော့မှာသားရဲ့။ “

“သားလဲ လိုက်ချင်တယ်”

“သားလိုက်လို့မရဘူးသားရဲ အကိုကြီးတို့သွားမဲ့နေရာက ကလေးတွေလိုက်လို့မရဘူး”

သူ့ရင်ထဲမှဆို့နင့်လာသော ဝေဒနာတို့သည့် ရင်ဘတ်မှတစ်ဆင့် တရိပ်ရိပ်တက်လာလေသည်။ သူမထိန်းနိုင်တော့ပဲ သူ့ညီလေးကိုဖက်ထားရင် ငိုမိသွားသည်။ ရင်ထဲမှ ရှိုက်သံတို့ကို အပြင်မထွက်လာအောင် ဂရုစိုက်နေရသည်။ သူ့မိခင်မှာမူ မျက်လုံးများ နီစပ်နေသည် အထိငိုကြွေးနေပြီ ဖြစ်သည်။ အနောက်မှ နီယွန်က သူ့ပုခုံးကို လာကိုင်ရင်း အသာလေးပုတ်ခတ်ပေးသည်။

“ငါတို့သွားရအောင် ဂီနို ကားထွက်ချိန်နီးနေပြီ။ ပြီးတော့ ဘဏ်မှာရှိသေးတဲ့ ငါ့ပိုက်စံတွေ သွားထုတ်ရဦးမယ်”

“အင်း သွားကြတာပေါ့”

ဂီနိုသူ့ညီလေးကို တစ်ချက် ရွှတ်ကနဲနမ်းလိုက်ကာ မတ်တပ်ရပ်လိုက်၏။ ထို့နောက် သူ့အမေနှင့် ညီမလေးကို တစ်ချက်ကြည့်ကာ ကျောခိုင်းလိုက်လေသည်။ သူ့အနောက်တွင် မည်သို့မည်ပုံဖြစ်ပြီး ကျန်ခဲ့မည်မသိသော သူ့မိသားစုကို လှည့်ကြည့်နိုင်စွမ်းအားသူ့တွင် မရှိတော့ချေ။ သူ့ရင်ထဲမှ ကြေကွဲနေသော ဝေဒနာတို့က သူ့ကို အကြီးအကျယ်ညှင်းပန်းနှိပ်စက်လျက်ရှိသည်။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ့ရင်ထဲ တစ်ဆစ်ဆစ် နာကျင်နေမိသည်။


                                                 ******************


ခရီးသည်တင်ကားတစ်စီးသည် တာလမ်းမကြီးပေါ်တွင် ပုံမှန်လေး မောင်းလျက်ရှိသည်။ ကားပေါ်ရှိ ခရီးသည်များကား ထုံးစံအတိုင်း ငိုက်မြည်းလျက် လိုက်ပါလာကြသည်။ လေတဟူးဟူးတိုက်နေသော ကားမှန်ပြတင်းပေါက်ကို နီယွန်ဆွဲစေ့လိုက်၏။ နဘေးတွင်း သူ့ပုခုံးပေါ်မှီပြီး အိပ်ပျော်နေသော နီယွန့်ကို တစ်ချက်ကြည့်ကာ ဂရုနာသက်မိသည်။ ထို့နောက် နီယွန့်လက်ကလေးကို ဆုပ်ကိုင်ထားလိုက်၏။ ကားမှာ အတော်အတန်မောင်းပြီးသော အခါအရှေ့နားတစ်နေရာတွင် တားနေသော ရဲများကြောင့် အရှိန်ကိုလျော့လိုက်လေ။ နီယွန်အရှေ့ကို ခေါင်းထောင်ပြီးကြည့်လိုက်သော အခါရဲများက ကားရှေ့ခေါင်းနားသို့ ကပ်လာပြီး ကားသမားများနှင့် တစ်စုံတစ်ခု ပြောနေဟန်ရှိသည်။ ထို့နောက် ရဲနှစ်ယောက်က ကားပေါ်သို့ တက်လာပြီး ခရီးသည်များကို တစ်ယောက်ချင်းစီ စေ့စေ့စပ်စပ် ကြည့်ကာ လျောက်လာ၏။

နီယွန်မိမိ၏ မျက်နှာကို အသာငုံ့ထားလိုက်ရင်း ငြိမ်နေလိုက်မသိသည်။ ရဲနှစ်ယောက်မှာ တဖြေးဖြေး သူတို့အနားသို့ ရောက်လာသည်။ သူ့ရှေ့ခုံကိုကြည့်ပြီး သူ့တို့အနားသို့ရောက်သောအခါ ရဲနှစ်ယောက်လုံး ရပ်တန့်သွားသည်။ ထို့နောက် သူတို့နှစ်ဦးကို သေသေချာချာကြည့်သည်။ သူစိတ်တွေ အလွန်လှုပ်ရှားလျက် ရှိသည်။ ဘုရား......ဘုရား သူတို့အဖမ်းခံရတော့မည်လား။

ရဲနှစ်ယောက်မှာ ကြည့်ပြီးသွားသောအခါ ဘာမှမပြောတော့ပဲ အနောက်ခုံများကို ကျော်တက်သွားသည်။ ထိုအခါကျမှ သူသက်ပြင်းချနိုင်တော့သည်။ ဂီနိုကမူ ဘာမှမသိပဲ အေးအေးဆေးဆေးပင် အိပ်ပျော်လျက်ရှိသည်။ ရဲများက စစ်ဆေးပြီးသွားသောအခါ ကားပေါ်မှ ပြန်ဆင်းသွားကြပြီး ကားကို ထွက်ခွာ ခွင့်ပြုလိုက်သည်။ ခရီးသည်တင်ကားကြီးသည် ဝူးကနဲမောင်းထွက်သွားရင်း ဖြောင့်ဖြူးနေသော လမ်းမကြီးပေါ်သို့ တရိပ်ရိပ် ခရီးနှင်သွားသည်။ ဤသို့ဖြင့် မြင်ကွင်းအဝေးသို့ ရောက်သွားသော အခါ မှုံဝါးရင်း တဖြေးဖြေးပျောက်ကွယ်သွားလေတော့သည်။


ဤသို့ဖြင့် ကျွန်ုပ် Lovealone ကိုယ်တိုင်ရေးသားသော “ယောကျာ်းလှကျွန်း” ဆိုသည့် ဝတ္ထု ဇာတ်လမ်းကြီး သည်ဤနေရာတွင် ပြီးဆုံးသွားပြီဖြစ်ပါကြောင်း...........

                                                                              ဖတ်ရှုအားပေးမှုကို ကျေးဇူးတင်ပါသည်
                                                                                              Lovealone
                                                                                     boytheboy.sept@gmail.com


0 comments:

Post a Comment