This is the best gay website for Myanmar gay peoples.

Sunday, March 10, 2013

On 5:44 AM by Unknown in    5 comments





အဝေးမှ ညငှက်တို့၏ အော်မြည်သံက သူ့နားထဲခပ်သဲ့သဲ့လေး ကြားနေရသည်။ နဖူးမှ စီးကျနေသော ချွေးစက်တို့က ညချမ်းလေးနှင့် မလိုက်ဖက်လှပါ။ သူအသက်တို့ကိုမှန်မှန်ရှူရင်း မောဟိုက်နွမ်းလျ လျက်ရှိ၏။ သူ့တစ်ကိုယ်လုံး ရိုက်ချိုးထားသလို အားအင်တို့ ချိနဲ့နေ၏။ ကိုယ်တွေလက်တွေနာကျင်ကာ မိမိကိုယ်ကိုပင် ထိန်းထားနိုင်စွမ်းမရှိတော့ချေ။ မှီထားသည့် ထောင်နံရံကြီးကား အေးစက်နေ၏။ သူ့မျက်စိတွေကို မှိတ်ထားမိသည်။ သူ့ရင်ဘတ်မှ တဒုတ်ဒုတ်နှင့်ခုန်နေသည့် နှလုံးခုန်သံကိုပင် ကြားနေရသည်။

“အား...................ကျွတ်စ်......ကျွတ်စ်.......”

စအိုဝမှ နာကျင်မှုဝေဒနာက ရုတ်တရက် စပ်ဖျဉ်းဖျဉ်းဖြစ်လာသဖြင့် သူ့လှဲထားသည့် ခြေထောက်တစ်ယောက်ကို တစ်ဖက်စောင်းပြန်ထောင်လိုက်မိ၏။ စအိုဝမှ ဒဏ်ရာကြောင့် ကောင်းကောင်းပင်မထိုင်နိုင်ပဲ တစ်ဆစ်ဆစ်နာကျင်နေလေ၏။ ဝေဒနာတွေကို ကျိတ်မှိတ်ခံစားရင်း သူ့ပါးပြင်မှ ပူနွေးနေသည့် မျက်ရည်စတစ်ချို့ကို လက်ခုံဖြင့်သုတ်လိုက်သည်။ သူ့ကိုလူမဆန်စွာ ညှင်းပန်းနှိပ်စက်ပြီး မုဒိမ်းကျင့်လိုက်သည့် ထောင်ထဲမှ လူထွားသုံးကောင်မှာမူ အာသာဝသီပြေပျောက်သွားပြီ ဖြစ်သဖြင့် တခေါခေါဖြင့် အိပ်မောကျနေချေပြီ။ သည်ပုံစံအတိုင်းသာ သည်ထောင်ထဲမှာ ဆက်နေရမည်ဆိုလျှင် ကြာလျှင် သူအသက်ထွက်သွားနိုင်သည်။ ထောင်ထဲက အမြန်လွတ်အောင် ဘယ်လိုလုပ်ရပါ့...............


                                                           **************

“မူးယစ်ဆေးဝါးတွေကိုမိတာတော့ ဟုတ်တယ် ဒါပေမယ့် အဲ့ဒီမူးယစ်ဆေးဝါးမှုမှာ တရားခံရှာရခက်နေတယ်”


“ဆေးတွေကိုလဲစစ်ကြည့်ပြီးပြီ ဒီမှာဖမ်းမိတဲ့လူတွေရဲ့ လက်ဗွေရာတစ်ခုမှမရှိဘူးဖြစ်နေတယ်”

“ဖြစ်နိုင်ချေရှိတာကတော့ ဆီးစစ်လိုက်တာ မအောင်တဲ့တရုတ်ဘိန်းစား လောကွဲ၊ အားလီယို၊ အားစိန်း ဒီသုံးကောင်ထဲကတစ်ကောင်ကောင်ဖြစ်နိုင်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ဆီးထဲမှာ မူးယစ်ဆေးဝါးသုံးစွဲထားတဲ့ လက္ခဏာတွေ အများကြီးတွေ့ရတယ် ဖြောင့်ချက်ပေးခိုင်းလိုက်ရမလား”

တစ်ယောက်တစ်ပေါက်ပြောနေသည့် အမှုစစ်အရာရှိများကို ကြည့်ရင်း စခန်းမှုးလုပ်သူက သက်ပြင်း တစ်ချက်ချ လေ၏။ ထို့နောက် စားပွဲပေါ်မှ အရက်ပုလင်းကို ဖန်ခွက်ထဲသို့ တစ်ချက်ငှဲ့လိုက်ပြီး မော့ချလိုက်သည်။ နဘေးရှိ အမြည်းပန်းကန်ထဲမှ သံပုရာသီးတစ်စိတ်ကို ကောက်ဝါးလိုက်သည်။ နဂိုကမှ ရှုံ့တွနေသည့် မျက်နှာက သံပုရာသီးကို ကိုက်လိုက်သောအခါ ဘီလူးနဲ့နင်လားငါလားဖြစ်သွားလေ၏။ ပြီးနောက် ၄င်းက စီးကရက်တစ်လိပ်ကို ဟန်ပါပါဖွာလိုက်သေးသည်။

“မင်းတို့တွေ တော်တော်အသုံးမကျတာပဲ။ အခုအမှုမှာ ငါတို့ ပစ္စည်းတွေကော လူတွေကောမိတယ်။ ဒါပေမယ့် တရားခံကို မင်းတို့ တိတိကျကျမဖော်ထုတ်နိုင်ဘူး။ အရင်တုန်းက ဓားပြမှုတွေ ခိုးမှုတွေ မုဒိမ်းမှုတွေ ဖြစ်သမျှ မင်းတို့ တစ်ခုမှ မဖော်ထုတ်နိုင်ဘူး ဒါကြောင့် မင်းတို့ဟာ ဖွတ်တွေပဲ ......ဖွတ်တောင် ရိုးရိုးဖွတ်မဟုတ်ဘူး ဖွတ်ကျားတွေ.....သောက်သုံးကိုမကျဘူး”

“ထွီ.........................”

စခန်းမှုးလုပ်သူက ၄င်း၏ပါးစပ်ထဲမှ သံပုရာသီးခွံကို ထွေးထုတ်လိုက်ပြီး ဟန်ပါပါဖြင့် ကြိမ်းမောင်းလိုက်ရာ အနားတွင်ထိုင်နေသော အမှုစစ်ရဲများက ကြောက်လန့်ကာ မျက်နှာလေးတွေ ငယ်ကုန်ကြသည်။ အရှေ့ဆုံး တည့်တည့်တွင်ထိုင်နေသည့် ရဲက မျက်နှာလိုမျက်နှာရလုပ်ကာ စခန်းမှုးသောက်မည့်အရက်ခွက်ထဲသို့ အရက်များငှဲ့ပေးလေသည်။ စခန်းမှုမျက်နှာကား တလောကလုံးက သူ့လုပ်စာ ထိုင်စားနေသည့် မျက်နှာမျိုးဖြင့် မာတင်းလျက်ရှိ၏။

“ဒါပေမယ့် ဆရာရယ် အဲ့ဒီဘိန်းစားသုံးကောင်ကို ဖြောင့်ချက်ပေးခိုင်းလိုက်ရင် ရပါတယ်။ ဒီကောင်တွေ ဝန်မခံပဲ မနေရဲပါဘူး နာရင်းကို နှစ်ချက်သုံးချက်လောက် ပိတ်ရိုက်လိုက်ရင် အဆင်ပြေပါတယ် အာစရိ”

စခန်းမှုးမျက်နှာက အနည်းငယ်တွေဝေသွားဟန်ရှိလေသည်။ ထိုစဉ် အပြင်ဖက်မှ တံခါးခေါက်သံ တစ်ခု ထွက်ပေါ်လာ၏။

“ဒေါက်.......ဒေါက်.........ဒေါက်...........”

ထိုအခါ စခန်းမှုးအနားရှိ ရဲတစ်ဦးမှ ထ၍ တံခါးသွာဖွင့်ပေးလေသည်။ တံခါးဖွင့်လိုက်သော အခါ အပေါက်ဝတွင် လူငယ်တစ်ဦးနှင့် မိန်းမလျာတစ်ဦး ရပ်နေသည်ကိုတွေ့ရသည်။

“ကျွန်မ နာမည် စီစီလို့ခေါ်ပါတယ်ရှင်။ ဟောဒါကတော့ ကျွန်မမောင်လေးပါ ဒါစခန်းမှုး အိမ်လာမသိဘူးရှင့်”

“ဟုတ်ပါတယ် အထဲဝင်ပါ”

ထိုရဲမှ ဧည့်သည်နှစ်ဦးကို အခန်းတွင်းသို့ ဝင်လိုက်စေသည်။ ထို့နောက် စခန်းမှုရှေ့သို့ ခေါ်ဆောင်သွားလေ၏။

“ဆရာ ဒီမှာ ဆရာ့ကိုလာရှာတဲ့ ဧည့်သည်နှစ်ယောက်ပါ”

“အေးဟုတ်ပြီ မင်းတို့သုံးယောက် အပြင်ခဏထွက်နေလိုက်”

အိမ်ထဲမှ ရဲသုံးယောက်ထွက်သွားသော အခါ စီစီနှင့် နီယွန်က စခန်းမှုးရှေ့တွင် ဝင်ထိုင်ကြလေသည်။ စီစီက ၄င်း၏ ကြီးမားလှသော ရင်သားကြီးကို ကော့ကာ ကျော့ကျော့မော့မော့ ဖြင့်ခပ်တည်တည်ထိုင်လေ၏။  နီယွန်ကတော့ ဘာမှမပြောပဲ စီစီဘာပြောမလဲသာ စောင့်နေမိသည်။ တော်သေးသည် ဂီနို့ကိစ္စ စီစီရှိနေလို့ပေပေါ့။ သို့မဟုတ်ပါက သူလဲဘာလုပ်လို့ဘာကိုင်ရမှန်းသိမည်မဟုတ်တော့။ ဂီနိုပျောက်နေတာ လိုက်ရှာနေသူထဲတွင် သူတင်မကပဲ  စီစီလဲပါနေသေးသည်ကိုး။ အခုမှ ဂီနို စီစီနှင့်ပက်သက်ခဲ့သည်ကို ကြံဖန်ပြီး ကျေးဇူးတင်နေမိ၏။ သူသက်ပြင်းလေး တစ်ခု တိုးတိုးလေး ခိုးချမိ၏။

“ဒီလိုပါဆရာ ကျွန်မမောင်လေးတစ်ယောက် စားသောက်ဆိုင်ကို ဖမ်းတဲ့အမှုထဲမှာ ဘုမသိဘမသိနဲ့ ပါသွားလို့ပါ။ တကယ်တော့ ကျွန်မမောင်လေးက လူရိုးလူအေးလေးပါဆရာရယ် အခုဆိုရင် သူအချုပ်ထဲမှ နေလို့ထိုင်လို့မှ အဆင်ပြေရဲ့လားမသိပါဘူးရှင်။ ကျွန်မလေ သူပျောက်နေလို့လိုက်ရှာနေတာ တော်တော်ကြာပါပြီ။ ကျွန်မကို ဘယ်သူမှ အကြောင်းကြားမဲ့သူလဲမရှိဘူးလေ”

“ဟုတ်လား ကျွန်တော်ဖမ်းလာတဲ့သူတွေအားလုံးကို သက်ဆိုင်ရာ မိသားစုပက်သက်ရာပက်သက်ကြောင်းတွေကို စာပို့ခိုင်းထားပါတယ် ။ ခိုင်းထားတဲ့လူကပဲ မလုပ်တာလားတော့ မသိဘူးဗျာ”

“ဟုတ်ကဲ့ပါဆရာ အဲ့ဒါကျွန်မက ကျွန်မမောင်လေးကို အာမခံလာထုတ်တာပါ။ နောက်နောင်ကို ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရဘူးလို့ ဝန်ခံကတိထိုးဆိုလဲရပါတယ်ဆရာ။ စခန်းကို လိုက်သွားတာ ဆရာမရှိဘူးဆိုလို့ အိမ်ထိလိုက်လာတာပါဆရာ............”

စီစီစကားဆုံးသောအခါ စခန်းမှုးမျက်နှာက ခပ်တည်တည်ကြီးပြန်ဖြစ်သွားသည်။ ထို့နောက် စားပွဲပေါ်ရှိ မီးသေနေသည့် ဆေးလိပ်ကို မီးပြန်ညှိကာ တစ်ဖွာဖွာလိုက်၏။

“ဒါကတော့ဗျာ မင်္သကာစရာမတွေ့ရင် ကျွန်တော်တို့ဖက်က ပြန်လွှတ်ပေးမှာပါ။ အခုဟာက ခဏထိန်းသိမ်းထားတဲ့သဘောပါ ယာယီလေးပါပဲ ..........အခိုက်အတန့်လေးပါပဲ ဟဲ...........”

“ဟုတ်ကဲ့ပါဆရာ ဆရာ့ကိုအားကိုးပါတယ်နော်။ ကျွန်မက မြို့ထဲမှ သမာအာဇီဝနည်းနဲ့ အလှပြင်ဆိုင် ဖွင့်ထားတာပါ ကျွန်မမောင်လေးကို ကျွန်မ အာမခံပါတယ်....................ပြီးတော့............... ဒါလေးက ဆရာနဲ့ ကျွန်မတို့ရဲ့ နားလည်မှုလေးပေါ့နော်............”

စီစီက ပြောပြောဆိုဆိုဖြင့် ၄င်း၏ပိုက်စံအိတ်ထဲမှ ငွေစက္ကူအထပ်လိုက်ကို ကိုင်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် စခန်းမှုး၏ရှေ့တည့်တည့်သို့ တွန်းရွှေ့ပေးလိုက်၏။ စခန်းမှုးမျက်နှာက ဝင်းလက်တောက်ပသွားပြီး အနည်းငယ်ပြုံးလာလေသည်။


                                                          **************

“အိုး............ငါတို့ဒီလောက်ဆင်းရဲတာတောင် ဒီထမင်းတွေကို ငါမစားနိုင်ပါလား ဆိုးလိုက်တာနော်.........”

ဂီနိုသူ့ရှေ့မှ ထမင်းပန်းကန်ကြီးကို ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြစ်နေမိတာ အမှန်ပင်။ အခြားသူများကို လှည့်ကြည့်လိုက်တော့ ကိုယ်စီကိုယ်စီ ထမင်းစားနေကြသည်။ သူတစ်ယောက်ထဲသာ မစားနိုင်မသောက်နိုင်ဖြစ် နေ၏။ ယောကျာ်းလှကျွန်းကို ရောက်ပြီး အစားကောင်းအသောက်ကောင်းတွေ စားကာ ပါးစပ်က အကျင့်ပါသွားသည်ထင်သည်။ ထိုစဉ်.....

“ဂီနို ထွက်လို့ရပြီ...................ထွက်ပါ”

အပြင်ဖက်မှ ရဲသားတစ်ဦးက သူ့နာမည်ကိုခေါ်လိုက်ကာ ထောင်ခန်းတံခါးကို လာဖွင့်ပေးလေ၏။ သူရုတ်တရက် အံသြဝမ်းသာဖြစ်သွားကာ သူ့နားကိုယ်ပင်သူမယုံ နိုင်လောက်အောင် ဖြစ်သွား၏။ လက်ထဲရှိ ထမင်းပန်းကန်ကြီးကို ကြမ်းပြင်ပေါ်တွင် ပြန်ချခဲ့ကာ အပေါက်မှ သူထွက်လာခဲ့သည်။ ထို့နောက် ရဲသားခေါ်သည့် အတိုင်းအနောက်မှ လိုက်ခဲ့ကာ ခြံစည်ရိုးရှိ ဂိတ်ပေါက်ကို ဖြတ်သန်းခဲ့ပြီး အပြင်ဖက်သို့ ရောက်ရှိလာသည်။ အပြင်ဖက်သို့ ရောက်သောအခါ သူ့ကိုလိုက်ပို့သည့် ရဲကအထဲသို့ ပြန်ဝင်သွားသည်။ ပြင်ပလောက မှတိုက်ခတ်လာသည့် လေတွေကို တဝကြီးရှူလိုက်ရင်း မွန်းကြပ်နေသည့် သူ့စိတ်တွေကို ဖြန့်ကျက်လိုက်၏။ သူ့ရှေ့တည့်တည့်တွင် သူ့ကို လာကြိုနေသော လူနှစ်ဦးကို မြင်သောအခါ သူ့မျက်လုံးတွေ ပြူးကျယ်သွားသည်။

“ဟင်............နီယွန်...............မကြီးစီ.............”

နီယွန်ကိုမြင်တော့ သူ့မျက်နှာ ရှိန်းကနဲ ဖြစ်သွားမိသည်။ နီယွန်ကတော့ သူ့ကို စိုးရိမ်နေသည့် မျက်နှာထားဖြင့် အနားသို့ တဖြေးဖြေးကပ်လာသည်။ သူဘာလုပ်ရမည်လဲ သူ့ကိုသူမသိတော့ပါ။ နီယွန့်ကို စကားပြောသင့်လား မပြောသင့်လား စဉ်းစားရခက်နေသည်။ သူ့ရင်ထဲတွင် လှိုက်နွေးနေကာ တုန်ရီလျှက်ရှိသည်။ ချက်ချင်းဆိုသလို သူ့ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲလာ၏။

“ဂီနို မင်းအဆင်ပြေရဲ့လား။ မင်းဒုက္ခရောက်နေတဲ့အချိန်မှာ မင်းဘေးနားမှာ ရှိမနေတာ ငါ့ကိုခွင့်လွှတ်ပါကွာနော်...ပြီးတော.......”

နီယွန်က တစ်ခုခုကို ဆက်ပြောမည် ပြင်နေစဉ် သူ့ထိန်းချုပ်နိုင်စွမ်းမရှိတော့ပဲ နီယွန်ကိုဖက်ထားလိုက်မိသည်။ သူ့မျက်လုံးက မျက်ရည်ဥလေးတွေသည် ပါးပြင်မှ တစ်ဆင့်နီယွန့်ပုခုံးပေါ်သို့ ကျဆင်းသွားသည်။ သူဘယ်လောက်ပဲ နီယွန့်ကို မကျေနပ်ခဲ့သည်ဖြစ်စေ ယခုတွင်တော့ သူ့မှာ တောင်းတင်းထားနိုင်စွမ်းမရှိတော့ပါ။ နီယွန့်ကို မြင်ကတည်း ထွေးဖက်ထားချင်စိတ်တွေ တဖွားဖွားပေါ်လာခဲ့သည်မှာ သူ့ကိုယ်သူပင် အံ့သြမိသည်။ ထို့အပြင် အလိုလို လိမ့်ဆင်းလာသော မျက်ရည်တွေကလည်း သူနှင့် နီယွန့်ကြားက သံယောဇဉ်ကြိုးတွေလားမသိပါ။ နီယွန်က သူ့ခါးကို အသာလေး အလိုက်သင့် ပြန်ဖက်လေ၏။

“မပြောပါနဲ့တော့နီယွန်ရာ ငါ့ကိုအခုလိုလာကယ်တဲ့မင်းတို့ကို ငါအရမ်းကျေးဇူးတင်ပါတယ်။ အရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ မင်းကိုငါခွင့်လွှတ်ပါတယ်။ ပြီးတော့လေ...........နီယွန်”

နီယွန်က သူ့ကိုလူချင်းခွာလိုက်ပြီး သူ့မျက်နှာကို တည့်တည့်ကြည့်လေသည်။

“ပြီးတော့ ဘာဖြစ်လဲ ဂီနို......”

“ငါ................ငါလေ...........ငါမင်းကို အရမ်းလွမ်းတယ်........”

နီယွန်က သူ့စကားဆုံးတော့ ပြုံးရုံလေးသည်ပြုံးသည်။

“မင်းငါ့ကို စိတ်ခုနေသေးတာလား နီယွန်။ ငါ့ကိုခွင့်လွှတ်ပါကွာ တကယ်ဆိုရင် ငါလဲ ရှေ့နောက်မစဉ်းစားပဲ စိတ်လိုက်မာန်ပါလုပ်ခဲ့မိတယ်”

“ငတုံးလေး ဘယ်သူက ကိုယ်ချစ်တဲ့သူကို ခွင့်မလွှတ်နိုင်ရမှာလဲ ဟားဟား”

ပျော်လိုက်တာ နီယွန်ရာ ငါမင်းကိုကျေးဇူးတင်ပါတယ်ကွာ။ ငါအားငယ်နေတဲ့အချိန် ငါဒုက္ခရောက်နေတဲ့ အချိန်တွေမှာ မင်းနဲ့ဝေးနေရတော့ မင်းက ငါ့အတွက် ဘယ်လောက်အရေးပါလဲဆိုတာ ငါပိုသိလာတယ်။

“အဟင်း........ဟင်းဟင်း.......ဂီနို ပိန်သွားလိုက်တာနော်။ ပြီးတော့ မှုတ်ဆိတ်မွှေးတွေ နှုတ်ခမ်းမွှေးတွေနဲ့ ညှင်းသိုးသိုးကြီးဖြစ်နေတယ်။”

အနားမှ အခြားအသံတစ်ခုထွက်လာမှ စီစီရှိနေမှန်း သူပြန်သတိရသွားသည်။ ထို့နောက် ရှက်ကိုးရှက်ကန်းဖြင့် နီယွန့်ကိုဖက်ထားသည့် လက်ကို  ပြန်ရုပ်သိမ်းလိုက်၏။

“ထောင်ထဲ အပို့ခံထားရတာပဲဗျာ ဒီလောက်တော့ရှိမှာပေါ့”

“ဂီနို မင်းစီစီကို ကျေးဇူးတင်ရမှာကွ သူ့ကယ်လို့ မင်းကိုငါတို့ အပြင်ထုတ်နိုင်တာ သူကမင်းရဲကျေးဇူးရှင်ပဲ “

“ဟုတ်လားမကြီးစီ”

“သြော် ဒါလေးကူညီတာ ဘာမှအပန်းမကြီးပါဘူးကွယ်။ ဒီကိစ္စမျိုးက ရေလေးနည်းနည်းထိုးလိုက်ရင် ရပါတယ်။ သူတို့တရားခံရှာ မရသေးဘူးဆိုတာ မမသိတယ်လေ။ မမမှာ အပေါဆုံးက ရေတွေပဲကွယ့် ဟိဟိ”

“ကျေးဇူးတင်ပါတယ် မကြီးစီ”

“ရပါတယ် ဂီနိုရယ်။ ဟိုဒေါ်ငွေခင် မိုးမြင့်ကိုတော့လေ ငါသောက်ရမ်းချဉ်တယ်။ အဲ့ဟာမက သောက်လုံးထဲမှာ ငွေပဲမြင်တာ။ ဘာမှ သောက်မှန်းကန်းလန်း နားလည်တာမဟုတ်ဘူး။ အဲ့ဟာမမျက်နှာကို သောက်%$#*(@!#~ နဲ့ကို%$#*(@!#~  ချင်တာသိလား”

စီစီပါးစပ်က ပွစိပွစိ ဆဲရေးတိုင်းထွာသံများကြောင့် သူနှင့်နီယွန် သွားပေါ်အောင် ပြုံးမိလိုက်ကြသည်။ ထို့နောက် သူတို့ အိမ်ပြန်လာခဲ့ကြသည်။


                                                          **************


တာလမ်းမကြီးပေါ်တွင် ကားတစ်စီးဖြတ်မောင်းသွားလေသည်။ နဘေးရှိ အကင်ဆိုင်လေးမှ ကာထားသည့် မိုးကာစများက လေထဲတွင် လူးကာလွန့်ကာဖြစ်သွားသည်။ ဆိုင်ပေါက်ဝရှိ အကင်ဖိုမှ မီးခိုးများသည်လည်း အနီးနားတဝိုက်တွင် ပျံ့လွန့်လျက်ရှိသည်။ အကင်ရောင်းသည့် အဒေါ်ကြီးသည် ယပ်တောင် တစ်ချောင်းကို ကိုင်ကာ အကင်ဖိုပေါ်ရှိ အသားကင်များကို အားရပါးရခပ်နေလေသည်။ ထို့နောက် အထက်အောက် လှန်ကာ ကင်ရင်း ယပ်ကိုခပ်၏။ အတန်ငယ်ကြာသော အခါ ကျက်သွားဟန်ရှိသော အသားကင်များကို ဖိုပေါ်မှ ယူကာ ပန်းကန်ထဲသို့ ကပ်ကြေးဖြင့် ညှပ်ထည့်လေသည်။ ထို့နောက် အနားရှိ အချဉ်ရည်ပုံးထဲမှ အချဉ်ရည်တွေကို တူပန်းကန်လုံးထဲသို့ ခပ်ထည့်ကာ အကင်ပန်းကန်နှင့် အတူယူကာ အမိုးအောက်ရှိ စားသောက်နေသော လူများထံယူသွားသည်။ စားပွဲသုံးလေးပွဲခန့်ကျော်သွားပြီးနောက် နီယွန်နှင့် ဂီနိုရှိရာသို့ အကင်များချပေးကာ အနားမှပြန်ထွက်သွားကာ အကင်စိမ်းများတင်သည့် စားပွဲအောက်မှ ရေခဲငါများထည့်လေ့ရှိသည့် ဖော့သေတ္တာထဲရှိ ရေခဲစိမ်ဘီယာနှစ်လုံးကို ထုတ်ကာယူပြီး ဂီနိုတို့ဝိုင်းကို လာချပေးပြန်၏။

“ကျေးဇူးပါ......”

“ရပါတယ် ဖြေးဖြေးသုံးဆောင်ကြပါ.....”

“သြော် အန်တီ ခွက်ကလေးနှစ်လုံးလောက်ပေးပါဦး.....ဟို ပြီးတော့ ဘီယာဖောက်တဲ့ ဖောက်တံကောပေးပါ”

“သြော် ဟုတ်သားပဲ ရမယ်...........ရမယ်”

ဂီနိုက ခွက်နှင့်ဖောက်တံတောင်းနေသဖြင့် အကင်ရောင်းသည့် အမျိုးသမီးကြီးသည် အရှေ့သို့ ပြန်သွားကာ ဖောက်တံနှင့် ခွက်နှစ်လုံးကို ယူလာပြီး လာချပေးပြန်သည်။ ထို့နောက် သူ့နေရာသူ ပြန်သွားသည်။

“စားနော် ဂီနို မြေအိုးနှစ်ပွဲ ကျန်သေးတယ်။ ပြီးတော့ ကြက်သွန်မြိတ်ကင်ရယ် ရုန်းပဒေသီးကင်ရယ် အသီးအရွက်ကင်တွေကျန်သေးတယ်”

နီယွန်က သူ့ရှေ့ရှိဘီယာပုလင်းကို ဖောက်ကာ ဖန်ခွက်ထဲသို့ငှဲ့လိုက်သည်။ ထို့နောက် ဂီနို့ရှေ့သို့ တစ်ခွက်ချပေးသည်။ ဘီယာမှာရေခဲစိမ်ထားသောကြောင့် သောက်ချင်စဖွယ် အမြုပ်လေးတွေ အပေါ်သို့ လှိုင်တက်လျက်ရှိသည်။ အကင်ပန်းကန်ထဲတွင် အကင်များကို ရောပြီးထည့်ထားသည်။ အသားကင်နှင့် ကြက်ခြေထောက်ကင်များကို ညှပ်ကာထည့်ထား၏။ နီယွန်က အသားကင်တစ်ခုကို တူနှင့်ညှပ်ကာ အချဉ်ရည်ဖြင့် တို့ပြီး စားလိုက်သည်။ ထို့နောက် ဘီယာခွက်ကို မြှောက်လိုက်၏။

“လာဂီနို ခွက်ချင်းတိုက်ရအောင် မင်းလွတ်လာတဲ့အနေနဲ့ အောင်ပွဲခံကျတာပေါ့ကွာ”

ဂီနိုက ဘာမှမပြောပဲ ပြုံးရုံသာပြုံးကာ နီယွန်နှင့် ခွက်ချင်းတိုက်လိုက်လေ၏။ ထို့နောက် တစ်ခွက်လုံးကုန်အောင် မော့ချလိုက်၏။

“ညကအေးအေးလေး ဘီယာကမွှေးမွှေး ချိုချိုလေး တယ်အရသာရှိပါလား .....”

“ဒါပေါ့ဂီနိုရ ဟဲဟဲ ဒီညတော့ မင်းအမူးသောက်ရမယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ မင်းဘဝမှာ ဒီနေ့က အပျော်ဆုံးနေ့တစ်နေ့ထဲမှာ ပါနေလို့ပဲ”

ဂီနိုက နီယွန့်ကို မျက်မှောင်ကျုတ်ပြီး တစ်ချက်ကြည့်သည်။

“ဘာဆိုင်လို့လဲ”

“သြော် ဒါကဒီလိုရှိတယ်လေကွာ လောကမှာ အပျော်ဆုံးနေ့သုံးနေ့ရှိတယ်တဲ့ ဆယ်တန်းအောင်တဲ့နေ့ရယ် မင်္ဂလာဆောင်တဲ့နေ့ရယ် ထောင်ကထွက်တဲ့နေ့ရယ်တဲ့”

“ဟေ့ကောင် မင်းပြောပုံကြီးက ငါကပဲ အခုမှ ထောင်ကထွက်လာတဲ့ပုံကြီး”

“ဘာထူးလို့လဲကွာ မင်းကလဲ မင်းလဲထောင်နှုတ်ခမ်းဝက လွတ်လာတာပဲကို”

“သေစမ်း...........”

“ဟား............ဟား...............”

နီယွန်က ဂီနို့ကိုကြည့်ကာ အားရပါးရရယ်လေသည်။ ထိုစဉ်အနားသို့ ဆိုင်ရှင် အဒေါ်ကြီးက မြေအိုးခေါက်ဆွဲ နှစ်ပွဲနှင့် ကျန်ရှိနေသည့်အကင်များ လာချပေးနေသဖြင့် စကားခဏပြက်သွားသည်။ ဆိုင်ရှင်အဒေါ်ကြီးပြန်သွား သောအခါ ဂီနိုက စကားစသည်။

“ငါပျောက်နေတာ မိုးမြင့်က ဘာမှမပြောဘူးလား နီယွန်”

“ဘယ်ပြောကောင်းမလဲကွာ ပြောတာပေါ့။ မင်းထောင်ထဲရောက်သွားတာလဲသိရော ကယ်ဖို့ကိုမသိချင်ယောင် ဆောင်နေတယ်။ အငယ်လေးကို လွှတ်ပြီး မင်းဆီက ဟိုငွေအိတ်ကို ရှာခိုင်းနေတယ်ကွ............ဒါနဲ့........ ဂီနို ငါမေးရဦးမယ်”

“အင်းမေးလေ.....”

နီယွန်က ပတ်ဝန်းကျင်ကို အခြေအနေအကဲခတ်ပြီး လက်ထဲမှ တူကို စားပွဲပေါ်သို့ချကာ ဂီနို့အနားသို့ မျက်နှာချင်းဆိုင် ကပ်သွားလေ၏။ ထို့နောက် လေသံတိုးတိုးလေးဖြင့်.........

“မင်း အဲ့ဒီငွေအိတ်က တကယ်ပဲပျောက်သွားတာလား”

“မပျောက်ဘူး နီယွန် ငါအဲ့ဆိုင်နားက သဲပုံထဲမှာ ဖွတ်ထားခဲ့တယ် ဘယ်သူမှမမြင်ဘူး”

“ဟင်.......ဟုတ်တယ်.”

“ရှူး................. တိုး...........တိုး............”

နီယွန်က မျက်နှာပိုးသပ်ကာ ကိုယ်ကိုခပ်မတ်မတ်လေး ပြန်ထိုင်လိုက်၏။ ထို့နောက် အငွှေ့တွေ တထောင်းထောင်း ထနေသည့် မြေအိုးခေါက်ဆွဲတွေကို တူဖြင့်ညှပ်ကာ ပါးစပ်ထဲသို့ ပလုတ်ပလောင်း စားလေသည်။ ထို့နောက် နှာခေါင်းကို တစ်ချက်ရှုံ့လိုက်ပြီး ဘီယာကို တကျိုက်မော့လိုက်သေး၏။

“ငွေတွေက မနည်းဘူးကွ။ မိုးမြင့်ရှာမယ်ဆိုလဲ ရှာချင်စရာပဲ။ ပြီးမှပဲသွားပြန်ပေးရမယ်”

“အဟွတ်...........အဟွတ်..........ဟွတ်”

ဂီနို့စကားဆုံးတော့ နီယွန်က ပါးစပ်ထဲမှ အစာတွေ သီးကုန်သည်။ ဂီနိုက သူ့ရှေ့ရှိ ဘီယာခွက်ကြီးကို မကာ တိုက်လိုက်၏။ နီယွန်လဲ တွေ့ကရာကို ကောက်သောက်ချလိုက်သည်။

“ဖြေးဖြေးစားပါကွာ မင်းဟာဘယ်သူမှလုမစားပါဘူး။ “

“စကားပြောချင်ဇောအားကြီးသွားလို့ပါ။ ဂီနို မင်းထက်တုန်းတဲ့ကောင်တောင် မင်းလောက်တုန်းမှာမဟုတ်ဘူး သိလား”

“ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမှာလဲ အဲ့ဒီငွေတွေက အခုမင်းလက်ထဲမှာလေ။ မိုးမြင့်ကလဲ မင်းဆီမှာရှိနေတယ်လို့ပဲ မင်္သကာဖြစ်တာ မင်းဆီမှာရှိနေတယ်လို့ သူကတပ်အပ်သိတာမှမဟုတ်တာ။ ဒီမှာ ဟေ့ကောင် အဲ့ငွေတွေ ပြန်ပေးစရာမလိုဘူး အဲ့ဒါမင်းနဲ့ထိုက်လို့ရတယ်လို့မှတ်လိုက်။ “

“ဟာ.....ကောင်းပါ့မလားကွာ တော်ကြာ ငါယူမှန်းသိသွားလို့ ပြဿနာတတ်နေဦးမယ် “

“တက်ခါမှတက်ရော ဂီနို လုံးဝပြန်မပေးနဲ့။ ဒီကိစ္စကို မင်းနဲ့ငါပဲသိသေးတယ် မင်းနှုတ်လုံရင် ကိစ္စက ပြီးနေပြီ။ မိုးမြင့်ကို စာရင်းထဲထည့်မတွက်နဲ့တော့ ငါသူ့ကို တော်တော်ချဉ်သွားပြီ။ တစ်ခုခုဆိုရင် မင်းဘက်မှာ ငါတစ်ယောက်လုံးရှိနေမယ်”

“နီယွန် မင်းတော်တော်အားကိုးရတာပဲ”

“လာစမ်း ခွက်ချင်းတိုက်ရအောင်”

စားပွဲပေါ်ရှိ ဘီယာနှစ်လုံးကုန်သွားသောအခါ ဂီနိုက ရေးတေးတေးဖြစ်လာသည်။ နီယွန်ကတော့ ဝါရင့်ဟန်ရှိသည်။ နည်းနည်းမှ မဖြုံသေးပါ။ နီယွန်က ဆိုင်ရှင်အဒေါ်ကြီးကို နောက်ထပ် နှစ်လုံးချပေးဖို့ပြောလိုက်သည်။ ထို့နောက် ဂီနိုနှင့် ခွက်ချင်း တစ်ခွမ်ခွမ်တိုက်ကာ မော့လေ၏။ တစ်ယောက်နှင့် တစ်ယောက် အကင်တွေခွံ့ကျွေးလိုက် ပါးတွေကို ဆွဲလိမ်လိုက် အကျယ်ကြီး ရယ်မောလိုက် နှင့် ထိုအနီးအနားတစ်ဝိုက်တွင် သူတို့နှစ်ဦး၏ အသံများကသာ စိုးမိုးနေသည်။  ဤသို့ဖြင့် နှစ်ယောက်သား ရေချိန်ကိုက်ကာ စကားပြေလျှင် အာရွဲလာကြသည်။

“နီယွန် ဘယ်နှစ်နာရီထိုးပြီလဲ “

“မနေ့ကအချိန်ပေါ့ကွာ”

“မနေ့ကအချိန်ဆိုတော့ မနက်ဖြန်မဟုတ်တာသေချာတယ်။ တကယ်လို့ မနက်ဖြန်နဲ့ သဘက်ခါကသာ သူငယ်ချင်းဆိုရင် ဖိန်းနွဲခါနဲ့ မနေ့အချိန်တွေက အတူတူပဲဖြစ်လိမ့်မယ် ဒါဆိုရင် ဒီနေ့လဲ မနေ့ကနဲ့ အတူတူပဲဆိုတော့ သဘက်ခါနဲ့ဒီနေ့နဲ့က ဘာတော်လဲ..........အာ ရှုပ်နေတာပဲ ဘာတွေမှန်းကိုမသိဘူး”

“အေး ကောင်းတယ် မသိတာကောင်းတယ်။ ဒီညငါတို့ လမ်းပေါ်မှာ အိပ်ကျတာပေါ့။ ဟောဒီကတ္တရာလမ်းမကြီးက ငါတို့ရဲ့ အိပ်ယာပဲ အဲ့ဒီအိပ်ယာပေါ်မှာအိပ်ရင် မျက်နှာကျက်က ကြယ်ကလေးတွေနဲ့ လမင်းကြီးပဲ အဲယားကွန်းမလိုဘူး သဘာဝ လေတွေ ရှိတယ် “

“ဟေ့ကောင် နီယွန် မင်းငါ့ကိုမူးတယ်ထင်နေလား ငါမမူးဘူးကွ မြေကြီးကို ကျောခင်းအိပ်ရင် ကျောတွေနာမှာပေါ့”

“ဟား.......ဟား.........ငါပိုက်စံရှင်းလိုက်တော့မယ် ပြန်ကြရအောင်”


                                                    **************


 “ဂုဏ်......ဂုဏ်........ဂုဏ် .......ဂုဏ်ဆိုတာငွေကိုခေါ်တယ် ငွေဆိုတာရေလိုသုံးရင်..... ယောက္ခမကြီးက မျက်နှာချိုတယ် သူများကစေတနာပိုတယ်......ဟယ်.....သောက်မယ်စားမယ်ပျော်မယ်ပါးမယ်..... တူနှယ်တန်နှယ်ဗြောင်.....”

“မင်းဥစ္စာကလဲ ခေတ်ဟောင်းသီချင်းကြီး နားထောင်ရတာတောင် ဖီးလ်ပျက်တယ် ကျွတ်စ်...........”

“ဟား......ဟား........ မင်းဘာသိလို့လဲ အသစ်တွေဘယ်လောက်ကောင်းကောင်း အဟောင်းကိုမမေ့နိုင်ဘူး ဆိုတဲ့စကားပုံရှိတယ်မဟုတ်လား။ အခုငါဆိုနေတဲ့သီချင်းက ဘယ်လောက်အဓိပ္ပါယ်ရှိတဲ့ သီချင်းမှတ်လို့လဲ”

“တော်ပါတော့ ဂီနိုရာ မင်းကိုကျောလဲပိုးထားရသေးတယ် လူပေါ်မှငြိမ်ငြိမ်လဲမနေဘူး အာပြဲကြီးနဲ့ သီချင်းဆိုနေတာ နားတွေငြီးလိုက်တာ”

“ဘာလဲ ငြိုငြင်တာလား ပျိုခင်ကိုငြိုငြင်ရင် ဟိုအဝင်ရွာထိပ်က ကိုတင်နဲ့လိုက်ပြေးလိုက်မှာနော်”

“ဘယ်ကကိုတင်တုန်းကွ.......”

“ဟီးဟီး ငါတို့အိမ်နားက လင်းမယားနှစ်ယောက် ရန်ဖြစ်ရင်ပြောပြောနေတာပဲကွငါလဲမသိဘူး။ ပြီးတော့ သူ့မိန်းမက သူ့ယောကျာ်းအိမ်လာမအိပ်ရင် ပြောတဲ့စကားရှိသေးတယ်”

“ဘာပြောတုန်း.....”

“မောင်ရယ်တဲ့......မောင်မလာ မောင်မလာမောင်သာငတ် မောင့်နေရာလူမလပ်တဲ့”

“ဟား......ဟား......ခွီး......ခွီး.......ခွီး........ ဂီနိုမင်းကမူးရင် ပေါက်ကရတော်တော်ပြောတာပဲ အမယ်လေး ဟား.....ဟား......”

နီယွန်က ဂီနို့ပြောစကားကို သဘောကျပြီး လမ်းဆက်မလျောက်တော့ပဲ ရယ်နေလေသည်။ ထိုအခါ နီယွန့် ကျောပေါ်ရှိ ဂီနိုကပါလိုက်ရယ်ပြီး ကျောပေါ်မှ ဆင်းလိုက်သည်။

“ဟေ့ကောင် မင်းဘာသမင်း လမ်းလျောက်တော့မလို့လား”

“မဟုတ်ပါဘူး ငါကျန်းမာရေးသွားချင်လို့”

“ကျန်းမာရေးဆိုတော့ အလေးလား အပေါ့လား”

“သေးပေါက်ချင်လို့ကွာရပြီလား မင်းဘီယာတွေက ဒုက္ခပေးတယ်ကွာ”

“မင်းကလဲ နင်းကန်သောက်တာကိုး”

ဂီနိုက နီယွန်ကိုဘာမှ ပြန်မပြောတော့ပဲ သူ့ဘောင်းဘီဇစ်ကို အောက်သို့ဆွဲချလေသည်။ ထို့နောက် အတွင်းမှ ပြွန်လေးကို ထုတ်ပြီး နီယွန့်အနားတွင်ပင် ပန်းလေ၏။ နီယွန်က ဘေးမှရပ်ပြီး ဂီနို့ကို မမှိတ်မသုံကြည့်နေလေရာ.......

“ဟေ့ကောင် ငါသေးပေါက်တာ ဘာလို့ကြည့်နေတာလဲ”

“မရဘူးလား..........”

“မရဘူး မကြည့်ရဘူး ဟိုဖက်လှည့်နေ”

“ကြည့်ချင်ပါတယ်ဆို”

“မရဘူး လှည့်ဆိုလှည့်။ မင်းကြည့်နေရင် ငါပန်းရတာ စိတ်မဖြောင့်ဘူး”

နီယွန်က ကွက်ကြည့်ကွက်ကြည့်လုပ်ပြီး အခြားတစ်ဖက်သို့ မျက်နှာလှည့်တော့မှ ဂီနိုက သေးကိုဖြောင့်ဖြောင့် ပေါက်တော့သည်။ ကိစ္စပြီးသွားသောအခါ ဘောင်းဘီဇစ်ကို ပြန်ဆွဲတင်လိုက်၏။ ညသန်းခေါင်အချိန် လမ်းမကြီးပေါ်တွင် ထိန်ထိန်သာလျက်ရှိသော လရောင်က သူတို့နှစ်ဦးကိုတစ်ယောက်နှင့်တစ်ယောက် မသဲမကွဲလေးတော့ မြင်နေစေသေးသည်။ လေညှင်းလေးတွေကလဲ တဖြူးဖြူးတိုက်ခတ်သဖြင့် အအေးဓာတ်က ပိုမိုစိမ့်ကဲလာ၏။

“ဂီနို ငါတို့ဘယ်မှာသွားအိပ်မှာလဲ ယောကျာ်းလှကျွန်းကိုမှ မပြန်ရင် ငါတို့ပြန်စရာမရှိတော့ဘူး”

“မလိုပါဘူးကွာ ဒီညတော့ ဖြစ်သလိုပေါ့”

“ဒါဆိုဘယ်လိုလုပ်မှာလဲ”

“မင်းပြောသလို မြေကြီးပေါ်မှာပဲအိပ်ကြတာပေါ့”

“ကောင်းရော......မြေကြီးပေါ်မှာတော့ မလုပ်ပါနဲ့ကွာ ဟိုအရှေ့နားမှ ကင်းတဲ့တစ်ခုရှိတယ် အဲ့မှာသွားအိပ်ကြတာပေါ့။ အဲ့.....တစ်ခုတော့ရှိတယ် အဲ့ဒီကင်းတဲက အမိုးမရှိတော့ဘူး”

“ဘယ်ရောက်သွားလို့လဲ ”

“ဘယ်ရောက်သွားလို့လဲဆိုတော့ ရပ်ကွက်လူကြီးက စေတနာကောင်းပြီးသွပ်တွေနဲ့မိုးထားတာကိုး အဲ့ဒီတော့ အဲ့ဒီသွပ်တွေ ခိုးကုန်ကြတာပေါ့”

“ဟင် သွပ်တောင်ခိုးတယ်ဟုတ်လား။ အံ့ရော........ဒါနဲ့ မင်းကဘယ်လိုလုပ်သိတာလဲ”

ဂီနိုမေးလိုက်သောအခါ နီယွန်မျက်နှာက ပြောင်စပ်စပ်ဖြစ်သွားလေ၏။

“မင်းကလဲ ငါဘာပြောပြောယုံနေတာကိုး အဟီး ငါလဲပါးစပ်ထဲတွေ့တာလျောက်ပြောနေတာ ဟိဟိ”

“ဒါဆိုတကယ်မဟုတ်ဘူးပေါ့”

“အဟီး................”

“ငါ့ကိုညာတယ်ကြည့်စမ်း သေပေတော့”

“ပြေးပြီဟေ့..................”

“မိလို့ကတော့လား အရိုးတခြားအသားတခြားလုပ်ပစ်မယ် ဝူးထူးဝါးထွား..........”

နီယွန်က ဂီနို့ကိုပြောင်က အရှေ့မှပြေးလေသည်။ ဂီနိုက အံတကြိတ်ကြိတ်နှင့် ကြိမ်းဝါးပြီးအနောက်ကလိုက် လေသည်။ ရှင်းလင်းနေသော တာလမ်းမကြီးပေါ်တွင် သက်ရှိဆိုလို့ သူတို့နှစ်ဦးတည်းသာ ရှိမည်ထင်သည်။ နီယွန်ကပြေးရင်း ပြေးရင်း ကင်းတဲနားရောက်သွားသောအခါ အမောဆို့သွားဟန်ဖြင့် မပြေးတော့ပဲ ရပ်လိုက်သည်။ သိပ်မကြာခင်မှာပဲ ဂီနိုကရောက်လာသည်။  ဂီနိုကတော့ လျှာထွက်နေလေ၏။

“ဟောဟဲ ဟောဟဲ မောလိုက်တာ”

“လာဂီနို ကင်းတဲပေါ်တက်အိပ်ကြမယ်”

နီယွန်က ဦးဆောင်ပြီး ကင်းတဲပေါ်တက်သွားလေ၏။ ကင်းတဲလေးမှ ငါးပေးပတ်လည်ခန့်သာ ရှိမည်ထင်သည်။ အမိုးမှာလဲ နီယွန်ပြောသည့်အတိုင်း ဗလာကျင်းနေသည်။ သို့သော် နီယွန်ပြောသလို သွပ်တွေ ခိုးသွား၍ အမိုးမရှိတော့ ခြင်းမျိုးတော့ဟုတ်ဟန်မတူပါ။ သက်ကယ်နှင့်မိုးထား၍ တဖြေးဖြေး ချစားပြီး လေလွင့်ကုန်တာ ဖြစ်နိုင်သည်။ ကောင်းကင်တွင်ကား ကြယ်ကလေးတွေက ကတ္ထီပါစထဲ စိန်ပွင့်လေးတွေ ဖြူးထားသလို လင်းလက်တောက်ပနေကြ၏။ နီယွန်က ကြမ်းပြင်ပေါ် ပက်လက်လှန်ချလိုက်ရင်းကောင်းကင် ကိုမော့ကြည့်ကာ အမောဖြေနေ၏။ ထိုအခါ ဂီနိုက နီယွန့်နဘေးနားလာကာ ပက်လက်လှန်ထားသော နီယွန့် ဗိုက်ပေါ်သို့ ကန့်လန့်ဖြတ်ကြီး ခေါင်းအုံးကာ လှဲချလိုက်သည်။

ထို့နောက်နှစ်ယောက်သား အလိုလိုတိုင်ပင်မထားပဲ ကောင်းကင်ကြီးကိုကြည့်ပြီး ငြိမ်သက်နေမိသည်။ နီယွန် အသက် အရှူအသွင်းလုပ်တိုင်း ဗိုက်ကလေးက ပိန်လိုက်ဖောင်းလိုက်ဖြစ်ဖြစ်သွားပြီး ထိုဗီုက်ပေါ်တွင် ခေါင်းအုံးထားသည့် ဂီနို့ခေါင်းမှာလဲ နိမ့်လိုက်မြင့်လိုက် ဖြစ်သွားလေ၏။ ထိုစဉ် နီယွန်လက်တစ်ဖက်က ဂီနို့ပါးပြင် အနားသို့ကပ်လားပြီး အသာလေး ကိုင်တွယ်သည်။ ဂီနိုက နူးညံ့ညင်သာသော အထိအတွေ့ကို သာယာမိန်းမောရင်း မျက်လုံးလေး စင်းထားသည်။ အေးချမ်းလှသည့်ညကလေးက သူတို့နှစ်ဦးအတွက် အဆောင်ယောင်ပကာသနတွေ မလိုပဲ ပြီးပြည့်စုံသည့် ချမ်းသာသုခကို ပေးစွမ်းလျက်ရှီသည်။ သူတို့နှစ်ဦး၏ မျက်ဝန်းများကား ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိသွားသည့် စစ်သူရဲကောင်းကြီးတွေလို မာန်မာနတွေ ကင်းစင်လျက် ချိုမြိန်သောအရိပ်တွေ ယှက်သန်းလွှမ်းခြုံနေလေသည်။

“နီယွန်..............”

ဂီနို့၏ ခေါ်သံညှင်းညှင်းလေးက တိတ်ဆိတ်မှုကိုစတင်ဖြိုခွင်းလိုက်၏။ နီယွန်က ဂီနို့၏ ဆံပင်စတွေကို ပွတ်သပ်နေလေသည်။

“ပြောလေ ဂီနို.............”

“ငါငယ်ငယ်တုန်းကလဲလေ ငါ့အဖေနဲ့ငါ့အမေရန်ဖြစ်တော့ စိတ်ညစ်ပြီး အိမ်ကထွက်ပြေးခဲ့တယ်။ ပြီးတော့ ဒီလိုပဲ တွေ့ကရာ နေရာတွေမှာ အိပ်ခဲ့ဖူးတယ်သိလား”

“မင်းကမှ အဖေအမေခေါ်စရာရှိပါသေးတယ် ဂီနိုရာ။ ငါဆိုရင် ကိုယ့်ကိုမွေးထုတ်ခဲ့တဲ့ အဖေနဲ့အမေကို ဘယ်သူဘယ်ဝါမှန်းကို မသိခဲ့တာပါ။ ငါလူမှန်းသိတတ်စအရွယ်ကတည်းက ငါ့မှာမိဘဆိုတာမရှိခဲ့ဘူး။ အရပ်က အကြွင်းအကျန်လေးတွေ ကျွေးတာစားရင်း ငါကြီးပြင်းလာတာ။ သူများကလေးတွေ ကျောင်းတက်နေချိန်မှာ ငါကကျောင်းပေါက်ဝရှေ့မှာ ရေခဲချောင်းရောင်းရင်း အားကျနေခဲ့ရတာပေါ့”

နီယွန်အသံတွေက ပြောရင်းဆိုရင်း အသံတွေတိမ်ဝင်သွားကာ ဆို့နင့်သံလေးများ စိုစွတ်လာ၏။ ဂီနိုက နားထောင်နေရာမှ ခေါင်းကလေးထောင်ကြည့် လေသည်။ ထို့နောက် နီယွန်မျက်နှာနားသို့ ကပ်သွားပြီး နဖူးလေးကို ခပ်ဖွဖွလေးနမ်းလိုက်၏။ ထို့အပြင် နီယွန့်ပါးပြင်လေးကိုလဲ ပွတ်သပ်လျက်ရှိသည်။ သူ့ရင်ထဲတွင် နီယွန့်ကို ထွေးပွေ့နေချင်စိတ်တွေက အပြည့်ပေါ်လာသည်။ နီယွန့်မျက်ဝန်းတွေက လရောင်ဖွေးဖွေးအောက်တွင်း စိုလက်နေလေသည်။

“နီယွန် ငါ့ကိုချစ်တယ်မဟုတ်လား”

နီယွန်က ချက်ချင်းပြန်မဖြေသေးပဲ ဂီနို့ကိုကြည့်နေသည်။ ဂီနိုက နီယွန့်လက်ကလေးတွေကို ဆုပ်ကိုင်လိုက်လေ၏။ နီယွန့်မျက်နှာလေးက ပြန်လည်ပြုံးရောင်သန်းလာသည်။

“ချစ်တာပေါ့ ဂီနိုရာ.........”


                                                                       ဆက်ရန်ရှိသေးသည်-
                                                                                                  Lovealone
                                                                                         boytheboy.sept@gmail.com

5 comments:

  1. very nice blogger.....xoxo thz....

    ReplyDelete
  2. a guy<<so cute & handsome<<<young<<<so shy<<if u wanna know,,,,just tell me///will give g talk account

    ReplyDelete
    Replies
    1. not girlish// if u don't know, u might think he is a straight/// he is homo undercover

      Delete
    2. tii chin del bya////

      Delete
    3. just add sittmin111
      tell him that his university senior give that

      Delete