Wednesday, July 1, 2015
On 8:02 AM by Unknown in gay love story 4 comments
အချစ်ဆိုတဲ့ကဗျာလေးဟာ
တကယ်တော့ သိပ်ကိုနူးညံ့သိမ်မွေ့တဲ့အရာလေးပါ
လူတွေရဲ့နှလုံးသားဟာအချစ်နဲ့တွေ့ရင်
နူးညံ့သိမ်မွေ့သွားတတ်လို့ အချစ်ဟာလူတွေကိုပြုစား နိုင်စွမ်းရှိတဲ့ သိမ်မွေ့တဲ့နှလုံးသားပိုင်ရှင်လေးလို့ဆိုရလေမလား
အခန်း(၁)
စိမ်းစိုနေသောတောင်တန်းကြီးတွေ
တငွေ့ငွေ့ပြန်တက်နေသော မြူမှုန်တွေကြားထဲမှာ ညို့ညို့စို နေသော ရှမ်းရိုးမရဲ့အငွှေ့သက်တွေနှင့်အတူ
မိုးလင်းကာစဝေလီဝေလင်းအချိန်တွင် နီရဲစပြုလာ သောကောင်းကံယံကြီးက ပုဇွန်ဆီရောင်ပက်ဖျန်း၍လောကကြီးကို
အလှဆင်လျက်ရှိသည်။ တောင်တန်းတွေကြားထဲတွင် ကွယ်ဝှက်နေသောအလှတရားများက တိတ်တခိုးလေးပုန်းကွယ်
ရာမှထွက်လာသောအခါ လှသွေးကြွယ်နေသောမိန်းမပျိုလေးတစ်ယောက်လို လူတစ်ယောက်ကို ဖမ်းစားနိုင်စွမ်းရှိလှသည်။
လောကကြီးတစ်ခုလုံးအေးချမ်းလှသည်။ ဆောင်းငွေ့တွေနှင့်သစ်ပင်စိမ်း တို့ကြားမှဖြတ်သန်းလာသော
လေအေးတွေက လူတစ်ယောက်လုံးကိုအသည်းခိုက်မတတ်အေး စိမ့်သွားစေသည်။
စိမ့်ကဲနေတဲ့ရာသီဥတုက
အထီးကျန်မှုတွေကြားမှာရစ်သိုင်းနေမိတဲ့သူ့ကို လွမ်းမောခြင်းဆိုတဲ့ အရာတွေအောက်မှာရှုံးနိမ့်သွားစေလောက်သည်။
ဒဏ်ဆိုတာမရခဲ့ဖူးတဲ့ငှက်တစ်ကောင်အတွက် ခဲမှန်မှာမကြောက်မိသလို အနာတရဆိုတာဘာမှန်းမသိတဲ့သူ့အတွက်တော့
လောကကြီးမှာ ထူးဆန်းတဲ့အချစ်ဆိုတာကြီးကိုတော့ အထူးတဆန်းရှာဖွေချင်ကြည့်စမ်းပါ၏။ သူကရူးမိုက်သည်။
ဂီတတွေနားဆင်လျှင်တောင် ရူးသွပ်မိုက်မဲတဲ့သံစဉ်တွေကိုပိုနှစ်သက်သည်။ ခပ်မိုက်မိုက်ခံစားမှုမျိုး
ဘယ်အရာနဲ့မှမတူပဲ တစ်မူထူးခြားနေတဲ့ သီးသန့်ဆိုတဲ့အရာမျိုးကိုမှ ခံစားကြည့်ဖူးချင်သည်။
တကယ်တော့ ဒဏ်ရာတွေကိုမွေးဖွားလိုနေတဲ့သူတစ်ယောက်ဟာ နာကျင်ရမှာကိုမကြောက်လို့ပဲ လား။
သူတိတ်တိတ်ကလေးစိတ်ထဲကနေကြိတ်ပြုံးမိ၏။
ပါးစပ်ထဲမှအငွှေ့တွေကိုလေထဲသို့တစ်ချက်မှုတ်ထုတ်လိုက်ရင်း
သူ့စက်ဘီးလေးကို ခဏရပ်လိုက် ပါသည်။ တောင်တန်းတွေထဲမှ ထွက်စပြုလာသောနေရောင်နှင့်အတူလှပနေသော
ချယ်ရီပင်များ နှင့်စိမ်းညို့ညို့တောင်ကြီးတွေရယ် မြူမှုန်တွေရစ်ဆိုင်းနေသော ရှမ်းပြည်နယ်၏မနက်ခင်းအလှကို
သူ့ရဲ့ Cannon ကင်မရာလေးနှင့်အမိအရမှတ်တမ်းတင်နေမိသည်။ အခုလိုချိန်မျိုးမှာ
Sunrise ကြည့်ရတာရင်ထဲမှာ ဆွေးမြေ့နေတဲ့ခံစားချက်တွေရိုက်ခတ်နေသလို ရင်ထဲမှာပျောက်ဆုံးနေတဲ့
အမျိုးအမည်မသိ ဝေဒနာတွေဟာ တမဟုတ်ချင်းရောက်ရှိလို့လာပါသည်။ သူ့နားကြပ်ထဲတွင် မြည်နေသောတေးသွားတစ်ပုဒ်မှာ
Majior Lazer ရဲ့ Be Together ဆိုတဲ့သီချင်းလေး။
လူတွေမသိတဲ့တောင်တန်းတွေကြားထဲမှာ
ရှိတဲ့အလှတရားတွေ…. အဲ့ဒီသဘာဝဆန်တဲ့အလှ တရားတွေကိုသဘာဝကိုချစ်မြတ်နိုးတဲ့သူတွေလောက်ပဲ
တန်ဖိုးထားကြရမှန်းသိတာလေ။ အခုလို သဘာဝဆိုတဲ့အလှတရားတွေကြားမှာ ဘ၀ဆိုတာကိုခဏလောက်ပဲဖြစ်ဖြစ်နှစ်မြုပ်ကြည့်လိုက်စမ်း
ပါ။ သာယာကြည်နူးမှုဆိုတာဘာမှပြောစရာမလိုပဲသူ့အလိုလိုရောက်လာလိမ့်မယ်လို့ သူတပ်အပ် ပြောရဲသည်။
ပျံသန်းနေသောငှက်အုပ်တစ်ခုကို အမိအရသူလှမ်းရိုက်လိုက်သည်။ ထိုငှက်အုပ်က တောင်စွယ်တစ်ခုအနားသို့ရောက်သောအခါ
ပျောက်ကွယ်သွားသည်။ လက်ထဲမှနာရီကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူအိမ်ပြန်ရန်စဉ်းစားလိုက်သည်။
တောင်တန်းတွေကြားထိုးထွက်လာသောရောင်နီဦးအလင်းတန်းတွေနှင့်အတူ
သူ့စက်ဘီးလေးကို အပြန်လမ်းသို့မောင်းနှင်လာခဲ့ပါသည်။ မြို့အဝင်သို့ရောက်သောအခါ ဂေါက်ကွင်းတစ်ခုရှိပြီး
ထိုဂေါက်ကွင်းနဘေးတွင် ကွင်းပြင်ကျယ်ကြီးတစ်ခုရှိပြီးအလှမွေးမြက်များခင်းထားသည်။ ထိုနေရာ
တွင်မနက်စောစောနှင့်ညနေပိုင်းအချိန်များတွင် အားကစားလုပ်သူလမ်းလျှောက်သူများရှိတတ်
သည်။ သူ့စက်ဘီးကိုထိုနေရာဘက်မှဖြတ်မောင်းလာခဲ့သည်။ နေရောင်ကတဖြေးဖြေးမြင့်တက် လာပြီဖြစ်သောလည်း
အအေးဓာတ်ကတော့သိသိသာသာလျော့ကျသွားခြင်းမျိုးတော့မရှိပါ။ ကွင်းပြင်ကျယ်နားသို့ရောက်သောအခါ
Basketball ကစားနေသောလူငယ်အုပ်စုတစ်စုကိုတွေ့ ရသည်။
ထို
Basketball ကစားနေသောလူငယ်များကိုသူငေးကြည့်ရင်းစက်ဘီးကိုထိုအနားသို့မောင်းလာ ခဲ့သည်။
ကောင်လေးအများစုမှာ အားကစားအင်္ကျီလက်ရှည်များကိုဝတ်ဆင်ထားပြီး ထိုအထဲမှာမှ အသားဖြူဖြူနှင့်ကောင်လေးတစ်ယောက်မှ
စွပ်ကျယ်လေးကိုသာဝတ်ပြီးကစားနေသည်ကို တွေ့ရ သည်။ သူငေးကြည့်နေတုန်းမှာပင် ထိုကောင်လေးလက်ထဲသို့
ဘောလုံးရောက်ရှိသွားသည်။ ကောင်လေးက ဘောလုံးကိုကျွမ်းကျင်စွာကိုင်ရင်း မြှောက်လိုက်သည်။
ထိုစဉ်………..
သူ့စက်ဘီးမှတစ်စုံတစ်ခုနှင့်တိုက်မိသွားဟန်ရှိပြီး
သူမြက်ခင်းပေါ်သို့လည်းကျသွားသည်။
“ဘုန်း………..”
အကျမတော်သည်မို့နည်းနည်းတော့နာသွားသည်။
သူ့စက်ဘီးရှေ့တွင် ကျိုးပဲ့နေသောအုတ်ခဲကျိုး တစ်ခုကိုတွေ့ရသည်။ သူစက်ဘီးလဲသွားသည်ကိုမြင်သောအခါ
Basketball ကစားနေသော ကောင်လေးတစ်ချို့ကဝိုင်းရယ်ကြသည်။ သို့သော်စွပ်ကျယ်နှင့်ကောင်လေးကတော့
သူ့ကိုကြည့် ပြီးပြုံးရုံသာပြုံးနေသည်။ သူရှက်ရှက်ဖြင့်လဲနေရာမှလူးလဲထလိုက်ပြီး စက်ဘီးကိုပြန်ထူလိုက်သည်။
ဒီမြို့ကိုသူရောက်လာတာမကြာသေးသောကြောင့် ဒီမြို့ကလူတွေနှင့်တော့နည်းနည်းစိမ်းနေသေး
သည်။ ထုံကျင်သွားသောခြေထောက်တစ်ချောင်းကို အားယူထရင်းဘောင်းဘီတွင်ပေနေသော မြက်ခြောက်စတစ်ချို့ကိုခါပစ်လိုက်ကာ
ထိုနေရာမှထွက်လာခဲ့သည်။ သူ့လည်ပင်းမှာလွယ်ထားတဲ့ ကင်မရာကြီးဘာမှဖြစ်မသွားတာပဲတော်သေးသည်ဟုပြောရမလိုဖြစ်နေသည်။
သူသည်
မိုးတွေရွာသည့်အခါမျိုးတွင် ကော်ဖီတစ်ခွက်ကိုတစိမ့်စိမ့်သောက်ရင်း မိုးစက်တွေကို ကဗျာတစ်ပုဒ်လိုထိုင်ကြည့်နေတတ်သည်။
ပွင့်လင်းသည့်နွေရာသီမျိုးတွင် ချောင်းစပ်မြောင်းစပ် တွင်ငါးမျှားတံတစ်ချောင်းနှင့်ငါးသွားမျှားရတာကြိုက်သည်။
အေးစိမ့်သည်ဆောင်းတွင်လိုအခါမျိုး တွင်တော့ အခုလိုကင်မရာတစ်လုံးနှင့် သဘာဝအလှရှူခင်းတွေကို
မှတ်တမ်းတင်ရတာကို နှစ်ခြိုက် ပါသည်။ သူ့ကင်မရာထဲကပုံတွေကိုတစ်ပုံချင်းကြည့်နေမိရင်း
တစ်နေရာရောက်သောအခါ သူမှင်သက်သွားမိသည်။
Basketball
ကစားကွင်းကကောင်ကလေး…. ဘောလုံးကိုကိုင်မြှောက်နေသည့်ပုံလေး ဘယ်လိုလုပ် သူရိုက်မိသွားပါလိမ့်။
ထိုအချိန်က ကင်မရာကိုကိုင်သာကိုင်ထားပြီး သူရိုက်ဖို့မရည်ရွယ်ခဲ့ပါ။ သို့သော် ယခုတော့သူ့ကင်မရာထဲတွင်အမှတ်မထင်ထိုကောင်လေး၏ပုံကို
ရိုက်မိသွားပါသည်။ တစ်ချက်ပြုံးလိုက်ရင် ကင်မရာထဲက Memory Card ကိုထုတ်ကာ သူ့
Laptop နှင့် Join လိုက်ကာ ထိုကောင်လေး၏ပုံကို Computer ထဲသို့ပြောင်းထဲ့လိုက်သည်။
ထွက်လာကာစရောင်နီဦးနေရောင်က
Basketball ခြင်းပေါ်မှဖျာကျနေပြီး ဘောလုံးကိုကိုင်မြှောက် နေသောကောင်လေး၏မျက်နှာကိုဟပ်နေသည်။
ကောင်လေးကဘောလုံးကိုကိုင်မြှောက်ထားပြီး သူ့အကြည့်တွေကစူးရှလို့နေပါသည်။ စူးရှတဲ့သူ့အကြည့်တွေအပြင်
အချိုးကျကျစပ်ထားသည့် သူ့မေးရိုးတွေနှင့် ကျစ်လစ်သောလက်မောင်းသားတွေကလည်း ယောကျာ်းပျိုတစ်ယောက်၏
စွဲဆောင်မှုတွေကို မှုန်းခြယ်နေသယောင်ယောင်။ ကောင်လေး၏ဓာတ်ပုံကိုမြင်မှ ထိုကောင်လေး
သူ့ကိုပြုံးကြည့်နေသောပုံရိပ်ကိုပြန်လည်မြင်ယောင်လာသည်။ ထို့အတူဘာကြောင့်မှန်းမသိ သူ့စိတ်ထဲတွင်နွေးကနဲခံစားမိလိုက်သည့်
အရသာလေးကတစ်မျိုးလေး။
သူ့လက်တွေကိုအပျင်းကြောတစ်ချက်ဆန့်လိုက်ပြီး
စားပွဲခုံပေါ်မှထကာ ပြတင်းပေါက်ရှိရာသို့ သွားကာခန်းဆီးကိုဖွင့်လိုက်သည်။ ပြင်ပမှနေရောင်တစ်ချို့ကအခန်းပြတင်းပေါက်မှနေ၍သူ့
အခန်းထဲသို့ဖြာကျလာသည်။ ခန်းဆီးတွေကိုတစ်ဖက်ဆီချည်နှောင်လိုက်ပြီးနောက် ပြတင်းပေါက်
ဂျက်တွေကိုဖြုတ်ကာ ပြတင်းပေါက်ကိုပါဖွင့်လိုက်သည်။ ထို့နောက်သူ့စားပွဲပေါ်မှ Indoor
Plants လေးများကိုနေရောင်အောက်သို့ရွေ့ကာ ရေအနည်းငယ်လောင်းလိုက်ပါသည်။ နာရီကိုတစ်ချက်
ကြည့်လိုက်တော့ ကျောင်းသွားချိန်တန်နေပြီဖြစ်သောကြောင်း ပန်းပင်များကိုရေအလျင်စလို
လောင်းလိုက်ပြီး အခန်းထဲမှအ၀တ်စားလဲကာထွက်လာခဲ့ပါသည်။ ကျောင်းနောက်ကျနေလျှင် အတန်းအပြင်ဖက်တွင်
မတ်တပ်ရပ်ခိုင်းနေဦးမည်။
အခန်း(၂)
ညနေကျောင်းဆင်းပြီး
အိမ်တွင်ရေမိုးချိုးအဝတ်စားလဲကာ အနည်းငယ်မိုးချုပ်သောအခါ အပြင်သို့ ထွက်လာခဲ့သည်။
သူတို့မေဂျာမှသူငယ်ချင်းတစ်ယောက်က
Birthday Party တစ်ခုဖိတ်ထားသဖြင့် Taxi နှင့်ထိုလိပ် စာအတိုင်းသ်ူလာခဲ့သည်။ လိပ်စာအတိုင်းရောက်သောအခါ
ခြံဝန်းငယ်လေးတစ်ခုတွင် မီးလုံးလေးများသီထားသည်ကိုတွေ့ရသည်။ ထိုခြံဝန်းထဲသို့ဝင်လိုက်သောအခါ
သူတို့ကျောင်းမှ ကျောင်းသားကျောင်းသူတော်တော်များများကိုတွေ့ရသည်။ အားလုံးက Party တက်ဝတ်စုံများဖြင့်
ည၏မီးရောင်အောက်တွင်လှပနေကြပါသည်။ သူမွေးနေ့ရှင်အတွက်ယူလာသောလက်ဆောင် အရုပ်ကလေးကိုကိုင်ကာခြံဝန်းအတိုင်းလျောက်လာခဲ့သည်။
အိမ်ထဲသို့ရောက်သောအခါ မွေးနေ့ရှင်ကိုတွေ့သည်။
“ဟေ့ချစ်နောက်ကျလှချည်လား…….”
သူတို့တွေကတစ်ယောက်နှင့်တစ်ယောက်ချစ်ဟုချစ်စနိုးဖြင့်ခေါ်ကြခြင်းဖြစ်သည်။
ယခုခေတ်မှာ မိန်းကလေးတွေအချင်းချင်းသာ ရင်းနှီးမှုလွန်ကဲလာသည်မဟုတ်ပဲ ယောကျာ်းလေးသူငယ်ချင်းအ
ချင်းချင်းများတွင်လည်း နူးနူးညံ့ညံ့လေးတွေဆက်ဆံနေတတ်ကြသည်ပဲလေ။ တစ်ယောက်နဲတစ် ယောက်နာမည်နောက်တွင်
“မ” ထဲ့ခေါ်တတ်သလို တစ်ခါတစ်လေတွင်လည်း ချစ်စနိုးဖြင့် “ချစ်”
ဟုခေါ်တတ်ကြသည်။
“Happy
Birthday ပါကွာ ယခုမှတိုင်နှစ်ပေါင်းများစွာမိမိချစ်ခင်နှစ်သက်ရသူများနဲ့ဘ၀ကိုပျော်ရွှင်
စွာဖြတ်သန်းနိုင်ပါစေ”
“ကျေးဇူးပါကွာ ……”
မွေးနေ့ရှင်ကသူ့ကိုလှမ်းဖက်ပြီးကျေးဇူးတင်စကားဆိုသည်။
ထို့နောက်သူ့ကိုအိမ်ထဲသို့ခေါ်သွား ပြီးဆိုဖာတစ်ခုပေါ်တွင်ထိုင်စေသည်။ ထို့နောက် ဖန်ခွက်တစ်လုံးနှင့်ပြန်ရောက်လာကာသူ့
လက်ထဲသို့ပေးသည်။
သူဖန်ခွက်ကိုနမ်းကြည့်လိုက်သောအခါ
ကျွမ်းကျင်သောသူတစ်ယောက်ဖျော်ထားသော Cocktail တွေဖြစ်နေမှန်းသိလိုက်ရသည်။
“Cocktail
Party လားသူငယ်ချင်း”
“ဟား….ဟား…..
ဒါပေါ့ကွာ ခဏနေအောင်ဌေးတို့အုပ်စုရောက်လာကြလိမ့်မယ်”
သူစားပွဲပေါ်ရှိသစ်သီးတစ်ခုကိုလှမ်းယူကာစားလိုက်သည်။
မွေးနေ့ရှင်ထွန်းထွန်းကသူ့ဘေးမှ ထိုင်လျက်စကားတွေဖောင်ဖွဲ့အောင်ပြောနေပါသည်။
Cocktail အရက်ရဲ့ပြင်းရှရှအရသာတစ်ချို့ သူလည်မျိုမှဝမ်းဗိုက်တွင်းသို့စီးဝင်သွားသည်။
မွေးနေ့ပါတီရဲ့ သီချင်းသံအေးအေးလေးက ည၏လေပြေလေးတွေနဲ့အတူ ညင်သာစွာပျံ့နှံ့နေသည်။ နားထဲသို့ချိုချိုအေးအေးလေးစီးဝင်
လာသောထိုဂီတသံကို ယမကာရှရှလေးနှင့်အရသာခံကာ နားဆင်နေမိသည်။
“ဒါနဲ့ထွန်းထွန်းမင်းကအခု
အသက်ဘယ်လောက်ပြည့်တာတုန်း”
ထွန်းထွန်းကသူ့ကိုကြည့်ပြီးရယ်သည်။
တေးသွားကတော့ Mika ရဲ့ Last Party ဆိုတဲ့သီချင်းလေး ကိုရောက်ရှိနေပါသည်။ အခုတလောသူနားထောင်ဖြစ်သည့်သီချင်းလေးပါ။
“အသက်၂၀ပြည့်တာလေကွာ
နောက်နှစ်ဆိုမိန်းမယူလို့ရပြီ ဟားဟား…..”
ထွန်းထွန်းနှင့်သူရယ်ရယ်မောမောဖြင့်စကားပြောနေခိုက်
အောင်ဌေးတို့အုပ်စုရောက်လာပါသည်။
“Hey
guys!! What’s up?”
အောင်ဌေးကသူ့ဗီဇအတိုင်းဘိုလိုနှုတ်ဆက်ပါသည်။
ထို့နောက်မွေးနေ့ရှင်ထွန်းထွန်းကိုသိုင်းဖက် လိုက်သည်။
“Happy
Birthday သူငယ်ချင်း”
“Thank
you ကဲလာထိုင်ကြဒီမှာ မိုးည လဲအခုပဲရောက်တာမင်းတို့ရောက်လာတာနဲ့အတော်ပဲ ”
အောင်ဌေးကသူ့ဘေးမှာဝင်ထိုင်ပြီးကျန်သူငယ်ချင်းနှစ်ယောက်က
ဘေးကဆိုဖာတွင်ဝင်ထိုင်ကြ သည်။ ထွန်းထွန်းကသူငယ်ချင်းတွေကိုထိုင်စေပြီး အနောက်ထဲသို့ဝင်ကာ
လင်ဗန်းတစ်ခုဖြင့်ပြန် ထွက်လာပြီး Cocktail ခွက်တွေကိုလာပေးသည်။
“ကဲလာကြဟေ့
Cheer……..”
“ံHappy
Birthday ထွန်းထွန်း”
သူတို့တွေအားလုံးယမကာခွက်တွေကိုပြိုင်တူမော့လိုက်ကြပါသည်။
သူ့ခေါင်းထဲတွင်အနည်းငယ် ရီဝေဝေဖြစ်လာသလိုရှိသည်။ Alcohol ဒဏ်သိပ်မခံနိုင်သောသူ့အတွက်
နှစ်ခွက်လောက်ဝင်သွား သည့်အခါ ရီဝေဝေဖြစ်လာသည်။ ဂီတသံစဉ်တွေကတော့ Stan ဆိုတဲ့သီချင်းဟောင်းလေးကို
ရောက်ရှိနေပါသည်။ အပြင်ဖက်တွင်မှောင်မဲနေသောညရိပ်တစ်ချို့ကိုလှမ်းမြင်နေရသလို လူတစ်ချို့၏စကားပြောသံ
ရယ်မောသံတစ်ချို့ကိုလည်း ကြားနေရသည်။
“ဟေး
………သီဟ”
သူရီဝေဝေဖြင့်လှမ်းကြည့်လိုက်တော့
မနက်ကကစားကွင်းထဲတွင်တွေ့ခဲ့သည့် Basketball ကစားသည့်ကောင်ကလေးပါ။ မထင်မှတ်ပဲသူကလည်း
ထွန်းထွန်းနှင့်အသိတွေဖြစ်နေသည်။ ထွန်းထွန်းက ထိုကောင်လေးထံသို့ သူတို့ဝိုင်းမှထသွားပါသည်။
“နောက်ကျလှချည်လားကွာ
ငါကမင်းမလာလို့မျှော်နေတာ”
“ဟုတ်တယ်ကွာ
အိမ်မှာကိစ္စလေးတွေနည်းနည်းရှိနေလို့နောက်ကျသွားတယ် ရော့ဒါမင်းအတွက် Birthday
Present”
“ကျေးဇူးပဲသူငယ်ချင်းလာ….
မင်းကိုငါ့ဘော်ဒါတွေနဲ့မိတ်ဆက်ပေးမယ်”
ထွန်းထွန်းကထိုသီဟဆိုသောကောင်လေးကို
သူတို့ဝိုင်းကိုခေါ်လာပါသည်။ သူကတော့ထိုကောင် လေးကိုမကြည့်ရဲသဖြင့်ခေါင်းငုံ့ထားမိသည်။
“ကဲဘော်ဒါတို့
ဒါငါ့သူငယ်ချင်း သီဟကိုကိုတဲ့။ သီဟ ဒါငါ့ဘော်ဒါတွေ ဒီတစ်ယောက်က အောင်ဌေး ဟိုတစ်ယောက်က
မောင်လတ် ဒီဖက်ကတစ်ယောက်က ထူးအောင် ဟိုတစ်ယောက်က မိုးညတဲ့”
ထွန်းထွန်းကတစ်ယောက်ပြီးတစ်ယောက်မိတ်ဆက်ပေးနေပါသည်။
ကျန်တဲ့လူတွေက အလိုက် သင့်သီဟကိုပြန်ပြီးနှုတ်ဆက်နေကြသည်။ သူမထူးတော့ပြီမော့ခေါင်းမော့လိုက်ရပါသည်။
သီဟကသူ့ကိုမြင်သွားသောအခါ တစ်စုံတစ်ခုကိုမှတ်မိသွားဟန်ပြုသည်။ သို့သော် ထိုအမူအယာကို
အပြုံးတစ်ခုဖြင့်ပြန်လည်ဖုံးကွယ်လိုက်ပြီး သူ့ကိုလက်ကမ်းပေးသည်။
“ကျွန်တော့်နာမည်သီဟကိုကိုပါ
အားလုံးကိုတွေ့ရတာဝမ်းသာပါတယ်”
သူသီဟ၏လက်ကိုလှမ်းပြီး
လက်ဆွဲနှုတ်ဆက်လိုက်တော့ နွေးထွေးနေသောသူ့လက်ကလေးဆီ ကနွေးထွေးမှုတွေက သူ့ဆီသို့ကူးစက်လာသလိုလို…..
“တွေ့ရတာဝမ်းသာပါတယ်ကွာ
”
“ကဲ
ထိုင်ကြဦးငါသောက်စရာသွားယူလိုက်ဦးမယ်”
ထွန်းထွန်းကသူတို့ကိုမိတ်ဆက်ပေးပြီး
အနောက်ထဲသို့ပြန်ဝင်သွားပါသည်။ အောင်ဌေးနှင့်ကျန် နှစ်ယောက်ကတော့ စကားတွေဖောင်ဖွဲ့နေကြသည်။
သူ့နဘေးတွင်ထိုင်နေသော သီဟကသူတို့ နှင့်စိမ်းနေသေးသဖြင့် စကားနည်းပြီးဘာမှသိပ်မပြောပါ။
သူကတော့ ရင်တွေအလိုလိုခုန်နေခြင်း ကြောင့်ပြောစရာစကားတို့ရှာမတွေ့ခဲ့ပါ။ တစ်ခုခုပြောရန်ကြိုးစားတိုင်း
သူ့နှုတ်ဖျားတွင် အာစေးတွေထည့်ထားသလို ဆွံ့အသွားခဲ့သည်ချည်းသား။ ထို့ကြောင့်ဘာမှမပြောတော့ပဲ
မိမိလက်နှစ်ဖက်ကိုသာ မြဲမြဲဆုပ်ကိုင်ထားရင်းနှုတ်ဆိတ်နေမိသည်။
“မိုးည
မင်းဘာဖြစ်နေတာလဲ”
“ဟင်…..”
အောင်ဌေးကသူ့ကိုအကဲခတ်သလိုကြည့်ပြီးမေးသည်။
“မင်းကိုမေးနေတာဘာဖြစ်နေတာလဲလို့
မင်းကြည့်ရတာအိမ်သာတက်ချင်နေတာလိုလို ဘာလိုလို နဲ့ အိမ်သာတက်ချင်ရင်လဲသွားပါကွာ ငါတို့ကိုအားမနာပါနဲ့”
“အာ…..အဲ့
မဟုတ်ပါဘူးဟ”
“ဟား…..ဟား…..ဟား…..”
ကျန်လူများကဝိုင်းရယ်ကြသောအခါသူအနည်းငယ်ရှက်သွားမိသည်။
ထို့ကြောင့်သစ်သီးပန်းကန် ထဲရှိဖရဲသီးစိတ်တွေကို လှမ်းယူလိုက်သည်။ သို့သော်မထင်မှတ်ပဲ
သီဟကလည်းလက်လှမ်းလိုက် သဖြင့် သီဟနှင့်လက်ချင်းဆုံသွားသည်။
“စားပါ
…….”
သီဟပြုံးစိစိနဲ့
သစ်သီးပန်းကန်ကိုသူ့ရှေ့သို့တိုးပေးပြီး သူ့ကိုဦးစားပေးပါသည်။ ဒုက္ခပါပဲရှက်ပါ တယ်ဆိုမှ…..
မအီမသာဖြစ်နေသည့်မျက်နှာကြီးကို
သူ့အတက်နိုင်ဆုံးကြည့်လို့ကောင်းမည်ထင်သည့်ပုံစံအဖြစ် ပြင်လိုက်ရသည်။
“မိုးညက
ဓာတ်ပုံရိုက်တာဝါသနာပါတယ်ထင်တယ်ဟုတ်လား”
“သြော်….
ဟုတ်ကဲ့”
သီဟက
သွားလေးတွေပေါ်လာအောင်ရယ်သည်။ ဘာအဓိပ္ပါယ်လည်းတော့သူမသိပါ။ သူပြောသည့် စကားတွေထဲမှာရယ်စရာတော့မပါလောက်ဘူးဟုသူထင်သည်။
သို့သော် သူ့အမူအယာကြောင့်များလား။ ယောကျာ်းလေးအချင်းအချင်းစကားပြောတာ ဒီလောက် ရင်ခုန်ပြီး
စိတ်လှုပ်ရှားနေဖို့လိုသလားလို့ မိမိကိုယ်ကိုပဲကြိမ်ဆဲနေမိပါသည်။
“ကျွန်တော်ကတော့
ဓာတ်ပုံရိုက်ရတာသိပ်ဝါသနာမပါဘူး ဓာတ်ပုံအရိုက်ခံရတာတော့ ဝါသနာပါတယ်။ နောက်နေ့ကျရင်
Basketball ကစားနေတဲ့ပုံလေးတွေရိုက်ပေးပါလား။ လုပ်ယူထားတဲ့ပုံဆန်မဟုတ်ပဲ သဘာဝဆန်ဆန်ပုံလေးတွေလေ”
သီဟကဟန်နှင့်ပန်နှင့်ပြောနေပါသည်။
သူပြောနေပုံလေးက ကလေးတစ်ယောက်ကသူလိုချင် တာကိုကွက်ကွက်ကွင်းကွင်မြင်အောင်လုပ်ပြနေသလိုမျိုး။
အမူအယာလေးက အပြစ်ကင်းစင်ပြီး ရိုးသားဖြူစင်နေကြောင်း သူ့စိတ်ထဲမှာ အလိုလိုသိနေသည်။
“ရပါတယ်သီဟ
”
သူသီဟကိုအလွယ်တကူပဲကတိပေးလိုက်ပါသည်။
ဓာတ်ပုံရိုက်ရတာသူ့အတွက်လည်းဘာမှ အပန်းမကြီးသည့်အလုပ်တစ်ခုမဟုတ်ပါလား။ ထို့အပြင်သူကိုယ်တိုင်ကလည်း
ဓာတ်ပုံရိုက်ချင်း ကိုနှစ်နှစ်ကာကာစွဲလမ်းသည့်လူတစ်ယောက်ဆိုတော့ သူ့အတွက်လည်း အာသာပြေ
ရာရောက်ပါသည်။ သီဟကကျေနပ်သွားဟန်ဖြင့်ပြုံးကာ စားပွဲပေါ်ရှိ Cocktail ခွက်ကလေးကို ကောက်ကာ
သူ့ကိုလှမ်း ပေးသည်။
“Cheer!!
”
“Cheer!!
”
ထို့နောက်နှစ်ဦးသား
ယမကာတွေကိုမော့ချလိုက်ပါသည်။ နှင်းမြူများကတော့ပြင်ပတွင်ပို၍ထူလာသည်။ ဤညတွင်မိုးများရွာလေမလားဟုသူစိုးရိမ်မိသွားသည်။
စွတ်စိုထိုင်းမှိုင်းမှုက ပြတင်းပေါက်ကိုအုံ့မှိုင်းလာစေသည်။ ဖားပြုပ်တစ်ကောင်၏၀မ်းဗိုက်အိုးကို
မှန်ပေါ်မှာဖြန့်ကြတ်ထားသကဲ့သို့ မြူများကလေထဲတွင်မိုးရာသလိုအုံ့ဖွဲ့နေသည်။ ပြတင်းတံခါးအပြင်ဘက်ရှိညမှာ
အတိုင်းအဆမရှိ၊ ထိုညမှာအဆုံးအဆမဲ့ အကွာအဝေးထဲမှာ ရစ်ပတ်နေသည်။
အခန်း(၃)
မျှော်လင့်ချက်ဆိုတာလူသားတစ်ယောက်ရဲ့
အိမ်မက်တစ်ခုပဲမဟုတ်ပါလား။ အဲ့ဒီမျှော်လင့်ချက်ဆို တဲ့ရောင်ခြည်လေးနဲ့ပဲလူသားတော်တော်များများဟာ
အသက်ရှင်ရပ်တည်နေတာပါ။ သူ့အတွက် မျှော်လင့်ချက်ကလေးကတော့ ရင်ဘတ်ထဲမှာကိန်းအောင်းစပြုလာပါသည်။
သို့သော် သူကိုယ်တိုင် ထိုမျှော်လင့်ချက်ကလေးကို အမှန်တကယ်ဖြစ်လာစေဖို့ ဆုမတောင်းရဲပါ။
တကယ်လို့များ တစ်ခုခု လွဲချော်သွားခဲ့သည်ဖြစ်စေ သူထင်ထားသလိုသူမျှော်လင့်ထားသလိုဖြစ်မလာခဲ့သည်ဖြစ်စေ
ခံနိုင်ရည်ရှိအောင်လို့ မိမိကိုယ်ကိုသိပ်ပြီး ဖိအားတွေသူမပေးချင်ပါ။ ဘာပဲပြောပြော လောကကြီးမှာ
အရာအားလုံးကိုပေါ့ပေါ့ပါးပါးလေးဖြင့်သာရင်ဆိုင်သွားချင်သည်။ သူ့ကြောင့်မည်သူတစ်ဦးတစ်
ယောက်ကိုမျှတစ်စုံတစ်ခုထိခိုက်နစ်နာသွားတာမျိုးမဖြစ်စေချင်သလို မည်သူတစ်ဦးတစ်ယောက်
ရဲ့ထိခိုက်မှုကြောင့်မှလဲ သူ့အတွက်တစ်စုံတစ်ရာထိခိုက်နစ်နာသွားတာမျိုးသူမလိုချင်ပါ။
ဒါကတော့ သူ့ရဲ့လောကကြီးအပေါ်ထားရှိတဲ့ တရားမျှတတဲ့နိယာမတစ်ခုပါ။
နေလုံးကြီးသည်သူ့တာဝန်ပြီးဆုံးတော့မည့်အချိန်သို့
ရောက်ရှိလာတော့မည့်အချိန်ထိတိုင် သူတတ်စွမ်းသမျှအလင်းစွမ်းအားတွေနဲ့လောကကြီးကို အကျိုးပြုနေပါသေးသည်။
ထိုနေလုံးကြီး ထံမှစူးရှဆဲနေရောင်ခြည်တွေဟာ ပတ်ဝန်းကျင်တစ်ခုလုံးကိုပတ်ဖျန်းနေဆဲပါ။
လူတစ်ဦးတစ် ယောက်ချင်းဆီအတွက်သီးသန့်ရပ်တည်နေတာမျိုးမဟုတ်ပေမယ့် ဒီလောကကြီးတစ်ခုလုံး
ကိုအလှဖော်ဆောင်ပေးနေတဲ့လောကကြီးရဲ့ သာယာလှပမှုတွေကိုသူခံစားနေမိသည်။
သူ့ရဲ့အကြည့်တွေကို
အဝေးတစ်နေရာသို့လှမ်းကြည့်မိလိုက်သည့်အခါ မြက်ခင်းပြင်ပေါ်တွင်ပြေး လွှားနေသောကလေးငယ်များကိုတွေ့ရသည်။
သူ့စက်ဘီးကယ်ရီယာတွင်ပါလာသော ရေဘူးလေး ကိုထုတ်ကာတစ်ကျိုက်မျှမော့လိုက်သည်။ ထို့နောက်နားတွင်တပ်ထားသော
နားကြပ်ကလေးကို ပြန်ဖြုတ်ကာ သူ့ကျောပိုးအိတ်ထဲသို့ပြန်ထည့်လိုက်ပါသည်။ ထို့နောက်ကျောပိုးအိတ်ကို
စက်ဘီး လက်ကိုင်တွင်ခဏချိတ်ထားလိုက်သည်။
“ရောက်နေတာကြာပြီလား
မိုးည”
အသံကြောင့်သူလှည့်ကြည့်လိုက်သည်။
သီဟရောက်လာပြီကိုး။
“ဆိုပါတော့
ဒါနဲ့မင်းကဘာလို့နောက်ကျနေတာလဲ”
သီဟကသူ့လက်ထဲမှဘောလုံးကိုဆော့ကစားနေသည်။
“သူငယ်ချင်းတွေကိုကစားဖို့သွားခေါ်တာလေ
တစ်ကောင်မှပါမလာဘူး ဆော်နဲ့ချိန်းထားလို့တဲ့”
သီဟကသူ့ကိုမကြည့်ပဲဘောလုံးကိုသာဆက်ပုတ်နေပါသည်။
သူ့လည်ပင်းတွင်လွယ်ထားသော ကင်မရာကိုကိုင်လိုက်ပြီး သီဟကိုချိန်ရွယ်လိုက်ကာ သီဟ ဟုခေါ်လိုက်သည်။
သီဟကမော့ကြည့် လာသည့်အခါ သူဖြတ်ကနဲ့ရိုက်လိုက်သည်။
သူရိုက်လိုက်တာတွေ့တော့
သီဟကသွားကလေးတွေပေါ်အောင်ရယ်ပြပါသည်။ လက်ထဲတွင်ဘောလုံးကလေးနှင့်သူ့ကိုရယ်ပြနေသော သီဟပုံစံကဘယ်လိုလေးချစ်ဖို့
ကောင်းနေမှန်းမသိပါ။ သူသီဟကိုဆက်ပြီးလေးငါးပုံလောက်ရိုက်လိုက်ပါသည်။ သူရိုက်ပြီးသွားသောအခါ
ပုံလေးတွေကို ပြန်ကြည့်ရင်းကျေနပ်သွားသည်။ သီဟကဘောလုံး ကိုကိုင်ကာသူ့အနားသို့ရောက်လာသည်။
“ဘယ်လိုလဲ
လှလား”
သူသီဟကိုမပြပဲကင်မရာကိုချလိုက်သည်။
သီဟကနှာခေါင်းရှုံ့သွားပါသည်။
“ပြဦးလေဗျာ
ကြည့်ချင်တာပေါ့”
ထိုအခါသူသဘောကျစွာရယ်လိုက်မိသည်။
ထို့နောက်ကင်မရာကိုပြန်ဖွင့်ကာပုံတွေကို သီဟကိုတစ်ပုံချင်းပြလိုက်သည်။ သီဟကသူ့ပုံတွေကို
သဘောကျနေသည်။
“ရိုက်ချက်တွေကတော့
မိုက်တယ်နော် Professional ဆရာတွေအရှုံးပေးရလောက်တယ်”
“ကင်မရာကောင်းလို့ပါကွာ
”
“ကဲလာ
ဘောလုံးကစားရအောင်….”
သီဟကဘောလုံးကိုမြေပေါ်သို့ပုတ်နေရင်းသူ့ကိုပြောသည်။
နေရောင်ခြည်လေးကတော့ ဖျော့တော့တော့လေးဖြစ်သွားသည်။ သူခေါင်းညိတ်ပြလိုက်ပြီး ကင်မရာကိုလည်ပင်းမှချွတ်ကာ
လွယ်အိတ်ထဲသို့ပြန်ထည့်လိုက်သည်။ ထို့နောက်သူ့အပေါ်အင်္ကျီဂျာကင်ကိုချွတ်ကာ သီဟဆီသို့ လျှောက်လာခဲ့သည်။
သီဟကဘောလုံးကိုခြင်းထဲသို့အဝေးမှလှမ်းပစ်ထဲ့နေပါသည်။ သီဟပစ်လိုက်သောဘောလုံးပြန်ကျလာသောအခါ
သူသွားကောက်ယူလိုက်ကာ ခြင်းထဲသို့ လှမ်းပစ်ထဲ့လိုက်ရာ…… ဘောလုံးကကွတ်တိဝင်သွားလေသည်။
“၀ိုး…….
မဆိုးဘူးပဲ”
သီဟကချီးမွန်းစကားဆိုနေသည်။
ဘောလုံးပြန်ကျလာသောအခါ သူပြန်ကောက်လိုက်ကာ သီဟကိုတစ်ချက်ကြည့်လိုက်သည်။
“မဆိုးဘူးဆိုရင်လာလုလေ….လာပါ….”
သူသီဟစိတ်ကိုဆွပေးလိုက်သည့်အခါ
သီဟမျက်နှာကမချိုမချဉ်လေးဖြစ်သွားကာ သူ့ကိုဘုကြည့် ကြည့်ပါသည်။ ထို့နောက် သူ့ဆီသို့ရောက်လာကာ
ဘောလုံးကိုလုဟန်ပြင်သည်။
သူဘောလုံးကိုကျွမ်းကျင်စွာမြေပြင်ပေါ်တွင်ပုတ်ကာ
သီဟကိုစနေသည်။ သီဟကလက်လှမ်းပြီး လုမည်ပြင်သည့်အခါ ဘောလုံးကိုတစ်ချက်ခပ်ပြင်းပြင်းပုတ်ကာအနောက်သို့လှည့်ပြီးရှောင်လိုက်
သည်။ သီဟကဘောလုံးမရလိုက်သဖြင့် ကျိတ်မနိုင်ခဲမရဖြစ်သွားဟန်ရှိသည်။ ထို့နောက်သူ့ဆီက
ဘောလုံးကိုမရမကအတင်းဝင်လုပါတော့သည်။ သူသီဟကိုတမင်စချင်နေသဖြင့် ဘောလုံးကိုခြင်း ထဲသို့မထဲ့သေးပဲ
ကွင်းထဲတွင်ပတ်ကစားနေပါသည်။ သီဟရောသူရောချွေးတွေစီးကျလာပါသည်။
ညနေနေ၀င်ရီတရောအချိန်
ကွင်းပြင်ထဲတွင်လည်းလူပါးလာကာစအချိန် ငှက်အချို့ဟာလည်း အိပ်တန်းပျံနေကြသည့်အချိန် လောကကြီးမှာလဲအလင်းရောင်ဖျော့ဖျော့လေးသာကျန်တော့
သည့်အချိန်တွင် သံစဉ်တစ်ပုဒ်ကိုတယောထိုးနေရသလိုရင်ခုန်သံတွေက ညင်သာနေခြင်းမျိုး တော့မဟုတ်ပါ။
မောဟိုက်နေသောခပ်ပြင်းပြင်းအသက်ရှူသံတွေကြား
နဖူးချွေးစက်တွေနှင့်အတူ သူ့ရင်ထဲတွင် တော့ကြည်နူးမှုတွေက အပြည့်အ၀နေရာယူထားပါသည်။
ဘောလုံးကို သီဟပေါင်ကြားထဲသို့ ပုတ်ထဲ့လိုက်ပြီး အနောက်ကနေသူကရအောင်ပြန်ဖမ်းလိုက်သောအခါ
သီဟကမျက်စိလည်သွား ဟန်ရှိသည်။
“မိုးညဘတ်စ်ကတ်ဘော
ကစားတာလဲမတွေ့ပါဘူး ကျွမ်းလှချည်လား”
သူတိတ်တိတ်လေးကျိတ်ပြုံးမိသည်။
သူပြောင်းလာခဲ့သည့်ကျောင်းတွင် သူသည်ဘတ်စ်ကတ် ဘောလက်ရွေးစင်အားကစားသမားတစ်ယောက်ဆိုတာ
သီဟလေးတစ်ယောက်မသိလေရောသ လား။
ဘောလုံးကိုခြင်းထဲသို့လှမ်းပစ်ထဲ့လိုက်ပြီး
ခဏအမောဖြေလိုက်ကာ သီဟကိုရယ်ပြလိုက်သည်။ သီဟတော်တော်မောနေဟန်ရှိပါသည်။
“ငါလဲပြောင်းခဲ့တဲ့ကျောင်းမှာ
ကစားလေ့ရှိတယ်ကွ ဒီရောက်မှအဖော်မရှိလို့မကစားဖြစ်တာ”
သီဟကပြန်ကျလာသောဘောလုံးကိုကောက်ကာ
နှစ်ချက်သုံးချက်လောက်မြေပြင်ပေါ်တွင် ပုတ်ကာ ခြင်းထဲသို့လှမ်းပစ်ထဲ့လိုက်ပြန်ပါသည်။
“ဒါနဲ့များပြောပြောကစောရင်ပြီးရော
ကစားဖော်အဖြစ်ကျွန်တော့်ကိုသတ်မှတ်လိုက်တော့”
သူ့စိတ်ထဲမှာတော့အေးပါကလေးရယ်ဟုသာပြောလိုက်မိသည်။
မိနစ်နှစ်ဆယ်လောက်ကစား ပြီးသောအခါ သီဟကရေဆာသည်ဆိုသဖြင့် သူ့စက်ဘီးမှရေဘူးကိုပေးလိုက်သည်။
သီဟက ရေတွေကိုအငမ်းမရသောက်ပစ်လိုက်သည်။
“ဟေ့
ငါဖို့ချန်ထားဦးလေ”
သီဟကရေကိုဆက်မော့နေသေးသဖြင့်
သူရေဘူးကိုလှမ်းလုလိုက်သည်။ တော်သေးသည် ရေကနှစ်ငုံစာလောက်သာကျန်တော့သည်။ အလုမြန်လို့သာပဲ။
သူသီဟကိုမျက်စောင်းတစ်ချက်ထိုးလိုက်ပြီး
ဘူးထဲတွင်ကျန်နေသည့်ရေတွေကိုမော့လိုက်ပါသည်။ မိုးကလည်းတဖြေးဖြေးချုပ်လာပြီဖြစ်ပြီး
ကွင်းပြင်ထဲတွင်လည်းလူတွေမရှိသလောက် နည်းပါးသွား သည်။ မှောင်ရီပျိုးနေပြီဖြစ်သောကြောင့်
သူတို့ပြန်ရန်ဆုံးဖြတ်လိုက်သည်။
“ပြန်ရအောင်သီဟ”
သီဟကခေါင်းညိတ်ပြသည်။
သူ့စက်ဘီးလက်ကိုင်ပေါ်မှဂျာကင်ကိုပြန်ထပ်ဝတ်လိုက်ပြီးလွယ်အိတ်ကိုကျောတွင်
ပြန်လွယ်လိုက် သည်။ သီဟကသူ့စက်ဘီးအနောက်မှ အနည်းငယ်တွန်းပေးပြီးအရှိန်ရလာသောအခါ အနောက်မှမတ်တပ်ရပ်ပြီး
စီးလိုက်လာသည်။ သူကအရှေ့မှစက်ဘီးကိုအားဖြင့်နင်းကာ ကတ္တရာလမ်းမကြီးအတိုင်း ထိန်ထိန်သာနေသောလမ်းမီးများကြားတွင်
မောင်းနှင်လာခဲ့သည်။ သီဟကသူ့ပုခုံးကိုလက်တစ်ဖက်ဖြင့်ကိုင်ထားပြီး တစ်ဖက်မှဘောလုံးကိုကိုင်ကာအနောက်မှ
လိုက်ပါလျှက်ရှိသည်။ လေပြေလေးညှင်းလေးတွေက လမ်းမကြီးဘေးရှိသစ်ပင်တစ်ချို့ကို လှုပ်ခတ်သွားစေပြီး
သူတို့နှစ်ယောက်ရှိ ဆံပင်စတွေကို တလှိမ့်လှိမ့်ဖြစ်အောင် ကျယ်စယ်သွား ကြသည်။ ဒီညသူ့အတွက်အိမ်အပြန်လမ်းသည်
သာယာချိုမြိန်ခြင်း ချစ်ခြင်းရနံ့များစွာဖြင့် ပြည့်နှက်လျက် ပီတိဖြစ်နေစေတော့သည်။
အခန်း(၄)
အိမ်ပြန်ရောက်သောအခါသူ့စက်ဘီးကို
ခြံစည်းရိုးဘေးတွင်ရပ်တန့်လိုက်ပြီး အိမ်ထဲကိုဝင်လိုက် သည်နှင့်အထဲတွင်ဖခင်ဖြစ်သူကသူ့ကိုစောင့်ဆိုင်းနေသည်ကိုတွေ့ရသည်။
“ဘယ်ကိုသွားနေတာလဲသား”
သူ့လွယ်အိတ်ကိုဆိုဖာပေါ်တင်ရင်း
အဖေ့နားဝင်ထိုင်လိုက်ပါသည်။
“ဘတ်စ်ကတ်ဘောသွားကစားနေတာ”
“ထမင်းပြင်ထားတယ်သား
သွားစားချေတော့”
အဖေနှင့်သူနှင့်စကားပြောနေစဉ်
အကိုဖြစ်သူကအပြင်ကပြန်ရောက်လာသည်။ မိုးည၏အကို မိုးခက ရေခဲသေတ္တာနားသို့သွားကာအထဲမှအချိုရည်ဘူးတစ်ဘူးကိုဖောက်သောက်လိုက်သည်။
ထို့နောက်နောက်ထပ်တစ်ဘူးယူက မိုးညကိုလာပေးသည်။
“ကဲထမင်းစားကြမယ်
မိုးညစားပြီးပြီလား”
“မစားရသေးဘူး”
“အဖေရော”
“အဖေလည်းမစားရသေးဘူး”
“ဒါဆိုဘာလုပ်နေတာလဲ
လာလေအတူတူစားကြမယ်”
အဖေကအကို့ကိုစောင့်နေဟန်ရှိပါသည်။
အကိုရောက်လာပြီဆိုတော့ သူတို့သားအဖသုံးယောက် အတူတူထမင်းစားခန်းထဲသို့ရောက်လာကြသည်။
မှောက်ထားသောပန်းကန်တွေ ကိုပြန်လှန်လိုက် ရင်း အဖေနဲ့အကိုဖြစ်သူကိုထမင်းတွေခူးပေးလိုက်သည်။
မိုးခကမီးဖိုပေါ်တွင်တင်ထားသော ဟင်းရည်အိုးထဲမှဟင်းရည်တွေကို ပန်းကန်လုံးကြီးထဲသို့သွန်ထဲ့လိုက်ကာ
စားပွဲပေါ်သို့ယူလာ သည်။ ဟင်းတစ်ချို့ကိုမိုးညက သူ့အဖေထံဦးချလိုက်၏။
“အကြီးကောင်အခုတလော
မင်းအတန်းမှန်မှန်မတက်ဘူးဆိုဘာတွေလုပ်နေလဲ”
မိုးခက
အဖေဖြစ်သူစကားကြောင့် မိုးညကိုစိုက်ကြည့်သည်။ ဘာတွေချွန်ထားပြန်ပြီလဲဟူသော အကြည့်ဖြစ်သည်။
“ငါဘာမှပြောမထားဘူးနော်”
“အကြီးကောင်အဖေမေးတာဖြေ
မင်းကိုဆိုင်ကယ်တစ်စီးနဲ့လမ်းမမှာတွေ့တွေ့နေတယ်လို့ အဖေကြားတယ်။ မင်းဘာတွေလုပ်နေတာလဲ
ဘယ်သူ့ဆိုင်ကယ်တွေလျှောက်စီးနေတာလဲ”
မိုးခကထမင်းတွေကိုပလုပ်ပလောင်းစားရင်
အဖေဖြစ်သူစကားကိုချက်ချင်းမဖြေသေးပဲ အရေးမကြီး သည့်ဟန်လုပ်နေသည်။
“အဖေကလည်းဆိုင်ကယ်စီးတာလောက်နဲ့ဘာမှမဖြစ်လောက်ပါဘူး”
သူကဝင်ပြောလိုက်သောအခါ
မိုးခကထမင်းတွေပလုပ်ပလောင်းဖြင့် သူ့ကိုထောက်ခံသည်။
“ပြောလိုက်စမ်းပါ
အချစ်ဆုံးညီလေးရာ”
“ကဲ…..
စားစား….”
မိုးညစကားကြောင့်အဖေဖြစ်သူကဘာမှမပြောတော့ပဲ
ထမင်းကိုသာဆက်စားရန်ပြောသည်။ သူတိုကသားအဖတွေစားပြီးသောက်ပြီးသွားသောအခါ မိုးညကစားပြီးသားပန်းကန်တွေကို
ဆေးကြောပြီး ခြောက်အောင်ပုဝါဖြင့်သုတ်ကာ ပန်းကန်စင်ပေါ်သို့ပြန်စီထားလိုက်သည်။ အဖေ ဖြစ်သူကထမင်းစားစားပွဲတွင်
ထိုင်နေကာရေနွေးထိုင်သောက်နေရင်း ရေဒီယိုလေးကို ဖွင့်နား ထောင်နေသည်။ မိုးခကတော့ဆိုဖာပေါ်ပြန်
ရောက်သွားပြီTV ကြည့်နေပါသည်။
အဖေဖွင့်သောရေဒီယိုမှ
မိုးလေဝသသတင်းများကိုကြေညာနေပါသည်။ သူတို့မြို့လေးတွင်း အအေးချိန်မြင့်တက်ပြီး 10ဒီဂရီစင်တီကရိတ်အောက်သို့ကျရောက်နိုင်ကြောင်းကြေညာ
နေသည်ကိုကြားနေရသည်။ ထို့အပြင်မြူနှင်းများကျဆင်းမှုကြောင့် အချို့နေရာတွင် ကားလမ်း
ပိတ်သည်အထိဖြစ်ပွားနိုင်ကြောင်းနှင့် အပြင်ထွက်လျှင်အဝတ်အထည်များလုံလုံခြုံခြုံဝတ်သွားရန်
အသိပေးနေသည်။
ခဏကြာတော့
TV ကြည့်နေသောမိုးခက ဆိုဖာပေါ်မှထကာ ဖုန်းပြောနေရင်း အပေါ်ထပ်သို့တက် သွားကြောင်းတွေ့ရသည်။
ပန်းကန်တွေစီလို့ပြီးသွားသောအခါ သူ့လက်တွေကိုပုဝါဖြင့်သုတ်ပြီး မီးဖိုခန်းထဲမှထွက်လာခဲ့သည်။
“တီ….တီ…..”
သူ့ရဲ့ဖုန်းထဲမှ
Massage tone အသံလေးဖြစ်သည်။ ထမင်းစားစားပွဲပေါ်တွင် သူတင်ထားခဲ့ခြင်း ဖြစ်သဖြင့် မီးဖိုခန်းထဲသို့ပြန်ဝင်လာလိုက်တော့
အဖေကသူ့ဖုန်းလေးကိုယူပြီးပြီးပေးသည်။
“သိုင့်စ်”
အဖေ့ဆီမှဖုန်းကိုယူလာခဲ့ပြီး
Massage ကိုဖွင့်ဖတ်လိုက်သောအခါ သီဟဆီမှဖြစ်နေသည်။
“ဘာတွေလုပ်နေလဲ”
ဟုရေးထားသည်။
သူက
“အခုမှထမင်းစားပြီးတာ
မင်းကောဘာတွေလုပ်နေလဲ”
ဟုစာပြန်လိုက်သည်။ သီဟဆီမှပြန်စာမလာတော့သဖြင့် သူဖုန်းကိုဘောင်းဘီအိတ်ကပ်
ထဲသို့ပြန်ထည့်လိုက်ပါသည်။ ထို့နောက်အပေါ်ထပ်ရှိသူ့အခန်းဆီသို့ပြန်တက်လာခဲ့သည်။ သူ့အဖေက
ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ရန်ကုန်မှပြောင်းလာကျခြင်းဖြစ် သည်။ ယခုမြို့လေးရှိဆည်မြောင်းတည်ဆောက်ရေးတွင်
အဓိကတာဝန်ယူဆောင်ရွက်နေရ သောအင်ဂျင်နီယာကြီးတစ်ယောက်ဖြစ်ပါသည်။ သူတို့တွင်မိခင်မရှိတော့သည်မို့
အဖေနှင့်အတူ သူတို့ညီအကိုနှစ်ယောက်လည်းပြောင်းလာခဲ့ရသည်။ ရန်ကုန်သားတွေမို့ ရှမ်းပြည်နယ်ရောက်
သောအခါ အအေးဒဏ်ကိုအလူးအလိမ့်ခံရသည်။
အပေါ်ထပ်သို့ရောက်သောအခါ
ကော်ရစ်တာအတိုင်း လျှောက်လာခဲ့ပြီး သူ့အကို၏ အခန်းနားရောက်သောအခါ တံခါးအနည်းငယ်ဟနေသဖြင့်
လှမ်းချောင်းကြည့်လိုက်ရာ ဖုန်းပြောနေဆဲပင်ဖြစ်သည်။ သူတံခါးပေါက်မှနေ၍
“ဘယ်သူနဲ့ဖုန်းပြောနေတာလဲ”
ဟုလှမ်းအော်လိုက်ရာ
မိုးခကလန့်သွားဟန်ရှိပြီးသူ့ကို ခေါင်းအုံးဖြင့်လှမ်းပေါက်ပါသည်။ သူသဘောကျစွာရယ်မောလိုက်ပြီး
သူ့အခန်းထဲသို့ဝင်လာခဲ့သည်။ အခန်းထဲရှိပြတင်းပေါက် များကိုဖွင့်လိုက်သောအခါ ပြင်ပမှအေးစက်နေသောလေတွေက
ဝင်ရောက်လာသည်။ ထို့ကြောင့် ပြတင်းပေါက်ကိုပြန်ပိတ်လိုက်ပြီး ကုတင်ပေါ်သို့လှဲချလိုက်သည်။
သူ့ဖုန်းကလေးကိုပြန်ထုတ်ပြီး ကြည့်သောအခါ သီဟဆီမှ Massage ကရောက်မလာသေးပါ။
သူဘာကြောင့်များသီဟဆီကစာကိုမျှော်နေမိတာပါလိမ့်။
သက်ပြင်းတစ်ချက်ချလိုက်ရင်း ဖုန်းကိုဘေးမှာချကာ နဖူးပေါ်လက်တင်ထားလိုက်သည်။ သူကြားဖူးတာရှိသည်။
လူတစ်ယောက်က လူတစ်ယောက်ကိုချစ်မိသွားပြီဆိုရင် ဘယ်ဖက်ရင်အုံနေရာကနေ ဒိတ်ဒိတ် ဒိတ်ဒိတ်နှင့်
မြည်လာ တတ်သည်တဲ့။ ထိုအရာကို ရင်ခုန်ခြင်းဟုခေါ်ပြီး မိမိချစ်တဲ့လူရှေ့ရောက်လျှင် ထိုရင်ခုန်သံများက
ပိုမိုမြန်ဆန်လာတတ်သည်ဟုဆိုသည်။
သူယောင်ရမ်းပြီးရင်ဘတ်ကလေးကိုစမ်းကြည့်သောအခါ
နှလုံးကပုံမှန်ခုန်ပြီး အနည်းငယ်နွေးနေ သည်။ထိုစဉ်သူဖုန်းထံမှ Massage tone အသံကမြည်လာသည်။
သူချက်ချင်းပဲကောက်ဖတ်လိုက် သည်။
“မနက်ဖြန်ကျောင်းပိတ်တယ်
ငါးသွားမျှားမယ်လိုက်မလား”
Massage
လေးကိုကြည့်ပြီးပြုံးလိုက်မိသည်။
အခန်း(၅)
နေရာင်ကသစ်ပင်များသစ်ရွက်သစ်ကိုင်းများကြားများ
ကတ္တရာလမ်းမကြီးပေါ်သို့ ဖြာကျနေသည်။ ညီညာဖြောင့်ဖြူးနေသော ကတ္တရာလမ်းမကြီးကမဲနက်နေပြီး
နဘေးတွင်အစီအရီပေါက်နေသော သစ်ပင်များနှင့် ယူကလစ်တောကြီးရှိသည်။ ဤကတ္တရာလမ်းအတိုင်းအဆုံးထိသွားပါက
အားကစား ပြုလုပ်သည့်ကွင်းပြင်ကျယ်သို့ရောက်ရှိသွားမှဖြစ်ပြီး ထိုကွင်းပြင်၏အနောက်တည့်တည့်
သို့ဆက် သွားပါက ကြံခင်းတစ်ခုရှိပြီး ထိုကြံခင်းကိုကျော်လွန်ကာ တောင်ဆင်းလမ်းအတိုင်းဆင်းသွားပါက
သူတို့တစ်မြို့လုံးကို ပတ်ပြီးစီးဆင်းနေသည့် မြစ်တစ်ခုရှိသည်။ ထိုမြစ်ရေသည် စိမ်းစိုနေသော
တောင်ကုန်းတွေကြားမှာ စီးဆင်းနေတာဖြစ်ပြီး မြစ်ရေမှာများသောအားဖြင့်စိမ်းနေသည်။
ရူးရူးမိုက်မိုက်ဂီတသံစဉ်တွေကိုသူစွဲလန်းသလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကောင်းတဲ့အတွေ့
အတွေ့ကြုံသစ်တွေကိုလည်းသူနှစ်သက်ပါသည်။ ဒါဟာ သူ့ဘ၀တွင်ပထမဦးဆုံးအကြိမ် လူတစ်ယောက်
အပေါ်အလေးနက်ထားမိခြင်းနှင့်စိတ်ဝင်စားမိခြင်းပါ။ သီဟရဲ့အပြုံးလေးကိုမြင် တိုင်းသူ့စိတ်ထဲအလိုလိုအေးချမ်းသွားရသည်ချည်းသာ။
သီဟတွင်မည်သူ့တွင်မှမရှိသည့် နှစ်လိုဖွယ်ကောင်းသည့် နူးညံ့တဲ့အပြုံးလေးတွေရှိသည်။ သူကလည်း
ထိုအပြုံးလေးတွေကိုမြင် လိုက်တိုင်း ရူးသွပ်သမလိုဖြစ်သွားတတ်ပြီး အချိန်ရှိတိုင်း ထိုအပြုံးလေးတွေကိုသတိရနေတတ်ပါ
သည်။
တကယ်လို့လောကကြီးကသူ့ကိုသက်ညှာသောအားဖြင့်
သိမ်မွေ့တဲ့အချစ်ကဗျာတစ်ပုဒ်ကိုရေး စပ်ပေးခဲ့မယ်ဆိုရင် သူအတိုင်းမသိဝမ်းသာမိမှာဖြစ်သည်။
ထိုသို့သူ့အတွက်သီးသန့်ဖန်တီး ထားသည့်အချစ်ဆိုတဲ့ကဗျာလေးကို သူအမြတ်တနိုးနဲ့ တန်ဖိုးထားချစ်မိမှာဖြစ်သည်။
အချစ်အ တွက်ဆိုသူဘာတွေပဲပေးဆပ်ရပေးဆပ်ရ သူတွန့်တိုနေမိမှာမဟုတ်ပါ။ သူဟာသိပ်ရက်ရောလွန်း
သူတစ်ယောက်မဟုတ်ပေမယ့်နှလုံးသားရဲ့အလိုကိုတော့လွန်ဆန်နိုင်လောက်အောင် အသည်းမာ သူတစ်ယောက်မဟုတ်ပါ။
လမ်းကလေးအတိုင်း
သူစက်ဘီးကိုအားစိုက်ပြီးနင်းလာခဲ့သည်။ တဖြူးဖြူးတိုက်နေသောလေ များက သူ့ဆံနွယ်များကို
လှုပ်ရှားနေစေသည်။ ထိုစဉ်သူ့အနောက်မှစက်ဘီးဘဲလ်တီးသံကြား လိုက်ရသည်။
“ကလင်……ကလင်…..”
သူလှည့်ကြည့်လိုက်သောအခါသီဟဖြစ်နေပါသည်။
သီဟကဟိုတစ်နေ့က ဘတ်စ်ကတ်ဘော ကစားရင်းဝတ်သည့် အင်္ကျီလေးကိုအထဲတွင်ခံထားပြီးအပြင်မှဂျင်းဂျတ်ကတ်ကိုဝတ်ဆင်ထား
သည်။ သူစက်ဘီးကိုအရှိန်လျော့လိုက်သောအခါ သီဟကသူ့ကိုမှီလာပါသည်။ သူ့အနားသို့ ရောက်သောအခါသူ့စက်ဘီးကယ်ရီယာခံကိုခြေထောက်ဖြင့်လှမ်းထောက်လိုက်သည်။
“ဟဲ
ဟဲးအရှေ့ကနင်း”
သီဟကအပါးခိုမည့်ဟန်ပါ။
သူ့ကိုရှေ့မှနင်းစေပြီး သီဟကအနောက်က ခိုလိုက်မည့်ပုံဖြစ်သည်။ ထို့ကြောင့် သူရုတ်တရက်စက်ဘီးကိုဆောင့်နင်းလိုက်သောအခါ
သီဟခြေထောက်မှပြုတ်ပြီး ကျန်ခဲ့သည်။ သူအနောက်ကိုတစ်ချက်ကြည့်ရင်း တဟားဟားရယ်ကာ အရှေ့သို့ဆက်ဘီးကို
စက်နင်းသွားခဲ့သည်။
သီဟကအနောက်မှ
သူ့ကိုအမှီလိုက်နင်းလာပါသည်။ တစ်နေရာသို့ရောက်သောအခါ သီဟက ယူကလစ်တောထဲသို့စက်ဘီးကိုဖြတ်မောင်းသွားသဖြင့်
သူ့စက်ဘီးကိုဘရိတ်အုပ်လိုက်ရသည်။
“သီဟဒီအရှေ့ဖက်ကသွားရမှာမဟုတ်ဘူးလား”
“ဟား….ဟား…….
ဒီဖက်ကပိုနီးတယ်”
သီဟကပြောပြောဆိုဆိုဖြင့်သူ့ကိုမစောင့်ပဲ
စက်ဘီးကိုမြေနီလမ်းအတိုင်းယူကလစ်တောထဲသို့ နင်းဝင်သွားသဖြင့် သူ့စက်ဘီးကိုခေါင်းပြန်ကွေ့ကာသီဟအနောက်သို့လိုက်နင်းလာခဲ့သည်။
သီဟကသူ့ရှေ့မှစက်ဘီးကိုဒရောသောပါးနင်းသွားပြီး ယူကလစ်တောထဲသို့ ဝင်ရောက်ပျောက် ကွယ်သွားသည်။
သူအနောက်မှစက်ဘီးကို သုတ်ချေတင်နင်းပြီးလိုက်ရသည်။ မညီညာသောမြေနီ လမ်းနှင့် သစ်ပင်ချုံနွယ်များထူထပ်များပြားသောကြောင့်
စက်ဘီးနင်းရသည်မှာ လိုသလောက် ခရီးမရောက်ဖြစ်နေသည်။ တစ်နေရာသို့ရောက်သောအခါ သီဟကသူ့ကိုစောင့်နေသည်ကို
တွေ့ရသည်။
“လာဟေ့
ဒီကုန်းဆင်းပြီးရင်ရောက်ပြီ”
သီဟစကားကြောင့်သူအရှေ့သို့လှမ်းကြည့်လိုက်သောအခါ
မြေနီလမ်းကအောက်သို့လျောဆင်း သွားပြီး မြစ်ရှိရာသို့ဦးတည်နေကြောင်းတွေ့ရသည်။ သို့သော်မြေနီဆင်းလမ်းမှာ
အနည်းငယ် မက်စောက်နေသဖြင့် သူနည်းနည်းတော့လန့်သွားသည်။
“ကဲ
မင်းရှေ့ကဆင်း ဖြေးဖြေးချင်းဆင်းနော် ဘရိတ်ကိုသေချာအုပ်”
သီဟကစက်ဘီးကိုအနောက်သို့ဆုတ်ကာ
သူ့ကိုလမ်းဖယ်ပေးသည်။ သူဘာမှပြန်မပြောဖြစ်ပေ စိတ်ထဲမှာတော့ တုန်ချိတုန်ချိဖြစ်နေမိတာအမှန်ပါ။
သို့ပေမယ့်
သီဟရှေ့တွင်တော့ဘာမှမဖြစ်ဟန်ဆောင်ပြီး စက်ဘီးကိုကုန်းဆင်းအတိုင်း စီးချလာ ခဲ့ပါသည်။
သီဟကသူ့အနောက်မှ ဖြေးဖြေးခြင်းဆင်းလိုက်လာပါသည်။ ကုန်းဆင်းကအောက်နား ရောက်ခါနီးလေလေ
မက်စောက်လာလေလေဖြင့်သဖြင့် စက်ဘီးကတဖြေးဖြေးမြန်လာသည်။ အရေးထဲလမ်းကမညီမညာဖြင့် ချိုင့်ခွက်များရှိနေသဖြင့်
စက်ဘီးက တခါတရံတွင် လေပေါ်သို့ ခုန်သွားသေးသည်။ တစ်နေရာအရောက် လမ်းရှေ့တွင်သစ်တုံးကြီးတစ်ခုခံနေသဖြင့်
တစ်ခြား သို့ခေါင်းကိုလှည့်ပြီးမောင်းလိုက်ရာ မထင်မှတ်ပဲစက်ဘီးမှာ လမ်းချော်ပြီးကုန်းဆင်းအတိုင်း
လိမ့်သွားသည်။
ရုတ်တရက်မို့သူ့မျက်စိတွေပြာသွားပြီ
ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားသည်။ သို့သော် သူသတိထားမိသည့်အချိန်အတွင် သူရောစက်ဘီရောရေထဲသို့ရောက်နေပြီဖြစ်သည်။
သီဟကသူ့ကိုစိုးရိမ်စိတ်ဖြင့်
စက်ဘီးကိုမြစ်စပ်အထိမောင်းလာပြီး သူ့ဆီသို့ပြေးလာသည်။
ထို့နောက်ရေထဲတွင်ငူငူကြီးထိုင်နေသော
သူ့ကိုကြည့်နေသည်။ သူလည်းဘာမှမပြောမိ….. သီဟကသူ့ကိုစေ့စပ်စွာကြည့်ပြီး….. ဒဏ်ရာရှိမရှိကြည့်ပြီးနောက်
စိတ်မထိန်းနိုင်သောပုံစံဖြင့် အားရပါးရရယ်တော့သည်။
“ဟီး….ဟီး…….ဟီး………”
သူထိုင်နေရာမှကုန်းထလိုက်ကာ
သီဟကိုရေတွေဖြင့်ပက်လိုက်သည်။
“အား……”
“ဟား…..ဟား….ဟား…….”
သီဟကသူ့ဆီကိုပြေးလာသောအခါ
သူကမြစ်ထဲကိုပြန်ပြေးပါသည်။
“မိုးညအရမ်းမသွားနဲ့နော်
အရှေ့မှာရေစီးသန်တယ် ပါသွားဦးမယ်”
သီဟကလှမ်းအော်လိုက်သောအခါ
သူရှေ့သို့ဆက်မသွားရဲတော့ပဲဖြစ်သွားသည်။ သို့သော် သူသီဟညာတာခံလိုက်ရပါသည်။ သီဟကသူ့ဆီချက်ချင်းပြေးလာပြီး
အပေါ်မှခွကာ သူ့ကိုရေထဲသို့နှစ်ချလိုက်သည်။
“ဗွမ်း……”
“ဟား…..ဟား……”
သူကရေထဲမှနေ၍သီဟခြေထောက်ကိုမပြီး
အပေါ်သို့လှန်ချလိုက်သည်။ သူရောသီဟာရေထဲသို့ ပက်လက်လန်ပြီးကျသွားသည်။ သီဟကသူ့ကိုရေတွေဖြင့်ပက်သည်။
ထိုတခဏတာလေးသည်
သူ့ရင်ထဲကိုအမည်မဖော်နိုင်သော ခံစားချက်အသစ်တွေထည့်သွင်း ပေးလျက်ရှိသည်။ ပျော်ရွှင်စရာတွေနဲ့စီးမြောရင်း
သူ့ရင်ထဲသို့လာရောက်ရိုက်ခတ်နေသော ရင်ခုန်သံလှိုင်းလုံးများက အင်အားပြင်းထန်လှသည်။
ပြင်းထန်လှတဲ့ရင်ခုန်သံတွေကိုထိန်းချုပ် ဖို့သူမကြိုးစားမိတော့ပါ။ ထိုရင်ခုန်သံအတိုင်း
လိုက်ပါလာခဲ့ရင်း အချစ်ရဲ့လှည့်စားမှုတွေက သူ့ကိုမျက်ကန်းတစ်ယောက်ဖြစ်အောင် အရာအားလုံးမသိကျိုးနွံပြုနေစေပြီး
ပြုစားလျက်ရှိသည်။
တကယ်တော့ရင်ခုန်တယ်ဆိုတာချိုမြိန်တဲ့အရာသာပါ အထူးသဖြင့်အချစ်ကြောင့်ဖြစ်တဲ့
ရင်ခုန်သံတွေက ဒဏ်ရာတွေနဲ့လူတစ်ယောက်လုံးကိုမူးမေ့နေစေပြီး အချစ်ရဲ့ခိုင်းစေသမျှကို
မလွန်ဆန်ဝံ့ပဲလိုက်လုပ်နေရသည့် ကျေးကျွန်တစ်ယောက်လိုပါပင်။ ယခုတော့သူလည်းအချစ်ရဲ့ ကျေးကျွန်တစ်ယောက်များဖြစ်သွားလေပြီလား။
အချစ်ဆိုတာကိုသူသည်းသည်းကွဲကွဲမသိပေမယ့် ရင်ခုန်ခြင်းဆိုတာကိုတော့ ကောင်းကောင်းနားလည်ပါသည်။
သူလို့လူပျိုပေါက်စလေးအတွက် အချစ်ဆိုတာသိပ်ကိုထူးဆန်းလွန်းနေတော့ အချစ်ကိုအဓိပ္ပါယ်မဖော်နိုင်တာ
သူ့အပြစ်လို့တော့ မဆိုသာပါ။ လူတွေရဲ့ရူးသွပ်ခြင်းတွေကို သူအချစ်လို့သမုတ်ချင်သည်။ အချစ်ဆိုတာ
ရူးသွပ်ခြင်း တွေကပဲစတင်တာမဟုတ်လား။ အိမ်မက်ဆန်ဆန် ပုံပြင်ဆန်ဆန် စိတ်ကူးယဉ်ဆန်ဆန်
အချစ်ဇာတ်လမ်းမျိုးတွေကို သူသာပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်များကောင်းလိုက်လေ
မလဲ။
ရေတွေစိုနေသောသီဟအ၀တ်အစားတွေမှာ
ကိုယ်ဖြင့်ကပ်နေပြီးထင်းနေသောသီဟကိုယ်လုံးကို တွေ့မြင်နေရပါသည်။ ထို့အတူသီဟဘောင်းဘီမှာ
ရေ၏အလေးချိန်ကြောင့်အောက်သို့အနည်း ငယ်လျောနေပြီး သီဟချက်အစပ်မှမွေးညှင်းလေးတွေကိုမြင်နေရပြီး
ရေစိုနေသောသူ့အသားအ ရည်ကသူ့ကိုဆွဲဆောင်လျက်ရှိသည်။ မြစ်ပြင်ပေါ်သို့လေတစ်ချက်ဖြတ်တိုက်လိုက်သောအခါ
သူတို့နှစ်ယောက်လုံးခိုက်ကနဲ့ဖြစ်အောင် အေးသွားကြပါသည်။
သီဟကရွှဲနေသောသူ့အပေါ်အင်္ကျီတွေကိုလက်မြှောက်ပြီးချွတ်ပစ်လိုက်ကာ
ကမ်းစပ်သို့လှမ်း ပစ်ထဲ့လိုက်သည်။
“မအေးဘူးလား
သီဟ”
သီဟကသူ့ကိုတစ်ချက်ကြည့်သည်။
ထို့နောက်ရေထဲသို့ပြန်စိမ်လိုက်ပြီး….
“ရေထဲစိမ်နေရင်သိပ်မအေးဘူး
ရေပေါ်တက်နေရင်တော့လေတွေတိုက်လို့ အေးတယ်”
သီဟရဲ့လက်မောင်းသားတွေနဲ့
တောင့်တင်းကျစ်လစ်နေတဲ့ခန္ဓာကိုယ်က သူ့ကိုဘာပြောရမှန်း မသိအောင်ကိုပင်ဆွဲဆောင်လွန်းနေပါသည်။
“မိုးညအ၀တ်အစားတွေချွတ်လိုက်လေ
ခဏနေကမ်းပေါ်တက်ပြီးလှမ်းထားရအောင်”
သီဟကပြောပြောဆိုဆိုဖြင့်သူ့အနားသို့ကပ်လာပါသည်။
သူယောင်နနဖြင့် ခါးမှအ၀တ်အစား တွေကိုချွတ်လိုက်သည်။ သီဟကသူနှင့်တစ်ပေအလိုလောက်ထိကပ်လာသည်။
ထို့နောက် သူ့ခန္ဓာကိုယ်ကိုစေ့စပ်စွာကြည့်နေသည်။
ကြာတော့သူပင်ကြက်သီးထချင်သလိုလိုဖြစ်လာသည်။
သီဟကပြုံးစိစိလုပ်ပြီး သူ့ရင်ဘတ်ရှိ နို့သီးခေါင်းကိုလှမ်းကိုင်လိုက်သည်။ ရုတ်တရက်ဆိုတော့သူလန့်သွားသည်။
“ဟား…….ဟား….”
သီဟသူ့ဖြစ်ပုံကိုကြည့်ပြီး
သဘောကျစွာရယ်နေပါသည်။ သူသီဟကိုအရှက်ပြေ ရေဖြင့်လှမ်းပက်လိုက်ပါသည်။
“ကဲငါးမျှားမယ်ဆိုသွားရအောင်
အ၀တ်အစားတွေလည်းလှမ်းရဦးမယ်”
သူ့စကားကြောင့်သီဟကအပိုးသတ်သွားပြီး
ကမ်းစပ်သို့သူတို့နှစ်ယောက်ပြန်တက်လာ ခဲ့သည်။ ကမ်းစပ်တွင်လည်းနေသောသူ့စက်ဘီးကိုပြန်ထူလိုက်ပြီး
သီဟစက်ဘီးနှင့်အတူတူ သွားရပ်ထားလိုက်ကာ သီဟစက်ဘီးတွင်ပါလာသော ငါးမျှားတံများကိုဖြုတ်ယူလိုက်သည်။
သီဟ သူ့ဂျင်းဘောင်းဘီတွေကိုပါချွတ်ပြီး ကျောက်ဆောင်တွေပေါ်တွင်သွားလှမ်းနေသည်ကိုတွေ့
ရသည်။ သီဟကဘောင်းဘီးအရှည်ချွတ်လိုက်သောအခါ အထဲတွင်းအတွင်းခံဘောင်းဘီအတို လေးသာကျန်တော့သည်။
သီဟကအသားဖြူသဖြင့် ထိုအတွင်းခံဘောင်းဘီမိုးပြာရောင်လေးနှင့် လိုက်ဖက်နေသည်။ ထို့အတူသီဟရဲ့ထိုးထွက်နေသောညီဘွားလေးကြောင့်
လဲသူအာခေါင်တွေ ခြောက်ချင်သလိုလိုဖြစ်လာသည်။ သီဟကအ၀တ်တွေလှမ်းပြီးနောက်သူ့ဆီသို့ပြန်လာသည်။
“မိုးညဘောင်းဘီတွေရောချွတ်လိုက်လေ ကျွန်တော်သွားလှမ်းပေးမယ်”
သီဟတောင်းဆိုမှုကြောင့်သူ့ဘောင်းဘီကိုချွတ်လိုက်ကာ
သီဟကိုပေးလိုက်သည်။ သီဟက သူ့ဘောင်းဘီအိတ်ကပ်အတွင်း တစ်ခုခုကိုစမ်းလိုက်ကာ ဘာမှမရှိတော့မှ
စိတ်ချလက်ချဖြစ် သွားဟန်ဖြင့် ကျောက်ဆောင်တွေပေါ်သို့သွားလှမ်းလိုက်သည်။ သီဟကိုသူအနောက်မှငေး
ကြည့်မှ အပေါ်ပိုင်းရင်အုပ်ကျယ်ပြီးစွန့်ကားနေသော ခန္ဓာကိုယ်ကိုသတိပြုမိသည်။ အလွန်ဆွဲဆောင်မှုရှိသော
ခန္ဓာပိုင်ရှင်ပါ။ အနောက်မှတင်ပါးများကလည်း တင်းနေပြီး မို့မောက် နေကာ ပေါင်လုံးများကဖြူဖွေးနေကာ
မွှေးညှင်းလေးများဖြင့်အလွန်ကြည့်လို့ကောင်းပါသည်။
မြစ်ရေသည်တသွင်သွင်စီးဆင်းနေပြီး ထိုမြစ်ရေပေါ်တွင်
ရွှေရောင်နေရောင်က တဖြတ်ဖြတ် လင်းလက်နေပါသည်။ မြစ်ထဲသို့ကျောက်သယ်သည့်စက်လှေများဖြတ်မောင်းသွားတိုင်း
လှိုင်းလုံးငယ်လေးတွေက ကမ်းစပ်ကိုလာရောက်ရိုက်ခတ်လျက်ရှိသည်။ နေရောင်များစူးရှလျက်
ရှိပြီးစက်လှေသံများမှလွဲ၍ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်လျက်ရှိသည်။ သို့သော် တစ်ခါတစ်ရံ
တွင်တော့ အေးစိမ့်နေသောလေတွေက သူတို့နှစ်ယောက်ကိုချမ်းစိမ့်စိမ့်ဖြစ်သွားစေပါသည်။
ငါးမျှားတံနှစ်ချောင်းကို သစ်သားချောင်းများနှင့်ပူးချည်ထားကာ
မြေနုပေါ်တွင်စိုက်ထားပါ သည်။ သူရောသီဟရောရေစပ်ရှိကျောက်တုံးပေါ် တွင်ဆိတ်ငြိမ်စွာ ထိုင်နေကြပြီးအရိပ်အကဲ
ကိုစောင့်ကြည့်နေကြ သည်။
သူ့ဘေးတွင်သီဟရှိနေ၍လားမသိ သူအာခေါင်တွေခြောက်ချင်သလိုလိုဖြစ်လာကာ
ငါးကိုစိတ်မ၀င်စားနိုင်ပဲ သူ့တံတွေးမျိုသံတွေကို သီဟကြားမှစိုးရိမ်နေမိပါသည်။ သီဟကတော့
မည်သည့်စကားမျှမဆိုပဲဆိတ်ငြိမ်နေသည်။ သီဟကိုယ်ပေါ်မှခြောက်ကာစ ရေစက်ကလေးများက ဟိုသည်တစ်စတွေ့နေရပြီး
ခြောက်သွေ့နေသောအရေးပြားတစ်ချို့မှ မြစ်ရေ၏ညစ်ညမ်းမှုကြောင့် ၀ါကျင့်ကျင့်ဖြစ်နေသေည်။
သီဟခန္ဓာကိုယ်မှအနွေးဓာတ်တစ်ချို့က နဘေးတွင်အသားချင်းကပ်လု နီးပါထိုင်နေသောသူ့ကို ကူးစက်လာစေသည်။
ထို့အတူသီဟ၏အသက်ရှူသံတွေကိုလည်း သူကြားနေရသည်။ ဆိတ်ငြိမ်နေသောပတ်ဝန်းကျင်ကပဲ သူ့ကိုပိုပြီးသတိမူနေစေတာလား
တော့သူမသိပါ။
သူကြည့်နေရင်းတန်းလန်းမှာပင် သီဟမျက်လုံးတွေကလေးလံပြီးတဖြေးဖြေးစင်းလာသည်ကို
တွေ့ရသည်။ သီဟအိပ်ချင်နေတာများလား…..
သီဟကဒူးခေါင်းနှစ်ချောင်းပေါ်တွင်မေးကိုတင်ထားသည်။
သီဟမျက်လုံးတွေက ဟိုငေးသလိုလိုသည်ငေးသလိုလိုနှင့် အိပ်စပြုလာပြီဖြစ်သည်။ သိပ္ပံနည်းဖြင့်ဆိုရသော
သီဟအိပ် ချင်နေသည့်အဆင့်မှာ (ဆူညံသံများကြားလျှင်နိုးထနိုင်သောအဆင့်) ဖြင့်အိပ်ပျော်စပြုလာခြင်းဖြစ်
သည်။ သို့သော်….
သီဟကခေါင်းတွေကိုခါရမ်းကာ
တစ်ချက်မျှသန်းလိုက်ပြီး သူ့ကိုတစ်ချက်ကြည့်ကာ…
“မိုးညပေါင်ခဏငှါးလို့ရမလား……”
“ဟင်….”
ရုတ်တရက်မို့သီဟဘာပြောမှန်းသူမသိပါ။
သို့သော် သီဟကဆက်ပြောသည်။
“ကျွန်တော်အရမ်းအိပ်ချင်လာလို့
မိုးညပေါင်ပေါ်မှာခဏလောက်ခေါင်းအုံးပြီးအိပ်ချင်လို့ပါ”
သူ
အင်း ဟုလည်းမဆိုမိပါ။ သို့သော်သီဟအဆိုကို ငြင်းလည်းမငြင်းပယ်မိ။ ဘာပြောရင် ကောင်းမလဲစဉ်းစားနေစဉ်မှာပင်
သီဟကသူ့အဖြေကိုမစောင့်တော့ပဲ သူ့ပေါင်ပေါ်တွင် ခေါင်းဝင်ထိုးကာ အိပ်ပါတော့သည်။ သီဟပါးပြင်လေးနှင့်သူပေါင်သားတို့ထိမိသွားသည့်အခါ
တကိုယ်လုံးဓာတ်လိုက်သွားသလိုခံစားရပြီး သူ့စိတ်တွေထိန်းချုပ်ရခက်လာသည်။ သီဟက သူ့ပေါင်ပေါ်တွင်ခေါင်းအုံးထားရုံမက
သူ့ပေါင်ပြင်ပေါ်သို့လက်တစ်ဖက်ကလည်း တင်ထားသေးသည်။ သီဟမျက်နှာက သူ့အတွင်းခံဘောင်းဘီအစပ်တွင်ရောက်နေပြီး
သူ့ညီဘွားလေးနှင့် အလွန်နီးကပ်နေသည်။
သူ့ကိုချောက်ကမ်းပါးထဲသို့ပစ်ချလိုက်သလိုပါပဲ
ခံစားချက်ကအေးစိမ့်နေသည်။ သီဟ၏အိပ်ပျော် နေသောမျက်နှာလေးကို ငုံ့ကြည့်နေမိရင် ကြည်နူးမှုလေးတွေရင်ထဲမှာဝေသီနေကာ
သူပီတိဖြစ်နေ မိသည်။ ဒီလိုပဲငါ့ပေါင်ပေါ်မှတစ်သက်လုံးအိပ်နေပါလားသီဟရယ်…….
အတန်ကြာသောသီဟအမှန်တကယ်ပင်အိပ်ပျော်သွားပါသည်။
ဘယ်တုန်းကအိပ်ချင်နေမှန်းမသိ သည့်သီဟ အခုသူ့ပေါင်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကိုကြည့်ပြီး
ဂရုဏာသက်မိကာ သူ့လက်တစ်ဖက်ဖြင့် နဖူးပေါ်တွင်ဝဲကျနေသော သီဟဆံပင်စတွေကိုအသာသပ်တင်ပေးလိုက်
သည်။ ထို့နောက်သီဟ၏ဗိုက်သားပြင်ပေါ်သို့သူ့လက်ကလေးကိုအသာတင်ထားလိုက်သည်။ သီဟဗိုက်သားပြင်က
အသက်ရှူခြင်းကြောင့် အနည်းငယ်လှုပ်ရှားနေသည်။ ကျစ်လစ်တောင့်တင်း နေသောသီဟ၏ဗိုက်သားပြင်ပေါ်သို့
သူဖြေးဖြေးခြင်းပွတ်သပ်ကြည့်သည့်အခါ……….
ဇာတ်သိမ်းဆက်ရန်-
Written by- Lovealone
Subscribe to:
Post Comments (Atom)
Search
Warning
Quotes
Popular Posts
-
(ခပ်ကြမ်းကြမ်းဖတ်ချင်သူများအတွက် ခပ်ကြမ်းကြမ်းဇာတ်လမ်းတစ်ပုဒ် တင်ဆက်လိုက်ပါတယ်။ ဒါပထမ ဆုံးရေးတာမိုလို့ ကောမန့်မပေးရင် ဆက်မရေးတော့ဘူးလို...
-
အဓိပ္ပါယ် ဖွင့်ဆိုခြင်း German gynecologist တစ်ယောက်ဖြစ်တဲ့ Ernst Gr ä fenberg က ရှာဖွေတွေ့ရှိခဲ့တာဖြစ်လို့ G-Spot လို့ ခေါ်ပါတယ်။ အဓ...
-
ဒီမြို့လေးဟာသူ့အတွက်တော်တော်လေးကို သူစိမ်းဆန်နေခဲ့ပါသည်။ မြင်ကွင်းအသစ်တွေက မျက်စိပဒေဿဖြစ်စေရုံသာသာမက ပတ်ဝန်းကျင်ရဲ့ရံနံ့ကလည်း သစ်လ...
မိုက်တားး။ဆက်ဆက်မျှော်နေမယ်အကို
ReplyDeleteရက်စက်လိုက်တာ ဖြတ်ချက်က :P
ReplyDeleteအရမ်းမိုက်တယ်
ReplyDeleteလုံးချင်းဆို
ReplyDelete