This is the best gay website for Myanmar gay peoples.

Thursday, June 5, 2014

On 9:03 AM by Unknown in    4 comments

သိပ်ချစ်ခဲ့ရဲတဲ့ လူနှစ်ယောက်ကွေကွင်းသွားတဲ့အခါ…. 


သူတို့တွေဟာ သူစိမ်းတွေဖြစ်သွားတတ်ကြတယ်


ဒါပေမယ့် သာမန်သူစိမ်းတွေတော့မဟုတ်ဘူး….


အရင်းနီးဆုံးသူစိမ်းတွေ…..





လရောင်ခြယ်နေသော လသာညသည်ကောင်းကင်ယံမှနေ၍ ကမ္ဘာမြေပြင်ပေါ်သို့ ဖြာကျလျှက်ရှိသည်။ ညတစ်ည၏ အလွမ်းပါဟေဠိတို့လွှမ်းခြုံနေမှုသည် ရင်ကိုစိုးထိတ်လွမ်းဆွတ်နေစေသလို နှလုံးသားကိုလဲ ဒဏ်ရာဟောင်းတွေရဲ့အရှိန်နဲ့ တစ်ဆစ်ဆစ်နာကျင်ကိုက်ခဲနေစေပါသည်။ ကျွန်တော့်အတွက် အချစ်ဆိုတာ ကံမကောင်းခြင်းများစွာကို ယူဆောင်လာတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပါပဲ။ ကျွန်တော် အချစ်အတွက်နဲ့ အရာရာကို ပေးဆပ်ခဲ့ပါသော်လည်း ကျွန်တော့်အတွက်ဘာမှအကျိုးမရှိခဲ့ပါ။ အချစ်အတွက်နဲ့ကျွန်တော့်ဘဝကို ပုံအပ်ခဲ့ပါသော်လည်း ကျွန်တော့်အတွက်ထိုက်တန်တဲ့ တုန့်ပြန်မှု ဘာမှမရခဲ့ပါ။ အဲ့ဒီအတွက် ကျွန်တော် အချစ်ကို ကျောခိုင်းခဲ့မိတာ ကျွန်တော်မှားလား??  အချစ်က ကျွန်တော့်အတွက်ဘာမှအသုံးမဝင်တော့ပဲလေ အချစ်ဆိုတာ ကျွန်တော့်အတွက်သုံးစားလို့မှမရတော့တာ ကျွန်တော်ဘာကြောင့် အချစ်ဆိုတာကြီးကို ဆက်ပြီး ခင်တွယ်နေဦးမှာလဲ……..


အခုလိုအိပ်မရတော့တဲ့ ညတွေဆိုအဲ့ဒီအချစ်ဆိုတဲ့အရာက ကျွန်တော်ရင်ကို ပိုပြီးနင့်နေစေပါသည်။ ကျွန်တော့် ဘာကြောင့်များ သူ့ကိုမုန်းတီးနေလျက်နဲ့ မေ့လို့မရနိုင်ဖြစ်နေတာလဲဆိုတာကို ကျွန်တော်ကိုယ်တိုင်ပဲ နားလည်ရခက်နေပါသည်။ ကျွန်တော့်နှလုံးသားကပဲ သိပ်ပြီးနူးညံ့လွန်းနေတာလား ဒါမှမဟုတ် သိပ်ပြီး ချစ်တတ်နေခဲ့မိလို့လား။ အချစ်ဆိုတာ ကျွန်တော့်အတွက်ဘယ်လောက်အရေးပါနေလို့ ကျွန်တော်က ဘဝတစ်ခုလုံးကို မြုပ်နှံလိုက်ရမှာလဲ။ ကျွန်တော့်မှာလည်း အနာဂတ်တွေ ကျွန်တော်ဖြစ်ချင်တာတွေ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေ ကိုယ်စီကိုယ်စီရှိနေပါလျက် ကျွန်တော့်ဘဝကြီးကို ဘာကြောင့်များ သူစိမ်းတစ်ယောက်လက်ထဲကို ထိုးအပ်ချင်ခဲ့တာလဲ။ ကျွန်တော်ကိုယ်တိုင်တောင် မသဲကွဲခဲ့ပါဘူး။

ကျွန်တော့်ဖက်က ဘယ်လောက်ပဲ အချစ်ကိုတန်ဖိုးထားပြီး သူ့ကိုသစ္စာရှိရှိချစ်ခဲ့ပါသော်လည်း သူ့ဖက်က သစ္စာဖောက်တာခံလိုက်ရတဲ့အခါ ကျွန်တော့်အချစ်တွေကို ကျွန်တော်နှမြောသွားမိသည်။ ကျွန်တော်သူ့အတွက်ပေးဆပ် ခဲ့သမျှအရာအားလုံးအတွက် နောင်တရမိသည်။ အချိန်တွေကိုသာ နောက်ပြန်ဆုတ်လို့ရမယ်ဆိုရင် ကျွန်တော်လွန်ခဲ့တဲ့အချိန်တွေကို ပြန်ရောက်သွားချင်ပါသေးသည်။ အဲ့ဒီအချိန်တွေတုန်းကဆိုရင် ကျွန်တော်တို့တွေသိပ်ပျော်ခဲ့ကြတာပေါ့။ ကျွန်တော်မှတ်မိနေပါသေးသည်။ သူ့ကျွန်တော့်ကို စတင်ရှာဖွေတွေ့ရှိခဲ့တာ Google Plus ပေါ်မှာပါတဲ့။ စာရေးသူတစ်ယောက် ဖြစ်နေတဲ့ ကျွန်တော့် Google+ Profile ဟာ ကြည့်ရှုသူတစ်သိန်းကျော်ရှိနေပါသော်လည်း သိပ်ပြီးမသုံးဖြစ်တဲ့အတွက် ဘာမှသေသေချာချာသပ်သပ်ရပ်ရပ် မွန်းမံပြင်ဆင်ထားတာမျိုးမလုပ်ထားပါ။ သူပြောခဲ့တဲ့ စကားတွေကို ကျွန်တော်မှတ်မိနေပါသေးသည်။

“ချစ်ကိုစတွေ့တုန်းကဆိုရင် အရမ်းပဲရင်ခုန်ရတာသိလား။ ချစ်နေ့Requests ကိုလက်ခံလိုက်ပြီး မီးလုံးလေး စိမ်းလာတော့ ဘယ်လိုဝမ်းသာသွားမှန်းကိုမသိဘူး”

အဲ့ဒီတုန်းက သူပြောသမျှကို ကျွန်တော်ပြုံးပြီးတော့သာ နားထောင်ခဲ့သည်။ သူနဲ့ကျွန်တော့်ရဲ့ ဇာတ်လမ်းအစက သိပ်ပြီးနူးညံ့နေခဲ့တာကိုး။ ကျွန်တော်ကလည်း ကျွန်တော့်ဘဝရဲ့ Single သက်တမ်းကို အဆုံးသတ်ချင်နေတဲ့အချိန်နဲ့ ကိုက်နေတာနဲ့ သူPropose လုပ်တာကို လက်ခံခဲ့ပါသည်။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ဘဝမှာ အမှတ်တရတွေအများကြီးရှိခဲ့ပါသည်။ မှတ်မှတ်ရရ စတွေ့တဲ့နေ့က ကျွန်တော် အွန်လိုင်းပေါ်မှာ ညနှစ်နာရီထိုးတဲ့အထိရှိနေခဲ့ပါသည်။ ကျွန်တော်ရေးနေတဲ့ “အပြုံးလေး” ဆိုတဲ့ဇာတ်လမ်းကို နောက်ဆုံးအပုဒ်ပြီးအောင်ရေးသားနေတာမို့ ညဥ့်နက်နေခြင်းဖြစ်သည်။ အဲ့ဒီလိုညသန်းခေါင်ယံအချိန်ကြီးမှာ ကျွန်တော့်ကို ထူးထူးခြားခြားသူစကားပြောလာခဲ့ပါသည်။ ဘယ်အချိန်တုန်းကကတည်းက လက်ခံထားမှန်းမသိတဲ့ သူ့Requests ကိုကျွန်တော်မမှတ်မိတော့ပါ။ ထူးထူးခြားခြားသူက ကျွန်တော့်ကို

“စိတ်မဆိုးဘူးဆိုရင် တစ်ခုလောက်ပြောချင်တယ်” ဟုပြောလာပါသည်။ ကျွန်တော်ကလည်း စိတ်မဆိုးဘူးပြောပါ လို့ပြောလိုက်ချိန်မှာတော့ သူ့စကားတွေက ကျွန်တော့်ကို မျက်လုံးပြူးသွားစေပါသည်။

“ခင်ဗျားကိုကျွန်တော်ချစ်တယ်”

သူပြောခဲ့တာ သာမန်လူတွေလိုပါပဲ ရိုးရိုးစင်းစင်းလေးပါ။ ကျွန်တော်ကို မြောက်များစွာသော လူတွေပြောခဲ့ဖူးတဲ့ စကားတွေထဲ့ စကားတစ်ခွန်းပါ။ ကျွန်တော်ကလည်း အဲ့ဒီအချိန်က သူ့ကိုလေးလေးနက်နက်ထားပြီး မတုန့်ပြန်ခဲ့ပါဘူး။ သူနဲ့ပက်သက်ပြီး အဲ့ဒီအချိန်က ကျွန်တော့်စိတ်ထဲမှာဘာမှမရှိနေတာအမှန်ပါ။ သူ့လို အခုမှသိတဲ့ သူစိမ်းတစ်ယောက်ကို ကျွန်တော်က ဘယ်လိုလုပ်ပြီး ပြန်ချစ်နိုင်မှာလဲ။ သူဆိုတာ ဖြူသလားမသိ မဲသလားတောင်မသိတာ ကျွန်တော့်ကိုချစ်တယ်ဆိုတာကကော ဖြစ်နိုင်ပါ့မလား။ ကျွန်တော်ကလက်တွေ့သမားဆိုတော့ သူ့ပြောခဲ့တဲ့စကားတွေကို မယုံကြည်စွာနဲ့ပဲအလေးမထားပဲ ပြစ်ထားခဲ့ပါသည်။

ဒီလိုနဲ့ သုံးလေးရက်လောက်ကျွန်တော်အွန်လိုင်းပေါ်ကပျောက်သွားခဲ့မိပါသည်။ သုံးလေးရက်မြောက်တော့ ကျွန်တော် လိုင်းပေါ်တက်လာတဲ့အခါ ထူးထူးခြားခြားသူ့ Status လေးကိုကျွန်တော်တွေ့မိသွားသည်။ ထို Status လေးကပဲ ကျွန်တော့်စိတ်တွေကို ပျော့ပြောင်းသွားစေသလို သူ့အပေါ်ယုံကြည့်မှုတစ်ချို့တစ်ဝက်ကို ဖဲ့ပေးအောင် တွန်းအားပေးစေခဲ့တာဖြစ်ပါသည်။

“ခင်ဗျားလေးသိပ်ရက်စက်တယ် ကျွန်တော်ခင်ဗျားလေးကို စောင့်နေတာ ကျွန်တော်ကြာရင်ရူးတော့မယ်။ ကျွန်တော်ပြောတာခင်ဗျားလေးကြားရဲ့လား”

သူ့စကားလေးတွေကို အခုထိအောင်ကျွန်တော့်နားထဲမှာကြားယောင်နေပါသေးသည်။ ကျွန်တော်တို့ရဲ့ အသည်းကွဲပုံပြင်စတင်ဖို့ ဖန်တီးလာတဲ့ အခြေအနေလေးတစ်ခုပေါ့။ တကယ်တော့ အချစ်ဆိုတာ မာယာတွေ လျှို့ဝှက်မှုတွေရှိနေမှန်း သူကောကျွန်တော်ကော အဲ့ဒီအချိန်ကမသိခဲ့တာအမှန်ပါ။ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်နေ တဲ့အချစ်ဆိုတဲ့မာယာညွှတ်ကွင်းထဲကို ဆင်းသက်မိလိုက်ချိန်မှာတော့ အချစ်ကပေးတဲ့ ပြသနာပေါင်းစုံ ဒုက္ခပေါင်းစုံကို ကျွန်တော်စတင်ခံစားခဲ့ရပါသည်။ ဒါပေမယ့် သူ့ကိုချစ်တဲ့စိတ်တွေကပဲ အဲ့ဒီဒုက္ခတွေကို ကျော်လွှားသွားစေပါသည်။

ကျွန်တော်တို့နှစ်ယောက် အွန်လိုင်းပေါ်ကနေချစ်သူတွေဖြစ်သွားကြပြီးတဲ့နောက် သူနဲ့ကျွန်တော် ပထမဦးဆုံး Skype ပေါ်မှာတွေ့ဖို့ဆုံးဖြတ်လိုက်ပါသည်။ သူက Web cam မရှိဘူးဟုဆိုကာ ကျွန်တော့်ကိုသုံးလေးရက် စောင့်ခိုင်းခဲ့သည်။ သုံးလေးရက်လွန်တော့ သူ့မေမေက သူ့ကို Web cam ဝေးပေးလိုက်ပြီဟုဆိုကာ ကျွန်တော်တို့ Skype ပေါ်မှာတွေ့ဖြစ်သွားသည်။ အဲ့ဒီနေ့ကထူးထူးခြားခြား မြန်မာပြည်ရဲ့ Connection ကကျွန်တော်တို့အတွက် Skype ကိုကောင်းကောင်း Chat နိုင်စေခဲ့ပါသည်။ သူနဲ့Skype ပြောဖို့ ကျွန်တော် သေတ္တာထဲကနေ အဝတ်အစားတွေရွေးချယ်ခဲ့တာတောင် တော်တော်လေးကြာသွားခဲ့တာ မှတ်မိနေပါသေးသည်။ သူနဲ့ကျွန်တော် Skype ပြောပြီးနောက်ပိုင်း သူပြောခဲ့တာ ကျွန်တော်မှတ်မိနေသေးသည်။

“ချစ်ရယ် ချစ်ကိုမြင်ရတာ စိတ်တွေမခိုင်တော့ဘူး ချစ်ကိုဖက်ထားလိုက်ချင်ပြီ”

ကျွန်တော့်အတွက်တော့ သူ့စကားတွေက အရူးအမူးပါပဲ။ အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော့်ရဲ့ ညအိပ်ယာဝင်ချိန် တွေကျွန်တော့်ရဲ့ အားလပ်ချိန်တွေဟာ သူနဲ့အတူတူ အွန်လိုင်းပေါ်မှာပဲ ကုန်ဆုံးခဲ့ပါသည်။ ကျွန်တော်တို့တွေ ညဥ့်နက်သန်းခေါင်ထိဖုန်းပြောခဲ့ကြတာ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် Email ကနေ Video Clip လေးတွေ Rec လုပ်ပြီးပေးပို့ခဲ့ကြာတာ ကျွန်တော့်အတွက်တော့ နှလုံးသားထဲမှာ ရေးထိုးခဲ့တဲ့ ကျောက်စာတွေလို အခုချိန်ထိစွဲထင်နေဆဲပါ။ ကျွန်တော်ကိုသူပျော်ရွှင်မှုတွေအများကြီး ဖန်တီးပေးခဲ့ပါသည်။ သူဂိမ်းဆော့နေတိုင်း ကျွန်တော်ကို့ “ချစ်ဘာအရောင်ကြိုက်လဲ ” ဆိုပြီးမေးတတ်လေ့ရှိသည်။ ကျွန်တော်တစ်ခုခု ဖြေလိုက်တိုင်း ကျွန်တော့်အဖြေအတိုင်းသူဂိမ်းကိုဆော့တတ်လေ့ရှိသည်။ ရှုံးရှုံးနိုင်နိုင် သူပျော်ရွှင်စွာနဲ့ ကျွန်တော့်ကို အကြောင်းပြန်လေ့ရှိသည်။ ဒီလို့နဲ့ ကျွန်တော်တို့ အွန်လိုင်းချစ်သူသက်တမ်း ကုန်ဆုံးသွားခဲ့ပါသည်။ ကျွန်တော်မြန်မာပြည်ကိုပြန်ရောက်သွားတဲ့အခါ သူကကျွန်တော်ရှိနေတဲ့ နယ်စပ်မြို့လေးကို တကယ်ပဲရောက်လာခဲ့ပါသည်။

သူရောက်လာတဲ့ညနေခင်းလေးကိုမှတ်မိနေပါသေးသည်။ အဲ့ဒီနေ့က ရာသီဥတုကသာသာယာယာလေးပါ။ ဆောင်းဝင်ကာစမိုလို့ အရမ်းကြီးလဲမအေး အရမ်းကြီးလဲမပူပဲ အနေတော်လေးသာရှိပါသည်။ ကျွန်တော် အပေါ်ဂျက်ကပ်တစ်ထည်ကို ထပ်ဝတ်လိုက်ပြီး သူကားဆိုက်မည့်နေရာကို သွားကြိုခဲ့သည်။ ကားပေါ်ကနေ ဆင်းလာတဲ့သူက ကျွန်တော့်ကိုမြင်မြင်ချင်း “ချစ်” လို့ခေါ်ပြီး ပွေ့ဖက်ခဲ့သည်။ ဒီအကြောင်းတွေကို ပြန်စဉ်းစားတိုင်း ကျွန်တော်မျက်ရည်ဝဲမိပါသည်။ ကျွန်တော့်ရင်ထဲမှာသူနဲ့ပက်သက်ပြီး ဘယ်လောက် လေးလေးနက်နက်ရှိခဲ့လဲဆိုတာကို သူ့ကိုကျွန်တော်သိစေချင်သည်။ ကျွန်တော်နှလုံးသားက ထူးဆန်းသည် လူတစ်ယောက်ကိုလွယ်လွယ်နဲ့လဲ မချစ်တတ်သလို လွယ်လွယ်နဲ့လဲ မေ့ပျောက်ဖို့မတတ်နိုင်ခဲ့ပါ။ ကျွန်တော့်အတွက်သူက မေ့လို့မရတဲ့ပုံပြင်တစ်ပုဒ်ပါ။ ဒါပေမယ့်သူ့ကို ဘယ်တော့မှပြန်ပြီးပိုင်ဆိုင်အောင် ကျွန်တော်မကြိုးစားတော့ဘူး။ ပြီးဆုံးသွားတဲ့ဇတ်လမ်းတစ်ပုဒ်ကိုလဲ ကျွန်တော်ပြန်ပြီးမစချင်တော့ဘူး။

အချစ်လို့ခေါ်တဲ့အရာက ကျွန်တော့်ကိုအတွေ့အကြုံတွေရအောင် အများကြီးသင်ပေးခဲ့ပါသည်။ သူနဲ့ကြုံတွေ့နေရတဲ့ အဲ့ဒီအချိန်တွေတုန်းက ကျွန်တော်သိပ်ကိုပျော်ခဲ့ပါသည်။ ကျွန်တော့်ကို ညီလေးတစ်ယောက်ကို အကိုကြီးတစ်ယောက်ကချစ်တဲ့အချစ်မျိုး ချစ်သူတစ်ယောက်ကို ကြင်နာတဲ့ နွေးထွေးမှုမျိုး ခွင့်လွှတ်နားလည်ပေးပြီး ကျွန်တော်ဆိုးသမျှသူကျွန်တော့်ကိုသည်းခံခဲ့သည်။ အပြင်သွားခါနီးတိုင်း ကျွန်တော့်ကို ခြေအိတ်စွပ်ပေးသည် ဖိနပ်စီးပေးသည်။ အဲ့ဒီအချိန်က သူဘာရည်ရွယ်ချက်နဲ့ ကျွန်တော့်အပေါ်ကို ဒီလိုဆက်ဆံခဲ့မှန်းမသိပေးမယ့် သူ့ရဲ့အပြုအမူတွေကြောင့် ကျွန်တော်သူ့အပေါ်ကို ခင်တွယ်တဲ့စိတ်က ပိုပြီးယိမ်းယိုင်သွားခဲ့ပါသည်။ ကျွန်တော်စိတ်ဆိုးလာတိုင်း သူကျွန်တော်ကိုချော့သည်။

တစ်နေ့ကျွန်တော်စိတ်အရမ်းဆိုးမိသွားသည်။ အမှန်က ပြသနာကဘာမှမဟုတ်ပါ။ ကျွန်တော့်ရဲ့ ဗီဇကဆိုးတာကြောင့်ဘာမဟုတ်တာလေးကို ပြသနာလုပ်ပြီးသူ့ကိုပြသနာရှာခဲ့ပါသည်။ သူကျွန်တော့်ကို ဘယ်လိုချော့ချော့ကျွန်တော်စိတ်ဆိုးမပြေနိုင်ပဲရှိနေသည်။ နောက်ဆုံးမှာတော့ သူကျွန်တော့်ရှေ့မှာ ဒူးထောက်ပြီး မျက်ရည်တွေကျလာပါသည်။

“ချစ်ရယ် ချစ်စိတ်မဆိုးပါနဲ့ ချစ်စိတ်ဆိုးရင် နေဘယ်လိုနေရမှန်းမသိဘူး”

သူ့ပုံစံကိုကြည့်ပြီး ဆိုးနေတဲ့ကျွန်တော့်စိတ်တွေ ဘယ်ကိုရောက်သွားမှန်းမသိအောင်ပါပဲ။ သူကျွန်တော့်ကို တကယ်ပဲရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပါသည်။ ငိုပြီးကျွန်တော့်ရှေ့မှာဒူးထောက်နေတဲ့သူ့ကို ကျွန်တော်ဘယ်လို နှလုံးသားမျိုးနဲ့ တောင့်ခံပြီးကြည့်နေနိုင်မှာလဲ။ ကျွန်တော်လဲကိုယ့်ကိုကိုယ်အပြစ်တင်ပြီး သူ့ကိုဖက်ပြီးငိုမိသွားပါသည်။ သူကကျွန်တော်စိတ်ဆိုးရင်မနေတတ်ဘူးတဲ့ ပြီးတော့ စိတ်ဆိုးနေတဲ့ ကျွန်တော့်ကို စိတ်ဆိုးပြေအောင်မချော့နိုင်လို့ သူ့ကိုသူလဲငတုံးငလို့ သူပြောခဲ့ပါသေးသည်။ သူဘာကြောင့်များ သူ့ကိုယ်သူအပြစ်တင်ရမှာလဲ ကျွန်တော်သူ့ကိုအပြစ်မတင်စေပါဘူး။

နောက်ပိုင်းမှာတော့ သိပ်ချစ်ကြတဲ့ကျွန်တော်တို့နှစ်ယောက် သူနေတဲ့ရန်ကုန်မြို့ကြီးကို ရောက်သွားပါသည်။ သူရှိနေသည့်နေရာမိုလို့ အိမ်ကိုသင်တန်းတက်မယ်ဆိုပြီးအကြောင်းပြကာ ကျွန်တော်ရောက်သွားခြင်းဖြစ်သည်။ ရန်ကုန်ရောက်တော့ ကျွန်တော့်ကိုအဆောင်မှာစိတ်မချဘူးဟုဆိုကာ သူ့အိမ်မှာပဲတည်းစေခဲ့ပါသည်။ သူကအမေတစ်ခုသားတစ်ခုသာနေတာမိုလို့ ကျွန်တော်တစ်ယောက်ပိုသွားတဲ့ အတွက်သူတို့အိမ်က ဘာမှငြိုငြင်မှုမရှိခဲ့ပါ။ ဒါပေမယ့် ကံကြမာရဲ့မုန်တိုင်းတွေ စတင်တိုက်ခတ်လာခဲ့တဲ့ အချိန်ဟာ ကျွန်တော်တို့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါသည်။ ကျွန်တော်အထင် ချစ်သူတွေဆိုတာ ဘယ်လောက်ပဲတစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်ပြောပြော တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်အဝမပေးနိုင်ကြတဲ့အခါ တစ်ယောက်အပေါ်တစ်ယောက် သည်းခံနိုင်မှုစွမ်းအား လျော့နည်းလာတဲ့အခါ ပြသနာတွေကိုခါးစည်းပြီးရင်မဆိုင်ချင်တော့တဲ့အခါ ကွဲသွားကြတာမျိုးပါပဲ။ ဒီစာတွေဟာ ကျွန်တော်လက်နဲ့ရေးနေတယ်ဆိုပေမယ့် တကယ့်အတွေ့အကြုံက ရလာတဲ့သင်ခန်းစာတွေကို ရင်ဘတ်နဲ့ပြောပြနေခြင်းပါ။

ကျွန်တော်တို့ဖြစ်ခဲ့တဲ့ပြသနာတိုင်းကို ပြန်ပြီးသုံးသပ်ကြည့်ရင် အဖြေကရှင်းပါသည်။ တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်မှုစွမ်းရည်မပြည့်ဝသေးလို့ပါ။ ချစ်တယ်ဆိုတဲ့ စကားလေးပြောလိုက်ရုံနဲ့ လူနှစ်ယောက် ချစ်သူတွေဖြစ်သွားကြတယ်ဆိုပေမယ့် အဲဒီချစ်တယ် ဆိုတဲ့ စကားရဲ့နောက်ကွယ်က နောက်ဆက်တွဲအကျိုးဆက်တွေကို တာဝန်မယူနိုင်တဲ့အခါ အဲ့ဒီလူနှစ်ယောက်ရဲ့ အချစ်ကဘယ်မှာများ ခိုင်မြဲနိုင်ပါ့ဦးမလဲ။ ကျွန်တော်တို့နှစ်ယောက်ဟာ ချစ်တယ်ဆိုတဲ့စကားရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို တာဝန်မယူနိုင်ကြခဲ့တဲ့သူတွေပေါ့။

သူနဲ့ရှိနေတဲ့အချိန်တွေက ကျွန်တော်ဆုံးဖြတ်ထားတာ တစ်ခုရှိသည်။ ကျွန်တော်သူ့ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ပေါ့။ သူနဲ့အနေကြာလာတဲ့အခါ သူနဲ့ကျွန်တော့်ကြားမှာရှိတဲ့ နွေးထွေးမှုတွေ အငွှေ့ပြယ်လာပါသည်။ လူကြားသူကြားမှ ဟန်ဆောင်ရတဲ့အချိန်တွေကို မပြောချင်ပေမယ့် နှစ်ကိုယ်တည်း ရှိနေတဲ့အချိန်တွေမှာတော့ သူ့ရဲ့လစ်လျူရှုမှုတွေကို ကျွန်တော်သည်းခံနိုင်စွမ်းမရှိခဲ့ပါ။ သူဟာဂိမ်းဆော့တာ ဝါသနာပါသူမို့ ဂိမ်းတွေတွေ့ရင် ထမင်းမေ့ဟင်းမေ့ ကျွန်တော့်ကိုယ်တောင်မေ့ထားနိုင်ခဲ့တဲ့အဖြစ်မျိုး။

ဟင့်အင်း……. ကျွန်တော်ကတော့ လောဘကြီးတယ်ပဲပြောပြော မတရားဘူးပဲပြောပြော ကိုယ်ချစ်တဲ့သူက ကိုယ်တစ်ယောက်ကလွဲပြီး အရားဘယ်အရာကိုမှ စွဲလန်းနေတာမျိုးကိုမလိုချင်ဘူး။ သူ့အပေါင်းအသင်းတွေနဲ့ ဆုံလာတိုင်း ပြောတတ်လေ့ရှိသည့် ဂိမ်းအကြောင်းတွေဟာ ကျွန်တော့်ကိုပိုပြီးအာရုံနောက်လာစေပြီး သူ့အပေါ် တစ်ခုခုတုန့်ပြန်ဖို့တွန်းအားတွေ ပေးခဲ့ပါသည်။ ကျွန်တော်က ကျွန်တော့်ဘဝတစ်ခုလုံးကို သူ့ဆီမှာထားပြီး သူ့ဘဝထဲကို ဝင်ရောက်ခဲ့ခြင်းပါ။ အဲ့ဒီအတွက် ထိုက်သင့်တဲ့နွေးထွေးမှုမျိုးကိုတော့ ကျွန်တော်သူ့ဆီက ရအောင်ယူရမှာပေါ့။ ကျွန်တော်ညံ့လို့ဘယ်ဖြစ်ပါ့မလဲ။ ဒီလိုနဲ့ သူနဲ့ကျွန်တော် ဂိမ်းနဲ့ပက်သက်ပြီး မကြာခဏ စကားများသလို သူဂိမ်းဆော့နေတဲ့ညတိုင်း သူ့ကျောပြင်ကိုကြည့်ရင်း ကုတင်ပေါ်မှာ တစ်ယောက်ထဲ အိပ်နေရတဲ့ ကျွန်တော့်ရဲ့ ညတွေဟာ ကျွန်တော့်ဘဝကိုပိုပြီးချိန်းခြောက်လာခဲ့ပါသည်။ ကျွန်တော်သူ့ကို ရွေးချယ်ခဲ့တာ မှားများမှားသွားပြီလားဆိုပြီး စတင်သံသယတွေဝင်လာစေပါသည်။

တစ်နေ့သူရေချိုးနေတုန်း သူ့ဖုန်းထဲကို Viber ကနေ Massage တစ်စောင်ဝင်လာပါသည်။ သူ့ဖုန်း Password ကိုကျွန်တော်သိနေတာမို့ ကျွန်တော်ကပဲ Massage ကိုဖတ်လိုက်ပါသည်။ အထဲက စာပို့သူကို ကျွန်တော်သိသည်။ သူကကျွန်တော့် Facebook ပေါ်က ပုံတွေကိုအမြဲတမ်း Like လုပ်နေတဲ့ ကောင်လေးပါ။ နေနဲ့ပက်သက်နေမှန်းကျွန်တော်မသိတဲ့အတွက် အခုလိုနေ့ဖုန်းထဲမှာ စာပို့လာတဲ့အခါကျွန်တော်မှင်သက် သွာမိပါသည်။ ပြီးတော့ရေးထားတဲ့စာကလဲ “Ako how about my dick? Do you like? ” ဆိုတဲ့စာပါ။

စာကိုမြင်မြင်းချင်း ကျွန်တော်တစ်ခုခုတုန့်ပြန်ဖို့ စဉ်းစားမိသည်။ ဒါပေမယ့် နေ့ကိုအရင်ရှင်းအောင် မေးဦးမည်ဆိုပြီး နေရေချိုးပြီးတဲ့အထိစောင့်ခဲ့သည်။ နေရေချိုးခန်းထဲက ထွက်လာတော့ နေက အရေးမလုပ်သလိုပဲ “အဲ့ဒါကအပျော်Chatထားတာလို့” ပေါ့ပျက်ပျက်ဖြေပါသည်။ ကျွန်တော်က “ဒါဆိုရင် မင်းကငါ့ရည်စားဆိုတာသိအောင်သူ့ကိုပြောလိုက်မယ်” ဟုဆိုသောအခါနေက “မလုပ်ပါနဲ့ထားလိုက်ပါ” ဆိုပြီး ခါးခါးသည်းသည်းငြင်းဆန်ခဲ့သည်။

ကျွန်တော်စဉ်းစားမိပါသည်။ How about my dick လို့မေးတယ်ဆိုကတည်းက သူကအရင်ပုံပို့ထားလို့ ဖြစ်မှာပေါ့။ ပြီးတော့ သူကပို့တယ်ဆိုတာလဲ နေကပို့ခိုင်းလို့ နေကတောင်းဆိုထားလို့ သူကပို့ပေးထားတာ ဖြစ်မှာပေါ့။ အဲ့ဒီနေ့ဟာ နေ့အပေါ်မှာထားတဲ့ ကျွန်တော့်ရဲ့ယုံကြည့်မှုတွေကို နေရိုက်ချိုးလိုက်တဲ့နေ့ပါ။  ကျွန်တော်အယုံကြည်ဆုံးလူတစ်ယောက်က ကျွန်တော့်ကိုသစ္စာဖောက်လိုက်တဲ့ အခါ ကျွန်တော့်မှာဆက်ပြီး သည်းခံနိုင်ဖို့စွမ်းအားမရှိတော့ပါ။ သူနဲ့ပက်သက်ရင် သေးသေးလေးပဲဖြစ်ဖြစ် အကြီးကြီးပဲဖြစ်ဖြစ် ဘယ်ကိစ္စမဆို ကျွန်တော်အလေးထားသည်။ ကျွန်တော်အလေးထားသလိုပဲ သူ့ကိုလဲ ကျွန်တော့်အပေါ်မှာ အလေးထားစေချင်သည်။ ကျွန်တော့်ကိုထားပြီး တစ်ခြားတစ်ယောက်နဲ့ကြူနေတာမျိုး ကျွန်တော်မိသွားတော့လဲ ပေါ့ပျက်ပျက်ပြန်ဖြေတာမျိုး ဒီလိုကိစ္စမျိုးဟာ ကျွန်တော်သိပ်ကို ခံပြင်းဖို့ကောင်းတဲ့ ကိစ္စပါ။ အဲ့ဒီနေ့က သူ့ကိုကျွန်တော်ထိုးချင်ပေမယ့် မထိုးဖြစ်လိုက်ပါ။

ကျွန်တော့်ကိုသိပ်ချစ်ပါတယ်ဆိုတဲ့ သူ့ရဲ့အချစ်တွေဘယ်ရောက်ကုန်သလဲ?
ကျွန်တော်က သူ့အတွက် စိတ်ဝင်စားဖို့မကောင်းတော့ဘူးလား?
သူဟာကျွန်တော့်ကို ရိုးအီသွားပြီလား?
 ကျွန်တော်ကသူ့ကို ရင်မခုန်စေတော့ဘူးတဲ့လား?

ဒီမေးခွန်းတွေကို တစ်ညလုံးမအိပ်ပဲသူ့ကိုကျွန်တော်မေးခဲ့ပါသည်။ သူကတော့ ကျွန်တော့်ကိုချစ်တာပါ ကျန်တာက အပျော်တွေပါလို့ ဖြေပါသည်။ ဟင့်အင်း…… ကျွန်တော်မလိုချင်ဘူး ကျွန်တော့်ကလွဲရင် အပျော်ပဲဖြစ်ဖြစ် အပျက်ပဲဖြစ်ဖြစ် သူဘယ်သူ့ကိုမှမချစ်ရဘူး။ အတ္တကြီးတယ်ပြောပြော ဒါကကျွန်တော့်နှလုံးသား ကိုယ်တိုင်ကချမှတ်ထားတဲ့ အချစ်ရဲ့ဥပဒေတွေပဲ မလိုက်နာရင်တော့ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကိုခံရမှာပဲ။ ကျွန်တော်သွေးပူနေတဲ့အချိန်လည်းဖြစ် စိတ်လည်းဆိုးနေတာမို့ သူ့ကို ထိုညက စိတ်နာစေမယ့်စကားများ ကျွန်တော်ပြောဖြစ်ခဲ့သည်။ ပြီးတော့သူနဲ့ကျွန်တော် လမ်း…ခွဲ…မယ်…..လို့…..ပေါ့။

ကျွန်တော်ရန်ကုန်က ပြန်ရောက်လာတဲ့နောက်ပိုင်းမှာ သူနဲ့ကျွန်တော်ပျက်သွားပြီလို့ စိတ်ထဲက မှတ်ယူထားခဲ့သည်။ သူ့ကိုနောက်ထပ်ထပ်တွေ့ဖို့ ဘယ်တော့မှမကြိုးစားတော့ဘူးလို့လဲ ကျွန်တော်ဆုံးဖြတ် ခဲ့သည်။ သူနဲ့ကျွန်တော့်ရဲ့ဇာတ်လမ်းက ဒီမှာပဲပြီးဆုံးသွားပြီလို့ သူ့ကိုကျွန်တော်ပြောခဲ့သည်။ သူလဲကျွန်တော့်ကို စိတ်ပျက်သွားပြီထင်ပါ့ ကျွန်တော့်ကို သူလေးလေးနက်နက် ခွင့်လွှတ်ပေးဖို့ မဟခဲ့ပါ။ သူ့ကိုကျွန်တော်လမ်းခွဲလိုက်ခြင်းကို ဘာမှမဖြစ်သလိုပဲ သူ့ဖက်ကနေပြခဲ့ပါသည်။ ထို့အကြောင်းအရာများက သူ့ကိုကျွန်တော်တကယ်မေ့ပျောက်ပစ်လိုက်ဖို့ အမှန်တကယ်ဖြစ်လာစေပါတော့သည်။

ကျွန်တော်ချစ်ခဲ့တဲ့ ပါးဖောင်းဖောင်းဝဝကစ်ကစ်ကလေးနဲ့ ချစ်ဖို့ကောင်းတဲ့သူက ကျွန်တော့်ဘဝထဲက ထွက်ခွာသွားခဲ့သည်။ သူပြောတဲ့ ပြုံးလိုက်ရင် ချစ်ဖို့ကောင်းတယ်ဆိုတဲ့ ကျွန်တော်ဟာလဲ သူ့ဘဝထဲက ထွက်လာခဲ့သည်။ မတူညီတဲ့ဘဝနှစ်ခုပေါင်းစပ်ဖို့ဆိုတာ နဂိုကတည်းက အခက်အခဲတွေများခဲ့တာမို့ ပြသနာအသေးအမွှားလေးတွေကိုတောင် ဖြေရှင်းနိုင်စွမ်းမရှိတဲ့ကျွန်တော်တို့ နှစ်ယောက်ဟာ ဝေးခဲ့ကြပါသည်။ ချစ်သူသက်တမ်းတစ်နှစ်ပြည့်လျှင် လက်စွပ်ဆင်တူ သို့မဟုတ် နာရီဆင်တူလေးလုပ်ပြီး အတူတူဝတ်ကြမည်ဟု ပြောခဲ့ဖူးသော ကျွန်တော်တို့၏ စကားများသည်လဲ လေထဲတွင် အငွှေ့ပြန်ပြီး ပျောက်ကွယ်သွားပါသည်။ ဘဝမှာကျွန်တော်သိပ်ချစ်ခဲ့ဖူးသောသူတစ်ယောက်ဟာ အခုချိန်မှာတော့ အိမ်မက်ထဲမှာလိုလို ပုံပြင်ထဲမှာလိုလို ကျန်ရစ်ခဲ့ပါပြီ။

ကျွန်တော်တို့ရဲ့အဖြစ်တွေဟာ အတိတ်မှာတဖြေးဖြေးမှုန်ဝါးသွားခဲ့ပါပြီ……….
အခုတော့ ကျွန်တော်တို့နှစ်ယောက်ဟာ အစကတည်းက
မသိခဲ့သူတွေလို သူစိမ်းတွေဖြစ်သွားပါပြီ…… ဒါပေမယ့်
သိပ်ချစ်ခဲ့တဲ့အတွက်…သာမန်သူစိမ်းတွေတော့မဟုတ်ဘူး
အရင်နီးဆုံးသူစိမ်းတွေပေါ့……

ကောင်းကင်က ကြယ်လေးတွေဟာ မှိတ်တုတ်မှိတ်တုတ်ဖြင့်လင်းလက်နေဆဲပါ။ တစ်ခါတစ်ရံ ထိုကြယ်ပွင့်လေးများ ကြားထဲမှ ပျံသန်းနေသော ဂျက်လေယာဉ်လေးများကိုလဲ တွေ့မြင်တတ်ရပါသေးသည်။ ဒီလိုညလေးတွေကို ရောက်လာတိုင်း တစ်ချိန်ကကျွန်တော်ချစ်ခဲ့ဖူးတဲ့ သူတစ်ယောက်ကို သတိရမိပါသည်။ သူ့ကိုကျွန်တော်ပိုင်ဆိုင်ဖို့ ကြိုးစားမှာမဟုတ်တော့သလို သူနဲ့ဘယ်တော့မှလဲ ပြန်ပြီးဆုံတွေအောင် ကျွန်တော်ဖန်တီးမှာမဟုတ်ပါဘူး။ ဒါပေမယ့် အခုလိုအလွမ်းညလေးတွေရောက်လာတိုင်း သူ့ကိုကျွန်တော် သတိရနေသေးတယ်ဆိုတာကိုတော့ သူ့ကိုသိစေချင်ပါသည်။ 

                                                                                                       Written by-
                                                                                                               Lovealone 

(2012-2013 မှဖြစ်ရပ်မှန်တစ်ခုအား ရေးသားထားပါသည်)


4 comments:

  1. အကို စာတွေကို အမြဲအားပေးနေတယ်
    အကိုကို ခင်ခွင့်ရှိရင် ခင်ချင်ပါတယ် အကို

    ReplyDelete
  2. ဒါညီဖုန်းပါ 09250684994

    ReplyDelete
  3. စိတိမကောင်းလိုက်တာအကိုရဟ်

    ReplyDelete
  4. သောက်သုံးမှ မကျတာ ၊ ဝေးတာတောင် နည်းသေးတယ်။
    ပြသနာကို ဖြေရှင်းဖို. မစဉ်းစားကြပဲ ၊ နာကျင်မှုတွေဖြစ်အောင်ပဲ တွေးကြတာကို။

    ReplyDelete