This is the best gay website for Myanmar gay peoples.

Monday, August 6, 2012

On 8:06 PM by Unknown in    No comments
ပြီးခဲ့တဲ့ june 23 ရက်နေ့က အမေရိကန်နိုင်ငံ New Jersey ပြည်နယ်မှာ လိင်တူချင်းကြိုက်သူ စစ်သားနှစ်ဦးဟာ သူတို့ရဲ့ စစ်ဋ္ဌာနချုပ်ခန်းမဆောင်ဖြစ်တဲ့ Mcguire- Dix-lakehurst မှာ လက်ထပ်ပွဲကို ကျင်းပခဲ့ကြပါတယ်။

ထိုအမျိုးသားစစ်သားနှစ်ဦးထဲက Erwynn Umali ဟာစစ်ပိုင်းဆိုင်ရာတပ်ရင်းမှူး(Technical Sergeant ) ဖြစ်ပြီး ကျန်တစ်ဦးရဲ့အမည်ကတော့ Will Behrens ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Umali ရဲ့ အမေရိကန် လေတပ်ရင်းမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ကိုးလလောက်တုန်းကဆိုရင် သူတို့နှစ်ဦးဟာ လက်ထပ်ဖို့အထိရည်ရွယ်ဖို့မပြောနဲ့ စဉ်းတောင်မစဉ်းစားဝင့်ခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စစ်တပ်က ဥပဒေတစ်ချို့ဟာ လိင်တူအမျိုးသား (သို့) လိင်တူအမျိုးသမီး ဆက်ဆံရေးနဲ့ညိစွန်းနေပြီး သူတို့ရဲ့ဆက်ဆံရေးကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့သာ ထားရှိခဲ့ရလို့ဖြစ်ပါတယ်။ အခုတော့ အဲ့ဒီဥပဒေ ကိုပျယ်ဖြတ်လိုက်ပြီးဖြစ်တဲ့အတွက် သူတို့နှစ်ဦးဟာ လူအများရှေ့မှာ ပွင့်ပွင့်လင်းလင်းလက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။




"ကျွန်တော်တို့ရဲ့ မင်္ဂလာဆောင်ကို ကျင်းပဖို့ လေတပ်ကစစ်ဋ္ဌာနချုပ်မှာမေးမြန်းတော့ သူတို့က ပွင့်ပွင့်လင်းလင်းပဲ လက်ခံခဲ့ကြပါတယ်။ ဒါပေမယ့်  လေတပ်ကစစ်ဋ္ဌာနချုပ်မှာ မင်္ဂလာဆောင်ကျင်းပဖို့ တစ်ခါမှမေးမြန်းခဲ့ဖူးတဲ့သူ ရှိမှာမဟုတ်ပါဘူး" လို့ Umali ကသူ့ရဲ့ facebook စာမျက်နှာမှာဖော်ပြထားတာ ကိုတွေ့ရပါတယ်။  "နောက်ပြီးတော့ ကျွန်တော်တို့ မင်္ဂလာဆောင်ကို ဘယ်အရာရှိကမှ နှောက်ယှက်တာတို့ကန့်ကွက်တာတို့လုပ်တာမျိုးမရှိပါဘူး။ ကျွန်တော်တို့နှစ်ယောက်ကို  စိတ်ရှည်ဖို့ တစ်ခုပဲပြောခဲ့တာရှိပါတယ်။ ဘာလို့လဲဆိုတော့ လိင်တူမင်္ဂလာဆောင်မျိုး စစ်တပ်မှာကျင်းပတာဟာ သူတို့အတွက်တော့ ပထမဦးဆုံးအတွေ့အကြုံဖြစ်နေလို့ပါတဲ့" ဟုUmali ကပြောကြားခဲ့ပါသေးတယ်။




သူတို့နှစ်ယောက်မင်္ဂလာပွဲဟာ အောင်မြင်စွာကျင်းပပြီးစီးသွားခဲ့တာဖြစ်ပြီး အခုလိုကောင်းတဲ့တုန့်ပြန်မှုမျိုးရခဲ့ခြင်းသည် ယခင်က သူတို့နှစ်ယောက်ရဲ့ relationship ကိုလုပ်ဖော်ကိုင်ဖက်တွေကို ပြောပြခဲ့တုန်းကလိုပဲ တူညီမှုရှိပါတယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့စက်တင်ဘာလ၌ "မမေးနဲ့မပြောနဲ့" ဆိုတဲ့ ဥပဒေမရှိတော့တဲ့ အချိန်ကစပြီး Umali ဟာသူ့ရဲ့ချစ်သူ Behrensနဲ့သူ့ရဲ့အကြောင်းကို ဖွင့်ပြောဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။






Umali ဟာသူ့ရဲ့လုပ်ငန်းကိစ္စအတွက်နဲ့ခရီးမထွက်ခင် နှုတ်ဆက်နေ့လည်စာစားပွဲ၌လည်း သူဟာလိင်တူချင်းကို စိတ်ဝင်စားတဲ့အမျိုးသားတစ်ဦးဖြစ်ပါတယ်လို့ လူအယောက်လေးဆယ်ခန့်ရှေ့မှာဖွင့်ပြောခဲ့ပါသေးတယ်။ နောက်ပြီးတော့ Umali ဟာသူ့ရဲ့အမျိုးသားနဲ့ လက်တွဲဖော် လုပ်ဖော်ကိုင်ဖက်တွေကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ ထိုစဉ်က Umali ရဲ့ဝန်ခံချက်ကို သဘောကျလွန်းလို့စစ်တပ်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ လက်ခုပ်သြဘာပေးပြီး ၀ိုင်းဝန်းချီးမြှောက်ခဲ့ကြတယ်ဟုလည်းသိရသေးပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲကို မိသားစုနဲ့ ခင်မင်ရင်းနီးသူများအပါအ၀င် လူအယောက် ၁၅၀ ကျော်တက်ရောက်ခဲ့ပါတယ်။  သူတို့နှစ်ယောက်ကို Evangelical Lutheran Church မှာရှိတဲ့ ရေတပ်စစ်သမီးတစ်ဦးဖြစ်သူ Chaplain Kay Reeb ကလက်ထပ်ပေးခဲ့ပါတယ်။


Umali နဲ့ Behrens ရဲ့ ဆက်ဆံရေးကို အားလုံးကသဘောတူညီကျတယ်လို့လဲ မရှိသေးပါဘူး။ ပြီးတော့သူတို့ဟာ ဘာသာရေးအယူဝါဒ ပြင်းထန်တဲ့မိသားစုကနေဆင်းသက်လာကြ တာဖြစ်ပါတယ်။ Behrens ရဲ့မိသားစုဆိုရင် သူအခုလိုလိင်ချင်းစိတ်ဝင်စားနေမှုကို လက်သင့်မခံပါဘူး။ နောက်ပြီး Philippines မှာရှိတဲ့ Umali ရဲ့မိဘတွေဟာလဲ ယခုလိုသူတို့ရဲ့လိင်တူချင်းစိတ်ဝင်စားနေမှုကို လုံးဝဘ၀င် မတွေ့ဘူးလို့ဆိုပါတယ်။  သူတို့နှစ်ယောက်စလုံးဟာ ယခင်က မိန်းမနဲ့ ကလေးနှစ်ယောက်စီ ရှိခဲ့ဖူးကြသူများဖြစ်ကြပါတယ်။ ယခုလိုသူတို့လိင်တူချင်းမင်္ဂလာဆောင်ချိန်၌ ထိုမိန်းမနဲ့ကလေးတွေကပါ မင်္ဂလာပွဲလာတက်ကြတယ်လို့ အံ့သြဖွယ်သိရပါသေးတယ်။




Umali က "ကျွန်တော်တို့ ကလေးတွေကို အဓိကပြချင်တာကတော့ မိမိကိုကိုယုံကြည်မှုရှိဖို့ရယ်နဲ့ လူသားတိုင်းကို ခွဲခြားမှုမရှိပဲ ချစ်တ်ြနိုးတတ်ဖို့ပါ" ဟုပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ အောင်မြင်မှုနဲ့အတူ ကလေးတွေကလည်းသူတို့ကိုချစ်မြတ်နိုးနေတုန်းပါပဲ။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိနေတာကအစ ကလေးတွေကသိနေတယ်လို့လဲဆိုပါသေးတယ်။ မင်္ဂလာဆောင်ပွဲပြီးနောက် သူတို့နှစ်ယောက်ဟာ ကလေးတွေနဲ့အတူ Disneyland လို့ခေါ်တဲ့ ကလေးကစားကွင်းကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲဟာအောင်မြင်စွာ ပြီးဆုံးသွားပေမယ်လို့ လေတပ်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက မင်္ဂလာဆောင်တွေနဲ့ အခွင့်အရေးတန်းတူမရှိခဲ့ဘူးလို့သိရပါတယ်။ ဒီလိုကိစ္စတွေကို အမြန်ဆုံးပြောင်းလဲစေချင်ပါတယ်လို့လဲ သိရပါသေးတယ်။





 တန်းတူအခွင့်အရေးကိုလိုချင်တာ ဟာသူတို့နှစ်ယောက်ရဲ့ရည်ရွယ်ချက်ပါတဲ့။ ဒါပေမယ့် သူတို့တိုင်းပြည်မှာ ကတော့အဓိကထား ထားတဲ့နေရာမှာမရှိသေးပါဘူး ဟုBehrens ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တစ်ချို့ကိစ္စတွေမှာ လိင်တူတွေဟာ လိင်ကွဲတွေနဲ့တန်းတူအခွင့်အရေး မရသေးပါဘူး။ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့မိသားစုနဲ့ ရင်းနီးတဲ့မိတ်ဆွေတွေရှေ့မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ဘ၀ကို ပွင့်ပွင့်လင်းလင်းဖြတ်သန်းဖို့ ပထမဦးဆုံးအနမ်းကို ထုတ်ဖော်ပြသွားခဲ့တာဖြစ်ပြီး နှစ်ဦးသားပျော်ရွှင်စွာဖြင့်လဲ တွဲကပြခဲ့သေးပါတယ်။ မင်္ဂလာပွဲမှာ Umali ဟာသူ့ရဲ့လေတပ် ယူနီဖောင်းကိုဝတ်ဆင်းထားပြီး Behrens ကတော့ အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်စားထားတာ တွေ့ရပါတယ်။

Umali ဟာ သူ့ဘ၀မှာချစ်သူနဲ့ စစ်တပ်မှာ တွဲကရလိမ့်မယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ခဲ့မိဘူးလို့ဆိုပါတယ်။ ထို့အတူ Behrens ကလဲ "ကျွန်တော်တို့နှစ်ယောက်စလုံး ဟာရှေ့ဆက်ပြီး အခက်အခဲများစွာကို ရင်ဆိုင်ရဦးမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုအခက်အခဲတွေ ကြုံရလေလေ ကျွန်တော်တို့အတွက် ခွန်အားတွေတိုးလေလေဖြစ်မှာပါ။ ကျွန်တော်တို့ဟာ တစ်ချို့အခက်အခဲတော်တော်များများကို ရင်ဆိုင်ဖြတ်သန်းခဲ့ပြီးပါပြီ။ ပြီးတော့ ကျွန်တော်တို့ဟာ ရှေ့ဆက်လျှေက်ဖို့လဲ အဆင်သင့်ဖြစ်နေပြီးသားပါ" လို့ပြောကြားခဲ့ပါသေးတယ်။

                                                                               

                                                                                        This news is posted by
                                                                                               Moonlight(USA)

0 comments:

Post a Comment