Saturday, August 25, 2012
On 9:05 PM by Unknown in announcement 18 comments
ပရိတ်သတ်များအားလုံး မင်္ဂလာပါခင်ဗျား
ကျွန်တော်အခုဆိုရင် ဒီဘလော့လေးကို ပစ်ထားတာ တော်တော်လေးကိုကြာသွားပါပြီ။ အခုရက်ပိုင်း ကျွန်တော်စိတ်လေနေပါတယ်။ ဘာဖြစ်လို့စိတ်လေနေလဲဆိုတော့ ကျွန်တော်စာတွေ ရေးတယ်။ အလုပ်ကလဲမအားဘူး နေ့တိုင်း ၁၂ နာရီပုံမုန်လုပ်နေရတယ်။ ဒါပေမယ့် မအားအားတဲ့ကြားက ကျွန်တော်ရအောင်ရေးတယ်။ တစ်ခါတစ်လေဆို စာရေးချင်လို့ဆိုပြီး ခွင့်ယူတာမျိုးတွေတောင်ရှိပါတယ်။ ကျွန်တော်အရင် www.mlgbts.com မှာ Lovealone ဆိုတဲ့နာမည်နဲ့ ရေးပါတယ်။ အဲ့တုန်းကလဲ လူတော်တော်များများက အားပေးတာကိုခံရပါတယ်။ အခုတော့ အဲ့ဆိုဒ်ထဲက ထွက်လိုက်ပြီး ကိုယ်ပိုင်ဘလော့ထောင်ထားတာပါ။ ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိတယ်။ အရင်က mlgbt မှာကျွန်တော်စာတွေတင်ပြီဆိုရင် comment တော်တော်များများရတယ်။ အနည်းဆုံးတော့ အယောက်နှစ်ဆယ်ကျော်တယ် ။ အခုကိုယ်ပိုင်ဘလော့မှာကျတော့ တစ်ခုမှမရဘူး။ ဘာဖြစ်လို့လဲ ?? ကျွန်တော်ပဲအရေးအသားတွေညံဖျင်းသွားတာလား ဒါမှမဟုတ် ကျွန်တော့်ဘလော့က comment ပေးဖို့ပဲ အရမ်းခက်နေလို့လားလို့ ကျွန်တော်တွေးမိပါတယ်။
ရေးသမျှစာတွေတင်ပါတယ်။ ဒါပေမယ့် စာဖတ်သူတွေဖက်က ဘာမှတုန့်ပြန်မှုကိုပြန်မရတဲ့အခါ ကျွန်တော်စိတ်လေလာပါတယ်။ စိတ်ဓာတ်လဲကျလာပါတယ်။ ကျွန်တော်တို့ blogger တွေဆိုတာ ကိုယ့်ထမင်းကိုယ်စားပြီး အလကား အချိန်ကုန်ခံ မျက်စိအညောင်းခံ လက်အညောင်းခံ ဦးနှောက်အခြောက်ခံပြီး စာတွေကို ပိုက်စံတပြားမှမရပဲ ရေးနေရတဲ့သူတွေပါ။ ဒါကလဲ ကိုယ်ကိုယ်တိုင် ၀ါသနာပါလို့လုပ်တာဆိုတော့ ကိစ္စတော့မရှိပါဘူး။ ကျွန်တော်တို့ blogger တွေ စာဖတ်သူတွေဆီက ပြန်လိုချင်တာ တစ်ခုပဲရှိပါတယ်။ အဲ့ဒီတစ်ခုကလဲ စာဖတ်သူတွေအနေနဲ့ ပေးဖို့ မခဲရင်းသလို ဘာငွေကုန်ကြေးကျမှရှိတာလဲမဟုတ်ပါဘူး။ အဲ့ဒီ တစ်ခုလေးက ကျွန်တော်တို့ အတွက် အားဆေးတစ်ခွက်ပါပဲ။ ကျွန်တော့်မှာ ညအိပ်ရေးအပျက်ခံပြီး စာတွေရေးပြီးတင်ထားခဲပါတယ်။ နောက်နေ့ညအလုပ်ဆင်းတော့ ဘလော့လေးကိုဖွင့်ကြည့်တယ်။ ဘယ်သူမှ ဘာတုန့်ပြန်မှုမှပေးမထားတော့ သြော်....ငါရေးတဲ့စာတွေကို ကြိုက်မှကြိုက်ရဲ့လား။ ဖတ်လို့မှကောင်းကြရဲ့လား။ မကြိုက်လို့များ ဘာမှမပြောခဲ့ကြတာလားဆိုပြီး သံသယစိတ်တွေ စိုးရိမ်စိတ်တွေ ၀င်လာပါတယ်။ အဲ့ဒီရဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ ကျွန်တော် ခဏကပြောသလို စိတ်ဓာတ်ကျလာတာပါ။ ကျွန်တော်က အခုမှ အသက်နှစ်ဆယ်ပြည့်မယ့် လူငယ်လေးတစ်ဦးပဲ ရှိပါသေးတယ်။ ကျွန်တော့်မှာ ရင့်ကျက်တဲ့စိတ် တည်ငြိမ်တဲ့စိတ်တွေ ရာနှုန်းပြည့်မရှိသေးပါဘူး။ ဒီလိုနဲ့ပဲ ကျွန်တော်ဘလော့လေးကို ပစ်ထားခဲ့မိသွားပါတယ်။
ကျွန်တော်ပစ်ထားခဲ့မိတာ တစ်ပတ်ကျော်သွားတော့ ကျွန်တော့် gtalk မှာ အားပေးနေကြသူငယ်ချင်းတွေ တခြားကျွန်တော်မသိပေမယ့် ကျွန်တော့်ကိုသိနေတဲ့ ကျွန်တော့်စာဖတ်ပါရိတ်သတ်တွေက ကျွန်တော့်ကိုမေးလာကြပါတယ်။ စာမတင်သေးဘူးလားပေါ့။ အဲ့ဒီတော့ ကျွန်တော်ပြန်စဉ်းစားကြည့်တယ်။ ဒါတွေမေးနေသေးတယ်ဆိုတော့ ကျွန်တော့်စာတွေကိုမကြိုက်တာလဲ မဟုတ်နိုင်သေးပါဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ အခုအားအင်ချိနဲ့နေပါတယ်။ ဆက်ရေးဖို့စိတ်ကူးထားတဲ့ စာတွေအများကြီးရှိနေပေမယ့် အားပေးမယ့်သူ မရှိတဲ့အခါကျတော့ ကျွန်တော်အရမ်းပဲ စိတ်ဓာတ်ကျနေခဲ့ပါတယ်။
ကျွန်တော်ကို ကျွန်တော့်အကိုလိုခင်တဲ့ စာရေးဆရာ Alex Aung ကပြောတယ်။ ကျွန်တော်က လူကြိုက်များလာပြီဆိုမှ တန်းလန်းကြီးထားခဲ့တယ်တဲ့။ ကျွန်တော်က ပရိတ်သတ်တွေရဲ့ မျက်နှာကိုမကြည့်ဘူးတဲ့။ တကယ်တန်းကျတော့ ဘယ်သူကဘယ်သူကိုမကြည့်တာလဲ ဆိုတာ ကျွန်တော်မဆုံးဖြတ်ချင်တော့ပါဘူး။ ကျွန်တော်အခုလို ချရေးလိုက်တယ်ဆိုတာက လဲ စိတ်ထဲမှရှိနေတဲ့ ဆန္ဒတွေကိုမျိုသိပ်မထားချင်တော့လို့ပါ။ အခုလိုမျိုးချပြောလိုက်တာ ကျွန်တော့်ရင်ထဲမှာ တော်တော်လေး ပေါ့သွားပါတယ်။ ဒါပေမယ့် စာဖတ်သူတို့ကို စိတ်အနှောက်အယှက်ပေး မိသလိုဖြစ်သွားရင်တော့ ကျွန်တော်ဒီနေရာကနေပဲ ရှိခိုးကန်တော့တောင်းပန် လိုက်ပါတယ်ဗျာ။
အားလုံးပဲ ကျွန်တော့်စာတွေကိုကြိုက်နှစ်သက်တယ် အားပေးချင်သေးတယ် ကျွန်တော့်ကို စာဆက်ရေးစေ ချင်သေးတယ်ဆိုရင် အောက်မှာ comment နဲ့မိမိဆန္ဒကို ထုတ်ဖော်သွားနိုင်ပါတယ်။ ကျွန်တော်ကတော့ comment အရေအတွက်ပေါ်မူတည်ပြီးဆုံးဖြတ်မှာနော်။
ခင်တဲ့
Lovealone

Subscribe to:
Post Comments (Atom)
Search
Warning
Quotes
Popular Posts
-
(ခပ်ကြမ်းကြမ်းဖတ်ချင်သူများအတွက် ခပ်ကြမ်းကြမ်းဇာတ်လမ်းတစ်ပုဒ် တင်ဆက်လိုက်ပါတယ်။ ဒါပထမ ဆုံးရေးတာမိုလို့ ကောမန့်မပေးရင် ဆက်မရေးတော့ဘူးလို...
-
အဓိပ္ပါယ် ဖွင့်ဆိုခြင်း German gynecologist တစ်ယောက်ဖြစ်တဲ့ Ernst Gr ä fenberg က ရှာဖွေတွေ့ရှိခဲ့တာဖြစ်လို့ G-Spot လို့ ခေါ်ပါတယ်။ အဓ...
-
ဒီမြို့လေးဟာသူ့အတွက်တော်တော်လေးကို သူစိမ်းဆန်နေခဲ့ပါသည်။ မြင်ကွင်းအသစ်တွေက မျက်စိပဒေဿဖြစ်စေရုံသာသာမက ပတ်ဝန်းကျင်ရဲ့ရံနံ့ကလည်း သစ်လ...
Follow us on Facebook
Monthly Posts
-
▼
2012
(55)
-
▼
August
(23)
- မြန်မာ့ ပထမဦးဆုံး လိင်တူချစ်သူစုံတွဲ
- တို့ အားလုံးတူတူပဲ [HQ].mp4
- ယောကျာ်းလှကျွန်း အပိုင်း(ရ)
- Dream Heart
- My Feeling
- မောင့်ရဲ့ချစ်သူ (ပထမပိုင်း)
- Ethan Mao Part 3 (eng sub)
- Ethan Mao Part 2 (eng sub)
- Ethan Mao Part 1 (eng sub)
- လနှစ်စင်းပြိုင်တဲ့ မျက်ဝန်းကောင်းကင် (အစ/အဆုံး)
- Pure Heart Engsub part11
- Pure Heart Engsub part10
- Pure Heart Engsub part9
- Pure Heart Engsub part8
- Pure Heart Engsub part7
- Pure Heart Engsub part6
- Pure Heart Engsub part5
- Pure Heart Engsub part4
- Pure Heart Engsub part3
- Pure Heart Engsub part2
- Pure Heart Engsub part1
- The Love Of Siam
- လိင်တူချင်းလက်ထပ်သူ စစ်သားနှစ်ဦး
-
▼
August
(23)
:P.... waiting bro.....please continue to write love stories...
ReplyDeleteCarry on bro... I m looking forward yr new updates and new stories.
ReplyDeleteGoahead brother, i am always waiting yr posts & stories, don't be delect, may i request to u, brother.
ReplyDeleteအားပေးနေတယ်နော်
ReplyDeleteစိတ်ဓာတ်မကျနဲ့နော်
ဆက်မရေးဘူးဆို ငိုမှာနော်
Don't stop. If you need comment ,then i will give. Just reply whether it is still enough or not.
ReplyDeleteခုမှသိတာကွ ဆက်ရေးပါ
ReplyDeleteဆက်ရေးပါ ကောင်းပါတယ်
ReplyDeleteHello nyi. I really interested ur writing. They r so good and nice. I alo honour ur ability to write. I hope ur stories and videos always. Plz continue to be try this.
ReplyDeleteအားပေးနေပါ့ မယ်
ReplyDeleteစိတ်ဆတ် တဲ့ ကိုအဲလက် က ညွှန်းလိုက်လို့ ပါ။ ယောင်္ကျား လှကျွန်း က ကျွန်တော် ကြည့်ဘူး တဲ့ ဖိလစ်ပိုင်ကားလေး HEAVENLY TOUCH ကို ညီက မြန်မာမှုပြု ထားတာလား ? မဟုတ်ရင်လည်း စိတ်မဆိုးနဲ့နော် ။
ReplyDeleteအားပေးလျှက်ပါ
ReplyDeleteအားပေးနေပါတယ် ညီငယ်ရေ
ReplyDeleteအားပေးနေပါတယ် ညီလေးရေ
ReplyDeletejust try on
ReplyDeletei alway like your story
and read dail
please try to write
Bro ကြီး.. ကျတော် ရှိတယ်.. xD
ReplyDelete😄
Bro ကြီး.. ကျတော် ရှိတယ်.. xD
ReplyDelete😄
ခပ်ကြမ်းကြမ်းလေးလိုးပေးမယ် နေပြည်တော် တပ်ကုန်းကပါ Top ပါ
ReplyDelete09253321171 viber လည်းသုံးတယ်