This is the best gay website for Myanmar gay peoples.

Monday, August 27, 2012

On 8:53 PM by Unknown in



ဇာတ်လမ်းအရှေ့ပိုင်းအကျဉ်းချုပ်

ဂီနိုသည် ဆင်းရဲသားအလုပ်လက်မဲ့တစ်ဦးဖြစ်ပြီး ပိုက်စံကိုဘေးပေါက်ရှာနေသော လူငယ်လေးတစ်ဦးဖြစ်သည်။တစ်နေ့လောင်းကစားဝိုင်းတစ်ခု၌ငွေများနိုင်ပြီးအပြန်လူရမ်းကားတစ်စုနှင့် တိုးကာ ပိုက်စံများအလုခံခဲ့ရသည်။  ထိုအချိန်၌ ဂီနိုသည်လူရမ်းကားများလက်ထဲမှ အတင်းထွက်ပြေးရင်း နောက်ဆုံးပြန်အဖမ်းခံရလုဆဲဆဲ နီယွန်က ကြားမှဝင်၍ကယ်တင် ခဲ့သဖြင့် လွက်မြောက်သွားခဲ့သည်။  ထိုအချိန်မှစပြီး ဂီနိုနှင့်နီယွန်တစ်ဦးနှင့်တစ်ဦး ရင်းနီးသွားခဲ့သည်။ နီယွန်သည် အနှိပ်ခန်းတစ်ခုမှ offer boy တစ်ယောက်ဖြစ်ပြီး မိမိဘ၀ကိုစိတ်နာနေသူဖြစ်သည်။ အနှိပ်ခန်း ပိုင်ရှင် မိုးမြင့်သည် ရက်စက်ပြီးငွေမက်သော မိန်းမလျှာတစ်ဦးဖြစ်ပြီး အကြင်နာတရားခေါင်းပါးသည်။ ထိုအချိန်တွင် အလုပ်လက်မဲ့ဖြစ်နေသော ဂီနိုက အနှိပ်ခန်မှ အလုပ်ခေါ်စာကို တွေ့သွားကာ အလုပ်လျှောက်ခဲ့သဖြင့် မိုးမြင့်တို့အနှိပ်ခန်းမှ offer boy တစ်ဦးဖြစ်သွားလေသည်။ အနှိပ်ခန်းသို့ရောက်သော် ဂီနိုနှင့်နီယွန်ဆုံခဲ့ကြပြီး နီယွန်ကဂီနို့ကို အနှိပ်သင်ပေးခဲ့သည်။ ဤသို့ဖြင့်နောက်တစ်ရက်မနက်သို့ရောက်သော် ဂီနို့ကို နီယွန်က တရုတ်ခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲလိုက်ကျွေးလေသည်။ ခေါက်ဆွဲမှာခွေးသားတွေဖြင့် ပြုလုပ်ထားမှန်း နီယွန်က ဂီနို့ကိုပြောပြလိုက်သောအခါ ဂီနိုက နေရာ၌ပင်ထအံလေသည်။



ဂီနိုရုတ်တရက်ကြီး ကြားလိုက်ရသော စကားကြောင့် ပါးစပ်ထဲမှာ ခေါက်ဆွဲဖတ်တွေကို ထွေးခံထဲသို့ ထွေးထည့်လိုက်ကာ မိမိပါးစပ်ကို ရေဖြင့်ပလုတ်ကျင်းပစ်လိုက်သည်။ သူစားထားသည့် ဗိုက်ထဲမှခေါက်ဆွဲများပင် လည်မျိုထိတက်လာသလိုခံစားရပြီး အံချင်စိတ်က ထိန်းမရနိုင်ဖြစ်နေသည်။ ခွေးသားကို သူအလွန်မုန်းသည်။ မုန်းသည်ထက် ရွံသည်ဆိုလျှင်ပိုမှန်လိမ့်ဦးမည်။


“ဂီနိုအဆင်ပြေရဲ့လား “

အသံနှင့်အတူသူ့အနားသို့ နီယွန်ရောက်လာသည်။ ထို့နောက်သူ့ပုခုံးကိုကိုင်က အသာဖွဖွလေး နှိပ်ပေးသည်။ သူမအီမသာဖြင့်သာ ခေါင်းညိတ်ပြလိုက်သည်။ နီယွန်က သူ့ကိုတောင်းပန်သည့်အကြည့် တွေဖြင့်ကြည့်နေသည်။

“ ငါကမင်းအဲ့လောက်ကြီးရွံတတ်မှန်းမသိလို့ပါ။
ဆောရီးပါကွာနော် ဒါခွေးသာမဟုတ်ပါဘူး ကြက်သားတွေပါ။ ရေခဲရိုက်ပြီးပြန်ကြော်ထားလို့ အသားကနူးနေပြီး ကြက်သားနဲ့မတူတော့တာပါ။ ငါကမင်းကိုတမင်စချင်လို့ ပြောလိုက်တာပါ။ ဆောရီးပါကွာနော်”

“ ဟင်…………….ဟုတ်လို့လား။ “

“ဟုတ်ပါတယ်။ ခွေးသားကို ဘယ်သူကခေါက်ဆွဲနဲ့ရောင်းမှာလဲကွာ မင်းကလည်း စဉ်းစားကြည့်ပါဦး”

“ဟူး………..တော်သေးတာပေါ့ကွာ ။ ငါကခွေးသားစားမိပြီဆိုပြီး အရမ်းရွံသွားတာ။ ရပါတယ် ငါကိုယ်တိုင်ကိုယ်က ကြက်သားကိုတောင်ကြက်သားမှန်းမသိအောင် ပိန်းနေတာကိုး “

“ရော့ တစ်သျှူး မင်းနှုတ်ခမ်းတွေသုတ်လိုက်ဦး”

နီယွန်လှမ်းပေးသော တစ်သျှူးစကိုလှမ်းယူလိုက်ပြီးသူ့နှုတ်ခမ်းတွေကိုအသာ သုတ်လိုက်သည်။ ထို့နောက် ဆိုင်ရှေ့သို့သွားနှင့်နေသော နီယွန်နောက်မှ သူလိုက်သွားလိုက်သည်။ နီယွန်က ဆိုင်ရှင်ထံသို့ ခေါက်ဆွဲဖိုးရှင်းပေးနေသည်။ ပြီးနောက် သူနှင့်နီယွန် ခေါက်ဆွဲဆိုင်မှ ပြန်လာခဲ့ကြသည်။


                                ********************


ခေါက်ဆွဲဆိုင်က ထွက်လာသည့်တိုင်အောင် ဈေးထဲတွင် လူတွေက မပြတ်သေးချေ။ နွေးမြနေသော နေခြည်တန်းလေးကိုထုတ်လွှင့်ပေးနေသည့် နေမင်းကြီးသည်တောင် အထက်သို့အနည်းငယ်ခန့် မြင့်တက်နေပြီဖြစ်သည်။ အရှေ့မှသွားနေသော နီယွန်ကခြေလှမ်းသွက်သည်။ သူ့လက်ကိုဆွဲကာ လူတွေကြားထဲတိုးသွားနေသည်။ သူကတော့ အနောက်ကနေသာလိုက်နေရသည်။ ဈေးတစ်နေရာအရောက် အခါလမ်းလယ်ခေါင်တွင် တွန်းလှည်းကြီးဖြင့်ရောင်းနေသော လိမ္မော်သီးသယ် ကြီးအနားတွင် နီယွန်က ရပ်တန့်လိုက်သည်။ ထို့နောက်သူ့ဖက်ကိုလှည့်လာသည်။

“ ဂီနို လိမ္မော်သီးစားမလား “

သူလိမ္မော်သီးတွေကို တစ်ချက်ကြည့်လိုက်မိသည်။ လိမ္မော်သီးတွေက ၀င်းမှည့်ပြီးစိုပြေကာ အရည်ရွှမ်းမည့်ပုံစံ တွေ့ရသဖြင့် စားချင်စိတ်ပေါက်လာသည်။ ခဏတုန်းက စားထားသည့်ခေါက်ဆွဲက အာသာသိပ်မပြေလှပါ။ သူအလျှင်စလိုပဲ နီယွန့်ကိုခေါင်းညိတ်ပြလိုက်သည်။ နီယွန်က သူ့လက်ကို ဆွဲပြီး ဈေးသည်တွန်းလှည်းနားသို့ခေါ်သွား၏။ လိမ္မော်သီးသယ်တွန်းလှည်းတွင် လူတစ်ယောက်က လိမ္မော်သီးရွေးနေသည်ကို တွေ့ရသည် ။ သူတို့နှစ်ယောက်အနားသို့ရပ်လိုက်သောအခါ သူတို့ကို တစ်ချက်လှည့်ကြည့်သည်။ ထို့နောက် ပြန်လှည့်သွားပြီး လိမ္မော်သီးပြန်ရွေးနေသည်။ ဂီနိုထိုလူ၏ မျက်နှာကိုမြင်လိုက်ရသောအခါ စိတ်ထဲတွင် စနိုးစနောင့်ဖြစ်သွားသည်။ သူသည်လူကိုမြင်ဖူးသည်။ ဟုတ်သည် သေချာသည်။ သို့ပေမယ့် ဘယ်မှာမြင်ဖူးမှန်းမသိပါ။

“ ဂီနို လိမ္မော်သီးရွေးလေကွာ။ ငါကသိပ်မရွေးတတ်ဘူး ချိုမယ့်အလုံးတွေရှာထည့်နော်”

“အင်း”

နီယွန်ကမ်းပေးနေသော အိတ်တစ်လုံးကိုလှမ်းယူလိုက်ပြီးသူ့အာရုံတွေကို လိမ္မော်သီးတွေဆီ ရွှေ့လိုက်၏။

“ဘယ်လောက်ကျလဲ “

သူ့နားထဲသို့ဝင်လာသောထိုအသံကြောင့် သူခေါင်းပြန်မတ်သွားသည်။ သူဒီအသံကိုသိသည်။ ထို့နောက် ရုတ်တရက်ထိုလူ၏ မျက်နှာကို စေ့စေ့လှမ်းကြည့်လိုက်ကာ စဉ်းစားကြည့်သည်။ သူ့ခေါင်းထဲဝင်လာသည်က လူသုံးယောက်၏ ပုံရိပ်များနှင့် ရယ်မောသံများ။ သူသိပြီ ထိုလူသည် သူလောင်းကစားဝိုင်းမှအပြန် ပိုက်စံလုသောငနဲသုံးကောင်ထဲမှ တစ်ကောင်ဖြစ်သည်။ ရုတ်တရက် ဗြုန်းစားကြီးတွေ့လိုက်ရသဖြင့် သူမမှတ်မိတာဖြစ်မည်။ သည်တစ်ခါတော့ သူ့အလှည့်ဖြစ်သည်။ အခုသူက နီယွန်နှင့်နှစ်ယောက် ထိုလူကတစ်ယောက်ထဲ ကြုံတုန်းသူ့ကို ဒုက္ခပေးခဲ့သည့်လူကို နည်းနည်းတော့ပညာပြရမည်။


“ဟေ့လူ ……………….”

သူ့အသံကြောင့် ထိုလူကော လိမ္မော်သီးသယ်ကော နီယွန်ပါသူ့ထံအကြည့်တွေရောက်လာသည်။

“ ခင်ဗျားကျုပ်ကို မှတ်မိသေးလား “

သူ့စကား ဆုံးတော့ ထိုလူက သူ့ကိုမလုံမလဲကြည့်သည်။

“ခင်းဗျားတို့သုံးယောက် ကျုပ်ပိုက်စံကိုဝိုင်းပြီး ဓားပြတိုက်ကြတာလေ။ ကျုပ်အခုမှ ခင်ဗျားရုပ်ကို ဖမ်းလို့ရတယ်။ ခင်ဗျားဘာငြင်းချင်သေးလဲ”

“ ဟုတ်သားပဲ ။ ငါမှတ်မိပြီ ဂီနို ဒီလူက မျက်နှာကိုချေးတွေပေသွားတဲ့လူပဲ ။ အဲ့ဒါကြောင့်ဒင်းက ခေါင်းကို အတင်းငုံ့ထားတာကို “

သူကပြောရုံသာပြောရသေးသည်။ နီယွန်ကလက်သွက်သည် ပြောလို့ဆုံးသည်နှင့် ထိုလူရှိရာသို့ရောက်လာပြီး လည်ဂုတ်ကိုလှမ်းဆွဲလိုက်၏။ ထိုလူက အခြေအနေမဟန်မှန်းသိသောအခါ သူ့လက်ထဲတွင်ရှိသည့်လိမ္မော်သီးထုတ်ကြီးဖြင့် နီယွန်မျက်နှာကို ပစ်ထည့်လိုက်ကာ လူတွေကြားထဲသို့ထွက်ပြေးလေတော့သည်။

“ ဂီနီု ပြေးပြီလိုက်ရအောင်။ မိလို့ကတော့ အရိုးတခြားအသားတခြားဖြစ်အောင်လုပ်ပြီး နုတ်နုတ်စဉ်း ပစ်မယ်”

သူနှင့်နီယွန် ထိုလူနောက်သို့အပြေးလိုက်လာခဲ့သည်။ အနောက်တွင်တော့ လိမ္မော်သီးသယ်ကြီးက သူတို့ကိုအော်ပြီးကျန်ခဲ့သည်။ ဘာတွေအော်သည်မသိပါ။

သူတို့နှစ်ယောက်ပြေးလိုက်လာသည်ကိုမြင်သောအခါ ငနဲကအရှိန်ထပ်မြှင့်ပြီးပြေးသည်။ ကုန်စိမ်းတန်းဖက်သို့ရောက်သောအခါ ဆိုင်ခန်းတွေကြားထဲသို့ ၀င်ပြေးလေသည်။ သူတို့မျက်ခြေမပျက်အောင် အနောက်ကနေ အတင်းလိုက်နေရသည်။ ထိုလူကလည်း လျှင်သည်။ ပြေးသည်မှ လှစ်ကနဲလှစ်ကနဲ့နှင့် မနဲအရိပ်အယောင်ဖမ်းနေရသည်။ ကြာတော့ သူတော်တော်လေးပင်မောဟိုက်လာ၏။


“ဂီနို အဲ့ဒီလူကို မိရင် မျက်နှာကိုချေးနဲ့ထပ်သုတ်ရမယ်။ သူ့ကိုသုတ်မယ်ချေးမရှိရင် ငါကိုယ်တိုင်ပါပေးမယ်”

“ မင်းကလည်းကွာ ။ မှီအောင်လိုက်စမ်းပါဦး ဟိုကလျှင်တာ ရက်စက်တယ်။ ပြီးမှမင်းလုပ်ချင်တာလုပ် ပြီးရင်ရဲလက်အပ်လိုက်”

“ ဟောဟဲ ဟောဟဲ မောတယ်ကွာ “

“အားတင်းထားဂီနို ဒီကောင်ငါတို့လက်ကပြေးမလွတ်စေရဘူး”


ကုန်စိမ်းတန်းကိုကျော်လွန်သွားသောအခါ ဈေးနောက်ဖေးပေါက်ကိုရောက်သွားသည်။ ထိုလူက သူတို့မျက်စိရှေ့လေးမှာပင် ဈေးပေါက်ဝမှ သံချေးတက်နေသည့်တံခါးကို ကန်ကာ ပြေးထွက်သွားသည်။ သူတို့နှစ်ရောက်လဲ အနောက်မှ အမှီလိုက်၏။ ဈေးတံခါးပေါက်ဝကိုကျော်သွားသော အခါလမ်းကြားတစ်ခုထဲသို့ရောက်သွားသည်။ လမ်းကြားက လူပြက်သည် ။ လမ်းသွားလမ်းလာမရှိပဲ လမ်းနံဘေးတွင် မြက်ပင်တွေနှင့် အမှိုက်ပုံတွေသာရှိသည်။ တစ်ခါတစ်ရံ အမှိုက်ပုံမှလွင့်လာသည့် အနံ့အသက်ဆိုးသည့်လေတွေကြောင့် ဂီနိုနှာခေါင်းရှုံ့မိသည်။

လမ်းကြားတစ်ဝက်သို့ရောက်သောအခါ ထိုလူကမပြေးတော့ပဲ လမ်းလည်ခေါင်တွင်ရပ်တန့်လိုက်သည် ။ ထို့နောက်သူတို့ဖက်သို့လှည့်လာသည်။ ထိုလူ၏ မျက်နှာတွင်သူတို့ကိုကြောက်သည့် အရိပ်အယောင် နည်းနည်းမျှပင်မရှိပါ။ အလဲ့သူက ငါတို့ကိုယှဉ်မယ်ပေါ့လေ။ တွေ့ကြသေးတာပေါ့ကွာ။ ဂီနိုစိတ်ထဲတွင် ကြိမ်းဝါးလိုက်သည်။



“ ဟေ့လူ ပြေးလေဗျာ။ ခင်ဗျားဘယ်လောက်ထိပြေးနိုင်သေးလဲ ပြေးစမ်းပါ။ ခင်ဗျားကပဲပြေးနိုင်မလား ကျုပ်တို့ကပဲ လိုက်နိုင်မလားကြည့်ချင်သေးလို့ပါ။ “

“ ငါတို့ကို ဒူးထောက်ပြီးတောင်းပန်တော့မယ်ထင်တယ် နီယွန်ရ ဟားဟားဟား”

နီယွန့်စကားကိုသူကပါ ၀င်ပြီးဖြည့်စွက်ပေးလိုက်သည်။ သူတို့ကိုကြည့်ပြီးထိုလူက ခပ်ပြုံးပြုံးလုပ်သည်။ ထိုအပြုံးတွင် မာယာတစ်ချို့ကို ဂီနိုမြင်လိုက်ရသည်။ တစ်ခုခုတော့ တစ်ခုခုပဲ။

“မင်းတို့လို မလောက်လေးမလောက်စား ကောင်လေးတွေကိုကြောက်နေရင် ဘုန်းမြင့်မောင်တို့အဖွဲ့က ဒီတစ်ဝိုက်မှာ လူမိုက်လုပ်မစားဘူးကွမှတ်ထား။ “


ဂီနိုထင်သည်မှာမမှားပါ။ ထိုလူ၏အနောက်တွင် နံဘေးရှိသစ်ပင်ကြီးနားမှ  နောက်ထပ်လူသုံးယောက်ထွက်လာသည်။ ထိုအခါထိုလူက စကားပြောသည်။


“ကောင်လေးတို့ရေ မင်းတို့မြင်တဲ့အတိုင်းပဲ ငါကတော့ပြေးစရာမလိုတော့ဘူး။ ဒီတစ်ခါပြေးရမှာ မင်းတို့နှစ်ယောက်ပဲကွ “


ဂီနို ကြက်သီးဖြန်းကနဲထသွားသည်။ သူတို့ကလေးယောက်တောင် ပြီးတော့လက်ထဲတွင်လည်း ငှက်ကြီးတောင်ဓားကြီးတစ်လက်နှင့် ဟော်ကီရိုက်သည့်တုတ်ကြီးတစ်လက်ကပါသေးသည်။ သူနီယွန့်မျက်နှာကိုလှမ်းပြီး အကဲခတ်ကြည့်သည်။ စောစောက ဘီလူးကြိမ်းကြိမ်းပြီး တောက်တောက်စဉ်းမည် နုတ်နုတ်စဉ်းမည်ဆိုသောသူက ယခုတော့မျက်နှာလေး ဇီးရွက်လောက်သာရှိ တော့သည်။ ဗန္ဓုလသွေးတွေ အာဂသတ္တိတွေ ဘယ်ရောက်သွားပါလိမ့်။ သူခြေလှမ်းတွေကိုနောက်သို့ နည်းနည်းဆုတ်မိသည်။ ထို့အတူ ထိုလူလေးယောက်၏ ခြေလှမ်းတွေကလည်း အရှေ့သို့တဖြည်းဖြည်း တိုးလာသည်။ နဘေးရှိ တဆက်ဆက်တုန်နေသည်ဟုထင်ရသော (သူစိတ်ထင်သည်ပါ တကယ်တန်းတုန်တာဟုတ်ချင်မှဟုတ်မည် သူကပဲကြောက်စိတ်စိုးမိုးနေ၍လား မသိပါ) လက်ကလေးကို လှမ်းဆွဲလိုက်၏။ ထို့နောက် တစ်ယောက်မျက်နှာတစ်ယောက်တစ်ချက်ကြည့် လိုက်၏။

သူတို့ပြင်ဆင်ချိန်ပင်မရလိုက်ပါ ထိုလူလေးယောက်ထဲမှ ဟော်ကီတုတ်ကိုင်ထားသည့် တစ်ယောက်က ရုတ်တရက်ပြေးဝင်လာကာ သူတို့နှစ်ယောက်ကြားကို တုတ်ဖြင့်ခုန်ဝင်ပိုင်းသည်။ သူကော နီယွန်ပါ မျက်လုံးတွေပြာဝေသွားပြီး နဘေးသို့အလျှင်အမြန်ရှောင်လိုက်ရသည်။ သူကမြေကြီးပေါ် ၀မ်းယားထိုးလဲသွားသည်။ နီယွန်ကတော့မလဲပဲ ယိုင်ရုံသာယိုင်သွားသည်။


“ယား……………ယစ်………………….ယူ့စ်………………”

ထိုစဉ်အနောက်မှ ငနဲသုံးကောင်ကပါ တချိန်ထိုးခုန်ဝင်လာကြသည်။ ဂီနိုနှင့်နီယွန်သည် အပြေးအလွှားထကာ နှစ်ယောက်သားကျေချင်းကပ်ကာ လက်သီးချိန်ပြီး ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ အခြေအနေမှ အက်ရှင်ဇက်ကားတွေထဲကလို မင်းသားနှစ်ယောက်နဲ့ လူဆိုးတွေ ဖိုက်တင်ချတော့မည် ဒီဇိုင်းပင်။ ဘာပဲဖြစ်ဖြစ် မိမိဖက်ကလက်ဦးမှု ရယူဖို့တော့လိုသည်။ ရန်သူကို အလစ်မပေးပဲ မျက်စိကိုရှင်ရှင်ထားရမည်။ တစ်ချက်ကလေးမှားတာနှင့် ကြယ်တွေလတွေမြင်သွားနိုင်သည်။

“ကျား………………..ယားစ်………………”

ဟော်ကီတုတ်သမားက ဒုတိယအချီဝင်ရိုက်သည်။ဂီနိုခေါင်းကို ငုံရှောင်ပေးလိုက်ကာ ဗိုက်ကိုလက်သီးဖြင့် အသားကုန်ထိုးထည့်လိုက်သည်။

“၀ှစ်………………………..”

“ ဒုတ်……………………………..”

“အု…………………………………..”

ထိုစဉ်လက်ဗလာဖြင့်ငနဲတစ်ကောင်မှာ အနောက်ကနေဂီနို့ကုန်းနေသော ဖင်ကို အားရပါးရဆောင့်ကန်ထည့်လိုက်၏။ ငနဲ၏ကန်ချက်ကြောင့် ဂီနိုမြက်ဖုတ်ထဲသို့ လိမ့်သွားသည်။ ဂီနိုလဲသွားသည်ကို မြင်သောအခါ နီယွန်က ၀င်ကူရန်ပြင်သည်။ ထိုအခိုက် ငှက်ကြီးတောင်ဓားသမားက နီယွန့်ကို ၀င်ပိုင်းသည်။

“၀ှီး……………….၀ှစ်…………………..”

“ရွှတ်……………………..”

နှစ်ဆင့်သုံးဆင့်ပိုင်းချက်တွေကို ရှောင်ရင်းနီယွန်းတစ်ဖြေးဖြေးအနောက်သို့ ရောက်လာသည်။ အနောက်သို့မမြင်ပဲ ဆုတ်လာသောကြောင့် သစ်ငုတ်ကြီးတစ်ခုဖြင့်ဝင်တိုက်ကာ မြက်တွေထဲသို့ ပက်လက်လန်လဲသွားသည်။ ထိုအခြေအနေကို အလစ်မပေးပဲ ငှက်ကြီးတောင်ဓားသမားက အားရပါးရ၀င်ခုတ်လေသည်။


“၀ှစ်………………..ဒုတ်…………….”

သို့သော် နီယွန်က အရှောင်မြန်ပြီးနဘေးသို့ ကိုယ်လုံးကိုရွှေ့လိုက်သဖြင့် နီယွန့်ကိုမခုတ်မိပဲ  နီယွန်ခလုတ်တိုက်မိသော သစ်ငုတ်ကြီးကို ခုတ်မိသွားလေသည်။ သစ်ငုတ်ကြီးက သစ်ဆွေးငုတ်ကြီးဖြစ် သဖြင့်ဓားက တော်တော်လေးနစ်ဝင်သွားပြီး ပြန်မကြွပဲရှိလေသည်။ ထိုအခွင့်အရေးကို အလွတ်မပေးပဲ နီယွန်က ပက်လက်လန်နေရင်းမှ ထိုဓားသမား၏ လဥတည့်တည့်ကို ခြေထောက်ဖြင့်ကန်ထည့်လိုက်၏။

“ဖုန်း…………………”

“အား…………………..အောင်မယ်လေးသေပါပြီဗျ……………တအားကြီးလုပ်ရသလား”

“သြော် ဟုတ်သားပဲ။ တော်တော်နာသွားလား”

“နာတာပေါ့ တအားကြီးလုပ်တာကိုး”

“နာသွားရင် ထပ်နာဖို့သာပြင်။ ကဲဟယ်…………………………”

“ခွပ်………….”

“အု………….”

“ဖုန်း…………”

“အွတ်……….”

နီယွန့်၏ ဆက်တိုက်ဆက်တိုက် ဆင့်ပြီးပင့်ကျွေးလိုက်သော လက်သီးချက်များကြောင့် ဓားသမားကြီးခင်မျာ မရူနိုင်မကယ်နိုင်ဖြစ်ပြီး ဖူးယောင်သွားလေသည်။ ထိုစဉ် အနောက်မှ လက်ပိုက်ကြည့်နေသော ငနဲနှစ်ကောင်က တစ်ဟုန်ထိုးပြေးဝင်လာကြသည်။ အခြေအနေမဟန်မှန်းသိ သဖြင့်နီယွန်က ဂီနို့ကိုထူပြီး ဆွဲပြေးလေ၏။

“လာဂီနိုရေ ပြေးရအောင်”

“ပြေးပြီကွ…………လိုက်……….လိုက်………..လိုက်”


ဂီနိုကအနောက်ကလိုက်သည် နီယွန်က ထုံးစံအတိုင်းဂီနို့လက်ကိုဆွဲကာ အရှေ့ကပြေးသည်။ လူဆိုးတွေကအနောက်ကနေ အော်ဟစ်ပြီးကျန်ခဲ့ကာ ၀ရုန်းသုံးကားဖြင့် လိုက်ကြသည်။ ထိုပတ်ဝန်းကျင်တစ်ဝိုက်လုံး ပွက်ကလောရိုက်ကာ ဆူညံနေသည်။ ဈေးပေါက်ဝသို့ပြန်ရောက်သော အခါနီယွန်က ဈေးသံတံခါးကြီးကို ဂျိမ်းကနဲပိတ်ပြီး သူဂလန့်ထိုးခဲ့လိုက်သည်။

အနောက်က လူဆိုးအုပ်စုရောက်လာသောအခါ သံဂလန့်ထိုးထားသည့် သံတံခါးကို ဖွင့်မရပဲ အပေါ်မှကျော်တက်ကြလေသည်။ ထို့နောက် နီယွန်နှင့်ဂီတနောက်သို့ သည်းကြီးမဲကြီးလိုက်၏။
ဈေးထဲသို့ရောက်သောအခါ နီယွန်နှင့်ဂီတက ကုန်စိမ်းတန်းထဲ ပြန်ဖြတ်ပြေးကြသည်။ အနောက်မှ အုပ်စုကလည်း ထပ်ကြပ်မကွာလိုက်လာကြသည်။ ကုန်ဈေးတန်းတစ်ခုလုံးလဲ တောမီးလောင်သည့်ပမာ အုံကျွက်ညံကုန်ကြသည်။ နီယွန်က လမ်းရှိကြက်အရှင်လတ်လတ်တွေရောင်းသည့် ကြက်သယ်နားသို့ရောက်သောအခါ ကြက်ခြင်းတောင်းတွေကို ကန်ကျောက်ထည့်လိုက်သည်။

ထိုအခါ ခြင်းတောင်းထဲရှိကြက်တွေက ဇောက်ထိုးမိုးမျှော်တွေဖြစ်ပြီး တောင်းအပြင်ဖက်ကိုထွက်ကာ ထပျံကုန်ကြသည်။ထိုအထဲမှကြက်တစ်ကောင်သည်  ထိုကြက်သယ်နဘေးတွင် ရှိသည့် ဒူးရင်းသီးသယ်ကြီး၏ နဖူးပေါ်သို့သွားနားလေသည်။ ထိုအခါဒူးရင်းသီးသယ်ကြီးကာ လန့်ဖြတ်ပြီး ကြက်ကိုပုတ်ချကာ အမှတ်မထင် ဒေါက်ထောက်ထားသော ဒူးရင်းသီးဗန်းကြီးကို တိုက်မိသွားသည်။ ဒူးရင်းသီးသယ်ကြီးတိုက်ချလိုက်သောအခါ ဒူးရင်းသီးဗန်းကြီးသည် ၀ုန်းကနဲဒေါက်ပြုတ်သွားပြီး လမ်းမပေါ်သို့ ဒူးရင်းသီးတွေလိမ့်ကုန်လေသည်။ ထိုအချိန်တွင် အနောက်မှပြေးလာသော ငနဲအုပ်စုမှ နီယွန့်အထိုးခံထားရသည့် ဓားသမားသည် ဒူးရင်းသီးကြီးကို ခြေချော်ကာ တက်နင်းမိပြီး ၀မ်းယားမှောက်လဲလေသည်။ ဓားသမားက ၀မ်းယားမှောက်လဲတော့ အနောက်မှ ထပ်ကြပ်မကွာ လိုက်လာကြသော ကျန်သုံးယောက်မှာလဲ အရှိန်မထိန်းနိုင်ပဲ ထပ်ကာထပ်ကာ လဲကုန်ကြသည်။


နဘေးရှိကုန်စိမ်းသည်များက သူတို့အုပ်စုကိုကြည့်ပြီး တ၀ါးဝါးတဟားဟားဖြင့်ပွဲကျကုန်ကြသည်။ လဲသွားသော လေးယောက်အနက်အပေါ်မှသုံးယောက်မှာ အလူးအလဲထလာ၏။ သို့သော် အောက်ဆုံးမှပိသွားသောတစ်ယောက်မှာမူ ရုတ်တရတ်မထနိုင်ပဲရှိလေသည်။ ထိုအခါ ထိုလူကို ပြန်ပြီးဝိုင်းထူနေရသေးသည်။ ထိုလူက လမ်းပင်မလျှောက်နိုင်တော့ပဲ ခြေထောက်ထော့နဲ့ ထော့နဲ့ဖြစ်သွားသဖြင့် ကျန်သုံးယောက်က စိတ်မရှည်တော့ပဲ ဒီအတိုင်းထားခဲ့ကာ နီယွန်နှင့်ဂီတအနောက် သို့ဆက်လိုက်ကြသည်။ နီယွန်နှင့်ဂီတမှာ ကုန်စိမ်းတန်းကိုကျော်ပြီး ငါးခြောက် ငါးချမ်းနှင့်ကုန်ခြောက်များ ရောင်းသည့်နေရာသို့ရောက်နေပြီဖြစ်သည်။


ကုန်ခြောက်သယ်များသည် ၀ရုန်သုန်းကားပြေးဝင်လာသော လူအုပ်စုကြောင့် ထိတ်ထိတ်ပြာပြာတွေဖြစ် ကုန်ကြပြီး လန့်သွားကြသည်။ နီယွန်နှင့်ဂီတကို ကုန်ခြောက်ဆိုင်များနားမကျော်ခင်တွင် လူဆိုးသုံးယောက်က မှီသွားပြီး ၀ိုင်းဝန်းတိုက်ခိုက်ကြလေသည်။ ဂီနိုနှင့်ဖိုက်သည့် ဟော်ကီတုတ်သမားက သည်တစ်ခါတော့ နီယွန့်ကိုဝင်တိုက်ခိုက်သည်။ လိမ္မော်သီးဆိုင်မှတစ်ယောက်နှင့် သူတို့ခေါင်းဆောင်ဟု ယူဆရသော ဘုန်းမြင့်မောင်ဆိုသည့် လူက ဂီနိုကို ၀ိုင်းတိုက်ခိုက်သည်။ ဂီနိုက နောက်တစ်လှမ်းဆုတ်တော့ သူတို့နှစ်ယောက်က ရှေ့တစ်လှမ်းတိုး လာသည်။ ဂီနိုက ရှေ့တစ်လှမ်းတိုးတော့ သူတို့နှစ်ယောက် နောက်တစ်လှမ်းဆုတ်သွားပြန်သည်။ နှစ်ယောက်စလုံးက ဂီနို့ကိုလက်သီးတစ်ချိန်ချိန် တုတ်တကားကားဖြင့် ၀ိုင်းထားကြသော်လဲ ၀င်မလုံးသေးဘဲရှိလေသည်။

ဂီနိုလက်သီးနှစ်ဖက်ကိုကျစ်နေအောက်ဆုပ်ထားပြီး အနောက်သို့ဆုပ်ကာဆုပ်ကာ ကုန်ခြောက်ဆိုင်နား သို့ကပ်နိုင်သမျှ ကပ်သွား၏။

“ယား……………………………….”

ရုတ်တရက်ဆိုသလို လူတစ်ယောက်က ဂီနို့ဆီကို ပြေးဝင်လာသည်။ ထို့နောက် ဂီနို့ကို တုတ်ဖြင့်စော်သည်။ သို့သော် ဂီနိုကငုံ့ရှောင်လိုက်သဖြင့် ဂီနို့ကိုမထိပဲ အနောက်ရှိ ကုန်ခြောက်ဆိုင်က ငါးခြောက်ဗန်းကြီးကို ရုက်မိကာ ငါးခြောက်တွေ မြေကြီးပေါ်ကျကုန်သည်။ ဂီနို အနောက်သို့တစ်ချက်မျှငဲ့ကြည့်လိုက်ပြီး ကုန်ခြောက်ဆိုင်ရှိ ဇလုံကြီးဖြင့်ပုံထားသော နီရဲနေသည့် ငရုတ်သီးမှုန့်များကို လက်ဖြင့်ဆုပ်ကာ ထိုသူ့မျက်နှာတည့်တည့်သို့ သုပ်ထဲ့လိုက်၏။

“အား………………..အောင်မယ်လေး။ အောင်မလေး စပ်……..စပ်………စပ်လိုက်တာ………”

ထိုသူက သူ့မျက်နှာကို လက်ဝါးကြီးဖြင့်အုပ်ကာ အသားကုန်အော်လေတော့သည်။ ထိုအချိန်တွင် အနောက်မှ ရပ်နေသည့်သူ ဘုန်းမြင်မောင်က ဂီနို့အားအနောက်ကနေ တစ်စုံတစ်ခုဖြင့် ရိုက်ချလိုက်လေသည်။

“ခွပ်…………..”

“အား…………………”

ဂီနိုမျက်လုံးတွေ ပြာဝေသွားပြီး ရုတ်တရက်ခေါင်းတွေမူးနောက်သွားသည် ။ ထို့နောက် အမြင်အာရုံတွေေ၀၀ါးလာကာ မြေကြီးပေါ်သို့ ခွေလဲကျသွားသည်။ သူ့နားထဲတွင် အသံသဲ့သဲ့သာ ကြားလိုက်ရသည်

“ဂီနို…………………………………”



                                                   ****************

သူ့နားထဲတွင် အသံတွေဝိုးဝါးစွာကြားနေရသည်။ လူသံတွေ ဟုတ်သည် လူတွေအများကြီး ၀ိုင်းဖွဲ့ပြီး စကားပြောနေသည့် အသံများဖြစ်သည်။ အသံတွေကို သူအတိုင်းသားကြားနေရသည် သို့သော် သူ့မျက်လုံးတွေက ဘာမှမမြင်ရပဲ အမှောင်ပကတိအတိုင်းဖြစ်နေသည်။ ပြီးတော့  သူ့နောက်စေ့က နာကျင်မှုက တဆစ်ဆစ်ကိုက်ခဲနေသည်ကိုသတိပြုမိသည်။ သူသည် အမှောင်ကမ္ဘာထဲတွင် ရောက်ရှိနေကာ သူ့ခေါင်းတွေမူးနောက်နေပြီး အာရုံတွေရှုပ်တွေ ဆန်ပြားနေသည်။ ကလေးတွေ စီးသည့် ချားရဟတ်စီးနေရသလို သူသည် အမှောင်ထုထဲတွင် ၀ဲလည်လည်ဖြစ်နေရင်း နာကျင်မှုဒဏ်ကို ခံစားနေရသည်။ အသံတွေကလည်း ဆက်လက်ကြားနေမြဲပင်။ သူအမှောင်ထုထဲမှ ရုန်းထွက်ချင်လှပြီ။ သူသည်အမှောင်ထုကြီးထဲမှာ မူးမိုက်နေခြင်းကို လုံးဝမလိုလားတော့ပါ။ သူအားတွေကို အကုန်ညှစ်သုံးပြီး ကိုယ်လွတ်လက်လွတ်ရုန်းပစ်လိုက်သည်။

“အား………………………………”

ဂီနို့၏အော်သံကြောင့် အခန်းထဲရှိလူများ ဂီနို့ထံအာရုံရောက်လာကြပြီး ရုတ်တရက် တခန်းလုံးမီးပျက်သွားသလို ဆိတ်ငြိမ်သွားသည်။ ဂီနို ထိုလူများကို တစ်ဦးချင်းဆီ လိုက်လံကြည့်နေမိသည်။ သူ့ပါပြင်တွင်လည်း ချွေးသီးပေါက်တွေဖြင့်စေးကပ်နေသည်။ လည်ပင်းမှအစ ကျောပြင်တစ်ခုလုံးလဲ ရေချိုးထားသလို ချွေးတွေက နည်းနည်းနောနောမဟုတ်။ သူ့ခေါင်းပေါ်ရှိ တစ်ဝှစ်ဝှစ် လည်ပတ်နေသည့် ဒဟတ်ပန်ကာ ကြီးမှ လေတွေကြောင့် သူ့ခန္ဓာကိုယ်ရှိချွေးတွေနှင့်ရောပြီး အနည်းငယ်အေးမြသွားသည်။

“ဂီနိုသတိရလာပြီဟေ့…………..”

ကုတင်ဘေးရှိလူများက သူ့ထံစုပြုံပြီးရောက်လာကြသည်။ ထို့နောက်သူ့အနားတွင် ကိုယ်စီကိုယ်စီ နေရာယူလိုက်ကြသည်။ သူယခုမှ သေသေချာချာကြည့်မိသည်။ သူ ယောကျာ်းလှကျွန်း အနှိပ်ခန်းရှိ သူနှင့်နီယွန်တို့၏ အခန်းထဲပြန်ရောက်နေသည်။ သူ့နဘေးရှိလူသုံးယောက်ကိုသူသိသည်။ သူစရောက်သည့်နေ့က အိမ်ရှေ့ခန်းတွင် ဖဲရိုက်နေကြသည့်သုံးယောက်ပင်။ သူတို့သုံးယောက်ထဲမှ နှစ်ရောက်မှာ အငယ်လေးနှင့်သစ္စာဟူ၍ နီယွန်ပြောပြထားလို့သူသိသည်။ ကျန်တစ်ယောက်ကတော့ သူမသိပါ။ ပြီးတော့ သူ့ပုံစံက နည်းနည်းနွဲ့သည်။

“ ဟေ့ အသစ်ကလေး မနက်ကဈေးထဲမှာ ဖိုက်တင်ဝင်လိုက်တာ တော်တော်အီသွားလား။”

“ခင်ဗျားက ဘယ်သူလဲ”

“သြော် တို့နာမည်က နန်စီလို့ခေါ်တယ်။ တို့လဲဒီကပဲလေ ဒီဘက်ကတစ်ယောက်က အငယ်လေး ဟိုဘေးကတစ်ယောက် သစ္စာတဲ့။ တို့အားလုံး နီယွန်ရဲ့သူငယ်ချင်းတွေပဲ”

သူနှုတ်မှသြော်…..ဟုတစ်ချက်သာထွက်သွားပြီး သူတို့အားလုံးကို အသိမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူတို့ဆီကတော့ ဂီနို့ကိုအပြုံးတွေဖြင့် ဝေေ၀ဆာဆာတုန့်ပြန်သည်။

“အခုဘယ်အချိန်ရှိနေပြီလဲဟင်………….။ ပြီးတော့ ကျွန်တော်ဘယ်လိုလုပ်……………”

“မင်းကို နီယွန်ပိုးလာတာလေ။ မင်းနဲ့နီယွန်မနက်က ဈေးထဲမှာ ဘုန်းမြင့်မောင်ဆိုတဲ့ လူရမ်ကားအုပ်စုနဲ့ ရန်ဖြစ်ကြတယ်တဲ့ ပြီးတော့ မင်းခေါင်းကို ဘုန်းမြင့်မောင်က နှစ်တစ်တုတ်နဲ့စော်လိုက်တယ်တဲ့။ နီယွန်ကတော့ ဘာမှမဖြစ်ဘူး အခုနကမှ ရဲစခန်းကပြန်လာတာ။ ဘုန်းမြင့်မောင်တို့အုပ်စုကတော့ အချုပ်ထဲမှာရောက်နေပြီ။ သူတို့ကိုရဲတွေက အနည်းဆုံး တစ်ပတ်လောက်တော့ ချုပ်ထားကြလိမ့်မယ်”

အငယ်လေး၏ တရပ်စပ်စက်သေနတ်ပစ်သလိုပြောနေသော စကားတွေကြောင့် သူ့နောက်စေ့မှ ပြန်ပြီးနာကျင်ကိုက်ခဲလာသလိုဖြစ်လာသည်။ သူအရိုက်ခံရသည်တဲ့ ခေါင်းမှာ ဘာပတ်တီး ဘာဆေးမှထဲ့ထားတာလဲမတွေ့ပါ။ သူ့ကိုမေ့မြောနေသည့်အတိုင်းပစ်ထားကြ သည်လားမသိပါ။

“ အား……………..ကျွတ်စ်………ကျွတ်စ်………….ကျွတ်စ်……”

“မင်ခေါင်းက နာနေသေးလား။ မင်းက မေ့လဲပြီးတစ်ခါတည်းအိပ်ပျော်သွားတာကိုး။ နီယွန်ကလဲ ရဲစခန်းရောက်နေတော့ မင်းကိုဆေးခန်းမပို့နိုင်ဘူး။ ငါတို့ကလဲ ခဏတုန်းကမှ သိတာ။ ငါတို့တွေက နေ့လည်ဆိုအိပ်ပျော်နေကြတာလေ။ “

“ခေါင်းနာနေရင်ဆေးသောက်ပေါ့။ ဒီညအလုပ်ဆင်းရမှာတော့ ပျက်လို့မဖြစ်ဘူးနော်”

အသံနှင့်အတူ အခန်းထဲသို့ တံခါးကိုခက်ကြမ်းကြမ်းဖွင့်ပြီးဝင်လာသည့် မိုးမြင့်ကြောင့် ဂီနိုလန့်သွားသည်။ မိုးမြင့်က သူ့အနားသို့ တိုက်ရိုက်လျှောက်လာသည်။ ထို့နောက် သူ့ခေါင်းကို ငုံ့စေလိုက်ပြီး သူ့နောက်စေ့ကို တစ်ချက်ကြည့်သည်။

“ဘာဒဏ်ရာမှမရှိပါဘူး။ သွေးလည်းမထွက်ဘူး နည်းနည်းပါးပါးနာတာ တအောင့်လောက်နေရင် ပျောက်သွားလိမ့်မယ်။ အခုခုနှစ်နာရီထိုးတော့မယ် နင်တို့အားလုံး ရေချိုးပြီးပြင်ကြဆင်ကြတော့။ နီယွန့်ကိုလဲပြောလိုက် ဒီညဆင်းဖြစ်အောင်ဆင်းရမယ်လို့။ ခဏနေရင် မိုးချုပ်တော့မယ် မြန်မြန်လုပ်ကြ”

“မမမိုးမြင့်ကလဲ ဂီနိုကမနက်က ရန်ဖြစ်ပြီးဒဏ်ရာရထားတာ ဘယ်လိုလုပ်အလုပ်ဆင်းနိုင်မှာလဲ။ သူ့ကိုတစ်ညလောက်ပေးနားလိုက်ပါလား”

နန်စီက ဂီနို့ဖက်က၀င်ပြောပေးသည်။ မိုးမြင့်က နန်စီကို တစ်ချက်မျက်စောင်းထိုး၏။ ထို့နောက်

“ သူက ဒီညမှ အလုပ်စဆင်းမှာလေ။ ပထမဦးဆုံးညက စပျက်လို့ရမလား။ နောက်ပြီးတော့ ရန်ဖြစ်တယ်ဆိုတာ ကိုယ့်ပြဿနာကိုကိုယ်မီးခွက်ထွန်းပြီးရှာလာကြတာ။ ငါနဲ့မဆိုင်ဘူး။ သူ့ဒဏ်ရာကလဲ ချက်ချင်းကြီးတော့မသေနိုင်ပါဘူး။ ဒီည ငါ့သူငယ်ချင်းတွေလာကြလိမ့်မယ် သူတို့က ရေလျှံတယ် လက်လွတ်ခံလို့မဖြစ်ဘူး။ ယောကျာ်းလှကျွန်းဆိုတဲ့ အနှိပ်ခန်းက နာမည်တစ်လုံးနဲ့နေတာ နင်တို့အတွက်နဲ့ ငါ့စီးပွားကောနာမည်ကောအပျက်မခံနိုင်ဘူး။ ရှင်းပါတယ်နော်”

“နေပါစေ နန်စီ။ ကျွန်တော်ဘာမှမဖြစ်ပါဘူး။ အလုပ်ဆင်းနိုင်ပါတယ်။ မမမိုးမြင့် ကျွန်တော့်ဒီည အလုပ်ဆင်းမယ်”

“တွေ့လား သူကတောင်ဘာမှမဖြစ်ပါဘူးတဲ့။ နင်တို့ဟာလေ မရှိနှပ်ချေးကိုငပိလုပ်ချင်နေကြတယ် ပိုကိုပိုတယ်”

မိုးမြင့်က ထုံးစံအတိုင်ပြောပြီးသည်နှင့် ထွက်သွားသည်။ တံခါးကိုလဲ ညင်ညင်သာသာ ပိတ်မသွားပါ။ မတော်တဆ နှလုံးရောဂါရှိသည့်သူဆိုလျှင် သူ့အပြုအမူတစ်ခုခုကြောင့် လန့်ပြီးသေသွားနိုင်သည်။ လူကသာ မိန်းမလိုဝတ်ထားခြင်းဖြစ်ပြီး စိတ်ကတော့ အမေဂျမ်းသေလို့ဝင်စားသည်လား အောင့်မေ့ရသည်။ အပြင်ရောက်တော့ သူတို့ကိုအော်သွားသေးသည်

“ရေချိုး၊ မျိုစို့ပြီးရင်ဆင်းခဲ့ကြတော့”

တဲ့။


                                                   ****************

တကယ်ဆိုလျှင် ဤအိမ်ကြီးက နေ့ခင်းပိုင်းတွင်သာ ခြောက်ကပ်ကပ်ဖြင့် ပျင်းစရာကောင်းနေခြင်း ဖြစ်ပြီး ညပိုင်းရောက်သွားသောအခါ night club ထဲရောက်နေရသလိုပါပင်။ လူတွေကလည်း သွားလိုက်လာလိုက်ဖြင့် စည်ကားနေသည်။ မျက်နှာကျက်ပေါ်ရှိထွန်းထားသော မီးများမှာလဲ မိတ်လိုက်ဖွင့်လိုက်ဖြင့် နီနီတွေစိမ်းစိမ်းတွေဖြင့် မျက်စိကိုပြာယာခတ်နေစေသည်။ slide အသေးစားလေးများဖြစ်သည်။ ထို့အပြင် ကောင်တာမှ မိုးမြင့်ဖွင့်ထားသည့် Disco သီချင်းမှ ထွက်ပေါ်လာသည့် ဆောင်းဘောက်စ်သံက သူ့ရင်ကို ပိုမိုဆူညံလှုပ်ရှားစေကာ စိတ်ကိုဂနာမငြိမ်အောင် နိုးဆွလျှက်ရှိသည်။

“ဂီနို ခဏနေကျရင် မင်းအလုပ်ဝင်ရတော့မယ်။ ငါပြောတာတွေမှတ်ထားလား”

“အင်း “

“မျက်နှာကြီးကို ခပ်တည်တည်ကြီးမနေနဲ့။ ပြီးရင် ရွေးမယ့်သူရှေ့ရောက်ရင် သူ့ကိုအတက်နိုင်ဆုံး မင်းဆီစိတ်ပါလာအောင် မင်းဖက်က ညို့ယူနိုင်စွမ်းရှိရမယ်။ အဲ့လိုမှမဟုတ်ရင်မင်းလူမရပဲနေလိမ့်မယ်။ လူမရရင် မင်းပိုက်စံတစ်ပြားမှရမှာမဟုတ်ဘူး။ ပြီးတော့ ……………..”

နီယွန်က သူ့ဘေးနားကနေရင်း စကားပြောနေရာမှ ရုတ်တရက်ရပ်သွားသည်။ သူနီယွန်ကို စူးစမ်းလိုက်၏

“ပြီးတော့ကော”

“ပြီးတော့ ဒါလေးကို နည်းနည်းမြင်သာအောင်လုပ်ထား “

နီယွန်က ပါးစပ်ကပြောပြီးသည်နှင့် သူ့ပေါင်ခြံကြားထဲသို့ လက်လျှိုဝင်လာကာ သူ့ငယ်ပါကိုဖွဖွလေး ညစ်လိုက်သည်။ သူတို့တွေအပေါ်ထပ်က ဆင်းလာသည်နှင့် အ၀တ်အစားမပါပဲ အောက်ခံအတွင်းခံဘောင်းဘီလေး များနှင့်သာနေရသည်။ ညရောက်မှ ဤအနှိပ်ခန်းတွင် အလုပ်လုပ်သူတွေမနည်းမှန်း ဂီနိုတွေ့ရသည်။ သူတို့အားလုံးအတွင်းခံလေးတွေကိုယ်စီနှင့် ဖြစ်ပြီး အခန်းလေးတွေထဲရှိ မီးနီနီအောက်တွင် ကိုယ်အလှပြမည့် သူတွေလို ထိုင်နေရသည်။

“ဂီနို……………”

နီယွန်ကခေါ်သံနှင့်အတူ သူ့ကိုမေးဆတ်ပြသည်။ သူတံခါးပေါက်သို့ကြည့်လိုက်သော အခါမိုးမြင်နှင့်အတူ အခြောက်မကြီးတစ်ယောက်လျှောက်လာသည် ကိုတွေ့ရ၏။ အခြောက်မကြီးက အပေါ်တွင် ယောကျာ်းရှပ်င်္အကျီကြီးကို ၀တ်ထားပြီးအောက်ရှိပုဆိုးကိုမူ ထဘီကဲ့သို့ ဘေးချိတ်းဝတ်ထားသည်။ (ယခုခေတ် မထော်မနန်းဝတ်တတ်လေ့ရှိသည့် အခြောက်များအတိုင်း ဖြစ်သည်)။ တံခါးပေါက်မှ အခန်းထဲသို့ရောက်လာကြပြီး သူတို့ကိုတစ်ဦးချင်းဆီကြည့်နေသည်။

“ဟဲ့ကမ လူဟောင်းလေးတွေကလဲ ပိုပြီးဆင်လာတယ်နော်။ ညည်းဆီမှာ လူတွေက အသန့်တွေကြီးပဲ ကမရယ်။ ကြည့်ရတာနဲ့တင်သရေကျနေပြီ”

“ဟင်းဟင်းဟင်း မိုးမြင့်တို့ဆီမှာ ကလေကချေတွေမရှိဘူးဆိုတာသိတယ်မဟုတ်လား စီစီရယ်။ အဆင်တွေ အသန့်တွေ အကိတ်တွေကြီးပဲထားတာ။ “

“သိပါတယ် ကမရယ်။ ညည်းကလေ တရုတ်မယားလုပ်စားဖို့တောင်ကောင်းတယ် စီးပွားရေများ မြင်တတ်ချက်။ ပြီးတော့ ငါတို့လို အာပေါက်အောင်ပြော ထီးဖြူဖိနပ်ပါး နေပူထဲလျှောက်သွားမှ ပိုက်စံရတဲ့အလုပ်မျိုးမဟုတ်ဘူး ညည်းအလုပ်က ထိုင်စားအလုပ်။ သိပ်ဇိမ်ရှိမှာပဲ”

“မထင်ပါနဲ့ စီစီရယ်။ ငါ့မှာလေ တစ်နေ့တစ်နေ့ မောရတာမောရတာဆိုတာနင်မသိပါဘူး။ နောက်ပြီးတော့ စားပေါက်ချောင်အောင် ဟို ရဲတို့ ဘာတို့ မယက တို့ကိုလဲ မရစရသေးတယ်လေ။ ငါတခြားအလုပ်တစ်ခု လမ်းစရနေပြီ အဲ့ဒီအလုပ်ပါအောင်မြင်ရင်တော့ ငါတော့ခိုင်ပြီ”

“ဘောစိမကများ ညီးနေပြန်ပြီ။ ကဲစောက်စကားရှည်နေတာနဲ့တင်မပြီးတော့ဘူး။ ဘယ်မလဲညည်းပြောတဲ့ ပါကင်အဆင်လေး။ ဒီမှာအာလှပြီသိရဲ့လား။ သိရဲ့လား”

မိုးမြင့်က တစ်ခစ်ခစ်ရယ်ရင်း သူ့သူငယ်ချင်းမကြီးကို အသာကိုင်ကာ တန်းစီပြီးထိုင်နေသည့် ကောင်လေးတွေဖက်သို့ ရှိုးလေသည်။ ထို့နောက် ဂီနို့ဆီအရောက်တွင် အကြည့်ရပ်သွားသည်။ ဂီနို့ကို ကြည့်ပြီး ခေါင်းညိတ်အချက်ပြကာ လက်ညိုးကွေးပြီးခေါ်လိုက်သည်။ ဂီနိုအနားသို့ရောက်လာသော်

“ကဲ စီစီ သဘောကျရဲ့လား။ သူလေးက ဂီနိုတဲ့ တပြန်နေ့ကမှရောက်တာ”

“ဖွာသွားပြီ ကမရယ်။ စမ်းကြည့်လို့ရလား “

“အင်း….”

ထိုအခြောက်မကြီးက တဖြည်းဖြည်အရှေ့တိုးလာကာ ဂီနို့ရင်ဘတ်ကို အသာလက်ဖြင့် တို့ကြည့်သည်။ ထို့နောက် တဖြေးဖြေးလျှောဆင်းလာပြီး နို့သီးခေါင်းတွေကို အသာလေးညှစ်သွားသည်။ ထို့နောက် ဂီနို့ အတွင်းခံဘောင်းဘီအပေါ်သို့ လက်ကိုရွေ့လိုက်ပြီး ညှစ်ထဲ့လိုက်သည်

“အို….ဟိဟိဟိ”

“အာ့……..”

“ဟဲ့စီစီ ဖြေးဖြေးလုပ်ပါဟယ် ကြေသွားပါဦးမယ်။ ငါ့ကိုစီးပွားပျက်အောင်မလုပ်ပါနဲ့အေ”

“ကဲကမရယ် ကြိုက်တယ်အေ။ “

“အေး ကြိုက်ရင် အနောက်ကိုကြွပေတော့ aircon ခန်းရှိတယ်။”

“အေးအေး ဟိဟိဟိ။ လာမောင်းလေး။ အဲ့လေ မောင်လေး”


                                                       ****************

အခန်းထဲသို့ရောက်သော် အခြောက်မကြီး စီစီက သူ့ခန္ဓာကိုယ်ပေါ်ရှိ အ၀တ်အစားများကို ချွတ်ပြီးကုတင်အောက်သို့လွှင့်ပစ်လိုက်သည်။ ထို့နောက် သူမ၏ ချိုင်းခြားမှ ပိုက်စံအိတ်ကြီးကို ကုတင်ခေါင်းရင်းရှိ စားပွဲခုံပေါ်သို့တင်ထားလိုက်ကာ အတွင်းခံဘောင်းဘီလေးတိုစနန့်နန့်ဖြင့် ကုတင်ပေါ်အားယားကြီးမှောက် လိုက်ကာ ဇိမ်ခံဖို့အသင့်ပြင်နေလေတော့သည်။ ဂီနိုထို အခြောက်မကြီးကို ကြည့်ပြီးစိတ်တော့ ပျက်သွားမိတာအမှန်ပင်။ သို့ပေမယ့် သူစိတ်ပျက်နေရုံနဲ့ ကိစ္စက ပြီးသွားမည်မဟုတ်။ လုပ်စရာရှိတာကို လုပ်ရဦးမည်။ အဓိကက ကိုယ်လိုချင်တာရလျှင် ပြီးတာပဲလေ။

“မမ ကျွန်တော် အပေါ်ကနေခွထိုင်မယ်နော်”

“ဒါပေါ့ကွယ် ထိုင်ရမှာပေါ့။ မင်းကထိုင်ရမယ် ပြီးရင်မမက မြင်းလုပ်စီးမယ်”

တော်တော်အသားယူချင်သည့်အခြောက်ကြီးပါလား ။ ဂီနိုစိတ်ထဲတွင် ထိုအခြောက်မကြီးကို ကြိမ်ဆဲပစ်လိုက်ရင်း ကျောပေါ်သို့ sunflower ဆီတွေလောင်းချလိုက်သည်။

“အို………….။ သူလေးက တစ်မျိုးလေးနော်။ နည်းနည်းကြမ်းတယ်။ တို့ကလည်း ဒါမျိုးလေးတွေတွေ့ချင်နေတာနဲ့ အတော်ပဲ”

“ကျောကုန်းတွေ  အရင်နှိပ်ပေးမယ် အကျောလျှော့ထားနော်”

“အင်း”

သူနီယွန်ပြောပြထားသည့်အတိုင်း ဆီတွေကို ကျောပြင်ပေါ်သို့ လက်ဖြင့်ပွတ်ကာသပ်ကာ ဆုပ်နှယ်လိုက်သည်။ အောက်မှမမကတော့ အသံမထွက်တော့ သာယာဝတီရောက်သွားပုံပေါ်သည်။
သူကျောပြင်တစ်ခုလုံးနှိပ်နှယ်ပြီးသောအခါ အခြောက်မကြီးကို ပက်လက်လှန်စေလိုက်သည်။ ထို့နောက်သူ့ခြေထောက်တစ်ချောင်းကို ပုခုံးပေါ်သို့မတင်လိုက်၏။ အခြောက်မကြီးဆီမှ အောက်သိုးသိုးအနံ့တစ်ခုရသည်။ ဘာအနံ့မှန်းတော့သူမသိပါ။ ဖြစ်နိုင်သည်က ရေမွှေးနံ့နှင့် ချိုင်းချွေးနံ့ရောနေသည့်အနံ့မျိုးပင်။ ထို့နောက်သူ အခြောက်မကြီး၏ ပေါင်သားတွေကိုဆီတွေစွတ်ပြီး ထပ်မံနှိပ်နှယ်လိုက်သည်။ နှိပ်နှယ်နေရင်း ကျန်လက်တစ်ဖက်ဖြင့်သူ့ငယ်ပါကို ဆွထားသည်။ ထို့နောက် အခြောက်မကြီးကို အနည်းငယ် ဆွဲတင်လိုက်ပြီးသူ့မာတောင်နေသော ငယ်ပါနှင့် စအိုပေါက်ထိပ်တို့ကို မထိတထိလေးပွတ်သပ်လိုက်၏။

“အင်း………………ဟင်း ဟင်း ဟင်း ( ထိုအင်းဟင်းဟင်းဟင်း ဆိုသောအသံသည် အင်းနှင့်ဟင်း ကြားမှလာသောအသံဖြစ်ပြီး အလွန်နူးညံပျော့ပြောင်းသည်။ စာဖြင့်ရေးပြ၍မရပါ)

သူ့အတွင်းခံထိပ်ကို ဆီဆွတ်ထားချင်းဖြစ်သောကြောင့် ဆီတွေဖြင့်ချေမွတ်နေသော အတွင့်ခံဘောင်ဘီ အသားက မာတောင်နေသော သူ့ငယ်ပါကို ရုပ်လုံးကြွပိုမိုပီပြင်လာစေသည်။ အခြောက်မကြီးကို စနှိပ်ကတည်းက အတွင်းခံချွတ်ပေးလိုက်ပြီးဖြစ်သောကြောင့် စအိုပေါက်တစ်ဝိုက်နှင့် တင်းပါးနှစ်ဖက်ကြားသို့ ပူနွေးနေသော သူ့ငယ်ပါနှင့် အသာအယာ မရိုးမရွဖြစ်စေရန်ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် အရှေ့သို အနည်းငယ်မသိမသာလေးတိုးကာ ဆောင့်ဆောင့်ပေးလိုက်သေးသည်။ အခြောက်မကြီးမှာ မျက်လုံးများပင်မဖွင့်တော့ချေ။

အခြောက်မကြီးမှာ အရှိန်တက်လာပြီဖြစ်သောကြောင့် အနှိပ်မခံတော့ပဲ လိုချင်နေပြီဖြစ်ကြောင်း သူ့ကို ဆစ်ကနယ်ပြလာသည်။ သူအခြောက်မကြီး၏ ခြေထောက်ကိုပုခုံးပေါ်မှ ပြန်ချကာ လေးဘက်ကုံးစေ လိုက်သည်။ ထို့နောက် ကုတင်ပေါ်သို့ ဒူးထောက်ထိုင်က အတွင်းခံဘောင်းဘီကြားမှ တိုးထွက်နေသော သူ့ငယ်ပါကို လွတ်လပ်ခွင့်ပေးလိုက်သည်။ အခြောက်မကြီးက အရှေ့ကနေ လှည့်ကြည့်သေးသည်။

“မြွေကြီးကျနေတာပဲနော် ရမ်းရမ်း ရမ်းရမ်းနဲ့ ဟိဟိဟိ”

“မြွေကြီးမလုပ်နဲ့ အဲ့ဒီမြွေကြီးနဲ့ပဲ ခင်ဗျားကိုနတ်ပြည်ပို့မှာ”

“အင်းပါ။ နတ်ပြည်ရောက်ရင်ရောက် မရောက်လို့ကတော့ ကိုက်ပစ်လိုက်မှာနော်”

သူစကားရှည်မနေတော့ပဲ လက်ထဲသို့ဆီတွေလောင်းထဲ့လိုက်ကာ ထိုအခြောက်မကြီး၏ စအိုဝသို့သုတ်ပေးလိုက်သည်။ အခြောက်မကြီးမှ ဖင်ကိုဇကောကဲ့သို့ လေထဲတွင်မွေ့ကာ ၀ိုင်းကာဖြင့် အငြိမ်မနေပဲ နန့်ကြောဆွဲနေသေးသည်။ သူဆီထဲ့ပြီးသွားသောအခါ အခြောက်မကြီး၏ တင်ပါးနှစ်ခုကို လှမ်းထိန်းကိုကာ အနောက်မှ ငယ်ပါဖြင့်ထောက်ပြီး ထိုးထဲ့လိုက်သည်………………………..



“အိုးမိုင်ဂေါ့လ်…………………………………..”


                                                      

                                                                                              ဆက်ရန်ရှိသေးသည်
                                                                                                  lovealone:P
                                                                                  www.facebook.com/boylovelaone 
                                                               (like နှင့်comment ပေးပါက နောက်တစ်ပိုင်း မြန်မြန်တင်ပေးမည်)