This is the best gay website for Myanmar gay peoples.

Friday, April 11, 2014



တနှစ်တနှစ် စအို-ကင်ဆာ လူနာပေါင်း အမေရိကားမှာ ၆ဝဝ ရှိပြီး၊ ၈ဝဝ နီးနီးသေဆုံးနေကြရတယ်။ လိင်ကတဆင့် ကူးစက်တဲ့ သားအိမ်ဝ-ကင်ဆာရောဂါ ကာကွယ်ဆေး HPV vaccine ဟာ (ဂေး) တွေမှာ အဖြစ်များတဲ့ စအို-ကင်ဆာကိုပါ ကာကွယ်နိုင်တယ်လို့ နိုင်ငံတကာ သုတေသန တခုက ဆိုလိုက်ပါတယ်။
ယောက်ျားတွေကို ဒီကာကွယ်ဆေး ထိုးပေးထားရင် Human papillomavirus ဗိုင်းရပ်စ် ရောဂါဖြစ်မှာကို ၇၅% သက်သာစေတယ်လို့ The New England Journal of Medicine မှာ ရေးသားလိုက်တာ ဖြစ်ပါတယ်။

ဒီထုတ်ဖေါ်ချက်ဟာ Centers for Disease Control and Prevention အမေရိကန် ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေး ဗဟိုဌာနကနေ အသက် ၁၁-၁၂ နှစ်ရှိတဲ့ ယောက်ျားလေး မှန်သမျှ ဒီ HPV ကာကွယ်ဆေးထိုးကြဘို့ အကြံပြုအဖွဲ့ကနေ တိုက်တွန်းချက် ထွက်တဲ့နေ့ရဲ့ နောက်ရက်မှာ ထုတ်ပြန်လိုက်တာပါ။


ဒီပိုး ကူးစက်ခံရရင် အရွယ်ရောက်သူ ထက်ဝက်နီးနီးမှာ လိင်လမ်းကြောင်း-ကြွက်နို့ ဖြစ်စေတယ်။ တချို့မှာ ရောဂါ လက္ခဏာ မပြပေမဲ့ ပိုးက အထဲမှာ ရှိနေနိုင်တယ်။ အသက်ငယ် ငယ်နဲ့ ပိုးကူးစက်ခံရရင်၊ ပိုးကလဲ အပြင်းစား ၄ မျိုး ဖြစ်နေပေမဲ့ ကင်ဆာ မဖြစ်စေတတ်ပါ။
California San Francisco တက္ကသိုလ်က သုတေသနလုပ်သူ Joel Palefsky ပြောတာက ဒီလေ့လာမှုကြောင့် အခုလို စအို-ကင်ဆာ ဖြစ်တာ သေတာတွေကို ကာကွယ်နိုင်ပါ လိမ့်မယ်။ သူဟာ Anal Neoplasia Clinic ဌာနဒါရိုက်တာလဲ ဖြစ်ပါတယ်။

သြစတြေးလျ၊ ဘရာဇီးလ်၊ ကနေဒါ၊ ခရိုရေးရှား၊ ဂျာမနီ၊ စပိန် နဲ့ အမေရိကားက အသက် ၁၆ နှစ်ကနေ ၂၆ နှစ်အရွယ်ရှိတဲ့ (ဂေး) ပေါင်း ၆ဝ၂ ယောက်ကို စမ်းသပ်ခဲ့တာဖြစ်ပါ တယ်။ စမ်းသပ်ခံသူတွေဟာ ၁ ကြိမ်ကနေ ၅ ကြိမ်အထိ၊ ယောက်ျားချင်း လိင်တူ ဆက်ဆံဘူးသူတွေ ဖြစ်ကြတယ်။ အုပ်စုခွဲပြီး၊ Merck ကထုတ်တဲ့ Gardasil ကာကွယ်ဆေး ၃ ကြိမ် ထိုးပေးတယ်။

စမ်းသပ်မှုကို ၂ဝဝ၆ ကနေ ၂ဝဝ၈ အထိ လုပ်ခဲ့တာပါ။ ၃ နှစ်လဲ ဆက်ပြီး လေ့လာနေပါသေးတယ်။ တွေ့ရှိချက်ကတော့ HPV ပိုးနဲ့ မတွေ့သူတွေမှာ HPV infections ပိုးဝင်ခံရတာ နဲ့ Precancerous anal lesions စအိုမှာ ကင်ဆာ မတိုင်ခင် အဆင့် ဖြစ်လာတာကို ၇၅% ကာကွယ်ပေးနိုင်တာ တွေ့ရှိရတယ်။ HPV တမျိုးမျိုး ကူးစက်ခံရသူတွေကိုလဲ Gardasil ကာကွယ်ဆေး မထိုးသူတွေနဲ့ စာရင် ၅၄% ပိုမိုကာကွယ်ပေးနိုင်မယ်လို့ မျှော်မှန်းပါတယ်။
ကာကွယ်ဆေးထိုးဘို့ အကောင်းဆုံး အရွယ်ကတော့ Sexual activity လိင်မှုအလုပ် မလုပ်သေးခင်ဖြစ်ပါတယ်။ နောက်ကျသွားလဲ ထိုးဘို့ကောင်းပါတယ်။

အမေရိကားမှာ -
- HIV-positive men (အိတ်ခ်ျအိုင်ဗွီ) ပိုးရှိနေတဲ့ ယောက်ျားတွေမှာ HPV လဲ ရှိတတ်ကြတယ်။
 

- Anal cancer စအို-ကင်ဆာဟာ ယောက်ျားရော မိန်းမပါ အဖြစ်များကြတယ်။
 

- မိန်းမ ၁ သိန်းရှိတိုင်း Cervical cancer သားအိမ်ဝ-ကင်ဆာ ဖြစ်တာ လူနာသစ် ၉ ယောက် တွေ့နေရတယ်။
 

- HIV  (အိတ်ခ်ျအိုင်ဗွီ) ပိုးရှိတဲ့ ယောက်ျား ၁ သိန်းမှာ Anal cancer စအို-ကင်ဆာ လူနာ ၁ဝဝ တွေ့နေရတယ်။
နှစ်တိုင်း Cervical cancer သားအိမ်ဝ-ကင်ဆာ အမျိုးသမီးလူနာ ၁၃ဝဝဝ ယောက်မှာ HPV ပါရှိနေတယ်။ သူတို့ထဲက ၄၃ဝဝ ယောက်က သေနိုင်တယ်။ Oral sex ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုရာကနေ ခေါင်းနဲ့ လည်ပင်းကင်ဆာ ဖြစ်ကြမယ်လို့ သံသယ ရှိတယ်။

- Merck ကထုတ်တဲ့ Gardasil ကာကွယ်ဆေးဟာ ယောက်ျားလေး-မိန်းကလေးတွေအတွက် HPV 6, 11, 16 နဲ့ 18 အမျိုးအစား ဗိုင်းရပ်စ် တွေကို ကာကွယ်ပေးနိုင်တဲ့ တမျိုး ထဲသောဆေး ဖြစ်တယ်။
 

- GlaxoSmithKline ကထုတ်တဲ့ Cervarix ကာကွယ်ဆေးကတော့ HPV 16 နဲ့ 18 တွေကို ကာကွယ်ပေးနိုင်တဲ့ မိန်းကလေးတွေ အတွက်ဆေး ဖြစ်တယ်။
 

- Merck ကထုတ်တဲ့ Gardasil ကာကွယ်ဆေးကို အသက် ၉ နှစ်ကနေ ၂၆ နှစ်ကြား မိန်းကလေးတိုင်းထိုးကြဘို့ ၂ဝဝ၆ ခုနှစ်ကတည်းက သတ်မှတ်ထားခဲ့ပါပါ။ ယောက်ျားလေးတွေ ကိုတော့ အဲဒီအရွယ်တွေမှာဘဲ ထိုးစေဘို့ ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ကစပြီး သတ်မှတ်ပါတယ်။
 

- GlaxoSmithKline ကထုတ်တဲ့ Cervarix ကာကွယ်ဆေးကိုတော့ မိန်းကလေး ၁ဝ နှစ်ကနေ ၂၅ နှစ်အရွယ်တွေကို ထိုးပေးဘို့ ၂ဝဝ၉ မှာ သတ်မှတ်ခဲ့ပါတယ်။

၂၅-၁ဝ-၂ဝ၁၁ နေ့ကစပြီး CDC ရဲ့ Advisory Committee on Immunization Practices ကာကွယ်ဆေး အကြံပေး ကော်မတီကနေ HPV vaccine ကာကွယ်ဆေးကိုလဲ ယောက်ျား လေးတိုင်း ၉ နှစ်ကနေ ၂၁ နှစ်အထိ ထိုးကြဘို့ အကြံသစ် ပြုလိုက်ပါပြီ။ နောက် ၂ လ ဆိုရင် တရားဝင် သတ်မှတ်ချက် ဖြစ်လာဘို့ ရှိပါတယ်။


ဒေါက်တာတင့်ဆွေ (၂၇-၁ဝ-၂ဝ၁၁)

0 comments:

Post a Comment