Saturday, June 21, 2014
မိဘ
ဒီခေါင်းစဉ်ကိုဖတ်မိတယ်ဆိုရင် Sex နဲ့ပတ်သက်ပြီးရေးတော့မယ်ဆိုတာ စာဖတ်သူတွေသိလောက်မှာပါ။ တကယ်လည်း ကျွန်တော် Sexကိစ္စကိုရေးမှာပါ။ ကျွန်တော်တို့လို ဖွံ့ဖြိုးတိုးတက်မှု မရှိသေးတဲ့ နိုင်ငံတွေမှာ HIV ပိုအဖြစ်များပါတယ်။ ဘာကြောင့်များပါလဲ။
ပထမဆုံးပြောချင်တာက ဒီလိုကိစ္စတွေကိုစရေးပြီဆိုတာနဲ့ ကျွန်တော်တို့စာရေးသူတွေဟာ ယဉ်ကျေးမူဘောင်တွေနဲ့ ပထမဆုံး ရင်ဆိုင်ကြရမှာပါ။ အရွယ်ရောက်ပြီး သားတစ်ဦးဦး သို့မဟုတ် သမီးတစ်ဦးဦးကိုပိုင်ဆိုင်ထားတဲ့မိသားစုတစ်စု ဆိုပါစို့။ မိမိမှာဒီရောဂါကိုပိုင်ဆိုင်ထားခြင်းမရှိပေမယ့် ကိုယ်ရဲ့ အတ္တလွန်ကဲမှု ၊ ယဉ်ကျေးမူကိုအလွန်အကျွံထိန်းသိမ်းလိုမှုတွေကြောင့် မိမိသား သို့မဟုတ် သမီးတွေမှာ ဒီရောဂါမျိုးကူးဆက်နိုင်တဲ့အခြေနေတွေရှိလာနိုင်ပါတယ်။
ဥပမာဆိုကြပါစို့။ အရွယ်ရောက်ပြီး သားတစ်ယောက်ရဲ့ ပိုတ်ဆံအိတ်(သို့) ခရီးဆောင်အိတ်ထဲမှာ(Aphaw) တစ်ခုကိုတွေ့ကြပါပြီတဲ့။ ဘယ်လိုဖြေရှင်းကြပါသလဲ။ စည်းကမ်းကြီးတယ်။ တင်းကြပ်တယ်ဆိုတဲ့ မိသားစုမှာ သေချာပေါက် ကိုယ်သားနဲ့ ပြသနာဖြစ်ကြပါမယ်။ ဒါကအပေါ်ယံပြသနာပါ။ ဒီထက်ကြီးကျယ်တဲ့ ကိစ္စလေး တစ်ခုကိုရှင်းပြချင်ပါတယ်။
ကိုယ်သားကိုဒီလိုကိစ္စအသေးအဖွဲလေးတောင်မှ ခေတ်မျက်စိနဲ့ခွင့်မလွတ်ပေးနိုင်ဘူးဆိုရင် ဘာတွေဆက် ဖြစ်လာနိုင်သလဲ။ အရိုးရှင်းဆုံးလေးပြောပြပါ့မယ်။ သွေးသားစိတ်ဆန္ဒဆိုတာထိန်းချုပ်ရန် အင်မတန်ခက်ခဲပါတယ်။ မိမိပရောဂကြောင့် လိင်မူကိစ္စမှာ အသုံးပြုဖို့ အကာကွယ်တစ်ခုကို ကိုင်တွယ်ရန် သားသမီးကကြောက်ရွံ့သွားပြီဆိုပါစို့။ မမျှော်လင့်ပဲ စိတ်ဆန္ဒကို ထိန်းချုပ်မရနိုင်တဲ့အခြေနေမှာ ဒီပစ္စည်းတစ်ခုမရှိရင် ဘ၀အတွက် ရင်မဆိုင်ဝံ့တဲ့ ပြသနာတွေဖြစ်လာနိုင်ပါတယ်။
အဖေ အမေကိုကြောက်ပြီး ဒီလိုပစ္စည်းကို မကိုင်ဆောင်ရဲဘူး။ မထိတွေ့ရဲဘူး။ သိက္ခာကျမှာဆိုးလို့ ဆောင်မထားဘူးဆိုပါစို့။ အရေးကြုံတဲ့ လိင်မူကိစ္စတစ်ခုခုကြုံလာလို့ အကာကွယ်မပါဘဲဆက်ဆံမိရင် HIV AIDS ပြသနာနဲ့ရင် ဆိုင်ကြရဖို့ ပိုမိုနီးစပ်လာပါတယ်။ ဒါကြောင့်မိဘတွေက ခေတ်နဲ့အညီမျက်ခြေမပျက်ပဲ တစ်ချို့သောကိစ္စရပ်များတွင် ယဉ်ကျေးမှုပေတံကိုအနည်းငယ် လျှော့ချစေချင်ပါတယ်။ ဒီလိုရေးလို့ လိင်မူကိစ္စကိုအားပေးတယ်လို့ မယူဆစေချင်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတာလေးကိုတင်ပြချင်တာပါ။
ချစ်သူသမီးရည်စား
ချစ်သူသမီးရည်းစားလို့ဆိုလိုက်ရင် မိန်းကလေးယောက်ျားလေသာမက gay၊ Homosexual ၊ Heterosexual ၊ Bisexual Person အကုန်လုံးအကျုံးဝင်ပါတယ်။ မိန်းကလေးချစ်သူတစ်ယောက် မိမိရည်းစားနဲ့ စိတ်ကွယ်ရာအရပ်မှာ ချိန်းတွေ့ကြမယ်ဆိုရင် အများစုက အလိုတူရင်ကြည်ဖြူတတ်ကြပါတယ်။ လိင်မှုကိစ္စဟာ ခုခေတ်မှာထမင်းစားရေသောက် ထက်ပိုပြီးလွယ်ကူနေကြတဲ့ အချိန်ဖြစ်နေပါပြီ။ ကဲ ချိန်းတွေ့မယ်။
စိတ်ကွယ်ရာအရပ်ကိုရောက်ပြီဆိုပါစို့။ သမီးရည်းစားချင်း ချစ်တင်းနှောကြမယ်။ နံပတ်တစ်အချက်အနေနဲ့ နုတ်ခမ်းချင်းနမ်းကြပါမယ်။ ဒါဆိုရင် မိမိချစ်သူကောင်လေး ဒါမှမဟုတ် မိမိချစ်သူ ကောင်လေး (Gay) တွေနဲ့ ပတ်သက်ပြီး ပထမဆုံး အသဲရောင်အသားဝါ (B ) ပိုး (ယေဘုယျ)စတင်ကူးဆက်နိုင်ပါတယ်။ တံတွေးကနေ အသဲယောင်အသားဝါ (B) ပိုးဝင်တတ်တာတော့ ခုချိန်ထိအငြင်းပွားနေဆဲပါ။ ဒါပေမယ့် ကူမယ်ဆိုကူးနိုင် တဲ့ အခြေနေရှိပါတယ်။
နံပတ်နှစ်အချက်အနေနဲ့ နှတ်ခမ်းချင်းနမ်းနေတဲ့အချိန်အတွင်း မိမိချစ်သူမှာ သွာဖုံးသို့မဟုတ် အခြားသော အကြောင်းအရာကြောင့် ပွန်းပဲ့ ပေါက်ပြဲပြီးသွေးစိမ့်ထွက်တဲ့ နေရာတစ်ခုရှိပြီဆိုပါဆို့။ ဒီအချိန်မှာ HIV ဖြစ်နိုင်တဲ့ အခြေနေတွေပါလာပါပြီ။ ကံဆိုးစွာနဲ့ မိမိမှာလည်း သွားဖုံးဒါမှမဟုတ် တစ်ခြားခံတွင်း အတွင်းပိုင်းနေရာမှာ အနာတစ်ခု ခုရှိနေပြီ် မိမိချစ်သူမှာ HIV (+) ဖြစ်နေရင် ရောဂါကူးဆက်ခံရနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အတတ်နိုင်ဆုံး အနေထိုင်ဆင်ခြင်သင့်ပါတယ်။
နောက်တစ်ချက်က မိမိချစ်သူက ကိုယ်နဲ့မပတ်သက်ခင် လူပေါင်းများစွာနဲ့ နေထိုင်ခဲ့လိမ့် မယ်ဆိုတဲ့ အတွေးကို အမြဲတွေးထားပါ။ အယုံလွယ်ပြီး ပရမ်းပတာအချစ်ကိုယုံစားမိရင် ဘ၀တိုးတက်လမ်းအတွက် ထိခိုက်လာစရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိမိအသိဥာဏ်နဲ့ ထိန်းချုပ်ကြပါ။ တကယ်လို့ လက်ထပ်ရန်အတွက် ရည်ရွယ်ထားရင် သွေးစစ်ပါ။သွေးစစ်ဆေးခြင်းမပြုဘဲ ဘယ်လိင်မှုကိစ္စလိုက်ရောခြင်းကိုမှ မပေးမိပါစေနဲ့။
(မိမိချစ်သူဟာ မိမိနဲ့မဟုတ်ဘဲ ပြည်တန်ဆာ၊gay ဒါမမဟုတ် အခြားသော ကိစ္စရပ်များ ပတ်သက်ပြီး HIV အသဲရောင် အသားဝါ (B၊ C) စသည့် ရောဂါများ လူမသိသူမသိကူးဆက်ခံထားရသူဖြစ်နိုင်ပါတယ်)။ ဒါမှလဲ အောင်မြင်ပျော်ရွင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်နိုင်မှာပါ။
(gay၊ Homosexual ၊ Bisexual Person)
တိုးတက်လာတဲ့ ခေတ်ကြီးမှာ (gay၊ Homosexual ၊ Bisexual Person) စသည်ဖြင့် လူအခွင့်အရေးအရ လူတန်းစားပေါင်းစုံကလည်း တိုးတက်တဲ့ ခေတ်စနစ်နဲ့ရှင်သန်လာကြပါတယ်။ ဒီမှာဘာကြောင့် ဒီအမျိုးစားလူတွေကို ပြောရသလည်းဆိုရင် သာမန်လူတွေထက် တတိယလိင်စိတ်ကိုပိုင်ဆိုင်ထားတဲ့ လူတွေကပိုပြီး အချစ်ရေးမှာထဲထဲ ၀င်ဝင်ရှိလှပါတယ်။ ဒါကြောင့် ဒီအပိုင်းမှာ (gay၊ Homosexual ၊ Bisexual Person) ကိုထည့်ဆွေးနွေးပါ့မယ်။
သူတို့အသိုင်းဝိုင်းက ပိုမိုလွတ်လပ်ပြီး လိင်မှုကိစ္စတွေမှာပိုမိုတက်ကြွကြပါတယ်။ ဒါကြောင့် ဘယ်သူတစ်ဦးတစ် ယောက်ကိုမှ စိတ်ချမယုံကြည်ဘဲ လိင်မူကိစ္စကို အကာအကွယ်ဖြင့် နေထိုင်သင့်ပါတယ်။ မြောက်များစွာသော အဖိုးတန်ဘ၀တွေက ယောက်ျား၊ မိန်းမ၊ gay၊ ဆိုပြီးပိုင်းခြားမထားပါဘူး။ တိုင်ပြည်အတွက် လူသားအားလုံးဟာ အဖိုးတန်ရတနာများပဲဖြစ်ပါတယ်။ ဒါကြောင့် အထူးသဖြင့် မည့်သည့်လိင်ခံစားစိတ်ကိုပိုင်ဆိုင်ထားတဲ့ လူငယ်တွေဖြစ်ဖြစ် ပိုမိုသတိထားစေချင်ပါတယ်။
နောက် Oral Sex ကHIV ကူးဆက်နိုင်ချေနည်းပါးတယ်ဆိုပေမယ့် တစ်ခြားလိင်ကတစ်ဆင့်ကူးဆက်တတ်တဲ့ ရောဂါတွေကိုတော့ တွန်းလန်နိုင်စွမ်းမရှိပါဘူး။ဒါကြောင့်တတ်နိုင်သမျှ အကာကွယ်သုံးပါ။ မည်သည့်အမျိုးအစားဖြင့် လိင်ဆက်ဆံသည်ဖြစ်စေ အကာကွယ်ကို ဂရုပြုပြီးသုံးစေချင်ပါတယ်။ တစ်ယောက်ထဲပါ။ နှစ်ယောက်ထဲပါ။ ဒီလောက်ဖြောင့်တဲ့ အဆင်လေး( အချောလေး)၊ ဖြစ်ပါစေ HIV (B၊ C) စတဲ့ရောဂါတွေ မရှိနေနိုင်ဘူးလို့ ဘယ်သူမှအာမမခံနိုင်ပါဘူး။
ကူးဆက်ခံ၇မယ်ဆိုရင် ကိုယ်တိုင်ပထမဆုံးကြေကွဲကြရမှာဖြစ်ပြီး နောက်ပိုင်း မိဘမောင်ဘွား နဲ့အသိုင်းဝိုင်းတစ်ခုလုံး နဲ့အဆင်မပြေမှုတွေဖြစ်လာနိုင်ပါတယ်။ လွတ်လပ်ပါ။ပွင့်လင်းပါ။ သို့သော်စည်းစနစ်တကျဖြင့် မိမိအခွင့်အရေးကို အသိရှိရှိအသုံးချပါ။
အကာအကွယ်ဖြင့် လိင်ဆက်ဆံတယ်ဆိုရင်တောင် အခန့်မသင့်ရင် HIV ကူးဆက်ခံရနိုင်ပါသေးတယ်။ မည်သည့်ပုံစံနဲ့ ဖြစ်နိုင်မယ်ထင်ပါသလဲ။ လိင်ဆက်စံနေစဉ်အတွင်းမှာ အကာအကွယ် (Aphaw) ပေါက်ပြဲသွားမယ်ဆိုရင် ကူးဆက် နိုင်ပါတယ်။ ဒါကြောင့် မည်မျှသန့်တဲ့ (အမျိုးသား) နဲ့ဖြစ်ဖြစ် အကာကွယ်ကိုသုံးပါ။ လိင်ဆက်ဆံပြီးရင် အသုံးပြုထား သော (Aphaw) အဟောင်းကို ပေါက်ပြဲမူရှိမရှိ သတိထားပြီးစစ်ဆေးပါ။
အကာကွယ်တော့သုံးပါတယ်။ ပေါက်သွားတာကို မသိဘူးဆိုရင် အသုံးပြုသူကော အသုံးပြုခြင်းကို ခံရသူကော (အကာကွယ်) အသုံးမပြုခြင်းနဲ့ဘာမှ မကွာခြားပါဘူး။
ဒီအပိုင်းမှာဒီလောက်ပဲပြောပါ့မယ်။ တော်ကြာအမြင်စောင်းမှာလဲစိတ်ပူလို့ပါ။
ယဉ်ကျေးမှုနဲ့လူငယ်
ကျွန်တော်တို့လူမျိုးတွေဟာ အရှက်ကြောက်ကြီးတတ်ကြပါတယ်။ အရှက်တရားကို အတိုင်းတာတစ်ခုလောက်ထိ လက်သင့်ခံနိုင်ပေမယ့် လွန်ကဲခြင်းကိုတော့ သိပ်လက်မခံနိုင်ပါဘူး။ မိမိအနေနဲ့ အထက်ပါအချက်လက်တစ်ခုခု ကြောင့် HIV သံသယ ၀င်နိုင်တဲ့ အခြေနေတစ်ခုခုနဲ့ ကြုံနေရပြီဆိုပါစို့။ မရှက်ပါနဲ့ တိုင်ပင်ပါ။နှီးနှောပါ။ ဆွေးနွေးပါ။ ဒါပေမဲ့ မိမိတိုင်ပင်မယ်သူနဲ့ အတိုင်ပင်ခံသူတို့ကြားမှာခိုင်မြဲတဲ့ ယုံကြည်မူရှိ၇န်တော့လိုပါတယ်။
ဒီလိုမဟုတ်ရင်လဲ Sun တံဆိပ်၇ှိတဲ့ ဆေးခန်းတွေမှာ သွားရောက် ဆွေးနွေးနိုင်ကြပါတယ်။
ဗုဒ္ဓဘာသာမှာ လိင်မှုကိစ္စကိုရှက်ဖွယ်အဖြစ်ယူဆထားလို့ ကျွန်တော်တို့မသိနိုင် မမြင်နိုင်တဲ့ တိုးတိုးတိတ်တိတ် အခြေနေတစ်ရပ်မှာ နှစ်ရှည်လူသတ်သမားဖြစ်ကြတဲ့ ရောဂါဆိုးတွေက တဖြေးဖြေးချင်းလူသားတွေဆီဝင်ရောက် နေကြပါတယ်။ ဒါကို လူတိုင်းလက်မခံပေမယ့် နိုင်ငံတကာစစ်တမ်းတွေအရ ကျွန်တော်တို့ မြန်မာဟာလဲ HIV အဖြစ်ဆုံးနိုင်ငံစာရင်းမှာ တရိပ်ရိပ်တက်လာပါတယ်။ လူငယ်တွေကူးဆက်ခံရမယ်ဆိုရင် ထိုကတစ်ဆင့် တိုင်ပြည်တိုးတက်ရေးကိုလုပ်ဆောင်တဲ့ နေရာမှာ ဆိုးကျိုးအဖြစ် လူသားအရင်းမြစ်တွေ ထိခိုက်နစ်နာမှာဧကံပါဘဲ။
ဗဟုသုတရှိပါ။ စဉ်းစားတွေခေါ်ပါ။ သူတစ်ပါးပြောစကားနဲ့ လမ်းမဆုံးဘဲ။အမြင်ကျယ်ကျယ်နေထိုင်ကြပါ။ ဒါမပဲ ခေတ်တစ်ခေတ်မှာ အောင်မြင်ပျော်ရွှင်တဲ့ အဖိုးတန်လူငယ်လေးတွေဖြစ်မှာပါ။ ဆန္ဒတစ်ခုကြောင့် နောက်ဆက်တွဲဖြစ်လာမယ့် ဝေဒနာတွေက စွမ်းအားကြီးမားလွန်းပါတယ်။ ယဉ်ကျေးမူကြောင့် ခေတ်တစ်ခုရဲ မျိုးဆက်လူသားလေးတွေ ဆုံးရှုံးမယ်ဆိုရင် တချို့ချို့ သော ယဉ်ကျေးမူတင်းကျပ်ခြင်းတွေကို ဖယ်ထုတ်ရပါမယ်။
ကျွန်တော်အပေါ်အပိုင်းမှာပြောခဲ့ပါတယ်။ (Aphaw) တစ်ခုကို လူငယ်တစ်ယောက်ဆောင်ထားတာအပြစ်လား ဆိုတဲ့ကိစ္စကကျွန်တော်အမြင်မှာတော့ အပြစ်မဟုတ်ပါ။ မိဘတွေဟာလဲ အချိန်နဲ့တပြေးညီ မိမိသားတွေကို မထိန်းအုပ်နိုင်ပါဘူး။ ဒီအချိန်မှာ တစ်ခုတော့ရှိပါတယ်။ အမျိုးသမီးငယ်တွေအနေနဲ့တော့ (လုံးဝ) ဆောင်ထားခြင်းမပြုရပါဘူး။ မြန်မာနိုင်ငံ ဥပဒေအရ (Aphaw) အမျိုးသမီးငယ်တွေထံမှာတွေရှိခြင်းဟာ ပြည်တန်ဆာဥပဒေတစ်ခုနဲ့ထိနေပါလို့ပါ။
ဒါကြောင့် မိဘတွေကိုလည်းတိုက်တွန်းချင်ပါတယ်။ ဗဟုသုသရှိပါ။ ပတ်ဝန်းကျင်ကိုလေ့လာပါ။ အမြဲထာဝရ ရှေးရိုးကြီးကို စွဲကိုင်မထားပါနဲ့။ရှေးရိုးကြောင့် မိမိသွေးသားဒီလိုအဖြစ်မျိုးကြုံလာရင်ကိုယ်တွေပဲ နှစ်ရှည်လများ စိတ်ဆင်းရဲကြပါလိမ့်မယ်။
ဒီလိုအခြေနေဖြစ်လာလို့ HIV စစ်ရန် ရှက်ကြောက်နေကြသေးတယ်ဆိုရင်လည်း ခုခေတ်မှာသွေးစစ်တဲ့ အပြားလေးတွေ ၀ယ်လို့ရပါတယ်။ ဆေးဆိုင်တစ်ဆိုင်ဆိုင်မှာ RV စစ်တဲ့ စစ်တံလေးတစ်ခုပေးပါ။ ၀ယ်ပေါ့။ ပြီးရင် ကိုယ်တိုင်စစ်။ ရှိနေတယ်ဆိုရင် သေချာကျွမ်းကျင်တဲ့ အဖွဲစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဘ၀ကို ပျော်ရွင်စွာဖြတ်သန်းလို့ရပါတယ်။
အဓိကက အမှန်ကို အမှန်အတိုင်း အရှိကို အရှိအတိုင်း လက်ခံနိုင်ရန် ကြိုးစားပါ။ စစ်တံလေးတွေက တစ်ခုကို 2500 ကစပြီး ဈေးအမျိုးမျိုးရှိပါတယ်။ အမျိုးသမီးငယ်တွေဆိုရင်လည်း ဒီလောက် ငွေကြေးလေးကိုအသုံးချပြီး မိမိဘ၀အတွက် စိတ်ချရ နိုင်တဲ့ အိမ်ထောင်ဦးစီးဖြစ်လာမယ့် ချစ်သူနဲ့  တိုင်ပင် စစ်ဆေးပြီး သာယာပျော်ရွင်တဲ့ဘ၀ကို သံသယကင်းကင်း တည်ဆောက်နိုင်ပါတယ်။
ဒီလိုအကြောင်းအရာတွေ ရေးနေလို့ ကျွန်တော်က ဆရာဝန်တစ်ယောက်လည်းမဟုတ်ပါဘူး။ ကျွန်တော်လေ့ လာထားသလောက်ကိုဘဲ အဆင်ပြေသလိုရေးထားပေးတာပါ။ လူငယ်အားလုံးဟာ အနာဂတ်အတွက် အဖိုးတန် ရတနာတွေဖြစ်တဲ့ အတွက် ဆန္ဒကိုသိက္ခာနဲ့ ထိန်းချုပ်ရင်း HIV သားကောင်အဖြစ်ကနေ ရိုးရင်းသောနည်းလမ်းဖြင့် လွတ်မြောက်အောင် တိုက်ပွဲဝင်ကြပါစို့။
Credit- ဇော်ညီညီ (နေပြည်တော်)
Sunday, June 15, 2014
On 8:06 AM by Unknown in gay love story 1 comment
အချိန်ကားညဆယ်နာရီတိတိ……
သူ့ရှေ့သို့မကြာမီရောက်ရှိလာတော့မည့်
သေဆုံးသူတစ်ဦးသည် မည်သူမည်ဝါဖြစ်နိုင်မည်နည်း။ အသက်အရွယ် ကြီးရင့်သည့်အဖိုးကြီးတစ်ယောက်လား
သို့မဟုတ် နုပျိုနေသေးသည့် မိန်းမလှလေးတစ်ယောက်လား သို့မဟုတ် လူမမယ်အရွယ်မရောက်သေးသည့်
ကလေးလေးတစ်ယောက်များလား။ သူသိပ်သိချင်ပါသည်။ လူတို့သည့် အသက်ရှင်နေသည့်ကာလတစ်လျောက်
လူချစ်လူခင်ပေါချင်ပေါမည်။ ခင်မင်ရင်းနီးသူများချင်များမည် သို့သော် သေဆုံးသွားပြီးသည့်နောက်ပိုင်းတွင်မူ
ထိုလူအား မည်သူကမျှ ဂရုစိုက်တော့မည်မဟုတ်ချေ။ သိပ်ချစ်လှပါချည်ရဲ့ သိပ်ပြီးသံယောဇဉ်ရှိလှပါချည်ရဲ့ဆိုသည့် ချစ်သူ သို့မဟုတ်
မိမိ အိမ်ထောင်ဖက်သည်ပင်လျှင် ထိုသို့သေဆုံးသွားသော လူတစ်ယောက်ကို လှည့်ကြည့်တော့မည်
မဟုတ်ပါ။ ဘဝတပါးသို့ပြောင်းရွှေ့သွားသည့် ဝိဥာဉ်မဲ့ခန္ဓာကိုယ်ကြီးသည် အဓိပ္ပါယ်မဲ့အထီးကျန်စွာ
ရက်ရက်စက်စက်စွန့်ပစ်ခြင်းကိုခံရတော့မည်ဖြစ်သည်။ စဉ်းစားကြည့်ပါ……. မည်မျှဝမ်းနည်းစရာကောင်းသည့် ကိစ္စတစ်ခုပါနည်း????
Saturday, June 14, 2014
Thursday, June 12, 2014
On 8:50 AM by Unknown in gay love story 14 comments
Justion
Square ထဲကထွက်လာခဲ့တဲ့အခါ မင်းသန့်ဇင်လက်ထဲတွင် ရသယူပေးလိုက်သည့် နွားပျံရုပ်ကလေး
ပါလာသည်။ မင်းသန့်ဇင်စိတ်ထဲတွင် ကြည်နူးနေမိသည်။ သူ့ဘဝတွင် သူငယ်ချင်းတွေနှင့်ယခုလို
အပြင်ထွက်ပြီး လည်ရပတ်ရသည့်အချိန်ဟူ၍ ရှားပါးခဲ့သည်။ ယခုလို ပြင်ပကမ္ဘာတွင် စိတ်ကို
ဖြန့်ကျက် လိုက်သောအခါ လန်းဆန်းမှုတွေနဲ့ လွတ်လပ်မှုအရသာတွေက သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ
ခဲ့ပါသည်။ လောကမှာ လူငယ်တွေလိုအပ်နေတာ ဂုဏ်တွေမာန်တွေ သိက္ခာတွေမဟုတ်ပါ လူငယ်တွေလိုအပ်
နေတာ လွတ်လပ်ခြင်း ပျော်ရွှင်ခြင်းတွေဖြစ်သည် ။ သူ့ကိုအဖော်လုပ်ပေးသည့် ရသကို စိတ်ထဲတွင်ကျိတ်ပြီး
ကျေးဇူးတင် မိနေပါသည်။ ရသကြောင့် သူ့ဘဝလေးဟာ တစ်စိတ်တစ်ပိုင်းချိုမြိန်လာသည်ဆိုလျှင်လည်း
မမှားပါ။
Shopping Center
ထဲမှထွက်လာခဲ့ပြီးနောက် ကားပါကင်များကို ဖြတ်ကျော်ကာ ဘတ်စ်ကား မှတ်တိုင်ရှိရာသို့ သူနှင့်ရသအတူတူလျှောက်လာခဲ့ပါသည်။
ထိုစဉ်သူတို့နှစ်ယောက်ရှေ့မှ ကားတစ်စီးက တည့်တည့်ကြီးရပ်ပြီး ဟွန်းတရက်စပ်တီးနေသည်။
မင်းသန့်ဇင်သေချာကြည့်မိလိုက်တော့ ကားက မေမေ့ကားဖြစ်နေသည်။ သေပြီ….. မေမေဘယ်လိုလုပ်ဒီကိုရောက်နေတာပါလိမ့်။
Friday, June 6, 2014
On 8:29 PM by Unknown in gay movies No comments
This film is Presented by: Red Ribbon Centre,
Co-organiser: Hong Kong Lesbian & Gay Film Festival Society,
Produced by: The School of Film and Television, The Hong Kong Academy of Performing Arts
Cast:
( Michael) \ Carlos Chan (Michael)
Yau Hawk Sau (Jun)
Annie Liu (Han)
Li Fung (Michael's grandmother)
Thursday, June 5, 2014
On 9:03 AM by Unknown in gay love story 4 comments
သိပ်ချစ်ခဲ့ရဲတဲ့
လူနှစ်ယောက်ကွေကွင်းသွားတဲ့အခါ….
သူတို့တွေဟာ သူစိမ်းတွေဖြစ်သွားတတ်ကြတယ်
ဒါပေမယ့် သာမန်သူစိမ်းတွေတော့မဟုတ်ဘူး….
အရင်းနီးဆုံးသူစိမ်းတွေ…..
လရောင်ခြယ်နေသော
လသာညသည်ကောင်းကင်ယံမှနေ၍ ကမ္ဘာမြေပြင်ပေါ်သို့ ဖြာကျလျှက်ရှိသည်။ ညတစ်ည၏ အလွမ်းပါဟေဠိတို့လွှမ်းခြုံနေမှုသည်
ရင်ကိုစိုးထိတ်လွမ်းဆွတ်နေစေသလို နှလုံးသားကိုလဲ ဒဏ်ရာဟောင်းတွေရဲ့အရှိန်နဲ့ တစ်ဆစ်ဆစ်နာကျင်ကိုက်ခဲနေစေပါသည်။
ကျွန်တော့်အတွက် အချစ်ဆိုတာ ကံမကောင်းခြင်းများစွာကို ယူဆောင်လာတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပါပဲ။
ကျွန်တော် အချစ်အတွက်နဲ့ အရာရာကို ပေးဆပ်ခဲ့ပါသော်လည်း ကျွန်တော့်အတွက်ဘာမှအကျိုးမရှိခဲ့ပါ။
အချစ်အတွက်နဲ့ကျွန်တော့်ဘဝကို ပုံအပ်ခဲ့ပါသော်လည်း ကျွန်တော့်အတွက်ထိုက်တန်တဲ့ တုန့်ပြန်မှု
ဘာမှမရခဲ့ပါ။ အဲ့ဒီအတွက် ကျွန်တော် အချစ်ကို ကျောခိုင်းခဲ့မိတာ ကျွန်တော်မှားလား?? အချစ်က ကျွန်တော့်အတွက်ဘာမှအသုံးမဝင်တော့ပဲလေ အချစ်ဆိုတာ
ကျွန်တော့်အတွက်သုံးစားလို့မှမရတော့တာ ကျွန်တော်ဘာကြောင့် အချစ်ဆိုတာကြီးကို ဆက်ပြီး
ခင်တွယ်နေဦးမှာလဲ……..
Tuesday, June 3, 2014
On 9:29 AM by Unknown in gay love story 4 comments
ရသမျက်နှာက ကျောက်ရုပ်တစ်ရုပ်လို ခံစားချက်မဲ့နေပြီး
အေးစက်နေသည်။ ရသကသူ့ထက်အနည်းငယ် အရပ်ရှည်သဖြင့် အနီးကပ်နေလိုက်သောအခါ ရသမျက်နှာကို
သူမော့ကြည့်နေရသည်။ ရသကလဲ သူ့ကို ခေါင်းငုံ့ပြီးစိုက်ကြည့်နေလျက်သား……… နှစ်ဦးစလုံးရဲ့အကြည့်တွေ
စုံသွားခိုက်…….
အဲ့ဒီအခိုက်အတန့်လေး…….
အဲ့ဒီတဒင်္ဂလေး……..
သူမူးမေ့ချင်သလိုလို………
အာရုံတွေရှုပ်ရှပ်ခတ်လာသည်။ အသက်ရှူသံတွေကိုသူကြားနေရသည်။ နှလုံးခုန်သံတွေ………. ရသဆီကနှလုံးခုံသံတွေ
သူအတိုင်းသားကြားနေရသည်။ သူ့လက်တွေ ရသရဲ့မျက်နှာပြင်ရှိရာသို့ လှမ်းလိုက်သည်။
တဖြေးဖြေးဖြင့်ရသမျက်နှာပြင်ရှိရာသို့ရောက်ရှိလာသည်။
ရသကသူ့လက်တွေကို ငေးကြည့်နေပြန်သည်။
သူ့လက်တွေရသပါးပြင်နှင့်ထိတွေ့ခါနီးချိန်မှာတော့ ရသမျက်လုံးလေးစင်းသွားသည်။
သူရသပါးပြင်ကိုထိရမှာ မရဲတရဲဖြစ်နေတုန်းမှာပဲ ရသရဲ့လက်တစ်ဖက်က
သူ့လက်တွေကိုဖမ်းဆုပ်လိုက်ပြီး သူ့ပါးပြင်တွေဆီကို အပ်ပေးလိုက်သည်။ အိုး…….. ဘယ်လိုပြောရမလဲ……. ဒါမျိုးကိုရင်ခုန်တယ်လို့ပြောရမလား…….
ခဏကြာသော် ရသမျက်လုံးများပြန်ဖွင့်လာပြီး ကျန်လက်တစ်ဖက်က
သူ့ပုခုံးထက်ကို လာကိုင်ပါသည်။ ထို့နောက် ရသဦးခေါင်းလေးက
တစ်ဖြေးဖြေးနိမ့်ဆင်းလာပြီး သူ့မျက်နှာဖြင့်နီးကပ်လာသည်။ သူ့နှုတ်ခမ်းတွေကို တစ်ချက်သပ်လိုက်ရင်
တံတွေးတစ်ချက်မျိုချမိလိုက်ပြန်သည်။ သူအငွှေ့ပြန်သလို လေထဲတွင်လွင့်မြောသွားသလို….. စိတ်ထဲတွင် ခံစားမိသည်။
Subscribe to:
Posts (Atom)
Search
Warning
Quotes
Popular Posts
-
(ခပ်ကြမ်းကြမ်းဖတ်ချင်သူများအတွက် ခပ်ကြမ်းကြမ်းဇာတ်လမ်းတစ်ပုဒ် တင်ဆက်လိုက်ပါတယ်။ ဒါပထမ ဆုံးရေးတာမိုလို့ ကောမန့်မပေးရင် ဆက်မရေးတော့ဘူးလို...
-
အဓိပ္ပါယ် ဖွင့်ဆိုခြင်း German gynecologist တစ်ယောက်ဖြစ်တဲ့ Ernst Gr ä fenberg က ရှာဖွေတွေ့ရှိခဲ့တာဖြစ်လို့ G-Spot လို့ ခေါ်ပါတယ်။ အဓ...
-
ဒီမြို့လေးဟာသူ့အတွက်တော်တော်လေးကို သူစိမ်းဆန်နေခဲ့ပါသည်။ မြင်ကွင်းအသစ်တွေက မျက်စိပဒေဿဖြစ်စေရုံသာသာမက ပတ်ဝန်းကျင်ရဲ့ရံနံ့ကလည်း သစ်လ...