This is the best gay website for Myanmar gay peoples.

Friday, April 11, 2014

၁။ တစ်ကိုယ်ရေ အာသာဖြေတယ်ဆိုတာ ဘာလဲ


သည်ကိစ္စမျိုးကို သားလေး နားလည်အောင် အရပ်သုံးစကားနဲ့ တန်းခနဲ ချရေးလိုက်ချင်ပေမယ့် နားခံသာတဲ့ စကားလုံးကို ရွေးရတာကိုက အလုပ်ကြီး တစ်ခု ဖြစ်နေသေးတယ်။ အမှန်မှာတော့ သားရယ်၊ တစ်ကိုယ်ရေ အာသာ ဖြေတယ်ဆိုတာ ငယ်ပါကို ကိုယ့်ဘာသာ လှုံ့ဆော်ပြီး သုက်ထွက်အောင် ဆောင်ရွက်တာကို ခေါ်တာပဲပေါ့။

အဲဒီ့ တစ်ကိုယ်ရေ အာသာဖြေတဲ့ကိစ္စဟာ ရှက်စရာလိုလို၊ ရွံ့စရာလိုလို၊ အကုသိုလ်အမှုလိုလို အကြောင်းတစ်ခု ဖြစ်နေတတ်တယ် သားရဲ့။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင်တော့ကွာ၊ ဒါ လူတိုင်းလိုလို၊ အထူးသဖြင့် ယောကျာ်း တိုင်း လုပ်လေ့လုပ်ထရှိတဲ့ သဘာဝတစ်ရပ်ပါပဲ သား။

ပါးစပ်ပါ၊ ဝမ်းပိုက်ပါတဲ့အတွက် အစာစားတယ်၊ ရေသောက်တယ်၊ နှာခေါင်းပါတဲ့အတွက် နံစော်တဲ့အနံ့ကို မလိုလားဘဲ သင်းပျံ့တဲ့ ရနံ့ကို နှစ်ခြိုက်တယ်၊ နားရွက်ပါတော့ ဆူညံသံကို မခံနိုင်တတ်ကြဘဲ ငြိမ့်ငြောင်းတဲ့ အသံလေးတွေကို မက်မောတယ်၊ မျက်စိပါတော့ အနိဋ္ဌာရုံကို မကြည့်ချင်ဘဲ ဣဋ္ဌာရုံကိုမှ ရှုမြင် ခံစားချင်တယ်။ ဒါတွေဟာ လူ့ခန္ဓာမှာ ရှိနေတဲ့ ဒွါရ အသီးသီးရဲ့မောင်းနှင်မှုကြောင့် ဖြစ်ပေါ်နေတာတွေပါပဲ။ အလားတူပဲ၊ ကျင်ကြီး၊ ကျင်ငယ် စွန့်တယ်ဆိုတာဟာလည်း ညစ်ပတ်သောအရာတွေလို့ အများက နားလည်လက်ခံထားကြပေမယ့် အသက်ရှင်နေတဲ့ လူမှန်သမျှ ရှောင်လွှဲ လို့ မရဘဲ ပြုရမြဲ လူ့ကိစ္စတွေပါပဲသား။ အေး အဲသလိုပဲ တစ်ကိုယ်ရေ အာသာဖြေတယ်ဆိုတာဟာလည်း လူမှန်သမျှ ရှောင်လွှဲလို့မရဘဲ ပြုကြမြဲ လူ့ကိစ္စတစ်ခုပါပဲကွာ။

On 6:47 AM by Unknown in    No comments
WATER | VATTNET is a short coming-of-age film about family, loneliness
and sexual identity. It examines the confusing period of adolescence and
the first homosexual feelings of a young boy in a refreshing, open and
stylish way.

STARRING: Tobias Kersloot, Serge Mensink, Barbara Labrie
DIRECTED & WRITEN BY: Marco van Bergen
PRODUCED BY: Lucinda Verwey
DOP: Winant Veldhuizen
                                                                                                                                                                                                                                                                                                                      
           
On 6:41 AM by Unknown in    No comments


ဂေးလောကမှာပြောနေကြတာ တစ်ခုရှိပါတယ်။ ဂေးတွေဟာသစ္စာမရှိဘူးတဲ့....... ဟုတ်ပါတယ် ဒီစကားဟာဂေးလောကမှာအပြောများကြပါတယ်။ ဒီတော့ဂေးတွေဘာလို့ သစ္စာမရှိကြတာလဲ စဉ်းစားစရာပါ။ ဂေးအချစ်ဟာ သဘာဝကြီးကိုဆန့်ကျင်ထားတဲ့ အချစ်မိုလို့ ဂေးတွေဟာသစ္စာမရှိတာလား.... ဒါမှမဟုတ် နောက်ဆက်တွဲအကျိုးဆက် ဥပမာ ကိုယ်ဝန်ရှိတာတို့ဘာတို့မရှိလို့ သစ္စာမရှိတာလား.... ဒါမှမဟုတ် ဂေးတွေရဲ့ပင်ကိုယ်စရိုက်ကိုယ်က ဖောက်လွဲဖောက်ပြန်လုပ်ချင်ကြတာကြောင့် သစ္စာမရှိတာလား.....

Thursday, March 21, 2013

On 12:58 AM by Unknown in    No comments





“ဒါဆိုရင် အဲ့ဒီငွေထုတ်က အခင်းဖြစ်တဲ့နေရာမှာ ကျန်ခဲ့တယ်ပေါ့ဟုတ်လား”

“ဟုတ်ပါတယ် မမမိုးမြင့် ကျွန်တော်ကလဲ ရဲဆိုတာနဲ့ ကြောက်အားလန့်အားနဲ့ ပြေးလိုက်မိတာ အဲ့ဒီငွေထုတ်ကို ယူဖို့သတိမရလိုက်ဘူး”

“ကောင်းပြီး မင်းပြန်တော့ နောက်လိုမှငါဖုန်းဆက်မယ်”

“ဟုတ်ကဲ့မမမိုးမြင့်”

ကားသမားထွက်သွားသော အခါမိုးမြင့်က ၄င်းလက်ထဲရှိစီးကရက်ကို ဆေးလိပ်ခွက်ထဲသို့ ပြာခြွေလိုက်၏။ ထို့နောက် နှုတ်ခမ်းစပ်သို့ ပြန်တည့်ကာ တစ်ချက်မျှ ရှိုက်လိုက်သည်။ စီးကရက်မီးကလေးသည် ရဲကနဲဖြစ်သွားလေသည်။  ထို့နောက် မိုးမြင့်၏ နှုတ်ခမ်းမှ မီးခိုးငွှေ့များ လေထုထဲသို့ မှုတ်ထုတ်လိုက် လေသည်။ မီးခိုးငွှေ့တွေ ထွက်သွားသည်နှင့် တစ်ပြိုင်နက် မိုးမြင့်၏ နှုတ်ခမ်းထောင့် တစ်နေရာမှာလဲ ကွေးညွတ်သွားလေသည်။

“ဟင်း..... ဟင်း.......ဟင်း.......တွေ့ကြသေးတာပေါ့ ဂီနိုရယ်”


Sunday, March 10, 2013

On 5:44 AM by Unknown in    5 comments





အဝေးမှ ညငှက်တို့၏ အော်မြည်သံက သူ့နားထဲခပ်သဲ့သဲ့လေး ကြားနေရသည်။ နဖူးမှ စီးကျနေသော ချွေးစက်တို့က ညချမ်းလေးနှင့် မလိုက်ဖက်လှပါ။ သူအသက်တို့ကိုမှန်မှန်ရှူရင်း မောဟိုက်နွမ်းလျ လျက်ရှိ၏။ သူ့တစ်ကိုယ်လုံး ရိုက်ချိုးထားသလို အားအင်တို့ ချိနဲ့နေ၏။ ကိုယ်တွေလက်တွေနာကျင်ကာ မိမိကိုယ်ကိုပင် ထိန်းထားနိုင်စွမ်းမရှိတော့ချေ။ မှီထားသည့် ထောင်နံရံကြီးကား အေးစက်နေ၏။ သူ့မျက်စိတွေကို မှိတ်ထားမိသည်။ သူ့ရင်ဘတ်မှ တဒုတ်ဒုတ်နှင့်ခုန်နေသည့် နှလုံးခုန်သံကိုပင် ကြားနေရသည်။

“အား...................ကျွတ်စ်......ကျွတ်စ်.......”

စအိုဝမှ နာကျင်မှုဝေဒနာက ရုတ်တရက် စပ်ဖျဉ်းဖျဉ်းဖြစ်လာသဖြင့် သူ့လှဲထားသည့် ခြေထောက်တစ်ယောက်ကို တစ်ဖက်စောင်းပြန်ထောင်လိုက်မိ၏။ စအိုဝမှ ဒဏ်ရာကြောင့် ကောင်းကောင်းပင်မထိုင်နိုင်ပဲ တစ်ဆစ်ဆစ်နာကျင်နေလေ၏။ ဝေဒနာတွေကို ကျိတ်မှိတ်ခံစားရင်း သူ့ပါးပြင်မှ ပူနွေးနေသည့် မျက်ရည်စတစ်ချို့ကို လက်ခုံဖြင့်သုတ်လိုက်သည်။ သူ့ကိုလူမဆန်စွာ ညှင်းပန်းနှိပ်စက်ပြီး မုဒိမ်းကျင့်လိုက်သည့် ထောင်ထဲမှ လူထွားသုံးကောင်မှာမူ အာသာဝသီပြေပျောက်သွားပြီ ဖြစ်သဖြင့် တခေါခေါဖြင့် အိပ်မောကျနေချေပြီ။ သည်ပုံစံအတိုင်းသာ သည်ထောင်ထဲမှာ ဆက်နေရမည်ဆိုလျှင် ကြာလျှင် သူအသက်ထွက်သွားနိုင်သည်။ ထောင်ထဲက အမြန်လွတ်အောင် ဘယ်လိုလုပ်ရပါ့...............


                                                           **************

“မူးယစ်ဆေးဝါးတွေကိုမိတာတော့ ဟုတ်တယ် ဒါပေမယ့် အဲ့ဒီမူးယစ်ဆေးဝါးမှုမှာ တရားခံရှာရခက်နေတယ်”

Friday, March 1, 2013

On 3:58 AM by Unknown in    16 comments


တစ်ဦးကိုတစ်ဦးဘယ်လောက်ထိရည်ရွယ်ထားလဲ? ဘယ်လောက်ထိချစ်နိုင်ကြမှာလဲ?

ဒီခေါင်းစဉ်ကတော့ နံပါတ်တစ်စဉ်းစားရမည့် အချက်ဖြစ်ပါတယ်။ ကိုယ်က ချစ်သူထားမှာလား ဒါမှမဟုတ် ရည်းစားထားမှာလားဆိုတာကိုပါပဲ။ ချစ်သူနဲ့ရည်းစားက တကယ်တော့ အဓိပ္ပါယ်ချင်းမတူပါဘူး။ အပေါ်ယံကြား ရင်ခပ်ဆင်ဆင်ရှိပေမယ့် ချစ်သူဆိုတဲ့အဓိပ္ပါယ်ကတော့ ကိုယ်တကယ်ချစ်တဲ့သူ ကိုယ့်ကိုလဲ တကယ်ချစ်သူ ကိုချစ်သူလို့ခေါ်ပါတယ်။ ရည်းစားဆိုတာကတော့ အပျော်ထားရုံ အပျင်းပြေရုံသက်သက်ပဲ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်တွဲတော့မယ်ဆိုရင် သူ့ဖက်ကိုဖက် အဆင်ပြေအောင် ညှိယူနိုင်ဖို့အရေးကြီးပါတယ်။ တစ်ဦးနဲ့တစ်ဦးသည်းခံ နိုင်မှုအတိုင်းအတာကလဲ အဲ့ဒီလူနှစ်ဦးကြားမှာရှိတဲ့ သံယောဇဉ်အတိမ်အနက်ကိုဖော်ပြပါတယ်။ ဘယ်လောက်ပဲ ရန်ဖြစ်ရန်ဖြစ် မကွဲနိုင်ကြတဲ့ လင်မယားတွေကိုတွေ့ဖူးမှာပေါ့။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် တစ်သက်တာထိ လက်တွဲဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ဖြစ်လာသမျှ ပြဿနာကို အေးအတူပူအမျှ ရင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ်။

Role ကိစ္စ

ဒါကလဲ ဟိုမိုတွေအတွက် အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။  တစ်ခါတစ်လေ တစ်ဦးနဲ့တစ်ဦးချစ်ကြ ပေမယ့် role ကိစ္စအဆင်မပြေတာတွေ ရှိနေတတ်ပါတယ်။ ဥပမာ ကိုယ်ကလဲ top ကိုယ့်ချစ်သူကလဲ top ဖြစ်နေတာမျိုးတွေ role ချင်းတူနေတာမျိုးတွေကိုဆိုလိုတာပါ။ ဒါပေမယ့် စောစောကပြောသလို တစ်ဦးနဲ့တစ်ဦး တစ်သက်လုံးလက်တွဲဖို့ ဆုံးဖြတ်ထားတယ် သူမှသူ တစ်ခြားလူဆို ဘယ်သူမှမချစ်နိုင် ပါဘူးဆိုရင်တော့ role ချင်းညှိယူရပါလိမ့်မယ်။ ကိုယ်နဲ့ role ချင်းတူနေတဲ့ချစ်သူက ကိုယ့်ကိုလိုက်လျောပြီး top ကနေ ver အဖြစ်ဆင်းပေးလိုက်သည် ဆိုပါစို့။ အဲ့ဒီအခါကျ ကိုယ်က top ကပဲနေနေရုံနဲ့ မပြီးသေးပါဘူး။  သူကတောင် ကိုယ့်ကိုချစ်လို့ လိုက်လျောပေးထားရင် ကိုယ်က top ကြီးပဲနေမယ်ဆိုတော့ တရားမျှတမှု ရှိရဲ့လားဆိုတာကို စဉ်းစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုမိုအချစ်ဆိုတာမျိုးက သာမန်အချစ်လို ဆက်ဆံရေးနဲ့နေလို့မရလို့ပါဘူး။ လောကကြီးကိုဆန့်ကျင်ထားတဲ့ အချစ်ဖြစ်တဲ့အတွက် သဘာဝမကျတဲ့ အလေ့အကျင့်တွေကို သဘာဝကျအောင် ဖန်တီးရယူရပါမယ်။ ဒီကိစ္စက role မတူတဲ့သူတွေအတွက်တော့ ပြဿနာတစ်ခုမဟုတ်ပါဘူး။

On 3:49 AM by Unknown in    3 comments




“ဂီနို..................................”

သူ့နားထဲတွင်ဘာမှ မကြားရတော့။ အနောက်မှ အော်သံနှင့်အတူ ကားနဘေးတွင် နီယွန်က တောက်လျောက် ကပ်ပါလာသည်။ နီယွန်၏ လက်များသည် ကားပြတင်းပေါက်မှန်ကို တဘုန်းဘုန်းပုတ်ခတ်လျှက် လိုက်ပါလာသည်။ သူ့မျက်လုံးတွေကို လုံးဝအကြည့်မလွှဲပဲ အရှေ့တည့်တည့်သို့သာ မူထားလိုက်သည်။ သူ့ရင်ဘတ်ကြီး တစ်ခုလုံး တုန်ရီစွာဖြင့် နွေးနေအောင် ခံစားနေရသည်။ ပြင်းထန်လှသည့် ရင်ခုန်သံတွေကြောင့် သူ့၏အသက်ရှူသံတွေကလဲ ကျယ်လောင် စွာရိုက်ခတ်နေသည်။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှသည်။ သူ့ကိုသူပင်မယုံနိုင်လောက်အောင်ပင် အိမ်မက်မက်နေသလိုလိုခံစားနေရသည်။ သူအခင်မင်ဆုံး သူအရင်းနီးဆုံး သူအယုံကြည်ဆုံး.........ပြီးတော့ သူအချစ်ဆုံး သူက သူ့ကို ယခုလို သစ္စာဖောက်လိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးပါ။

ကားက တဖြေးဖြေးအရှိန်ရလာသောအခါ နီယွန်ဆက်မလိုက်နိုင်တော့ပဲ ကတ္တရာလမ်းမပေါ်တွင် လဲကျသွားသည်။ ကားလေးကတော့ လုံးဝရပ်တန့်ခြင်းမရှိပဲ အရှိန်မှန်မှန်ဖြင့် ဆက်လက်ထွက် ခွာသွားတော့သည်။