This is the best gay website for Myanmar gay peoples.

Saturday, July 28, 2012

On 7:47 AM by F&R Collections in    1 comment

အကို့--------စာအုပ်လေး

နူးညံ့တဲ့အကိုလက်ကလေးနဲ့အမြဲနွေးထွေးမှုပေးတဲ့
အကိုအမြဲဂရုတစိုက်ရှိတဲ့ အကို့အတွေးထဲနေရာယူတဲ့
အကို့နှလုံးသားထဲ ၀င်ရောက်စွာရှိနေတဲ့
စာအုပ်လေး အမြဲဖြစ်ပါရစေ။ ။
###
အခန်း(၂)
အကိုနှင့်ပထမဦးဆုံးစတွေ့ဆုံသည့်နေ့ပါ၊…..

နေပူပူတွင် ဘက်စ်ကားဂိတ်သို့အမြန်သွားနေရသည့် ကျွန်တော့်အတွက်ချွေးများသည် ရေပမာပင်နဖူးမှ စီးဆင်းကျလာခဲ့
သည်။ ဘက်စ်ကားဂိတ်သို့ရောက်ခါနီးတွင် ကျွန်တော်လိုက်ပါရမည်ကားမှာ ထွက်ရန်ပင်ပြင်နေလေပြီ။ ကျွန်တော့်ခြေလှမ်း
များမြန်မြန်မလှမ်းပေ။ အပြေးခြေလှမ်းများအဖြစ် ပြောင်းခဲ့လိုက်မိသည်။ ကားနားရောက်ခါနီးတွင် ဘေးနားမှတစ်စုံတစ်
ယောက်မှာ ရုတ်တရတ်ဝင်ရောက်လာခဲ့လေသည်။
*အား…*
နှစ်ယောက်စလုံးပြိုင်တူထွက်လာသောအသံဖြစ်သည်။
ကျွန်တော်မှာ နာကြင်သော လက်မောင်းအားကိုင်ကာ ခွေကာကျသွားသော ကတ္တရာလမ်းပေါ်မှ ထလိုက်ပြီး ကားကိုလိုက်
ရန်ပြင်လိုက်ရာ..
*ဟိတ်….. ခဏနေဦး*
ကျွန်တော့်နာကြင်နေသောလက်မောင်းအား လဲကျနေသောသူမှလှမ်း၍ဆွဲလိုက်လေသည်။
*အား…..နာတယ်..*
*အော်…ဆော်ဒီး….*
သူလွှတ်လိုက်သော်လည်း ကျွန်တော်လိုက်ပါရမည့်ကားမှာ ထွက်၍သွားလေပြီ။ မိမိကိုယ်ကိုစိတ်ပျက်ဟန်ဖြင့် တောက်
ခေါက်လိုက်သည်။ နောက်ထက်နာရီဝက်ခန့်စောင့်ရပေဦးမယ်။ ကျွန်တော်ဒေါသများဖြင့်ဘေးနားမှ လူအားကြည့်လိုက်
သည်။
*ဒီမှာ…. *
ထိုသူမှာတော့ သူ့၏စာအုပ်များအား တစ်အုပ်စီလိုက်၍ကောက်နေလေသည်။
*ဒီမှာ…ဒီမှာ..*
ကျွန်တော့်အသံကြောင့် မြင်လိုက်ရသော မြင်ကွင်းလေးတစ်ခုမှာ ကျွန်တော့်အတွက်နှလုံးသားများတုန်လှုပ်စေခဲ့ပါသည်။
ဆူးရှလှသော မျက်လုံးတစ်စုံ…၊ ဆွဲဆောင်မှုရှိလှသောကိုယ်လုံး…၊ စိုပြေလှသောအသားအရေ…၊ နူးညံ့ကာအနီရောင်သန်း
နေသော နှတ်ခမ်းတစ်စုံ…၊ တည်ငြိမ်လှသောမျက်နှာ… တို့ကိုပိုင်ဆိုင်ထားသော သူတစ်ဦးဖြစ်လေသည်။
*ဘာလဲ… ခုနကဆွဲမိတဲ့ အတွက်ဆော်ဒီး… မင်းက၀င်တိုက်တာဆိုတော့ ပြန်တောင်းပန်သင့်တယ်ထင်လို့….*
*-------*
*ငါ့စာအုပ်တော်တော်များများသဲတွေပေသွားပြီ.. နောက်တစ်ခါဆင်ခြင်ပါ..*
သူစကားများ ပြောပြီးသည့်အထိ စွံ့အခဲ့ပါသည်။ သူသည်စာအုပ်များကောက်ပြီးသွားကာ ကားဂိတ်မှထွက်သွားရန်ပြင်
လိုက်သည်။
*အော်..ဒီမှာ..*
*ဘာလဲ..*
*ဆော်ဒီး…လို့ပြောမလို့..*
*ရပါတယ်… နောက်နောင်ဆင်ခြင်ပေါ့*

On 7:34 AM by F&R Collections in    5 comments

လရောင်နှင့်လွမ်းသူ”

“သား..ဒီနေ့ပါတီပွဲကအရေးကြီးတယ်နော်.. အမေတို့ရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေအများကြီး
လာကျမှာ  အ၀တ်အစားကိုသေသေသပ်သပ်ဝတ်နော်.”
အကျီများရွေးနေသော ဖြိုးလရောင်ကို..အမေဖြစ်သူ ဒေါ်မြကတ္တီပါ မှအနောက်မှပြောနေခြင်းဖြစ်သည်။
“မာမီရေ သားသိပါတယ်.. မာမီအဲ့လိုကြည့်နေတော့ သားဘယ်လိုအ၀တ်အစားလဲလို့ရမလဲ”
“အော်အေးအေး… မာမီနဲ့ဒယ်ဒီအောက်မှာစောင့်နေမယ်နော် မြန်မြန်ဝတ်ပြီးလာခဲ့..”
ဒေါ်မြကတ္တီပါ မှာဖြိုးလရောင်အား မှာလျက်အောက်ထပ်ကိုဆင်းသွားတော့သည်။
ဖြိုးလရောင်မှာ ပါတီပွဲတွင်ဝတ်နေကျ အနောက်တိုင်းဝတ်စုံကိုသာ ထုတ်ပြီး ၀တ်လိုက်တော့သည်။
******************************************************************
“မေမေ..သားဘာဝတ်ရမလဲ. လာကြည့်ပေးပါဦး”
သားဖြစ်သူ ထက်လွမ်းသူ အော်သံကြောင့် ဒေါ်နှင်းမူယာ မှာအပေါ်ထပ်သို့ပြေးတက်လာခဲ့လေသည်။
“ဟဲ့.. လွမ်းသူ အခုထိဘာမှမ၀တ်ရသေးဘူးလား. မြန်မြန်ဝတ်လေ.. ဒုက္ခပါဘဲ ဒီပါတီကအရေးကြီးတယ်
အနောက်တိုင်းဝတ်စုံလေးဝတ်လေ.. ”
ထက်လွမ်းသူ၏လက်များမှာ အနောက်တိုင်းဝတ်စုံလေးကိုယူလိုက်ကာ..
“လိုက်တယ်မလား..မေမေ ၀တ်လိုက်မယ်နော်..”
“အေးအေး…လာမြန်မြန်ဆင်းမယ်..အောက်မှာ နင့်အဖေစောင့်နေတယ်..”
ထက်လွမ်းသူမှာ ၀တ်စုံကိုဝတ်ကာ အမေဖြစ်သူ ဒေါ်နှင်းမူယာနှင့်အတူတူအောက်ထပ်ကို ဆင်းလာ
ခဲ့တော့သည်။
********************************************************************
အထက်တန်းလွှာစီးပွားရေး လူမှုရေးပုဂ္ဂိုလ်များနဲ့ ပါတီလေးမှာမြန်မာနိုင်ငံရဲ့ ဟိုတယ်တစ်ခုမှာဖြစ်ပေမဲ့ အနောက်နိုင်ငံများနဲ့ဆင်တူလှလေသည်။ မိသားစုပါတီလေးဖြစ်၍လူကြီးများနှင့်လူငယ်များမှာ သီးသန့်ဖြစ်နေသည်။
လူကြီးများမှာ မိမိလုပ်ငန်းအကြောင်း အိမ်မိသားစုအကြောင်းကိုယ့်အဖွဲ့အလိုက် ၀ိုင်းဖွဲ့ပြောနေကျ
ပေမဲ့ လူငယ်များမှာတော့ ပျော်စရာများကို စုဝေးကာ ရယ်မောပြီးပြောနေကျသည်..။
“လရောင် မင်းရည်းစားမထားသေးဘူးလား မင်းကိုကြိုက်နေတဲ့ကောင်မလေးတွေ အများကြီးဘဲလေ”
ဖြိုးလရောင်တို့သူငယ်ချင်းဝိုင်းမှ ရဲနိုင် မှာဖြိုးလရောင်ကိုလှမ်း၍မေးလိုက်လေသည်.။
“ရဲနိုင်ရယ်မထားချင်ပါဘူး ရည်းစားထားရတာအလုပ်ရှုပ်တယ်ကွ အပိုပိုက်ဆံတွေလည်းကုန်တယ်.”
“ဟမ်..သူဋေးသားကများ ပိုက်ဆံအကြောင်းညည်းနေသေးတယ် အပိုတွေမပြောပါနဲ့ကွာ
ပိုက်ဆံကိုယပ်ခက်ပြီးတောင် နေလို့ရတဲ့ မင်းတို့မိသားစုအကြောင်းကို လူတိုင်းသိပါတယ်”
ရဲနိုင်ပြောသောစကားကိုအားလုံးမှာထောက်ခံကျသည်။ ဖြိုးလရောင်မှာတော့ မည်သည့်တခွန်းမှပြန်မပြောနိုင်
ဖြိုးလရောင်ပြုံးလိုက်ရင်း အ၀င်ပေါက်ဝကိုလှမ်းကြည့်မိလိုက်သည်..။ ထိုအချိန်မိသားစုတစ်စုဝင်လာလေသည်။

On 7:25 AM by F&R Collections in    1 comment
“အဘယ်ကြောင့်ဆိုသော်”


အချစ်ဆိုတာ   ရယူခြင်းလား။   အချစ်ဆိုတာ   ပေးဆပ်ခြင်းလား။   အချစ်ဆိုတာ   တောင်းတခြင်းလား။
ကျွန်တော်မသိနိုင်ခြင်းများထဲတွင်   အချစ်သည်တစ်ခုအပါအ၀င်ဖြစ်လေသည်။
ညီ့ရော အချစ်ကိုသိနိုင်ပါမည်လား။
###
(က)

“အကို ကျွန်မတို့မင်္ဂလာဆောင်ရအောင်”
နန်းနွယ်ဆီမှကြားလိုက်ရသော စကားကြောင့်ကျွန်တော်ငေးနေရင်း အကြည့်များသူ့ဆီကျရောက်သွားခဲ့သည်။
သူမကတော့ပြုံးလျက်သာ….။
“အကို.. မင်္ဂဆောင်ဖို့စိတ်မကူးသေးဘူး နန်း..”
ကျွန်တော့်ဆီမှဒီလိုစကားမျိုးသာ ထွက်လာမည်ဆိုသည်ကို နန်းနွယ်ကြိုသိချင်သိပါလိမ့်မည်။ ထို့ကြောင့်သာ
နန်းနွယ်သက်ပြင်းတစ်ချက်ကလေးမှမချဘဲ ပြုံးလျက်သာ ကျွန်တော့်လက်မောင်းအားသူမလက်ကလေးများ
ဖြင့်ချိတ်ထားခဲ့သည်။..
ကျွန်တော်တို့နှစ်ယောက်အင်းယားကန်ဘောင် လမ်းကလေးအတိုင်းလျှောက်လာခဲ့ကြသည်။ ဤလမ်းကလေး
ကိုကျွန်တော်မှတ်မိပါသည်။ ကျွန်တော်နဲ့ညီတို့အတူတူလျှောက်ခဲ့တာဘဲလေ။ တစ်ခါမဟုတ်နှစ်ခါမဟုတ် လက်
ချင်းကိုင်ကာ မည်သူ့ကိုမှဂရုမစိုက်သည့်နှယ် အတူတူလျှောက်ခဲ့ဖူးသည့်ရက်များ မနည်းပေ။ ယခုကျွန်တော်
ညီမဟုတ်သော တခြားအမျိုးသမီးတစ်ဦးဖြင့် ဤလမ်းကိုလျှောက်နေခြင်းဖြစ်သည်။
“အကို.. ဘာတွေစဉ်းစားနေတာလဲ ကျွန်မတို့အကြော်စားကြရအောင်လေ..”
ဘယ်လိုပြောလိုက်တာလဲ နန်းနွယ်.. အကြော်စားမယ်ဟုတ်လား ညီနဲ့အမြဲစားနေကျ အင်းယားလမ်းအကြော်
ဆိုင်လေးဘဲ… အခုကျွန်တော်တစ်ယောက်တည်း မိန်းကလေးတစ်ဦးနဲ့လာရောက်စားလျှင် ဆိုင်ကမမှတ်မိဘဲ
နေပါမည်လား…။
“စားလေ..နန်း”
စိတ်ထဲမှမစားရန်တားမြစ်သော်လည်း နှတ်ခမ်းမှ စားလေဆိုသော လိုက်ရောမှုသာထွက်လာခဲ့သည်။
“အော်…ညီလေး..တစ်ယောက်တည်းလား ဟို..ညီလေးကော်မပါဘူးလား..”
စစထိုင်ခြင်းပင် ဆိုင်ရှင်အကိုကြီး၏ မေးသောစကားမှာထင်ထားသည့်အတိုင်းသာဖြစ်သည်။ ကျွန်တော်မည်
သည့်အဖြေမှ ပြန်မပေးတော့ဘဲ၊ နှတ်ခမ်းလေးမှဟန်ဆောင် အပြုံးလေးတစ်ခုဖန်ဆင်းကာ ခေါင်းလေးငုံ့ကာ
ဝင်ထိုင်လိုက်သည်။ ဒီအကြော်ဆိုင်ကလေးဟာ ညီအရမ်းကြိုက်တဲ့အကြော်ဆိုင်လေးပေါ့။ ကန်ဘောင်ရောက်
တိုင်းအမြဲလာစားနေကျပဲလေ။ ညီအမြဲစားနေကျ ဘူးသီးကြော် အားလူးကြော်၊ စုံနေအောင်စားတတ်သည်မှာ
ညီ့အကျင့်တစ်ခုသာဖြစ်သည်။ ကျွန်တော်မှာတော့ နဂိုကတည်းကဗိုက်မကောင်းသောကြောင့် ညီစားနေသည်
ကိုသာ ထိုင်ကြည့်ရင်း တစ်ခုနှစ်ခုလောက်သာစားနိုင်သည်။ အကြော်စားလျှင် ငရုတ်ဆီများနှတ်ခမ်းတွင် အမြဲ
ပေနေတတ်သဖြင့် ကျွန်တော်တစ်သျှူးအမြဲဆောင်ထား တတ်သည်။ အစားစားလျှင်ကလေးလေးအတိုင်းပင်
ပေတတ်သောညီ့ကို ကျွန်တော်အမြဲ စလျှင်ညီစိတ်ကောက်သည်မှာ တစ်ခါထက်မနည်းပေ။
ကျွန်တော်စိတ်ကူးများ ပြန့်လွင့်နေချိန်တွင် နန်းနွယ်မှာတော့ အကြော်ရောင်းသော သူနှင့် အစမရှိအဆုံးမသိ
သောစကားများ ရေပက်မ၀င်အောင်ပြောဆိုနေလေသည်။ သူပြောသောအကြောင်းတွင် ကျွန်တော်နှင့်သူနှင့်
မကြာမီ လင်မယားဖြစ်တော့မည့်ကိစ္စမှာ အက်ကြောင်းထက်လောက်အောင် အမြဲပါနေလေသည်။ မိန်းကလေး
များသည် စကားများကို ဤကဲ့သို့ပင်အာပေါက်အောင် ပြောတတ်ပါရဲ့လားဟု ကျွန်တော်စဉ်းစားလိုက်မိသည်။


Friday, July 27, 2012

On 9:06 AM by Unknown in    2 comments
ကဲ gay movie ဇာတ်ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပြန်ပါပြီခင်ဗျား။ ဒီဇာတ်ကားလေးက ဗီယက်နမ်နိုင်ကရိုက်ကူးထားတာလေးပါ။ offer boy တွေကိုစိတ်ဝင်စားတဲ့ သူငယ်ချင်းများ ဒီကားလေးကို ကြည့်ကျပါ။ ဒီကားလေးထဲမှာ offer boy တွေရဲ့ဘ၀ကို ထင်ထင်ရှားရှားသရုပ်ဖော်ပြထားတာဖြစ်ပြီး လူ့ဘ၀ရဲ့ အရှုပ်အထွေးတွေနဲ့ ချစ်ခြင်းမေတ္တာတရားရဲ့ ဆန်းကြယ်ပုံကို ဖန်တီးတင်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးက သိပ်ပြီးတော့လဲသနားစရာကောင်းသလို သိပ်ပြီးတော့ လဲဝမ်းနည်းကြေကွဲဖွယ်ရာကောင်းပါတယ်။ ဒီဇာတ်ကားထဲက အဖြစ်အပျက်တွေဟာ မြန်မာပြည်က offer boy တွေနဲ့ခပ်ဆင်ဆင်ပဲလို့သိရပါတယ်။ ကျွန်တော်တောင်ဒီဇာတ်ကားကိုကြည့်ပြီး မျက်ရည်ကျမိပါတယ်။ ကဲမကြည့်ရသေးရင် အောက်မှာတင်ထားပေးပါတယ်။

On 7:32 AM by Unknown in    No comments





နီယွန်အခန်းအပြင်ဖက်သို့ ထွက်သွားတော့ ဂီနိုနီယွန်ကျောပြင်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်ရင်းကျန်ခဲ့သည်။ နီယွန်ထွက်သွားသည်ကို သူနှမြောသလိုဖြစ်နေမိသည်။ ဘာဖြစ်လို့ပါလိမ့် သူ့စိတ်က ဒါကိုတမ်းတမ်းတတလိုချင်နေသလိုဖြစ်နေသည်ကို သူအံ့သြမိသည်။ သူ့ဘ၀တွင် လိင်နှင့်ပက်သက်ပြီး မည်သည့်အတွေ့အကြုံမှ ရှိခဲ့ဖူးသည်မဟုတ်သောကြောင့်လား။ သူဝေခွဲမရဖြစ်နေမိသည်။ ရှင်းရှင်းပြောရလျှင် လိင်ဇာတ်ကားမျိုးတွေကိုတောင် သူကြည့်ဖူးသည်မဟုတ်ပါ။ အတွေ့အကြုံနုနယ်လွန်းသည့် သူ့အဖို့ ဆန်းသစ်တဲ့ကမ္ဘာရောက်သွား သလို နီယွန်၏ပြုစုယုယမှုအောက်တွင်သူနစ်မြောနေမိသည်။ သည်အချိန်မှာ မိုးမြင့်သာ မရောက်လာခဲ့ပါက သူနှင့်နီယွန် ဘာတွေဆက်ဖြစ်တော့မည်ကို သူမတွေးတတ်။ သေချာသည်က နီယွန်ဘာလုပ်လုပ်သူငြင်းမိမည်မထင်ပါ။ ဘာကြောင့်ပါလဲ?????







               



အခန်းထဲတွင် မှောင်မိုက်လျှက်ရှိသည်။ ကုတင်မှာ နှစ်ထပ်ကုတင်အမျိုးအစားဖြစ်ပြီး ကျောင်းသားအဆောင်တို့ အလုပ်သမားအဆောင်တို့တွင် အသုံးများသော ကုတင်များဖြစ်သည်။ သူကတော့နောက်မှရောက်သည်ဆိုတော့ ကုတင်အပေါ်ထပ်တွင်သာနေရာရသည်။ တစ်ယောက်ထဲအိပ်မပျော်နိုင်ဖြစ်နေရင်း အိပ်ယာထဲတွင်လူးလိမ့်နေမိသည်။ ကုတင်ပြောင်း၍ အိပ်မပျော်သည်လား သို့မဟုတ် သူ့ခေါင်းထဲရောက်နေသည့် စဉ်းစားစရာတွေက ထွက်မသွားနိုင်၍လားတော့ မသိပါ။ သေချာသည်က သူချမိသည့်သက်ပြင်းတွေဟာ အကြိမ်ရေမရေတွက်နိုင်တော့အောင် များနေပြီဆိုတာပင်။



Tuesday, July 24, 2012

On 9:37 AM by Unknown in    2 comments
ပြာလွင့်နေတဲ့ကောင်းကင်ကြီးက မွန်းတည့်နေ၏ဆူးရှတောက်ပမှုကြောင့် ကြည်လင်ကာရှင်းသန့်နေလေရဲ့။အဲ့ဒီ့နောက်မှာတော့ ဖြူမို့မို့တိမ်သားဆိုင်တွေက မွမွတတ်ပြီးအလိပ်လိုက်အလိပ်လိုက် လွင့်မြောရွေ့လျားနေလိုက်တာ ဝါဂွမ်းမှို့ကြီးတွေ့လိုပါပဲ။အဝေးမှလေနတ်သားလေးသယ်ဆောင်လာတဲ့ လေပြေတစ်ချို့ကကျွန်မရဲ့ ပုတုန်းရောင်ဆံနွယ်တွေကို တဖြတ်ဖြတ်ခတ်ပြီး လွင့်လူးနေစေပါတယ်။ ကျွန်မရဲ့မျက်နှာသားတစ်လျှောက်နဲ့ လက်မောင်းလက်ဖြန်တွေကို ကျွန်မပွတ်သပ်ကြည့်မိတယ်။ အသားအရေကနေရောင်ကြောင့် လားတော့မသိဘူး ဝင်းဝါညက်ညာစိုပြေနေပါတယ်။ ကျွန်မကိုယ့်ကိုယ်ကို ဒီနေ့မလှမှာအရမ်းစိုးရိမ်ခဲ့ပါတယ် ဒါကြောင့်မနက်အစောကြီးထရေချိုးပြီး ဖြီးဖြီးလိမ်းပြင်ဆင်လိုက်တယ်။ ပြီးတော့မှန်ရှေ့မှာမတ်တတ်ရပ်ပြီး ကျွန်မနဲ့လိုက်မယ့်အဝတ်စားတွေကို ရွေးနေရတာတော်တော်တောင်အချိန်ကြာသွားတယ်ရှင့်။ ဒါပေမယ့်ကျွန်မကြေနပ်ပါတယ် ကျွန်မလိုချင်တဲ့လှလှပပပုံစံလေးရအောင်တော့ကျွန်မ ရအောင်ပြင်ဆင်နိုင်ခဲ့ပါတယ်။ ဒါမှလည်းကျွန်မက ကိုကို့ကိုစိတ်ကျေနပ်မှုတွေပေးစွမ်းနိုင်မှာပေါ့။
အဟင်းဟင်း ကျွန်မကအသက် ၁၇ နှစ်ရွယ်မိန်းကလေး တစ်ယောက်ဆိုပေမယ့် ကျွန်မကိုယ်ကျွန်မယုံကြည်မှုအပြည့်ရှိပါတယ် ကျွန်မဟာဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ယာက် ဆိုတာကိုပေါ့။ ဒါကလည်း ကျွန်မကိုမြင်ရုံနဲ့ လူတိုင်းက သိနေကြတာပါပဲ ။  ကျွန်မကလှတယ်လေ။ ချစ်စရာလဲ ကောင်းတယ်။ ကျွန်မကတော့ ကိုကို့ဆီက အသည်းနှလုံးလေးကိုပဲ လိုချင်နေမိတယ်။ ကိုကိုနဲ့ကျွန်မက လွန်ခဲ့တဲ့ငါးနှစ် ကျွန်မဆယ့်နှနှစ်သမီးကတည်းက ရင်းနီးခဲ့ကြတာလေ။ ကိုကိုကမျက်ခုံးကောင်းပြီးနှာတံစင်းတယ် ကိုကို့မျက်လုံးအိမ်ကနက်နေပြီးသူ့အကြည့်တွေက စူးရှမှုရှိတယ်။ ကိုကိုက ပြောမယ်ဆိုရင်လူချောတစ်ယောက်ပါ။ ရယ်လိုက်ရင်ပါးချိုင့်ရေယ်လိုက်ရင်ပါးချိုင့်လေးပေါ်လာပြီး ချစ်ဖို့ကောင်းတဲ့ကိုကို့ကို ကျွန်မချစ်မိနေတယ်ဆိုတာ လွန်ခဲ့တဲ့နှစ်ကမှကျွန်မကိုယ်ကျွန်မသိလိုက်ရတယ်။
ကျွန်မထက်အသက်သုံးနှစ်ကြီးတဲ့ ကိုကိုကကျွန်မကို ညီမလေးဆိုပြီးဂရုတစိုက်ရှိလှပါတယ်။ တစ်ခါတုံးကဆို ကိုကိုအိပ်နေတုံး ကျွန်မကိုကိုအခန်းထဲ ဝင်သွားလိုက်တာ ကိုကိုကအိမ်မက်ဆိုးတွေမက်နေပြီးလန့်နိုးလာတယ်ကျွန်မကိုလဲတွေ့ရော ညီမလေးဆိုပြီးဖက်ထားလိုက်တာ အကြာကြီးပဲ။
အဲ့ဒီ့အချိန်က ကျွန်မနှလုံးသား ရဲ့အနက်ရှိုင်းဆုံးနေရာက အစိုင်အခဲတွေလှုပ်ရှားသွားတာလေ။ ကျွန်မရဲ့ရင်ခုန်သံတွေဟာ ပေါက်ကွဲပြီးအပြင်ဖက်ကို လွင့်စင်လာတော့မလားအောက်မေ့ရတယ်။ ကျွန်မရဲ့လှိုက်မောမှုတွေကို ကိုကိုက ဆွဲထုတ်ခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်မဟာ ကိုကို့အပေါ်မှာ ယိမ်းယိုင်သွားခဲ့တယ်ထင်ပါ့။   ကိုကို့အိမ်နဲ့ကျွန်မအိမ်က အရမ်းရင်းနီးကြတယ်လေ။ ဒီတော့ကျွန်မက ကိုကကိုကို့ဆီကို တခါးမရှိဓါးမရှိဝင်ထွက်လို့ရနေခဲ့တယ်။
ကျွန်မလက်ထဲက ကိုကို့အတွက်လမ်းကဝယ်လာတဲ့ ရေခဲစိမ်ပက်စီ အချိုရေဘူးလေးတောင်မှ အရည်တွေတစက်စက်ကြနေပြီ ကိုကိုရောက်မလာသေးပါဘူး။ ဒီနေ့ကျွန်မကို ကိုကိုကတစ်နေရာကိုသွား လည်မယ်ဆိုပြီးချိန်းထားခဲ့တာလေ။ အင်း ကိုကိုရောက်လာလို့ကျွန်မကိုမြင် ဘယ်လိုများပြောမယ်မသိပါဘူး။ ကျွန်မရဲ့ဝတ်စားဆင်ယင်ပုံက ခါတိုင်းထက်ထူးခြားနေတယ်မဟုတ်လား။ ကျွန်မတစ်ယောက်ထဲအတွေးလွန်နေတုံး..........
"ကလင် ကလင် ကလင်........."
အနောက်ဖက်ကနေ စက်ဘီးဘဲတီးသံကြားတယ်။ ကိုကိုရောက်လာပြီထင်တယ်။ ကျွန်မလှည့် မကြည့်ဘဲနဲ့မျက်လုံး နှစ်ဖက်ကိုမှိတ်ထားလိုက်တယ်။တဖြည်းဖြည်းနဲ့ ကိုကို့စက်ဘီးသံက နီးကပ်လို့လာပါတယ်။ စက်ဘီးသံကကျွန်မနားမှာဝဲနေလေရဲ့။ သေချာတယ် ကျွန်မကိုပတ်ပြီးကိုကိုနင်းနေတာပဲနေမှာ။ ကျွန်မရဲ့နှုတ်ခမ်းတွေဟာပြုံးနေပေမယ့် ကျွန်မမျက်လုံးကိုတော့မှိတ်ထားဆဲပါ။ ခဏနေတော့ စက်းဘီးသံရပ်သွားတယ်။ ကျွန်မမျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ ရှေ့တည့်တည့်မှာပြုံးပြီးကြည့်နေတဲ့ ကိုကို..........
"ဘာတွေဝတ်လာတာလဲညီမလေးရယ် ကိုယ့်ကိုယ်ကိုလဲကြည့်ပါဦး ကလေးနဲ့တောင်မတူတော့ဘူး"

On 9:13 AM by Unknown in    7 comments
မနက်မိုးလင်းကာစဖြစ်၍ ကမ္ဘာကြီးတစ်ခုလုံးသည် ငြိမ်သက်နေရာမှ နိုးထစပြုလာသည်။ ဆောင်းတွင်းဖြစ်သည်ကတစ်ကြောင်း နေမပွင့်သေးသည်က တစ်ကြောင်းကြောင့် အအေးဓာတ်တို့သည် စိမ့်ကာစိမ့်ကာအကဲပိုနေလေသည်။ စိုစွတ်သောမိုးနှင်းလေးများကလည် လေတခွေ့တွင်ဝေ့ကာဝေ့ကာ ပါလာတတ်သည်။ ညမိုးများဖြန်းပက်ထားသောကြောင့် လမ်းဘေးတွင်ပေါက်နေသော မြက်ပင်များသည်လည်းကောင်း ခိုတွေနားတတ်သည့် ဓာတ်တိုင်မှဓာတ်ကြိုးများသည်လည်းကောင်း မိုးဥမိုးစက်လေးတွေ တွဲလည်းခိုကာ စိုစွတ်နေလေသည်။
မှုံဝါးဝါးဖြစ်နေသော မျက်လုံးတွေဖြင့် ဂီတကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။ ပြာအုံ့အုံ့ဖြစ်နေသည့်ကောင်းကင်ကြီးတွင် လွင့်မြောနေသည့် တိမ်ငွေ့ ဖြူဖြူတစ်ချို့မှ လွဲ၍ကျန်တာဘာမှမရှိပါ။ အအေးဓာတ်ပိုစိမ့်လာသည်နှင့်အမျှ သူ့တစ်ကိုယ်လုံးထုံကျင်အေးကိုက်လာသည်။ သူ့လက်ချောင်းတွေလည်း ခြောက်ကပ်နေသောသွေးစီးကြောင်းတွေဖြင့် တောင့်တင်းအေးခဲနေသည်။ တစ်ညလုံးမအိပ်ထားသည့် သူ့မျက်လုံးတွေသည်လည်း မျက်ခွံများလေးလံကာ အားအင်ဆုတ်ယုတ်နေလေသည်။ သူ့နှုတ်ခမ်းသားတွေလည်း ကွဲရှကာခြောက်ကပ် တင်းမာနေသည်။
ခြံတခါးရှေ့အရောက်တွင် သူခြေစုံရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကြီးကို သူမသယ်ချင်တော့လောက်အောင် အားအင်တွေချီ့နဲ့နေ၏။ အေးစက်ပြီးစိုစွတ်နေသည့် သံဘာဂျာတခါးမကြီးကိုကိုင်ကာ ခေတ္တမျှငြိမ်သက်နေသေးသည်။ အသက်ရှုလိုက်တိုင်း ရှုလိုက်တိုင်း ပါးစပ်ထဲမှအခိုးအငွေ့ တွေထွက်လာကာ ခိုက်ခိုက်တုန်အောင်ချမ်းနေ၏။ သူအားယူလိုက်ပြီး သံတံခါးပေါက်တွေကို ကိုင်၍လူခေါ်ဘဲတပ်ထားသည့် နေရာရောက်အောင်တစ်လှမ်းချင်းသွားနေသည်။ ဘဲခလုတ်ကိုလက်ဖြင့်စမ်းမိသောအခါ အားထည့်ပြီးအသားကုန် ဖိချလိုက်သည်။
"တီ..................."
ဘဲသံကအဆက်မပြက်ထွက်လာသည်။ သူမျက်လုံးတွေကိုမှိတ်ထားမိ၏။ လက်ကိုမလွှတ်ပဲ ဖိထားသောကြောင့် ဘဲသံစူးစူးကြီးကိုနားထဲတွင် ကြားနေရသည်။ ထို့နောက်ဖိထားသော သူ့လက်တွေကိုလွှတ်ချလိုက်၏။ လူခြေသံသံတွေသူ့ဆီလှမ်းလာနေသည်ကို သူကြားနေရသည်။ ထို့အတူနားထဲတွင်လည်း စကားပြောသံတစ်ချို့ကို ဝေဝေဝါးဝါးကြားနေရသည်။
"အကိုကြီးရေ...........ဂီတလေးပြန်လာပြီ"
"ဟုတ်လား သူ့ကိုတခါးဖွင့်ပေးလိုက်ပါဦး မငြိမ်းရယ်"
"အမယ်လေး......အကိုကြီးရယ် လာပါဦး ဂီတလေးကိုလာကြည့်ပါဦး။ ဂီတ......ဂီတသားလေး အန်တီခေါ်နေတယ်လေ ဂီတ......."