This is the best gay website for Myanmar gay peoples.

Saturday, July 28, 2012

On 7:25 AM by F&R Collections in    1 comment
“အဘယ်ကြောင့်ဆိုသော်”


အချစ်ဆိုတာ   ရယူခြင်းလား။   အချစ်ဆိုတာ   ပေးဆပ်ခြင်းလား။   အချစ်ဆိုတာ   တောင်းတခြင်းလား။
ကျွန်တော်မသိနိုင်ခြင်းများထဲတွင်   အချစ်သည်တစ်ခုအပါအ၀င်ဖြစ်လေသည်။
ညီ့ရော အချစ်ကိုသိနိုင်ပါမည်လား။
###
(က)

“အကို ကျွန်မတို့မင်္ဂလာဆောင်ရအောင်”
နန်းနွယ်ဆီမှကြားလိုက်ရသော စကားကြောင့်ကျွန်တော်ငေးနေရင်း အကြည့်များသူ့ဆီကျရောက်သွားခဲ့သည်။
သူမကတော့ပြုံးလျက်သာ….။
“အကို.. မင်္ဂဆောင်ဖို့စိတ်မကူးသေးဘူး နန်း..”
ကျွန်တော့်ဆီမှဒီလိုစကားမျိုးသာ ထွက်လာမည်ဆိုသည်ကို နန်းနွယ်ကြိုသိချင်သိပါလိမ့်မည်။ ထို့ကြောင့်သာ
နန်းနွယ်သက်ပြင်းတစ်ချက်ကလေးမှမချဘဲ ပြုံးလျက်သာ ကျွန်တော့်လက်မောင်းအားသူမလက်ကလေးများ
ဖြင့်ချိတ်ထားခဲ့သည်။..
ကျွန်တော်တို့နှစ်ယောက်အင်းယားကန်ဘောင် လမ်းကလေးအတိုင်းလျှောက်လာခဲ့ကြသည်။ ဤလမ်းကလေး
ကိုကျွန်တော်မှတ်မိပါသည်။ ကျွန်တော်နဲ့ညီတို့အတူတူလျှောက်ခဲ့တာဘဲလေ။ တစ်ခါမဟုတ်နှစ်ခါမဟုတ် လက်
ချင်းကိုင်ကာ မည်သူ့ကိုမှဂရုမစိုက်သည့်နှယ် အတူတူလျှောက်ခဲ့ဖူးသည့်ရက်များ မနည်းပေ။ ယခုကျွန်တော်
ညီမဟုတ်သော တခြားအမျိုးသမီးတစ်ဦးဖြင့် ဤလမ်းကိုလျှောက်နေခြင်းဖြစ်သည်။
“အကို.. ဘာတွေစဉ်းစားနေတာလဲ ကျွန်မတို့အကြော်စားကြရအောင်လေ..”
ဘယ်လိုပြောလိုက်တာလဲ နန်းနွယ်.. အကြော်စားမယ်ဟုတ်လား ညီနဲ့အမြဲစားနေကျ အင်းယားလမ်းအကြော်
ဆိုင်လေးဘဲ… အခုကျွန်တော်တစ်ယောက်တည်း မိန်းကလေးတစ်ဦးနဲ့လာရောက်စားလျှင် ဆိုင်ကမမှတ်မိဘဲ
နေပါမည်လား…။
“စားလေ..နန်း”
စိတ်ထဲမှမစားရန်တားမြစ်သော်လည်း နှတ်ခမ်းမှ စားလေဆိုသော လိုက်ရောမှုသာထွက်လာခဲ့သည်။
“အော်…ညီလေး..တစ်ယောက်တည်းလား ဟို..ညီလေးကော်မပါဘူးလား..”
စစထိုင်ခြင်းပင် ဆိုင်ရှင်အကိုကြီး၏ မေးသောစကားမှာထင်ထားသည့်အတိုင်းသာဖြစ်သည်။ ကျွန်တော်မည်
သည့်အဖြေမှ ပြန်မပေးတော့ဘဲ၊ နှတ်ခမ်းလေးမှဟန်ဆောင် အပြုံးလေးတစ်ခုဖန်ဆင်းကာ ခေါင်းလေးငုံ့ကာ
ဝင်ထိုင်လိုက်သည်။ ဒီအကြော်ဆိုင်ကလေးဟာ ညီအရမ်းကြိုက်တဲ့အကြော်ဆိုင်လေးပေါ့။ ကန်ဘောင်ရောက်
တိုင်းအမြဲလာစားနေကျပဲလေ။ ညီအမြဲစားနေကျ ဘူးသီးကြော် အားလူးကြော်၊ စုံနေအောင်စားတတ်သည်မှာ
ညီ့အကျင့်တစ်ခုသာဖြစ်သည်။ ကျွန်တော်မှာတော့ နဂိုကတည်းကဗိုက်မကောင်းသောကြောင့် ညီစားနေသည်
ကိုသာ ထိုင်ကြည့်ရင်း တစ်ခုနှစ်ခုလောက်သာစားနိုင်သည်။ အကြော်စားလျှင် ငရုတ်ဆီများနှတ်ခမ်းတွင် အမြဲ
ပေနေတတ်သဖြင့် ကျွန်တော်တစ်သျှူးအမြဲဆောင်ထား တတ်သည်။ အစားစားလျှင်ကလေးလေးအတိုင်းပင်
ပေတတ်သောညီ့ကို ကျွန်တော်အမြဲ စလျှင်ညီစိတ်ကောက်သည်မှာ တစ်ခါထက်မနည်းပေ။
ကျွန်တော်စိတ်ကူးများ ပြန့်လွင့်နေချိန်တွင် နန်းနွယ်မှာတော့ အကြော်ရောင်းသော သူနှင့် အစမရှိအဆုံးမသိ
သောစကားများ ရေပက်မ၀င်အောင်ပြောဆိုနေလေသည်။ သူပြောသောအကြောင်းတွင် ကျွန်တော်နှင့်သူနှင့်
မကြာမီ လင်မယားဖြစ်တော့မည့်ကိစ္စမှာ အက်ကြောင်းထက်လောက်အောင် အမြဲပါနေလေသည်။ မိန်းကလေး
များသည် စကားများကို ဤကဲ့သို့ပင်အာပေါက်အောင် ပြောတတ်ပါရဲ့လားဟု ကျွန်တော်စဉ်းစားလိုက်မိသည်။


“အကို.. အိမ်ပြန်ရအောင် ကျွန်မလည်းစားလို့ ဗိုက်ပြည့်သွားပြီ.”
“အော်..အင်းအင်း..”
ကျွန်တော်လည်း ပိုက်ဆံအိတ်မှ ပိုက်ဆံထုတ်ကာ နန်းနွယ်အားပေးလိုက်ပြီး အိမ်သို့ပြန်ရန်ပြင်လိုက်သည်။
ကျွန်တော်လှည့်လိုက်သည်နှင့် ကျွန်တော့်ရှေ့ ကန်ဘောင်လမ်းအတိုင်းလျှောက်လာသည့် တစုံတယောက်
ကြောင့် မျက်လုံးများပြာရီသွားခဲ့သည်။ ဟုတ်ပါသည်… ညီပါဘဲ ညီမှညီအစစ်ပါ ။ အမြဲလမ်းလျှောက်လျှင်
ခေါင်းအားအောက်ကိုသာကြည့်၍ လျှောက်တတ်သောညီ ကျောပိုးအိတ်ကလေးအား တစ်ဖက်တည်းလွယ်
၍အမြဲ ကိုင်လျှောက်တတ်သောညီ အီမိုဆံပင်လေးကို လက်ကလေးဖြင့်သပ်ကာ အမြဲလျှောက်တတ်သော
ညီ  ယောကျားင်္လေးများကဲ့သို့ အားနှင့်မာန်နှင့်မလျှောက်ဘဲ အမြဲအေးဆေးစွာဖြည်းညှင်းစွာ လျှောက်တတ်
သောညီ .. ကျွန်တော့်ရဲ့ ညီစစ်စစ်ပါ.. အခုကျွန်တော်ရှိသည်ဘက်သို့ သူလျှောက်လာနေပြီ။ ညီသည်ကျွန်
တော့်အား မမြင်သေးပါ။ သူလမ်းလျှောက်လျှင်အောက်ကို အမြဲကြည့်လျှောက်သောကြောင့် တော်ရုံဖြင့်
ခက်လှမ်လှမ်းလူအား မမြင်တတ်သည်မှာ အဆန်းမဟုတ်တော့ချေ။ တဖြည်းဖြည်းလျှောက်လာသောညီသည်
ကျွန်တော့်ဆီသို့ ရောက်လာပေလိမ့်မည်။ ကျွန်တော်ညီနဲ့ မရင်ဆိုင်ရဲပါ။ ရင်ဆိုင်ဖို့ သတ္တိကျွန်တော်မှာ မရှိဟု
ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ ကျွန်တော်မည်သို့လုပ်ရပါမည်နည်း။ ကျွန်တော်ညီလာသည့်လမ်းအတိုင်းမပြန်ဘဲ
ဒီဘက်မှလှည့်ပြန်ရမည်လား။ သို့သော်နန်းနွယ်ရှိသေးသည်။ ဟုတ်သည်… နန်းနွယ်နဲ့ကျွန်တော်တွဲလျှောက်ပြီး
ညီအရှေ့မှဖြတ်လျှောက်ရပါမည်လော။ ကျွန်တော်ဒီလောက်သတ္တိမကောင်းပါ..။ နန်းနွယ်မှာတော့ အကြော်
ဆိုင်တွင် အကြွေမရ၍ စောင့်ရင်းရှိနေသည်။ ညီမှာ ကျွန်တော့်ရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့လေပြီ။ ညီ
မကြည့်မိပါစေနဲ့၊ ကျွန်တော့်ကိုညီမကြည့်မိပါစေနဲ့၊ ဆုတောင်းသော်လည်း ကျွန်တော့်ဆုတောင်းမှာ မပြည့်လိုက်
ပါ… ညီသည့် ကျွန်တော့်ရှေ့ ခက်လှမ်းလှမ်း နှစ်ပေကျော်..သုံးပေလောက်ရောက်သည်နှင့် ခေါင်းအားမော့ကာ
ကျွန်တော့်ဆီသို့ အကြည့်များရောက်ရှိသွားလေသည်။
ညီ့၏ လုံးဝန်းသော မျက်လုံးများကျွန်တော့်ဆီသို့ ရောက်ရှိလာခဲ့သည်။ ယောကျာင်္းလေးတန်မဲ့ ပန်းရောင်သန်း
နေသောနှတ်ခမ်းများ ရုတ်တရက်တုန်ခါသွားခဲ့သည်။ မဖြူမမည်းသော ရွှေဝါရောင်လေးရှိနေသော မျက်နှာ
လေးမှာ တခဏခြင်းပင် ပန်းနုရောင်လေးသို့ပြောင်းလာခဲ့သည်။.. ညီ၏တုန်လှုပ်နေသော နှတ်ခမ်းလေးမှ
အပြုံးလေးတစ်ခုဖြစ်လာခဲ့သည်။ ဟင်… ညီ.. ကျွန်တော့်ကိုပြုံးပြနေပြီ၊ ကျွန်တော်ပြန်ပြုံးပြသော်လည်း အပြုံး
မှာနှတ်ခမ်းမှ ဖြစ်ပေါ်မလာ နှတ်ခမ်းဝမှာသာ ရပ်ကျန်ရစ်ခဲ့သည်။
“နေကောင်းတယ်နော် အကို”
ညီမှာ တုန်ရီနေသောအသံကို ထိန်းကာမေးလိုက်ခြင်းဖြစ်သည်။ ကျွန်တော်မည်သို့ပြန်ပြောရမည်နည်း
ကျွန်တော့်နှတ်မှ အသံမထွက်လာပါ။ ကျွန်တော်ခေါင်းညိတ်ဖို့လည်း အင်အားမရှိတော့ပါ။
“စေ့စပ်လိုက်တဲ့ သတင်းကြားတယ် မကြာခင် မင်္ဂလာဆောင်တော့မှာမလားဟင်..”
ညီ ထက်မေးပြန်ပြီ.. ညီ ကျွန်တော့်စေ့စပ်သည်ကို သိနေပါလား.. အင်းလေ ဒါလည်းမထူးဆန်းတော့ပါဘူး
ညီကအရင်ကတည်းကပင် ကျွန်တော့်အကြောင်း အမြဲစုံစမ်းတတ်သူမဟုတ်ပါလား.။ ယခုမေးခွန်းကိုလည်း
ကျွန်တော်ပြန်မဖြေပါ..သို့သော် ခေါင်းမှာတော့အလိုလိုပင် ညိတ်လိုက်မိသည်။
ကျွန်တော်နှင့်ညီတို့ ငြိမ်သက်စွာရှိနေစဉ်မှာပင် ကျွန်တော့်ဘေးနားသို့ လက်ကလေးတစ်ဘက်လာချိတ်
လေသည်။ ထိုသူမှာ နန်းနွယ်ပင်ဖြစ်သည်။
“အကို.. ကျွန်မတို့သွားကျမယ်လေ အော်.. အကိုကသူငယ်ချင်းနဲ့တွေ့နေတာလား..”
ဘေးနားမှ နန်းနွယ်ကိုတစ်ချက်ကြည့်ကာ ညီအားတစ်ချက်ပြန်ကြည့်လိုက်သည်။
“ဟုတ်ကဲ့အစ်မ ကျွန်တော်က အကိုနဲ့ခင်တာပါ မတွေ့တာတစ်နှစ်လောက်ရှိပြီ အခုမှပြန်တွေ့ကြတာလေ”
..အော်.. အရမ်းလျှင်မြန်လိုက်တဲ့ ညီပါလား.. ဒီအကျင့်တော့မပျောက်သေး.. တော်တော်လေး ဟန်ဆောင်
ကောင်းလိုက်တာညီရယ်..
“အော်…. ဟုတ်လား.. ကျွန်မကအကို့ရဲ့ ဇနီးလောင်းလေ… မင်္ဂလာဆောင်ရောက်ရင်လာနော် အကို့ကို
ဖိတ်ခိုင်းလိုက်မယ်..”
တော်တော်မရိပ်အကဲ မကြည့်တတ်တဲ့ နန်းနွယ်ပါလားဟုသာ ကျွန်တော်တွေးမိလိုက်သည်။ ညီမှာတော့ မျက်နှာပျက်သွားခဲ့သည်ကို ကျွန်တော်တွေ့လိုက်ရပါသည်။
“အော်..ဟုတ်ကဲ့ ရပါတယ် အစ်မ လာရမှာပေါ့ အကို့မင်္ဂလာဆောင်ဘဲ”
ညီမှာ နန်းနွယ်အားပြောနေသောလည်း မျက်လုံးများမှာ ကျွန်တော်ဆီသို့ကြည့်ကာ ပြုံး၍ပြောနေလေသည်။
“ဒါဆို.. ညီ…အဲ ကျွန်တော်ပြန်လိုက်ပါမယ်… ခွင့်ပြုပါဦး အစ်မနှင့်အကို”
ညီမှာ ကျွန်တော်နှင့်နန်းနွယ်အား ခေါင်းညွှန့်ရင်း ထွက်သွားခဲ့သည်။ ညီ ဘယ်လောက်စိတ်ဆင်းရဲပါမည်နည်း
ညီဘယ်လောက် သနားစရာကောင်းလိုက်ပါမည်နည်း။ ကျွန်တော်ကြောင့် အမြဲသ၀န်တိုတတ်သောညီ..
ယခု ဘယ်လောက်ရင်ထဲတွင်နာကျင်နေမည်နည်း ကျွန်တော်ညီ့၏ နောက်ကျောကိုကြည့်ရင်းနှင့်မှန်းစ
တတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ညီနဲ့ကျွန်တော် နှစ်နှစ်တိတိအနီးကပ်နေလာခဲ့ကြသည်
မဟုတ်ပါလား။
ကျွန်တော်နန်းနွယ်အား အိမ်အပြန်လိုက်ပို့ကာ ကိုယ့်အိမ်သို့ပြန်လာခဲ့လိုက်သည်။ အိမ်ထဲရောက်သည်နှင့်
ကျွန်တော့်အခန်းထဲသို့သာ တန်းဝင်လိုက်ပြီး ကုတင်ပေါ်သို့ ခြေပစ်လက်ပစ်မြှောက်လဲလိုက်သည်။
တကယ်တော့ အချစ်ဆိုတာ   ရယူခြင်းလား။   အချစ်ဆိုတာ   ပေးဆပ်ခြင်းလား။   အချစ်ဆိုတာ   တောင်းတခြင်းလား။ကျွန်တော်မသိနိုင်ခြင်းများထဲတွင်   အချစ်သည်တစ်ခုအပါအ၀င်ဖြစ်လေသည်။
ညီ့ရော အချစ်ကိုသိနိုင်ပါမည်လား။ ကျွန်တော်နှင့်ညီ လွန်ခဲ့သော ကာလအပိုင်းအခြားလေးတွင် ဖြစ်ပျက်ခဲ့
သည်များကို ပြန်လည်ကာ တွေးမိလိုက်တော့သည်။……
*****************
(၁)
ကျွန်တော့်အချစ်သည်ပင် ဆန်းကြယ်သည်လား ကျွန်တော်ကပဲ ထူးခြားနေသည်လားမသိပါ
အဘယ်ကြောင့်ဆိုသော် ကျွန်တော် ညီ့ကို ချစ်မိနေခြင်းကြောင့်ဖြစ်လေသည်
###


ပထမနှစ်ဆိုသော စာသင်နှစ်အား ကျွန်တော်ပြန်လည်တက်ရောက်ရပေတော့မည်။ ပထမနှစ်၏ဘာသာ
ရပ်များအား ကျွန်တော်ပြန်လည်သင်ကြားရတော့မည်။ ကျွန်တော် အင်္ဂလိပ်စာမေဂျာ၏ ပထမနှစ်ပညာသင်
စနစ်အား ကျသွား၍ ဖြစ်သည်။ ကျွန်တော့်၏ သူငယ်ချင်းများထဲတွင်ကျွန်တော်တစ်ယောက်တည်းသာ
ကျ၍ ကျန်သူများ အားလုံးဒုတိယနှစ်သို့ ရောက်ရှိသွားသောကြောင့်ပင်ဖြစ်သည်။ ကျွန်တော်ပထမတွင်
စိတ်ထိခိုက်သော်လည်း ပြန်လည်ကြိုးစားလျှင် ကျွန်တော့်အတွတ်တစ်နှစ်အောက်သည်ဆိုသော အရာသာ
ကျန်နိုင်သည် ကျန်သည့်အရာများမှာတော့ သူများနည်းတူသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့သော် ကျွန်တော်
ပထမနှစ်ကျသည်ကပင် ကျွန်တော့်အတွတ်ကံကောင်းခြင်းဟု ဆိုရမည်လား မသိပါ။ အဘယ်ကြောင့်ဆိုသော်
ကျွန်တော် ညီနဲ့ဆုံတွေ့ရခြင်းပင်ဖြစ်သည်။
ကျွန်တော်ပထမနှစ်အား ပြန်လည်တက်ရသော နေ့မှာပင် ညီနဲ့ဆုံတွေ့ခဲ့လေသည်။ အတန်းနေရာများအား
နေရာတကျမထိုင်ကျသော တက္ကသိုလ်အခန်းထဲ တွင်ကျွန်တော်သည် အနောက်ဆုံး ၀င်ပေါက်ဝနှင့်နီးသော
နေရာ ၌ထိုင်နေလေသည်။ တစ်ချိန်နှစ်ချိန်ရောက်သည့်တိုင် ကျွန်တော့်ဘေးနားတွင်လာရောက်ထိုင်သူမရှိပေမဲ့
တတိယအချိန်တွင် ကျွန်တော့်ဘေးနားမှာ ညီသည်လာထိုင်ပေသည်။ ကျွန်တော်လည်း ကြည့်လိုက်ရာ ညီသည့်ကျွန်တော်အား ကြည့်၍ ပြုံးပြလေသည်။ သိပ်ချစ်စရာကောင်းသော ညီဖြစ်ပါသည်။ ညီ၏အပြုံးသည်
ကျွန်တော့်ရင်ထဲသို့ ရောက်ရှိသွားခဲ့သည်။ ကျွန်တော်သည်မည်သူ့ကိုမှ စစခြင်းမနှတ်ဆတ်တတ်ပေမဲ့။
ညီကတော့ ကျွန်တော့်အား ခဏလေးအချိန်မှာပင် မိတ်ဆတ်လိုက်လေသည်။ ထိုတတိယအချိန်မှာပင် ညီနှုင့်
ကျွန်တော် ခင်မင်သွားခဲ့သည်။ ထိုနောက်အပေါင်းအသင်းမရှိသေးသော ညီနှင့်ကျွန်တော်တို့သည် တစ်ယောက်
ကိုတစ်ယောက်ပို၍ ခင်မင်သွားခဲ့ကျသည်။ ညီသည်ကျွန်တော့်အား သူ့ထက်အသက်ကြီး၍ အကိုဆိုသော
ဝေါ်ဟာရဖြင့်ခေါ်ပြီး ကျွန်တော်ကတော့ ညီဆိုသော တစ်လုံးတည်းသာ ခေါ်တတ်လေသည်။
“အကို..ဒီနေ့ဘာဟင်းလဲ ညီက ကြက်သားဟင်းတစ်ခုတည်းပါလာတာ.. အတူတူစားရအောင်လေ”
ညီသည် အစားအစာစားလျှင်အမြဲပေနေတတ်သည်။ ထိုသို့ပေလျှင်အမြဲဆိုသလို ကျွန်တော့်ထံမှတစ်သျှူးအား
တောင်းတတ်သည်။ ထို့ကြောင့် ကျွန်တော် ညီ့အတွတ် တစ်သျှူးဆောင်တတ်သော အကျင့်တစ်ခုတိုးလာ
ခဲ့သည်။
လပတ်စာမေးပွဲမဖြေရသော တက္ကသိုလ်တွင် နှစ်ပက်တစ်ခါတော့ ကျုတိုရီရယ်များဖြေရလေသည်။
ကျွန်တော်နှင့်ညီမှာတော့ အနောက်ဆုံးအတန်းတွင် ဖြစ်၍ အတူတူတိုင်ပင်ကာဖြေသည့် နေ့မှာဖြေ စားပွဲ
အောက်တွင် စာအုပ်ထားကာ နှစ်ယောက်အတူတူ ခိုးကူးသည်ကကူး.. ပျက်ကွက်ခဲ့သည်မရှိပါ။
“အကို.. ညီနဲ့အတူတူစာလာကျက်ပါလား ညီကတစ်ယောက်တည်းနေတာ..”
ပထမဦးဆုံးကျွန်တော့်အား အိမ်သို့ဖိတ်ခေါ်ခြင်းပါ။
ညီ့အိမ်မှာ မြောက်ဒဂုံ တွင်ဖြစ်၍ ကျွန်တော်တို့ ဒဂုံတက္ကသိုလ်မှ ဆိုလျှင်သိပ်မဝေးလှပါ။ ကျွန်တော်ပထမအဆုံး
ရောက်ရှိသွားခဲ့သည်။ ညီ၏အိမ်လေးသည် ချစ်စရာကောင်းလှပါသည်။ တိုက်ခန်းလေးတစ်ခန်းဖြစ်ပေမဲ့..
အတွင်းဘက်တွင် ညီ့အကြိုက် အစိမ်းနုရောင်လေးဆေး သုတ်ထားကာ အခန်း၏နံရံများတွင် နံရံကပ်ကြယ်
လေး လလေးများ အခန်းအပြည့်ကပ်ထားလေသည်။ တစ်ယောက်တည်းနေခြင်းကြောင့်ဧည့်ခန်းတွင်
ထိုင်ခုံလေးတစ်လုံးတစ်လေမှ မရှိခဲ့ပါ။ ညီအိပ်သောအခန်းထဲတွင်တော့ ညီ့၏စိတ်ကူးအရောင် မိုးပြာရောင်လေး
အားသုတ်ထားသည်။ ထို့နောက်နံရံတွင် အပြင်မှနည်းတူ ကြယ်များလလေးများ ကပ်ထားလေသည်။ ကုတင်က
လည်း နှစ်ယောက်အိပ်ကုတင်ထားထားရာ တစ်ယောက်တည်း အကျယ်ကြီးဖြစ်၍ အရုပ်များအားတင်ထားကာ
ပြည့်နှက်နေသည်။
“ညီရယ် ညီ့အခန်းက မိန်းကလေးဆန်လိုက်တာ..”
“ဆန်..ဆန်..ဘဲ ကိုယ့်အကြိုက်နဲ့ ကိုယ်လုပ်ထားတာ..”
ကျွန်တော်မှတ်ချက်ပေးတိုင်း ညီသည်ပြန်၍ ပြောတတ်လေသည်။
သို့သော် ထိုကဲ့သို့ မိန်းကလေးဆန်သောညီ့ကို ကျွန်တော်ကပင် ချစ်မိခဲ့သည်မဟုတ်ပါလား။ ကျွန်တော်ညီ့ကို
ချစ်နေမိပြီဟု မိမိကိုယ်ကို အပိုင်အနိုင်ဆုံးဖြတ်လိုက်သည့်နေ့တွင် ကျွန်တော်အရမ်းပင် တုန်လှုပ်ခဲ့ရပါသည်။
အဘယ်ကြောင့်ဆိုသော် ညီသည်ယောကျာင်္းလေးဖြစ်နေသည်ကတစ်ကြောင်း အဘယ်ကြောင့်ချစ်မိသည်ကို
မိမိကိုယ်ကိုပင် မသိနိုင်ခဲ့ပါ။ ညီ့၏သိမ်မွေ့သော အပြုအမူကြောင့်လား ညီ့၏ချစ်စရာကောင်းသော ရုပ်ပုံ
ကြောင့်လား သို့မဟုတ် ညီနှင့်အနီးကပ်နေရသည်မှာ များလာ၍လားကြောင့် မသိခဲ့ပါ။
ကျွန်တော့်အချစ်သည်ပင် ဆန်းကြယ်သည်လား ကျွန်တော်ကပဲ ထူးခြားနေသည်လားမသိပါ
အဘယ်ကြောင့်ဆိုသော် ကျွန်တော် ညီ့ကို ချစ်မိနေခြင်းကြောင့်ဖြစ်လေသည်။  ကျွန်တော့်၏အိမ်မက်တိုင်း
ညီကထာဝရနေရာယူထားလေပြီ။ ကျွန်တော့်၏အားလပ်ချိန်မှာတောင် ညီက ကျွန်တော့်စိတ်ကူးကိုနေရာယူနေ
လေပြီ။ ကျွန်တော်တကယ်ညီ့အားချစ်နေမိလေပြီ။
***************
(၂)
ညီ့လက်ကိုအမြဲ ကိုင်ထားချင်တယ်  ညီ့ကိုအမြဲ အနားမှာရှိစေချင်တယ်
ဒီလောက်ထိ ညီ့ကိုချစ်ခဲ့ရသော အကိုပါ
###

ကျွန်တော့်ညီ့ကို ပထမဆုံးချစ်တယ်ဆိုသည်ကို ထုတ်ပြောမည့်နေ့ပါ။ ကျွန်တော်နှင့်ညီနှင့် ညီ့၏အိမ်တွင်
စာအတူတူကျက်နေခဲ့သည်။ စာကြည့်စားပွဲမှာ တစ်လုံးတည်းရှိသောကြောင့် ညီနှင့်ကျွန်တော်ဘေးချင်း
ကပ်၍ စာဖတ်နေကျလေသည်။ စားပွဲနှင့်ပုတင်းပေါက်မှာလည်း ကပ်ထားသောကြောင့် အပြင်ဘက်ရှုခင်း
များကို အတိုင်းထားမြင်နေရသည်။ ကျွန်တော်စာကျက်နေရင်း ကျွန်တော့်၏လက်ချောင်းလေးများသည်
ညီ့၏မှောက်ထားသော လက်ဖ၀ါးဆီသို့ရောက်ရှိသွားခဲ့သည်။ ကျွန်တော်ညီ့ရဲ့လက်ကို ကိုင်လိုက်ပါသည်။
“ဘာလဲ အကို.. ညီ့လက်ကနုနေလို့လား… ဟီ.. လူတိုင်းပြောနေကျလေ..”
ကျွန်တော်မည်သည်စကားတစ်ခွန်းမှ မပြောခင်ညီဦးဆုံးပြောလိုက်သည့်စကားပါ..။ ကျွန်တော်ညီ့အားပြုံးပြ
လိုက်သည်။
“ညီက အရမ်းချစ်ဖို့ကောင်းတာဘဲ.. ညီ ကိုယ့်ကိုကိုယ်ချစ်ဖို့ကောင်းတယ်ဆိုတာကိုရော သိရဲ့လား”
ချစ်စရာကောင်းသောညီမှာ ရှက်စရာအရုပ်လေးဖြစ်အောင် ဟန်ဆောင်မူရင်း..
“လူတိုင်း ပြောကြတယ်..ဟိဟိ”
“ညီ..”
ကျွန်တော်ညီ့အား အဓိပ္ပါယ်ရှိရှိလေသံဖြင့် ခေါ်လိုက်သည်။ ညီမှာဘာမှမသိသော ကောင်လေးတစ်ယောက်
နှယ် ကျွန်တော့်အားကြည့်လိုက်သည်။
“ညီ့ကို ချစ်တယ်..”
ကျွန်တော့်နှတ်ခမ်းမှ တုန်ရီစွာ ထွက်ပေါ်လာသော အသံပါ။ ညီသည်လည်း မမျှော်လင့်သောစကားကို
ကြားလိုက်ရသူနှယ် ကျွန်တော့်အားစိုက်ကြည့်ကာ နေလေသည်။  ကျွန်တော်ထက်မံ၍ပင် ညီ့လက်အား
ကိုင်ထားလျက်…
“ညီ့ကို အကိုတကယ်ချစ်တယ်..”
တုန်ရီစွာ ပြောလိုက်သည်။ ညီမှာ ပန်းနုရောင်နှတ်ခမ်းလေးအား ပြုံးပြီး ရှက်ကာခေါင်းလေးအား ငုံ့ထားလိုက်
သည်။ သိပ်. ချစ်စရာကောင်းသော ညီပါလား။ မည်သည့်စကားမှပြန်မပြောသော ညီ့အားကျွန်တော်ကြည့်
၍အသည်းယားလားကာ ညီ့၏ မျက်နှာပေါ်ကျရောက်နေသော အီမိုဆံပင်လေးများအား အပေါ်သို့ဖြည်းဖြည်း
ချင်းလှန်တင်လိုက်ကာ ထပ်မေးလိုက်သည်။
“ညီ..ဖြေလေကွာ အကိုညီ့ကိုချစ်တယ် ညီကရော”
“ဟာ…အပြင်ကလူတွေမြင်ကုန်မယ်..”
“မမြင်ပါဘူး ကိုယ်တို့ကမြေညီထပ်မှမဟုတ်တာ ပထမထပ်ဘဲ မတွေ့ပါဘူးကွာ ”
ညီမှာအတော်ပင်ရှက်နေဟန်ထင်ရသည်  ညီ့၏ရွှေဝါရောင်ပါးလေးကပင် ပန်းနီရောင်လေးသို့ သန်းသွား
ခဲ့လေပြီ.. ၊ ညီသည်တခဏ အတွင်းမှာပင် ကျွန်တော့်အား ချစ်သည်ဟူသော သဘောဖြင့် ခေါင်းညိတ်ပြ
လိုက်သည်။ ကျွန်တော်ညီ့အားပြုံးပြကာ အားဖြင့်ဖက်လိုက်တော့သည်။
ထိုနေ့သည် ကျွန်တော့်အတွတ်အပျော်ရွှင်ရဆုံး နေ့ဖြစ်ပါလိမ့်မည်။ ကျွန်တော် ထိုနေ့မှစ၍ ဘယ်သွားသွား
ညီ့လက်အားကိုင်၍ သွားသည်။ ညီဘယ်နားမှာရှိနေပါစေ ကျွန်တော်အမြဲလိုက်သွားခဲ့သည်။
ညီ့လက်ကိုအမြဲ ကိုင်ထားချင်တယ်  ညီ့ကိုအမြဲ အနားမှာရှိစေချင်တယ်ဒီလောက်ထိ ညီ့ကိုချစ်ခဲ့ရသော အကိုပါ။
****************
(၃)
ညီနေမှကောင်းရဲ့လား  ညီအဆင်မှပြေရဲ့လား အမြဲမေးနေတတ်သည်
အဘယ်ကြောင့်ဆိုသော် ညီ့ကိုချစ်လို့ပါ
###

ညီနှင့်ကျွန်တော် ချစ်သူများဖြစ်သည်ဟု နှစ်ဦးသဘောတူ သက်မှတ်သောနေ့ မှစ၍တစ်လကြာသောအချိန်
တွင် နယ်မှညီ့အစ်မ မင်္ဂဆောင်မည်ဆိုသော်ကြောင့် ညီသုံးပတ်လောက်ခရီးထွက်ရမည့် အခြေအနေသို့
ဖြစ်လာခဲ့သည်။ ညီခရီးမသွားခင် သုံးလေးညဆိုသလို ကျွန်တော်ညီ့အိမ်တွင် နေခဲ့သည်။ အိမ်သို့လည်းမပြန်
ကျောင်းလည်းမတက်ဘဲ ညီနှင့်သာ အတူတူနေခဲ့သည်။
“အကိုရယ် ညီလည်းသွားချင်လို့ သွားတာမှမဟုတ်တာ ခဏနေပြီးပြန်လာမှာလေ ဖြစ်နိုင်ရင်အကို့ကိုတောင်
ခေါ်သွားချင်တာ..”
ညီ့ရဲ့ဖြေသိမ့်သော စကားမှာကျွန်တော့်အတွတ် ရင်ကိုပို၍ပူလောင်စေသည်။
ညီခရီးထွက်သွားသော အချိန်သည်ကျွန်တော့်အတွတ် အထီးကျန်စေရာ နေ့ရပ်များဖြစ်လာခဲ့သည်။
ကျွန်တော်ညတိုင်းညီ့ဆီဖုန်းဆက်ကာ ညီနေမှကောင်းရဲ့လား  ညီအဆင်မှပြေရဲ့လား အမြဲမေးနေတတ်သည်
အဘယ်ကြောင့်ဆိုသော် ညီ့ကိုချစ်လို့ပါ။ ကျွန်တော်ထိုသို့မေးတိုင်း ညီမှာ တစ်ရက်မှပျက်ကွက်သည်မရှိ
သူဖြတ်ကျော်ရသော တစ်နေ့တာအကြောင်းအား ဖုန်းထဲမှပြောပြလေ့ရှိလေသည်။
ညီပြန်လာမည်ဆိုသော ညကကျွန်တော်အိပ်မပျော်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ညီသည်မနက်5နာရီကားဖြင့်
ရောက်မည် ဆိုသည့်အတွတ်ကြောင့် ကျွန်တော်ညလုံးပေါက်မအိပ်ဘဲ 3နာရီခွဲကတည်းကပင် အောင်မင်္ဂလာ
ကားဂိတ်သို့ ရောက်ရှိလာခဲ့သည်။ ကားဂိတ်မှ ကားဆရာများကတော့ စောလှချည်လား ဟုသာပြောနိုင်
လေသည်။ မနက်5နာရီ ရောက်ရမည်ဆိုသော ညီပါလာသောကားမှာ မနက်6နာရီမှပင် ကားဂိတ်သို့စတင်ဝင်
ရောက်လာခဲ့သည်။ ဆင်းလာသောလူများကို ကျွန်တော်အတင်းကြည့်ကာ ညီဘယ်နားမှာများပါလာပါလိမ့်ဟု
အတွေးထဲပြည့်နေခဲ့သည်။ လူတော်တော်များများဆင်းအပြီးမှ ညီသည်နောက်ဆုံးတွင် ဆင်းလာခဲ့လေသည်။
အို… ညီအရမ်းပိန်သွားပါလား.. အသားအရေမှာလည်းစိုစိုပြည်ပြည်မဟုတ်.. ကျွန်တော်ညီ့အား အားဖြင့်
ဖက်လိုက်သည်။ ညီကတော့ ဘေးဘက်ဝေးသီကိုကြည့်ကာ..
“အကိုကလည်း လူတွေတမျိုးထင်ကုန်မယ်..”
“ထင်ပါစေ.. ညီ့ကိုလွမ်းလို့သေတော့မယ် ”
ဒီလိုနဲ့ပင် ကျွန်တော်တို့ မြောက်ဒဂုံအိမ်သို့ပြန်လာခဲ့လိုက်သည်။
“ညီအရမ်းပိန်သွားတယ်နော်.. အသားအရေလည်း အရင်လိုမဟုတ်ဘူး..”
“ဟုတ်တယ်အကို.. ညီဟိုမှာ မင်္ဂလာဆောင်ကြောင့် တော်တော်လေး အလုပ်ရှုပ်သွားတာ ပြီးတော့ ပင်လယ်
ဘက်ဆိုတော့ ပင်လယ်လေကြောင့်လည်း အသားအရေကဒီလိုဖြစ်လာတာ..”
အော်..ညီရေ အကိုသနားလိုက်တာ.. ကျွန်တော်ညီအားကြည့်ရင်းသနားလာကာ ညီ့ကိုဖက်ထားလိုက်သည်။
ကျွန်တော်မှတ်မိပါသေးသည်  ကျွန်တော့်ညီအား နွားနို့စစ်စစ်မှာ၍ ကိုယ်တိုင်ကြိုကာ တိုက်သည်။
စီးတီးမာခ်မှ မုန်လာဥကြီးများဝယ်ကာ အမြဲညီနှဲ့အတူတူစားကျသည်။ ပေါင်မုန့်များကိုလည်း နေ့တိုင်းဆိုသလို
အတူတူစားကျသည်.. ထမင်းဟင်းကိုလည်း အ၀အမြဲစားကြသည်..။ နှစ်လလောက်ကြာမှညီသည် အရင်လို
ချစ်စရာကောင်းသောပုံစံလေးပြန်ဖြစ်လာခဲ့သည်။
ညီကျွန်တော့်ကို အမြဲမေးတတ်သောစကားတစ်ခွန်းရှိသည်။
“အကိုညီ့ကို ချစ်စရာကောင်းလို့ချစ်တာလား ညီရုပ်ဆိုးသွားရင်ကော်..”
ထိုသို့မေးတိုင်း ကျွန်တော့်အဖြေမှာတစ်ခုတည်းသာဖြစ်သည်။
“ညီ့ကိုအကို ချစ်စရာကောင်းလို့ချစ်တာပေါ့… ညီပါဘဲဖြစ်နေဖြစ်နေ အကိုချစ်မယ်..”
ထိုအဖြေကိုရတိုင်း ညီမှာပြုံးရယ်လေ့ရှိသည်။
ညီနဲ့ကျွန်တော် စကားတစ်ခါတစ်လေ များကာရန်ဖြစ်လေ့ရှိသည်။ ရန်ဖြစ်တိုင်းပင် ကျွန်တော်သည်အမြဲ အိမ်
ပေါ်မှဆင်းကာ လှေကားတွင်ထိုင်ပြီး နံရံကိုလက်သီးဖြင့်ထိုးသည့်ဖြင့် စိတ်အားဖြေဖျောက်ချင်ဖျောက်
တတ်သည်။ သို့သော်ညီကရော မည်ကဲ့သို့ စိတ်ဖြေပါသနည်း.. ကျွန်တော်ပြန်တက်လာချိန်တွင် ညီအေးဆေးပါ
တစ်စုံတစ်ရာကိုင်ပေါက်ထားခြင်းမရှိ တစ်စုံတစ်ရာစိတ်ဆိုး၍ ပြုလုပ်ထားခြင်းမရှိပါ။ ညီဘယ်လိုများ စိတ်ဒေါသ
ကိုဖြေဖျောက်ပါသည်ကိုကျွန်တော်မသိပါ။ ကျွန်တော်ပြန်ချော့လျှင် ညီမှာ ပြန်လည်ပြေလည်တတ်သည်။
ကျွန်တော်ကပင်ညီ့အား ချော့သောစကားများပြောကာ ပြေလည်အောင်ပြန်လည် ညှိယူတတ်ပါသည်။
ညီနဲ့ကျွန်တော် စိတ်ဆိုးပြေတိုင်းပင် ကန်ဘောင်သို့တစ်ကူးတစ်ကသွားကာ လမ်းလျှောက်တတ်သည်။
အကြော်လေးများစားတတ်သည်။ ထို့နောက်ညီသွားချင်သောနေရာ ညီစားချင်သောအရာများအား အမြဲ
ဆိုသလိုပင် ကျွန်တော်ဝယ်ကျွေးတတ်လေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်ညီ့ကိုချစ်သောကြောင့်
ဟူ၍သာ မှတ်ယူရပေမည်။
**************
(၄)
ခဏလေးညီနဲ့ ကွဲကွာနေတာတောင် မခံနိုင်အောင်ခံစားရသော ကျွန်တော်
ယခုအဘယ်ကြောင့်ညီနဲ့ ဝေးကွာနေရပါသည်လဲ
###

ကျွန်တော်နှင့်ညီနှင့် ဆက်ဆံရေးကြားတွင် ကာလကြာရှည်စွာအဆင်ပြေမှု သာယာမှုများဖြင့်ပြည့်လျက်ရှိ
လေသည်။ စိတ်ဆိုးစိတ်ကောက်တစ်ခဏတာ ရှိခဲ့ပြီးကျန်အချိန်များတွင် ကျွန်တော်တို့နှစ်ယောက်လုံးတစ်
ယောက်ကိုတစ်ယောက်ချစ်ခဲ့ကြပါသည်။ ယောကျာင်္းလေးယောကျာင်္းလေးချင်း မည်သို့ချစ်ပါသနည်းဆိုသည်
ကိုမေးချင်မေးလာပါလိမ့်မည်။ သို့သော်ကျွန်တော်နှင့်ညီနှင့်တော့ ချစ်ခဲ့ကျသည်မှာ အမှန်ပင်ဖြစ်သည်။
ကျွန်တော်ညီမရှိရင် မနေနိုင်သလို.. ညီသည်လည်းကျွန်တော်မရှိရင်မနေနိုင်ပါ။
 ခဏလေးညီနဲ့ ကွဲကွာနေတာတောင် မခံနိုင်အောင်ခံစားရသော ကျွန်တော် ယခုအဘယ်ကြောင့်ညီနဲ့ ဝေးကွာနေရပါသည်လဲ။ ကျွန်တော်နှင့်ညီနဲ့ ကြားတွင်ကာလကြာရှည်စွာ သာယာမှုများရရှိခဲ့သော်လည်း။
အချိန်တစ်ခု၏ ကံကြမ္မာဆိုးလေးသည် ကျွန်တော်တို့ကြားဝင်ရောက်လာခဲ့ပေသည်။ 
သို့သော် ထိုကံကြမ္မာသည် ညီ့ကြောင့်မဟုတ်ပါ။ ကျွန်တော်၏ကံသာဖြစ်လေသည်။ကျွန်တော်နှင့်ညီတက္ကသိုလ်
ဒုတိယနှစ် နှစ်ဝက်ရောက်သော အချိန်တွင်ဖြစ်သည်.. ကျွန်တော်နှစ်ဝက်စာမေးပွဲအပြီး ကျွန်တော့အိမ်သို့
ခဏသွားကာ အ၀တ်အစားများယူရန်အချိန်တွင်ဖြစ်သည်။ ကျွန်တော်မထင်ထားခဲ့ပါ.. မထင်ထားပေမဲ့လည်း
ဖြစ်လာခဲ့ပေသည်။ မှတ်မှတ်ရရထိုနေ့တွင် ညီလည်း သိပ်နေမကောင်းဖြစ်နေလေသည်။
“ညီ..အကို အကို့အိမ်ခဏသွားလိုက်ဦးမယ် အ၀တ်အစားယူမလို့ ဆေးသောက်ထားနော်.. ဆေးသောက်ရမဲ့
အချိန်တွေ အကိုရေးပေးထားတယ် ညနေလောက်ပြန်လာခဲ့မယ် သိလား… ကောင်းကောင်းနေနော်”
ကျွန်တော်ညီ့အားစိတ်မချ၍မှာနေရာ ညီကတော့ ခေါင်းလေးတစ်ညိတ်ညိတ်သာ ရှိနေခဲ့သည်။
ကျွန်တော်.. ကျွန်တော့်အိမ်ထဲသို့ စတင်ဝင်ရောက်လိုက်သည်နှင့် ကျွန်တော့်အမေမှာဆီးကြိုနေလေသည်။
“သား ရောက်လာပြီလား အမေပြောစရာရှိတယ် ထိုင်ပါဦး..”
အိမ်သို့ကနဦးဝင်ကာစပင် အမေမှာသူ့ဘေးနား ဆိုဖာနေရာအားပုတ်၍ ကျွန်တော်အားပြောလိုက်သည်။ ကျွန်
တော်မည်သည့်စကားမှမပြောဘဲ အမေဘေးနားတွင်ထိုင်လိုက်သည်။
“သားကိုအမေတို့သဘောတူထားတဲ့ မိန်းကလေးနဲ့စေ့စပ်ပေးမလို့ အခုကတည်းကစေ့စပ်ထားမှ သားတို့ဘွဲ့ရ
ပြီးရင် လက်ထပ်လို့ရမှာလေ.. သားကပြီးရင် မေမေတို့စီးပွါးရေးကိုဦးစီးရမှာဆိုတော့ သားနောက်ကစနစ်တကျ
ထိန်းနိုင်မဲ့ အမျိုးသမီးတစ်ဦးကရှိသင့်တယ်မဟုတ်လား..”
အမေ့၏မထင်မှတ်သော စကားတစ်ခွန်းကြောင့် ကျွန်တော့်ရင်ဘက်ထဲတွင် မီးခဲများလွင့်စင်လာစကဲ့သို့
ပူလောင်ကာ စိုးရိမ်စိတ်များပြန့်နံ့သွားခဲ့သည်။ အမေသည်ဆက်၍ သူ့၏စိတ်ကူးများအား အဆက်မပျက်ပြော
နေသော်လည်း ကျွန်တော်မကြားနိုင်ခဲ့တော့ပါ။ ကျွန်တော့်၏တုန်လှုပ်မှုသည် နှလုံးသားထဲမှ တိုးဖေါက်ကာ
လက်ကလေးများသို့ကူးဆက်ကာ တုန်လှုပ်လာခဲ့သည်။
ကျွန်တော်..အမေပြောသည့်အတိုင်း လုပ်လိုက်ရင် ညီကော် ညီဘယ်လိုရှိနေမည်နည်း ညီနဲ့နှစ်ပတ် သုံးပတ်
လောက်ဝေးကွာနေတာတောင် ကျွန်တော်မနေတတ်ရင် အခုကျွန်တော်သာခွဲထွက်ခဲ့ရင် ပြီးတော့ကျွန်တော်မရှိ
ခဲ့ပါသော် အစာရေစာပျက်သကဲ့သို့ ပိန်ခဲ့ပါသော်ညီ ကျွန်တော်သာမရှိခဲ့ရင်.. ပြီးတော့ တိုက်ခန်းတစ်လုံး၏
အခန်းထဲတွင် နှစ်ယောက်သားကြည်နူးခဲ့သော်လည်း ကျွန်တော်သာမရှိခဲ့ရင် ခြောက်ကပ်စွာညီတစ်ယောက်
တည်းမည်သို့ နေပါမည်နည်း..  အို..မဖြစ်နိုင်ပါဘူး ကျွန်တော်ဘယ်လိုမှ ညီနဲ့ဝေးလို့မရပါဘူး..
“အမေရယ် မဖြစ်နိုင်ပါဘူး သားက အခုမှကျောင်းတက်နေရတုန်းလေ မဖြစ်သေးပါဘူးအမေရယ်”
“သားကလဲကွယ် စေ့စပ်တာဘဲ ဘာမှမဖြစ်ပါဘူး သားသူ့ကိုတွေ့ကြည့်ပါဦး ချစ်သွားလိမ့်မယ် ချစ်စရာလေးပါ
ပြီးတော့ သားဒီနေ့မပြန်နဲ့တော့ မနက်ဖြန်အမေသူ့ကိုခေါ်လိုက်မယ် သားတို့တွေ့ကြည့်လိုက်ပေါ့”
ဘယ်လိုပြောလိုက်တယ်..ဒီနေ့မပြန်နဲ့ မရပါဘူး ညီ..နေမကောင်းဖြစ်နေတယ် ကျွန်တော်မပြန်ရင်ညီတစ်ခုခု
ဖြစ်သွားမှဖြင့်… ဆေးကိုအချိန်မှန်သောက်ရန်ပျင်းသောညီ တစ်ယောက်တည်းမဖြစ်ပါဘူး. ကျွန်တော့်စိတ်များ
ရှုပ်ထွေးသွားခဲ့သည်။
“အမေ..ဒီနေ့မပြန်လို့မဖြစ်ဘူး..”
“ဘာလို့လဲ စာမေးပွဲပြီးသွားပြီလေ သားကသားသူငယ်ချင်းနဲ့နေချင်တယ်ဆိုလို့ အမေခဏခွင့်ပြုထားတာ
တစ်ခါတစ်လေတော့ အမေဆီမှာခဏနေပါဦးလား”
“အမေ..သူဒီနေ့နေမကောင်းဖြစ်နေတယ် သူတစ်ယောက်တည်း သားမရှိရင်…”
“သားရယ် သူလည်းယောကျာင်္းလေးဘဲ ဒီလောက်နေမကောင်းတာလေးများ မနက်ဆိုသက်သာသွားမှာပေါ့…
ဒီနေ့ဒီမှာဘဲနေတော့သား အမေပြန်ဖို့ကို ခွင့်မပြုနိုင်ဘူး..”
ကျွန်တော်မတတ်နိုင်ခဲ့ပါ။ ငယ်စဉ်ကတည်းကပင် တစ်ဦးတည်းထိန်းခဲ့သောအမေကို ဆန့်ကျင့်ဖို့ကျွန်တော်
ငယ်စဉ်ကပင် မလုပ်ရဲခဲ့ပါ။
ကျွန်တော်ထိုနေ့ညအိပ်မပျော်ခဲ့ပါ။ ညီ့ဆီဖုန်းလှမ်းဆက်ဖို့ကလည်း ညီ့ဆီမှာ ဖုန်းမရှိခြင်းအတွတ်အဆင်မပြေခဲ့
နီးဆက်ရာဖုန်းဖြစ်ပြန်ရင်လည်း နေမကောင်းဖြစ်နေသောညီ မည်ကဲ့သို့လာကိုင်နိုင်ပါမည်နည်း။ ကျွန်တော်ညီ့
အကြောင်းစဉ်းစားရင်းပင် ညတစ်ညလုံးကုန်ဆုံးခဲ့ရပါသည်။
*************
(၅)
ညီဟန်ဆောင်ကောင်းခြင်းလား  ညီမခံစားရခြင်းလား  ညီနေနိုင်ခြင်းလား
အဘယ်ကြောင့်ဆိုသော်  ညီသွေးအေးခဲ့လေသည်
###

ကျွန်တော်အမေ့အစီစဉ်အတိုင်းပင်  စေ့စပ်မည့်မိန်းကလေးဖြင့်တွေ့ရခဲ့ပေသည်။ ထိုမိန်းကလေး၏နာမည်မှာ
နန်းနွယ် ဟုခေါ်လေသည်။ သူသည်ချစ်စရာကောင်းလှသည် မိန်းကလေးတစ်ယောက်၏ လိုအပ်သောအင်္ဂါ
ရပ်များဖြင့် ပြည့်စုံသောသူဖြစ်လေသည်။ လင်းလက်သောမျက်နှာပြင်ရှိလျက် ဖြောင့်ဆင်းသော နှာတံ
နှင်းဆီပုံ နှတ်ခမ်း.. နီညိုရောင်အဆင်းရှိ ဆံကေသာ ဆူးရှသောမျက်လုံးတို့အားပိုင်ဆိုင်ထားသော မိန်းကလေး
တစ်ယောက်သာဖြစ်သည်။ ကျွန်တော်နှင့်နန်းနွယ်ဆိုသော မိန်းကလေးတို့ ကော်ဖီခွက်ကလေးအားကိုင်၍
ထိုင်နေသည်မှာ နာရီဝက်ပင်ကြာခဲ့လေပြီ။
“စကားမပြောတော့ဘူးလား..”
နန်းနွယ်ဆီမှစတင်ကြားရသော စကားပင်ဖြစ်သည်။ ကျွန်တော်လည်း သူ့အားကြည့်လိုက်ပြီး..
“ဘာပြောရမှာလဲဗျ.. ဟို… စားပြီးပြီလား”
နန်းနွယ်မှာ နှတ်ခမ်းလေးအား အုပ်လျက် ရယ်သံသေးသေးလေးဖြင့် ရယ်လိုက်သည်။
“မဟုတ်ဘူးအကိုရဲ့ ကျွန်မပြောတာ ကျွန်မတို့ကိုလွှတ်လိုက်တာ စေ့စပ်ဖို့ကိစ္စလေ ဒီလိုထိုင်နေရတာ နာရီဝက်
တောင်ရှိပြီ ဘာမှမတိုင်ပင်သေးလို့”
အကိုဟုခေါ်လိုက်သော အသံကြောင့် ညီ့အားအပြေးလေး သတိရသွားခဲ့သည်။ ညီနေမှကောင်းရဲ့လားဟု
စိတ်ထဲတွင် တိုးတိုးလေးမေးမိလိုက်သည်။
ထိုနေ့လည်းကျွန်တော်ညီ့ဆီ မပြန်ဖြစ်ခဲ့ပါ အိမ်တွင် နန်းနွယ်ဘက်မှ မိဘများရောက်ရှိလာသဖြင့် ဧည့်ခံနေရ
သောကြောင့် ညီ့ဆီမပြန်ဖြစ်ခဲ့ပါ။
နောက်နေ့မနက်တွင် ကျွန်တော်ညီ့အိမ်သို့ပြန်လာခဲ့သည်။ ကျွန်တော်အိမ်ထဲမ၀င်သေးဘဲ အပေါက်ဝရှေ့တွင်
ရပ်ကာညီ့ကိုမည်ကဲ့သို့ချော့ရမည်ကိုစဉ်းစားလိုက်သည်။ ချော့ရသည့်အလုပ်ကိုကျွန်တော်မကျွမ်းကျင်သော်
လည်းညီ့အတွတ် ကျွန်တော်စဉ်းစားရမည်။ ယခုဆိုညီစိတ်ဆိုးနေတော့မည်။ သူငယ်ချင်းတစ်ချို့အား ဖုန်းဆက်
ပြီးညီ့အားလှည့်ပတ်ပြောခိုင်းထားသော်လည်း ညီစိတ်ကြည်မည်မဟုတ်သည်ကိုကျွန်တော် သိပါသည်။
ထို့နောက်ကျွန်တော်စိတ်ထဲတွင် ဆုံးဖြတ်လိုက်တော့သည်။ နဂိုသူငယ်ချင်းများအား ပြောခိုင်းထားသည့်အတိုင်း
ပင်အိမ်မှ အမေနေမကောင်းကာ မလွှတ်၍မလာနိုင်ခြင်းဟုသာ လိမ်ညာရတော့ပေမည်။
ကျွန်တော်တံခါးအားခေါက်လိုက်သည်။ ခေါက်ပြီးပြီးချင်းမှာပင် တံခါးမှာပွင့်လာခဲ့သည်။ တံခါးပွင့်လာသည်နှင့်
ညီမှာအပြုံးလေးဖြင့်ဆီးကြိုနေလေသည်။
“အော်.. အကို..လာလေ ဒီနေ့အကိုလာမယ်ဆိုတာ ကြိုသိနေလို့လားမသိဘူး ညီအကို့အတွတ်ပါ
ထမင်းနဲ့ဟင်းပိုချက်ထားတယ်”
ကျွန်တော်စစချင်းအံ့သြသွားခဲ့ပေမဲ့ ဗွေမယူဘဲသဘောထားကြီးတတ်သောညီ့ကို ကျွန်တော်ကျေးဇူးတင်မိလေ
သည်။ သို့သော် ထိုသို့ညီ့၏ မျိုသိပ်ထိန်းချုပ်ထားတတ်သော အပြုအမူကြောင့်ပင် ကျွန်တော်တို့ပိုစိတ်ထိခိုက်
နိုင်သည်ဆိုသည်ကို သိလျင် ညီအစကတည်းကပင် ဤကဲ့သို့ပြုမူခဲ့ပါမည်လား..။
မိုးရာသီ၏မိုးမရွာသော နေ့တစ်နေ့ပါ။ နန်းနွယ် ဆိုသောမိန်းကလေးတစ်ယောက်၏ချိန်းဆိုမှုကြောင့် သူရှိရာ
သချာင်္မေဂျာဘက် သချာင်္ကန်တင်းဟုခေါ်ရပေမည် ထိုကန်တင်းသို့ကျွန်တော်ရောက်ရှိလာခဲ့သည်။ ကျွန်တော်
တို့အင်္ဂလိပ်စာမေဂျာရှိရာနေရာနှင့် သချာင်္မေဂျာရှိရာနေရာတို့မှာ အတော်ပင်ဝေးသောနေရာသာဖြစ်ပါသည်။
တစ်ကျောင်းတည်းဆိုသော်လည်း တစ်သီးတစ်ခြားဆီတည်ရှိနေကျပေသည်။ ကျွန်တော်မှာညီ့အား မလွဲသာ၍
ဓာတုဗေဒမှဝမ်းကွဲညီအစ်ကိုဆီသွားမလို့ဟု လိမ်ညာခဲ့ကာ ထွက်လာခဲ့ခြင်းဖြစ်သည်။
အဘယ်ကြောင့်ကျွန်တော်ထွက်လာခဲ့ရပါသနည်း။ ကျွန်တော်အဘယ်ကြောင့်နန်းနွယ်နှင့် စကားများထိုင်ကာ
ပြောဆိုနေပါသနည်း။ ကျွန်တော်မသိခဲ့ပါ။ ထိုနေ့တစ်နေ့လုံး အတန်းမတက်ဘဲ နန်းနွယ်ဖြင့်သာ အချိန်များကုန်
ဆုံးစေခဲ့သည်။ ကျွန်တော်အတန်းပြီးချိန်ဟု ယူဆ၍လေးနာရီလောက်တွင် အင်္ဂလိပ်စာမေဂျာရှိရာ အဆောင်သို့
ပြန်ပြေးလာခဲ့သည်။ သို့သော်ကျွန်တော်အယူအဆမှားယွင်း သွားခဲ့ပေသည်။ ယနေ့အတန်းပြီးချိန်မှာ သုံးနာရီ
ကတည်းကပင်ဖြစ်သည်။ သို့သော်ကျွန်တော် ညီနေပါမည်လားဟု သုံးထပ်ဆောင်အင်္ဂလိပ်စာမေဂျာ၏တတိယ
ထပ်သို့ ကျွန်တော်အပြေးအလွှားတက်လာခဲ့လိုက်သည်။ ကျွန်တော်တို့(B)အခန်းထဲတွင် မည်သူမှမရှိတော့ပါ..
ကျွန်တော်ပြန်လှည့်ရန်ပြင်လိုက်စဉ် နောက်ဆုံးတန်း၏ ထိုင်ခုံတန်းလေးတွင် ပက်လက်ကလေးလဲရင်း နဖူးပေါ်လက်တင်ကာ အိပ်နေသောညီ့အားတွေ့ခဲ့ရလေသည်။
ကျွန်တော်လည်း အတန်းထဲသို့ဝင်ကာ ညီ့အနီးအနားသို့သွားလိုက်သည်။
“အိမ်ပြန်ရအောင်လေ အကို…”
မျက်လုံးမှိတ်ရင်းအိပ်နေသည်ဟု ထင်သောညီ့ဆီမှအသံကြားလိုက်ရ၍ ကျွန်တော်လန့်သွားခဲ့သည်။ ညီမှာ
တစ်စက်ကလေးမှစိတ်မဆိုးခဲ့ပါ နဂိုအတိုင်းသာ ပြုံးလျက်သာရှိနေခဲ့သည်။ ညီဟန်ဆောင်ကောင်းခြင်းလား  ညီမခံစားရခြင်းလားညီနေနိုင်ခြင်းလားအဘယ်ကြောင့်ဆိုသော်ညီသွေးအေးခဲ့လေသည်။
**************
(၆)
တစ်ခဏအတွင်းမှာပင်  အလွန်စိုးကြောက်ခဲ့သော  ခွဲခွါမှုမျိုးကြုံခဲ့ရသောအခါ
ကျွန်တော်ခတ္တသွေးပျက်ခဲ့တာ အမှန်ပါညီ သို့သော်ညီ့စိတ်ကြိုက် ကျွန်တော်တိတ်ဆိတ်ခဲ့သည်
အဘယ်ကြောင့်ဆိုသော် ညီ့ကိုချစ်လို့ပါညီ
###

ကျွန်တော်ညီ့ရှေ့တွင် ဟန်မပျက်ပင်နေနိုင်ခဲ့သည်။ တစ်ဘက်ကနန်းနွယ်ကိုလည်း ငြင်းရမည်ဆိုပြန်က
လည်းမဖြစ်နိုင်သေးပေ။ မိဘမျက်နှာ ဆွေမျိုးမျက်နှာရှိပါသေးသည်မဟုတ်ပါလား။ ညီ့ကိုကျွန်တော်မထား
ရစ်နိုင်ပါ။ ညီ့ကိုထားရစ်ခဲ့မည့်အဖြစ်မျိုးကို လွန်စွာကျွန်တော်ထိတ်လန့်ခဲ့သည်မှာအမှန်ပင်ဖြစ်သည်။ ထို့
ကြောင့်ညီ့အား ဆက်လက်လိမ်ထားရပေလိမ့်မည်။ ထိုသို့ပြုမူခြင်းသည် အချိန်ကြာလာသည်နှင့်အမျှဆိုးဝါး
လာမည်ကို ကျွန်တော်သိရှိခဲ့ပါသော် ညီ့အားအမှန်အတိုင်း ပြောခဲ့နိုင်မည်လား မသိပါ။
မိုးရာသီနေ့တစ်နေ့တွင်ဖြစ်သည်။ မှတ်မှတ်ရရထိုနေ့ မိုးများသည်းထန်စွာရွာနေလေသည်။  ဘင်္ဂလားပင်လယ်
တွင်မုန်တိုင်းဖြစ်၍ မြန်မာနိုင်ငံတွင်မိုးများနိုင်သည်ဟုလည်း သတင်းများမှာထုတ်ပြန်ထားလေသည်။ ထိုနေ့
ညီကျွန်တော့်အား ထူးထူးဆန်းဆန်းပင် တစ်ခုတောင်းဆိုလာခဲ့သည်။
“အကို.. ညီတို့ကန်ဘောင်သွားရအောင်..”
“ဟင်..ညီ မိုးတွေအရမ်းရွာနေတယ်လေ”
ကျွန်တော်တို့နေသောမြောက်ဒဂုံနှင့်ကန်ဘောင်မှာ နီးနီးနားနားခရီးအကွာအဝေးတော့မဟုတ်..။ ဤသည်ကို
သိပါလျက်ညီ အဘယ်ကြောင့်တောင်းဆိုပါသနည်း။
“ညီကမိုးရွာလို့သွားချင်တာ အကိုမလိုက်ရင် ညီတစ်ယောက်တည်းသွားတော့မယ်”
“ဟာ.. နေဦးလေညီ. အကိုပါလိုက်မှာပေါ့.”
ကျွန်တော်တို့ကန်ဘောင်ကို ရောက်ရှိလာခဲ့ကြပေသည်။ မိုးမှာလည်း ညီ့သဘောကိုလိုက်လျောနေသည်လား
မသိပါ ကန်ဘောင်ရောက်သည်အထိ မရပ်မနားရွာနေလေသည်။ အင်းယားဘန်ဘောင်ရောက်သည်နှင့်ညီ
သည်မိုးရေထဲတွင် ထီးမဆောင်ဘဲ လျှောက်ပြေးကာ ကလေးတစ်ဦးနှယ်ကစားနေလေသည်။ ကျွန်တော်မှာ
တော့ထီးလေးတစ်ချောင်းကို ကိုင်ကာညီဘယ်အချိန်ဝင်လာမည်ကို စောင့်၍တဖြည်းဖြည်းခြင်း ကန်ဘောင်
လမ်းအတိုင်းလျှောက်ခဲ့သည်။ မိုးရေထဲတွင် ပြေးသောညီမှာ အနောက်ပြန်လှည့်ပြီးကျွန်တော့်ဆီပြေးလာကာ
“အကို.. ထီးကြီးချထားလိုက် မိုးရေချိုးကျမယ် မိုးရေမချိုးထား တော်တော်ကြာပြီမလား”
ကျွန်တော်မှာ မချိုးတော့ဘူး ဆိုသည့်သဘောဖြင့် လက်ကာပြလိုက်သည်။
“လာပါဘယ်သူမှမရှိဘူး ”
ကျွန်တော်ညီ့ကို မနိုင်တော့ပါ ထီးအားပိတ်လိုက်ပြီး ကျွန်တော်လည်းညီနဲ့အတူတူ မိုးရေထဲတွင် ပြေးနေခဲ့
လေသည်။ ကျွန်တော့်ဘ၀၏ အသာယာဆုံးနေ့တွင် ထိုနေ့သည်လွန်စွာ သာယာသောနေ့တစ်နေ့ဖြစ်ခဲ့ရပါ
သည်။
ကျွန်တော်တို့အိမ်ပြန်ရောက်သော အချိန်မှာညနေ 6နာရီပင်ဖြစ်၍နေလေပြီ။ နှစ်ယောက်သားရေချိုးကာ
ညီမှာ ကော်ဖီနှစ်ခွက်ဖျော်ရင်း အိမ်ရှေ့ခန်းတွင် ကြမ်းပြင်၏ကော်ဇော်ပေါ်၌သာ ထိုင်လိုက်သည်။
ကျွန်တော်မှာ ညီဖျော်ပေးသော ကော်ဖီအား အနည်းငယ်သာမြည်းစမ်းရသေးသည်။ ညီ့ဆီမှထူးဆန်းသော
စကားတစ်ခွန်းထွက်ပေါ်လာပေသည်။
“အကိုတို့ ဘယ်တော့စေ့စပ်မှာလဲဟင်.”
ကျွန်တော်ကော်ဖီခွပ်ပင် ပြုတ်ကျရန် ဖြစ်သွားခဲ့သည်။ ဘုရား…ဘုရား  ညီ..ဘယ်လိုသိနေပါလိမ့်။
ညီမှာကော်ဖီလေးအား အနည်းလေးမျှသောက်လိုက်ကာ ကျွန်တော့်အားနောက်ကျောပေးလျက် တည်ငြိမ်စွာ
ဆက်ပြောလေသည်။
“ကောင်မလေးက အရမ်းချစ်ဖို့ကောင်းတယ်နော် နာမည်လေးကလဲ လှတယ် နန်းနွယ် ဆိုလားပဲ.. အကိုတို့
အတွဲက အရမ်းလိုက်တာဘဲ မင်္ဂလာဆောင်ရင်တော့ ညီ့ကိုသူများတွေထက် ရှယ်ကျွေးရမယ်နော်..
ညီကတော့ လက်ဆောင်မပေးနိုင်ပါဘူး.”
ညီမည်မျှပင် တည်ငြိမ်စွာပြောသော်လည်း အသံများမှာ တဖြည်းဖြည်းတုန်လာခဲ့သည်။ ညီ့ဆီမှရှိုက်သံသဲ့သဲ့
လေးတစ်ခုကြားလိုက်ရသည်။ ကျွန်တော် ရင်ဘက်ထဲမှ စူးရှစွာနာကြဉ် သွားခဲ့သည်မှာ အမှန်ပါ။
ကျွန်တော်ညီ့၏ နောက်ကျောမှ သိုင်း၍ဖက်လိုက်သည်။
“ညီရယ်.. သူက အကို့အိမ်က စီစဉ်တာပါ အကိုချစ်လို့မဟုတ်ပါဘူး..”
ကျွန်တော့်၏ဖက်ထားသော လက်ပေါ်သို့ ညီ့၏မျက်ရည်စက်ကလေးများ ချက်ချင်းရောက်ရှိလာခဲ့သည်။
“ညီ..ညီ အကိုဘက်လှည့်ဦး..”
ကျွန်တော်ညီ့ပုခုံးကို ကိုင်ကာ လှည့်သော်လည်း ညီကလှည့်၍မလာ..
“အကို့အိမ်က ရွေးတာတော်တယ်နော်  အကိုကံကောင်းပါတယ်.. အကို့အတွတ် တစ်ဘ၀စာကောင်းမှု
တွေပေါ့ အကိုရယ်.. အကိုတို့သားသားလေးတွေ မီးမီးလေးတွေ မွေးရင် ညီ့ကိုလည်းခေါ်ပြနော် ညီကကလေး
သိပ်ချစ်တတ်တာ..”
ညီ့၏ငိုသံပါသော တုန်ရီသံများမှာ ကျွန်တော့်ရင်ဘက်ထဲသို့ စို့နစ်သွားခဲ့သည်။
“ညီရယ် အကို့အပြစ်ပါ ညီအကို့ကို ရိုတ်လိုက်ပါ ညီအကို့ကို ဆူးဆူးနစ်နစ်ပြောလိုက်.. ညီအကို့ကို
ဆူပူအော်ဟစ်ပြီး မောင်းထုတ်လိုက်ပါညီ.. အကို့အမှားပါ အကို့ကိုသာ တစ်ခုခုလုပ်လိုက်ပါညီရယ်”
ကျွန်တော်ကိုယ်တိုင်ပင် မျက်ရည်များကျဆင်းလာခဲ့သည်။
“အကိုရယ် အကို့ကိုညီ ဘာမှမလုပ်ပါဘူး အကို့အမှားလည်းမဟုတ်ပါဘူး ဒါ..ဒါ သဘောဝဘဲလေ…
ညီလက်ခံရမှာပေါ့  ညီသိနေတာ ကြာခဲ့ပါပြီအကိုရယ်  ဒါပေမဲ့ ညီ..ညီ.. အကို့ကိုရယူချင်တဲ့စိတ်ကြောင့်
အခုချိန်ထိမပြောဘဲထားခဲ့တာပါ အကိုရယ်.. ညီအပြစ်ပါ.. အကို..ဘာမှစိတ်မကောင်းမဖြစ်နဲ့တော့နော်
အကိုဘာမှလည်း မပြောနဲ့တော့.. ညီနဲ့ အကိုတို့ဒီအထိဘဲရေစက်ပါလို့ပေါ့ အကိုရယ်”
ကျွန်တော့်ပါးပြင်မှ မျက်ရည်များကို လက်ကလေးဖြင့် သုတ်ပေးနေသောညီ အားကြည့်၍ ကျွန်တော်ပို၍သနား
လာခဲ့သည်။ ညီအဘယ်ကြောင့် အစကတည်းက ဟန်ဆောင်ခဲ့ပါသနည်း..။ ကျွန်တော့်ကိုစိတ်မငြိမ်နိုင်ဆုံးဖြတ်
မပျက်သားသော် လူတစ်ယောက်ညီ အဘယ်ကြောင့်များ တည်ငြိမ်စွာ ပြုံးလျက်ပင် နေနေနိုင်ပါသနည်း။
ညီအရမ်းဟန်ဆောင်ကောင်းသည် ဟုသာ စိတ်ထဲတွင်သက်မှတ်ခဲ့ရပေသည်။
ထိုနေ့ကျွန်တော်စောစောအိပ်မပျော်ခဲ့ပါ။ 2နာရီမှသာ စတင်အိပ်ပျော်သွားခဲ့သည်ထင်ပါသည်။ ကျွန်တော်မနက်
အိပ်ယာထချိန်မှာ မနက်8နာရီထိုးနေလေပြီ။
ကျွန်တော်ဘေးနားကိုလက်ဖြင့် ပုတ်လိုက်သည်။ သို့သော် ညီမရှိပါ။ ကျွန်တော်အိပ်ယာမှထကာ ရေချိုးခန်းထဲ
ဝင်ကြည့်လိုက်သည် ညီရှိမနေခဲ့ပါ။ ကျွန်တော်အိမ်ခန်းပက်ပက်လည်အား လိုက်ကြည့်လိုက်သည်။
ညီမရှိပါ.. ညီတစ်ယောက်တည်းမဟုတ်ပါ ညီ၏အကျီများ အသုံးအဆောင်များ ဖိနပ်များပင်ရှိမနေခဲ့ပါ။
ကျွန်တော်သိလိုက်ရသည်။ ညီထွက်သွားခဲ့လေပြီ။ ညီမှာအိမ်အတွတ် သော့တစ်ချောင်းကိုယူကာ ကျွန်တော့်
အတွတ်သော့တစ်ချောင်းထားရစ်ခဲ့သည်။တစ်ခဏအတွင်းမှာပင်အလွန်စိုးကြောက်ခဲ့သောခွဲခွါမှုမျိုးကြုံခဲ့ရသောအခါကျွန်တော်ခတ္တသွေးပျက်ခဲ့တာ အမှန်ပါညီ သို့သော်ညီ့စိတ်ကြိုက် ကျွန်တော်တိတ်ဆိတ်ခဲ့သည်
အဘယ်ကြောင့်ဆိုသော် ညီ့ကိုချစ်လို့ပါညီ။ ထိုနေ့သည်ကျွန်တော်နှင့်ညီတို့၏နောက်ဆုံးနေ့သာဖြစ်လေသည်။
**************
အချစ်သည်ပြောင်းလဲတတ်သော်လည်း ကျွန်တော့်အတွတ်မပြောင်းလဲနိုင်ခဲ့ပါ
အဘယ်ကြောင့်ဆိုသော် ညီ့ကိုချစ်လို့ပါ
###
(ခ)

ကျွန်တော်အခန်းနံရံမှ တိုင်ကပ်နာရီအားကြည့်လိုက်ရာ 2နာရီပင်ထိုးနေလေပြီ။ ညီ့အကြောင်းစဉ်းစားနေသည်
မှာအတော်ပင်မိုးချုပ်ခဲ့လေပြီ။ ကျွန်တော်အိပ်ရန်ပြင်လိုက်သည်။ သို့သော်ကျွန်တော်စဉ်းစားမှုများအပြီး ယနေ့
ကြုံခဲ့ရသော ညီနဲ့တွေ့ဆုံခြင်းကြောင့် မနက်ဖြန်ညီ့အိမ် ရှိရာမြောက်ဒဂုံဆီသို့ သွားမည်ဟု စိတ်ထဲတွင်
ဆုံးဖြတ်လိုက်တော့သည်။
ကျွန်တော်မနက်အိပ်ယာ ထလာသောသော်အခါ နာရီအားကြည့်လိုက်ရာ 9နာရီပင်ဖြစ်နေလေပြီ။
ကျွန်တော်မျက်နှာသစ်..သွားတိုက်ကာ ရေချိုးပြီး အ၀တ်အစားလဲကာ အိမ်မှထွက်လာခဲ့လိုက်သည်။
ကျွန်တော်မည်သည့်နေရာသို့ သွားနေသည်ကိုကျွန်တော်သိပါသည်။ မြောက်ဒဂုံ 41တိုးချဲ့ ရပ်ကွက်တွင်ရှိသော
တိုက်ခန်းလေးများရှိရာသို့ ဖြစ်လေသည်။ ဈေးလမ်းမှတစ်ဆင့်ကားလေးဖြင့် ၀င်လာခဲ့လိုက်ပြီး.. နောက်ဆုံး
တိုက်လေးအရောက်တွင် ကားလေးအားကွေ့လိုက်ပြီး ညီရှိရာ တိုက်ခန်းရှေ့သို့ ကားလေးထိုးရပ်လိုက်သည်။
တစ်ချိန်တစ်ခါက အတိုင်းအလွန်ရောက်နေခဲ့သော နေရာမှာ ယခုဆိုမရောက်သည်မှာ တစ်နှစ်ကျော်ကျော်ပင်
ရှိနေခဲ့လေပြီ။ ထိုသို့မရောက်သည့်တစ်နှစ်ကျော်ကျော်အတွင်း ယနေ့ပထမဦးဆုံးခြေချခြင်းဖြစ်လေသည်။
ကျွန်တော်ညီရှိရာ ပထမထပ်သို့တက်လာခဲ့လိုက်သည်။ ညီ့အခန်းရှေ့ရောက်သည်နှင့် ကျွန်တော့်ခြေလှမ်းများ
ရပ်ဆိုင်းသွားခဲ့သည်။ ညီ့အခန်းမှာသော့ပိတ်ထားလေသည်။ ကျွန်တော်လည်း လိုရမယ်ရယူလာခဲ့သောသော့
လေးအား ထုတ်ကာဖွင့်ကြည့်လိုက်လေသည်။ သော့မှာအံကိုက်ညီ၍ချက်ချင်းပွင့်သွားခဲ့သည်။ ယခုချိန်ထိညီ
သော့အားမပြောင်းသေးပါလား..။ ကျွန်တော်တံခါးလေးအား ဖွင့်ကာဝင်လာလိုက်သည်။ဝင်ဝင်ခြင်းဆိုသလို
ကျွန်တော်တို့နှစ်ယောက်ရှိစဉ်အခါကကဲ့သို့ပင် အခန်း၏အနံ့မှာ လေအေးလေးတစ်ခုဖြင့်ရောက်ရှိလာခဲ့သည်။
ကျွန်တော်အိမ်ရှေ့ဧည့်ခန်းလေးအားကြည့်လိုက်သည်  ညီမပြောင်းလဲသေးပါ ။ကျွန်တော်စရောက်တုန်းက အတိုင်းပင် နံရံ၌ကြယ်လေးများ လလေးများကပ်ထားလေသည်။ အခန်း၏အရောင်မှာလည်း အစိမ်းနုရောင်
အတိုင်းသာရှိနေလေသည်။ ကျွန်တော်တို့နှစ်ယောက်စာကျက်ခဲ့သော စားပွဲလေးမှာလည်း နေရာမပျက်ပင်..
စားပွဲပေါ်၌ ကျွန်တော်နှင့်ညီ အတူတူတွဲရိုတ်ထားသောဓါတ်ပုံလေးမှာ ကြည်လင်စွာ ထောင်ထားလေသည်။
စားပွဲပေါ်တွင် ကျွန်တော်တို့နောက်ဆုံးသောက်ခဲ့သော ကော်ဖီခွက်လေး နှစ်ခွက်မှာ သန့်ရှင်းစွာရှိလျက်တွေ့
ရလေသည်။ ထိုမြင်ကွင်းသည် ကျွန်တော့်အတွတ်သို့ ရင်ထဲတွင်စူးနစ်စေလေသည်။ ကျွန်တော်ညီ့အိပ်ခန်းထဲ
သို့ဝင်လာခဲ့လိုက်သည်။ အခန်းလေးသည်အရင်ကအတိုင်းပင် မပြောင်းလဲပါ။ မိုးပြာရောင်ဆေးလေးမှာလည်း
နဂိုအတိုင်းပင် တောက်ပြောင်လျက်ရှိသည်။ ကျွန်တော့်အကြည့်များသည် ကုတင်ပေါ်သို့ ရောက်ရှိသွားခဲ့
လေသည်။ ကုတင်ပေါ်တွင် ကျွန်တော်အိပ်စဉ်အခါက အိပ်ခဲ့သောခေါင်းအုံးလေးမှာ ယခုထက်တိုင် သူ့နေရာ
အတိုင်းသူရှိနေပေသည်။ ကျွန်တော်တို့အတူတူ ခြုံခဲ့ပါသော ဂွမ်းစောင်လေးမှာလည်း ယခုထက်တိုင်းအသေ
အချာခေါက်လျက်ရှိနေပေသည်။ ကျွန်တော်ရင်ဘက်ထဲတွင် နှလုံးသားလေးမှအသည်းထဲထိ တုန်လှုပ်သွားခဲ့
ရပါသည်။…
“အကို..”
ကျွန်တော့်အနောက်မှအသံကြား၍ ဖြတ်ခနဲ လှည့်ကြည့်လိုက်ရာ……..
ကျွန်တော်သွေးများပင်ရပ်တန့်သွား နိုင်မည်လားဟု ထင်လိုက်မိပါသည်။ ကျွန်တော့်ရှေ့တွင်.. တစ်ချိန်
တစ်ခါကကျွန်တော် ချစ်မြတ်နိုးခဲ့ရပါသော ချစ်သော် ညီဖြစ်လေသည်။
“အကိုမှ ဟုတ်ပါမလားလို့ အနောက်ကနေကြည့်နေတာ တကယ်အကိုဘဲ”
ညီမှာတစ်ချက်ပြုံးရင်း ကျွန်တော့်အားပြောလိုက်သည်။ ညီ့အပြုံးလေးမှာ အရင်အတိုင်းပင်ရှင်သန်နေဆဲပါလား
ကျွန်တော်ယခုတော့ ညီ့အား အားတင်း၍ပြုံးပြလိုက်ပါပြီ။ ထို့နောက်ခေါင်းညိတ်ပြလိုက်သည်။
“အရှေ့မှာလာထိုင်လေ အကို.. ညီ..ကော်ဖီဖျော်ထားလိုက်မယ်.”
ညီမှာ အရှေ့သို့သွားပြီး စာကြည့်စားပွဲရှိ ထိုင်ခုံလေး နှစ်လုံးမှတစ်လုံးအားယူကာ ကျွန်တော်ထိုင်ရန်ချလိုက်
သည်။ ထို့နောက်နောက်ဖေးခန်းသို့ဝင်သွားလေသည်။ ကျွန်တော်လည်း မည်သည့်စကားမျှမပြောတော့ဘဲ
ညီပေးသော ထိုင်ခုံလေးတွင်သာ ထိုင်နေလိုက်သည်။ ခဏအကြာတွင် ညီသည်လက်ထဲတွင် ကော်ဖီခွက်လေး
နှစ်ခွက်ကိုင်ကာ ရောက်လာခဲ့သည်။
“သောက်လိုက်ဦးအကို ပူတုန်းသောက်မှ ကော်ဖီကအရသာရှိတာ အကို့အတွတ်ညီ နည်းနည်းခါးခါးလေး
ဖျော်ပေးထားတယ်”
အလိုက်သိလိုက်တာညီရယ် ယနေ့ထိကျွန်တော့်အကြိုက်ကိုသိနေပါသေးသည်။ ကျွန်တော်အပြုံးလေးတစ်ခု
သာညီ့ကိုပြန်၍ ပေးခဲ့လေသည်။
“ဘာကိစ္စရှိလို့လဲ အကို..”
ကော်ဖီလေးအား နည်းနည်းလေးသောက်နေရင်း ညီမေးလိုက်သော အမေးကြောင့် မည်သို့ပြန်ဖြေရမည်ကို
မသိဘဲဖြစ်သွားခဲ့သည်။
“အော်… ညီ့ကို ပြောစရာလေးရှိလို့”
“ပြောလေ.. အခုတွေ့နေပြီဘဲ ညီနားထောင်နေပါတယ်.. ဘာလည်း ညီ့အတွတ်ဖိတ်စာလာပေးမလို့လား…
အကိုတို့မင်္ဂလာဆောင်ကို ညီလာခဲ့မှာပေါ့ ပြီးတော့ ညီအရင်ကပြောထားတဲ့အတိုင်း ညီ့အတွတ်နေရာရှယ်
ပေးရမယ်နော် ပြီးတော့ ညီကလက်ဆောင်တော့မပေး-----”
“တော်တော့ညီ…..”
ညီအရယ်အပြုံးများဖြင့် ရေပက်မ၀င်အောင်ပြောနေသည်ကို ကျွန်တော်ကြားမှ ဖြတ်၍အော်လိုက်သည်။
“ညီဘယ်အချိန်ထိ ဟန်ဆောင်ထားမှာလည်း ညီဘယ်အချိန်ထိအကို့ကို သဘောထားကြီးနေမှာလဲ….
ညီ…ညီ..မပင်ပန်းဘူးလား..ဟင်… ညီ..အဲ့လိုဟန်ဆောင်မှုတွေနဲ့ အမြဲမနေပါနဲ့ညီရယ်”
ကျွန်တော်ပြောလိုက်သည့်စကားကြောင့် ညီ့ဆီမှ ရှိုက်သံလေးတစ်ခုထွက်ပေါ်လာပြီး မျက်ဝန်းလေးစိုကာ
မျက်ရည်လေးကျဆင်းလာလေသည်။
“ညီ..ဟန်မဆောင်ရင်ရော ညီနဲ့အကိုတို့ ဇာတ်လမ်းကပြန်လှပနိုင်မှာ မို့လို့လား အကို..ညီတို့.. ညီတို့..
သဘာဝကိုလွန်ဆန်လို့မှ မရတာအကိုရယ် အကိုတစ်ဘ၀လုံးကောင်းစားမဲ့ကိစ္စကို မလုပ်ပါနဲ့ မဖြစ်ပါဘူးဆိုပြီး
ညီက ..ညီက..အရှက်မရှိတားဆီးနေရမှာလားအကို…. ညီအဲ့လောက်ထိယုတ်မာတဲ့ စိတ်မရှိဘူးအကို.. ညီ… ညီ အကို့ကိုချစ်တယ် ဘယ်အချိန်..ဘယ်လိုဘဲဖြစ်နေပါစေ.. အကို့ကိုချစ်တယ်.. ဒါပေမဲ့.. ညီချစ်လို့
အကို့ကိုကောင်းစေချင်တယ် မိန်းမကောင်းနဲ့ရပြီး.. ရှေ့ရေးမှာ သားသားမီးမီးတွေနဲ့ ပျော်ရွှင်နေတဲ့အကို့ကို
ညီမြင်ချင်တယ်… ညီအတွတ်ကြောင့်ပဲ နောင်ရေးမရှိတဲ့လမ်းကိုမလျှောက်စေချင်ဘူး.”
ကျွန်တော်မျက်ရည်မကျဘဲမနေနိုင်ခဲ့ပါ။
“အကိုက…အကိုက..ညီ့ကိုချစ်စရာကောင်းလို့ချစ်တာလို့ ပြောခဲ့တယ်လေ.. ညီကလည်း အကိုကညီကို
ချစ်စရာကောင်းတယ်ပြောလို့ ချစ်တာ အဖြေကရှင်းရှင်းလေးဘဲအကို  အဲ့တော့ညီရုပ်ဆိုးခဲ့ရင် အကိုမချစ်နိုင်
တော့သလို.. အကိုမချစ်နိုင်တော့ရင်လည်း ညီလည်းမချစ်လာတော့ဘူး.. ..အကို့ကိုညီ..ညီဟန်ဆောင်ခဲ့ပါ
တယ်.. အစကတည်းကညီသိခဲ့တယ် အကို့ရှေ့မှာမငိုရဲလို့ အကို့ကွယ်ရာမှာငိုခဲ့မိတယ်  အကို့ရှေ့မှာဒေါသတွေ
ထိန်းထားပြီး ညီစာအုပ်လေးမှာဘဲ ဒေါသတွေချရေးခဲ့တယ်.. ဒါတွေက…ဒါတွေက ညီ့တစ်ယောက်တည်းစိတ်
ဖြေချင်လို့ မဟုတ်ဘူးအကို  အကိုစိတ်မဆင်းရဲအောင်… အကိုစိတ်မထိခိုက်အောင်လုပ်ခဲ့တာတွေ.. အခုလို
အကိုနဲ့ခွဲတာကလည်း အကိုလမ်းကောင်းရောက်စေချင်လို့.. ညီရဲ့စေတနာချစ်ခြင်းကို အသိအမှတ်ပြုပါအကို”
“ညီရယ်…..”
ကျွန်တော့်ရင်ထဲ စူးနစ်စွာခံစားရရင်း  မျက်ရည်များကြားမှ ညီအားဖက်လိုက်သည်။ ညီ့ပါးပြင်မှမျက်ရည်လေး
များအား လက်ဖြင့်သပ်ကာ ပေးလိုက်လေသည်။ ထို့နောက်ဆွံ့အစွာရှိနေသော ခြောက်ကပ်နေလေသော
ကျွန်တော်နှတ်ခမ်းသားများသည် ပန်းနုရောင်ဝင်းနေသောညီ၏နှတ်ခမ်းဆီသို့ နူးညံ့စွာထိတွေ့လိုက်ပေသည်။
“ညီ… ညီဘာလိုချင်လဲ ဘာဖြစ်ချင်လဲပြော အကိုညီ့ကိုမရမကလုပ်ပေးမယ်.. ညီ့ကိုအကိုအခုချိန်ထိ
အို….. တစ်ဘ၀လုံးချစ်နေမယ်..”
အချစ်သည်ပြောင်းလဲတတ်သော်လည်း ကျွန်တော့်အတွတ်မပြောင်းလဲနိုင်ခဲ့ပါအဘယ်ကြောင့်ဆိုသော် ညီ့ကိုချစ်လို့ပါ။
“အကိုရယ်.. ညီဘာမှမလိုပါဘူး.. ညီတို့နောင်ကျရင် ညီအစ်ကိုလိုဘဲခင်ရအောင်နော် အကိုညီ့အိမ်ကိုနောက်
ထက်မလာပါနဲ့တော့အကိုရယ်.. ညီတို့အပြင်မှာတွေ့ခဲ့သည်ရှိသော်  ခင်မင်တဲ့အပြုံးလေးနဲ့ဘဲတွေ့
ရအောင်နော်အကို..”
ကျွန်တော့်ရင်ထဲကျွမ်းလောင်စေသော စကားဖြစ်ပေမဲ့ ညီစိတ်ချမ်းသာအောင် ကျွန်တော်ခေါင်းညိတ်လိုက်
မိပါသည်။
ကျွန်တော်ညီ့အိမ်မှအပြန် အင်းယားကန်ဘောင်ပေါ်သို့ ရောက်ရှိခဲ့ပါသည်။ ကန်ဘောင်ပေါ်တွင် ညဘက်လူများ
သော်လည်း ယနေ့မှာထူးထူးခြားခြားပင် မိုးများသည်းထန်စွာရွာသော်ကြောင့် လူသူသိပ်မရှိပေ..။ ကျွန်တော်မိုး
ရွာထဲတွင် ထီးမပါဘဲကန်ဘောင်လမ်းအတိုင်းတဖြည်းဖြည်းချင်းလျှောက်လာခဲ့လိုက်သည်။ မိုးရေထဲတွင် ထီး
မပါဘဲလမ်းလျှောက်နေသူ တစ်ဦးကိုတစ်ခြားတစ်ယောက်မှမြင်လျှင် အနည်းငယ်တော့ တီးတိုးပြောဆိုမည်မှာ
အမှန်ပင်ဖြစ်သည်။ သို့သော် မိုးရေစက်များဖြင့် ရောထွေးစွာကျဆင်းနေသော ကျွန်တော်၏မျက်ဝန်းမှ
မျက်ရည်စက်များကို မြင်ခဲ့သော် ၄င်းတို့မည်သို့ပြောဆိုပါမည်နည်း။
*************
အချစ်ဆိုတာ   ရယူခြင်းလား။   အချစ်ဆိုတာ   ပေးဆပ်ခြင်းလား။   အချစ်ဆိုတာ   တောင်းတခြင်းလား။
ကျွန်တော်မသိနိုင်ခြင်းများထဲတွင်   အချစ်သည်တစ်ခုအပါအ၀င်ဖြစ်လေသည်။
ညီ့ရော အချစ်ကိုသိနိုင်ပါမည်လား။
###
(ဂ)

          မင်္ဂလာရှိသောရက်သို့ရောက်ခဲ့ပြီ xxxxxx လက်ထပ်ပွဲလေးကျင်းပကြတော့မည် xxxxxxxxxx
          Xxxxx ဒီအချိန်မှစတို့နှစ်ယောက်သည် xxxxxx သစ္စာဆိုဂတိပြုမည် xxxxxxxxxxxxxx

ကြီးကျယ်ခန့်ညားလှသော ဧည့်ခန်းဆောင်တစ်ခုထဲတွင် မင်္ဂလာသီချင်းလေးတစ်ပုဒ်  ကြည်လင်စွာထွက်ပေါ်
လျက်ရှိသည်။  ထိုသီချင်းနှင့်အတူ စီးမျောခံစားနေသော  ဆင်စွယ်ရောင်အသားပေါ်တွင်  ရွှေရောင်လေးများ
ဖြင့် မြန်မာဆန်စွာ လှပတင့်တယ်စွာ ၀တ်ဆင်ထားသော ပြုံးပန်းများဝေဆာနေသော  အမျိုးသမီးငယ်တစ်ဦး
ထိုအမျိုးသမီး၏ဘေးတွင် ဆင်စွယ်ရောင်တိုက်ပုံနှင့်  ရွှေရောင်တောက်ပစွာရှိသောပိုးလုံချည်အားဝတ်ဆင်ထား
သော ခန့်ညားလှတဲ့ အမျိုးသားတစ်ဦး…..
၎င်းတို့နှစ်ဦးအား ကြည့်၍ အပြုံးလေးများတောက်ပနေသော ၄င်းတို့၏မိခင် ဖခင်များ…..
ခန်းမ၏ ကျက်သရေရှိမှုနှင့် အတူအပြုံးလေးများ ပုံဖော်နေကြသော လူသူများ………
ခန်းမ၏ ဒေါင့်ဘက် လူသူများကင်းမဲ့သောနေရာတွင် မတ်တပ်ရပ်၍သာ တိုက်ပုံနှင့် အစိမ်းနုရောင်အဆင်းရှိ
ပိုးသားလုံချည်အား ၀တ်ဆင်ထားသော သူတစ်ဦး…
သို့သော် သူသည် အပြုံးလေးတစ်ခုကို ဖန်ဆင်းထားသော်လည်း နုရွလှသောသူ့၏ ပါးပြင်ပေါ်တွင် နွေးထွေး
စိုစွတ်သော မိုးစက်လေးများ ကဲ့သို့ စီးဆင်းနေသော မျက်ရည်ပုလဲများရှိနေလေသည်။
ထိုမျက်ရည်လေးများအား  ခန်းမဆောင်၏ကျက်သရေဆောင် သတို့သားမြင်ခဲ့ပါသော်………….
ဤနည်းတူ နှတ်ခမ်းမှ အပြုံးမှဖန်တီးထားသော်လည်း  ရင်ထဲမှပူလောင်ခြင်းများ မျက်ဝန်းမှ စိုစွတ်မှုများပြည့်
နေသည့် သတို့သားအား ထိုမည်သူမှမမြင်နိုင်သောနေရာမှ ရှိသော ချစ်စရာအမျိုးသားလေး တစ်ဦးမြင့်ခဲ့ပါသော်…………
******************
#############
အချစ်ဆိုတာ  ရယူခြင်းမဟုတ်ပါဘူး ၊ ပေးဆပ်ခြင်းလည်း မဟုတ်ခဲ့ရပါဘူး၊ တောင်းတခြင်းလည်း မဖြစ်ပါဘူး ၊
အကို့အတွတ်အချစ်ဆိုတာ  ရင်ထဲမှာ အမြဲသိုလှောင်ထားတဲ့  နွေးထွေးအေးမြတဲ့ နှင်းပွင့်လေးတစ်ခုပါ။
အဘယ်ကြောင့်ဆိုသော် ညီ့ကိုအကိုချစ်လို့ပါ။ (အကို-မိုးအောင်ထက်)………….

အချစ်ဆိုတာ  ပိုင်ဆိုင်ခြင်းမဟုတ်ပါဘူး ၊ စွန့်လွတ်ခြင်းလည်း မဟုတ်ခဲ့ရပါဘူး၊ မျှော်မှန်းခြင်း မဖြစ်ပါဘူး ၊
ညီ့အတွတ်အချစ်ဆိုတာ  နှလုံးသားထဲမှာ  အမြဲနားလည်သဘောထားကြီးစွာ ရှင်သန်နေမဲ့ မိုးစက်လေးတစ်ခုပါ
အဘယ်ကြောင့်ဆိုသော် အကို့ကိုညီချစ်လို့ပါ။ (ညီ-လွမ်းပြည့်နိုင်)…………….။ ။

##########
ပြီးပါပြီ။ ။
(အချစ်ကြောင့်အပြစ်ရှိကြသည်။)                            
ဆောင်းထက်ဝေ--ဆက်လက်ကြိုးစားလျက်။













                  

1 comment:

  1. Like it.I read it 3time.ha ha ha. It is one of ur novels which I like best......my mail is zayyarnaing69@gmail.com

    ReplyDelete