This is the best gay website for Myanmar gay peoples.

Tuesday, July 24, 2012

On 9:37 AM by Unknown in    2 comments
ပြာလွင့်နေတဲ့ကောင်းကင်ကြီးက မွန်းတည့်နေ၏ဆူးရှတောက်ပမှုကြောင့် ကြည်လင်ကာရှင်းသန့်နေလေရဲ့။အဲ့ဒီ့နောက်မှာတော့ ဖြူမို့မို့တိမ်သားဆိုင်တွေက မွမွတတ်ပြီးအလိပ်လိုက်အလိပ်လိုက် လွင့်မြောရွေ့လျားနေလိုက်တာ ဝါဂွမ်းမှို့ကြီးတွေ့လိုပါပဲ။အဝေးမှလေနတ်သားလေးသယ်ဆောင်လာတဲ့ လေပြေတစ်ချို့ကကျွန်မရဲ့ ပုတုန်းရောင်ဆံနွယ်တွေကို တဖြတ်ဖြတ်ခတ်ပြီး လွင့်လူးနေစေပါတယ်။ ကျွန်မရဲ့မျက်နှာသားတစ်လျှောက်နဲ့ လက်မောင်းလက်ဖြန်တွေကို ကျွန်မပွတ်သပ်ကြည့်မိတယ်။ အသားအရေကနေရောင်ကြောင့် လားတော့မသိဘူး ဝင်းဝါညက်ညာစိုပြေနေပါတယ်။ ကျွန်မကိုယ့်ကိုယ်ကို ဒီနေ့မလှမှာအရမ်းစိုးရိမ်ခဲ့ပါတယ် ဒါကြောင့်မနက်အစောကြီးထရေချိုးပြီး ဖြီးဖြီးလိမ်းပြင်ဆင်လိုက်တယ်။ ပြီးတော့မှန်ရှေ့မှာမတ်တတ်ရပ်ပြီး ကျွန်မနဲ့လိုက်မယ့်အဝတ်စားတွေကို ရွေးနေရတာတော်တော်တောင်အချိန်ကြာသွားတယ်ရှင့်။ ဒါပေမယ့်ကျွန်မကြေနပ်ပါတယ် ကျွန်မလိုချင်တဲ့လှလှပပပုံစံလေးရအောင်တော့ကျွန်မ ရအောင်ပြင်ဆင်နိုင်ခဲ့ပါတယ်။ ဒါမှလည်းကျွန်မက ကိုကို့ကိုစိတ်ကျေနပ်မှုတွေပေးစွမ်းနိုင်မှာပေါ့။
အဟင်းဟင်း ကျွန်မကအသက် ၁၇ နှစ်ရွယ်မိန်းကလေး တစ်ယောက်ဆိုပေမယ့် ကျွန်မကိုယ်ကျွန်မယုံကြည်မှုအပြည့်ရှိပါတယ် ကျွန်မဟာဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ယာက် ဆိုတာကိုပေါ့။ ဒါကလည်း ကျွန်မကိုမြင်ရုံနဲ့ လူတိုင်းက သိနေကြတာပါပဲ ။  ကျွန်မကလှတယ်လေ။ ချစ်စရာလဲ ကောင်းတယ်။ ကျွန်မကတော့ ကိုကို့ဆီက အသည်းနှလုံးလေးကိုပဲ လိုချင်နေမိတယ်။ ကိုကိုနဲ့ကျွန်မက လွန်ခဲ့တဲ့ငါးနှစ် ကျွန်မဆယ့်နှနှစ်သမီးကတည်းက ရင်းနီးခဲ့ကြတာလေ။ ကိုကိုကမျက်ခုံးကောင်းပြီးနှာတံစင်းတယ် ကိုကို့မျက်လုံးအိမ်ကနက်နေပြီးသူ့အကြည့်တွေက စူးရှမှုရှိတယ်။ ကိုကိုက ပြောမယ်ဆိုရင်လူချောတစ်ယောက်ပါ။ ရယ်လိုက်ရင်ပါးချိုင့်ရေယ်လိုက်ရင်ပါးချိုင့်လေးပေါ်လာပြီး ချစ်ဖို့ကောင်းတဲ့ကိုကို့ကို ကျွန်မချစ်မိနေတယ်ဆိုတာ လွန်ခဲ့တဲ့နှစ်ကမှကျွန်မကိုယ်ကျွန်မသိလိုက်ရတယ်။
ကျွန်မထက်အသက်သုံးနှစ်ကြီးတဲ့ ကိုကိုကကျွန်မကို ညီမလေးဆိုပြီးဂရုတစိုက်ရှိလှပါတယ်။ တစ်ခါတုံးကဆို ကိုကိုအိပ်နေတုံး ကျွန်မကိုကိုအခန်းထဲ ဝင်သွားလိုက်တာ ကိုကိုကအိမ်မက်ဆိုးတွေမက်နေပြီးလန့်နိုးလာတယ်ကျွန်မကိုလဲတွေ့ရော ညီမလေးဆိုပြီးဖက်ထားလိုက်တာ အကြာကြီးပဲ။
အဲ့ဒီ့အချိန်က ကျွန်မနှလုံးသား ရဲ့အနက်ရှိုင်းဆုံးနေရာက အစိုင်အခဲတွေလှုပ်ရှားသွားတာလေ။ ကျွန်မရဲ့ရင်ခုန်သံတွေဟာ ပေါက်ကွဲပြီးအပြင်ဖက်ကို လွင့်စင်လာတော့မလားအောက်မေ့ရတယ်။ ကျွန်မရဲ့လှိုက်မောမှုတွေကို ကိုကိုက ဆွဲထုတ်ခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်မဟာ ကိုကို့အပေါ်မှာ ယိမ်းယိုင်သွားခဲ့တယ်ထင်ပါ့။   ကိုကို့အိမ်နဲ့ကျွန်မအိမ်က အရမ်းရင်းနီးကြတယ်လေ။ ဒီတော့ကျွန်မက ကိုကကိုကို့ဆီကို တခါးမရှိဓါးမရှိဝင်ထွက်လို့ရနေခဲ့တယ်။
ကျွန်မလက်ထဲက ကိုကို့အတွက်လမ်းကဝယ်လာတဲ့ ရေခဲစိမ်ပက်စီ အချိုရေဘူးလေးတောင်မှ အရည်တွေတစက်စက်ကြနေပြီ ကိုကိုရောက်မလာသေးပါဘူး။ ဒီနေ့ကျွန်မကို ကိုကိုကတစ်နေရာကိုသွား လည်မယ်ဆိုပြီးချိန်းထားခဲ့တာလေ။ အင်း ကိုကိုရောက်လာလို့ကျွန်မကိုမြင် ဘယ်လိုများပြောမယ်မသိပါဘူး။ ကျွန်မရဲ့ဝတ်စားဆင်ယင်ပုံက ခါတိုင်းထက်ထူးခြားနေတယ်မဟုတ်လား။ ကျွန်မတစ်ယောက်ထဲအတွေးလွန်နေတုံး..........
"ကလင် ကလင် ကလင်........."
အနောက်ဖက်ကနေ စက်ဘီးဘဲတီးသံကြားတယ်။ ကိုကိုရောက်လာပြီထင်တယ်။ ကျွန်မလှည့် မကြည့်ဘဲနဲ့မျက်လုံး နှစ်ဖက်ကိုမှိတ်ထားလိုက်တယ်။တဖြည်းဖြည်းနဲ့ ကိုကို့စက်ဘီးသံက နီးကပ်လို့လာပါတယ်။ စက်ဘီးသံကကျွန်မနားမှာဝဲနေလေရဲ့။ သေချာတယ် ကျွန်မကိုပတ်ပြီးကိုကိုနင်းနေတာပဲနေမှာ။ ကျွန်မရဲ့နှုတ်ခမ်းတွေဟာပြုံးနေပေမယ့် ကျွန်မမျက်လုံးကိုတော့မှိတ်ထားဆဲပါ။ ခဏနေတော့ စက်းဘီးသံရပ်သွားတယ်။ ကျွန်မမျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ ရှေ့တည့်တည့်မှာပြုံးပြီးကြည့်နေတဲ့ ကိုကို..........
"ဘာတွေဝတ်လာတာလဲညီမလေးရယ် ကိုယ့်ကိုယ်ကိုလဲကြည့်ပါဦး ကလေးနဲ့တောင်မတူတော့ဘူး"


"ကိုကိုနော် ကိုကိုပဲကလေးကလားပုံတွေ ဝတ်မလာနဲ့ဆို"
"ဟားဟား အလကားစတာပါညီမလေးရာ အခုလိုဝတ်ထားတော့ညီမလေးက အပျိုကြီးဖားဖားဖြစ်လာသလိုပဲ"
ဟင်းဟင်း ကိုကိုကကျွန်မကိုကလေးလို့ထင်နေတာကိုး ကျွန်မကလေးမဟုတ်တော့ဘူး အပျိုရှင့်အပျို သိရဲ့လား။ ကိုကို့ကိုချစ်နေတာပါပြောလိုက်ရင် ကိုကိုဖျားသွားလိမ့်မယ်။
"ကဲပါ ထားလိုက်ပါ ရော့ဒါကိုကိုအတွက်PESSIဘူး"
"ကျေးဇူးညီမလေး အဲဒါကြောင့်ညီမလေးကိုချစ်နေရတာ"
"တော်ပါကိုကိုကသိပ်ပိုတာပဲ ကဲအခုညီမလေးတို့ဘယ်သွားကြမှာလဲ"
"ညီမလေးကိုဒီနေ့ချိန်းထားတာ ရင်ခုန်စရာကောင်းတဲ့ ကြည်ပြာရောင်လှိုင်းလုံးတွေကြားထဲမှာ သည်းထိပ်ရင်ဖိုမော်တော်ဘုတ်စီးမလို့  ။ဘယ်နှယ့်လဲ။"
"ဟားဒါဆိုပင်လယ်ထဲမှာလျှောက်စီးကြမှာပေါ့ ပျော်စရာကြီး။"
"အင်း ဟုတ်တယ် ကိုယ့်သူငယ်ချင်းတစ်ယောက်လဲပါမယ်။ လာစက်ဘီးပေါ်တက် ကိုယ်တို့ကမ်းနားကိုသွားရအောင်"
ကျွန်မကကိုကိုနဲ့နှစ်ယောက်ထဲလို့ ထင်ထားခဲ့တာအခုတော့ကြားထဲမှာတစ်ယောက်ကပါဦးမယ်တဲ့။ကိုကိုနဲ့အတူ ရင်ခုန်စရာပျော်ရွှင် ကြည်နူးမှုတွေကို ကျွန်မဖန်တီးချင်တာလေ။ ကိုကိုနဲ့အတူ လွတ်လွတ်လပ်လပ် အချစ်ဂီတသံစဉ်အောက်မှာ ငြိမ့်ငြိမ့်ညောင်းညောင်းသာယာချင်တာလေ ကိုကိုရယ်။ အခုတော့ကျွန်မျှော်လင့်ချက်တွေ တစ်စစီယိုင်လဲပြီး ဂျွမ်းထိုးမှောက်ခုံဖြစ်ကုန်ပါပြီ။  ကျွန်မလေ ကိုကို့ကိုသိပ်ပြီးအားမလိုအားမရဖြစ်တာပဲ။
"ကဲဘာတွေစဉ်းစားနေတာလဲ တက်လေ"
"ဟုတ်......"
ကျွန်မကျေနပ်ပါတယ်ကိုကိုရယ်။ ကိုကိုနဲ့အခုလိုသွားနေခွင့် ရတာကိုကကျွန်မအတွက် မဟာအခွင့်အရေးကြီးပါပဲ။ ကျွန်မစက်ဘီးပေါ် ခွထိုင်လိုက်ပြီး ကိုကို့ခါးကို အတင်းဖက်ထားလိုက်တယ်။ ကိုကိုဝမ်းဗိုက်သား ကိုကိုင်ထားရတာနွေးနေတာပဲ။ ကျွန်မရင်ထဲ ဘယ်ကနေဘယ်လိုဝင်လာမှန်း မသိတဲ့အပျော်တွေက ခုန်ပေါက်ပြီးဝုန်ဒိုင်းကျဲနေလေရဲ့။  သစ်ရွက်ခြောက်လို လူးလွင့်နေတဲ့ ကျွန်မရဲ့ ရင်ခုန်သံတွေလေ။
ကိုကိုက စက်ဘီးကိုအရှေ့ကနေ ခပ်မှန်မှန်လေးနင်းနေတယ်။ ။ဖြတ်သန်းလာတဲ့လမ်းတလျှောက်မှာ စိမ်းစိမ်းစိုစိုနဲ့သစ်ပင်ကြီးတွေက အစီအရီပါပဲ။ လေလေးတဖြူးဖြူးနဲ့နေသာသာအောက်မှာ စက်ဘီးစီးရင်းရတဲ့အရသာက ကျွန်မအတွက်ဘာနဲ့မှမလဲနိုင်ပါဘူး။ ကိုကို့ကျောပြင်လေးကိုမှီထားရင်း ကျွန်မစိတ်ထဲအူတွေယားလာတယ်။ ဒါကြောင့် ကိုကို့ကိုဖက်ထားတဲ့ ကျွန်မလက်တစ်ဖက်နဲ့ ကိုကို့ဗိုက်သားနွေးနွေးလေးကို ဖွဖွလေးညှစ်ကြည့်လိုက်တယ်။ ကိုကိုနဲနဲတော့တွန့်သွာပါတယ်။ ။ပြီးမှကျွန်မကိုနောက်လှည့်ပြီးပြောတယ်.......
"က....လေး.....မ......နော်......" တဲ့။
                                                   ********

ကျွန်မတို့ကမ်းနားကိုရောက်တော့ ကိုကိုက သူ့သူငယ်ချင်းအိမ်ကို ခဏဝင်ပြီးသူ့သူငယ်ချင်းကိုဝင်ခေါ်ပါတယ်။ စက်ဘီးကိုလည်းအဲ့ဒီ့အိမ်မှာပဲထားခဲ့ကြပြီး ကျွန်မတို့လမ်းလျှောက်လာခဲ့ကြတယ်။ ကိုကိုကသူ့သူငယ်ချင်းနဲ့လဲတွေ့ရော စကားတွေပြောလိုက်တာဟာဖောင်ဖွဲ့မတတ်ပဲ။ ကျွန်မကိုလဲမေ့သွားတယ်ထင်ပါ့။ ကိုကို့သူငယ်ချင်းလေးကလဲ ကိုကို့လိုပါပဲ အရပ်ရှည်ရှည်ရုပ်အေရပ်ရှည်ရှည်ရုပ်ချောချာနဲ့ တော်တော်လေးကြည့်လို့ကောင်းပါတယ်။ ဒါပေမယ့်ကျွန်မစိတ်ထဲမှာ ဘာကြောင့်မှန်းမသိဘူး သူ့ကိုသိပ်ပြီးမလိုလားမနှစ်သက်သလိုပဲ။ ကကိုကိုကကျွန်မကို သူ့သူငယ်ချင်းနဲ့မိတ်ဆက်ပေးလေရဲ့ ....
"ညီမလေး ဒါကိုကို့သူငယ်ချင်း ကိုဦးတဲ့"
"ဟုတ်ကဲ့ပါကိုကို"
ကျွန်မစိတ်ထဲကမပါပေမယ့် စပြုံးပြလိုက်ရပါတယ်။ ကိုကို့သူငယ်ချင်းကကျွန်မကိုကြည့် ပြီးပြန်ပြုံးပြပါတယ်။ ပြီးတော့ကိုကို့ဖက်ကိုလှည့်ပြီး.....
"မင်းညီမလေးလား"
"အင်း ဟုတ်တယ်"
"ချစ်စရာလေးပဲကွ ......ညီမလေးရည်းစားတွေရှိနေပြီလား"
ကြည့်စမ်းထောင့်မကျိုးလိုက်တာ ဒါမိန်းကလေးတစ်ယောက်ကိုမေးရမယ့် စကားလား။  ကျွန်မသူ့ကို မာန်ပါပါနဲ့ နဂါးမျက်စောင်းတစ်ခုကျွေးလိုက်တယ်။ ဒီတော့မှဒင်းက မျက်နှာပိုးသတ်သွားတယ်။ ကိုကိုနဲ့ပက်သက်နေလို့ပေါ့ နို့မီုဆိုကျွန်မအကြောင်းကောင်းကောင်းသိသွားမယ်။ကျွန်မမျက်နှာကိုစူပုပ်ပုပ်လုပ်ထား လိုက်ပြီးရှေ့ကနေခပ်သုတ်သုတ်လေးလျှောက်လိုက်တယ်။
သိပ်မကြာလိုက်ဘူး ကျွန်မတို့ကမ်းနားကိုရောက်လာကြတယ်။ ကမ်းနားမှား စက်လှေတွေ ငါးဖမ်းမော်တော်တွေ နဲ့ပင်လယ်ကူးသဘောင်္ကြီးတွေ တွေ့ရတယ်။ နေရောင်ခြည်ကြောင့် ပင်လယ်ရေပြာပြာကြီးက လတ်လတ် လဲ့လဲ့ နှင့်မျက်စိတောင်စူးပါတယ်။ ကျွန်မတို့ သုံးဦးသားဆိပ်ခံဘောတံတားမှတဆင့် မော်တော်ဘုတ်ရှိရာကိုလျှောက်လာခဲ့ကြတယ်။ ကျွန်မတို့စီးမယ့်မော်တော်ဘုတ်လေးက ချစ်စရာလေးပါပဲ။ ဦးခေါင်းချွန်ချွန်နဲ့ ရေထဲမှာ ဖိုက်ဘာရောင်လေးပါ။ကိုကို့သူငယ်ချင်းက ဘုတ်ပေါ်အရင်တက်သွားတယ်ပြီးတော့ကိုကိုတက်တယ် ပြီးမှကျွန်မကို လက်ကမ်းပေးပြီး......
"လာတက်လေညီမလေး ကိုကို့ကိုလက်ပေး"
"ဟုတ်ကဲ့ "
အဲ့ဒီ့နောက် မော်တော်ဘုတ်နဲ့ကျွန်မတို့ ပင်လယ်ထဲကိုထွက်ခဲ့ကြထယ်။ ကိုကိုကတော့သိပ်ပျော်နေတဲ့ပုံပါပဲ။ သူ့သူငယ်ချင်းနဲ့ အရှေ့မှာထိုင်ပြီးရယ်လို့မောလို့။ ကျွန်မကတော့ အနောက်မှာတစ်ယောက်ထဲ ထိုင်ပြီးလိုက်ပါလာခဲ့တယ်။ ကိုကိုမတရားဘူး ကျွန်မကိုတစ်ယောက်ထဲပစ်ထားတယ် အခုချိန်မှာပျော်ရွှင်မှုရမယ့်အစား ကျွန်မရင်ထဲမှာ ဆို့ဆို့နင့်နင့်ကြီးနဲ့ကြေကွဲနေရတယ်။ ကျွန်မကိုကို့ အကျယ်ကြီးအော်ပြီး ရိုက်ထုပစ်လိုက်ချင်တယ်သိလား။ ကွန်မဒီလိုစိထ်ဆင်းရဲရမယ်မှန်းသိရင် အစကတညအစကတည်းကလိုက်မလာပါဘူး။ ဒီမော်တော်ဘုတ်စီးရတာ ကကိုကိုနဲ့စက်ဘီးစီးရတာလောက် ကျွန်မအတွက်အရသာမရှိပါဘူး။ ကျွန်မအတွက်တော့တစ်ကယ့် ငရဲလိုပါပဲ။ ကျွန်မလေ သိပ်စိတ်ညစ်တာပဲ ရေထဲသာခုန်ချပစ်ချင်လိုက်တော့တယ် တကယ်။
ငြိမ်သက်နေတဲ့ ရေပြင်ကို ဓါးတစင်းလိုပဲထိုးခွင်း လိုက်တော့ အနောက်မှာ ရေလှိုင်းဂရက်လေးတွေထပြီးကျန်ခဲ့တယ်။ ကျွန်မတို့ဘေးနားကနေ တစ်ခါတစ်ခါဖြတ်သွားတဲ့ကုန်တင် သဘောင်္ကြီးတွေ အုတ်သြဆွဲလိုက်တာများ ပင်လယ်တစ်ခွင်ကို ပဲ့တင်သံတွေရိုက်ခတ်သွားတယ်။ ရေပြင်ပေါ်မှာ ရှပ်ရြှေပ်ပြေးနေတဲ့ကျွန်မတို့ မော်တော်ဘုတ်လေးကတော့ အရှိန်မှန်မှန်ပါပဲ။
လေတွေကလည်းတဟူးဟူးနဲ့ တိုက်လိုက်တာ ကျွန်မအသားအရေတွေကြမ်းတမ်းကုန်ပလားတောင်မသိဘူး။ ဒီအချိန်မှာ ကျွန်မလိုချင်တာ ကိုကို့ရဲ့ရင်ခွင်နွေးနွေးလေးပါပဲ။ ကိုကို့ရဲ့ရင်ခွင်လေးက ကျွန်မအတွက်တစ်ကယ်ကို လုံခြုံနွေးထွေးစေပါတယ်။ကျွန်မတစ်ယောက်ထဲ ထဲအားငယ်လာသလိုဖြစ်လာတယ်။ ကျွန်မစိတ်ပျက်ပျက်နဲ့ ထိုင်ခုံပေါ်မှီပြီး မှိန်းနေလိုက်တယ်။ ညကတော်ရုံနဲ့အိပ်မပျော်တာကော ဒီမနက်အစောကြီးထထားတာကြောင့်ကောလားမသိဘူး ကျွန်မမျက်ခွံတွေလေးလံလာပြီးအိပ်ချင်လာယ်။ ကျွန်မ မျက်လုံးကိုမှိတ်ထားရင်း တဖြည်းဖြည်း အမှောင်ထုထဲကိုရောက်လာတယ် ။ နားထဲမှာနေသံတွေသဲ့သဲ့သာကြားရတော့ပြီး ကျွန်မအသိစိတ်ကခဏအနားယူပြီး ကျွန်မနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပါတယ်။
ညလေအေးတစ်ချို့ကြောင့်ကျွန်မ အေးလာပြီးလန့်နိုးသွားတယ်။ ဘုရားရေ မိုးထောင်ချူပ်နေပါပကောလား။ ကျွန်မအချိန်တော်တော် ကြာအောင်အိပ်ပျော်သွားခဲ့တာပဲ။ ကျွန်မကိုယ်ပေါ်မှာ ကိုကိုကသူ့ဂျင်းဂျာကင်လေးကို ခြုံထားပေးတာပဲ။ ကျွန်မတို့မော်တော်ဘုတ်က ဘောတံတားကိုပြန်ရောက်နေပါပြီ။ လရောင်ဖွေးဖွေးအောက်မှာ လှုပ်စိလှုပ်စိနဲ့ အခြားရေယာဉ်တွေက ငြိမ်သက်နေကြပါတယ်။
ကိုကိုတို့နှစ်ယောက်ကိုကြည့်လိုက်တော့ မော်တော်ဘုတ်ထိပ်မှာထိုင်နေကြပါတယ်။ ကျွန်မအိပ်ပျော်နေတာကို မနှိုးရက်လို့စောင့်ရင်း မိုးချုပ်သွားတယ်ထင်ပါ့။ ကိုကိုသူငယ်ချင်း ကိုကို့ကိုလရောင်အောက်မှာဖက်ထားတာတွေ့ရပါတယ်။ ကိုကိုတို့စကားပြောသံကတိတ်သွားပြီး ကိုကိုက သူ့သူငယ်ချင်းပုခုံးပေါ်ကို မှီလိုက်တယ်။ ဘုရား ဘုရား ဘာတွေဖြစ်ကုန်ပြီလဲ။ ဟင် ကျွန်မကြည့်နေတုန်းမှာပဲ...... ကိုကိုက သူ့သူငယ်ချင်းကို နှုတ်ခမ်းချင်းတေ့ပြီးနမ်းလိုက်ပါလား။
အိုမြတ်စွာဘုရား ကယ်တော်မူပါ။ ကျွန်မတစ်ကိုယ်လုံး ကြက်သီးတွေတဖြန်းဖြန်းထသွားတယ်။ တစ်ယောက်နဲ့တစ်ယောက်နမ်းနေလိုက်တာများ ရုပ်ရှင်ထဲကအတိုင်းပဲ။ ကိုကိုကသူ့သူငယ်ချင်းရဲ့ ဆံပင်စတွေကိုပွတ်သပ်ရင်း နမ်းနေတယ်။ ကိုကို့သူငယ်ချင်းကလဲ ကိုကို့ကိုဖက်ထားရင်းငြိမ်သက်နေတယ်။   ကိုကိုတို့နှစ်ယောက်နမ်းနေရင်းကတဖြည်းဖြည်း အရှိန်တက်လာတယ်ထင်တယ်ပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်တော့ပါဘူး။ ဘာတွေဖြစ်ကုန်ပြီလဲ။ ဒါဟာကျွန်မလုံဝကိုနားမလည်တဲ့ ကိစ္စတစ်ခုပါပဲ။ ဒါဆို ဒါဆို.......ကိုကိုက ယောကျာင်္းစစ်စစ်တစ်ယောက်မဟုတ်ဘူးပေါ့။ ဟင့်အင်း.....ဟင့်အင်း ကိုကိုဒီလိုမဖြစ်ရဘူး။ ကျွန်မချစ်တဲ့ ကိုကိုဟာ ဒီလိုမဖြစ်သင့်ပါဘူး။
ကျွန်မရင်ထဲအြ အံ့သြမှုတွေအပြည့်အကျပ်နဲ့ ဝမ်းနည်းလှိုက်မောမှုတွေ ဆို့တက်တာပါတယ်။ ကျွန်မအသားတွေ တဆက်ဆက်တုန်လာပြီး ကျွန်မဲရဲ့အသက်ရူသံတွေကိုတောင် ကျွန်မပြန်ကြားနေရတယ်။ ကျွန်မရဲ့ ပါးပြင်မှာလဲ စွတ်စိုပြီးပူနွေးနေတဲ့ မျက်ရည်စတွေ တသွင်သွင်စီးကျလာပါတယ်။ ဝင်သက်ထွက်သက်တွေဟာ လှိုက်ခုန်လာပြီး ကျွန်မအသက်ရှူရတာတောင် ခက်ခဲလာတယ်။ မခံနိုင်တော့တဲ့အဆုံး ကျွန်မ ဝုန်းကနဲထရပ်ပစ်လိုက်တယ်။ ကိုကို တို့နှစ်ယောက်လုံးလန့်သွားပြီး ကျွန်မဆီကိုအကြည့်တွေရောက်လာတယ်။
"ညီမလေး ဘာဖြစ်တာလဲ နိုးပြီလား"

ကျွန်မဒေါသထွက်လွန်းလို့ကွက နားထဲမှာဘာမှမကြားတော့သလိုပါပဲ။ ကိုကို ကိုကိုကျွန်မအနားကို ရောက်လာပြီး ကျွန်မပုခုံးကိုကိုင်ပြီးမေးတယ်။ ကိုကို့မျက်လုံးမှာ စိုးရိမ်မှုတွေနဲ့ ထိတ်လန့်မှုတွေ စိုစွတ်နေမှန်းကျွန်မရိပ်မိလိုက်တယ်။  ကျွန်မမျက်ရည်တွေနဲ့ ကိုကို့ကိုနှမြောတသတစ်ချက်ကြည့်လိုက်ပြီး.....
"ကိုကို ကိုကိုတို့ဘာတွေလုပ်နေကျတာလဲဟင်။ကိုကိုတို့က ဘာတွေလဲဟင်။ ညီမလေးနားမလည်တော့ဘူး။ အဟင့်အဟင့် ကိုကိုယောင်္ကျင်္ား စစ်စစ် မဟုတ်ဘူးလားကိုကိုရယ် အဟင့်အဟင့် ညီမလေးသိပ်ဝမ်းနည်းတာပဲ"
"ညီမလေးရယ် ကိုကို့ကို ခွင့်လွတ်ပါ"
"ဟင့်အင်း အဟင့်အဟင့် ညီမလေးဘာမှမသိချင်ဘူး။ ကိုကို့ကို ယောင်္ကျင်္ားကောင်းတစ်ယောက်ပီသတယ်ဆိုပြီး လေးစားထားတာအလကားပဲ။ ကိုကို့ကို ခင်တွယ်ခဲ့တဲ့ညီမလေးလေ အခုလိုမြင်ကွင်းမျိုးကိုမြင်လိုက်ရတော့ ညီမလေးရင်ထဲမှာတစ်မျိုးကြီးပဲ ညီမလေးမခံစားတတ်တော့ဘူး။  အခုတော့ညီမလေးရဲ့ မျှော်လင့်ချက်တွေအားလုံး အဟင့်အဟင့် သဲထဲရေသွန်ဖြစ်ကုန်ပြီ။ ကိုကို့အပေါ်မှာ ညီမလေးလေ အဟင့် တော်ပြီးကိုကိုရယ်"
"ညီမလေးရယ် ကိုကိုရှင်းပြပါရစေဦးနော်"
" တော်ပြီကိုကို ညီမလေးမှာ ခံနိုင်ရည်စွမ်းမရှိတော့ဘူး။ ဘာမှမကြားချင်တော့ဘူး။ ပြီးတော့ ပြီးတော့ အဟင့် ကိုကို့ကိုမုန်းတယ် အရမ်းမုန်းတယ်။"
ကျွန်မကိုကို့လက်ကို ဖယ်လိုက်ပြီး ထွက်ပြေးလာခဲ့တယ်။ ညီမလေး........ဆိုပြီးအော်ကျန်ခဲ့တဲ့ ကိုကို့အသံက ကမ်းနားတစ်လျှောက်လုံး ဖုံးလွှမ်းလို့သွားပါတယ်။ အမှောင်ထုထဲမှာ ကျွန်မတစ်ယောက်ထဲပြေးလွှားရင်းရင်ခုန်သံတွေဟာ မောဟိုက်နွမ်းလျလာတယ်။ ကျွန်မရဲ့ ပါးပြင်ပေါ်က အတားအဆီးမဲ့ကျဆင်း လာတဲ့မျက်ရည်ပူတွေဟာ ကျွန်မလည်ပင်းတစ်ခုလုံးတောင် ရွှဲရွှဲစိုနေပြီ။ ကျွန်မရဲ့အနာဂတ်ဟာလဲ မှုန်ဝါးပျေက်ကွယ်သွားပြီလေ။  အို ကျွန်မအတွက် ဘာဆိုဘာမှအဓိပ္ပါယ်မရှိတော့ပါဘူး။
ကိုကိုရယ် နောင်ဘဝမှာကိုကို့ကို ယောင်္ကျင်္ားစစ်စစ်ဘဝနဲ့ပြန်တွေ့ရပြီး ညီမလေးချစ်ခွင့်ရချင်တယ် ကိုကိုရယ်။ ။ကိုကို့ကို သိပ်ချစ်တဲ့ညီမလေး..........




                                                                                               Lovealone:P

 ဂေးတစ်ယောက်ကိုချစ်မိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကို ဦးတည်ပြီးရေးဖွဲ့ထားတာပါ။ ခံစားကြည့်ပါဦးနော်။



2 comments:

  1. ဟုတ်တယ် တမျိုးပဲခံစားမိတယါ

    ReplyDelete