This is the best gay website for Myanmar gay peoples.

Saturday, July 28, 2012

On 7:34 AM by F&R Collections in    5 comments

လရောင်နှင့်လွမ်းသူ”

“သား..ဒီနေ့ပါတီပွဲကအရေးကြီးတယ်နော်.. အမေတို့ရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေအများကြီး
လာကျမှာ  အ၀တ်အစားကိုသေသေသပ်သပ်ဝတ်နော်.”
အကျီများရွေးနေသော ဖြိုးလရောင်ကို..အမေဖြစ်သူ ဒေါ်မြကတ္တီပါ မှအနောက်မှပြောနေခြင်းဖြစ်သည်။
“မာမီရေ သားသိပါတယ်.. မာမီအဲ့လိုကြည့်နေတော့ သားဘယ်လိုအ၀တ်အစားလဲလို့ရမလဲ”
“အော်အေးအေး… မာမီနဲ့ဒယ်ဒီအောက်မှာစောင့်နေမယ်နော် မြန်မြန်ဝတ်ပြီးလာခဲ့..”
ဒေါ်မြကတ္တီပါ မှာဖြိုးလရောင်အား မှာလျက်အောက်ထပ်ကိုဆင်းသွားတော့သည်။
ဖြိုးလရောင်မှာ ပါတီပွဲတွင်ဝတ်နေကျ အနောက်တိုင်းဝတ်စုံကိုသာ ထုတ်ပြီး ၀တ်လိုက်တော့သည်။
******************************************************************
“မေမေ..သားဘာဝတ်ရမလဲ. လာကြည့်ပေးပါဦး”
သားဖြစ်သူ ထက်လွမ်းသူ အော်သံကြောင့် ဒေါ်နှင်းမူယာ မှာအပေါ်ထပ်သို့ပြေးတက်လာခဲ့လေသည်။
“ဟဲ့.. လွမ်းသူ အခုထိဘာမှမ၀တ်ရသေးဘူးလား. မြန်မြန်ဝတ်လေ.. ဒုက္ခပါဘဲ ဒီပါတီကအရေးကြီးတယ်
အနောက်တိုင်းဝတ်စုံလေးဝတ်လေ.. ”
ထက်လွမ်းသူ၏လက်များမှာ အနောက်တိုင်းဝတ်စုံလေးကိုယူလိုက်ကာ..
“လိုက်တယ်မလား..မေမေ ၀တ်လိုက်မယ်နော်..”
“အေးအေး…လာမြန်မြန်ဆင်းမယ်..အောက်မှာ နင့်အဖေစောင့်နေတယ်..”
ထက်လွမ်းသူမှာ ၀တ်စုံကိုဝတ်ကာ အမေဖြစ်သူ ဒေါ်နှင်းမူယာနှင့်အတူတူအောက်ထပ်ကို ဆင်းလာ
ခဲ့တော့သည်။
********************************************************************
အထက်တန်းလွှာစီးပွားရေး လူမှုရေးပုဂ္ဂိုလ်များနဲ့ ပါတီလေးမှာမြန်မာနိုင်ငံရဲ့ ဟိုတယ်တစ်ခုမှာဖြစ်ပေမဲ့ အနောက်နိုင်ငံများနဲ့ဆင်တူလှလေသည်။ မိသားစုပါတီလေးဖြစ်၍လူကြီးများနှင့်လူငယ်များမှာ သီးသန့်ဖြစ်နေသည်။
လူကြီးများမှာ မိမိလုပ်ငန်းအကြောင်း အိမ်မိသားစုအကြောင်းကိုယ့်အဖွဲ့အလိုက် ၀ိုင်းဖွဲ့ပြောနေကျ
ပေမဲ့ လူငယ်များမှာတော့ ပျော်စရာများကို စုဝေးကာ ရယ်မောပြီးပြောနေကျသည်..။
“လရောင် မင်းရည်းစားမထားသေးဘူးလား မင်းကိုကြိုက်နေတဲ့ကောင်မလေးတွေ အများကြီးဘဲလေ”
ဖြိုးလရောင်တို့သူငယ်ချင်းဝိုင်းမှ ရဲနိုင် မှာဖြိုးလရောင်ကိုလှမ်း၍မေးလိုက်လေသည်.။
“ရဲနိုင်ရယ်မထားချင်ပါဘူး ရည်းစားထားရတာအလုပ်ရှုပ်တယ်ကွ အပိုပိုက်ဆံတွေလည်းကုန်တယ်.”
“ဟမ်..သူဋေးသားကများ ပိုက်ဆံအကြောင်းညည်းနေသေးတယ် အပိုတွေမပြောပါနဲ့ကွာ
ပိုက်ဆံကိုယပ်ခက်ပြီးတောင် နေလို့ရတဲ့ မင်းတို့မိသားစုအကြောင်းကို လူတိုင်းသိပါတယ်”
ရဲနိုင်ပြောသောစကားကိုအားလုံးမှာထောက်ခံကျသည်။ ဖြိုးလရောင်မှာတော့ မည်သည့်တခွန်းမှပြန်မပြောနိုင်
ဖြိုးလရောင်ပြုံးလိုက်ရင်း အ၀င်ပေါက်ဝကိုလှမ်းကြည့်မိလိုက်သည်..။ ထိုအချိန်မိသားစုတစ်စုဝင်လာလေသည်။

မည်သည့်စီးပွားရေးရှင်လည်းသူမသိပါ.. ခင်ပွန်းဖြစ်သူနဲ့ဇနီးသည်တို့မှာ ၀င်လာပြီး အနောက်မှဖြိုးလရောင်တို့
အရွယ်ကောင်လေးတစ်ယောက်ပါလာလေသည်။ မည်သည့်အကြောင်းမှမရှိပေမဲ့ ဖြိုးလရောင်မှာ ထိုကောင်
လေးအားကြည့်နေမိသည်။ ကောင်လေးမှာ တတ်တတ်ကြွကြွပင်ဖြစ်သည်။ ထိုကောင်လေးမှာဖြိုးလရောင်
ကိုတစ်ချက်ကြည့်လိုက်လေသည်။ အနည်းငယ်ဝေးပေမဲ့ မျက်လုံးချင်းအတူတူစုံမိသွားကျကာ စက္ကန့်
အနည်းငယ်လောက်ကြာသွားပြီး ဖြိုးလရောင်မှာ လိုက်ကြည့်နေသူဖြစ်၍မလုံမလဲဖြစ်ကာ အကြည့်လွဲလိုက်
တော့သည်။ ထိုနောက်ဖြိုးလရောင်တစ်ချက်ပြန်ကြည့်လိုက်ရာ ထိုကောင်လေးမှာ မရှိတော့ပေ။ မသိမသာ
မျက်လုံးများကရှာကြည့်ပေမဲ့ မတွေ့တော့ပေ။ ထို့ကြောင့်မသိသလိုသာ သူငယ်ချင်းများဘက်လှည့်ကာ
စကားများဝင်ပြောလိုက်သည်။
****************************
ထက်လွမ်းသူ ပါတီကိုစစ၀င်ကာကတည်းကပင် စိတ်ထဲမလုံမလဲဖြစ်နေလေသည်။ မည်သည့်အကြောင်း
များကြောင့်မဟုတ်.. ပါတီတွေကိုခဏခဏတက်ဖူးသော်လည်း အခုမှာ စိတ်ထဲတွင်လေးနေလေသည်။
သို့သော်စိတ်ထဲတွင်ထင်နေသောကြောင့်သာဖြစ်မည်ဟု မှတ်ကာ မသိသလိုသာနေလိုက်သည်။
ထက်လွမ်းသူလမ်းလျှောက်လာရင်း မျက်လုံးများမှာလူတစ်ယောက်ဆီ သို့ရောက်ရှိသွားခဲ့သည်။
အဘယ်ကြောင်းမှန်းမသိ စက္ကန့်အနည်းငယ်သာသာလောက် မျက်လုံးချင်းစုံကာကြည့်လိုက်မိသည်။
ထို့နောက် ထိုလူမှာတစ်ဖက်ကို မျက်လုံးလွဲလိုက်တော့သည်။ ထက်လွမ်းသူမှာလည်း ပါတီထဲတွင်
စိတ်မပါသဖြင့် ဟိုတယ်အပေါ်ထပ်အမိုးပေါ်သို့သွားမည်ဟုတွေးကာထွက်လာခဲ့လိုက်တော့သည်။
*******************************
ဖြိုးလရောင်မှာသူငယ်ချင်းများဖြင့်စကားပြောရင်း toilet သွားချင်သဖြင့်ထွက်လာခဲ့လိုက်သည်။
ထို့နောက်ကိစ္စပြီး၍ ပြန်ထွက်လာပြီး ပျင်းလာသည်နဲ့ ဟိုတယ်အမိုးသို့လေကောင်းလေသန့်ရှုရန်
သွားမည်ဟုတွေးကာထွက်လာခဲ့လိုက်သည်။
ဟိုတယ်အမိုးတွင် အရာအားလုံးမှာရှင်းကာ သန့်နေလေသည်။ လေညှင်းထိုင်ရန်ပေးထားသော ထိုင်ခုံ
လေးများမှာလည်း ကနုတ်ပန်းများထွင်းထားသဖြင့်သေသပ်နေလေသည်။ အမိုးတွင်ဖြစ်၍တိုက်ခက်လာသော
လေမှာ အနံ့ကင်းကာ လေကောင်းလေသန့်ဖြစ်လေသည်။ ဖြိုးလရောင်ထိုင်ခုံလေးတစ်ခုံတွင်ဝင်ထိုင်
လိုက်သည်။ အမိုးပေါ်တွင်သူတစ်ယောက်တည်းတော့မဟုတ်ပေ။ ဖြိုးလရောင်၏ဘေးတစ်စောင်းထိုင်ခုံတွင်
ကောင်လေးတစ်ယောက်တော့ထိုင်နေလေသည်။ မျက်နှာကိုတော့မတွေ့ရပေ။
“အာ့….ဟာသွားပါပြီ”
တစ်ဖက်ခုံမှကောင်လေးဆီမှထွက်လာသောအသံဖြစ်သည်။ ဖြိုးလရောင်မှာတစ်ချက်ကြည့်လိုက်လေသည်။
အံ့သြသွားခဲ့လေသည်။ ပါတီထဲတွင်သူကြည့်နေမိသောကောင်လေးဖြစ်သည်။ ထိုကောင်လေးအော်သော
အကြောင်းရင်းကို ကြည့်လိုက်တော့ သူ့၏အနောက်တိုင်းဝတ်စုံ အကျီလေးပေါ်သို့ ငှက်တစ်ကောင်ချေးပါချ
လာခြင်းဖြစ်သည်။
“တောက်… အရေးထဲ တစ်သျှုးတောင် မပါလာဘူး..ဒုက္ခပါဘဲ ဒီပုံစံကြီးနဲ့…ဟင်းး”
ဖြိုးလရောင်ကြည့်ပြီးနားထောင်နေရင်း.. စိတ်ထဲတွင်သွားချင်စိတ်များလွန်ကဲလာကာ ထိုကောင်လေးဆီ
ထွက်လာခဲ့လိုက်သည်။ ထို့နောက်မိမိ၏လက်ကိုင်ပုဝါလေးကိုထုတ်ကာကမ်းပေးလိုက်သည်။
ကောင်လေးမှာ မျက်လုံးလေးပင့်ကြည့်ကာ..
“အော်..ဟုတ်..ကျေးဇူးပါ..”
လှမ်းယူပြီးသုတ်လိုက်သည်။ ထို့နောက် ဖြိုးလရောင်မှာ ရပ်ကြည့်နေရင်းစကားစပြောရန် စိတ်ထဲမှမတောင်း
ဆိုဘဲ အလိုလိုဖြစ်လာခဲ့လေသည်။
********************************
“ဟို..ပါတီလာတာနဲ့ထင်တယ်”
ဖြိုးလရောင်ရဲ့စကားကြောင့် ထက်လွမ်းသူကြောင်သွားခဲ့သည်။
“ဗျာ..ဟုတ်..ပါတီကိုလာတာပါ”
“အော်.. မြန်မြန်သုတ်လိုက်ဦး တော်ကြာခြောက်သွားရင် သုတ်ရခက်မယ်”
“အော်..ဟုတ်..လက်ကိုင်ပုဝါအတွတ် ကျေးဇူးပါ”
“ရပါတယ်”
ထက်လွမ်းသူ စကားကိုရပ်ပြီး အကျီမှငှက်ချေးများကိုသုတ်လိုက်သည်။.. ထက်လွမ်းသူအမူအရာမှန်သမျှကို
ဖြိုးလရောင်မှာလိုက်၍ကြည့်နေလေသည်။
“ရပြီ လက်ကိုင်ပုဝါကို ကျွန်တော်ယူသွားလိုက်မယ်နော် နောက်တွေ့မှပြန်ပေးမယ်လေ”
“ရပါတယ်..”
“ဒါဆို..ကျွန်တော်အောက်ပြန်ဆင်းလိုက်ဦးမယ် ကျေးဇူးပါ လက်ကိုင်ပုဝါအတွတ်”
“အော်.ဟုတ်ကဲ့”
ထက်လွမ်းသူမှာ နှတ်ဆက်စကားပြောပြီး အောက်ထက်သို့ပြန်ဆင်းရန် ထွက်လာခဲ့သည်။ လှေကားနား
အရောက်တွင် ဖြိုးလရောင်မှာ တစ်ခုသတိရသွား၍အမြန်ပြေးလိုက်လာကာ..
“ဟို.. နာမည်ဘယ်လိုခေါ်လဲ မသိဘူး..ကျွန်တော်က ဖြိုးလရောင်ပါ”
ထက်လွမ်းသူ မှာဖြိုးလရောင်ကိုလှည့်ကြည့်၍…
“ထက်လွမ်းသူလို့ခေါ်ပါတယ်”
*********************************************************************
ဖြိုးလရောင်အခုစဉ်းစားနေသူမှာ ထက်လွမ်းသူဆိုသော နာမည်ဆန်းဆန်းဖြင့်ကောင်လေး
တစ်ယောက်အကြောင်းပင်ဖြစ်သည်။ ပါတီပွဲမှပြန်လာကတည်းကပင် ယခုအိပ်ယာဝင်သည့်
အချိန်ထိ မအိပ်သေးကာ ထက်လွမ်းသူဆိုသော သူတစ်ယောက်အကြောင်းသာစဉ်းစားနေခဲ့မိသည်။
စဉ်းစားရုံသာအားမရသေး၍ သူ့အကြောင်းကိုသူငယ်ချင်းများကိုပင်မေးလိုက်မိသေးသည်။
ထက်လွမ်းသူတို့မိသားစုမှာ ဖြိုးလရောင်တို့လိုပင်အထက်တန်းလွှာ မိသားစုဆိုသည်ကိုလည်း
သိလိုက်လေသည်။  ယခုလည်းအိပ်ယာထဲတွင် မအိပ်နိုင်သေးဘဲ သူ့အကြောင်းကိုစဉ်းစားနေ
ခြင်းပင်ဖြစ်သည်။ သို့သော် ယောကျာင်္းလေးယောကျာင်္းချင်းဘာကြောင့် ဒီလောက်များစိတ်ဝင်စား
နေသည်ကို မသိပေ..
ကလင် ကလင် ကလင်..
“ဟယ်လို..”
“ဟယ်လို..လရောင်လား”
“ဟုတ်ပါတယ်…”
“အော်..ငါပါ နိုးနိုးပါ..နင်အိပ်ပြီလား”
“အော်အင်းနိုးနိုး..မအိပ်သေးပါဘူးဟ..ဘာလုပ်ဖို့”
“အော်..မနက်ဖြန်ဘုရားသွားမလို့ လိုက်ပို့ပါလားပြောမလို့မနက်ပိုင်းသွားကျမယ်လေ”
“အင်းအင်းနိုးနိုး..လာခဲ့လေအိမ်ကို..ဟုတ်ပြီလား”
“အင်း..ဒါဆို..တာ့တာ အိပ်တော့နော်..ဘိုင့်”
ဖြိုးလရောင်ဖုန်းချလိုက်ပြီး ထက်လွမ်းသူအကြောင်းတွေးနေသည်မှာ အဆက်ပျက်သွားလေသည်။
နိုးနိုးဆိုသော အိမ်မှသဘောတူထားသော မိန်းကလေးကိုမနက်ဖြန် ဘုရားလိုက်ပို့ရမည်ဆိုသော
အတွေးဖြင့်သာ အိပ်လိုက်တော့သည်။
***********************
ထက်လွမ်းသူအိမ်ရောက်သည်နှင့် အကျီများဘောင်းဘီများကိုချွတ်ကာ ချော်မည့်ခြင်းတောင်းထဲ
ထည့်လိုက်သည်။ ထို့နောက်ရေချိုးခန်းထဲဝင်ကာ ရေချိုးရန်ပြင်လိုက်သည်။ ထို့နောက်.ထက်လွမ်းသူ
စိတ်ထဲတွင် အရာတစ်ခုကိုသတိရသွားကာ အကျီကိုကောက်ယူပြီး နှိတ်လိုက်သည်။ ထက်လွမ်းသူ
ယူလိုက်သောအရာမှာ လက်ကိုင်ပုဝါလေးဖြစ်သည်။ လက်ကိုင်ပုဝါလေးကိုကြည့်ကာ သူတစ်ချက်ပြုံးလိုက်
သည်။ စဉ်းစားသည်မှာ ဖြိုးလရောင်ဆိုသူကို အကူအညီတောင်းခဲ့သည်လည်းမဟုတ် ယောကျာင်္းလေး
အချင်းချင်းလည်းဖြစ်သည်။ သို့သောသူ့အားကူညီခဲ့ပြီး အမူအရာမှာတစ်ခုခုဖြစ်နေသဖြင့် စိတ်ထဲတွင်
တစ်မျိုးဖြစ်နေလေသည်။ သို့သော် ကူညီတတ်ပြီး သဘောကောင်းသူတစ်ယောက်ဆိုသည်ကိုတော့
ထက်လွမ်းသူစိတ်ထဲတွင်မှတ်ယူလိုက်သည်။ ဖြစ်နိုင်ရင် နောက်တစ်ကြိမ်ပြန်လည်ဆုံချင်သည့်စိတ်ပင်
ဖြစ်ပေါ်မိသည်။ ထက်လွမ်းသူစဉ်းစားနေရင်းထွက်လာသည့်စကားတစ်ခွန်းကတော့
“ချောသားဘဲ.. ”
ဆိုသောစကားလေးတစ်ခွန်းသာဖြစ်လေသည်။
**********************************************************************
“ဟဲ့..လရောင် ဘုရားပန်းတွေကိုသေချာကိုင်လေဟာ နင်ကလည်းကြွေကုန်မှာပေါ့ ပန်းအိုးမှာဘုရား
ပန်းထိုးတာတောင်ကောင်းကောင်း မထိုးတတ်ဘူး”
ဘုရားပန်းအိုးတွင်ပန်းများထိုးနေသော ဖြိုးလရောင်ကို ထိုင်၍ကန်တော့နေသော နိုးနိုးမှဘ၀င်မကျ
သောလေသံဖြင့်ပြောလိုက်ချင်းဖြစ်သည်။ဖြိုးလရောင်မှာ ဘာမှမပြောတော့ဘဲ ပန်းများကိုထိုးကာ
ပြန်လာလိုက်သည်။
“လရောင်နင်ဟာလေ..ဘယ်အရာကိုမှ ကောင်းကောင်းမလုပ်တတ်ဘူး..အံ့ပါ့”
“ကဲ..နိုးနိုးပြောလို့ပြီးပြီလား.. ပြန်ရအောင် အိမ်မပြန်ခင်ဗိုက်ဆာတယ်..တစ်ခုခုဝင်စားမယ်..”
“အေးအေး..ပြီးရော…နင်ကစားဖို့ပဲတတ်တယ်…နင်ဟာလေ.တော်တော်-----”
နိုးနိုးစကားမဆုံးလိုက်ပါ ဖြိုးလရောင်ဘုရားဆောင်းတန်းမှ ပြေးဆင်းလိုက်သည်။နိုးနိုးမှာတော့ အနောက်တွင်
တစ်ယောက်တည်းပြေးလိုက်လာခဲ့လေသည်။
ဖြိုးလရောင်နှင့်နိုးနိုးတို့ ရှမ်းခေါက်ဆွဲဆိုင်လေတွင် ထိုင်ကာစားနေစဉ် ဆိုင်လေးအတွင်းသို့ဝင်လာသူမှာ
ထက်လွမ်းသူပင်ဖြစ်သည်။ ဖြိုးလရောင်ဆိုင်အ၀ကိုကြည့်ရင်း ထက်လွမ်းသူဝင်လာသည်ကိုမြင်လိုက်ရာ..
အံ့သြကာ ငေးကြည့်မိလိုက်သည်။ ထက်လွမ်းသူမှာလည်း ဆိုင်ထဲတွင်ဖြိုးလရောင်အားမြင်လိုက်၍
အံ့သြသောအကြည့်များဖြစ်ကြည့်လိုက်မိပြီး ဖြိုးလရောင်ရှိရာသို့လျှောက်လာခဲ့လိုက်သည်။
“ဟေး..ဟိုင်း”
“ဟိုင်း”
တစ်ယောက်နဲ့တစ်ယောက်မည်သည့်စကားမှ မပြောပဲအရင်ဆုံးပြောလိုက်သည့်စကားမှာ ဟိုင်း ဆိုသည့်
စကားပင်ဖြစ်သည်။
“ဟို…ဟိုတစ်နေ့က ပါတီမှာတွေ့တဲ့ ဖြိုး---”
“ဖြိုးလရောင်ပါ ..ထက်လွမ်းသူဟုတ်တယ်မလား”
“ဟုတ်ပါတယ်..ဟိုဒါနဲ့ အဲ့နေ့ကလက်ကိုင်ပုဝါ အိမ်မှာချော်ထားတယ် နောက်တွေ့မှယူပါလား….
အခုရှမ်းခေါက်ဆွဲလာဝယ်လို့..”
“အော်ရပါတယ်..”
ထက်လွမ်းသူမှာ ဖြိုးလရောင်နဲ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသောနိုးနိုးကိုကြည့်ကာ
“ရည်းစားတွေလားမသိဘူး..”
နိုးနိုးမှာပြုံးကာပြောရန်ပြင်လိုက်ချိန်တွင် ဖြိုးလရောင်မှာဝင်၍
“အော်မဟုတ်ပါဘူး.. သူငယ်ချင်းတွေပါ ဘုရားခဏလာဖူးကျတာလေ”
ဖြိုးလရောင်ပြောလိုက်သောစကားကြောင့် နိုးနိုးမျက်နှာပျက်သွားလေသည်။
“ဟုတ်ကဲ့..ကျွန်တော်ပြန်လိုက်ဦးမယ်ဒါဆို.. ကိုဖြိုးလရောင်ကျွန်တော်သွားလိုက်ဦးမယ်..
အိမ်ကိုရှမ်းခေါက်ဆွဲဝယ်မယ်ဆိုပြီး ထွက်လာတာမို့လို့ ဒီကအစ်မ..ကျွန်တော်ပြန်လိုက်ဦးမယ်နော်”
ထက်လွမ်းသူအားလုံးကိုနှတ်ဆက်ရင်း ပြန်ရန်ပြင်လိုက်စဉ်..ဖြိုးလရောင်မှာ
“ဟို..ထက်လွမ်းသူ ဟို..အချိန်ရရင် မနက်ဖြန် အပြင်မှာ Dinner စားရအောင်လေ”
ဖြိုးလရောင်ပြောသောစကားကို ထက်လွမ်းသူအံ့သြသွားခဲ့သည်။သို့သော်လည်း ထက်လွမ်းသူပါးစပ်မှ
ထွက်လာသည့်စကားမှာတော့
“ဟုတ်ရပါတယ်.. ”
“ဒါဆို..ကျွန်တော်ဖုန်းနံပါတ်ယူထားမယ်လေ..”
“အော်ဟုတ်..ဖုန်းနံပါတ်က09------- ပါ..”
“အင်း..ရပြီ”
“ဟုတ်….ပြန်လိုက်ဦးမယ်. Bye See Ya”
*********************
Tokyo ဆိုသောJapanese စားသောက်ဆိုင်လေးဟာ ဖြိုးလရောင်နှင့်ထက်လွမ်းသူတို့အတွတ်တော့
ပြည့်စုံသောညစာလေးစားရန် ပြည့်စုံလှလေသည်။.
ထက်လွမ်းသူထမင်းလိပ်လေး တစ်လိပ်ကိုတူဖြင့်ယူကာ ပါးစပ်ထဲထည့်သောအချိန်တွင် ဖြိုးလရောင်က
“ထက်လွမ်းသူတို့မိသားစုက ဘာလုပ်ငန်းလုပ်တာလဲမသိဘူး”
ထက်လွမ်းသူ စားနေရင်း…
“ဟို..လွမ်းသူလို့ဘဲခေါ်ပါခင်ဗျာ့ အခုမှတွေ့ဖူးတဲ့လူတွေမှမဟုတ်တာ”
“အော်ရပါတယ်…ကျွန်တော့်ကိုလည်း လရောင်လို့ဘဲခေါ်ပါ ထက်.အဲ..လွမ်းသူ”
ထက်လွမ်းသူပြုံးလိုက်သည်။ ဖြိုးလရောင်မှာတော့ သူမှာထားသော ဂျပန်ခေါက်ဆွဲကို စားလိုက်သည်။
“ဒါနဲ့လရောင်ဆီမှာရည်းစားတွေရှိလား..”
ထက်လွမ်းသူအမေးကြောင့်ဖြိုးလရောင် ခေါင်းမော့လာသည်။
“မရှိပါဘူး..လွမ်းသူဆီမှာကော် ရှိတယ်ထင်တယ်.. ဒီလောက်ချောတာမရှိဘဲနေမလား..ဟုတ်တယ်မလား”
“အာ..မရှိပါဘူး. ရုပ်လဲမချောပါဘူး လရောင်သာချောတာပါ လွမ်းသူစတွေ့ကတည်းက သတိထားမိတာ..
လရောင်လိုရုပ်မျိုးလိုချင်လိုက်တာဆိုပြီးလေ.”
“ဟုတ်ပါပြီ..အဲ့လောက်ထိမမြှောက်ပါနဲ့”
ညနေစာစားနေသည်မှာ ညပင်တော်တော်လေးအချိန်ကုန်ခဲ့လေသည်။ စကားများပြောကာ နေလာ၍အချိန်
များကုန်ဆုံးသွားခဲ့ကျသည်။ ဖြိုးလရောင်ကိုကြည့်လိုက်ကာ
“9နာရီတောင်ခွဲပြီ…ပြန်ကျရအောင်လေ..”
ထက်လွမ်းသူမှာတစ်ခုခုစဉ်းစားလိုက်ပြီး..
“လရောင်ဒီညအိမ်မပြန်လို့ရလား.. လွမ်းသူတို့ Night Club သွားကျရအောင်လေ”
ဖြိုးလရောင်တစ်ချက်တွေးဝေသွားသည်။
“ဟို..လရောင်မရရင်လဲရပါတယ်.. လွမ်းသူကမရောက်တာကြာပြီမို့လို့ အခုလရောင်ရှိလို့..သွားမလားလို့ပါ”
ဖြိုးလရောင်စဉ်းစားပြီး..တစ်ချက်ပြုံးပြလိုက်ကာ..
“သွားတာပေါ့.. ကိုယ်လည်းမရောက်ဖြစ်ဘူး..လွမ်းသူကိုအဖော်လုပ်ပေးတာပေါ့”
***************************
Night Club ၏မီးရောင်များသီချင်းများသည် လူတစ်ယောက်၏စိတ်ကိုနိုးကြားစေလေသည်။
ဖြိုးလရောင်အတွတ်တော့ လူတစ်ယောက်ကိုကြည့်နေရုံမှလွဲ၍ တစ်ခြားမည်သည့်အလုပ်မှမရှိ..
ထိုသူမှာ ထက်လွမ်းသူဖြစ်လေသည်။ ထက်လွမ်းသူမှာ အရက်များဘီယာများကြောင့် မူးကာ ကလပ်ထဲတွင်
ကနေခြင်းပင်ဖြစ်သည်။ ဖြိုးလရောင်မတ်တပ်ရပ်နေချိန်တွင် ဘောင်းဘီအိတ်ထဲမှ လှုပ်ရှားမှုတစ်ခုသတိ
ထားမိလိုက်သည်။ ထိုအရာမှာဖုန်းလာနေခြင်းဖြစ်သည်။ဖြိုးလရောင်ဖုန်းကိုထုတ်ကြည့်လိုက်ရာ
အိမ်ကအမေဆီမှဖုန်းဖြစ်သည်။ ဖုန်းကိုကိုင်ရင်ကောင်းမလားစဉ်းစားနေချိန်တွင်.. ထက်လွမ်းသူ
ရောက်လာကာ..
“လရောင်သွားကရအောင်လေ.. တစ်ယောက်တည်းကရတာပျင်းဖို့ကောင်းတယ်.. လိုက်ခဲ့ပါရပ်မနေနဲ့”
ဖြိုးလရောင်စဉ်းစားမနေတော့ဘဲ ဖုန်းကိုပိတ်လိုက်ကာ ထက်လွမ်းသူနောက်လိုက်သွားခဲ့လေသည်။
ထက်လွမ်းသူနှင့်ဖြိုးလရောင်တို့ကလပ်မှ ပြန်ထွက်လာသည့်အချိန်မှာ မနက်2နာရီသာရှိသေးလေသည်။
“အိမ်ပြန်မှာလား လွမ်းသူ..ကားရောမောင်းနိုင်သေးလို့လား”
ဖြိုးလရောင်အမေးကိုပြန်၍ မဖြေခင်ထက်လွမ်းသူမှာ ကားကိုသာမှီထားရသောအခြေအနေဖြစ်လေသည်။
“လွမ်းသူ..လွမ်းသူ အိမ်ပြန်မလားလို့မေးနေတယ်လေ..”
“ဟာ..မေမေဆူမှာပေါ့ မပြန်ဘူး…..လရောင်ကကွာ..အိမ်ကိုလိုက်မပို့နဲ့နော် လိမ္မာတယ်နော် နော်လို့”
“အင်း..”
ဖြိုးလရောင်မှာဖြေသာဖြေရသည် မည်သည့်နေရာကိုသွားရမှန်းမသိ.. ပင်ပန်းနေ၍ ဝေးဝေးလံလံနေရာ
သို့လည်းမသွားချင်.. ခေါင်းကုတ်ကာဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ တည်းခိုခန်း မိုတယ်ဆိုသော
ရေးထားသော နေရာဆီသို့မျက်လုံးများရောက်သွားခဲ့လေသည်။
ဖြိုးလရောင်မှာထက်လွမ်းသူကိုတွဲကာ မိုတယ်ထဲဝင်လိုက်လေသည်။ ထို့နောက်ဧည့်ကြိုကောင်တာတွင်
ရှိသောကောင်လေးကို
“ဟို..အခန်းရှိသေးလား..”
“ရှိပါတယ်..နှစ်ယောက်ခန်းယူမှာမလား..”
“မဟုတ်ဘူး..တစ်ယောက်တစ်ခန်းပါ..”
ဖြိုးလရောင်ပြန်၍စဉ်းစားလိုက်လေသည်။ ထက်လွမ်းသူမူးနေသည့်ပုံစံဖြင့် နှစ်ယောက်ခန်းယူမှဖြစ်
ပေတော့သည်။
“အော်..ညီလေး.. နှစ်ယောက်ခန်းဘဲပေးတော့..”
“အော်..ဟုတ်ကဲ့ရပါတယ်.. ”
ထို့နောက်အခန်းထဲဝင်သည်နဲ့ ထက်လွမ်းသူကိုခုတင်ပေါ်တွင် တင်လိုက်သည်။ ဖြိုးလရောင်မှာ အကျီများ
ဘောင်းဘီများချွတ်ကာ ရေချိုးခန်းထဲတွင်ရေချိုးရန်ဝငိလိုက်လေသည်။
ဖြိုးလရောင်ရေချိုးပြီး တဘက်ကိုပတ်ကာ ထွက်လာချိန်တွင် ထက်လွမ်းသူကိုတစ်ချက်ကြည့်လိုက်သည်။
ထို့နောက်တစ်ချက်စဉ်းစားကာ ချွေးများဆိုနေသောထက်လွမ်းသူကို အပေါ်ထပ်အကျီများချွတ်ပေးရန်
သတိရကာ ခုတင်ပေါ်တက်ပြီး.. အပေါ်ရုံအကျီများကိုချွတ်ပေးလိုက်လေသည်။
ဖြိုးလရောင်..အိပ်မောကျနေသောထက်လွမ်းသူ၏မျက်နှာကို သေသေချာချာကြည့်မိလေသည်။
{ချစ်စရာလေး} ပါးစပ်မှမထွက်သွားခဲ့ပေမဲ့ စိတ်ထဲတွင်ပြောလိုက်မိလေသည်။ ထက်လွမ်းသူမှာတော့ဘာမှ
မသိသောကောင်လေးတစ်ယောက်ပမာ အိပ်မောကျနေလေသည်။ ထို့နောက် ထက်လွမ်းသူ၏နှတ်ခမ်းလေးကို
ကြည့်ကာ ဖြိုးလရောင်မည်သည့်အတွတ်ကြောင့်မသိ တံတွေးများမျိုချလိုက်မိလေသည်။ ထို့နောက်အိပ်နေ
သော ထက်လွမ်းသူ၏နှတ်ခမ်းများဆီသို့ အနီးကပ်သွားကာ ဖြိုးလရောင်မှာ နှတ်ခမ်းချင်း ထိကာတခဏ
နမ်းလိုက်လေသည်။ နမ်းပြီးပြီချင်းပင် ရိပ်မိမည်ဆိုး၍ တစ်ဘက်လှည့်ကာ မသိသလိုသာဘေးတွင် ဖြိုးလရောင်
ဝင်အိပ်နေလိုက်တော့သည်။
မနက် 8 နာရီကျော်လာခဲ့လေသည်။ ထက်လွမ်းသူမှာ အိပ်ယာမှနိုးလာခဲ့သည်။ ထို့နောက် ဘေးနားတွင်အိပ်
ပျော်နေသော ဖြိုးလရောင်ကိုကြည့်ကာပြုံးလိုက်သည်။ ထို့နောက်ထက်လွမ်းသူမှာ ရေချိုးခန်းထဲသို့ဝင်ကာ
ရေချိုးလိုက်သည်။ ပြန်ထွက်လာချိန်တွင် ဖြိုးလရောင်မှာနိုးနေလေပြီ။
“မနေ့ကလရောင်ကိုတော်တော်လေး ဒုက္ခပေးလိုက်မိတယ်နော် ဟီ..ဆော်ဒီး”
ထက်လွမ်းသူမှာဖြိုးလရောင်ကိုစကားစကာပြောလိုက်လေသည်။
“ဟို…ရပါတယ်.. ဖြစ်တတ်ပါတယ် ဒါက”
“ဒါနဲ့ညက.အခန်းထဲမှာ…”
ထက်လွမ်းသူတစ်ခုခုစဉ်းစားဟန်ဖြင့်ပြောနေသဖြင့် ဖြိုးလရောင်မလုံမလဲဖြစ်ကာ
“အော်…လရောင်ငှားလိုက်တာ ဟို..မနေ့ လွမ်းသူကအိမ်ပြန်မရဘူးဆိုလို့ အဲ့ဒါငှားပြီး.. ဒီမှာနေလိုက်
တာလေ…ဘာ..ဘာဖြစ်လို့လဲ”
“အော်..မဟုတ်ပါဘူး..လွမ်းသူအပေါ်ရုံကုတ်အကျီတွေ..”
“အော်..အင်း..ဟုတ်တယ်..လွမ်းသူချွေးတွေထွက်နေလို့..အဲ့ဒါကိုယ်ချွတ်လိုက်တာ..ပြီးတော့
အိပ်ကျတာဘဲလေ..”
ထက်လွမ်းသူပြုံးပြလိုက်ကာ…
“ဒီလောက်ပဲလား ”
ထက်လွမ်းသူမတ်တပ်ရပ်နေရာမှာ ဖြိုးလရောင်ဘေးနားသို့သွားလိုက်ကာ နားနားကပ်ပြီး..
“နမ်းတာက ဘယ်ရောက်သွားလဲ..”
ဖြိုးလရောင်လန့်ကာ…
“ဟို.ဟို..မဟုတ်ပါဘူး..နမ်းတာ..ဟုတ်လား မနမ်းပါဘူး လွမ်းသူကို မနမ်းမိပါဘူး”
“လွမ်းသူကနမ်းတယ်လို့ ပြောမိလို့လား ဟီ..”
ထက်လွမ်းသူရယ်လိုက်သည်။ ဖြိုးလရောင်မှာ သူခိုးလူမိသောပုံစံဖြင့်ရှက်နေလေသည်။ ထို့နောက်
ဖြိုးလရောင်ငြိမ်သွားပြီး ထက်လွမ်းသူ အနားသို့ကပ်ကာ..
“လွမ်းသူ ကိုယ်တစ်ခါမှဒီလို ယောကျာင်္းလေးတစ်ယောက်ကို မပြောဖူးခဲ့ဘူး တစ်ခါမှလည်း ယောကျာင်္းလေး
တစ်ယောက်ကိုမနမ်းခဲ့ဖူးဘူး တစ်ခါမှလည်း ယောကျာင်္းလေးတစ်ယောက်ကို သတိမထားမိဘူး.. ဒါပေမဲ့
အခုကိုယ်ပြောမဲ့စကားတွေကို လွမ်းသူခဏလေးနားထောင်ပေးပါ လွမ်းသူကိုယ့်ကိုဘယ်လိုထင်ထင်ပေါ့
ကိုယ်……လွမ်းသူကို…..ချစ်တယ်..”
ဖြိုးလရောင်အားတင်းကာရှက်သောစိတ်များကို ဖျောက်ပြီးပြောသောစကားဖြစ်၍နှတ်ခမ်းများတုန်နေလေသည်။
ထက်လွမ်းသူမှာလည်း တစ်ခါမှယောကျာင်္းလေးတစ်ယောက်ဆီမှမကြားဖူးသောစကား ဖြစ်၍အံ့သြမှုများ
ဖြစ်သာ ငေးကြည့်နေမိသည်။ထို့နောက် ဖြိုးလရောင်စကားကိုပြန်စကာ…
“လွမ်းသူကိုယ့်ကို ဘယ်လိုထင်ထင် ထင်လို့ရပါတယ်.. ကိုယ်ကကိုယ့်စိတ်ကဖြစ်လာတာကို တားဆီးမရ
နိုင်လို့ လွမ်းသူကိုထုတ်ပြောတာပါ ”
ထို့နောက်ထက်လွမ်းသူမှာ မည်သည့်စကားမှမပြောဘဲခုတင်ပေါ်သို့ထိုင်ချလိုက်သည် ဖြိုးလရောင်မှာတော့
ပြောစရာစကားများကုန်သွားသည်ဖြစ်၍ အကျီများဘောင်းဘီများဝတ်ကာ
“ကိုယ် ပြန်တော့မယ် လွမ်းသူရဲ့ကားက ကလပ်မှာ ဒီတည်းခိုခန်းကနေ ရှေ့မျက်နှာချင်းဆိုင်မှာဘဲကလပ်မို့လို့
ဝေးဝေးမလျှောက်ရပါဘူး ပြီးတော့ကိုယ် အခန်းခရှင်းပြီးသွားပြီ.. ကိုယ်ပြန်တော့မယ်..တ့ာတာ”
ဖြိုးလရောင် ထွက်ရန် တံခါးကိုဖွင့်လိုက်လေသည်။ထိုအခါထက်လွမ်းသူက
“လရောင်ပြောလို့ပြီးပေမဲ့ လွမ်းသူဘာမှမပြောရသေးဘူးနော်.. လွမ်းသူပြောတာကိုနားမထောင်တော့
ဘူးလား..လရောင်”
တံခါးလက်ကိုင်ကိုကိုင်ထားသောဖြိုးလရောင်မှာ ငြိမ်သက်သွားပြီး တံခါးကိုပြန်ပိတ်လိုက်သည်။ ထို့နောက်
ထက်လွမ်းသူဘက်မျက်နှာမူပြီးရပ်ကာ
“ပြောပါ လွမ်းသူ ကိုယ်နားထောင်ပေးပါ့မယ်..”
ထက်လွမ်းသူမှာ မတ်တပ်ရပ်လိုက်ပြီး ဖြိုးလရောင်ရှေ့သို့လာလိုက်သည်။ထို့နောက်
“လွမ်းသူလည်း လရောင်ကို….ချစ်…ချစ်ပါတယ်”
ထက်လွမ်းသူပြောသောစကားကြောင့် ဖြိုးလရောင်အံ့သြကာ ကြည့်လိုက်ရင်ပျော်သွားသောဟန်ဖြင့်
ရယ်လိုက်မိသည်။ ထို့နောက် ဖြိုးလရောင်မှာ ထက်လွမ်းသူကိုဖက်လိုက်လေသည်။ ထက်လွမ်းသူမှာလည်း
ဖြိုးလရောင်ကို ပြုံးကာပြန်၍ဖက်လိုက်မိသည်။
ဖြိုးလရောင်နှင့်ထက်လွမ်းသူတို့ တည်းခိုနေသောအခန်းလေး၏ကျန်ရှိသော အချိန်ကာလလေးတစ်ခုဟာ
နှစ်ယောက်သားအတွတ် ကြည်နူးစရာများဖြစ် သာယာလှပေသည်။
***********************************************************************

သုံးလကြာပြီး………
“လရောင်မနက်ဖြန် ဦးမိုးလွင်ရဲ့ပါတီရှိတယ် လရောင်တို့အိမ်က သွားကျမယ်မလား”
“အင်းဟုတ်တယ် ကိုယ့်ဒယ်ဒီနဲ့မာမီလည်းသွားမလို့လုပ်နေတယ် ဦးမိုးလွင်နဲ့ကဆွေမျိုးတွေလို တစ်အိမ်ဝင်တစ်အိမ်ထွက်နေလာကျတာလေ လွမ်းသူတို့ကော်သွားမှာလား. .လွမ်းသူသွားရင် ကိုယ်သွားမယ်လေ..”
“အင်း..သွားမှာ လာခဲ့နော် ပါတီရောက်ရင်တွေ့ကျမယ်..အိုကေ အခုတော့ဒါပဲနော် တာ့တာ အိပ်တော့မလို့
ဖုန်းချလိုက်တော့မယ်”
“အင်း..လွမ်းသူတာ့တာ Good Night ”
“Good Night ”
တစ်ယောက်နှင့်တစ်ယောက်ဖုန်းအတူတူချသွားခဲ့သည်။ ဖြိုးလရောင်နှင့်ထက်လွမ်းသူတို့နှစ်ဦးမှာ တစ်ဦးနှင့်
တစ်ဦး လူမသိအောင်ကြိုက်နေကျသည်မှာ သုံးလပင်ကြာခဲ့လေပြီ။ ယောကျာင်္းလေးအချင်းချင်းဖြစ်၍ သူငယ်
ချင်းများအလယ်တွင်လည်း ထုတ်ဖော်ပြော၍မကောင်းပေ။လူအများအမြင်မှာ သူငယ်ချင်းများဟုသာသက်မှတ်
ထားကျသော သူတို့နှစ်ဦးသံယောဇဉ်မှာ တဖြည်းဖြည်းဖြင့်ခိုင်မြဲလာခဲ့ကျပေသည်။
*****************************************************************************
အိမ်တွင်းပါတီလေးဖြစ်၍ နေရာလေးကျည်းပေမဲ့ ပါတီလေးမှာလှပလှသည်။
ဖြိုးလရောင်မှာထိုင်ခုံလေးတွင် ထိုင်၍၀ိုင်ခွက်ကိုကိုင်ကာ ထက်လွမ်းသူတို့မိသားစုကို စောင့်နေသည်မှာ
နာရီဝက်ပင်ရှိနေလေပြီ။ ပါတီလေးမှာညနေခင်းပါတီလေးဖြစ်၍ လူတော်တော်များများနောက်ကျသည်မှာ
မဆန်းပေ။ ဖြိုးလရောင်ဝင်ပေါက်ဝကို ကြည့်နေချိန်မှာပင် ထက်လွမ်းသူတို့မိသားစုမှာပါတီရှိရာ ခြံဝန်းထဲသို့
ဝင်လာခဲ့လေပြီ။ ထက်လွမ်းသူမှာအတွင်းရှပ်အကျီလေးမှာ ပန်းရောင်လေးဖြစ်ပြီး အပြင်ကုတ်အကျီမှာ
အနက်ရောင်ဖြစ်၍ အတွန့်ကလေးများဖြင့် ဒီဇိုင်းဆန်းလှသည်။ ဖြိုးလရောင်ထိုင်နေရာမှ ထကာထက်လွမ်းသူ
တို့မိသားစုရှိရာသို့သွားလိုက်သည်။ ထက်လွမ်းသူအနားရောက်သည်နဲ့ ဘေးမှထက်လွမ်းသူ၏အမေဖြစ်သူ
ဒေါ်နှင်းမူယာအား..
“ဟိုင်း မင်္ဂလာပါအန်တီ ကျွန်တော်လွမ်းသူနဲ့ စကားခဏသွားပြောချင်လို့ ရမလားမသိဘူး..”
“အော်..အေးအေး..သွားကျလေ..ဘီယာတွေမသောက်နဲ့နော် ၀ိုင်လောက်ဘဲသောက်သိလား”
“ဟုတ်ကဲ့အန်တီ..”
ဖြိုးလရောင်မှာ ထက်လွမ်းသူကိုမျက်ရိပ်မျက်ကဲပြလိုက်ရာ ထက်လွမ်းသူမှာလည်းပြုံး၍ အနောက်မှလိုက်လာ
ခဲ့လေသည်။ ဖြိုးလရောင်မှာထက်လွမ်းသူအားခေါ်သွားသောနေရာမှာ အိမ်အပေါ်ထပ်မှ ဦးမိုးလွင်၏စာကြည့်
ခန်းထဲသို့ခေါ်သွားခြင်းဖြစ်သည်။
“လရောင် ဘာလုပ်မလို့လည်းစာကြည့်ခန်းထဲမှာ ဘယ်သူမှမရှိဘဲနဲ့”
“ဘယ်သူမှမရှိလို့ခေါ်လာတာလေ… မကြိုက်ဘူးလား”
“မဟုတ်ပါဘူး….”
ဖြိုးလရောင်မှာစာကြည့်ခန်းထဲဝင်လိုက်သည်နဲ့ တံခါးကိုပြန်၍ပိတ်လိုက်သည်။ လော့ခ်တော့မချလိုက်တော့ပေ။
စာကြည့်ခန်းထဲတွင်ဖြိုးလရောင်နှင့်ထက်လွမ်းသူမှ လွဲ၍မည်သူမှမရှိ..အောက်ထပ်မှပါတီ၏ဆူညံသံများကိုသာ
ခက်သဲသဲလေးကြားနေရလေသည်။ ဖြိုးလရောင်မှာ ထက်လွမ်းသူအားခြေဆုံးခေါင်းဆုံးကြည့်`ပြီး…
“လွမ်းသူ ဒီနေ့ချောနေတယ်..”
“ဟင်..ဒါဆိုအရင်နေ့တွေကမချောဘူးပေါ့..”
“အော်..မဟုတ်ဘူးလေ..ဒီနေ့ကပိုချောနေတယ်ပြောတာ ချစ်စရာလေး..”
“ပြောကြတယ်..လူတိုင်းလိုလိုဘဲ ဟီ..”
“ကဲ.စေတနာပျက်အောင်လုပ်နေပြီ..”
ထက်လွမ်းသူမှာ ရှက်နေဟန်ပြနေသဖြင့်ဖြိုးလရောင်မှာ လက်ကိုဆွဲပြီး ဖက်လိုက်တော့သည်။
“အာ..လရောင် လူတွေတက်လာဦးမယ်”
“မတက်လာပါဘူးကွာ အောက်မှာအားလုံးအလုပ်ရှုပ်နေကျတာ ငြိမ်ငြိမ်လေးနေပေးနော်”
“အင်း…”
ထက်လွမ်းသူမှာ..အင်း..ဆိုသောစကားလုံးလေးတစ်လုံးသာ ထွက်လာနိုင်ပါသည်။ ထို့နောက်ဖြိုးလရောင်မှာ
ထက်လွမ်းသူ၏ နှတ်ခမ်းအားနှတ်ခမ်းချင်းထိ၍ ဖွဖွလေးနမ်းလိုက်သည်။ နှစ်ယောက်စလုံးမှာ အနမ်း၏အရသာ
ကြောင့်မျက်လုံးလေးများ မှိတ်၍ထားလိုက်မိလေသည်။ ဖြိုးလရောင်၏လက်များမှာ ထက်လွမ်းသူ၏အတွင်း
ရှပ်အကျီ၏ ကြယ်သီးလေးများကိုဖြုတ်လျက်ရှိနေပြီး လက်ချောင်းလေးများမှာ ရင်ဘက်ဆီသို့ဦးတည်
လာခဲ့သည်။ ထက်လွမ်းသူမှာတော့ မလှုပ်မရက်သာငြိမ်နေလေသည်။ ထိုအချိန် အသံတစ်ခုမှာ နှစ်ယောက်
စလုံးကိုထိတ်လန့်သွားစေခဲ့သည်။ ထိုအသံမှာ…
“ခွမ်း…..”
ဖန်များကျကွဲသံကြား၍ နှစ်ယောက်လုံးတံခါးဝဆီသို့ မျက်လုံးများအကြည့်ရောက်သွားခဲ့သည်။ တံခါးဝတွင်
ရပ်နေသူမှာ ဖြိုးလရောင်၏အမေဒေါ်မြကတ္တီပါ ပင်ဖြစ်သည်။
“မာမီ…..”
အံ့သြမှုများဖြင့်ကြည့်နေသော ဒေါ်မြကတ္တီပါမှာ ခေါ်သံကိုပင်မကြားသည့်နှယ် ရပ်ပင်ရပ်နေဆဲဖြစ်သည်။
ထက်လွမ်းသူမှာ မိမိရင်ဘက်တွင်ပြုတ်နေသော ကြယ်သီးများကိုအလျင်အမြန်ပြန်လည်တပ်ကာ ဒေါ်မြကတ္တီပါ
၏ဘေးမှ အလျင်အမြန်ပြေးကာ အောက်ကိုဆင်းလိုက်သည်။ ကျန်ရစ်ခဲ့သူ ဖြိုးလရောင်နှင့်ဒေါ်မြကတ္တီပါမှာ
တော့တစ်ဦး..ကိုတစ်ဦးအံ့သြခြင်းများဖြင့်သာ………………
*****************************************************************************
“အကိုလေး.. အန်တီခေါ်ခိုင်းလိုက်လို့ အောက်ထပ်ဧည့်ခန်းကိုခဏလာခဲ့ပါတဲ့”
ဖြိုးလရောင်အိပ်ယာပေါ်တွင်လဲနေရင်း.. အိမ်အကူမလေးမှ လာရောက်ခေါ်ခြင်းဖြစ်သည်။
“အေးအေး..လာမယ်ပြောလိုက်”
ကောင်မလေးထွက်သွားအပြီးတွင် အောက်ဆင်းရန်အိပ်ယာပေါ်မှထကာ အောက်ထပ်သို့ဆင်းလိုက်လေသည်။
ဧည့်ခန်းထဲတွင်စောင့်နေသူမှာ ဒေါ်မြကတ္တီပါတစ်ယောက်တည်းမဟုတ်ပေ..နိုးနိုးခင်ဆိုသော အမျိုးသမီးကိုပါ
ဖြိုးလရောင်မြင်လိုက်ရလေသည်။ ဖြိုးလရောင်ဆင်းလာသည်ကိုမြင်သည်နှင့် ဒေါ်မြကတ္တီပါမှာ လှပစွာပြုံး
ကာ..
“သား.. လာထိုင်ပါဦး..မာမီပြောစရာလေးရှိလို့”
ဖြိုးလရောင်မှာ မိမိလုပ်ခဲ့သောအပြစ်ကြောင့် အဆူခံရမည်ဟုထင်နေရာတွင် ဒေါ်မြကတ္တီပါ၏ပြုံးကာ ချိုမြစွာ
ပြောသောအသံကြောင့် အံ့သြကာ ဘေးနားတွင်ဝင်ထိုင်လိုက်လေသည်။
“သား..နိုးနိုးကိုဘယ်လိုသဘောရလဲ..”
ဖြိုးလရောင်ထူးဆန်းသောအမေးကြောင့်နားမလည်စွာဖြင့် ပြန်၍မေးလိုက်သည်။
“ဘာကိုဆိုလိုတာလည်းမာမီ..”
“အော်..သားနဲ့နိုးနိုးကိုလက်ထပ်ပေးမလို့လေ… အခုတောင်နိုးနိုးနဲ့မာမီနဲ့ပြောပြီးပြီ သူနဲ့သားနဲ့ကလည်း..
အတူသွား..အတူလာနေကျတာ..ကြာပြီလေ.”
ဖြိုးလရောင်ထိုစကားကိုကြားလိုက်သည်နှင့် အံ့သြကာ ဒေါသလည်းထွက်သွားလေသည်။
“မာမီဘာတွေလုပ်နေတာလည်း နိုးနိုးနဲ့သားနဲ့ကသူငယ်ချင်းလိုဘဲနေလာတာလေ.. လက်ထပ်ဖို့ဆိုတာ..
ဟား….ဘယ်လိုမှမဖြစ်နိုင်တဲ့အရာလေ..”
“ဘာလို့မဖြစ်နိုင်ရမှာလည်းသားရဲ့ သူငယ်ချင်းတွေလက်ထပ်တော့ပိုပြီး သံယောဇဉ်ဖြစ်လာမှာပေါ့……နိုးနိုး
ကလည်းလက်ခံထားတယ်လေ.. ”
“မဖြစ်ဘူးမာမီ..လုံးဝမဖြစ်ဘူး..သူလက်ခံပေမဲ့..သားလက်မခံနိုင်ဘူး..”
ဖြိုးလရောင်၏ပျက်သားလှသောစကားကြောင့် ဘေးတွင်ထိုင်နေသော နိုးနိုးခင်မှာမျက်နှာပျက်ကာ မျက်ရည်
များဝိုင်းလာလေသည်။ ဒေါ်မြကတ္တီပါမှာတော့ ဒေါသအရိပ်အရောင်များပြနေသောလည်း ထိန်းကာစကားများ
ကိုစိတ်ရှည်ရှည်ဖြစ်သာဆက်ပြောနေသည်။
“ဒါဆို..သားမှာလက်မခံနိုင်တဲ့အကြောင်းအရာရှိလို့လားသား..”
“သားနဲ့နိုးနိုးနဲ့က သူငယ်ချင်းတွေလေမာမီရာ ပြီးတော့ ပြီးတော့..ဟာ…မဖြစ်နိုင်ပါဘူးမာမီရာ..”
“ထက်လွမ်းသူ..ဆိုတဲ့..ဘာမဟုတ်တဲ့ကောင်လေးတစ်ယောက်ကြောင့်လား သား”
ထက်လွမ်းသူနာမည်ကိုသိနေသောကြောင့် ဖြိုးလရောင်အံ့သြသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
“မာမီစကားအကုန်ပဲပြောတော့မယ် နောက်လဆိုရင်မင်းကိုနိုးနိုးနဲ့ လက်ထပ်ပေးမယ် မင်းကြိုတင်
ပြင်ဆင်ထားပါ..”
ဒေါ်မြကတ္တီပါမှာ စကားပြောပြီးသည်နှင့် ထကာအပေါ်ထပ်သို့တက်သွားလေသည်။
*****************************************************************************
အိမ်တံခါးမှဘဲလ်သံကြား၍ ဒေါ်နှင်းမူယာမှာအိမ်တံခါးကိုလာရောက်ဖွင့်လိုက်သည်။ ဖွင့်လိုက်သည်နှင့်အပြင်
ဘက်တွင် အမျိုးသမီးတစ်ဦးရပ်နေလေသည်။
“ဒါဒေါ်နှင်းမူယာတို့အိမ်ဟုတ်ပါတယ်နော်”
“ဟုတ်ပါတယ်..ကျွန်မကဒေါ်နှင်းမူယာပါ.. ဘာကိစ္စရှိလို့လဲမသိဘူး”
“အော်..ကျွန်မကဒေါ်မြကတ္တီပါ လို့ခေါ်ပါတယ် ဌေးကတ္တီပါ လုပ်ငန်းကပါ..”
“အော်.. ဟုတ်လား..နာမည်တော့ကြားဖူးနေတာကြာပြီ အခုမှဘဲတွေ့ဖူးတော့တယ်.လာပါအိမ်ထဲဝင်ပါရှင့်”
ဒေါ်နှင်းမူယာမှာ ဒေါ်မြကတ္တီပါအား ဧည့်ခန်းကိုခေါ်သွားခဲ့သည်။ ထို့နောက်..
“အေးမြရေ..ဧည့်သည်အတွတ် အအေးနဲ့စားစရာလေးတွေလုပ်ပေးပါဦး”
အိမ်ဖော်လေးအားခိုင်းလိုက်ပြီး. ထိုင်ခုံတွင်ထိုင်လိုက်သည်။ထို့နောက်ဒေါ်မြကတ္တီပါမှာ..
“အော်..ဘာမှမလုပ်ပါနဲ့တော့ ဒီလာတာပြောစရာရှိလို့ပါ”
“ရပါတယ်.. ဧည့်သည်တွေဘဲ ဒီလောက်တော့ရပါတယ် အပန်းမကြီးပါဘူး. ဟိုလာတဲ့ကိစ္စက လုပ်ငန်းကိစ္စလား
မသိဘူးနော် လုပ်ငန်းအကြောင်းဆိုရင်ကျွန်မကသိပ်တော့မသိဘူးရှင့် ကျွန်မအမျိုးသားဘဲပိုသိလို့လေ”
“အော်လုပ်ငန်းကိစ္စမဟုတ်ပါဘူး.. လူမှုရေးပါ”
“ရှင် လူမှုရေး..ဟုတ်လား”
ဒေါ်နှင်းမူယာနားမလည်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။ ဒေါ်မြကတ္တီပါမှာ ဆက်၍..
“ဒေါ်နှင်းမူယာဆီမှာ ထက်လွမ်းသူဆိုတဲ့သားတစ်ယောက်ရှိတယ် ဆိုတာကျွန်မသိထားပါတယ် ”
“အော်..ဟုတ်ပါတယ်.. သားကတစ်ယောက်ဘဲရှိတာပါ.. ဘာဖြစ်လို့လဲမသိဘူး”
“ဟုတ်ကဲ့ပြောပါ့မယ်ရှင့် ဒါနဲ့ကျွန်မတို့မှာရော ရှင်တို့မှာပါ သိက္ခာတွေရှိကျမှာပါ အားလုံးကလည်းအထက်တန်း
စားလူတန်းထဲကလို့သတ်မှတ်ထားတယ်”
“ဟုတ်ကဲ့ပါ.. ဒေါ်မြကတ္တီပါပြောမဲ့ ကိစ္စကိုပြောပါ ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်”
“ကောင်းပြီလေ ဒါဆိုကျွန်မပြောပါ့မယ် ရှက်စရာကိစ္စပေမဲ့ ရှေ့မျက်နှာနောက်ထားပြီး ပြောရတော့မှာပေါ့
ရှင့်သားထက်လွမ်းသူနဲ့ ကျွန်မသား ဖြိုးလရောင်ဟာ သူငယ်ချင်းထက်ပိုတဲ့ သာမန်သဘာဝလိုမဟုတ်ဘဲ
ယောကျာင်္းလေးအချင်းချင်းဖြစ်ပြီးတော့ ချစ်ကြိုက်နေကျတယ်..ရှင်သိရဲ့လား”
“ရှင်..”
ဒေါ်မြကတ္တီပါပြောသောစကားကြောင့် ဒေါ်နှင်းမူယာအံ့သြပြီးတုန်လှုပ်သွားခဲ့သည်။
“ဟုတ်ရဲ့လားရှင်..ဒါကမဖြစ်နိုင်ပါဘူး သာမန်သူငယ်ချင်းလို့ချစ်ကျတဲ့ သူငယ်ချင်းတွေနေပါမှာ ရှင်အထင်လွဲနေ
တာဖြစ်မှာပါရှင်”
“ကျွန်မက မသေချာဘဲမပြောဘူးရှင့်အခုလိုလာပြောရတာတောင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ရှက်ရတယ် ကျွန်မမျက်လုံးတွေနဲ့တိုတ်ရိုတ်မြင်ရတာမို့လို့ ပြောရတာ..”
“ကောင်းပြီလေ..ဒါဆို..ရှင်ကဘာဖြစ်စေချင်လို့လဲ”
“ကျွန်မတို့ကပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနဲ့ နေတာရှင့် ကိုယ့်သိက္ခာနဲ့ကိုယ် အဆင့်အတန်းရှိရှိနေတာ..
အဲ့တော့ဒီကိစ္စလေးတစ်ခုကြောင့်နဲ့ နာမည်ပျက်မခံနိုင်ဘူး ဒီလိုကိစ္စဆိုတာကလည်း နာမည်ကောင်းဆိုတာ
တလုံးမှမရှိနိုင်ဘူး အဲ့တော့ ကျွန်မတို့ရဲ့ မျိုးရိုးအလိုက်နာမည်ဆိုးဖြစ်သွားနိုင်တယ်.. ရှင်တို့ဘက်ကရှင်တို့
သားကို ကျွန်မသားနဲ့မပတ်သတ်ပါနဲ့လို့ကျွန်မပြောချင်တယ်”
ဒေါ်မြကတ္တီပါပြောသောစကားကြောင့် ဒေါ်နှင်းမူယာတစ်ချက်ပြုံးလိုက်ကာ..
“ဒီမှာဒေါ်မြကတ္တီပါရှင့် ကျွန်မတို့ကလည်းကိုယ့်အဆင့်အတန်း.ကိုယ့်သိက္ခာနဲ့ကိုယ်နေတာပါရှင် ရှင်တို့ဘက်
ကဘဲသိက္ခာတွေ အဆင့်အတန်းတွေရှိတာမဟုတ်ပါဘူး..”
“ဒါဆိုလည်းကျွန်မပြောသလို စီစဉ်ပေးပါ ”
“ကျွန်မဘက်ကတော့ ကျွန်မသားကိုကောင်းကောင်းထိန်းပေးနိုင်.ရှင်တို့ဘက်ကသာ ရှင့်သားကိုရှင်နိုင်အောင်
ထိန်းပါ ကျွန်မတို့သားကငယ်ငယ်ကတည်းက ယောကျာင်္းလေးလိုနေလာတာရှင့် မိန်းမလျာမဟုတ်ဘူး.”
“ရှင်ပြောချင်တာက..”
“ကျွန်မကတော့ ဘာမှဆက်မပြောချင်တော့ဘူး ရှင်အိမ်ပြန်သင့်ပြီလို့ပဲထင်တယ် ရှင့်သားကိုသာရှင်နိုင်
အောင်ထိန်းပါရှင် ကျွန်မသိသလောက်တော့ ကျွန်မသားကိုရှင့်သားကပဲ စပြီးလာလာခေါ်နေတာတွေ့တာ
ဘဲရှင့် ”
“ဘာရှင့်”
“ကျွန်မလုပ်စရာကိစ္စလေးတွေရှိသေးလို့ ဆက်ဧည့်မခံနိုင်တော့ဘူးရှင့် ရှင်လည်းအတက်တန်းစားဆိုတော့ ဟင်း
အလုပ်လေးတွေရှိမှာပေါ့ နောက်မှတွေ့ကျတာပေါ့”
ဒေါ်နှင်းမူယာ ထိုင်ခုံမှထကာ အပေါ်ထပ်သို့တက်သွားလေသည်။ ဒေါ်မြကတ္တီပါမှာတော့ ဒေါသများဖြင့်သာ
ချက်ချင်းထကာ လှည့်ထွက်လာခဲ့သည်။
*****************************************************************************
ကလင်.ကလင်.ကလင်
“ဟယ်လို”
“ဟယ်လို…လွမ်းသူလား..”
“အင်း..လရောင်လား…လရောင်ဟုတ်တယ်မလား.. ”
“ဟုတ်တယ်..လွမ်းသူ”
“ဒီအသံကိုကြားချင်နေတာနှစ်ရက်လောက်တောင်ရှိပြီ ဘာလို့မဆက်သွယ်တာလည်း လွမ်းသူဆက်တော့
လည်း လရောင်အမေနဲ့ဘဲတွေ့နေတယ်”
“ဟုတ်တယ်… အခုတောင်သူဘုရားရှိခိုးနေတုန်းဆက်လိုက်တာ.. လွမ်းသူတို့အိမ်ကိုမာမီလာသွားတယ်လို့
ပြောသံကြားတယ်..ဟုတ်လား”
“အင်း..မေမေလည်းသိသွားတယ်လေ..အဲ့ဒါကြောင့်အိမ်ထဲမှာဘဲနေနေရတယ်..”
“သိတယ်… မနက်ဖြန် မော်ဒန်ရှိုးပွဲတစ်ခုရှိတယ်.. စီးပွါးရေးရှင်တွေအားလုံးဖိတ်ထားတယ်.. လွမ်းသူတို့
လည်းတက်ရမယ်ထင်တယ် ”
“အင်းဟုတ်တယ်… ဘာလို့လဲ”
“အဲ့မှာတွေ့ကျမယ်.. ဘယ်သူမှတော့မသိစေနဲ့ပေါ့ဟုတ်ပြီလား”
“အင်း…ရပါတယ်”
“ဒါဆိုဒါဘဲနော်.. မာမီလာတော့မယ်”
“ခဏလေး လရောင်ပြောစရာရှိတယ်”
“ပြောလေ….နားထောင်နေတယ်”
လွမ်းသူဘက်မှဖုန်းသံမှာ တစ်ချက်ငြိမ်သွားခဲ့သည်။ ခဏကြာပြီးမှ
“ချစ်တယ်…..”
“လရောင်လည်း လွမ်းသူကိုချစ်တယ်…. ဒါဘဲနော် မနက်ဖြန်တွေ့မယ် လရောင်ကြည့်လှုပ်ရှားမယ်
လွမ်းသူလည်း ဘယ်သူနဲ့မှမနေဘဲလူခွဲနေနော်”
“အင်းအင်း တာ့တာနော်”
ဖြိုးလရောင်ဘက်မှ ဖုန်းကျသွားခဲ့သည်။
*****************************************************************************
Model ရှိုးပွဲမှာ အထက်တန်းလွှာဧည့်သည်များတက်ရောက်ပြီး ဒီဇိုင်းပြပွဲဖြစ်သည့်အတွတ် လူအများအပြား
လာကျလေသည်။ ထက်လွမ်းသူတို့မိသားစုမှာ အခန်းထဲသို့ဝင်ရောက်လာခဲ့သည်။ ပွဲမှာမစသေး၍မီးများ
လင်းနေလေသည်။ ထက်လွမ်းသူမှာဖြိုးလရောင်အားမသိမသာရှာနေပေမဲ့ မတွေ့ပေ။ ထို့နောက်ဖြိုးလရောင်
မှာထားသည်အတိုင်း တစ်ယောက်တည်းနေရန် အကြံဥာဏ်ထုတ်လိုက်သည်။
“မေမေ သားဟိုဘက်မှာထိုင်လိုက်မယ်သိလား အဲ့ဘက်ကပိုမြင်ရတယ်လေ သားအကျီဒီဇိုင်းနည်းနည်းကြည့်
ချင်လို့”
“အော်အင်း..ဘယ်မှမသွားနဲ့နော်..”
“ဟုတ်မေမေ..”
ထက်လွမ်းသူမှာ စင်၏ဘေးဘက် ထိုင်ခုံများသို့သွားကာတစ်ယောက်တည်း သီးသန့်ထိုင်နေလိုက်သည်။
ထိုင်နေရင်းဖြိုးလရောင်အားရှာသော်လည်း မတွေ့ရသေးပေ။ ခဏအကြာတွင်ပွဲစတော့မည်ဖြစ်၍ မီးများ
ပိတ်သွားခဲ့သည်။ စင်ပေါ်ကိုထိုးထားသော စလိုက်မီးများသာ လင်းနေလေသည်။ ပွဲကြည့်ပရိတ်သတ်များမှာ
တော့ အမှောင်များချထားလေသည်။ ထက်လွမ်းသူမှာ ဖြိုးလရောင်မလာနိုင်ပြီဟုမှတ်လိုက်ကာ ပွဲကိုသာကြည့်
ရန်ပြင်လိုက်လေသည်။ ထိုအချိန်တွင် ထက်လွမ်းသူ၏လက်အား တစ်စုံတစ်ယောက်လာကိုင်လေသည်။
ဘေးသို့လှည့်ကြည့်လိုက်ရာ…ဖြိုးလရောင်ဖြစ်နေလေသည်။
“ဟင်..လရောင်.ဘယ်လို”
“ရှုး……”
ဖြိုးလရောင်မှာတိုးတိုးနေရန် လက်ညှိုးလေးအား ထက်လွမ်းသူ၏နှတ်ခမ်းလေးသို့ကပ်လိုက်သည်။
“ဘယ်သူမှမသိအောင်သွားရအောင်. လက်ကိုကိုင်ထားနော်..”
ထက်လွမ်းသူမှာ ဖြိုးလရောင်ခေါ်ရာနောက်သို့လိုက်လာခဲ့လိုက်သည်။
ဖြိုးလရောင်နှင့်ထက်လွမ်းသူတို့နှစ်ယောက်မှာ ဟိုတယ်၏အပေါ်ဆုံးအမိုးထပ်သို့ရောက်သွားခဲ့သည်။
အချိန်မှာ 7နာရီရှိနေပြီဖြစ်၍ မိုးမှာမှောင်နေလေပြီ။ အမိုးပေါ်တွင်မည်သူမှမရှိပေ… အမိုးပေါ်ရောက်သည်နှင့်
ဖြိုးလရောင်မှာ အ၀င်ဝတံခါးအားလော့ခ်ချကာပိတ်လိုက်ပြီး ထက်လွမ်းသူအားနမ်းလိုက်သည်။
“အာ..း… လူမြင်ကွင်းမှာ”
“ဘယ်သူမှမတွေ့ပါဘူးဟ”
ထို့နောက်၎င်းတို့နှစ်ဦးမှာ အမိုး၏အစွန်နားလေးတွင်ထိုင်လိုက်သည်။
“လွမ်းသူ ကိုယ်ပြောစရာရှိတယ်”
“ဟင်..`ကိုယ်’ဟုတ်လား..”
“အင်းလေ..ဘာလို့လဲ. ကဲပါပြောစရာရှိတယ်..”
“အင်းပြောလေ”
“နောက်လကျရင် ကိုယ်လက်ထက်ရတော့မှာ..”
“ဟင်.. ဘာ.. စနေတာလားလရောင်”
“မဟုတ်ဘူး လွမ်းသူ မာမီစီစဉ်တာပြီးရင် ကိုယ် ဂျပန်ကိုသွားရမှာ”
“ဘာလို့လည်း.. ငြင်းလိုက်ပေါ့ ဒါဆို.. လွမ်းသူက လရောင်နဲ့တွေ့ဖို့ထက်စောင့်နေရဦးမှာပေါ့”
“မဟုတ်ဘူးလွမ်းသူ ဂျပန်ကိုအပြီးသွားမှာ ဟိုမှာ ကိုယ့်မောင်နှမ၀မ်းကွဲတွေရှိတယ်”
“ဒါဆို..ဒါဆို”
“ကိုယ်..လွမ်းသူကို မခွဲနိုင်ဘူး.. ကိုယ်မသွားနိုင်ဘူး”
ထက်လွမ်းသူမှာမျက်ဝန်းများထဲမှ မျက်ရည်ထွက်လာခဲ့သည်။
“လရောင် သွားမယ်ဆိုလည်း သွားပါ.. လွမ်းသူကလရောင်ကိုပိုင်မှ မပိုင်တာ.. လရောင်သဘောပါဘဲ
လရောင်တိုးတက်ဖို့ဘဲမဟုတ်လား”
“လွမ်းသူ အဲ့လိုမပြောပါနဲ့ကွာ ကိုယ်လွမ်းသူကိုမခွဲနိုင်ဘူး.. ”
“လရောင်ရယ်.. လွမ်းသူလဲ လရောင်ကိုမခွဲနိုင်ပါဘူး..”
“လွမ်းသူ သတ္တိရှိလား..”
“ဘာကို.. ဘာလို့လဲ လရောင်”
ဖြိုးလရောင်မှာ မပြောသေးဘဲ ကုတ်အကျီထဲမှအရာတခုကိုနှိတ်လိုက်လေသည်။ ထို့နောက်ထွက်လာသော
အရာမှာ အိတ်ဆောင်ဓါးလေးတစ်ချောင်းဖြစ်လေသည်။ ထက်လွမ်းသူမှာ အံ့သြမှုများဖြင့်ကြောက်သွားကာ
“ဘာ..ဘာ လုပ်မလို့လဲ လရောင်…”
“ကိုယ်..ကိုယ်.. လွမ်းသူနဲ့မခွဲနိုင်ဘူး.. ခွဲမယ်ဆိုလည်း ကိုယ့်ကိုကိုယ်သက်သေလိုက်မယ်”
“လရောင်.. ကလေးမဆန်ပါနဲ့လရောင်ရယ်.. လရောင်သွားရမှာက.လရောင်ဘ၀တိုးတက်ဖို့လေ..
လရောင်ကောင်းစားမြင်ရင်လွမ်းသူ ပျော်ပါတယ်.. လွမ်းသူကျေနပ်ပါတယ်..လရောင်ရယ်”
“လွမ်းသူက..ကိုယ့်ကိုခွဲနိုင်တယ်ပေါ့.ဟုတ်လား.. ”
“အဲ့လိုမဟုတ်ဘူးလေ..လရောင်. ”
ဖြိုးလရောင်မတ်တပ်ထရပ်လိုက်လေသည်။
“အဲ့လိုမဟုတ်ရင်ဘာလည်း ကိုယ်ကလရောင်ကိုချစ်လွန်းလို့.. အဲ့လိုလုပ်တာလေ. လွမ်းသူကဘာလို့ လဲ”
ထက်လွမ်းသူမှာလည်းမတ်တပ်ရပ်ကာ..
“လွမ်းသူလည်း ကိုယ့်ကိုခွဲနိုင်တယ် ထင်လို့လား လွမ်းသူကပိုတောင်ပိုသေးတယ်.. လရောင်ကိုစတွေ့ကတည်း
ကချစ်လာခဲ့တာ အခုထိဘဲ.. လွမ်းသူလဲမခွဲနိုင်ဘူး..ဒါပေမဲ့ ကိုယ်ဖြစ်ချင်တိုင်းမဖြစ် မဖြစ်ချင်တိုင်းဖြစ်ကျတာ
ဘဲလေ.. ကံကြမ္မာ ကိုဘယ်လိုလုပ်ပြီး ငြင်းနိုင်ပါ့မလဲ..”
“ဟာ.. မသိဘူးကွာ လွမ်းသူ ကိုကိုယ်မခွဲနိုင်ဘူး.. လွမ်းသူနဲ့အတူမနေရမဲ့အစား.ကိုယ်သက်သေတာဘဲ
ကောင်းတယ်..”
ဖြိုးလရောင်ဓါးကိုအားကုန်မြှောက်ကာ ရင်ဘက်တည့်တည့်သို့ထိုးချလိုက်သည်။
“အာ့..”
“လရောင်….”
ထက်လွမ်းသူအသံကျယ်စွာဖြင့်အော်ကာ ဖြိုးလရောင်ကိုလှမ်းဆွဲကာဖက်လိုက်လေသည်။ သို့သော်မမှီလိုက်ပါ
ဓါးမှာရင်ဘက်တည့်တည့်သို့ဝင်သွားကာ သွေးများထွက်လာခဲ့လေသည်။
“လရောင်.. လရောင်ရယ်ဘာလို့ဒီလိုလုပ်ရတာလည်း.. လွမ်းသူဆေးရုံကားခေါ်ပေးမယ်နော် ခဏစောင့်”
ထက်လွမ်းသူ အိတ်ထဲမှဟန်းဖုန်းထုတ်လိုက်လေသည်။ ထို့နောက်ဆက်ရန်ပြင်လိုက်ရာ ဖြိုးလရောင်၏လက်မှာ
ထက်လွမ်းသူ၏ဖုန်းကိုင်ထားသောလက်အားဆွဲလိုက်ကာ
“မ.ဆက်.ပါနဲ့တော့..လွမ်းသူ..ကိုယ်..လွမ်းသူ..ကို.ဘယ်လောက်..ချစ်..လဲ.လွမ်းသူ..သိပြီနော်”
“လရောင်ရယ်..ချစ်တာကို ဒီလိုပြဖို့မလိုပါဘူး.. ”
ထက်လွမ်းသူမှာ မထိန်းနိုင်အောင်ပင်မျက်ရည်များထွက်လာခဲ့လေသည်။
“လွမ်းသူ..ကိုယ့်..ကို..အကို.ဆိုပြီး..တစ်..ခေါက်..လောက်..ခေါ်.ပါ.လား..ကိုယ်..ကြား.ချင်..လို့”
ထက်လွမ်းသူမျက်ရည်များဖြင့် အသံပင်မထွက်နိုင်… ထို့နောက်ဖြိုးလရောင်အားကြည့်ကာ..
“အကို… အကို့ကို ချစ်တယ်..”
ဖြိုးလရောင်မှာ ဒဏ်ရာရထားသည့်ကြားမှ အပြုံးလေးတစ်ခုကို ဖန်ဆင်းလိုက်လေသည်။ ထို့နောက်ရင်ဘက်
တွင်ထိုးဝင်နေသောဓါးအား.. လက်ဖြင့်လှည့်လိုက်ကာ ဆွဲထုတ်လိုက်သည်.. သွေးများမှာ မပြောနိုင်လောက်
အောင်ထွက်လာခဲ့လေသည်။
“အာ့..”
“ကိုယ်…အဲ့လို မလုပ်နဲ့လေ.. လရောင်”
ဖြိုးလရောင်မှာ ပြုံးလျက်သာ ငြိမ်သက်သွားခဲ့လေသည်။
ထို့နောက်ထက်လွမ်းသူမှာ မှင်သက်ကာ ဓါးကိုကောက်ကိုင်ပြီး ဖြိုးလရောင်အတိုင်းပင် ရင်ဘက်သို့စိုက်တွင်း
လိုက်လေတော့သည်။
*****************************************************************************
ရေဝေးသုဿန်တွင် အုတ်ဂူလေး နှစ်ခုရှေ့၌ မတ်တပ်ရပ်နေသူနှစ်ဦးရှိလေသည်။
ထိုသူနှစ်ဦးမှာဒေါ်မြကတ္တီပါ နှင့်ဒေါ်နှင်းမူယာတို့ပင်ဖြစ်လေသည်။ ၄င်းတို့နှစ်ယောက်ရှေ့တွင်ရှိသော
အုတ်ဂူလေးနှစ်ခု၏အမည်များမှာ မောင်ဖြိုးလရောင် ဆိုသည်ကတစ်ခုမောင်ထက်လွမ်းသူဆိုသည်မှာတစ်ခုဖြစ်
လေသည်။.. ဒေါ်မြကတ္တီပါနှင့် ဒေါ်နှင်းမူယာတို့နှစ်ဦးမှာတော့အတွေးကိုယ်စီဖြင့်သာ စိတ်မကောင်းစွာရပ်နေ
လေသည်။ သူတို့၏စိတ်ထဲတွင်ရှိနေသည့်အရာမှာ ………ဆန်းကျယ်သောအချစ်နှင့် မွေးဖွားလာသော
လူနှစ်ဦးနှင့် လူနှစ်ယောက်၏ ကိုယ်ပိုင်ဘ၀များကို ချုပ်ချယ်ကာပါဝင်ပတ်သတ် ခဲ့သော လူနှစ်ယောက်၏
အကြောင်းများပင်ဖြစ်လေတော့သည်။ ။ ။
(အချစ်ကြောင့်အပြစ်ရှိကြသည်။)                            
ဆောင်းထက်ဝေ--ဆက်လက်ကြိုးစားလျက်။




5 comments:

  1. နှစ်ယောက်စလုံးသေသွားတာပဲ ဆောင်းထက်ဝေရယ် ရက်စက်တယ် ရက်စက်တယ် သိပ်ရက်စက်တယ် အဟင့်

    ReplyDelete
  2. gay love story တွေမှာ happy ending ဆိုတာမရှိတော့ဘူးလား.............

    ReplyDelete
  3. ခံ့စားရတယ်

    ReplyDelete
  4. တွားပီတွားပီ

    ReplyDelete
  5. ဒီထက်ကောင်းတဲ့ ဖြေရှင်းနည်း မရှိတော့ဘူးလားဟ
    ရက်စက်လိုက်တာ စာရေးဆရာရယ်

    ReplyDelete