This is the best gay website for Myanmar gay peoples.

Friday, July 27, 2012

On 7:32 AM by Unknown in    No comments





နီယွန်အခန်းအပြင်ဖက်သို့ ထွက်သွားတော့ ဂီနိုနီယွန်ကျောပြင်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်ရင်းကျန်ခဲ့သည်။ နီယွန်ထွက်သွားသည်ကို သူနှမြောသလိုဖြစ်နေမိသည်။ ဘာဖြစ်လို့ပါလိမ့် သူ့စိတ်က ဒါကိုတမ်းတမ်းတတလိုချင်နေသလိုဖြစ်နေသည်ကို သူအံ့သြမိသည်။ သူ့ဘ၀တွင် လိင်နှင့်ပက်သက်ပြီး မည်သည့်အတွေ့အကြုံမှ ရှိခဲ့ဖူးသည်မဟုတ်သောကြောင့်လား။ သူဝေခွဲမရဖြစ်နေမိသည်။ ရှင်းရှင်းပြောရလျှင် လိင်ဇာတ်ကားမျိုးတွေကိုတောင် သူကြည့်ဖူးသည်မဟုတ်ပါ။ အတွေ့အကြုံနုနယ်လွန်းသည့် သူ့အဖို့ ဆန်းသစ်တဲ့ကမ္ဘာရောက်သွား သလို နီယွန်၏ပြုစုယုယမှုအောက်တွင်သူနစ်မြောနေမိသည်။ သည်အချိန်မှာ မိုးမြင့်သာ မရောက်လာခဲ့ပါက သူနှင့်နီယွန် ဘာတွေဆက်ဖြစ်တော့မည်ကို သူမတွေးတတ်။ သေချာသည်က နီယွန်ဘာလုပ်လုပ်သူငြင်းမိမည်မထင်ပါ။ ဘာကြောင့်ပါလဲ?????







               



အခန်းထဲတွင် မှောင်မိုက်လျှက်ရှိသည်။ ကုတင်မှာ နှစ်ထပ်ကုတင်အမျိုးအစားဖြစ်ပြီး ကျောင်းသားအဆောင်တို့ အလုပ်သမားအဆောင်တို့တွင် အသုံးများသော ကုတင်များဖြစ်သည်။ သူကတော့နောက်မှရောက်သည်ဆိုတော့ ကုတင်အပေါ်ထပ်တွင်သာနေရာရသည်။ တစ်ယောက်ထဲအိပ်မပျော်နိုင်ဖြစ်နေရင်း အိပ်ယာထဲတွင်လူးလိမ့်နေမိသည်။ ကုတင်ပြောင်း၍ အိပ်မပျော်သည်လား သို့မဟုတ် သူ့ခေါင်းထဲရောက်နေသည့် စဉ်းစားစရာတွေက ထွက်မသွားနိုင်၍လားတော့ မသိပါ။ သေချာသည်က သူချမိသည့်သက်ပြင်းတွေဟာ အကြိမ်ရေမရေတွက်နိုင်တော့အောင် များနေပြီဆိုတာပင်။






ကုတင်အထက်နံရံတွင် ချိတ်ထားသော နံရံကပ်ပန်ကာလေးမှ မှုတ်ထုတ်လိုက်သော ညလေအေးတစ်ချို့က သူ့အနားရှိပြက္ခဒိန်စာရွက်တွေကို အနည်းငယ် လှုပ်ခတ်သွားစေသည်။ စိတ်ထဲအိုက်စပ်စပ်ဖြစ်လာသည်မို့ ၀တ်ထားသည့် အပေါ်စွတ်ကျယ်ကို ငုတ်တုတ်ထိုင်ကာ ချွတ်ပစ်လိုက်၏။ သူ့ခါးတွင် အားကစားလုပ်သည့် ဘောင်းဘီအတိုလေးသာ ရှိသည်။ ထို့နောက် ကုတင်ပေါ်သို့ ဘုန်းကနဲပစ်လှဲချလိုက်မိပြန်၏။ မနက်ဖြန်မှာသူစလုပ်ရမည့်အလုပ်ကြီးကို စဉ်းစားရင်း ရင်တော့လေးမိတာအမှန်ပင်။ ဘာပဲဖြစ်ဖြစ် ဖြစ်သမျှအကောင်းကြီးဟုသာ သတ်မှတ်ရတော့မည်။ သူအတွေးထဲက စကားလုံးတွေကို နှုတ်မှတဖွဖွရေရွတ်နေမိရင်း သူ့ခန္ဓာကိုယ်ကို ဘာရယ်မဟုတ်ပွတ်သပ်နေမိသည်။





သူ့တွင် လူတွေသဘောကျလောက်စရာ ခန္ဓာကိုယ်ရှိသည်။ ဆွဲဆောင်မှုရှိသည့် မျက်နှာနှင့် ရှည်လျှားသည့် အရပ်အမောင်းကလည်း သူ့အတွက်သဘာဝကရသည့် လက်ဆောင်တွေပမာပါပင်။ ဆင်းရဲတာခြင်းတူလျှင်တောင်မှ သူကအခြားသူများထက်တော့ အခွင့်အရေးကောင်းတွေ ရနိုင်ပါသေးသည်။ ထို့အတွက်ပဲ လောကကြီးကို ကြံဖန်ကျေးဇူးတင်ရမည်ထင်သည်။ သူအကြောတစ်ချက် ဆန့်လိုက်ပြီး လက်မောင်းတွေကို လေထဲကိုမြှောက်ကာ တစ်ချက်သန်းဝေလိုက်သည်။ ထို့နောက် သူ့လက်တွေကို ခါးအလယ်ရှိ ငယ်ပါပေါ်သို့ ထပ်တင်ထားလိုက်မိသည်။ သူ့အကြောအချဉ်တွေ ထဲတွင် ရမ္မက်ဆန္ဒတို့ပြင်းပြနေမိသည်။ သူ့စိတ်ထဲတွင် ဆာလောင်နေသည်က ကျားရဲတစ်ကောင်လိုပါပင်။ သူ့မျက်ကြောများကို မှေးစဉ်းလိုက်ပြီး သူ့လက်တွေကို ငယ်ပါပေါ်သို့ ဆုပ်နှယ်လိုက်ကာ တစ်ခုခုကို ဖြေသိမ့်နေမိသည်။









                                                   ******************





“ဒေါက် …………..ဒေါက်……………ဒေါက်”



“ဒေါက်………..ဒေါက် ဂီနို။ ဟေ့ကောင် ဂီနို တံခါးလာဖွင့်ဦး”



နားထဲဝင်လာသည့် ဆူဆူညံညံအသံတွေကြောင့် ဂီနို မျက်လုံးကို ဖြေးဖြေးချင်းဖွင့်ကြည့်မိသည်။ မနက်မိုးလင်းနေချေပြီ။ ညက သူဘယ်အချိန်အိပ်ပျော်သွားလိုက်မှန်းမသိပါ။ မိုးစင်စင်လင်းမှ ပင်နိုးတော့သည်။ သူ့မျက်နှာပေါ်သို့ ၀ဲကျနေသည့် ဆံပင်တွေကို သပ်တင်လိုက်ပြီး ကုတင်ပေါ်သို့ ငုတ်တုတ်ထထိုင်လိုက်၏။ ထို့နောက် သူ့ကိုယ်ပေါ်ရှိ ခြုံစောင်ကြီးကို ဖယ်ပစ်လိုက်၏။ သူ့အားကစားဘောင်းဘီတွင် အနည်းငယ်စိုစွတ်စွတ် အကွက်လေးက ယခုထိရှိနေသည်။ သူတစ်ချက်ပြုံးလိုက်မိသည်။ အပြင်ဖက်မှနီယွန်ကအော်နေပြီဖြစ်သောကြောင့် တံခါးဖွင့်ပေးရန် အတွက်သူ ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။ ထို့နောက် အခန်းတံခါးကို သွားဖွင့်ပေးလိုက်၏။





“ အိပ်လှချည်လား ဂီနိုရာ။ ငါခေါ်နေတာ ကြာနေပြီ အခုမှပဲအထဲဝင်ရတော့တယ်။”



သူနီယွန်ကို ဘာပြောရမှန်းမသိ။ မိမိကိုယ်တိုင်က အိပ်ပုပ်ကြီးနေတော့လည်း ဘာမှမပြောသာပဲ အရှက်ပြေသာ ပြုံးလိုက်မိ၏။ နီယွန်ကသူ့ကို စေ့စေ့စပ်စပ်ကြည့်သည်။ ထို့နောက်သူ့ဘောင်းဘီက အကွက်ကလေးကိုမြင်သွားသည်ထင်သည်။ မျက်လုံးလေးဝိုင်းစက်သွားသည်ကို သတိပြုမိသည်။ သူကြည့်နေတုန်းမှာပင် နီယွန်က သူ့မျက်နှာကိုမော့ကြည့်လာသည်။ သူကလဲကြည့်နေသည်ဆိုတော့ ရုတ်တရက် နီယွန်နှင့်အကြည့်ချင်းဆုံသွားသည်။





“ ဂီနိုမင်းညက ဒါ……………..ဒါလုပ်ထားတာလား”



နီယွန်က သူ့ကိုလည်းကြည့်ရင်း ဘယ်ဖက်လက်ကို လက်သီးဆုပ်ကာ အထက်အောက် လှုပ်ပြသည်။ သူသဘောပေါက်လိုက်သည်။ နီယွန်က အကင်းတော်တော်ပါးသည်ပဲ။ သူနီယွန့်ကို ဘာပြန်ပြောရမှန်းမသိတော့။



“ဂီနို………………………..”



ဒုတိယအကြီမ် နီယွန်ဆီမှအသံထွက်လာသောအခါ ငုံ့ထားသောသူ့ခေါင်းကို ပြန်မော့လိုက်၏။



“နီယွန် ငါဗိုက်ဆာနေပြီ။ ငါ့ကိုတစ်ခုခု လိုက်ကျွေးပါလား”



“ဟင်…………………….”





မနက်ခင်းအစတစ်ခုတွင် များပြားလှသော လှုပ်ရှားသွားလာနေသည့် လူများဖြင့် ဈေးလမ်းမကြီးသည် စည်ကားလျှက်ရှိသည်။ ဆပ်ပြာဖြင့် မျက်နှာသစ်လာခဲ့သောကြောင့် သူ့မျက်နှာမှ ဆပ်ပြာရနံ့က ယခုထိသင်းနေသေးသည်။ လူတွေကိုငေးရင်း နီယွန်ခေါ်ရာနောက်သို့ သူလိုက်လာခဲ့သည်။ ဗိုက်ထဲတွင်တော့ တဂွီဂွီဖြင့်ဆာနေချေပြီ။



“ဂီနို မင်းဘာစားချင်လဲ”



“ခေါက်ဆွဲ “



“ဘာခေါက်ဆွဲလဲ”



“ဘာခေါက်ဆွဲပဲဖြစ်ဖြစ်ကွာ ဗိုက်ဝရင်ပြီးတာပဲ”





နီယွန်က  သူ့အဖြေကို သဘောကျသွားဟန်တူသည် တဟားဟားဖြင့်လူတွေ ကြားထဲတွင်ရယ်လေတော့သည်။ သူတို့နှစ်ယောက်တဖြည်းဖြည်းလျှေက်လာရင်း စားသောက်ဆိုင်ရှေ့ တစ်ခုသို့ရောက်သော် နီယွန်က ခြေလှမ်းတွေကို အရင်ရပ်တန့်လိုက်သည်။ နီယွန်ရပ်တော့သူပါလိုက်ရပ်လိုက်၏။



“ဂီနို ဒီဆိုင်မှာစားရအောင် “



“အင်းကောင်းသားပဲ “



ဆိုင်ထဲသို့ရောက်သော စားပွဲဝိုင်းတစ်ခုတွင်နေရာယူလိုက်ကာ သူနှင့်နီယွန် ခေါက်ဆွဲမှာလိုက်သည်။ ခဏကြာတော့ ခေါက်ဆွဲပန်းကန်နှစ်ပွဲရောက်လာသည်။ အငွေ့တထောင်းထောင်းဖြင့် ခေါက်ဆွဲပန်းကန်က သူ့ကိုပိုမိုဆာလောင်အောင် လှုံ့ဆော်လျှက်ရှိသည်။



“ရော့တူ။ စားပေတော့”



နီယွန်လှမ်းပေးသော တူတစ်စုံကို ယူကာ စားပွဲပေါ်တွင် ဒေါက်ကနဲထောက်ကာ တူအိတ်မှ တူကိုချွတ်ပစ်လိုက်သည်။ ထို့နောက် ခေါက်ဆွဲပန်းကန်ကို တစ်ချက်ကြည့်လိုက်၏။ ခေါက်ဆွဲမှာ ရှမ်းခေါက်ဆွဲဖြစ်ပြီး အပေါ်တွင် ကြက်သွန်မြိတ်နှင့်အသားတုံးမွမွလေးတွေကို စားချင်စဖွယ်ပြင်ထားသည်။ သူခေါက်ဆွဲတွေကိုတူဖြင့်ညှပ်ကာ ပထမဦးဆုံးမြည်းကြည့်လိုက်သည်။ မဆိုးဘူး။ ဒီဆိုင်က ခေါက်ဆွဲတော်တော်လုပ်တတ်သားပဲ။ သူ့စိတ်ထဲတွင် ကျိတ်၍ချီးကျူး လိုက်၏။ နီယွန်ကတော့ ခေါင်းမဖော်တမ်းပင်စားနေသည်။ သူလဲဆာနေရှာမည်ပေါ့။



“နီယွန်”



“အင်းပြော”



“ခေါက်ဆွဲကတော်တော်ကောင်းတာပဲ။ ဒါပေမယ့် ငါစားသာစားနေတာ ခေါက်ဆွဲထဲမှာပါတဲ့ အသားကို ဘာသားမှန်းမသိဘူး”



နီယွန်က သူ့ကိုကြည့်ပြီး ခေါက်ဆွဲတွေပလုပ်ပလောင်းဖြင့် ပြုံးသည်။ ထို့နောက် ရေနွေးပန်းကန်လုံး ထဲမှရေတွေကို ဖူးကနဲမှုတ်ကာ တစ်ကျိုက်ခန့်မော့လိုက်၏။



“အဲ့ဒါတော့ မင်းညံ့တယ်လို့ပြောရမလား။ လွန်တယ်လို့ပြောရမလားပဲ။ ကိုယ်စားနေတဲ့အသားတောင် ဘာသားမှန်းမင်းမခန့်မှန်းတတ်ဘူးလား”



“အင်း စားလို့ကောင်းတာတော့သိတယ်။ ဒါပေမယ့် ကြက်သားလိုလို ၀က်သားလိုလိုနဲ့ မဟုတ်ပြန်ဘူး။အမဲသားလဲ မဟုတ်ဘူးထင်တာပဲ”



နီယွန်က သည်တစ်ခါ ဟက်ဟက်ပက်ပက်ရယ်သည်။



“မင်းခန့်မှန်းကြည့်လေ”



“ကြက်သားလား”



နီယွန်ကခေါင်းခါသည်။



“ဒါဆိုရင် ၀က်သားလား”



“No”



“ဒါမှမဟုတ် အမဲသား ဒါမှမဟုတ်သေးရင်လဲ ဘဲသား”



နီယွန်က  သူ့ကိုကြည့်ပြီး တစ်ခစ်ခစ်ရယ်နေတော့သည်။ ထို့နောက် စားပွဲခုံပေါ်မှ ရုတ်တရက်ထားသွားကာ ဆိုင်ထဲဝင်သွားသည်။ ခဏခန့်ကြာသော် လက်ထဲတွင် စာအုပ်တစ်အုပ်ကိုကိုင်ကာ ပြန်ထွက်လာသည်။ အနားသို့ရောက်သော် သူ့ထိုင်ခုံတွင် ပြန်ဝင်ထိုင်လေသည်။



“ဂီနို မင်းအခုစားနေတဲ့အသားက ဒီပုံထဲကအကောင်ပဲ”



ပြောပြောဆိုဆိုဖြင့်သူ့ကို နီယွန်က လက်ထဲမှ စာအုပ်လေးကို ထောင်ပြသည်။ သူရုတ်တရက် နီယွန်ပြသော စာအုပ်လေးကိုလှမ်းကြည့်လိုက်တော့ တွေ့လိုက်ရသည့်ပုံက အမွှေးစုတ်ဖွားဖြင့် ခွေးကလေးတစ်ကောင်။ ဟိုက်………………..



“ဒါ……..ဒါဆိုရင် ခွေးသားတွေလား”



“Yes”



“ဝေါ့……………………………………………”







                                                                                           ဆက်ရန်ရှိသေးသည်


0 comments:

Post a Comment