This is the best gay website for Myanmar gay peoples.

Sunday, May 25, 2014

On 3:48 AM by Unknown in    No comments


Saturday, May 24, 2014

On 8:30 AM by Unknown in    1 comment

Friday, May 23, 2014

On 3:34 AM by Unknown in    5 comments





ဒီအကြောင်းကို စဉ်းစားမိနေတာကြာပါပြီ။ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်နေတာပါ။ ကျွန်တော်တို့ ဂေးတွေအတွက် အခက်အခဲကြီးတစ်ခုဆိုလဲဟုတ် ပြသနာတစ်ခုဆိုလဲဟုတ်တဲ့ ဒီအကြောင်းအရာကို ကျွန်တော်စဉ်းစားမိသလောက် ဆွေးနွေးတင်ပြချင်ပါတယ်။ အမြင်မတူလို့ ကွဲလွဲချက်တွေရှိနေရင်လဲ စာဖတ်သူတို့အနေနဲ့ မိမိအမြင်များကိုလွတ်လပ်စွာ ထင်မြင်ချက်ပေးပိုင်ခွင့်ရှိပါကြောင်းနဲ့ လွတ်လပ်စွာ ဆွေးနွေးဖလှယ်နိုင်ပါကြောင်းကိုလဲ ပြောကြားလိုပါတယ်။

ဒီအကြောင်းကိုဆွေးနွေးမယ်ဆိုရင် အရင်ဆုံးအပွင့်တွေကို ခဏဘေးဖယ်ထားချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငယ်ငယ်ကတည်းကပွင့်နေတဲ့

Thursday, May 22, 2014

On 3:16 AM by Unknown in    No comments



On 3:07 AM by Unknown in ,    1 comment
နေမောင်ကို မွေးခဲ့တုန်းက ဖေဖေတော်တော်ပျော်ခဲ့သည်တဲ့။ နေမောင်ရှေ့တွင် သမီးချည်းပဲကို သုံးယောက်တိတိတောင် မွေးထားခဲ့သည်ဖြစ်ရာ သားတစ်ယောက်လိုချင်လွန်းလှသော ဖေဖေသည် ဘယ်တုန်းအခါကမှ မယုံခဲ့သည့် ဗေဒင်များ၊ယတြာများကိုပင် လျှင် အတော်ကြီးယုံခဲ့သည်ဟုဆိုသည်။ ဘုရားတွင်လည်း အကြိမ်ကြိမ်ဆုတောင်းခဲ့ရသည်ဟု မေမေကပြောပါသည်။ ထို့နောက်တွင် နေမောင့်ကိုမွေးသည်။ ဖေဖေကား ပျော်မဆုံးပြီတည်း…။
သားတစ်ယောက်မွေးရခြင်းနှင့် သမီးတစ်ယောက်မွေးရခြင်းသည် အလွန်တရာကိုမှ ကွာခြားလွန်းလှသည်ဟု ဖေဖေက ခံယူသူပင်..။ သမီးဆိုသည့်အမျိုးက အချိန်တန်လျှင် အိမ်ထောင်ကျပြီး သျှောင်နောက်ဆံထုံးပါ ယောက္ခမအိမ်သွားရမည့်သူ၊ မွေးသောမိဘများ မပိုင်ရ။ အားကလည်းကိုးလို့မရ။ တစ်နည်းအားဖြင့် သမီးတစ်ယောက်ရလာခြင်းသည် ဘာကိုမှ ကြီးကြီးမားမား မျှော်မှန်း၍မရ..။ သားဆိုသည့် အမျိုးကတော့ ထိုသို့မဟုတ် မွေးကတည်းက သက်ဆိုင်းတိုင် မိဘဖြစ်သူတွေနှင့်အတူတူနေပေးမည့်သူဟု ဖေဖေကခံယူသည်။ ကိုယ်က ပိုင်ဆိုင်ခွင့်ရသည်…ဒီကြားထဲ အချိန်တန်လျှင် လိမ္မာသော ချွေးမလေးတစ်ယောက်ကိုလည်း အိမ်ပေါ်သယ်ဆောင်လာပေးဦးမည်။
ယောက်ျားလေးဖြစ်သောကြောင့်လည်း တစ်နေ့တွင် ဖအေ့ခြေရာနင်း၊ ဖအေရုန်းခဲ့သမျှ အလုပ်တွေ ဆက်ခံလုပ်ကိုင်ပေးမည့်သူ၊ မိဘကို သက်ဆုံးတိုင် လုပ်ကျွေးမည့် သူ….စသဖြင့် စသဖြင့်သော ခံယူချက် မျှော်မှန်းချက်တွေနှင့် ဖေဖေပါတည်း။
သို့သော်…..

Sunday, May 18, 2014

On 3:30 AM by Unknown in    5 comments




ရသခေါက်ဆွဲပန်းကန်းလေးကိုကောက်ကိုင်လိုက်ပြီး မီးဖိုချောင်ထဲမှထွက်လာခဲ့သည်။ ဧည့်ခန်းထဲမှ တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့ ညရှစ်နာရီထိုးခါနီးနေပြီဖြစ်သည်။ မေမေအခုထိပြန်မရောက်သေးပါ။ ထားပါတော့လေဟုတွေးလိုက်ပြီး ခေါက်ဆွဲပန်းကန်ကိုသူ့အိပ်ခန်းထဲထိယူဆောင်လာခဲ့သည်။ အခန်းထဲသို့ ရောက်သောအခါ စာကြည့်စားပွဲပေါ်ရှိ Table lamp လေးကိုဖွင့်လိုက်သည်။ ထို့နောက် ခေါက်ဆွဲပန်းကန်ကို စားပွဲပေါ်သို့တင်ထားလိုက်ပြီး စာကြည့်ရန်ပြင်လိုက်သည်။ ဒါပေမယ့် စိတ်ကစာထဲမှာမရောက်ပဲ နေ့လည်က ကိစ္စကိုပဲတွေးနေမိပါသည်။ သူဘာကြောင့်များ ဒီလိုဖြစ်နေသလဲဆိုတာစဉ်းစာလို့မရပါ……

မင်းသန့်ဇင်

လက်လေးထဲမှ ဖုန်းလေးကိုကိုင်ကာမင်းသန့်ဇင်တစ်ယောက် စိတ်ညစ်နေပါသည်။ သူရသဆီစာပို့မလို့ ပြင်နေခြင်းဖြစ်သည်။ ဒါပေမယ့်စကားကိုဘယ်ကနေဘယ်လို စပြောရမှန်းမသိဖြစ်နေတာနဲ့ ဖုန်းကိုသာ အကြာကြီးကိုင်ထားနေမိတော့သည်။ နေ့လည်က ရသပါးကိုကိုင်မိခဲ့တဲ့အတွက် ရသကိုအထင်မလွဲသွားစေ ရန်ပြောလိုနေခြင်းဖြစ်သော်လည်း ဘယ်လိုမျက်နှာမျိုးနဲ့ ရသကိုရင်ဆိုင်ရမလဲလို့ပြန်တွေးမိတိုင်း စိတ်ထဲ ရှုပ်ထွေးလို့သွားရကာ မိမိကိုယ်သာအပြစ်တွေထပ်တလဲလဲတင်နေမိပါတော့သည်။ သက်ပြင်းလေးကို တစ်ချက်ချလိုက်ပြီး ဖုန်းMassage area ထဲကိုသူစာသားအချို့ စတင်ရိုက်လိုက်သည်။

Thursday, May 15, 2014

On 6:59 PM by Unknown in    8 comments



တကယ်ဆို
ရနံ့ မပေးလိုခဲ့ပါဘူး
ငေးကြည့်နေရုံလေးပဲ
ကျေနပ်ခဲ့တာပါ
ပန်းတစ်ပွင့်ပဲကွယ်….
ဖူးပွင့်ရုံပဲ တတ်နိုင်ပါတယ်။
(၁)
          ကြီးကျယ်ခမ်းနားတဲ့ လက်ထပ်မင်္ဂလာ အခမ်းအနားလေးတစ်ခု…။
          ဖိတ်ကြားခြင်း မခံရပဲ ကျွန်တော့်ဆန္ဒတစ်ခုတည်းနဲ့ ကျွန်တော် ရောက်နေခဲ့တာပါ။ တက်ရောက်လာကြတဲ့ နှစ်ဖက်အသိုင်းအဝိုင်းတွေ၊ သူငယ်ချင်းတွေ အများကြီးကြားက ထောင့်ကွယ်က နေရာလေးမှာ ကျွန်တော် နေရာယူလိုက်ပါတယ်။
          သူငယ်ချင်းရယ်…. မင်းပျော်နေမယ့် မျက်နှာလေးကို နောက်ဆုံးတကြိမ် ငါ တွေ့ခွင့်ရချင်လို့ပါ။ မင်းက အခွင့်မပေးခဲ့တော့ ငါကပဲ အခုလို ဖန်တီးခဲ့ရတယ်လေ။ ဘာလို့ ငါ့ကို မဖိတ်ကြားခဲ့တာလဲ။ ဘာလို့ အသိမပေးခဲ့တာလဲ။