This is the best gay website for Myanmar gay peoples.

Friday, May 23, 2014

On 3:34 AM by Unknown in    5 comments





ဒီအကြောင်းကို စဉ်းစားမိနေတာကြာပါပြီ။ ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်နေတာပါ။ ကျွန်တော်တို့ ဂေးတွေအတွက် အခက်အခဲကြီးတစ်ခုဆိုလဲဟုတ် ပြသနာတစ်ခုဆိုလဲဟုတ်တဲ့ ဒီအကြောင်းအရာကို ကျွန်တော်စဉ်းစားမိသလောက် ဆွေးနွေးတင်ပြချင်ပါတယ်။ အမြင်မတူလို့ ကွဲလွဲချက်တွေရှိနေရင်လဲ စာဖတ်သူတို့အနေနဲ့ မိမိအမြင်များကိုလွတ်လပ်စွာ ထင်မြင်ချက်ပေးပိုင်ခွင့်ရှိပါကြောင်းနဲ့ လွတ်လပ်စွာ ဆွေးနွေးဖလှယ်နိုင်ပါကြောင်းကိုလဲ ပြောကြားလိုပါတယ်။

ဒီအကြောင်းကိုဆွေးနွေးမယ်ဆိုရင် အရင်ဆုံးအပွင့်တွေကို ခဏဘေးဖယ်ထားချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငယ်ငယ်ကတည်းကပွင့်နေတဲ့
ဂေးတစ်ယောက်က သူဟာဂေးလို့ မပြောရင်လဲ လူတိုင်းက ဂေးဆိုတာ သိနေပြီးသားဖြစ်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူကပွင့်နေပြီးသားလေ။ ဒါကြောင့် မိဘတွေဆိုတာလဲ ကိုယ်မွေးထားတဲ့သားသမီးမိုလို့ အထူးတလည်ဖွင့်ပြောနေစရာမလိုပဲ သိနေကြမှာပါပဲ။ အဓိကကတော့ အပုန်းတွေအတွက်ပါ။ အပုန်းဆိုတဲ့နေရာမှာ မနွဲ့တနွဲ့နဲ့ ယောကျာ်းပုံပေါက်နေသေးတဲ့သူတွေကော (တစ်ချို့ကျတော့ လူပုံကမနွဲ့ပဲနဲ့အသံကပဲနွဲ့နေတာမျိုး)၊ လုံးဝယောကျာ်းစစ်စစ်ပုံစံနဲ့ပုန်းနေတဲ့သူတွေကော၊ လူမသိသူမသိ ယောကျာ်းရောမိန်းမရောကြိုက်တဲ့ ဟိုမရောက်ဒီမရောက် နှစ်ဖက်ချွန် Bisexual တွေကောအားလုံးကို ထဲ့ပြောလိုက်ပါမယ်။

ဒီတော့ နံပါတ်တစ်အချက်စဉ်းစားရမယ့်အရာကို ဆွေးနွေးရမယ်ဆိုရင် ကိုယ်ကိုကိုယ်စမ်းစစ်ပါ။ ကိုယ်ဟာဂေးဆိုတာသေချာနေပြီလားဆိုတာကို စမ်းစစ်ပါ။ တကယ်လို့ ဂေးဆိုတာ ၁၀၀% သေချာနေပြီဆိုရင် နောက်ထပ်ဆုံးဖြတ်ချက်ချရမှာက ဖွင့်ပြောသင့်မပြောသင့်ဆိုတာကိုပါ။ အဲ့ဒီလိုဆုံးဖြတ်တဲ့နေရာမှာလဲ အခြေနေတွေအများကြီးပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ကိုချသင့်တယ်လို့ထင်ပါတယ်။

မိဘတွေရဲ့အခြေအနေ

မိဘတွေရဲ့အခြေအနေကို အရင်လေ့လာပါ။ ကိုယ့်မိဘတွေက ဘယ်လိုလူတန်းစားမျိုးထဲမှာပါသလဲ။ ဥပမာ ပညာတတ်လူတန်းစားလား။ ဒါမှမဟုတ် ပညာသိပ်မတတ်တဲ့လူတန်းစားလား၊ ဂေးတွေအပေါ်မှာ ဘယ်လိုမြင်တတ်ကြတဲ့သူတွေလဲ ဂေးတွေကိုမုန်းတီးသူတွေလား၊ ဂေးဆိုတာလက်ခံနိုင်တဲ့အခြေအနေ ရှိနိုင်လား။ ကိုယ့်ကိုမွေးထားတဲ့မိဘတွေကိုတော့ ခန့်မှန်းတတ်လောက်မယ်ထင်ပါတယ်။ ဥပမာ ကိုယ့်မိဘက ဂေးတွေကိုမုန်းတီးနေတဲ့သူ ဒါမှမဟုတ် ဂေးဆိုတာကိုလက်ခံနိုင်စွမ်းမရှိတဲ့အခြေအနေ (ဂေးဖြစ်တည်ခြင်းကို နားလည်ရည်စွမ်းမရှိတဲ့အခြေအနေ) ယုတ်စွအဆုံး အချို့မိဘတွေက အခြောက်ဆိုတာကိုသိပါတယ် ဒါပေမယ့် ယောကျာ်းအချင်းချင်းကြိုက်တတ်ကြတယ်ဆိုတာကို လုံးဝမသိသေးတဲ့သူတွေရှိပါတယ်။ အဲ့ဒီတော့ ကိုယ့်မိဘတွေဟာ အဲ့ဒီလိုအခြေအနေမျိုးထဲမှာပါနေတယ်ဆိုရင် ချက်ချင်းဖွင့်မပြောသင့်သေးပါဘူး။

ကိုယ်ဟာဂေးဆိုတာကို ဖွင့်ပြောလိုက်တာနဲ့ ချက်ချင်းထူးခြားတဲ့အကျိုးကျေးဇူးတွေ ရချင်မှရလာလိမ့်မယ်။ ကံမကောင်းလို့ မိဘအခြေအနေကိုမလေ့လာပဲ ကိုယ်ပြောချင်တာပဲဇွတ်ပြောပစ်လိုက်တယ်ဆိုရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေရရှိလာနိုင်ပါတယ်။ ထိုင်နေလျက်ကောင်းသား ထသွားမှကျိုးမှန်းသိ ဆိုသလိုဖြစ်နေမှာစိုးလို့ပါ။ ဥပမာ ကျွန်တော့်ရဲ့မိဘအခြေအနေနဲ့ တိုင်းတာပြီးပြောရမယ်ဆိုရင် ကျွန်တော့်မိဘတွေက ဂေးဆိုတာကိုသိကြပါတယ်။ ဂေးကိုမုန်းတီးနေတဲ့သူတွေလဲ မဟုတ်ပါဘူး။ ဒါပေမယ့် ဂေးဆိုတာကို သူတို့လက်ခံချင်မှလက်ခံနိုင်ကြလိမ့်မယ်။ တကယ်လို့လက်ခံနိုင်တယ်ပဲထားဦး သူတို့ကိုယ်တိုင်မွေးထားတဲ့ သားသမီးကဂေးဖြစ်နေတယ် ယောကျာ်းအချင်းချင်းကိုမှ ကြိုက်ပါတယ် ဆိုရင် သူတို့ဆက်ပြီး ဂေးဆိုတဲ့ဖြစ်တည်ခြင်းကို လက်ခံနိုင်စွမ်းအားရှိပါဦးမလား။

အနည်းဆုံးတော့ ကိုယ့်သားသမီးက ဒီလိုဖြစ်နေတယ်ဆိုရင် ဘယ်မိဘကမဆိုး ယူကျုံးမရဖြစ်နေမိမှာပဲ။ ဒါကြောင့် ကျွန်တော့်မိဘတွေကို ကျွန်တော်လောလောဆယ်မှာတော့ ဖွင့်ပြောဖို့ စိတ်ကူးမရှိသေးပါဘူး။ ဖွင့်ပြောရမယ့်အခြေအနေတစ်ခုရအောင် ဖန်တီးပြီးတဲ့အချိန်ကျရင်တော့ ဖွင့်ပြောချင်ဖွင့်ပြောပါလိမ်မယ်။ အဲ့ဒီလိုအခြေအနေမျိုးရအောင် ဘယ်လိုဖန်တီးရမလဲဆိုတာကို အောက်မှာဆက်ပြီးဆွေးနွေးပါမယ်။ ဆက်ပြီးဖတ်ပေးပါဦး။ အခုလောလောဆယ်အခြေအနေမျိုးနဲ့သာ ဖွင့်ပြောလိုက်မယ်ဆိုရင်တော့ အနည်းဆုံး အဖေ့ဆီက လက်သီးတစ်ချက်နဲ့အိမ်ပေါ်ကမောင်းချတာခံရနိုင်ပါတယ်။

ဆက်ပြီးပြောရမယ်ဆိုရင် စောစောကပြောထားခဲ့သလိုပဲ ကိုယ့်မိဘတွေအခြေအနေဟာ ဖွင့်ပြောလို့ မဖြစ်နိုင်သေးဘူးဆိုရင်တော့ ဖွင့်မပြောသေးတာအကောင်းဆုံးပါပဲ။ ဘယ်လောက်ပဲ ပြောချင်ပြောချင် စိတ်ထဲမှာ အောင့်အီးပြီးမျိုသိပ်ထားလိုက်ပါ။ ဂေးဖြစ်တယ်ဆိုတာ ဂုဏ်ယူစရာမဟုတ်ပါဘူး ဂေးဖြစ်နေတယ်ဆို တာကိုလဲ လူတကာကိုသိအောင်ပြောနေဖို့မလိုပါဘူး။ အဓိကက ကိုယ့်နဲ့ပက်သက်မယ့်သူတွေ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ မောင်နှမ၊ သူငယ်ချင်းအပေါင်းအသင်း၊ မိသားစုဝင်တွေ၊ ဆွေမျိုးမကင်းရာ မကင်းကြောင်းတွေ ကိုယ့်အကြောင့်မသိမဖြစ်သိထားသင့်တဲ့လူတွေကလွဲရင် တခြားလူတွေကို လေကုန်ခံပြီး ပြောနေစရာမလိုပါဘူး။ လူတိုင်းကိုလက်ခံအောင်ပြောနေရင်လဲ လက်ခံပေးရင်အကောင်းသား လက်မခံပေးဘူး ဆိုရင် ပြောနေတဲ့ကိုယ်ပဲစိတ်ဆင်းရဲရပါလိမ့်မယ်။ လေကုန်မယ် လူပင်ပန်းမယ် စိတ်ထဲထိခိုက်ဒဏ်ရာရမယ် ဒါပါပဲ။

မိမိရဲ့အခြေအနေ


မိဘတွေကိုဖွင့်ပြောတော့မယ်ဆိုရင် ကံဃကာရှင်မိမိကိုယ်တိုင်ရဲ့ အခြေအနေကို လေ့လာသင့်ပါတယ်။ ကိုယ်ဟာ ဘယ်လိုလူမျိုးတစ်ယောက်လဲဆိုတာကို သေသေချာချာနားလည်ထားဖို့လိုပါတယ်။ ဥပမာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်နေပြီလား။ တကယ်လို့ ကိုယ့်ဟာကိုအားကိုးနိုင်ပြီ မိမိဘာသာပဲ အသက်မွေးဝမ်းကြောင်းနိုင်ပြီဆိုရင် ဖွင့်ပြောသင့်ပြီထင်ရင် ဖွင့်ပြောလိုက်ပါ။ ဖွင့်ပြောပြီးနောက်ပိုင်းမှာ မိဘတွေက လက်မခံနိုင်ဘူး ဆိုပြီးပြသနာတစ်စုံတစ်ရာ တက်ခဲ့ရင် ကိုယ့်အားကိုကိုးနိုင်နေပြီမို့ သိပ်ပြီးပြသနာ ရှိမသွားနိုင်ပါဘူး။ တကယ်လို့လက်ခံတယ်ဆိုရင်တော့ ပိုကောင်းသွားတာပေါ့။

အဲ့လိုမှမဟုတ်ပဲ ကိုယ်ကိုတိုင်ကိုကမှ မိဘတွေကိုအားကိုးနေရတဲ့သူ။ မိဘဆီက မုန့်ဖိုးကို လက်ဖြန့်တောင်း ပြီးသုံးစွဲနေရတဲ့သူ၊ မိဘအိမ်မှာခိုကပ်စားနေရသေးတဲ့သူ၊ မိဘအရိပ်ကမလွတ်ကင်းနိုင်သေးတဲ့သူဆိုရင်တော့ ဖွင့်ပြောတယ်မပြောဘူးဆိုတာ စွန့်စားခန်းတစ်ခုပါ။ ဖွင့်ပြောလိုက်လို့ မိဘကနားလည်ပေးပြီရင်တော်သေး အဲ့လိုမှမဟုတ်ပဲ “နင်လိုသားမျိုးမွေးထားတာ ငါရှက်တယ် ဘယ်နှယ့်ယောကျာ်းအချင်းအချင်းမှ ချစ်ရသတဲ့တော်။ ကဲအခုငါ့အိမ်ပေါ်ကဆင်း” ဆိုရင်ဘယ်နှယ့်လုပ်မတုန်း……. ဥပမာပြောတာပါ။ တကယ်လဲ အဲ့လိုပြောတဲ့မိဘရှိချင်မှရှိပါလိမ့်မယ် မရှိဘူးလို့လဲမထင်ပါနဲ့ ရှိတတ်ပါတယ်။

နောက်ထပ်အခြေအနေတစ်ခုက ဖွင့်ပြောတယ်မပြောဘူးဆိုတာ ကိုယ့်အတွက်ဘယ်လောက် အရေးပါသလဲ ဆိုတဲ့အပေါ် မူတည်ပြီး ပြောသင့်မပြောသင့် ဆုံးဖြတ်ရပါမယ်။ မိမိအခြေအနေက ဖွင့်မပြောလို့ မဖြစ်တော့တဲ့အခြေအနေမျိုးလား….. ဥပမာ အိမ်ကမိန်းမပေးစားတော့မယ်တို့ဘာတို့ ဒါမှမဟုတ် ကိုယ့်ချစ်သူနဲ့အတူတူနေဖို့ မဖြစ်မနေဖွင့်ပြောရမယ်အချိန်မျိုးတို့ဘာတို့ အဲ့သည်လိုအခြေအနေ မျိုးတွေရောက်လာရင်တော့ ပြောသင့်ပြောထိုက်ပြီမို့ ပြောလိုက်ပါ။ အဲ့လိုမဟုတ်သေးပဲ ကိုယ့်အခြေအနေကလဲ မပြောလို့ဘာမှဖြစ်မသွားတဲ့အခြေအနေမျိုး ဂေးဆိုတာသိလဲဘာမှထူးမလာတဲ့အခြေအနေမျိုးတွေဆိုရင်တော့ မပြောသေးတာအကောင်းဆုံးလို့ အကြံပေးချင်ပါတယ်။ အဲ့လိုမှမဟုတ်ပဲ “ငါကတော့ပုန်းနေရတာ ကျဉ်းကြပ်လာပြီ ငါ့ရဲ့ဘဝအစစ်အမှန်နဲ့ပဲအရာရာကို ရင်ဆိုင်ချင်တယ်” တို့ဘာတို့ ဆန်းဆန်းတင့်ဖြစ်ပြီး ပြောလိုက်တယ်ဆိုရင်တော့ နောက်ဆက်တွဲဖြစ်လာမယ့်ပြသနာကို ဖြေရှင်းနိုင်အောင် ကြိုးစားပေတော့ပေါ့။

မိဘတွေလက်ခံနိုင်အောင် ဘာတွေပြင်ဆင်ရမလဲ

ဒါကတော့ ကြိုတင်ပြင်ဆင်သင့်တဲ့အပိုင်းလေးပါ။ ဒီကိစ္စကိုဖွင့်ပြောတော့မယ်ဆိုရင် ချက်ချင်းကြီးဗြုန်းစား ပြောလိုက်ရင် မိဘတွေ အံ့သြသွားမယ်။ ယူကျုံးမရဖြစ်မယ်။ လက်ခံချင်မှလဲလက်ခံကျမယ်။ ဒါကြောင့် ကျွန်တော်တို့ဖက်က ကြိုတင်ပြင်ဆင်မှုလေးတွေလုပ်ပြီးမှ ပြောလိုက်တယ်ဆိုရင် လက်ခံတာမခံတာအသာ ထားဦးအနည်းဆုံးတော့ ပြသနာတစ်ချို့တစ်ဝက်လောက် လျော့နည်းသွားလိမ့်မယ်လို့ထင်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ မိဘတွေဖက်က လက်မခံတဲ့အခြေအနေရှိတယ်ဆိုရင် ကိုယ့်ဖက်က မိဘတွေလက်ခံလာ အောင်ကြိုးစားယူရပါမယ်။ အဲ့သလို အခြေအနေမျိုးရောက်လာအောင် တစ်ဆင့်ချင်းလုပ်ယူရပါမယ်။

ကိုယ့်မိဘတွေက ဂေးနဲ့ပက်သက်တာတွေကို မသိသေးဘူးဆိုရင် တိုက်ရိုက်နည်းနဲ့ပဲဖြစ်စေ သွယ်ဝိုက်တဲ့ နည်းနဲ့ပဲဖြစ်စေ ဂေးဆိုတာ ဘယ်လိုသတ္တာဝါတွေဖြစ်တယ် ဘာကြောင့်ဂေးဖြစ်လာရတယ် ဂေးဖြစ်တည်မှုက ရောဂါမဟုတ်ဘူး အစရှိတဲ့အကြောင်းအရာတွေကို မိဘတွေသိအောင်လုပ်ဆောင်ပေးသင့်ပါတယ်။ နောက်တစ်ခုအနေနဲ့က ကိုယ့်ကိုတိုင်ကလဲ အဆင်သင့်ပြင်ထားရပါမယ်။ ဥပမာ မိမိကိုယ်တိုင်က အိမ်မှာ အသုံးမဝင်တဲ့သူတစ်ယောက် ဒါမှမဟုတ် မိသားစုကိုအကျိုးမပြုပဲခိုကပ်စားနေရတဲ့သူတစ်ယောက် ဆိုရင် မိဘတွေကို ဖွင့်ပြောမယ့်အစား မိမိဘဝကို လက်ရှိထက်ပိုမိုမြင့်မားအောင် လုပ်ဆောင်ပါဦးလို့ အကြံပေးချင်ပါတယ်။ တကယ်လို့ သင်သာတစ်မိသားစုလုံးက အားကိုးနေရတဲ့သူဆိုရင် သင်ဂေးဖြစ်သွားတာကို မိဘတွေက သိသွားတယ်ပဲထားဦး သင်ဟာသူတို့အတွက် စွန့်ပစ်လို့မရတဲ့ အရာတစ်ခုမိုလို့ သင့်ကို မျက်နှာလွှဲခဲပစ်လုပ်ကြမှာမဟုတ်ပါဘူး။

အဲ့ဒီလိုပဲ လူတစ်ယောက်ကို ပတ်ဝန်းကျင်က လစ်လျူရှုတယ်တို့ ပစ်ပယ်ထားတယ်တို့ဆိုတာ အဲ့ဒီလူကလဲ အဲ့ဒီပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက် မရှိမဖြစ်လိုအပ်နေတဲ့လူတစ်ယောက် မဟုတ်တဲ့အတွက်လဲပါပါတယ်။ သင်သာသူတို့အတွက်ရတနာတစ်ပါးဆိုရင် သင့်ကိုဘယ်သူက စွန့်ပစ်ရဲပါ့မလဲ။ တစ်ချို့ဂေးတွေ မိဘကပြောမရ လို့အိမ်ပေါ်က နှင်ချခံရတယ်တို့ဘာတို့ တွေ့ဖူးပါတယ်။ ဒါဟာတကယ်တမ်း စဉ်းစားကြည့်မယ် ဆိုရင် သူဟာသူ့မိဘတွေရဲ့စွန့်ပစ်လို့မဖြစ်တဲ့ ရတနာတစ်ပါးမဟုတ်သေးတဲ့ အတွက်လို့ ပြောနိုင်ပါတယ်။ တကယ်တော့ တောင်းစုတ်ပလုံးစုတ်ပဲ ပစ်ရိုးထုံးစံရှိပါတယ် သားဆိုးသမီးဆိုးဆိုတာ ပစ်ရိုးထုံးစံမရှိပါဘူး။ သားသမီးဘယ်လောက်ပဲ ဆိုးဆိုး လုံးဝဥပေက္ခာပြုသွားတယ်ဆိုတဲ့ မိဘဆိုတာမရှိပါဘူး။ သင်သာမှန်နေမယ်ဆိုရင် သူတို့သင့်ကိုနားလည်လာတဲ့အချိန်ကြရင် သင့်ကိုပြန်လက်ခံလာမှာ ဧကန်မလွဲပါပဲ။

မိဘတွေကိုဂေးဖြစ်ကြောင်း ဖွင့်ပြောတဲ့ကိစ္စမှမဟုတ်ပါဘူး တခြားဘာကိစ္စပဲလုပ်လုပ် “အခြေနေနဲ့အချိန်ခါ” ကြည့်တတ်ဖို့ပဲလိုပါတယ်။ မိဘရဲ့အခြေအနေကိုကြည့်ပြီး လုပ်သင့်လုပ်ထိုက်တာလေးတွေလုပ် ပြောသင့်ပြောထိုက်တာလေးတွေကိုပြောပြ သားသမီးနဲ့မိဘဆိုတာ လုံးဝသံယောဇဉ်ဖြတ်လို့ရတဲ့ အရာမျိုးမှ မဟုတ်ပဲ။ ဒီလိုပဲ ဘာပြသနာပဲရှိရှိ တိုင်တိုင်ပင်ပင်ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်ရမှာပါ။ အနောက်နိုင်ငံတစ်ချို့နဲ့ အာရှတိုက်က နိုင်ငံတစ်ချို့မှာတော့ဂေးဆိုတာ ပြသနာတစ်ခုမဟုတ်တော့ပါဘူး။ သားသမီးက ဂေးဖြစ်တယ်မဖြစ်ဘူးဆိုတာကလဲ မိဘတွေက အထူးဂရုထားပြီး ဒီကိစ္စကိုပြသနာတစ်ခုအဖြစ် မမြင်ကျတော့ပါဘူး။ ဒါဟာသာမရိုးကျဖြစ်စဉ်တစ်ခုပဲဆိုတာ လက်ခံလာကြပါပြီ။ ဂေးဖြစ်ချင်းဟာ မူမမှန်ခြင်းမဟုတ်သလို ရောဂါတစ်ခုလဲမဟုတ်ပါဘူး ဂေးဖြစ်တယ်ဆိုတာ မတူကွဲပြားမှုလေးတစ်ခုပါ။ အဲ့ဒီအသစ်ဖြစ်တည်လာတဲ့ မတူကွဲပြားမှုလေးကို လူကြီးတွေကလက်ခံပေးလိုက်မယ်ဆိုရင်……. 


Written by- Lovealone

 


5 comments:

  1. အိမ်​ကမကြာ​သောအချိန်​တစ်​ခုမှာ မိန်းမ​ပေးစား​တော့မယ်​ ဘယ်​လိုလုပ်​ရမလဲဗျာ

    ReplyDelete
  2. အိမ်ကပေးစားတော့မယ် ကိုယ်ကလဲမလိုချင်ဘူးဆိုရင်တော့ ငြင်းဆန်လိုက်ပါ။ သူတို့ကို အကျိုးအကြောင်း ထိုက်သင့်သလောက်ကလေးရှင်းပြလိုက်ပါ။ ဖြစ်နိုင်ရင်တော့ အချိန်ဆွဲထားနိုင်သလောက် ဆွဲထားပြီး ကိုယ့်အခြေအနေကို မိဘတွေနားဝင်အောင် တဖြေးဖြေးခြင်း ရှင်းပြစေချင်တယ်။ ဗြုန်းစားကြီးပြောချလိုက်ရင် ပြသနာတွေဖြစ်သွားမှာစိုးရတယ်။

    ReplyDelete
  3. ပညာတက်​တဲ့မိဘဆိုရင်​​တော့ ခွင့်​ပြုမှာမဟုတ်​ဘူး
    စာတက်​တဲ့ မိဘဆိုရင်​​တော့ ခွင့်​ပြုမှာပါ

    ReplyDelete
  4. မင်း သိ ဂီ င်္November 24, 2014 at 1:03 AM

    သိ ဂီ င်္က 75% ပါ မပွင့် မပုန်း ပါ မပွင့် မပုန်း ဘဝ က အရမ်းအထီးကျန်ဆန်ပါတယ် ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါအရမျိုသိပ်နေရပါတယ်

    ReplyDelete
  5. 2014ခုနှစ်ကBoylovealone.blogspot.comမှာတင်တဲ့ရသနဲ့မင်းသန့်ဇင်ဇာတ်လမ်းလေးပြီးအောင်တင်ပေးပါလား

    ReplyDelete