This is the best gay website for Myanmar gay peoples.

Sunday, May 18, 2014

On 3:30 AM by Myanmar Cute Gay Boy in    5 comments




ရသခေါက်ဆွဲပန်းကန်းလေးကိုကောက်ကိုင်လိုက်ပြီး မီးဖိုချောင်ထဲမှထွက်လာခဲ့သည်။ ဧည့်ခန်းထဲမှ တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့ ညရှစ်နာရီထိုးခါနီးနေပြီဖြစ်သည်။ မေမေအခုထိပြန်မရောက်သေးပါ။ ထားပါတော့လေဟုတွေးလိုက်ပြီး ခေါက်ဆွဲပန်းကန်ကိုသူ့အိပ်ခန်းထဲထိယူဆောင်လာခဲ့သည်။ အခန်းထဲသို့ ရောက်သောအခါ စာကြည့်စားပွဲပေါ်ရှိ Table lamp လေးကိုဖွင့်လိုက်သည်။ ထို့နောက် ခေါက်ဆွဲပန်းကန်ကို စားပွဲပေါ်သို့တင်ထားလိုက်ပြီး စာကြည့်ရန်ပြင်လိုက်သည်။ ဒါပေမယ့် စိတ်ကစာထဲမှာမရောက်ပဲ နေ့လည်က ကိစ္စကိုပဲတွေးနေမိပါသည်။ သူဘာကြောင့်များ ဒီလိုဖြစ်နေသလဲဆိုတာစဉ်းစာလို့မရပါ……

မင်းသန့်ဇင်

လက်လေးထဲမှ ဖုန်းလေးကိုကိုင်ကာမင်းသန့်ဇင်တစ်ယောက် စိတ်ညစ်နေပါသည်။ သူရသဆီစာပို့မလို့ ပြင်နေခြင်းဖြစ်သည်။ ဒါပေမယ့်စကားကိုဘယ်ကနေဘယ်လို စပြောရမှန်းမသိဖြစ်နေတာနဲ့ ဖုန်းကိုသာ အကြာကြီးကိုင်ထားနေမိတော့သည်။ နေ့လည်က ရသပါးကိုကိုင်မိခဲ့တဲ့အတွက် ရသကိုအထင်မလွဲသွားစေ ရန်ပြောလိုနေခြင်းဖြစ်သော်လည်း ဘယ်လိုမျက်နှာမျိုးနဲ့ ရသကိုရင်ဆိုင်ရမလဲလို့ပြန်တွေးမိတိုင်း စိတ်ထဲ ရှုပ်ထွေးလို့သွားရကာ မိမိကိုယ်သာအပြစ်တွေထပ်တလဲလဲတင်နေမိပါတော့သည်။ သက်ပြင်းလေးကို တစ်ချက်ချလိုက်ပြီး ဖုန်းMassage area ထဲကိုသူစာသားအချို့ စတင်ရိုက်လိုက်သည်။


ရသတကယ်တော့ ငါကမင်းထင်သလိုမဟုတ်ဘူး ဒါပေမယ့်အဲ့ဒါကိုမင်းကိုယုံအောင်ငါဘယ်လို ပြောပြရမှန်းမသိဘူး။ မင်းငါ့ကိုအထင်မလွဲစေချင်ဘူး တကယ်တော့အချစ်ဆိုတာ သိပ်ကိုဆန်းကျယ် လွန်းတဲ့အရာမိုလို့ မင်းအပေါ်မှာ ငါတိမ်းစောင်းနေတယ်ဆိုရင်တောင်……..

“အာ…. ငါဘာတွေရေးနေမိပါလိမ့်။ ရှင်းပြမှပဲဟိုကောင်ကငါ့ကိုပိုပြီးအထင်လွဲသွားတော့မှာပဲ။ မဖြစ်ဘူး ပြန်ပြင်ရေးဦးမှ”



Massage စာသားအချို့ကို အနောက်ကနေ backspace လေးနဲ့ပြန်ဖျက်ပစ်လိုက်သည်။ ထို့နောက် မေးလေးထောက်ကာ သူဘာရေးရမလဲဆိုတာကို စဉ်းစားနေလိုက်သည်။ အတန်ကြာသော်……


ရသတကယ်တော့ ငါကမင်းထင်သလိုမဟုတ်ဘူး ဒါပေမယ့်အဲ့ဒါကိုမင်းကိုယုံအောင်ငါဘယ်လို ပြောပြရမှန်းမသိဘူး။ ငါတကယ်တော့ အဲ့အချိန်မှာ မင်းပါးကိုကိုင်ချင်နေတဲ့စိတ်က ထိန်းမရအောင် ဖြစ်သွားတာအမှန်ပဲ။ အဲ့ဒီအချိန်မှာမင်းကသာမန်အချိန်တွေလိုမဟုတ်ပဲ တစ်မျိုးထူးခြားနေတယ် ငါ့စိတ်ကိုတက်နိုင်သမျှ ထိန်းထားပေမယ့်လဲ နောက်ဆုံးတော့ ငါသတိလက်လွတ်ဖြစ်သွားမိတယ်။

ရေးပြီးသွားသောအခါ သူ့စာကလေးကိုသူပြန်ဖတ်ကြည့်မိသည်။ စာကြောင်းကတော်တော်လေးရှည်သွားသည် ဖုန်းက Keyboard လေးနဲ့ရေးရတာမိုလို့ တော်တော်လေးရေးယူရသည်။ သူစာကိုအစအနေအဆုံးထိပြန်ဖတ် ကြည့်ပြီးသွားသောအခါ အနည်းငယ်ကျေနပ်သွားသလိုဖြစ်သွားသည်။

“အင်း ဒီလောက်ဆိုရင်တော့မဆိုးဘူး။ နောက်ကနေနဲနဲလောက်ထပ်ရေးလိုက်ရင် အိုကေပြီ”

ဒါဟာတကယ်တော့ accidence တစ်ခုပဲ အဲ့ဒါကိုအချစ်လို့မင်းမမြင်စေချင်ဘူး။ အချစ်ဆိုတာ စိတ်လှုပ်ရှားတာနဲ့ အချစ်မဖြစ်နိုင်ဘူး ပြီးတော့ မင်းကိုငါဒီလိုလုပ်လိုက်လို့ မင်းဖက်ကငါမင်းကိုချစ်နေတယ်လို့ မြင်သွားမှာ ငါသိပ်စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါကမင်းကိုမချစ်လို့ပဲ။ ချစ်လို့လဲမရဘူးလေ မင်းလဲယောကျာ်း ငါလဲယောကျာ်း ချစ်လို့မရဘူး ဟုတ်တယ်မိုလား။

“အင်း….. ဒီလိုထပ်ရေးလိုက်တော့ ငါကအရမ်းကိုစိုးရိမ်လွန်နေတဲ့ပုံပေါက်နေပြီထင်တယ်။ ပြီးတော့ချစ်တယ်ဆို တဲ့စကားကြီးကိုယူသုံးထားလိုက်သေးတယ် မဖြစ်သေးဘူး ပြန်ဖျက်ဦးမှ။ တော်ကြာဒီကောင်ဖတ်ပြီးအူတက်နေဦးမယ်”

မင်းသန့်ဇင်သူ့ကိုယ်သူမကျေမနပ်ဖြစ်သွားရကာ Massage ကိုပြန်ပြင်ရန် ဖုန်း Screen ပေါ်သို့လက်ကလေးကိုထောက်လိုက်ပါသည်။ သို့သော် အထောက်မတော်ပဲ Eddit လုပ်မယ့် Massage area ပေါ်ကိုထောက်ရမယ့်အစား Enter မျဉ်းအကွေးလေးကို မတော်တဆထောက်မိသွားပါသည်။ မင်းသန့်ဇင် ထောက်မိလိုက်သည်ဆိုရင်ပဲ Massage  စာသားများက တစ်ဖက်ဆီသို့ Sending…. ဖြစ်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် Send ဖြစ်သွားလေသည်။ သူခြေပြာပြာလက်ပြာပြာဖြစ်သွားပါသော်လည်း ဘာမှမတက်နိုင်တော့ပဲ စာကတစ်ဖက်လူဆီကိုရောက်သွားပါသည်။ Cancel လုပ်ရန်အချိန်တောင် မရလိုက်ပဲ မျက်စိတမှိတ်လျှပ်တစ်ပြတ်အတွင်းမှာ မြန်မြန်ဆန်ဆန်ဖြစ်ပျက်သွားသော အဖြစ်အပျက်တို့က သူ့ကိုရူးသွားမတက် ဖြစ်သွားစေသည်။

“သွားပြီ….. ငါတော့လစ်ပြီ ဖျက်မယ်လုပ်ကာမှပဲ စာတွေကရောက်သွားပြီ ”

“ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ….. ကျွတ်စ်…….. ကယ်ကြပါဦးဗျာ”

ရသ

ရသခေါက်ဆွဲစားရင်း လက်တစ်ဖက်မှလဲ စာအုပ်အချို့ကိုလှန်လောနေမိသည်။ ဒီတစ်နှစ်တော့ ဆယ်တန်းကိုအောင်အောင်ဖြေရမှာဖြစ်သည်။ ကြာရင် fresher သမားတွေကသူ့ကို ဝိုင်းဟားမှာလည်း စိုးရသေးသည်။ သူ fresher ဘဝတုန်းကလဲ နှစ်ကျသမားတွေဆိုဟားခဲ့တာကိုး။ သူ့အလှည့်ကျတော့ ဝဋ်လည်မှာကြောက်ပါသည်။ ဘယ်သူမပြုမိမိမှုပဲလေ မဟုတ်ဘူးလား။

.

ရုတ်တရက်ဖုန်းထဲသို့ Massage ဝင်လာသဖြင့် ရသတစ်ယောက် စားပွဲပေါ်ရှိဖုန်းကလေးကို ကောက်ကိုင်လိုက်ပါသည်။

ရသတကယ်တော့ ငါကမင်းထင်သလိုမဟုတ်ဘူး ဒါပေမယ့်အဲ့ဒါကိုမင်းကိုယုံအောင်ငါဘယ်လို ပြောပြရမှန်းမသိဘူး။ ငါတကယ်တော့ အဲ့အချိန်မှာ မင်းပါးကိုကိုင်ချင်နေတဲ့စိတ်က ထိန်းမရအောင် ဖြစ်သွားတာအမှန်ပဲ။ အဲ့ဒီအချိန်မှာမင်းကသာမန်အချိန်တွေလိုမဟုတ်ပဲ တစ်မျိုးထူးခြားနေတယ် ငါ့စိတ်ကိုတက်နိုင်သမျှ ထိန်းထားပေမယ့်လဲ နောက်ဆုံးတော့ ငါသတိလက်လွတ်ဖြစ်သွားမိတယ်။ ဒါဟာတကယ်တော့ accidence တစ်ခုပဲ အဲ့ဒါကိုအချစ်လို့မင်းမမြင်စေချင်ဘူး။ အချစ်ဆိုတာ စိတ်လှုပ်ရှားတာနဲ့ အချစ်မဖြစ်နိုင်ဘူး ပြီးတော့ မင်းကိုငါဒီလိုလုပ်လိုက်လို့ မင်းဖက်ကငါမင်းကိုချစ်နေတယ်လို့ မြင်သွားမှာ ငါသိပ်စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါကမင်းကိုမချစ်လို့ပဲ။ ချစ်လို့လဲမရဘူးလေ မင်းလဲယောကျာ်း ငါလဲယောကျာ်း ချစ်လို့မရဘူး ဟုတ်တယ်မိုလား။

“အဟွတ်…..အဟွတ်……အဟွတ်….. မင်းသန့်ဇင် ဒီကောင်ငါ့ကိုဘာတွေပို့လာတာပါလိမ့်”

မင်းသန့်ဇင်စာက စောစောကမှရပ်နားသွားတဲ့ သူ့ရဲ့ရင်ခုန်သံတွေကို ပြန်လည်နှိုးဆွလျှက်ရှိနေပါသည်။ ဘာရယ်ကြောင့်မှန်းမသိ မင်းသန့်ဇင်ဆိုတဲ့နာမည်လေးကို စိတ်ထဲကရေရွတ်လိုက်ရုံနဲ့ သူ့ဘယ်ဖက် ရင်အုံနေရာစီမှာ ပူရှိန်းရှိန်းဖြစ်လို့သွားရသည်။ မင်းသန့်ဇင်ပြောတဲ့ အချစ်ဆိုတာများလား….. ဟာမဖြစ်နိုင်ပါဘူး တကယ်ဆိုရင်သူပြောသလို သူလဲယောကျာ်းငါလဲယောကျာ်းတွေပဲ ဒါကဘယ်လိုလုပ်ပြီး အချစ်ဖြစ်လာမှာလဲ…..မဟုတ်ပါဘူး ငါအတွေးလွန်နေတာပဲဖြစ်မှာပါ။

သူ့ရင်ထဲလှိုက်မောနေရာမှ နဖူးတွင်ချွေးစအချို့ပြန်စပြုလာသည်။ မင်းသန့်ဇင်ကိုဘာစာပြန်ပို့ရမှန်းမသိ ဖြစ်နေသည်။ သူဖုန်းကိုစားပွဲခုံပေါ်သို့ အားယားမှောက်ပြစ်လိုက်ပါသည်။

“ယောကျာ်းလေးနှစ်ယောက်က ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုနဲ့ ဒီလောက်ကြီးတစ်ယောက်နဲ့တစ်ယောက် ပုံကြီးချဲ့ပြီးဖြေရှင်းနေစရာလိုသလား? ပြီးတော့ ငါကကောဘာဖြစ်လို့ ရင်တွေခုန်နေရတာလဲ။ ဘာ….ဘာဖြစ်လို့ မင်သန့်ဇင်ဆိုတဲ့နာမည်ကို စဉ်းစားမိလိုက်တာနဲ့ ငါစိတ်တွေလှုပ်ရှားလာရတာလဲ။ ဒီလိုဆို ကျောင်းတက်ရင် ဒီကောင့်မျက်နှာကိုငါဘယ်လိုသွားကြည့်ရမှာလဲ။ မဟုတ်မှလွဲရော…… ငါ……..ငါယောကျာ်းအချင်းချင်းကြိုက်နေပြီ။ အိုးဟိုးဟိုး……….ဟင့်ဟင့်ဟင့် မဖြစ်နိုင်ပါဘူး မဖြစ်နိုင်ပါဘူး ငါယောကျာ်းစစ်စစ်ပါ ”

တွေးရင်းတွေးရင်း သူ့စိတ်တွေခြောက်ခြားလာသလိုခံစားမိသည်။ ဘာကြောင့်များသူဒီလိုဖြစ်နေရတာလဲ။ သူဘာဖြစ်နေတာလဲဆိုတာကို ဘယ်သူကသူ့ကိုအဖြေထုတ်ပေးနိုင်မလဲ။ သူ့ခံစားချက်တွေကို အဓိပ္ပါယ်ဖော်ပေး မယ့်သူတစ်ယောက်ယောက်လောက်တော့ သူ့ရှေ့မှာပေါ်လာရင် ကောင်းမှာပဲလို့ တွေးမိလိုက်သည်။ ဒါပေမယ့် မဖြစ်သေးပါဘူး ဒီလိုရှက်စရာကောင်းတဲ့ကိစ္စကို သူကဘယ်သူ့ကိုသွားပြီး တိုင်ပင်ရမှာလဲ။ လူတစ်ယောက်နဲ့တစ်ယောက်ချစ်တာ အပြစ်မဟုတ်ပေမယ့် အခုသူ့ဟာက ယောကျာ်းအချင်းချင်းကြီး ယောကျာ်းအချင်းချင်းကြီးလေ……. ဘုရားရေ သားကိုကယ်ပါ……..

“သား…..ဒေါက်….ဒေါက်…..ဒေါက်”

“သားအထဲမှာရှိနေလား မေမေပြန်လာပြီ”

အိမ်ပြန်နောက်ကျသောမေမေတစ်ယောက် ရောက်ချလာပါပြီ။ သူတုံ့ဆိုင်းမနေတော့ပဲ ထိုင်နေရာမှထကာ တံခါးသွားဖွင့်ပေးလိုက်ပါသည်။

“သား ထမင်းစားပြီးသွားပြီလား”

“ဘယ်ကထမင်းရှိလို့စားရမှာလဲမေမေရဲ့ ချက်မှမထားပဲနဲ့။ ခုဏလေးတင်ကပဲ ခေါက်ဆွဲပြုတ်စားလိုက်တယ်”

“Sorry ပါသားရယ်။ မေမေဒီနေ့နဲနဲနောက်ကျသွားတယ်။ နောက်နေ့တွေဒီလိုမဖြစ်စေရပါဘူး။ ကဲမေမေထပ်ချက်လိုက်ဦးမယ် ခေါက်ဆွဲပြုတ်နဲ့အာသာပြေမှာမဟုတ်ဘူး နည်းနည်းတော့စားဦးမယ်မိုလား”

“ဟုတ်….. စားဦးမယ် ဟီးဟီး”

“အင်း ထင်တော့ထင်သားပဲ အမေ့သားက အစားအသောက်ဆိုရင် အားကိုရပါတယ်လို့”

မေမေကသူ့ကိုချစ်စနိုးလေးဖြင့် ကြည့်ကာရယ်ရင်းပြောနေပါသည်။ သူမေမေ့ကိုသွားဖြဲပြလိုက်သည်။ 

“ကဲဒါဆိုမေမေတို့မီးဖိုထဲကိုသွားရအောင်”

မေမေကအရှေ့ကနေပြီးမီးဖိုခန်းထဲကိုဝင်သွားပါသည်။ သူလဲအခန်းတံခါးကိုစေ့လိုက်ပြီး မေမေ့နောက်မှနေ၍ မီးဖိုခန်းထဲသို့လိုက်ဝင်သွားလိုက်ပါသည်။

                                                   X       X       X       X

                                              CHA CHA Café and Bakery

ဆိုင်ရှေ့တွင်ချိတ်ထားသော ဆိုင်းဘုတ်ကလေးကို သူကြည့်လိုက်သည်။ ဆိုင်အဝင်ပေါက် ရှေ့တွင် Special For Today ဆိုပြီးရရှိနိုင်မည့်အစားအစာများကို ကျောက်သင်ပုန်းအနက်ရောင်လေးပေါ်တွင် ရောင်စုံမြေဖြူလေး များဖြင့် သပ်သပ်ရပ်ရပ်လှလှပပလေးဖြစ်အောင် ရေးထားသည်ကိုတွေ့ရသည်။ ထိုကျောက်သင်ပုန်းလေးတင်ထားသော ဘုတ်ကလေးဘေးတွင်တော့ ပန်းအိုးလေးတစ်လုံးချထားသည် ကိုတွေ့ရသည်။ စိတ်ကူးယဉ်ဆန်ဆန်ဖြင့်ဖန်တီးထားသော ဆိုင်ဒီဇိုင်းလေးကိုကြည့်ပြီး ဖန်တီးသူကို ရင်ထဲတွင် ကျိတ်ပြီးချီးကျူးမိသည်။ တော်ရုံတန်ရုံ Talent နဲ့ဒီလိုပုံစံမျိုးဖန်တီးဖို့က မလွယ်လောက်ဟု သူထင်သည်။ သူတစ်ချက်ပြုံးလိုက်ပြီး ဆိုင်မှန်တံခါးလေးကို တွန်းကာအထဲသို့ ဝင်လိုက်ပါသည်။

အထဲတွင်အေးမြနေသော Air-con လေကလေးကဆီးကြိုနေပြီး စားသောက်နေသူအချို့ကိုတွေ့ရသည်။ မုန့်ကောင်တာတွင်တော့ အသက်လေးဆယ်ခန့်အမျိုးသမီးကြီးတစ်ဦးကိုတွေ့ရသည်။ ရသပြောတဲ့ သူ့မေမေဆိုတာဖြစ်မည်ထင်သည်။ သူကောင်တာရှိရာသို့သာ တန်းတန်းမတ်မတ်သွားလိုက်ပါသည်။
“သားလေး ဘာသုံးဆောင်မလဲ”

“ဟို ကျွန်တော်ကရသရဲ့သူငယ်ချင်းပါအန်တီ Coco cake စားချင်လို့လာတာပါ”

“သြော် သားသူငယ်ချင်းလား သားရှိတယ်လေ ခေါ်ပေးရမလား”

ပျူငှာဖော်ရွေသော အန်တီးကြီးရဲ့အပြုံးကြောင့်သူ့ရင်ထဲ အေးချမ်းသွားမိပါသည်။ သူအန်တီကြီး ကိုခေါင်းညိတ်ပြလိုက်ပါသည်။ အန်တီကြီးက  ကောင်တာအနောက်ရှိတံခါးပေါက်သို့ မျက်နှာမူလိုက်ပြီး တစ်ခုခုပြောမည့်ဟန်ပြင်နေတုန်းမှာပင် အထဲမှတစ်စုံတစ်ယောက်ရုတ်တရက်ထွက်လာသည်။ 

“ရသ…..”

“မင်းဇင်… အဲ့မင်းသန့်ဇင်”

ရသကဆိုင်နောက်ဖေးမှထွက်လာဟန်ရှိသည်။ ရသကိုကြည့်ရတာ နည်းနည်းထူးဆန်းနေသလိုပါ။ မျက်ကွင်းတွေ နည်းနည်းညိုနေပြီး မျက်နှာကဖြူဖတ်ဖြူရော်ဖြစ်နေသည်။ ဒါ့အပြင် အပေါ်မှကုတ်င်္အကျီကို လဲထပ်ထားသေးသည်။ ရန်ကုန်ရာသီဥတုက ဆောင်းတွင်မှာတောင်မအေးတာ မိုးဦးဆိုအနွေးထည် င်္အကျီနှစ်ထပ်ထပ်ဖို့မပြောနဲ့ လက်ရှည်ဝတ်ဖို့တောင်စဉ်းစားရဲတာမဟုတ်ပါ။ ဒါပေမယ့် ရသပုံစံကို ကြည့်ရတာ နေမကောင်းလို့ဝတ်ထားတဲ့ပုံစံနဲ့မတူပဲ တမင်သတ်သတ်သွားစရာတစ်ခုခုရှိလို့ ပြင်ထားတဲ့ပုံပါ။

“ရသ မင်းနေမကောင်းဘူးလား င်္အကျီနှစ်ထပ်ကြီးနဲ့”

သူမေးလိုက်တော့ အလှကြိုက်တဲ့ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်ကစလိုက်တာခံလိုက်ရသလို ရသမျက်နှာအမူအရာက ရှက်ကိုးရှက်ကန်းလေးဖြစ်သွားသည်။ ထို့နောက် သူ့ကိုသူမလုံမလဲဟန်ဖြင့်….

“သြော်…..ဟော်ဟော် ဒါလား …..ဟို….. သြော် ဒီနေ့ရာသီဥတုနည်းနည်းအေးတယ်လေ အဲ့ဒါကြောင့် နှစ်ထပ်ဝတ်ထားတာ…. ”

“ဟင် ရာသီဥတုအေးတယ်??” “ဟင် ရာသီဥတုအေးတယ်??”

သူရောရသမေမေပါ ရသကိုအံသြပြီးသံပြိုင်ပြောလိုက်မိသည်။ ရသမေမေကသူ့ကိုကြည့်ပြီး ရသဘာဖြစ်နေတာလဲဆိုတဲ့ မျက်လုံးမျိုးဖြင့်ကြည့်သည်။ သူကရသမေမေကို မျက်ခုံးလေး ပင့်ပြလိုက်သည်။ သူလည်းမသိဘူးဆိုတဲ့သဘောပေါ့။ မနက်အစောကြီးတောင် ချွေးပြန်မတက်ပူနေတာကို ရာသီဥတုအေးတယ်ဆိုတော့ အင်းတစ်ခုခုတော့တစ်ခုခုပဲ……

“သား သားသူငယ်ချင်းကိုဧည့်ခံလိုက်ဦးလေ ”

“ဟုတ်ကဲ့”

ရသကသူ့အနားသို့ လျောက်လာပါသည်။ သူရသရဲ့မျက်လုံးတွေကိုမြင်တော့ စိတ်ထဲမှာနည်းနည်း ပူနွေးလာသိုလိုခံစားမိသည်။ ဘာကြောင့်များ ရသကိုမြင်ရင် သူ့ရင်ခုန်သံတွေ မြန်မြန်လာပါလိမ့်။

“ရသ ငါမင်းကိုပြောစရာရှိတယ်”

“အင်းပြော….”

“မနေ့ညကမင်းကိုMassageပို့တာ မတော်တဆပို့မိသွားတာ။ ငါအစကအဲ့လိုရေးပြီးပို့ဖို့ရည်ရွယ်တာ မဟုတ်ဘူး ဒါပေမယ့် မတော်တဆပဲရောင်နှိပ်မိလိုက်ရင်း ပြန်ပြင်ဖို့အချိန်မရလိုက်သေးပဲ……ဟို….အဲ့ဒါ ”

“မင်းသန့်ဇင် ကျွတ်စ်…… မင်းကိုငါကြည့်နေတာ ဒီတလောနည်းနည်းထူးဆန်းနေသလိုပဲ။ ငါ့ကိုဆက်ဆံတာလဲ ပုံမှန်မဟုတ်ဘူးဖြစ်နေတယ် မဟုတ်မှလွဲရော……..”

ရသသူ့လက်ညိုးလေးကို ဘယ်ညာရမ်းကာသူ့ကို သူခိုးလူမိဖြစ်အောင်လုပ်နေသည်။ ရသမေမေက ဘေးကနေပြုံးပြီးသူတို့နှစ်ယောက်ပြောတာကို နားထောင်နေသည်။ သူရသမေမေကိုတစ်ချက်ကြည့်လိုက် ရသကိုကြည့်လိုက်နဲ့ ပါးစပ်ထဲအာစေးတွေထဲ့ထားသလို ထစ်အနေပြီးစကားလုံးတွေ ပြောစရာမရှိဖြစ်သွားသည်။ ရသကပြောင်စပ်စပ်မျက်နှာဖြင့် သူ့ကိုဝိုင်းကြီးပတ်ပတ် ပတ်နေပြီးခြေသလုံးကနေ ခေါင်းအထိ အစအဆုံးကြည့်လျက်ရှိသည်။ သူ့စိတ်တွေကျဉ်းကြပ်လာရကာ ချွေးတွေပြန်ချင်သလိုဖြစ်လာသည်။

ဒီငပေါကတော့နော် အရေးထဲလူကြီးရှေ့မှာတောင်ပေါတောတောနဲ့လုပ်နေတယ်။ ဒုက္ခပါပဲ……

“အဲ့ဒါက မင်းအထင်လွဲနေတာပါ … ဟိုတကယ်က….ငါက….မင်းကို…….ဟိုအဲ့လို……”

“သိပြီ မဟုတ်မှလွဲရော မင်းငါ့ကိုကြိုက်နေတာမိုလား”

ရသကသူ့မျက်နှာကိုသေချာပြူးပြီးကြည့်ကာ မေးနေသည်။ ရုတ်တရက်မို့သူလန့်သွားရသည်။

“ဟင်….”

“ကြည့်စမ်း မင်းမျက်လုံးတွေက သက်သေခံနေတယ် မင်းငါ့ကိုကြိုက်နေပါတယ်”

“ဟာမဟုတ်……..”

“မင်းငါ့ကိုကြိုက်နေပါတယ် မင်းငါ့ကိုကြိုက်နေပါတယ် မင်းငါ့ကိုကြိုက်နေပါတယ် ဟဟဟ”

ရသကပါးစပ်ကပြောရုံနဲ့အားမရသေး သူ့ကိုအနောက်ကနေသိုင်းဖက်လိုက်ပြီး ပုခတ်လွှဲသလို ဘယ်ကိုရမ်းလိုက် ညာကိုရမ်းလိုက်လုပ်နေသေးသည်။

“သားရဲချစ်သူသာ ဒီကောင်လေးဆိုရင်တော့မေမေတော့သဘောတူတယ်။ ဒီကောင်လေးကိုမေမေသဘောကျတယ်”

“ဟင်…..ဘယ်လို…..”

နဘေးမှဝင်ပြောလိုက်သည့် အန်တီ့စကားကြောင့်သူမျက်လုံးပြူးသွားရသည်။ ဘယ်လိုသားအမိတွေပါလိမ့်နော် လိုက်လဲလိုက်ပါတယ် သားအမိနှစ်ယောက်။

“အန်တီကလဲ ရသကအလကားလျောက်ပြောနေတာပါ။ ဒုက္ခပါပဲ ကျွန်တော့်ကိုသားအမိနှစ်ယောက်ပေါင်းပြီး အနိုင်ကျင့်နေကြတယ်”

“ဟဟဟ သားကိုချစ်တဲ့မေမေပဲလေ ငါ့ဖက်ကပဲပါမှာပေါ့ကွာ။ မေမေဒီချွေးမလေးကိုသဘောကျတယ်မိုလား”

“အင်း သဘောကျတယ်သား။ သူ့ကိုအိမ်ပြန်မလွှတ်နဲ့တော့”

“အာ…. အန်တီတို့မကောင်းဘူးဗျာ …….”

သူရှက်နေပုံကိုကြည်ပြီး အန်တီရောရသကပါ ဟက်ဟက်ပက်ပက်ရယ်ကြပါသည်။

“အလကားစတာပါသားရယ်။ ကဲသား သားသူငယ်ချင်းနဲ့သားစားဖို့မနက်စာမေမေလုပ်ပေးမယ် ခဏလေးစောင့်”

“ဟုတ်မေမေ…… လာအချစ်ကလေးဟိုမှာသွားထိုင်စောင့်ရအောင်”

မျက်နှာပြောင်လွန်းသည့်ရသကို သေးချင်းဆိုးကြီး ဟုသာစိတ်ထဲတွင် ကျိတ်ဆဲပြစ်လိုက်ပါသည်။ အန်တီက သဘောကောင်းလို့တော်သေးသည်။ ရသမေမေနေရာမှာသာ သူ့မေမေဆို ပြဿနာတွေတောင် တက်ချင်တက်သွားနိုင်သည်။ သူ့မေမေကသူနဲ့ပက်သက်ရင် နည်းနည်းလေးမှအတိမ်းအစောင်းခံတာမဟုတ်ပါ။ ခဏကြာတော့ အန်တီကသူကြိုတ်တဲ့ ကိတ်နဲ့ကော်ဖီ ကိုလာချပေးပါသည်။ သူစားပြီးသွားသောအခါ ရသနဲ့စကားအနည်းငယ်ပြောပြီးပြန်လာခဲ့သည်။ အမှန်တော့ သူရသဆိုင်အထိလိုက်သွားတာ ကိတ်မုန့်စားချင်ရုံသက်သက်ပဲမဟုတ်ပါ။ ရသကိုသူ့အပေါ်အထင်လွဲ နေမှာစိုးလို့ရှင်းပြချင်တာလေးလဲပါသည်။ ပြီးတော့ ရသကိုလည်းနည်းနည်းလေးတွေ့ချင်နေတာလဲ ပါပါသည်။ ဒါပေမယ့်မထင်မှတ်ပဲအစခံလိုက်ရတော့ စိတ်ထဲပူပြီးမြန်မြန်ပဲသုတ်ချေတင်ပြီးပြန်လာခဲ့ရသည်။

ထိုနေ့ကရသင်္အကျီနှစ်ထပ်ဝတ်ပြီးပဲများတဲ့ကိစ္စနဲ့ မျက်ကွင်းတွေညိုပြီးအိပ်ရေးပျက်နေတဲ့အကြောင်းအရင်းကို သူနောက်မှသိရသည်က………….
                              

                                                    X       X       X       X

ကျောင်းစာသင်ခန်းများရှေ့ရှိ Corridor အတိုင်းမင်းသန့်ဇင်ခပ်မှန်မှန်လေးလျောက်လာခဲ့ပါသည်။ သူ့နဘေးတွင် စာသင်ခန်းအချို့ မှကျောင်းသားများ ထွက်လာကာဖြတ်သန်းသွားကြသည်။ အချို့ကျောင်းသား များကိုအမှတ်မထင် ငေးကြည့်မိလိုက်ပါသည်။ တဖြေးဖြေးလျောက်လာရင်းနဲ့ သူတို့စာသင်ခန်းရှေ့ကို ရောက်လာပါသည်။ စာသင်ခန်းထဲတွင် ဘယ်သူမှမရောက်သေးကြောင်း ပြောင်သလင်းခါနေသော စာရေးခုံ များက သက်သေပြနေသည်။ ဒီနေ့ မှထူးထူးခြားခြား သူအစောကြီးနိုးနေသဖြင့် ကျောင်းကိုစောစောရောက်လာ ဖြစ်ပါသည်။ မေမေလိုက်ပို့အောင်တောင် မစောင့်တော့ပဲ ကျောင်းကို Taxi နဲ့ရောက်လာတာဖြစ်သည်။ စီတန်းနေသော စာရေးခုံများထံမှ သစ်သားအနံ့ကလေးရနေသည်။ သူ့ထိုင်ခုံရှိရာသို့သာ တစ်စိုက်မတ်မတ် လျောက်လာခဲ့သည်။ စားရေးခုံသို့ရောက်သောအခါ သူ့ခါးမှလွယ်အိတ်ကိုချွတ်ကာ စားပွဲခုံပေါ်သို့တင်လိုက်သည်။ ထို့နောက် အမှတ်မထင် ရသ၏စားပွဲကိုကြည့်လိုက်မိပြန်သည်။ ရသတစ်ယောက် ရောက်မလာသေးပါလား။ မနေ့က Sunday မိုလို့သူရသဆီကိုရောက်သွားဖြစ်သည်။ ဒီနေ့တော့ Monday ရောက်လာပြီမို့ မသွားဖြစ်တော့ပဲ ကျောင်းရောက်မှပဲတွေ့တော့မည်ဟု စိတ်ကူးထားခြင်းဖြစ်သည်။

“မင်းသန့်ဇင် ဒီနေ့အစောကြီးပါလား ”

ခေါ်သံကြောင့် သူလှည့်ကြည့်လိုက်တော့ ချူချူဆိုတဲ့ကောင်မလေး။

“အင်းဟုတ်တယ် ချူချူ ဒီနေ့အစောကြီးနိုးနေတာနဲ့ရောက်လာတာ။ နင်လဲစောသားပဲနော်”

“အင်း မနက်စာရောစားခဲ့ရဲ့လား”

“ဟင့်အင်း ငါကမနက်စာစားခဲတယ်။ မနက်အစောကြီးဆိုဗိုက်သိပ်မဆာတတ်ဘူး”

“ဒါဆိုရင်အတော်ပဲ”

ချူချူက ဝမ်းသာသွားဟန်ဖြင့်သူ့လွယ်အိတ်ကလေးထဲရှိ တစ်စုံတစ်ခုကိုနှိုက်ထုတ်လိုက်သည်။

“ရော့…….. နွားနို့ဘူး။ နင်မနက်စာမစားတာမကောင်းဘူး ကျန်းမာရေးထိခိုက်လိမ့်မယ်။ အစားအစာဆိုတာ မနက်ပိုင်းကိုပိုစားပေးရတယ် နေ့လည်ဆိုရင်တော့အသင့်အတင့်ပဲစား ညပိုင်းဆိုရင်ပိုလျော့စားရမယ်။ ဒါမှကျန်းမာရေးနဲ့ညီညွတ်မှာ ပြီးတော့ခန္ဓာကိုယ်မှာမလိုအပ်တဲ့အဆီပိုတွေလဲကျတယ်။ ညပိုင်းဆို လူခန္ဓာကိုယ်က ကိုယ်လက်လှုပ်ရှားမှုသိပ်မရှိတော့ပဲ အနားယူကြတာများတယ်လေ ဒါကြောင့်အစားအစာတွေ အများကြီးစားထားရင် ပိုပြီးဝလာတတ်တယ် ”

“ကျေးဇူးတင်ပါတယ် ချူချူ။ နင်ကနွားနို့တိုက်တော့ ငါကခွေးပေါက်စကြောင်ပေါက်စလေးလဲမဟုတ် ”

“သြော် နွားနို့ကလူလဲသောက်ပါတယ်နော်။ ဘာပဲဖြစ်ဖြစ်နွားနို့လေးသောက်ထားတော့ အစာခံတာပေါ့ မဟုတ်ဘူးလား”

ချူချူကစကားပြောတာ အပြစ်ကင်းစင်ပါသည်။ သာမန်မျက်စိနဲ့ကြည့်ရင်တော့ သိပ်ချစ်ဖို့ကောင်းတဲ့ကောင်မလေးပါ။ သူ့ရဲ့အမူအယာက ကလေးဆန်နေပေမယ့် တစ်ဖက်သားကို ကူညီတတ်တဲ့စေတနာလေးကြောင့် အပြစ်လို့မမြင်မိပါ။ သူ့ကိုတကယ်စေတနာရှိရှိနဲ့ ပေးနေတာနဲ့ သူကလဲမငြင်းပဲကျေးဇူးတင်စကားပြောပြီးယူထားလိုက်ပါသည်။ သူယူလိုက်တော့ ကောင်မလေးက ဝမ်းသာသွားဟန်ရှိသည်။ ခဏကြာတော့ ကျောင်းခန်းထဲသို့နောက်ထပ်ကျောင်းသား သုံးယောက် ဝင်လာပါသည်။

“အိုးဟိုး….. ဟေ့ကောင်တွေကြည့်ကျစမ်း ချူချူကဟိုကောင်လေးကို နွားနို့ဘူးပေးနေတယ်တွေ့လား”

ထိုသုံးယောက်က ကျောင်းခန်းထဲတွင် ငပေါပြီးရင်အပေါဆုံးသုံးကောင်ပါ။ ခါတိုင်းလဲပေါနေကျဖြစ်ပေမယ့် မင်းသန့်ဇင်နဲ့ သိပ်ပြီးစကားမစပ်မိတာကြောင့် ကိုယ့်ဖာသာနေဖြစ်လိုက်တာများသည်။ မင်းသန့်ဇင်ကလဲ စကားနည်းတာမို့ လူတိုင်းနဲ့လိုက်ပြီး ဖက်လှဲတကင်း စကားရောဖောရောမပြောတတ်ပါ။ ဒီနေ့တော့ မလွဲမရှောင်သာပဲ ငပေါအုပ်စုနဲ့ပက်သက်ရတော့မည်။

“ချူချူလေးရယ် ကိုယ့်အသည်းလေးရဲ့ ကိုယ်တို့ကိုကျော်ပြီး ဘာလို့သူ့ကိုပေးရတာလဲလို့ ဟင့်ဟင့် သူများတို့ကျတော့ ဘာမှလဲမကျွေးဘူး စက်ရက်တယ် စက်ရက်တယ်……”

“ဟုတ်သားပဲ ချူချူရာ ဒီကောင်ခမျာငတ်နေရှာတာ သနားပါတယ်”

“ဘာကွ ကဲကွာပြောဦး………”

“ဖြန်း”

“အား…. အရမ်းကြီးလုပ်ရသလား”

ငပေါအုပ်စုကိုကြည့်ပြီးသူပါရယ်မိသွားသည်။ သူတို့အုပ်စုထဲတွင် အပေါဆုံးနဲ့ဗိုလ်အကျဆုံးက မောင်မောင်ဆန်း ဖြစ်သည်။ လူကလဲဝသည့်အပြင် အစားအသောက်ကလဲ သူများတွေထပ်ပိုသည်။ အနောက်က နှစ်ကောင်က မောင်မောင်ဆန်းရဲ့တပည့်နှစ်ယောက်ဖြစ်သည်။ မောင်မောင်ဆန်းနဲ့တတွဲတွဲနဲ့သွားလေရာ လိုက်ကြသူများဖြစ်သည်။ သူတို့အားလုံးရဲ့ဗိုလ်ကတော့ ရသဖြစ်သည်။ ရသကမနှစ်ကတည်းက သူတို့နဲ့ဆယ်တန်းကျနေခဲ့တာမို့ နှစ်ကျအုပ်စုတစ်စုအဖြစ် အခန်းထဲတွင်ပြောစမှတ်ပြုကျသည်။

“မောင်မောင်ဆန်ုး…….”

အနောက်မှနောက်ထပ်အသံတစ်သံထွက်လာတော့ သူတို့အားလုံးရဲ့ဆရာကြီး ရသဖြစ်နေသည်။ ဘယ်အချိန်ကတည်းကရောက်နေတာပါလိမ့် အသံမပေးဘာမပေးနဲ့။

“အိုးဟိုးဟိုး ကိုကိုရသပါလား”

“ငါမရှိတုန်း အတန်းဖော်တွေကိုဘာပြဿနာရှာနေတာလဲ မှန်မှန်ပြောစမ်း”

“အားဟားဟား ဘာမှပြဿနာမရှာပါဘူး။ အားလုံးနဲ့ခင်ရာခင်ကြောင်း မင်ရာမင်ကြောင်း စကားစမည်လေး ပြောနေတာပါ”

“အေး ပြဿနာရှာလို့ကတော့ ဒီမှာတွေ့လားငါ့ကွန်ပါဘူး ခေါက်ထဲ့လိုက်မယ်”

“အွန် ကိုကိုရသကလဲ သူများတို့ကအတန်းဖော်ဟောင်းတွေပဲကို အဲ့လိုခြိမ်းခြောက်ရလားလို့ ဘာမှန်းလဲမသိဘူး ”

“တိတ်စမ်း……အသံဆိုးကြီးနဲ့နွဲ့မနေနဲ့။ ငါ့ကွယ်ရာကျရင်တော့ မြင်သမျှကောင်မလေးတွေကို ငမ်းငမ်းတတ်နေပြီးတော့”

“အွန် ဟီးဟီးဟီး”

  ကျပ်ကျပ်သတိထားနေ”

ရသကဆရာကြီးဆိုတော့ အာဏာဖြင့်ဖြဲခြောက်လေသည်။ ဟိုကောင်တွေကလည်း ငယ်ကြောက်တွေ ဖြစ်ဟန်တူသည် ရသကိုမြင်တာနဲ့ ဘာဆိုဘာမှမပြောရဲကြပါ။ အရင်တုန်းကသူတို့တွေ ဘယ်လိုရာဇဝင်တွေ ရှိခဲ့မှန်းမှမသိပဲ။ ရသကသူ့လက်ထဲမှ နွားနို့ဘူးကိုမြင်သွားပါသည်။

“အိုးဟိုးဟိုး မင်းသန့်ဇင် ငါ့အတွက်နွားနို့ဘူးဝယ်လာပေးတာလား ဟုတ်တယ်မိုလား Right?”

“ဟို…..ဒါက”

သူစကားမဟရသေးခင်မှာပဲ ရသကဖြတ်ကနဲ့သူ့လက်ထဲမှ နွားနို့ဘူးကို ယူကာအဖုံးဖွင့်ပြီး ဂလုဂလုနဲ့ မော့ချလိုက်သည်။ သူကလဲ နွားနို့သိပ်မကြိုက်တာမိုလို့ ရသသောက်လိုက်တော့လဲ ကောင်းတာပဲဆိုပြီး မတားတော့ပဲနေလိုက်သည်။ ဒါပေမယ့် ဘေးကပြဿနာခဲက စပြီးပြဿနာရှာပါတော့သည်။

“ရသအစုတ်ပလုပ် သူများနွားနို့တွေကို သောက်ပစ်တယ်ကြည့်စမ်း”

“အင်….. ဟင်ဟင်….. ဒီနွားနို့က နင့်ဟာမှမဟုတ်ပဲ ငါ့သူငယ်ချင်းဟာလေ”

“ဟုတ်တယ် အဲ့ဒါငါသူ့ကိုတိုက်ထားတာ နင်ကဘာလို့မပြောမဆိုနဲ့လုသောက်လိုက်တာလဲ သွားပါပြီ……အီးဟီးဟီး”

“အိုးဟိုးဟိုး နင်တို့ဘယ်တုန်းက ဒီလောက်သံယောဇဉ်တွေဖြစ်သွားကြတာလဲ နွားနို့တွေဘာတွေ တိုက်လို့ပါလား။ ကဲထားပါတော့ ငါသောက်လိုက်တယ်ဆိုရင် နင်ကနောက်တစ်ဘူးဝယ်ပြီး သူ့ကိုထပ်ပေးလိုက်ပေါ့ ဟုတ်ဘူးလား အွမ်…….”

“ဟင် အခုကကျောင်းတက်တော့မှာလေ ဘယ်မှာဝယ်ချိန်ရှိတော့မှာလဲ။ နင်ကငတ်ကြီးကိုကျတယ် မင်းသန့်ဇင်လေး မသောက်ရတော့ဘူး ရသအစုတ်ပလုပ် ချေးထုပ်ကောင်……..”

“အင် မင်းသန့်ဇင်ကျတော့ မင်းသန့်ဇင်လေးတဲ့ င့ါကျတော့ ရသအစုတ်ပလုပ်ချေးထုတ်တဲ့။ ချူချူနော် နင်နဲ့ငါက မင်းသန့်ဇင်အရင်သိကြတာ နင်တို့လိုမနူးမနပ်ချာတိတ်မလေးတွေများနော် မျက်နှာကြီးရာဟင်းဖတ်ပါတယ် တကယ်ပါပဲ ဟွင်းဟွင်း”

ချူချူက ရသကိုလုံးဝကျေနပ်တဲ့ပုံမပေါ်ပါ။ မျက်စောင်းကြီးတခဲခဲထိုးကာ သူ့ခုံရှိရာသို့ ပြန်သွားပါသည်။ သူကတော့ ဘာပြောလို့ဘာဆိုရမှန်းမသိပဲငြိမ်နေမိသည်။

“ဒါကတော့ရှင်းပါတယ် ကိုကိုရသရယ်။ ဟောဒီကကျောင်းသားသစ် မင်းသန့်ဇင်က ကိုကိုရသထပ်ပိုချောလို့ပေါ့။ ချူချူလေးကလဲတကယ်ပါပဲ ငါတို့အကိုနှစ်ကျသမားကြီးကို ချောင်ထိုးပြီး ဒီမင်းသန့်ဇင်ကို မျက်နှာလိုက်တယ် …………အောင်မြတ်လေးဟဲ့နော် ချူချူလေးရဲ့ မောင့်အသည်းလေးရဲ့ အီးဟီးဟီး”

“မောင်မောင်ဆန်း………”

“ဟင်”

“ကဲကွာ လျှာရှည်ဦး….”

“ဂွပ်….”

ရသက မောင်မောင်ဆန်းရဲ့ခေါင်းကို ကွန်ပါဘူးနဲ့ခေါက်ချလိုက်ပါသည်။

“အား သေပါပြီ တအားကြီးလုပ်ရလားလို့ အီးဟီးဟီး”

                                                X       X       X       X


မြက်ခင်းပြင်လေးပေါ်တွင် ဖောက်ထားသော အင်္ဂတေလူသွားစင်္ကြန်လေးပေါ်မှနေ၍ ခပ်လှမ်းလှမ်းရှိ ယူကလစ်ပင်များကို သူကြည့်နေမိသည်။ သူ့လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ထဲတွင် နှိုက်ထားကာ ခန္ဓာကိုယ်ကို ခပ်လျော့လျော့လေးဖြေထားရင် သူပုံမှန်လေးလမ်းလျှောက်လာခဲ့သည်။ သူမုန်းသည့် ကာယအချိန်ကိုရောက်လာပြီ ဖြစ်သောကြောင့် အတန်းလစ်ပြီးကျောင်းပန်းခြံထဲကို လမ်းလျှောက်ထွက်လာခဲ့သည်။ ကျောင်းသားအချို့ကတော့ ဘတ်စ်ကတ်ဘောကွင်းတွင် ရောက်နေကြပြီး အချို့ကတော့ ဘောလုံးကွင်းထဲတွင်ရောက်နေကြသည်။ ရသတစ်ယောက်လဲဘယ်ရောက်သွားမှန်းမသိပါ။ သူကတော့နဂိုကတည်းက အေးအေးဆေးဆေးပဲနေတတ်သူမို့ ဘယ်သူနဲ့မှသိပ်စကားမပြောဖြစ်ပဲ အမြဲတမ်းတစ်ယောက်ထဲ ဖြစ်နေတတ်သည်။

တကယ်တော့တစ်ယောက်ထဲဖြစ်နေတယ်ဆိုတာ ဖြစ်နေတဲ့သူကိုယ်တိုင်က ဖြစ်ချင်လို့မဟုတ်ပါ။ သူလဲသူများတွေလို ပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖြတ်သန်းချင်ပါသည်။ ဒါပေမယ့် စကားနည်းပြီး လူတွေနဲ့ ရောရောနှောနှောမနေတတ်အောင် မေမေကပုံစံသွင်းပေးခဲ့သဖြင့်သူ့ပုံစံက လူချစ်လူခင်မများခဲ့ပါ။ တစ်ခါတစ်လေကျပြန်တော့လည်း တစ်ယောက်ထဲလမ်းလျှောက်ရတာ အိမ်မက်မက်နေရသလိုပါပဲ။ ဘယ်သူမှဘေးမှာစကားပြောဖော်မရှိပေမယ့် ကိုယ်ပြောချင်တာတွေကို ကိုယ့်ဘာသာကိုပြောနေပြီး ဘေးပတ်ဝန်းကျင်ကို အဖော်အဖြစ်ကြည့်နေမိတာမျိုးပေါ့။ မျက်စိထဲမှာဘာလေးပဲ မြင်လိုက်မြင်လိုက် စိတ်ထဲမှာပြောချင်စိတ်ကလေးတွေဖြစ်လာမိသည်။ အဲ့ဒီလိုဖြစ်လာမိတိုင်း သူ့စိတ်ထဲမှာပဲပြောပြစ်လိုက်သည်။ နားထောင်မယ့်သူမရှိပေမယ့် သူကတော့ဒီလိုပဲပြောနေကြဖြစ်သည်။ လက်ထဲမှလက်ပတ်နာရီလေးကို ကြည့်လိုက်တော့ ကျောင်းဆင်းရန် ငါးမိနစ်သာလိုတော့သည်။ ကောင်းကင်တွင် တိမ်အနက်ရောင်ကြီးတွေ အလိပ်လိုက်တက်လာသည်ကိုတွေ့ရသည်။ မကြာခင်မိုးရွာတော့မည်ထင်သည်။

မိုးဆိုလို့ မိုးတွေကိုသူချစ်ပါသည်။ နေတွေဘယ်လောက်ပူပူ မိုးသားတွေသားတက်လာပြီဆို လောကကြီးတစ်ခုလုံးအေးချမ်းသွားရတာပဲမဟုတ်လား။ တကယ်တော့မိုးဆိုတာ လူတွေအတွက် အေးချမ်းမှုတွေကို ယူဆောင်လာပေးတဲ့ ပုံပြင်လေးပေါ့။ အခုလိုမိုးရွာတော့မယ့်အချိန်လေးတွေ ဆိုစိတ်ထဲမှာ ဘယ်လောက်များကြည့်နူးဖို့ကောင်းလိုက်သလဲ။ ပူပင်မှုတွေပျောက်ကွယ်ကုန်ပြီ အေးချမ်းမှုတွေဆိုက်ရောက်နေပြီ အဲ့ဒီတဒင်္ဂလေးအတွင်းမှာ ပြောင်းလဲသွားတဲ့ လူတွေရဲ့ခံစားချက် ….. စဉ်းစားကြည့်လိုက် ဘယ်လောက်ကဗျာဆန်လိုက်သလဲ…… မိုးရွာတော့မယ်ဆိုရင် မြေသင်းရနံ့လေးတွေ နှာခေါင်းထဲမှာအလိုလိုရလာသလိုလို….. မကြာခင်ရောက်လာတော့မယ့် မိုးစက်ကလေးတွေရဲ့ ရှေးပြေး မိုးနံ့လေးတွေ ရလာသလိုလို……ဒါမှမဟုတ် မိုးနံ့ပါတဲ့လေအေးအေးလေးတွေ တိုက်ခတ်လာတတ်သလိုလို…..

တကယ်တော့ မိုးရွာချတယ်ဆိုတာ သာမန်မျက်စိနဲ့ကြည့်မယ်ဆိုရင် ကောင်းကင်ပေါ်က ရေစက်ရေပေါက်ကလေး တွေကျဆင်းလာတာပဲပေါ့။ ဒါပေမယ့် လေးလေးနက်နက်တွေးကြည့်မယ်ဆိုရင် ကမ္ဘာမြေကြီးပေါ်က မြောက်များစွာတဲ့ရေခိုးရေငွှေ့ကလေးတွေကနေ တိမ်တွေအဖြစ်မိုးသားတွေအဖြစ်ပြောင်းလဲသွားတာလေ။ အဲ့ဒီကနေမှ ရေထုဖိအားများလာပြီး ကမ္ဘာမြေကြီးပေါ်ကို ရွာချတာ။ မိုးရွာတာဟာ Water circle တစ်ခုပဲ။ ကမ္ဘာကြီးကို လည်ပတ်နေတဲ့ ရေစက်ရေပေါက်ကလေးတွေရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပေါ့။ သိပ်မကြာခင်မှာပဲ သူအတွေးကောင်းနေတုန်း ကျောင်းဆင်းခေါင်းလောင်းထိုးသံကို ကြားလိုက်ရပါသည်။ ကစားနေကြတဲ့ ကျောင်းသားတွေ အလျိုလျို ကျောင်းခန်းထဲကို ပြန်ဝင်သွားကြပြီး ကျောင်းဆင်းရန်ပြင်နေကြသည်ကိုတွေ့ရသည်။

မိုးရွာခါနီးနေပြီမို့ သူ့စိတ်တွေထူးဆန်းနေကာ ကျောင်းဆင်းချင်စိတ်မရှိပဲ မိုးရွာအောင်စောင့်နေချင်စိတ်တွေ ဖြစ်လာသည်။ မိုးတွေရွာလာတဲ့အခါ သူမိုးရေထဲမှာလျှောက်သွားမည်။ မိုးစက်တွေကိုဆော့ကစားမည်။ မိုးစက်ကလေးတွေက ကောင်းကင်ပေါ်ကနေ ကခုန်ပြီးသူ့ခန္ဓာကိုယ်ပေါ်ကို ဆင်းသက်လာကြမည်။ ကဲ…. ဘယ်လောက်ပျော်ဖို့ကောင်းလိုက်လဲ………

“ဂျိမ်း……………….. ဂျိမ်း………….”

အိုး….. မိုးတွေချိန်းနေလိုက်တာ……. ဒါဟာမိုးရွာတော့မယ်ဆိုတဲ့သဘောပေါ့……. ရွာလိုက်ပါမိုးရယ် ရွာစမ်းပါ…… သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းထားလိုက်သည်။ မိုးတွေကို သူကြိုဆိုသည်ပေါ့။ မိုးရွာမှာကိုကြောက်ပြီး ထွက်ပြေးမယ့်အထဲမှာသူမပါပါ။ သူကမိုးတွေကိုချစ်တဲ့သူလေ မိုးစက်တွေကိုသူဘာကြောင့်ရှောင်ပြေးရမှာလဲ….. ရွာမှသာရွာပါမိုးရယ်……..

“ဟေး……မင်းသန့်ဇင် ”

သူလှည့်ကြည့်စရာမလိုပဲနဲ့သိသည်။ ဒါရသရဲ့အသံ….. သူလှည့်မကြည့်ပါ

“ဘာလုပ်နေတာလဲ ကျောင်းဆင်းနေပြီ မပြန်သေးဘူးလား”

အသံကခပ်လှမ်းလှမ်းကပါ။ ကြည့်ရတာ ရသကသူ့ကိုကျောင်းဆောင်ထဲကနေ လှမ်းအော်နေပုံပါ။ မိုးမိမှာစိုးလို့ သူ့အနားထိမလာတာဖြစ်မည်။ သူရသကိုလှည့်ကြည့်လိုက်သည်။ သူထင်တာမမှားပါ။ ရသကကျောင်းခန်းဆောင်ထဲမှနေ၍ သူကိုအော်နေခြင်းဖြစ်သည်။ သူအကြည့်ကိုပြန်လွှဲပြစ်လိုက်ပါသည်။

“ဝေါ…………………..”

မိုးတွေရွာချလာပါပြီ……… မိုးစက်မိုးပေါက်တွေ မြေပြင်ပေါ်သို့ပြွတ်သိပ်စွာဆင်းသက်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်သို့ တစ်ပေါက်ပေါက်မှန်လာသော မိုးပေါက်တွေကြောင့် ခဏလေးအတွင်းမှာပဲ ခန္ဓာကိုယ်အပေါ်ပိုင်းက စိုရွဲသွားသည်။ သူရင်ထဲမိုးစက်ရဲ့အေးစက်မှုလေးတွေ လွှမ်းခြုံသွားသည်။ အေးချမ်းသွားလိုက်တာ….. ရင်ထဲမှာရှိတဲ့အပူတွေ အကုန်အငွှေ့ပြန်ကုန်ပြီ…… သူ့မျက်လုံးတွေကိုပြန်မှိတ်လိုက်သည်။ ထို့အပြင် သူပြုံးနေမိသေးသည်။ ဘာကြောင့်များပါလိမ့်နော်…… ပျော်လိုက်တာမိုးရယ် ရွာစမ်းပါ…… သည်းကြီးမည်းကြီးသာ ရွာပြစ်လိုက်စမ်းပါ……

“ဟေး မင်းသန့်ဇင် အူးဟူ…………. ”

“မင်းသန့်ဇင် မိုးတွေစိုကုန်ပြီ မြန်မြန်ပြန်လာတော့…………..”

မိုးစက်တွေကိုသူလက်ဖြင့်ခံထားလိုက်သည်။ သူ့လက်ခုပ်ထဲတွင် မိုးစက်ကလေးများဆင်းသက်လို့လာသည်။ ရသကတော့သူ့ကို ကျောင်းဆောင်ထဲနေ တကြော်ကြော်အော်နေပါသည်။ သူရသရှိရာသို့ လှမ်းအော်လိုက်သည်။

“ရသ…… လာခဲ့ ထွက်လာခဲ့”

“အင်…….အိုးဟိုးဟိုး အဲ့လိုမနောက်နဲ့လေ”

“ဟားဟား လာခဲ့ပါ ပျော်ဖို့ကောင်းတယ် မိုးရေချိုးရအောင်”

“အင်……. ဟေး ဟားဟား ငါကတော့မိုးမမိချင်ဘူး ”

သူရသကို ကြည့်ရင်းရယ်လိုက်မိသည်။ ရသမိုးစိုမှာကြောက်လို့ သူ့ဆီမလာရဲတာဖြစ်သည်။ ဒါပေမယ့် သူပြန်မလာတော့ ရသကမနေနိုင်တော့ပဲ ကျောင်းဆောင်ထဲမှ ထွက်လာပါသည်။ မိုးများကလဲ သည်းကြီးမည်းကြီးဆက်လက်ရွာနေဆဲပါ။ သူ့ရှေ့သို့ရသရောက်လာသောအခါ ရသမှာလဲ မိုးတွေရွှဲရွှဲဆိုသွား ပြီဖြစ်သည်။ ရသမျက်နှာပြင်ပေါ်သို့ ဆံစများမှတစ်ဆင့် စီးကျနေသော မိုးစက်ကလေးများက လှလွန်းနေသည်။

“မင်းရူးနေလား မိုးမိပြီးဖျားတော့မယ် လာသွားရအောင်”

“နိုး….နိုး ငါမသွားဘူး ဒီအချိန်အိမ်ပြန်ရင်လဲ မိုးမိမှာပဲလေ”

“မင်းအမေလာကြိုမှာမဟုတ်ဘူးလား”

“ငါတော့အဲ့လိုမထင်ဘူး ငါ့အမေလာမကြိုတော့ဘူးလို့ Massage ရထားပြီးသားလေ”

“အာ… မင်းကတော့ကွာ ခက်တော့တာပဲ။”

ရသကစိတ်ပျက်သွားဟန်ဖြင့် မျက်နှာကြီးတည်သွားသည်။ ရသတည်တည်တံ့တံ့နေသည့် အခါမျိုးမှာ ရသပုံစံက လူကြီးတစ်ယောက်လိုဖြစ်သွားသည်။ ရသတည်တာ ယခုနဲ့ဆို သူနှစ်ခါကြုံဖူးပြီဖြစ်သည် ။ ပထမတစ်ခါက သူအိမ်ပြန်တုန်းက ဘတ်စ်ကားပေါ်မှာ ရသနဲ့အတူစီးခဲ့တဲ့အချိန်ကဖြစ်သည်။ အဲ့ဒီတုန်းက သူကို့လဲမှာစိုးလို့ ရသကထိန်းပေးခဲ့သည်။

“ရသ……”

“ရသ……”

ရသက သူ့ကိုစိုက်ကြည့်နေပါသည်။ ရသရဲ့……အိုး…..ရသရဲ့မျက်လုံးပြာတွေ သူကြည့်မိပြန်ပြီ…… ။ မိုးစက်များစီးကျနေသော ရသမျက်နှာပြင်က စွဲဆောင်မှုအပြည့်ရှိနေသည်။ ရသနဖူးမှစီးကျသွားသော မိုးစက်ကလေးများသည် ပါးပြင်မှတစ်ဆင့် လည်ပင်းသားဆီသို့တစ်ဖြေးဖြေးစီးဆင်းသွားပါသည်။ ရသနှုတ်ခမ်းကလေးကလဲ စေ့မထားပဲအသာလေးဟနေသည်။ နှုတ်ခမ်းအဖျားပိုင်းတွင် အနည်းငယ် ခြောက်ကပ်နေဟန်ဖြင့် ဖြူဖတ်ဖြူရော်ဖြစ်နေပြီး နှုတ်ခမ်းအတွင်းပိုင်းသားတွေက ရဲနေသည်။ ရသနှုတ်ခမ်းတွေက တစ်စုံတစ်ခုကိုတောင့်တနေသလိုလိုသူခံစားမိသည်။ သူရှိန်းတက်လာတဲ့ ရင်ခုန်သံတွေကို တံတွေးတစ်ချက်မျိုချလိုက်ရင်း ဖြေသိမ့်လိုက်သည်။ သူဆွံ့စွာရသကို ငေးကြည့်နေမိလျက်သားဖြစ်နေ၏။

ရသကမပြောမဆိုဖြင့် တဖြေးဖြေးသူ့အနားကိုကပ်လာသည်။ ရသမျက်နှာကခါတိုင်းလိုမဟုတ်ပဲ တမူထူးခြားနေသည်။ သူဘာကြောင့်များ ရသကိုကြောက်လာတဲ့စိတ်တွေ ဝင်လာတာပါလိမ့်။ ရသက တစ်လှမ်းရှေ့သို့တိုးလာတိုင်း သူကနောက်သို့တစ်လှမ်းဆုတ်မိလျှက်သားဖြစ်နေသည်။ သူ့စိတ်တွေတုန်ရီလာသလို လက်ဖျားများကလည်း စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် ခပ်ဆတ်ဆတ်ဖြစ်နေသည်။

“ရသ....မင်း……”

သူစကားပြောဖို့ဟကာစမှာပင်ရသက သူ့နှုတ်ခမ်းတွေကို လက်ကလေးဖြင့် အသာပိတ်လိုက်သည်။ ရသအကြည့်တွေက သူမျက်နှာနှင့်တဖြေးဖြေးနီးကပ်လာသည်။ သူ့စိတ်တွေတုန်ရီစွာ ရသကိုငေးကြည့်နေရင်း အေးစက်နေသော မိုးစက်များကြားထဲမှ လှိုက်နွေးနေသောရင်ခုန်သံငွှေ့ငွေ့လေးက ရှိန်းကနဲ့ ဘယ်ဖက်ရင်အုံ ဆီမှတစ်ဆင့် သူ့နှလုံးသွေးထဲသို့ တစ်စိမ့်စမ့်စီးဝင်သွားသည်။ သူနှုတ်ဆိတ်သွားသောအခါ ရသက လက်ကိုဖြေလျော့ပေးလိုက်ပြီး သူ့ကိုခါးမှနေ၍ အရှေ့သို့ဆွဲလိုက်သည်။ သူ့ခန္ဓာကိုယ်လေး လေထဲတွင်အေးကနဲဖြစ်သွားပြီး ရသနှင့်ထိရန်တစ်လက်မခန့်အလိုသို့ ရောက်ရှိသွားပါသည်။

ရသမျက်နှာက ကျောက်ရုပ်တစ်ရုပ်လို ခံစားချက်မဲ့နေပြီး အေးစက်နေသည်။ ရသကသူ့ထက်အနည်းငယ် အရပ်ရှည်သဖြင့် အနီးကပ်နေလိုက်သောအခါ ရသမျက်နှာကို သူမော့ကြည့်နေရသည်။ ရသကလဲ သူ့ကို ခေါင်းငုံ့ပြီးစိုက်ကြည့်နေလျက်သား……… နှစ်ဦးစလုံးရဲ့အကြည့်တွေ စုံသွားခိုက်……. အဲ့ဒီအခိုက်အတန့်လေး……. အဲ့ဒီတဒင်္ဂလေး…….. သူမူးမေ့ချင်သလိုလို……… အာရုံတွေရှုပ်ရှပ်ခတ်လာသည်။ အသက်ရှူသံတွေကိုသူကြားနေရသည်။ နှလုံးခုန်သံတွေ………. ရသဆီကနှလုံးခံသံတွေ သူအတိုင်းသားကြားနေရသည်။ သူ့လက်တွေ ရသရဲ့မျက်နှာပြင်ရှိရာသို့ လှမ်းလိုက်သည်။

တဖြေးဖြေးဖြင့်ရသမျက်နှာပြင်ရှိရာသို့ရောက်ရှိလာသည်။ ရသကသူ့လက်တွေကို ငေးကြည့်နေပြန်သည်။ သူ့လက်တွေရသပါးပြင်နှင့်ထိတွေ့ခါနီးချိန်မှာတော့ ရသမျက်လုံးလေးစင်းသွားသည်။ သူရသပါးပြင်ကိုထိရမှာ မရဲတရဲဖြစ်နေတုန်းမှာပဲ ရသရဲ့လက်တစ်ဖက်က သူ့လက်တွေကိုဖမ်းဆုပ်လိုက်ပြီး သူ့ပါးပြင်တွေဆီကို အပ်ပေးလိုက်သည်။ အိုး…….. ဘယ်လိုပြောရမလဲ……. ဒါမျိုးကိုရင်ခုန်တယ်လို့ပြောရမလား…….

ခဏကြာသော် ရသမျက်လုံးများပြန်ဖွင့်လာပြီး ကျန်လက်တစ်ဖက်က သူ့ပုခုံးထက်ကို လာကိုင်ပါသည်။ ထို့နောက် ရသဦးခေါင်းလေးက တစ်ဖြေးဖြေးနိမ့်ဆင်းလာပြီး သူ့မျက်နှာဖြင့်နီးကပ်လာသည်။ သူ့နှုတ်ခမ်းတွေကို တစ်ချက်သပ်လိုက်ရင် တံတွေးတစ်ချက်မျိုချမိလိုက်ပြန်သည်။ သူအငွှေ့ပြန်သလို လေထဲတွင်လွင့်မြောသွားသလို….. စိတ်ထဲတွင် ခံစားမိသည်။

ရသနှုတ်ခမ်းတွေနဲ့သူ့နှုတ်ခမ်းလေးတို့ တဖြေးဖြေးနီးကပ်လာပါသည်။ သူ……. ငါ့ကိုနမ်းတော့မယ်…… သူမကြည့်ရဲတော့ပါ…… ရှေ့ဆက်ပြီး ဘာတွေဖြစ်လာမှာလဲ…….. ဟင့်အင်း မသိရဲဘူး……. သူကြောက်နေမိပါသည်။ သူခြေမတွေကိုကုတ်ထားမိသည်။ ဒါပေမယ့် ရုန်းဆန်ဖို့တော့မကြိုးစားမိ။ သူ့မျက်လုံးတွေကို မှိတ်ထားလိုက်မိသည်။ ရသ…… ရသ…… ရသ……. ရသဆိုတဲ့နာမည်တွေကိုပဲ သူ့စိတ်ထဲတွင်ခေါ်နေမိသည်။ အို…… ဘာကြောင့်များ သူဆောက်တည်ရာမရဖြစ်နေတာပါလိမ့်….

“အိုး……..”

နှုတ်ခမ်းသားနွေးနွေးလေး…….

စိုစွတ်နေတဲ့ အထိအတွေ့……

အသစ်အသစ်သော ရင်ခုန်သံတွေနဲ့……..

သူ့ရင်တွေဗြောင်းဆန်ကုန်ပြီ……. သူ့နှလုံးသားတွေ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပြီ…….

ကမ္ဘာကြီးက ချာချာလည်နေပါလား……. လောကကြီးမှာ မိုးစက်တွေကလွဲပြီး ဘာမှမရှိတော့သလို…..

အဲ့ဒီတစ်ခဏလေးမှာ…… အားလုံးတိတ်ဆိတ်သွားသည်။

တဒိတ်ဒိတ်ခုန်နေသာ နှလုံးခုန်သံတွေက ရသရဲ့အနမ်းတွေနဲ့စီးမြောရင်း…..

လေထုထဲကမိုးစက်လေးတွေနဲ့အတူ….. ပုံပြင်လေးအဖြစ်ပြောင်းလဲသွားသည်………


                                                                                       ဆက်ရန်ရှိသေးသည်
                                                                                              Written by- 
                                                                                                       Lovealone



5 comments:

  1. မြန်မြန်လေး နောက်တစ်ပိုင်းဗျို့ :)

    ReplyDelete
  2. ဇာတ်လမ်း climax မှာ အကြာကြီးဆွဲမထားနဲ့!!!!! Waiting for another part!!!!!!

    ReplyDelete
  3. Lovealone ရေ အရမ်းကောင်းတယ်။ဖတ်ရတာဇာတ်လမ်းထဲမှာမျောပါမိသည်အထိအောင်ပါပဲ။ငါ့ညီတော်တော်တိုးတက်လာတယ်ကွာ။အားရတယ်။(Ina)ညီလေးမောင်

    ReplyDelete
  4. Romatic story,Very like

    ReplyDelete