This is the best gay website for Myanmar gay peoples.

Saturday, May 10, 2014

ဘာသာရေးကြောင့် ပဲဖြစ်ဖြစ်၊ လူမှုအသိုင်းအ၀ိုင်း ကြောင့်ပဲဖြစ်ဖြစ်၊ လက်ထပ်ထားလို့ ပဲဖြစ် ဖြစ် ယောက်ျားလေး တော်တော်များများက ကိုယ်လိင်တူဆက်ဆံတာကို မသတီဖြစ်တတ်တာ၊ ကိုယ့်ကိုကိုယ် အပြစ် ရှိတယ်လို့ ထင်တတ်တာတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့သာ အဲဒီလိုမျိုး ခံစားနေရမယ်ဆိုရင် ကိုယ့်ကျန်းမာရေးအတွက်ရော၊ လိင်ဆက်ဆံဖက်ရဲ့ ကျန်းမာရေးအတွက်ရော တာဝန်ယူနိုင်မှာ မဟုတ်တော့ပါဘူး။ လိင်တူဆက်ဆံတဲ့ ယောက်ျားတစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ် လက်မခံနိုင်မှုတွေကြောင့် HIV ပိုးနဲ့ ကာလသားရောဂါပိုး ကူးစက်နိုင်ခြေတွေ ပိုများလာနိုင်တာကို သတိပြုဖို့လိုပါတယ်။


၁။ ပေါင်းသင်းဆက်ဆံရေး မကောင်းခြင်း

ယောက်ျားချင်း လိင်ဆက်ဆံတယ် ဆိုတာကို လူသိမခံဝံ့တဲ့သူတွေဟာ လိင်ဆက်ဆံခြင်းကို ပုန်းလျှိုးကွယ်လျှိုး ပြုလုပ်ကြပြီး ဆက်ဆံဖက်တွေလည်း များတတ်ပါတယ်။ လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံ ခြင်းအကြောင်း၊
ကွန်ဒုံးနဲ့ ဂျယ်အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောရမှာကို ရှက်ကြောက် နေတတ်တာကြောင့် HIV ပိုးနဲ့ကာလသားပိုးတွေ ကူးစက်ခြင်းကို အား ပေးနေသလို ဖြစ်တတ်ပါတယ်။


၂။ ကွန်ဒုံးများ

ဒီလို ပုန်းလျှိုးကွယ်လျှိုး နေတတ်တဲ့ ယောက်ျားလေးအများစုဟာ ကွန်ဒုံးနဲ့ ဂျယ်ဆောင်ထားရမှာလည်း ရှက်ကြောက် တတ်ကြပါတယ်။ တခြားသူတွေက သူတို့မှာ ကွန်ဒုံးတွေ ဂျယ်တွေ ဆောင်ထားတာ တွေ့သွားရင်သူတို့ကို စွပ်စွဲတာတွေ၊ ပုတ်ခတ် ပြောဆိုတာတွေ ဖြစ်လာနိုင်တာ ကြောင့်ပါပဲ။ တချို့ကျတော့လည်း ကိုယ့်ရဲ့ ရည်းစား က တွေ့သွားမှာကြောက်တဲ့အတွက် ကွန်ဒုံးကို မဆောင်ထား တတ်ကြပါဘူး။ တော်တော် များများကတော့ ဆိုင်မှာသွားပြီး ကွန်ဒုံးနဲ့ ဂျယ် ပြောဝယ်ရမှာကို အလွန်ရှက်ကြောက်ကြပါတယ်။


၃။ လိင်ဆက်ဆံခြင်းနှင့်ပတ်သက်သော ကျန်းမာရေး အသိပညာ ဗဟုသုတနဲ့ ကျွမ်းကျင်မှု နည်းပါးခြင်း

ကိုယ့်ကိုကိုယ် ယောက်ျားချင်း လိင်ဆက်ဆံတဲ့သူအဖြစ် ပွင့်ပွင့်လင်းလင်း ၀န်မခံရဲတဲ့ သူတော်တော်များများဟာ HIV ပိုးနဲ့ တခြား ကာလသားရောဂါပိုးတွေ စစ်ဆေးမှုခံယူဖို့ကို အလွန် ရှက်ကြောက် တတ်ကြပါတယ်။ ဂေး တွေချည်းပဲ ကုသပေးတဲ့ ဆေးခန်းမျိုးကို သွားရောက်ဖို့လည်း အင်မတန်ဝန်လေး ရှက်ကြောက် ကြပါတယ်။ ဂေးမဂ္ဂဇင်း တွေနဲ့ လက်ကမ်း စာစောင်တွေက ပေးတဲ့ သတင်း အချက်အလက်တွေ ကိုလည်း မရယူ ရဲ၊ ဂေးတွေ တွေ့ဆုံလေ့ရှိတဲ့ နေရာတွေကိုလည်း ပေါ်ပေါ်တင်တင် မသွားလာရဲတာ တွေကြောင့် သူတို့ဟာ လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သူများတွေလောက် မရရှိ တတ်ကြပါဘူး။


၎။ အာရုံလွင့်ခြင်း

ကိုယ့်ကိုကိုယ် လိင်တူဆက်ဆံတဲ့ ယောက်ျားတစ်ယောက်အဖြစ် လက်ခံနိုင်စွမ်း မရှိတဲ့သူတွေဟာ လိင်ဆက်ဆံတဲ့ အချိန်မှာ ဖြစ်ပျက်နေတာတွေကို ထိန်းချုပ်နိုင်မှုအား နည်းတတ်ကြပါတယ်။ ကိုယ်မသိတဲ့ ကိုယ့်လိင်ဆက် ဆံဖက် ပြုသမျှကို ပဲနုတတ်တဲ့အတွက်ကြောင့် သူလုပ်ခဲ့တာတွေက အန္တရာယ်နည်း သလား၊ များသလားကို သတိ မပြုမိတတ်ကြပါဘူး။ ဒီလို အခြေအနေမျိုးရှိတဲ့ ယောက်ျားအများစု ဟာ အရက် (သို့) ဆေးတစ်မျိုးမျိုး သုံးပြီး ရဲဆေးတင်ထား တတ်ကြတာမို့ သူတို့ကိုယ်သူတို့ တာဝန်ယူနိုင်စွမ်း မရှိကြပါဘူး။


၅။ ကိုယ့်ကိုယ်ကို ယုံကြည်မှု 

လိင်တူဆက်ဆံခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့ ထင်နေတဲ့သူတစ်ယောက်ဟာ  ကိုယ့်ကိုယ်ကိုယုံ ကြည်မှုနည်း နေနိုင်ပြီး ကိုယ့်ကျန်းမာရေးနဲ့ တခြားသူတွေ ကျန်းမာရေးကို တာဝန်ယူဖို့လည်း တတ်ကြွ မနေတာမို့ သူ့ဆီမှာ လိင်ဆက်ဆံခြင်းကနေ တဆင့်ရရှိနိုင်တဲ့ အန္တရာယ်တွေ ပိုများနေနိုင်ပါတယ်။ ယောက်ျားချင်း လိင်တူဆက်ဆံတာဟာ လူ့ကျင့်ဝတ် မှားယွင်းမှုတစ်ခုလို့ ခံစားနေရတဲ့ယောက်ျားတွေရဲ့ စိတ်ထဲမှာ သူတို့ဟာ အပြစ်ရှိတဲ့အတွက် ကာလသားရောဂါပိုးတွေ ကူးစက်ခံရမယ်ဆိုရင်လည်း ခံသင့်တယ်၊ ဘုရားသခင် အပြစ်ပေးတာလို့တောင် မှတ်ယူတတ်ကြပါတယ်။



0 comments:

Post a Comment