This is the best gay website for Myanmar gay peoples.

Thursday, May 15, 2014

On 2:56 AM by Unknown in    3 comments
ကောင်းကင်ကိုမော့ကြည့်လိုက်လျှင် အုံ့ဆိုင်းနေသော မိုးသားတိမ်လိပ်တွေကိုတွေ့ရသည်။ မိုးတွင်းမှာမိုးရွာတာမထူးဆန်းသော်လည်း ချစ်သူထံပြန်ရမည့်နေ့မှ ဒီလိုအုံ့မိုင်းနေခြင်းကိုစိတ်က သိပ်သဘောမကျ။ ကားလက်မှတ်ကို ည ၈း၃၀ ဖြတ်ထားလို့တော်သေးသည်။ နာရီကိုကြည့်လိုက်တော့ ညနေသုံးနာရီရှိပြီ။ အမှန်ဆိုဒီလိုရာသီဥတုမျိုးက မန္တလေးမှာနေလို့ကောင်းသည်။ မိုးမရွာဘဲအုံ့ဆိုင်းနေခြင်းသည် မန္တလေးတော်ဝင် နန်းရိပ် နန်းမြေကို အလွမ်းပို နေစေသလိုခံစားမိသည်။

မန္တလေးသို့အလုပ်ကိစ္စတစ်ခုဖြင့်လာခြင်းဖြစ်သဖြင့်အခြားနေရာများသို့မရောက်နိုင်။ ဈေးချိုတော်၊ မန္တလေးတောင်နှင့်တောင်သမန်သို့သွာရန်သာ စီစဉ်ထားသည်။ ဈေးချိုကိုမနက်ပိုင်းတွင်သွားပြီးဖြစ်သဖြင့် တည်းခိုသောသူငယ်ချင်းအဆောင်တွင် အေးဆေးပြန်နားနေသည်။ “မင်းတောင်ပေါ်သွားဦးမယ်ဆို” သူငယ် ချင်းကလိုက်ပို့ရန်ပြင်ဆင်ထားပုံရသည်။ မိုက်သည်။မွန်းကြပ်နေသောအလုပ်ကိစ္စနှင့်အခြားစိတ်ပင်ပန်းစရာများ ကိုတောင်ပေါ်တွင်ဖြေဖျောက်ရမည်။

“အေးသွားမယ်လေ မင်းအားလား သင်တန်းချိန်နဲ့ကောလွတ်သလား” 


ကျွန်တော်မေးလိုက်သည်နှင့် ခေါင်းကိုငြိမ့်ပြသည်။ 


“အိုကေ ဂိုးမယ်”

 သူကိုလည်းမေးရသေးသည်။ MTU တွင် ME တက်နေပြီး ညနေပိုင်းများတွင် သင်တန်းပေါင်းစုံတက်နေသဖြင့် သူလည်းကျွန်တော်ကို အချိန်သိပ်မပေးနိုင်မှန်းသိသည်။ သူ့ကိုတွေ့ဖို့တမင် MTU နားကသူအဆောင်ကိုတမင်လာအိပ်ရခြင်းဖြစ်သည်။ သူအဆောင်မှ အချိန်အနည်းငယ်မောင်းလျှင် တောင်ပေါ်ကိုရောက်မှန်းကျွန်တော်မသိ။


တောင်ပေါ်တက်သည့်အချိန်တွင် စိတ်တစ်ခုလုံးပေါ့ပါးနေသည်။ တောင်တက်ခရီးကို ဆိုင်ကယ်ဖြင့်တက်ရသည်က ရင်ခုန်စေသည်။ သူငယ်ချင်းဆိုင်ကယ်နောက်မှ ထိုင်ပြီး တောင်ပတ်လမ်းဘေးဝဲယာမှ ရှုခင်းများကလည်း ကြည်နူးဖွယ်ကောင်း၏။ ဆိုင်ကယ်အကွေ့အကောက်သို့ ရောက်လေတိုင်း စိုးထိတ်သောခံစားမူကလှိုက်ခနဲ။

အရင်အလုပ်မ၀င်ခင်က မန္တလေးကို အခေါက်ပေါင်းများစွာရောက်ဖူးသော်လည်း ဆိုင်အတွက်လိုအပ်သောပစ္စည်းများကိုဝယ်ရုံမျှအပ အခြားနေရာများကိုသွားရန် အချိန်မရ။ ခုလိုအလုပ်ဝင်ပြီး အလုပ်ကိစ္စဖြင့်လာသောအချိန်မှသာ သွားလိုသည့်နေရာမျာကိုစဉ်းစားနိုင်တော့သည်။ တောင်ပေါ်ရောက်သည် နှင့် လေတွေက တဖြူးဖြူးတိုက်လာသည်။ မိုးရိပ်တွေလွှမ်းနေသော အစိတ်ပိုင်းများက အလွမ်းဓါတ်ခံမရှိသော လူကိုပင်မည်သည်ကိုလွမ်းစေသည်မသိ။ ကျွန်တော်သူငယ်ချင်းကတော့ အမြဲရောက်နေကြဖြစ်ပုံရသည်။ ထူးခြားသောခံစားမူကို သူမျက်နှာတွင်သိပ်မတွေ့ရပေ။

ယောက်ဖ ဘယ်မှာလည်းမြွေကြီးနှစ်ကောင်က မေးလိုက်သည်နှင့် မြွေနှစ်ကောင်ရှိသည့်နေရာကို လက်ညျိုးထိုးပြသည်။ 


 “အေးအပေါ်နားမှာဟ” 

ကျွန်တော်ကိုပြောပြီး လှေခါးထစ်တွေကိုတက်သွားသည်။ ဒီနေ့မှ ဓါတ်လေခါးကလည်းမဖွင့်။ မြေအစိုဓါတ်ပေါ်မှ သစ်ရွက်ခြောက်လေးတွေကိုနင်းပြီး တိုက်လာခတ်လာ သော လေရိုင်းလေးတွေက ကျွန်တော်နာခေါင်းထဲသို့အရှိန်ပြင်းစွာတိုးဝင်လာသည်။
ကျွန်တော်မှာလက်ထပ်ရန်ရည်ရွယ်ထားသောချစ်သူရှိသည်။

ကျွန်တော်လည်းသူမကိုချစ်သည်။ အချိန် တစ်ခုရောက်လျှင် လပ်ထပ်ရန်လည်းတိုင်ပင်ထားပြီးပြီဖြစ်သည်။ နှစ်ဘက်မိဘများကလည်း ထိုအကြောင်းကို သိသည်။ ထိုကြောင့်အချစ်ရေးသည် ကျွန်တော်အတွက်ပူပင်ခြင်းတစ်စုံတစ်ရာအားမပေးစွမ်း။ တခြားသူများက အချစ်ကြောင့် ပူဆွေးဝမ်းနည်းနေသည်ဟုပြောလာတိုင်း ကျွန်တော်ပြုံးပြနစ်သိမ့်ရုံသာအားပေးဖြစ်သည်။အ ဘယ်ကြောင့်ဆိုသော် ကျွန်တော်ကို အစွန်းဆုံထိနာလည်ပေးနိုင်သောချစ်သူတစ်ယောက်ကို အသိုင်းဝိုင်းတစ်ခုလုံးမှ အသိမှတ်ပြုစွာပိုင်ဆိုင်ထားသောကြောင့်ဖြစ်၏။

“ဇွဲထက် မင်းဘာစဉ်းစားနေတာလည်။မင်းမြွေရုပ်ကရောက်ပြီလေ”ကျွန်တော်အတွေးလွန်စွာသူနောက် မှလိုက်နေမိသည်။ “အေးပါကွာမင်းကလည်းမြင်ပါတယ်” အရှက်ပြေပြောလိုက်မိသည်။ “ဟဟ ဇွဲထက် မင်းကို ငါကျောင်းထဲက တစ်ခန်းထဲအိပ်လာတဲကောင်ပါကွာ။

ဘာလည်းမင်းကငါ့နေရာမှာ မင်းနေပြည်တော်ကစော် လေးကိုလွမ်းနေလို့လား။ သူငယ်ချင်းနောက်လိုက်သည်ဆိုလျှင်ပဲ “ဟဟငါဘ၀မှာ အချစ်အတွက်အလွမ်းဆို တာရှိစရာလိုလို့လားကွာ။ မင်းသိတဲ့အတိုင်း ယူယုံဘဲကျန်တော့တာ သဲလေးကလည်းငါဆိုချစ်လိုက်တာတုန်နေ တာဘဲ”။ ကျွန်တော်စကားကိုကြားလျှင် သူငယ်ချင်းက နှုတ်ခမ်းလုပ်ယုံပြော၏။ ဘုရားပေါ်တွင်မို့ ကျွန်တော်သူ ငယ်ချင်းဆင်ခြင်လိုက်မှန်းသိသည်။

အရက်ဆိုင်သို့မဟုတ်အဆောင်မှာဆိုလျှင် သူ့နုတ်ဖျားမှကြမ်းတမ်းသောစကာလုံးများထွက်ကျလာနိုင် ကြောင်းကျွန်တော်သိသည်။ မြွေကြီးနှစ်ကောင်ရှေ့တွင် အမှတ်တရဖြစ်အောင်ဓါတ်ပုံလေးရိုက်ပြီးတော့ တောင်ရဲ့ ဘေးဘက်ကိုကျွန်တော်ကိုသူလမ်းပြခေါ်သွားသည်။ အဲနေရာတွင် ကျန်စစ်သားခြေရာလားမသိ ခြံဖြင့် ခတ်ထားသောနေရာတစ်ခုရှိသည်။ ထိုနေရာမှကြည့်လျှင် တောင်ပေါ်တောင်အောက်ကို ရှင်းလင်းစွာမြင်နိုင် သည်။ လေတွေပိုတိုက်ခတ်လာသည်။

ရင်ပြင်တော်တစ်ဝိုက်အား ကာထားသောတံတိုင်လေးများကို မှီပြီး တောင်အောက်ရှူခင်းများကိုကြည့်ရသည့်ဖီလင် ကိုအကြိုက်ဆုံးဖြစ်သည်။ သပ္ပာယ်လှသော တောင်တော်မှဘုရားကိုဖူမျှော်ခွင့်ရနေသည့်စိတ်သည် တောင် အောက်ရှုခင်းများကို ကြည့်ရှူလိုက်သည့်အချိန်နှင့်တိုက်ဆိုင်စွာ စိတ်အစုံအားဝဲပျံခွင့်ပေးလိုက်သည်။ အချိန် မည်မျှကြာသွားသည်မသိ။ “ဟကောင် ပြန်စို့လေ မင်းဦးပိန်သွားအုံးမယ်မို့လား။ ထန်းရေခါးတစ်ခွက်လောက် တော့သောက်သွားအုံး” သူငယ်ချင်းပြောမှပင် ကျွန်တော်၏ လွှင့်မျှောနေသောစိတ်ကို ထိန်းချုပ်ခွင့်ရသည်။

တောင်၏အဆင်းလမ်းသည် တော်ပေါ်မှကြည်နူးခဲ့သောခံစားချက်နှင့်ဆန့်ကျင်ဖက်ဖြစ်နေသည်။ နောက်တစ်ချိန် ရောက်မည်မရောက်မည်ကိုသေချာမသိနိုင်။ ရောက်ဖြစ်လျှင်တောင် ဒီငယ်သူငယ် ချင်းနှင့်တွေ့ဆုံနိုင်မည်မထင်။တောင်အောက်သို့ရောက်သောအချိန်တွင် “အေးဟ ရောက်နေတယ်။ ဦးပိန်ကို လာခဲ့ အဲမှာတွေ့မယ်”။ ကျွန်တော်သူငယ်ချင်းဖုန်းပြောသံကို ကြားလိုက်ရသည်။

“အေးမင်းကိုမေးနေတယ်။
တစ်ခြားသူငယ်ချင်းတွေလာတွေ့မယ်တဲ့။ ငါဦးပိန်ကိုချိန်းလိုက်တယ်”။ “အေးကွာ ချိန်းလိုက်ပြီးပြီမို့လား ကဲဂိုး မယ်ဦးပိန်ကို ကြွက်ကြော်နဲ့ထန်းရည်သောက်မယ်လေ”။ ကျွန်တော်ပြောလိုက်သည်နှင့်သူငယ်ချင်းက ဆိုင်ကယ်ကို တောင်သ မန်သို့ဦးတည်လိုက်ပြီ။

ဦးပိန်သွားလမ်းတစ်လျှောက် ကျောင်းသားကျောင်းသူများကို အရောင်စုံပန်းများအလားတွေ့လိုက် ရလျှင်ဖြင့် တစ်ချိန်ကကျောင်းတက်သည့် အချိန်တွေကိုသတိရမိသည်။ အတန်းချိန်မဟုတ်သော်လည် သဖြင့် လွတ်လပ်ပျော်ရွင်နေကြသည်။ အခြေနေမျိုးမျိုးမှာအောင်မြင်မူကိုရအောင် နာကျင်သောနှလုံးသားများစွာဖြင့် သူငယ်ချင်းများအားလုံး ကြိုးစားနေကြလိမ့်မည်။ ကျွန်တော်သည် လည်းထိုနည်း၎င်းပင်။ ရာထူးတစ်ခုရလိုစိတ်ဖြင့် နေပြည်တော်ဆိုသည့် ဒေသတစ်ခုတွင် ပူလောင်လှသောရာသီဥတုကို ဥပက္ခာပြုပြီး ကြိုးစားနေရသည်။ အပေါင်းသင်းမရှိသော်လည်း မျှော်လင့်ချက်တစ်ခုအားအသက်သွင်းရန် ကြိုးစားနေမိခြင်းသည် မိမိယုံကြည်ချက်ပင်ဖြစ်လိမ့်မည်။

ချစ်ခင်ကြင်နာရမည်ချစ်သူတစ်ဦးဘေးတွင်ရှိနေလို့သာတော်သေးသည်။ ထိုသို့မဟုတ်လျှင် ကျွန်တော် ရူးသွားနိုင်သည်။ တောင်သမန်သို့ရောက်လျှင် အသင့်စောင့်နေသောသူငယ်ချင်းများကိုတွေ့လိုက်ရသည်။ သူ တို့မျက်ဝန်းရှိ ပျော်ရွင်ရိပ်များက ကျွန်တော်ရင်ကိုပျော်မြူးစေသည်။ သုံးနှစ်မျှမတွေ့၇သောအချိန်တွင် တည် ကြည်သော ပုံသဏ္ဍာန်ဖြင့်ဘ၀ကိုရိုးသားစွာရပ်တည်နိုင်ကြပြီ။


“မဆုံနိုင်ပြီလား ဘ၀တွေက နှလုံးသားနုနုအပျံသင်ခါစအရွယ် ပုံပြင်ဟောင်းလေးတစ်ပုဒ်ရင်မှာရှိခဲ့ တယ် လွယ်အိတ်တစ်လုံးပုခုံးထက်မှာ အပျော်ဆုံးကျောင်းတက်ချိန် ကျောင်းသားဘ၀” နားထဲသို့ ဆောင်းဦးလှိုင်သီချင်းက တိုးဝင်လာသည်။ အားလုံး၏ မျက်လုံးများက ထိုသီချင်းဖွင့်သော ထန်းရည်ဆိုင်ငယ်သို့ ဦးတည်နေကြပြီ။


ဘ၀၏အဆိုးအကောင်း တွေကိုတိုင်ပင်ပြီး မိမိတို့ခံယူချက်များကိုတိုင်ပင်နှီးနှောရင်း တစ်ချိန်ကကျောင်း တက်ချိန်များကိုပြန်ပြောင်းပြောမိကြသည်။ သောက်ကာစားကာဖြင့် ပြောမဆုံးပေါင်တော သုံးထောင်ဖြစ်နေကြပြီ။ ထန်းရည်တင်မကဘဲ တစ်ခြားသောတံဆိပ်မျိုးစုံအပျော့စားလေးများနှင့် အကြော်မျိးစုံကိုသောက်နေကြည်သည်မှာ ယခင်ကျောင်းသားဘ၀အတိုင်းပင်ဖြစ်သည်။

ဟိုအတိတ်စကားဝိုင်းတုန်းကလို မနာလိုဝန်တိုတိုက်ခိုက်သော အမြင်များမဟုတ်ဘဲ အားလုံးတည်ကြည်သောစိတ်ထားများဖြင့် တိုင်ပင်ဆွေးနွေးကြ၏။
ဒီအချိန်အားလုံး၏ စိတ်ထဲတွင် မျှော်လင့်ချက်နှင့်ရှင်သန်နေသာ စိတ်ထားများ၏အားပေးနစ်သိမ့် မူမှလွဲပြီ အခြားသောအ၇ာများမရှိကြ။ ပျော်ပျော်ပါးပါးလှေတွေစီးကြသလို ဦးပိန်တံတားအား စဆုံးလျှောက် ချင်သည်ဆိုသော ကျွန်တော်စိတ်ဆန္ဒကိုလည်း သူငယ်ချင်းများက ဖြည့်ဆည်းပေးကြသည်။

ကန်ရေပြင်မှာ ရေလှိုင်းလေးတွေပြေးလာသည်။တောင်မြောက်ဘယ်ညာမှ တိုက်ခတ်လာသောလေနုလေးများနှင့်အတူ မိုးစက် လေးများအနည်းငယ်ကျလာသည်။ ထိုအချိန်တွင်း ကျွန်တော်တို့သူငယ်ချင်းတစ်စုလုံး၏ စိတ်ထဲတွင် တောင်ပေါ် မြို့လေးတစ်ခုမှ တက္ကသိုလ်တစ်ခု၏ မိုးညများကိုပြန်သတိရမိသည်။

ဒီလိုမိုးတွေ ရွာနေသည့်နေ့မျိုးမှာ မောင်မယ်သစ်လွင်ပွဲတစ်ခု၏ ညတစ်ညကိုသူငယ်ချင်းများနှင့်အတူဖြတ်သန်း ဖူးသည်။ အချိန်တွေက တရွေ့ရွေ့ကုန်လာသလို ခွဲခွါရမည့်အခါကလည်းနီလာပြန်သည်။ “ ငါမင်္ဂလာဆောင်ရင်အားလုံးလက်ဖွဲကောင်းကောင်းပေးဖို့ပြင်ထားကြ ဒါဘဲ” ကျွန်တော် အဆက်စပ်မရှိဘဲ ပြောလိုက်သည့် စကားကြောင့်သူတို့ကျွန်တော်ကို ၀ိုင်းကြည့်ကြသည်။

“ဟ တကယ်လားဟ” ကျွန်တော်ခေါင်းငြိမ်ပြလိုက်သည်။ သေချာပေါက် ဒီနှစ်အတွင်လက်ထပ်တော့မည်ဆိုသည့်အကြောင်းနှင့်အားလုံးလာရမည်ဖြစ်ကြောင်းကိုသေချာ ထပ်ပြောသည်။
ကျွန်တော်တို့သူငယ်ချင်းတစ်စုပျော်ပျော်ပါးပါးစားသောက်ပြီးသောအချိန်တွင် ညခုနှစ်နာခွဲနေပြီဖြစ်သည် ။ ကျွန်တော်ကားဂိတ်သို့ သွားရန်သူငယ်ချင်းတွေနဲ့လမ်းခွဲလိုက်ရတော့သည်။ နှစ်တစ်နှစ်ရက်တစ်ရက်၏ အချိန်တစ်ခုသည်လူတစ်ယောက်၏ ဘ၀ကိုသိမ်းပိုက်လွမ်းမိုးပက်သက်လာနိုင် မှန်း ကျွန်တော်ထိုအချိန်ကမသိခဲ့။ ကားချိန်နီးလာသဖြင့်ပါလာသည့် အ၀တ်ထုတ်ကိုကားစပါလ်ယာကို ပေးပြီးအပေါ်တက်ထိုင်နေသည်။ ယူနီဖောင်းအနီဝတ် ယဉ်မယ်လေးများကလည်း ဖော်ရွေလှသည်။

ကာ်း ပေါ်ရောက်တော့ လူအားလုံးအပြည့်ဖြစ်နေသည်။ မိုးကလည်း ဖွဲဖွဲရွာနေသဖြင့်စောစောကားပေါ်တက်နေကြ ခြင်းဖြစ်မည်။ ထူးထူးခြားခြားကျွန်တော်ဘေးရှိခုံတစ်နေရာလွတ်နေသည်။
နည်းနည်းဝမ်းသာသွားသည်။ တစ်ယောက်ယောက် အကြောင်းတစ်ခုခုကြောင့်မလိုက်ဖြစ်လျှင်ကျွန် တော်တစ်ယောက်ထဲနှစ်ခုံစီးသွားရတော့မည်။

ကားထွက်ခါနီးတွင်လူတစ်ယောက်တက်လာသည်။ မျက်မှန်လေး ဒေါင့်ကိုပုံစံကျအောင်တပ်ထားသည်။ ကချင်ပုဆိုးကို ပုံကျအောင်ဝတ်ထားပြီး မိုးကာအကျီတစ်ထည်ကိုလည်း တွဲဝတ်ထာသည်။ ကျွန်တော်ဘေးခုန်ကလူထင်သောကြောင့် ခုဏကတွေးနေသောအတွေးကိုပြန်စဉ်းစား ပြီးရည်မိသည်။

ကျွန်တော်ရသောခုံကဘေးခုံမဟုတ်။ ခုတက်လာသောသူက ကျွန်တော်ကိုကျော်ပြီးသူခုံကိုဝင်ထိုင် သည်။ သူပုံကိုကြည့်၇သည်မှာ အေးဆေးတည်ငြိမ်လွန်းလှသည်။ ယဉ်မယ်ကောင်မလေး၏ ခရီးစဉ်ကိုစတင်ကြောင်း ကြော်ငြာပြီးသည့်နောက် ကားမီးကိုမိတ်ပြီး ဘီးစတင်လိမ့်နေပြီဖြစ်သည်။ အနည်းငယ်အေးလာသဖြင့် ထဘက်ကို အသာခြုံလိုက်သည်။

“ချစ်ကိုညရောက်မယ် မနက်မှလာတွေ့မယ်။ အင်းသတိ၇တယ်။ လွမ်းလည်းလွမ်းနေတယ်။ အင်းပါ ပြန်လာမှအဲလို တီတီတာတာမချွဲလိုကတော့ မောင်နဲ့တွေ့မယ်။ ခုကားထွက်နေပြီမို့လို့လှမ်းဆက်လိုက်တာ။ ချစ်တယ်။ ဘိုင်ဘိုင် မနက်မောင်လာခဲ့မယ်”။ ချစ်သူကိုဖုန်းဆက်ပြောပြီးတော့ ခရီးစဉ်တစ်ခုလုံးအတွက်လုပ်စရာဘာမှ မရှိတော့၍ အိပ်ရန်ဆုံးဖြတ်လိုက်သည်။

ကျွန်တော်ဘေးမှ ထိုလူကတော့ မည်သို့နေသည်ကိုမသိ။ ကားပေါ်မှတေးသွား ငြိမ့်ငြိမ့်လေးကိုမျက်ဝန်းကိုမှိတ်ပြီးနာထောင်နေသည်။ ထိုအချိန်တွင် ကားအဲကွန်းအရှိန်ကြောင့် အေးစက်နေသော ကျွန်တော်လက်တစ်ဖက်သည် တစ်စုံတစ်ခုကြောင့်နွေးထွေးလာသည်။
လက်ကိုအနည်းငယ် ရုန်းကြည့်သည်။ မရ။

ထိုတစ်ယောက်ကသေချာစွာဖိကိုင်ထားသည်။ ကျွန်တော်လေသံကို အနိမ့်ဆုံး ထားပြီး “ အစ်ကိုကျွန်တော်လက်ကိုဘာလုပ်တာလည်း”


ကျွန်တော်ဘေးမှ ထိုလူကတော့ မည်သို့နေသည်ကိုမသိ။ ကားပေါ်မှတေးသွား ငြိမ့်ငြိမ့်လေးကိုမျက်ဝန်းကိုမှိတ်ပြီးနားထောင်နေသည်။ ထိုအချိန်တွင် ကားအဲကွန်းအရှိန်ကြောင့် အေးစက်နေသော ကျွန်တော်လက်တစ်ဖက်သည် တစ်စုံတစ်ခုကြောင့်နွေးထွေးလာသည်။
လက်ကိုအနည်းငယ် ရုန်းကြည့်သည်။ မရ။

ထိုတစ်ယောက်ကသေချာစွာဖိကိုင်ထားသည်။ ကျွန်တော်လေသံကို အနိမ့်ဆုံး ထားပြီး “ အစ်ကိုကျွန်တော်လက်ကိုဘာလုပ်တာလည်း” “ ညီ ဘာမှမဖြစ်လောက်ဘူးမို့လား။ ဒီတိုင်းလေးပါဘဲ။ ကျန် တာဘာမှမဟုတ်ပါဘူး” စကားသံခပ်အေးအေးက ကျွန်တော်နားထဲသို့ဝင်လာသည်။ ထိုလူသဘောက ဒီတိုင်း ကိုင်ထားတဲ့အတွက် စိတ်ထဲမှာဘာမှမဖြစ်စေရန်ရည်ရွယ်နေပုံရသည်။ သူပြောတာလည်းဟုတ်ပါသည်။ လက်တစ် ဖက်ကိုခပ်ဖွဖွကိုင်ထားရုံဖြင့် ဘာမှမဖြစ်နိုင်။

အဲအချိန်မှာ ကျွန်တော်အတွေးတစ်ချို့ဝင်လာသည်။ ခုခေတ်မှာခေတ်စနစ်နဲ့အညီ ကျွန်တော်တို့လူသားတွေဟာ ပြောင်းလဲနေကြတယ်။ အနောက်တိုင်းရုပ်ရှင်တွေသာမက ကျွန်တော်တို့နိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံလိုနေရာမျိုးမှာလည်း တတိယလိင်ခံစားမူပိုင်ရှင်တွေရှိနေကြသည်။

မြန်မာယဉ်ကျေးမူအရ တစ်ချို့သောအချက်တွေမှာ ကွဲလွဲပြီး လူသားအချင်းချင်းနိပ်ချဆက်ဆံကြပေမဲ့ ထိုသို့ခံစားချက်ရှိသောသူများ ကလည်း လောကထက်မှာရခဲလှတဲ့ လူသားဆိုသော ဘ၀ကို ပိုင်ဆိုင်ထားကြတဲ့သူတွေပါဘဲ။
ကျွန်တော်အတွေးတွေကပဲ ခေတ်ဆန်လွန်းနေသည်ထင်သည်။ထိုလူတွေကို ကျွန်တော်နားလည်ပေးနိုင်သည်။ သို့သော် ပတ်ဝန်းကျင်အသိုင်းဝိုင်းတစ်ခု၏ မျက်မုန်းကျိုးဖွယ်မဖြစ်အောင်တော့နေထိုင်နိုင်ရမည်ဖြစ်သည်။

ယခု ကျွန်တော်လက်တွေ့ကြုံနေပြီ။ လက်ကိုကိုင်ထားသဖြင့် ဘာမှမဖြစ်နိုင်သော်လည်း ကျွန်တော်စိတ်ကမလုံ။ဘေး ပတ်ဝန်းကျင်တစ်မှ တုန့်ပြန်လာမည့်တစ်ခုခုကိုကျွန်တော်ကြောက်သည်။ ကျွန်တော် ထပ်မံကြိုးစားပြီးရုန်းကြည့် သည်။ ကိုင်ထားသော လက်ကခိုင်မြဲလွန်းလှသဖြင့် ရုန်းကန်ခြင်းက လွတ်မြောက်ခြင်းကိုမဖြစ်မိ။

နောက်ဆုံး စိတ်ကိုအစွန်းဆုံးထိလျှော့ချလိုက်သည်။ ပြောချင်သည့်စကားများကို ကားဆင်းသည့် အချိန် မှ ပြောတော့မည်။ခုတော့ ကိုယ်အတွက်ဖြင့် တစ်ခြားသူစိတ်မသက်မသာဖြစ်မည့်စကာလုံးများကို ကျွန်တော်မပြောချင်။ ကျွန်တော်ဘေးမှ အစ်ကိုပုံကိုထပ်မံအကဲခတ်ကြည့်ပြန်သည်။ ရိုးသားတည်ကြည်သော ရုပ်ရည်နှင့်အဆင့်ရှိလှသည်။ စကားသံကိုပြန်တွေးကြည့်တော့လည်း လေယူလေသိမ်းမှအစ လူယဉ် ကျေးတစ်ယောက်ပုံစံသုံးသွားသည်။
ကျွန်တော် နွဲနောင်းပျော့ပြောင်းမူတစ်စုံတစ်ရာမရှိသော Gay တစ်ယောက်နှင့်ဆုံတွေ့နေရပြီ

ခံစားချက် နှင့်သူ၏ အခြားသောခံယူချက်များကို မေးကြည့်ချင်သော်လည်း ကျွန်တော်အနည်းငယ်လန့်သည်။ ကျွန်တော် တို့မြင်ဖူးကြာဖူးသော အချိုသော့ Gay များ၏အဆင့်များကို မြင်ဖူးခဲ့လို့လည်းဖြစ်နိုင်သည်။ ထိုကြောင့်ကျွန်တော် ၏ လေ့လာကြည့်ချင်သောစိတ်ကိုပြန် မျိုချလိုက်ရသည်။ ကျွန်တော်မည်မျှ တွေးတေားနေမိသည်မသိ။ ကား သည်ငြိမ့်ညောင်းစွာရပ်နေသည်။ ဘေးမှ လူတစ်ချို့သည်လည်း အောက်ဆင်းရန် လုပ်လုပ်ရွရွဖြစ်နေသည်။ နာရီကိုကြည့်လိုက်တော့ ၁၀ နာရီခွဲ။ မိတ္ထိလာရောက်ပြီထင်သည်။

ယာဉ်မယ်၏ နုတ်ဆက်စကားသံကိုပင် မကြားလောက်အောင် ကျွန်တော်Gay ဋီကာကိုစဉ်းစားနေမိသည်။ အပေါ့စွန်ရန် Feel အနောက်ဘက်သို့ရောက်ပြီး မှန်တွင်ကြည့်တော့မှ ကျွန်တော်မျက်နာတွင်အပြုံးတွေ တွဲခိုနေ မှန်းသတိထားမိသည်။ ကျွန်တော်ထဲထဲဝင်ဝင်လည်းမသိ ၊အစိမ်းသက်သက်ဖြစ်သော အသိုင်းဝိုင်းတစ်ခုကို လွတ်လပ် စွာတွေးမိသောကြောင့်လည်းဖြစ်လောက်သည်။ ကျန်း မာရေးအတွက် အနည်းငယ် သန့်ရှင်းရေးလုပ်ပြီး တစ်ခုခုစားရန်အတွက် စားပွဲတွင်ဝင်ထိုင် မိသည်။ ထိုအချိန်တွင် ကျွန်တော်တို့စားပွဲနှင့်မျက်နှာချင်းဆိုင်တွင် VIP ထိုင်ခုံတစ်ချို့ကိုတွေ့ရသည်။

စာကိုသေချာဖတ်ကြည့်တော့ “ယဉ်မောင်များအတွက်သီးသန့်”ဟုရေးထားသည်။ မြန်မာနိုင်ငံ၏ ထူးခြားသော အဆင့်တန်းခွဲခြားမူဟုပင်ထင်သည်။ ယဉ်တစ်စီးတွင် ယဉ်မောင်းယဉ်နောက်လိုက်နှင့်ယဉ်မယ်/ ယဉ်မောင်များ နှင့် ခရီးသည်များပါဝင်ကြမည်ဖြစ်သည်။ လူတစ်ချို့၏ စီးပွားရေးကိုမြောက်ပင့်လုပ်ပေးတတ် သောစိတ်ထားဟုပင်ထင်မြင်၏။ ယဉ်ရပ်သောနေရာတွင် လိုက်ပါသောခရီးသည်များအားလုံးစားသုံးကြ ရမည်။ ထိုသို့ရပ်ရန်အတွက် ယဉ်မောင်နှင့်အခြားသူများကို နေရာတစ်ခုပေးပြီးစည်းရုံးလိုက်သောအခါ စီးပွားရေးက ဒီရေအလားတိုးတက်တော့မည်။

မှာထားသော ထမင်းဆီဆမ်းနှင့်အမဲကြော်ရောက်လာတော့ “ညီဒီမှာထိုင်လို့ရသေးလား” အသံတစ်ခု ကြောင့်ခေါင်းမော့ကြည့်မိသည်။ “အားရတယ်အစ်ကို ထိုင်ထိုင်” “ စားပွဲအလွတ်မရှိတော့လို့” ထိုအစ်ကိုက ပြောနေလျှက်ဖြင့်ဝင်ထိုင်သည်။ Vibrationလုပ်ထားသဖြင့် ဖုန်းလေးကအသံမထွက်ဘဲ တ၀ိဝိမြည် လာပြန်သည်။ “ဟာချစ် မအိပ်သေးဘူးလာ။ မောင်တောင် အိပ်နေပြီထင်လို့ဖုန်းမဆက်တာ” ကျွန်တော်ချစ်သူလေးက ကျွန်တော်ကို စိတ်ပူနေသည်ထင်။ ဒီအချိန်လောက် မိတ္ထိလာရောက်မည်ကိုသိသောကြောင့် မအိပ်ဘဲဖုန်းစောင့်နေခြင်းဖြစ် မည်။

စကားအနည်းငယ်ပြောပြီး ဖုန်းချခါနီးတွင် “ ချစ်တယ်”လို့ပြောပြီး အနမ်းပေးသည့်အသံ ပြွတ်ဆိုသည် ကို လုပ်နေကြအတိုင်းလုပ်လိုက်မိသည်။ ကျွန်တော်ရှေ့တွင် မုန့်စားနေသော အစ်ကိုက ကျွန် တော်ကိုကြည့်ပြီး ပြုံးနေသည်။ ကျွန်တော်အနည်းငယ်ရှက်သွားသည်။ ချစ်သူနှင့်ဖုန်းပြောလျှင် ပတ်ဝန်းကျင်ကို မေ့ပြီး ထိုသို့လုပ်တတ်သဖြင့် အရှက်ရပေါင်းကလည်းများပြီ။ ကျွန်တော်လည်း အရှက်ပြေ
 

အစ်ကိုကဘာရယ်နေတာလည်းဗျာ။
ရှက်တောင်ရှက်လာပြီ” ကျွန်တော်ထိုသို့ပြောလိုက်မှပင် ထိုအစ်ကိုက အသံထွက်အောင် ရယ်တော့သည်။



“ဘာမှမဟုတ်ပါဘူးငါညီရာ။ မင်းချစ်သူနဲ့စကားပြောတာကိုသဘောကျလို့ပါ” ကျွန်တော်ထိုအချိန်မှ အစ်ကို၏ ဖြူဖွေးသောသွားမှ သွားတက်လေးကိုသတိထားမိပြန်သည်။ အနေအေးပုံရပြီး လူချစ်လူခင်များ လောက်သည်။အချိန်အနည်းငယ်လောက်မှာ “နေပြည်တော်လိုက်ပါမည့် ခရီးသည်များ မန္တလာမင်းအဆင့်မြင့်ကား မကြာမီထွက်ခွာတော့ပါမယ်” ဆိုသည့်အသံကြောင့် ကျွန်တော်တို့ကားပေါ်ပြန်တက်လာလိုက်သည်။ Feel ဆိုင်ရှေ့ မှ ကားကိုခေါက်လိုက်သည်နှင့် ဒုတိယအကြိမ်မြောက် စုပ်ကိုင်ခြင်းကိုပြုလာသည့်လက်တစ်ဖက်က ကျွန်တော် လက်ပေါ်သို့ နွေးထွေးစွာကျ ရောက်လာပြန်သည်။

စားသောက်ဆိုင်တုန်းကလည်းစကာစမြည်ပြောပြီးပြီ။ လူအခြေနေကလည်း ဆိုးရိမ်ရမည်ပုံစံမဟုတ် သဖြင့် ကျွန်တော်ထပ်မံမငြင်းတော့။ ဒီခရီးစဉ်ပြီးလေးနာရီသာတွေဆုံရမည်ဖြစ်ပြီ နောက်အချိန်တွင်လည်း တွေ့ ဆုံရန် အကြောင်းမရှိသဖြင့် အေးဆေးငြိမ်သက်စွာနေလိုက်တော့သည်။စိတ်ထဲတွင် ကျွန်တော်ချစ်သူလေး မိုးမြင့်ဖြစ်လျှင် ဘယ်လောက်ကောင်းမလည်းဟုတွေးနေသည်။

ချစ်သူလေးဆိုလျှင်တော့ ပုခုံးလေးကိုနွေးနွေး ထွေးထွေးဖက်ထားမိမည်ဖြစ်သည်
အတွေးတစ်ချက်ဝင်လာသည်နှင့်ရင်ခုန်သံကနွေးကနဲ့ဖြစ်လာပြီ။ ကျွန်တော်ပေါ်ကိုနားလည်မူပေးဆုံးနှင့် အချစ်တတ်ဆုံးလည်းဖြစ်သည်။ ကိစ္စတစ်ခုခုဖြစ်လျှင်ပင် ကျွန်တော်ဘက်မှပင်နေတတ်သည်။ တစ်ခါတရံတွင် ကျွန်တော်သူမစိတ်ကိုမချင့်မ၇ဲဖြစ်မိသည်။

ထိုမျှကျွန်တော်ပေါ်ကောင်းနေသောစိတ်သည် အကြောင်းတစ်စုံတစ် ခုကြောင့်ပြောင်းလဲသွားလျှင် မည်သိုထိန်းချုပ်ရမည်ကိုကျွန်တော် မသိ။ ကျွန်တော်သူမစိတ်ကိုလွမ်းမိုးအောင်ပြောနိုင်မည် မပြောနိုင်မည်ဆိုသည်မှာလည်း ဝေခွဲမရ။

မိုးအနည်းငယ်သည်းလာလို့ထင်သည် ကားအတွင်းမှအဲကွန်းကပိုအေးလာသည်။ ထိုအအေးဓါတ်နှင့် ဆန့်ကျင်စွာ ကျွန်တော်လက်တစ်ဖက်ကတော့နွေးထွေးနေဆဲဖြစ်သည်။ စိတ်ကိုအစွန်းဆုံထိဖြေလျှော့ပြီး ထိုင်ခုံကိုမှီလိုက်သည်နှင့် မျက်လုံးအစုံက အိပ်စက်ခြင်းသို့ရောက်တော့မည်။ အနည်းငယ်ပင်ပန်းထားသည့်အရှိန်နှင့် ညနေ မန္တလေးမှ သူငယ်ချင်းများနှင့်သောက်ခဲ့သော ယမကာ များကအစွမ်းပြပြီထင်သည်။

မည်မျှချစ်သူကို စိတ်စွဲလမ်းသွားသည်မသိ အိမ်မက်ထဲတွင်ပင် ကျွန်တော်သူငယ်ချင်းများနှင့် ကျွန်တော်မင်္ဂလာပွဲက ချိန့်ချိန်သဲသဲကျင်းပနေသည်
ချစ်ရသူလေး မိုးမြင့်၏ လှပပြည့်ဖောင်းနေသော မျက်နာလေးသည်ကျွန်တော်အတွက် ကြက်သ ရေရှိလှသည်။သူမ၏သတို့သမီးအ၀တ်စားဖြင့် လိမ်းချယ်ထားသော မိတ်ကပ်များသည်ပင် ကျွန်တော် အတွက်ရင်ခုန်မူအတိဖြစ်နေသည်

ကျွန်တော်လူကြီးများမမြင်အောင် ပါးလေးကိုခပ်ဖွဖွနမ်းလိုက်မိတော့ “အိုး” သွားလူဆိုး လူကြီးတွေမြင်ကုန်မယ်ဟုပြောပြီး ကျွန်တော်ဘေးမှထွက်ပြေးသွားသည်။ ကျွန်တော်သူမနောက် လိုက်သွားတော့ ကျွန်တော်နှင့်မည်သည့်အချိန်ကရင်းနီးနေမှန်းမသိသောမျက်နာတစ်ခုကို မြင်လိုက်ရသည်။

“ဒီမင်္ဂလာပွဲကိုကန့်ကွက်ပါတယ်” အေးဆေးတည်ငြိမ်ရဲရင့်သော ခြေလှမ်းများဖြင့်တစ်လှမ်းချင်းလာနေသည်။ သေချာကြည့်မိတော့ ကျွန်တော်နှင့်မန်းလေးနေပြည်တော် ကားပေါ်မှတွေ့မိသောသူဖြစ်နေသည်။ ပရိတ်သတ်အားလုံး၏ မျက်ဝန်းများက သူထံရောက်နေကြသည်။ ကျွန်တော်ရင်ခုန်သံတွေ တဖြေးဖြေးမြန်လာ သည်။ မည်သည့်အတွက်ကြောင့် သူထိုသို့လုပ်သနည်း။ ကျွန်တော်ဘေးမှ သတိုးသမီးကလည်း ကျွန်တော် မျက်နာကို ကြည့်လာသည်။ သူမ၏ အကြည့်ထဲတွင် အဓိပ္ပါယ်မဖော်နိုင်သော မယုံကြည်နိုင်ခြင်းများကအပြည့်။

ထိုအချိန်တွင် ကျွန်တော်နားထဲသို့အသံတစ်ချိုတိုးဝင်လာသည်။ “ ကျေးဇူးပြုပြီးနာထောင်ပါရှင့် မကြာမီအချိန်တွင် နေပြည်တော် မြို့မဈေးကို ရောက်ရှိတော့မှာဖြစ်တဲ့အတွက် လူကြီးမင်းတို့၏ ပစ္စည်းများကို မေ့မကျန်ခဲ့စေရန် သတိပေးအပ်ပါတယ်” ကောင်မလေးအသံချိုချိုကြောင့် ကျွန်တော်လန့်နိုးသွားသည်။ခန္ဓာ ကိုယ်တစ်ခုလုံးမှာ ချွေးများဖြင့်စိုရွဲနေသည်။ ကျွန်တော်စိုးရိမ်စွာဖြင့် ဘေးမှအစ်ကိုကို ကြည့်မိတော့ သူလည်း ကားအောက်သို့ဆင်းရန် ပြင်ဆင်ပြီးဖြစ်နေသည်။

မြိုမဂိတ်တွင်ကားဆိုက်ရောက်သည်နှင့် ခရီးသည်များဆင်းရန်တန်းစီနေကြသည်။ကျွန်တော်ကတော့ ပူလောင်နေသည့်အိမ်မက်ကိုဖြေသာရန် အေးဆေးပင်ဆင်းရန်ဆုံးဖြတ်ပြီးနေမိသည်။ ကျွန်တော်ဘေးမှ အစ်ကို ကကျွန်တော်ရှေ့မှာဆင်းရန် စောင့်နေသည်။ ကျွန်တော်နောက်တွင်ခရီးသည်တစ်ယောက်မှမရှိတော့။ ထိုအစ် ကို ကားအောက်ဆင်းရန် လှေခါးသို့နှင်းလိုက်သည်နှင့် ကျွန်တော်သူလက်ကို သတိကြီးစွာဆွဲပြီး

“ ကျွန်တော် Gay တွေကိုကြောက်တယ်”။
  

ကျွန်တော်စကားကို အစ်ကိုက ဘာမှပြန်မပြောဘဲ ပြုံးပြပြီး အောက် ဆင်းသွားသည်။ ကျွန်တော်အံသြသွားသည်။ ကျွန်တော်ပြောသောစကားသည် တော်ယုံလူလက်မခံနိုင်သော စကားပင်ဖြစ်သည်။ ကားပေါ်မှာကျွန်တော်လက်ကိုကိုင်ထားခြင်းကို အမြင်ကပ်ပြီတမင်ပြောလိုက်ခြင်းလည်း ဖြစ်သည်။ ကျွန်တော်၏အငြိုးတကြီးပြောဆိုမူကို အပြုံးဖြင့်တု့ န်ပြန်သွားခြင်းကိုမြင်မိမှ မိမိကိုယ်ကို အနည်း ငယ်ရှက်ရကောင်းမှန်းသိသည်။ အနည်းငယ်လူယဉ်ကျေးမဆန်ဖြစ်သွားပြီ။

လူတစ်ဦးတစ်ယောက်အား ပုံပန်းသဏ္ဍန်ဖြင့်ဆုံးဖြတ်လို့မရနိုင်မှန်းသိသော်လည်း တစ်လမ်းလုံးကျွန် တော်လက်အား ကိုင်ထားခြင်းအား အကြောင်းပြုပြီး Gay တစ်ယောက်မှန်းထင်မြင်မိခြင်းကလည်း ထိုသူ၏အခွင့်အရေးအား ရိုးသားစွာချိုးဖောက်မိခြင်းဖြစ်၏။ နောက်တစ်ကြိမ် အကျိုးအကြောင်းညီညွတ်လို့ ပြန်ဆုံဖြစ် လျှင်တောင်းပန်မည်ဟု ကျွန်တော်စိတ်တွင် တေးမှတ်ထားလိုက်မှ အပြန်လမ်းသည် အေးချမ်းစွာအသက်ဝင်လာသည်။

မနက်ရုံးတွင်ချစ်သူလေး၏ မျက်နာကိုမြင်ခွင့်ရလိုက်တော့ ခရီးစဉ်တစ်လျှောက်ပင်ပန်းလာသောစိတ်များ ကအဝေးသို့ပျောက်ကွယ်သွားသည်။ ထိုသို့ဖြင့် ကျွန်တော်တို့နှစ်ယောက်၏ ချစ်ခရီးလမ်းသည် အတားအဆီးမ ရှိဖြောင့်တန်းလေ၏။ အချစ်၏သာယာပျော်ရွင်မူသည် စိတ်ကိုကြည်နူးစေပြီး အပြုံးတိုင်ကိုဖန်တီးနိုင်သည်။ ဘ၀ တွင် မိုးမြင့်ဟူသော အမျိုးသမီး၏အချစ်ကြောင့် ပူပင်စေသောစိတ် တစ်စုံတစ်ရာ ကျွန်တော်မှာမဖြစ်မိ။

မိန်းမတစ်ယောက်ရှိသင့်ရှိထိုက်သော အလှပအကျင့်သိက္ခာတရားအပြင် ကျေးဇူးတရားကိုသိတတ်သော စိတ် ကိုလည်း ချစ်ရသူလေးကပိုင်ဆိုင်ထားသည်။ သာမန်ရိုးရှင်းသောဝန်ထမ်းချစ်သူဘ၀ပင်လျှင် ကျွန်တော်တို့ ချစ်သူနှစ်ဦးအတွက် သီးခြားကမ္ဘာလေးတစ်ခုပင်ဖြစ်နေသည်။ မနက်ထမင်းချိုင့်ကိုချစ်သူထည့်လာသော ချိုင့် တွင်စားပြီးညပိုင်းကို အဆင်ပြေသောဆိုင်တစ်ခုခုတွင်စားသည်။

နှစ်ဦးစလုံး တစ်ရုံးထဲအတူတူ ရာထူးတူ အလုပ်တူ။မိဘနှစ်ပါးလုံးကလည်းကြည်ဖြူလေသောအခါ အချစ်၏ ပူ လောင်သော ဂုဏ်သတ္တိများကကျွန်တော်တို့ချစ်သူနှစ်ယောက်အတွက်နတ္ထိ။ ကျွန်တော်စိတ်ထဲတွင် မှတ်မှတ်ရ ရ တစ်ခုတော့ဖြစ်နေသည်။ “ ကျွန်တော်ဂေးတွေကိုမုန်းတယ်” ထိုစကားလုံးသည် လူတစ် ဦး တစ်ယောက်ပေါ်ကျွန်တော် ကာယကံဖြင့်စော်ကားမိသလိုဖြစ်နေခဲ့သည်။ ထိုအကြောင်းကို ကျွန်တော်ချစ်သူ ကိုပြောတော့ “ဟင် အဲလိုပြောခဲ့တာလား။ ဘာလို့ပြောခဲ့တာလည်း မောင်ရယ်။ သူဖာသူနေတာကို မောင်လဲဘာ မှထိခိုက်တာလည်းမဟုတ်ဘဲနဲ့” ကျွန်တော်စကားကို တု့န်ပြန်လိုက်သော မိုးမြင့်စကားသည် ကျွန်တော်အတွက် အားနာစိတ်ကိုပိုဖြစ်စေသည်။

“အင်း မောင်လဲစိတ်ထဲမှာဘာမှ မရှိပေမဲ့ အဲ့လိုမျိုးပြောထွက်သွားတယ် နောက်ကြုံရင်တောင်းပန်လိုက်မယ်။ တွေ့ ဖို့တော့မသေချာပါဘူး ချစ်ရာ” ကျွန်တော်စကားကြောင့်ချစ်သူက မျက်စောင်းတစ်ချက်ထိုးသည်။ ရုံးအလုပ် များကလည်း ပုံမှန်လုပ်နေကြဖြစ်သဖြင့် ကျွန်တော်တို့ ချစ်သူနှစ်ဦးအတွက်ကြီးစွာသောအတားအဆီးကမရှိ။ ထိုသို့ဖြစ်အောင်လည်းကျွန်တော်တို့နှစ်ယောက်က လူကြီးသူမများချစ်ခင်အောင်နေတတ်သည်။ ထိုသို့နေတတ် ထိုင်တတ် သွားတတ်လာတတ် အောင်သင်ပေးသူမှာလည်း ကျွန်တော်ချစ်သူလေးမိုးမြင့်ပင်ဖြစ်သည်။

ကျွန်တော်တို့ ထိုအပျော်များဖြင့် အေးချမ်းစွာဖြတ်သန်းနေသော်လည်း တစ်ခါတရံတွင် မထင်မှတ်ထားသော အဖြစ်ပျက်များသည် ထူးခြားစွာဝင်ရောက်လာပြန်သည်။
ကျွန်တော်ညအိမ်ခါနီးတွင် ပြုံးပြ နေသော နုတ်ခမ်းပါးတစ်ခုကို ကျွန်တော်သတိရနေတတ်သည်။ ထိုနုတ်ခမ်းပိုင်ရှင်ကို ကျွန်တော်စိတ်ထဲတွင် သိသလိုမသိသလိုဖြစ်နေ၏။ မသိစိတ်မှ စွဲလမ်းခြင်းလည်းဖြစ်ကောင်းဖြစ်လိမ့်မည်။ စိတ်ဝယ် အနည်းငယ်သော တုန်လှုပ်ခြင်းရှိနေကြောင်းကိုမူကျွန်တော်ဝန်ခံသည်။ မည်သည့်အရာကို ကျွန်တော်စိုးရိမ်နေမှန်းမသိ။ ချစ်သူ မိုးမြင့်ကိုပြောပြလျှင် သူမက “ ဇတ်ကားတစ်ကိုကြည့်ပြီး မောင့်စိတ်စွဲနေလို့ပါ” ဟုပေါ့ပေါ့ပါးပါးပြောသည်။ ကျွန်တော် ကိုယ်စိတ်ကိုသိနေသည။် ချစ်သူဆိုလိုသလိုစွဲလမ်းမူဟုတ်သည်ကလည်း သေချာနေပြန်သည်။

ဒီနေ့သည် ချစ်သူသက်တမ်း တစ်နှစ်ပြည့်အထိန်းအမှတ်ဖြင့်ဆိုင်တစ်ခုခုတွင် အမှတ်တရညစာစားဖို့စိစဉ်ထား သည်။ ပန်းနုရောင်ဝတ်စုံလေးဖြင့်လှပနေသော ချစ်သူကို ကျွန်တော်ကြည့်မ၀ပင်ဖြစ်နေသည်။ ဆိုင်တစ်ခု၏ ဒေါင့်ကျကျစာပွဲတစ်ခုတွင် ကျွန်တော်တို့နှစ်ဦးညစာစားရန်မှာနေသော အချိန်တွင် ကျွန်တော်တို့ဘေးဝိုင်းမှအသံတစ် ခုကြားလိုက်ရသည်။ ထိုအသံကိုကျွန်တော် မှတ်မိနေသည်။ ကျွန်တော်နှင့်ကားပေါ်တွင်ဆုံခဲ့သော အပြုံးတစ်ပွင့် ပိုင်ရှင်ပင်ဖြစ်သည်။

ကျွန်တော်စာပွဲဝိုင်းမှထလိုက်သဖြင့် မိုးမြင့်ကဘာလည်းဆိုသည့်သဘေားဖြင့်ကျွန်တော်ကိုကြည့်သည်။ “ချစ် ကိုပြောတဲ့သူလေ ဟိုဘက်ဝိုင်းမှာကိုနုတ်ဆက်လိုက်အုံးမယ်။ သူလဲတစ်ယောက်ထဲထင်တယ်”။ “အင်းသွားလေမောင် ချစ်လည်းအဲဝိုင်းကို လိုက်ခဲ့မယ်။ ဒီမှာလည်းဘာစာစရာမှ လာမချသေးတာ။ အဲမှာပဲစားလိုက်စို့။ မောင် ဟိုကိစ္စ ကိုလည်းတောင်ပန်မလို့မဟုတ်လား” ချစ်သူကကျွန်တော်စိတ်ကိုသိနေသည့်အလားပြောလာသည်။

“အင်း” ကျွန်တော်ချစ်သူလက်ကိုဆွဲပြီ ထိုဝိုင်းကိုသွားလိုက်သည်။
ကျွန်တော်ထိုဝိုင်းသို့ရောက်ခါနီးမှ အစ်ကိုဝိုင်းမှသူ့သူငယ်ချင်းတွေပြန်ထွက်သွားတာကိုတွေ့လိုက်ရသည်။ ကျွန်တော်တောင်းပန်စကားဆိုဖို့ အချိန်တော်ဖြစ်သွားသည်။ တစိမ်းတွေရှိနေလျှင် ပြောရဆိုရ တောင်းပန်ရ ခက်နေပေဦးမည်။ ကျွန်တော်နောက်မှ ချစ်သူကလည်း ထပ်ချပ်မခွာလိုက်လာသည်။ ကျွန်တော်တို့နှစ် ယောက် အစ်ကိုရှေ့ရောက်တဲ့အချိန်မှာ “ဟာ ဦးသော်” ကျွန်တော်ချစ်သူမိုးမြင့်မှ အံသြသံဖြင့်နုတ်ဆက်သည်။

ကျွန်တော် သူမကိုကြည့်လိုက်တော့ မျက်ရည်များပင်ဝိုင်းနေသည်။ ဦးသော်ဟုခေါ်ပြီး ထိုအစ်ကို၏ လက်နှစ် ဖက်ကို ကိုင်ပြီး ချစ်သူ၏မျက်ရည်များက ဖျောက်ခနဲ့ကျနေပြီ။
“အော် ဘာလို့ငိုနေတာလည်း မိုးငယ်။ ဘာမှထူးခြားတာလည်းမဟုတ်ပဲနဲ့ကို။ လူပဲ တစ်ရက်ခွဲခဲ့ရပေမဲ့ တစ်ရက်ရက်တော့ တွေ့ခွင့်၇နိုင်တာဘဲ” ထိုအချိန်မှ အဲ့အစ်ကိုက ကျွန်တော်ကိုမြင်သွားပြီး “သူက” ဦးသော် ဆိုသူ၏ စကားမဆုံးမီ ချစ်သူက “အဲတာ သမီးချစ်သူ ဦးသော်” သြော် ဆိုသည့် အသံတစ်ခုဖြင့် ကျွန်တော်ထံ လှမ်းကြည့်ပြန်သည်။ ဦးသော်ဆိုသူ၏ ကျွန်တော်ထံ ကြည့်သောမျက်ဝန်းများက ဟိုတစ်ချိန်က ကားပေါ်တွင် ကျွန်တော်အားကြည့်သွား သောမျက်ဝန်းနှင့် အရောင်သွေးကထပ်တူကျနေပြန်သည်။

“ကဲသမီး ဦးသော်က ရောက်နေတာကြာပြီ ပြန်တော့မယ်။ သမီးတို့စားကြ။ ဦးသောက ခဏထိုင်ကာနုတ်ဆက်ပြီး ပြန်သွား သည်။ မပြန်မီ ကျွန်တော်ချစ်သူနှင့် ဦးသော်ဆိုသူတို့ သူတို့ေ၇ှးဟောင်းနှောင်းဖြစ်အနည်းကိုပြောနေကြသည်။ သူတို့ပြောတာကို ကျွန်တော်တစ်ခွန်းမှနားမလည်နိုင်။ ဦးသော်ပြန်သွားပြီမှ ကျွန်တော်ကိုချစ်သူက “မောင်ကို ကိုပြောရအုံးမယ်။ ဦးသော်ကို မောင်ထင်ထားတာမှန်တယ်မောင်။ ဦးသော်က ဂေးတစ်ယောက်ပါ။ ဦးသော် ကျေးဇူးတွေများကြီး ကျွန်မတို့မိသားစုပေါ်မှာရှိတယ်”။

ချစ်သူ၏စကားကြောင့် ကျွန်တော်စိတ်ဝင်စားသွားသည် ဂေးတစ်ယောက်နှင့် ချစ်သူတို့မိသားစုမည်သို့မည်ပုံပတ်သက်ခြင်းကို ကျွန်တော်သိချင်နေသည်။
ချစ်သူက လေပြေအေးဖြင့်ပြောပြသည်။ “ ချစ်တို့မိသားစုအရင်က ကျောက်လုပ်ငန်းလုပ်တယ်ဆိုတာ မောင်သိတယ်နော်။ တစ်ခါပေါ့ ချစ်ဖေဖေ မိုးကုတ်မှာကျောက်အကြီးအကျယ်အလိမ်ခံရတယ်။ ဘယ်လိုမှ ကို နလံမထူနိုင်လောက်အောင်ပါဘဲမောင်ရယ်။ ဦးသော်က မိုးကုတ် ကျောက်လောကမှာနာမည်ကြီး။

သူက ဂေးတစ်ယောက်ဆိုလည်းမမှာဘူးမောင်။မောင်နဲ့ကားပေါ်မှာတွေ့တယ်ဆိုလို့ ဘယ်လိုမှဦးသော်လို့မထင်မိတာ။ သူအခြေနေနဲ့ဆိုကိုယ်ပိုင်ကားကို လန်ပြန်နေအောင်စီးလို့ရတယ်မောင်။
ဦးသော်မှာ အရမ်းချစ်ရတဲ့ ယောက်ျားလေးချစ်သူရှိတယ်။

ဦးသော်အသက်ခုဆို လေးဆယ်နားနီးပြီ မောင်ထင်ထားတာနဲ့ တစ်လွဲစီဖြစ်နေမယ်။ လူ ကလည်းသူဌေးကိုမောင်ရ” ချစ်သူ၏ ဦးသော်အကြောင်းကို မနားတမ်း ပြောနေခြင်းကို ထမင်းပင်မစားဘဲကျွန်တော်နားစိုက်ထောင်နေမိ၏။
ချစ်လည်းကျောင်းကတို့လိုတန်းလန်း ငွေကလည်းမရှိ နောက်ဆုံးတော့ဖေဖေအလိမ်ခံ၇တာတွေကိုကော ချစ် ကျောင်းစားရိတ်တွေကိုပါ ဦးသော်အဆင်ပြေအောင်ကူညီပေးခဲ့တာ။ ဘာကြောင့်မိုလည်းဆိုလျှင် သူချစ်သူ ကောင်လေးက ကားမှောက်ပြီးသေသွားလို့ဘဲမောင်။ သူဘ၀အတွက် ငွေဆိုတာသောက်သောက်လဲဝင်နေ ပေမဲ့ သူမပျော်ဘူး။

ဒီငွေတွေ ကြိုးစားရှာနေတာ သူကောင်လေးအတွက်ဘဲ သူချစ်သူကောင်လေးသေသွားမှ တော့ ဒီငွေတွေဘာလုပ်ရမလည်းပေါ့။ နောက်ဆုံး ကျောက်ကိစ္စတစ်ခုနဲ့ ချစ်ဖေဖေ ကျောက်ရောင်းတဲ့ဝိုင်းမှာတွေတော့ ချစ်ကဖေဖေကို ကျောင်းစာရိတ်အကြောင်းပြောနေကြတဲ့အချိန်ပေါ့မောင်ရယ်။ မိသားစုတွေ ငိုကြ၇ယ်ကြဖြစ်နေတာကိုတွေ့ပြီး စေသနာသန့်သန့်နဲ့ ကူညီပေးသွားတာ”။


ချစ်သူကမောသွားဟန်ဖြင့် ရေတစ်ခွက်သောက်သည်။ ကျွန်တော်ချစ်သူစကားကိုနားထောင်ပြီး စိတ်မှာတစ်ခုခု ကိုသတိရနေသလိုဖြစ်သွားသည်။ “ မောင် အဲနေ့က မောင့်လက်ကိုတစ်ချိန်လုံကိုင်ထားတာဘဲလား။

တစ်ခြား ဘာကိစ္စဖြစ်သေးလဲ။ “ အင်း ချစ် မောင့်လက်ကိုကိုင်ထားပြီး လက်ထိပ်လေးကို ခပ်ဖွဖွပွတ်နေတယ်။ အဲလောက်ဘဲ” “ ကျွန်တော်စကားဆုံးသည်နှင့် ချစ်သူက ကျွန်တော်လက်ကို ကိုင်ပြီး ကားပေါ်မှာ ကျွန်တော် လက်ကို ကိုင်ခဲ့သော ဦးသော်ဆိုသူ၏ ကိုင်နည်းအတိုင်းကိုင်၏။ကျွန်တော်လန့်သွားသည်။ဘယ်အတွက် ကြောင့်ချစ်သူထိုကိစ္စကိုပါ ထဲထဲဝင်ဝင်သိနေရသနည်း။

ဦးသော်ဆိုသူ၏ ချစ်သူကောင်လေးအ ကြောင်ကိုထဲထဲဝင်ဝင်သိနေသလို ချစ်သူတို့မိသားစု၏ ကျေးဇူးရှင်ကလည်းဖြစ်နေပြန်သည်။ ထိုအပြင် ကျွန် တော်၏ ၀စိကံဖြင့် ကျူးလွန်မိသောသူလည်းဖြစ်သည်

ကျွန်တော်အနည်းငယ်တွေးနေစဉ် ချစ်သူမိုးမြင့်ကကျွန်တော်မျက်နာကိုသေချာကြည့်နေ၏။ ချစ်သူ၏ မျက်ဝန်းများတွင် ပြောင်းလဲနေသောအရောင်များကိုကျွန်တော် အဓိပ္ပာယ်မဖော်နိုင်။ မျက်နှာထား သည် ပျော့ပြောင်းနေရာမှ ရဲရင့်တည်ကြည်သောမျက်နာအဖြစ်သို့ တဖြေးဖြေးကူးပြောင်းနေသလိုစိတ်ဝယ်ခံစား နေရသည်။ “ချစ်ဘာဖြစ်တာလဲ”။ ကျွန်တော်သူမဆုပ်ကိုင်ထားသောလက်ကို အခြားလက်တစ်ဖက်ဖြင့် ကိုင်ပြီး မေးလိုက်သည်။ ကျွန်တော်ချစ်သူမိုးမြင့်ထံမှ မေးစေ့ကိုခပ်တင်းတင်းစေ့ထားပြီး အေးစက်သောအသံဖြင့်

“ကျွန်မတို့လက်ထပ်ဖို့ကိစ္စကို ကျွန်မပြန်စဉ်းစားအုံးမယ်”




“ဟာ ဘာဆိုင်လို့လည်းကွာ။ မင်းကျေးဇူးရှင်ဖြစ်တာနဲ့ မောင်နဲ့ချစ်လက်ထပ်ဖို့ကိုစဉ်းစားစရာလား”။ ကျွန်တော် အလောတကြီးပြောလိုက်သည်။ မိုးမြင့်ကကျွန်တော်ပြောစကားကို ချိုသည်ဟုလည်းမပြောသလိုခါးသည်ဟု လည်းမတု့န်ပြန်။ ထိုသို့ဖြင့် စားသုံးနေသောညစာက အေးစက်စက်ထမင်းဝိုင်းအဖြစ်သို့ပြောင်းလဲသွားသည်။ သတိရနေသေးသည်။ ထိုနေ့ သည်ကျွန်တော်တို့ချစ်သူဘ၀၏ အပျော်ရွှင်ရဆုံးနှင့် အေးစက်ခြင်းကိုလျှိုဝှက်စွာသယ်ဆောင်ခဲ့သော နေ့တစ်ပင် ဖြစ်သည်။ နောက်တစ်ရက်သာရုံးတက်ပြီးမိုးမြင့်သည် ကျန်းမာရေးမကောင်းဟု အကြောင်းပြကာ ခွင့်ရက်ရှည်ယူ သွားသည်။ ကျွန်တော်တောင်စဉ်ရေမရ အတွေးများနှင့်ရူးချင်စိတ်ပင်ဖြစ်မိနေတော့သည်။

ဖုန်းနှင့်အခြားဆက်သွယ်လို့ရနိုင်သည့်ပစ္စည်များကိုလည်း ချစ်သူမိုးမြင့်ကပိတ်ထားသည်။ ကျွန်တော်လိုက်သွား ရအောင်ကလည်း အလုပ်နှင့်မန္တလေးမှပြန်လာသည်ကလည်းမကြာသေး။ ချစ်သူမရှိသောနေရာတွင်နေထိုင် ၇သောဒုက္ခ၏ ပူလောင်ခြင်းကိုကျွန်တော်သိပြီ။ အေးစက်စက်မိုးရေစက်လေးများ ရွာလျှင်ပင်ကျွန်တော်၏ လွမ်းဆွတ်ခြင်းကအမြင့်ဆုံးသို့ရောက်လာလေ့ရှိသည်။ ကျွန်တော့နည်းတူ မိုးမြင့်လည်းလွမ်းနေမည်ကို တပ်အပ်သိသည်။ အဘယ်ကြောင့် ကျွန်တော်နှင့်လက်ထပ်ခြင်းကို မိုးမြင့်ငြင်းဆန်သွားခြင်းကိုကျွန်တော်သိမှဖြစ်မည်။
ကျွန်တော်ခရီးသွားခဲ့သောနေ့ကိုပြောပြီး ကားဂိတ်ကိုဖုန်းဆက်သည်။

“ ကျွန်တော်အသိမိတ်တွေတစ်ယောက် အဲနေ့ ကားနဲလိုက်သွားတယ်လို့ပြောလို့ပါ။ သူနဲ့ဆက်သွယ်လိုရမဲ့ဖုန်းနံပတ်လေးသိလို့ရမလားမသိဘူးဗျ။ အစ်မတို့ဂိတ်က ဖုန်းနံပတ်မှတ်ထားတတ်တယ်လို့ကြားလို့ပါ”။ “ဟုတ်ကဲ့ပါရှင် ခဏလေးစောင့်ပေးပါ။ ကျွန်မ တို့ပြန်ရှာပေးနေပါတယ်” “နာမည်က အတိုကောက်ထင်တယ် ဦးသော်တဲ့။ ဖုန်းနံပတ်က (××) ကောင် မလေးက နံပတ်တစ်ခုကိုရွတ်ပြသည်။ ကျေးဇူးပါဟုနုတ်ဆက်ပြီး သူမပေးသောဖုန်းကိုကောက်ဆက်လိုက် သည်။
အပွင့်လင်းဆုံးပြောရမည်ဆိုလျှင် ကျွန်တော်တော်တော်ရေချိန်ကိုက်နေပြီ။ ချစ်သူ၏အကြောင်းပြချက်မရှိသော တစ်စုံတစ်ရာဖြင့် အချစ်တစ်ခုအားရပ်တန့် စေခဲ့ခြင်းကို ကျွန်တော်လုံးဝမကြေနပ်။ ဖုန်းဝင်သွားသံကိုကြား လိုက်ရသဖြင့် အသံကိုနားစိုက်ထောင်ဖြစ်သည်

“ အမိန့်ရှိပါခင်ဗျာ ကျွန်တော်ကိုသော်စကားပြောနေပါတယ်” ခန့်ငြားတည်ကြည်ပြီး ပြတ်သားသောအသံဖြင့် ပြန်ထူးနေသည်။ “ကျွန်တော် မိုးမြင့်ချစ်သူပါ။ အခုဦးသော် ဘယ်မှာလည်း အချိန်ရရင် စကားနည်းနည်းလောက်ပြောခြင်လို့ပါ။ ကျွန်တော်ဘယ်မှာလာတွေ့ရမလည်းခင်ဗျာ”။ ကျွန်တော်၏ အရက်တန်ခိုးဖြင့်မှန်နေသောအသံကို ဦးသော်သိပုံ ရသည်။ ကောင်လေးမင်းသောက်ထားတယ်ထင်တယ်။ မင်းသောက်နေတဲ့ဆိုင်ကိုပဲပြောဦးသော်လာခဲ့မယ်။ ခုဦးသော်လည်း သွားသောက်မလို့” “ဟုတ်ဦးသော် သပြေကုန်းက မေားခမ်းနွံမှာ အောက်ဝိုင်းဒေါင့်နားမှာ”။ “အို ကေ ကိုနောက် ၁၀ မိနစ်လောက်ဆိုရောက်မယ်” ပြောပြီးဖုန်းချသွားလေသည်။

ကျွန်တော်ဖုန်းဆက်လိုက်ရသော်လည်း အနည်းငယ်စိတ်ပူမိသည်။ အဘယ်ကြောင့်ဆိုသော် ဦးသော်သည် ကျွန်တော်ချစ်သူ၏ကျေးဇူးရှင်အပြင် တတိယလိင်စိတ်ကိုပိုင်ဆိုင်ထားသူလည်းဖြစ်နေသည်။ သောက်စားပြီး ပြောမှားဆိုမှားဖြစ်မည်ကိုကြောက်သည်။ အဓိကအကြောင်းက ချစ်သူကျွန်တော်ကိုထပ်ပြီး အပြစ်တင် မည်ကိုစိုး၏။ သူမ၏ကျေးဇူးရှင်အပေါ်သိတတ်သောစိတ်ကိုကျွန်တော်ထဲထဲဝင်ဝင်သိနေတာလည်းပါသည်။ ငယ်စဉ်ကထဲက သူ၏ကျေးဇူးရှင်ကိုတဖွဖွပြောဖူးသည်။ ယခုကဲသို့တိုက်ဆိုင်လာမည်မှန်းမသိ၍ ကျွန်တော်သေ ချာစွာ မဖြောင့်ဖျမိခဲ့ခြင်းကို နောင်တရမိသည်။

အရက်တစ်ခွက်ကိုရေခဲအနည်းငယ်ရောပြီး စိတ်လုပ်ရှားစွာလုပ်နေမိသည်။ အရက်ခွက်အတွင်းမှ ဖွေးဖွေးဖြူ နေသောရေခဲလေးက ခွက်အတွင်းမှာတ၀ဲလည်လည်။ ကျွန်တော်မည်မျှစိတ်လုပ်ရှားနေသည်မသိ ကျွန်တော်ပုခုံး အားလက်တစ်ဖက်အသာလာပုတ်မှပင် အသိဝင်တော့သည်။ “ဟာဦးသော်” အေးဆေးဆိုသည့် ပုံစံဖြင့် ကျွန်တော်ရှေ့ခုံတွင်ပေါ့ပေါ့ပါးပါးလာထိုင်သည်။ ပြီးတော့ ကျွန်တော်သောက်လက်စပုလင်းကို တစ်ချက် ကြည့်ပြီး “ ဟစွဲလှချေလားဟ။ ငါညီတော်တော်ရင်ပူနေတယ်ထင်တယ်” ထုံစံအတိုင်းခပ်ပြုံးပြုံးပင်စကားစသည်။

ကျွန်တော်နေရမခက်စေရန် ကျွန်တော်ကိုအနည်းငယ်စကားဖော့ပေးလိုက်မှန်းသိသည်။ ကျောက်လောက၏ နာမည်ကြီးတစ်ယောက်ဟုမပြောရ ဦးသော်သည် လူရိပ်လူကဲကိုနားလည်လွန်းလှသည်။ ကျွန်တော်သောက် လက်စပုလင်းကိုပင် ခွက်တစ်လုံးတောင်းပြီ ပေါ့ပါးစွာယူသောက်သည်။ ၀တ်စားပုံနှင့် အပြုမူများသည် နူးညံပြီး သိမ်မွေ့လှသည်။ ဦးသော် တစ်ခွက်သောက်ပြီးချိန်မှာ “ ကဲ တစ်ခုခုပြောစရာရှိရင်ပြောလေ။ ဘာကူညီပေးရ မလည်းညီ” ။ ဦးသော်စကားဆုံးသည်နှင့် စကားတစ်လုံးကိုဖျတ်ခနဲ့သတိထားမိသည်။ ကျွန်တော်နှင့်စကား ပြောလျှင် ညီနှင့်ကိုဟုသုံးပြီး မိုးမြင့်နှင့်စကားပြောလျှင် ဦးသော်နှင့်သမီးဟုသုံးတတ်သည်။ဒါကလည်းအကြောင်းတော့မဟုတ် အဆင်ပြေသလိုခေါ်နေခြင်းဖြစ်လိမ့်မည်။

လူတစ်ဦးတစ်ယောက်ပေါ် သံသယရှိသော်လည်း ရိုးသားစွာပြောခွင့်ပေးသောအချိန်တွင် အနည်းငယ်တွန့် နေ မိသည်။ “ကျွန်တော်ပြောတော့မယ်ဦးသော်။ ခုမိုးမြင့်က လက်ထပ်ဖို့စဉ်းစားအုံးမယ်တဲ့။ ဘယ်လိုဖြစ်လို့ဖြစ်သွား မှန်းမသိဘူးဗျာ။ ဦးသော်နဲ့ ကားပေါ်ကကိစ္စကို ကျွန်တော်ပြောလိုက်တယ်။ အဲတော့မိုးမြင့်က ဦးသော်က ဟိုလေ” “ ဟဟ ဘာတဲ့တုန်းသူက ဦးသော်က ဂေးလို့ပြောတယ်မို့လား” ကျွန်တော်စွံအနေသောစကားကို ဦးသော်ကအပြုံးမပျက်ပင်ပြန်ပြောသည်။ “ဒါဘာဆန်းလည်းညီ လူတိုင်းမှာမွေးဖွားလာခဲ့ကထဲက ပြင်ဆင်လို့မရ နိုင်တဲ့ အမူအကျင့်တွေ စိတ်ကူးစိတ်သန်းတွေရှိနေနိုင်ကြတာဘဲ။ သဘာဝအရ ယောက်ျားနှင့်မိန်းမချစ်ကြရမယ် ကြိုက်ကြရမယ်လို့ ဆိုထားကြပေမဲ့ ယောက်ျားယောက်ျားခြင်း မိန်မမိန်းမချင်း မြတ်နိုးချစ်ခင်ခဲ့ကြတာလည်း ရှေးအစဉ်အဆက်ထဲကရှိခဲ့တာပဲကို။

ကိုယ်ကို မေးတိုင်းကိုယ်အမှန်းတိုင်ဖြေတယ်။ ကိုယ်မှ အမျိုးသမီးတွေကိုစိတ်မ၀င်စားတာ။ ပြီးတော့ တစ်လက်စထဲ ၀န်ခံစရာရှိသေးတယ်။ ညီကို ကားပေါ်မှာတွေ့တော့ စိတ်ဝင်စားခဲ့တယ်။ ဒါပေမဲ့ကိုထိန်းချုပ်နိုင် တယ်ညီ။ အဲအတွက်ဘာတာဝန်မှ မယုခိုင်းသလို ဘယ်လိုစိတ်ရှုတ်ထွေးစရာကိုမှလည်း ညီတို့အတွဲကိုမပေးဘူး” ။ ဦးသော်က မောသွားဟန်ဖြင့် အရက်တစ်ခွက်ကို ဘာမှမရောဘဲထပ်သောက်သည်။
“ကိုဒီလိုဝန်ခံလို့မင်းအံသြနေသလား။

မအံသြနဲ့ မိုးမြင့်ဘာလို့ ညီကိုလက်မထပ်ဖို့ လက်မထပ်ဖို့ ပြန် စဉ်းစားမယ်လို့ပြောတာလည်း ဆိုတာကိုသိတယ်။ သူကကို ညီကို ချစ်နေတာကိုသိလို့ဘဲ။ သူမေးလိမ့်မယ်။ ကိုလက်ကိုဘယ်နည်းနဲ့ကိုင်သလဲ ဆိုတာကို” ဦးသော်က ပြောရင်းကျွန်တော်ကိုမေးခွန်းပြန်ထုတ်သည်။
“ ဟုတ်ဦးသော် မိုးမြင့်သိနေတယ်။ ဦးသော် ကျွန်တော်လက်ကို ဘယ်လိုကိုင်းတယ်ဆိုတာကအစ” ကျွန်တော် ပြောလိုက်သည်နှင့် ဦးသော်က အရင်လိုမပြုံးဘဲအသံထွက်အောင်ရယ်သည်။ ကျွန်တော်စဉ်းစားနေသည်။ ဦးသော်နှင့် ကျွန်တော်ချစ်သူမိုးမြင့် ဘာအတွက်ကြောင့် ထိုသိုဖြစ်နေကြသနည်း။ “ကို အားလုံးပြောပြမယ်ညီ။ အမှန်တော့ သေသွားတဲ့ ကိုချစ်သူဆိုတာ တစ်ခြားသူမဟုတ်ဘူး မိုးမြင့်ရဲ့ အစ်ကိုဝမ်းကွဲပဲ။

“ဟာ” ဆိုသည့်စကားတစ်လုံးအပြင်အခြားပြောစရာစကားမရှိသလိုပင်ဖြစ်သွားသည်။ ဒါကြောင့် လည်းမိုးမြင့်က ကျွန်တော်ကို သူအစ်ကိုချစ်သူဟောင်း မြတ်နိုးနေသည်ပုံပေါ်သဖြင့် စွန်လွတ်ရန်ကြိုးပန်းနေခြင် ဖြစ်သည်။ မေတ္တာတရားသည်ဆန်းကျယ်လွန်းလှသည်။ သေဆုံးသွားသော လူတစ်ယော်၏ ချစ်သူအား သူကျေးဇူးအားသိတတ်လိုသောအားဖြင့် မိမိမြတ်နိုးသောချစ်သူကိုပင် စွန့်လွတ်ရန်သူမကြိုးစားသည်။ ကျွန်တော် ထိုအချိန်မှ သဘောထားကြီးလှသော ချစ်သူကိုပိုသတိရသည်။

“ ဦးသော်က ကျွန်တော်ပျက်ရွင်းအံသြသွားသော မျက်နာကိုကြည့်ပြီး “ဘာမှစိတ်မပူပါနဲ့ညီ ကိုကြောင့်ခု အသက်အရွယ်ထိ ဘယ်သူကိုမှစိတ်မဆင်းရဲစေခဲ့ဖူးပါဘူး။ အေးဆေးသာနေပါ။ ကိုအားလုံးစီစဉ်ပေးပါမယ်” ကျွန်တော်ဦးသော်၏ ထိုနေ့ကစကားတစ်ခွန်းကြောင့်ပင် သာယာပျော်ရွင်သော ဘ၀တစ်ခုကိုပိုင်ဆိုင်ခွင်ရခဲ့ သည်။
ဦးသော်၏ ဖြောင့်ဖျပေးမူ့ အနစ်နာခံပေးမူနှင့် အခြားသောမေတ္တာတရားများကြောင့် ကျွန်တော်တို့မင်္ဂပွဲသည် သီိတင်းကျွတ်လကုန်ကုန်ခြင်း ခန်းနားစွာကျင်းပနိုင်ခဲ့သည်။

ကျွန်တော်တို့မင်္ဂလာပွဲ ပြီးသည့်နောက် နှစ်ဦးစလုံး အစိုးရ၀န်ထမ်းအဖြစ်မှထွက်စေပြီ မိုးမြင့်မိဘများနှင့်တိုင်ပင်ကာ ကျောက်လေားကတွင်ခြေချစေသည်။ ကျောင်ပညာရပ်ကို သူ၏စိတ်ချရသော တပည့်များမှတစ်ဆင့် ကွှန်တော်အား သင်ကြာစေခြင်းအပြင် သူအသိုင်းဝိုင်းသို့ ၀င်ဆန့်နိုင်အောင် အရှိန်အ၀ါများကိုလည်းပေး၏။
အခြေခံမှစပြီး ပညာရှင်အထိ သူ၏လူယုံလူရင်းများဖြင့် ကျွန်တော်အား သိုင်းဝိုင်စေပြီး ကျောက်လောကတွင် ပြိုင်စံရှား အောင် လက်ထပ်တင်ပေးခဲ့သည်။ ကျွန်တော်တို့သုံးဦးသည် မိုးကုတ်တွင် လူအများအံသြ လောက်အောင်ပင်ကြော်ကြားခဲ့သည်။ ဦးသော်လည်း ကျွန်တော်နှင့်မိုးမြင့်တို့နှင့်အတူတူလာနေသည်။

အဘယ်ကြောင့်ဆိုသော် ကျွန်တော်ချစ်သူမိုးမြင့် ကျွန်တော်အား ချစ်လည်းချစ်သည်။ လက်လည်းထပ်မည်။ သို့သော် ဦးသော် ကျွန်တော်နားတွင်နေမည်ဟုကတိပေးမှသာလျှင် လက်ထပ်မည်ဟု ကတိတောင်းထားကြောင်းကို လက်ထပ်ပြီးသည့်နေ့မှကျွန်တော်သိခွင့်ရသည်။ ကျွန်တော်လည်း လက်ခံခဲ့သည် ။ ဦးသော်သည် ကျွန်တော်ချစ်သူအား သမီးအရင်းကဲ့သိုသဘေားထားရုံမျှမက သူချစ်သူ၏ညီမလေးအဖြစ် လည်း သံယောဇဉ်ကြီးသည်။ ကျွန်တော်မိဘများကလည်း ဦးသော်၏ မြင့်မာလှသောဂုဏ်သိက္ခာကိုယုံကြည် စွာဖြင့် တူတူနေထိုင်ခြင်းကို ကန့်ကွက်ခြင်းမပြု။

ကျွန်တော်ချစ်ဇနီးလေးမိုးမြင့်၏ မေမေဆိုလျှင် ကျွန်တော်တို့လက်ထက်ပြီးနောက် ဦးသော်နှင့်တူတူနေမည်ကို သိသောအခါ ၀မ်းသာလွန်း ၍ မျက်ရည်များပင်ကျသည်။ သူတို့မိသားစုနိမ့်ပါးစဉ်က အကျိုးတစ်စုံတစ်ရာမျှော် လင့်ထားခြင်းမရှိဘဲ ကူညီပေးခဲ့သော ဦးသော်ကိုကျေးဇူးဆပ်ခွင့်ရသည်ဟုပင်ခံယူထားသည်။ ထိုအပြင် ဦးသော်၏ ချစ်ဇတ်လမ်းတစ်ချို့တစ်ဝက်ကို ပြန်ပြောလေတိုင် “မင်းဦးသော်နဲ့ မေမေတူနဲ့ အဲလိုတွေဖြစ်နေတာ ကိုသိပေမဲ့ သိပ်မသေချာခဲ့ဘူးလေ”။ မေမေ အစ်မက ဘယ်လက်ခံမတုန်း အဲတုန်းက ပွဲကြမ်းကြတာမှတ်မိသေး တယ်။ နောက်ဆုံး မေမေတူ ကားမှောက်ဆုံးသွားမှ သူတို့တွေနောင် တရနေကြတာ။

ထိုသို့ဖြင့်ကျွန်တော်တို့၏ ဘ၀များသည် လူပြောသူပြောလည်းများခဲ့သလို့ ပျော်ရွင်အောင်မြင်မူများလည်းရရှိ ခဲ့သည်။

ကျွန်တော်ဘေးမှ မိုးမြင့်ကထထိုင်လိုက်တာတေ့ွရသည်။ညတစ်ခေါင်ကျော်ကြီးဘာထလုပ်မလို့တုန်းချစ်ရ” ကျွန်တော်မေးလိုက်သည်နှင့် “ မောင် အိမ်မက်ထဲမှာကိုလေးက သူလာနေမယ်ဆိုပြီး ချစ်ဗိုက်ထဲကိုဝင်သွားတယ်” “ ဟာ ဒါဆို ချစ်ဟွာပြုတော့မယ်ထင်တယ်နော်” ကျွန်တော်ဝမ်းသာစွာ ချစ်သူလေးကိုပြောမိသည်။ ထိုနေမှစပြီး ချစ်သူမိုးမြင့် ပုံစံတွေပြောင်းလာပါတော့သည်

အအိပ်ပျက် အစားပျက် ပြီး တစ်ရှောင်ရှောင်ဖြစ်လာသည်။ ထိုအပြင်ထူးခြားမူတစ်ခုလည်းရှိသေးသည်။ ထိုအရာကာ ကျွန်တော်ထက် ပိုပြီး ဦးသော်ကို ပိုခင်တွယ်လာသည်။ ကျွန်တော်တစ်ခါတလေ စိတ်လုပ်ရှားစွာမေးမိသည်။ “ချစ်ဘာလို့ ဦးသော် နားဒီလောက်ကပ်နေတာလည်း” ကျွန်တော်မေးလိုက်တိုင်း ချစ်ဇနီမိုးမြင့်က မသိဘူးကို ဦးသော်နား အဲလိုနေရရင်ကိုပျော်နေတာ ကျွန်မ” ကျွန်တော်လည်းများစွာစိတ်ပူပန်ခြင်းတော့မဖြစ်မိ။ ဦးသော် သိက္ခာကို ကျွန်တော်ယုံသည်။

ဦးသော်က ကျွန်တော်ကို “ ညီစိတ်မပူပါနဲ့ကွာ။ ကိုမင်းမိန်မကို ကိုညီမအရင်းလိုသဘောထားတာပါ။ အကြောင်းတရားတွေ မညီညွတ်လို့သာခုချိန်သူစိမ်းတွေဖြစ်နေတာ။ တကယ်လို့ တစ်ချိန်တုန်းကလွဲချော်မူ့တွေ မဖြစ်ခဲ့ဘူးဆိုရင်” ဦးသော် ဘာမှဆက်မပြောဘဲ ဒီတိုင်းလည့်ထွက်သွားပြန်သည်။ ကျွန်တော်ဦးသော် စိတ်ကို ခံ စားမိသည်။ “ ကိုလေးက ကျွန်မတို့ဆီ လာနေမယ်လိုပြောပြီး ကျွန်မဗိုက်ထဲကိုဝင်သွားတယ်” လို့ မိုးမြင့် ပြောတဲ့နေက ပျော်မြူးနေသော ဦးသော်မျက်နာကို ကျွန်တော်တစ်ခါမှမမြင်ဖူးပေ

အချိန်အတိုင်းတာတစ်ခုမှာ မိုးမြင့်သည် သားငယ်လေးကိုမွေးဖွားသန့်စင်ခဲ့သည်။ ထိုသားလေးသည် ကွယ်လွန်းသွားပြီဖြစ်သော မိုးမြင့်၏အစ်ကိုနှင့် ထူးခြာတိုက်ဆိုင်စွာ တူသည်။ သားငယ်မွေးဖွားပြီးသည့်နောက်ပိုင်း စီးပွားတက်ချက်က လည်း သြချယူရလောက်သည်။ ထိုအပြင် ကျွန်တော်နှင့်မိုးမြင့်ပေါ်တွင်အလွန်းဆိုး၏။ ချွင်းချက်တစ်ခုတော့ရှိ၏။

ဦးသော်ဆိုလျှင် နေဆိုနေ ထိုင်ဆိုထိုင် အိပ်ဆိုအိပ် စားဆိုစားလေသည်။ အချိန်စက်ဝန်းကြောင့် သားငယ်လေးပင်လျှင် ရှင်ပြုပေးရမည့် အသက်ရွယ်သို့ ရောက်လို့လာနေပြီဖြစ်သည်။ ထိုအချိန်မှ သားအမိသုံးယောက်နှင့် ဦးသော် စကား အခြေအတင်ဖြစ်ကြရသည်။ သားငယ်လေးက အလှူရှင်အလှူအမနေရာတွင် သူဦးသော်နာမည်ကို ထည့်မ ပေးလျှင်မ၀တ်ပါဟုတောင်းဆိုလေသည်။ စိတ်ကောင်ချက်ကလည်း လက်ဖျားခါသည်။ ထမင်းမစားဟင်းမစားပင်ကောက်နိုင်သည်။ နောက်ဆုံးတွင် မိဘတို့၏သဘောကို လစ်လျှူရှုပြီးသားသဘောကို လိုက်ရောရတော့ သည်။

သူဦးသော်နှင့်ကျွန်တော်ကိုတွဲပြီး အဖေနေရာတွင်ထားသည်။ အမေနေရာတွင် အလှူဒါရီကာမ ဒေါ်မိုးမြင့်ဟု ထူးခြားစွာခေါင်းစဉ်တပ်ရတော့သည်။ အလှူပွဲ၏ ထူးခြားသောဖိတ်စာကြောင့် တစ်မြို့လုံးလုပ်လုပ်ရှားရှားပင် ဖြစ်သည်။ မတတ်နိုင် သားငယ်လေးစိတ်ချမ်းသာစွာ ရှင်သာမဏေဖြစ်စေနိုင်ရေးအတွက် အရေးမပါသော အ ချို့ ကိစ္စများကို ကျွန်တော်တို့ ရဲဝင့်စွာ ဥပက္ခာပြုရမည်ဖြစ်သည်။ အလှူရှင်အလှူအမများအပြင် ဦးသော် နှင့် ကျွန်တော်မိဘ၊ မိုးမြင့်၏ မိဘများသည်လည်း ၀မ်းသာပျော်ရွင်နေကြ၏။

သားငယ်ဆံချသောနေရာတွင် ကျွန်တော်နှင့်ဦးသော်က တစ်ဖက်ကိုင်ပြီး မိုးမြင့်ကတစ်ဖက်ကိုင်သည်။ ဗြေားသံ နှင့်အတူ သားငယ်၏ဆံပင်များက ကိုင်ထားသောပိတ်ဆပေါ် တဖွားဖွား ကျနေသည်။ တစ်ဖက်မှ မိုးမြင့် ၏ ၀မ်းသာသော ငိုရှိုက်သံကိုကျွန်တော်ကြားနေရသည်။ ထိုအချိန်တွင် ကျွန်တော်ဘေးမှ ဦးသော်ထံမှလည်း ထိုနည်း၎င်း။ ကျွန်တော်ဦးခေါင်းကို အသာငဲစောင်းကြည့်မိ တော့ ဦးသော်ငိုနေပြီ။ ဦးသော်၏ မျက်ရည်စ များသည် သားငယ်လေး၏ဆံပင်များနှင့်ရေားကျသွားသည်။ ထိုအတူသားငယ်လေးသည်လည်း သူ့ဦးသော်ငိုရှိုက်နေသည်ကို မျက်တောင်တစ်ချက်မှ မခတ်စွာစိုက်ကြည့်ပြီး မျက်ရည်ဝဲနေပြီ။

ကျွန်တော်ရင်ထဲတွင် ဘာကြောင့်မှန်းမသိဘဲ လိုက်တက်လာသည်။ မည်သို့သော အတိတ်ဘ၀က ကံတွေကများ ဒီလိုသာသန နယ်မြေ အထိလွမ်းဆွေးပါဝင်ပတ်သက်နေ ကြသည်ကိုကျွန်တော်သေချာစွာမသိ။ လူ့လောကမှ များစွာသောအတိတ်ဇာတ်ကြောင်းများ၏ လျှိုဝှက်ဆန်းကြယ်ခြင်းကို မျက်ရည်များက ဖော်ကျူးနေကြပြီ။ မမြင်နိုင်သော သံယောဇဉ်များမှတစ်ဆင့် ခိုင်မြဲစွာချဉ်နောင်လာသော သမုသယကြိုးများ၏ စွမ်းအားသည်ပြင်းထန်လွန်းလှသည်။

သားငယ်ထံမှ ကျဆင်းလာသောဆံပင်လေးများနှင့်အတူ ရှိုက်ကြီးတငင်ငိုကြွေးနေကြသော ချစ်ဇနီးမိုးမြင့် နှင့် ဦးသော်၏ မျက်ရည်စများက ဗြောသံနှင့်အတောမသတ်နိုင်ကြသောအခါ :;;;;;;;;;;;;;;;;;
 







ပြီးပါပြီ

                                                           ဇော်ညီညီ (နေပြည်တော်)

(ဤဇာတ်လမ်းအား စာရေးဆရာကိုဇော်ညီညီ(နေပြည်တော်)၏ Facebook မှကူးယူဖော်ပြပါသည်) 

3 comments:

  1. ကောင်းလိုက်တဲ့ဇာတ်လမ်းလေးဗျာ.... :)

    ReplyDelete
  2. ဖတ်၇တာ ၇င်ထဲ မောသွားတာဘဲ … ဒီလို ဇာတ်လမ်းလေး အ၇မ်း ကောင်းပါတယ်ဗျာ … ကျေးဇူးပါခင်ဗျာ ...

    ReplyDelete