This is the best gay website for Myanmar gay peoples.
Saturday, July 14, 2012
On 7:24 AM by Unknown in    4 comments
KTV အခန်းလေး ထဲတွင် အသံများဆူညံလျှက်ရှိသည်။ ပေါက်ကွဲနေသည့် ဂီတသံ စူးစူးဝါးဝါးတွေအောက် တွင် မြူးကြွနေသော လူများက ဟိုသည်ယိမ်းထိုးလျှက်ရှိသည်။ ဆိုဖာရှေ့ရှိ စားပွဲခုံပေါ်တွင် သောက်လက်စ ဘီယာပုလင်းများ သောက်ပြီးသား ပုလင်းခွံများ အမြည်းပန်းကန်များဖြင့် ရှုပ်ပွနေသည်။ ညမီးထိုး စလိုက်များ မှောင်လိုက်လင်းလိုက်ဖြင့် ငရဲပမာ
ပွတ်ကလော ရိုက်နေသည့် သည်လိုမြင်ကွင်းမျိုးကို နီယွန် စိတ်ပျက်မိသည်။ မိမိဘ၀အခြေအနေအရ မတက်သာ၍သာ အောင့်အီးပြီး သည်းခံနေရသည်။ တစ်ကယ်ဆိုလျှင် သူသည်နေရာမှ ချက်ချင်းပင် ထွက်ပြေးချင်နေပါသည်။ သူ့စိတ်တွေ ရှုပ်ထွေးလျှက်ရှိသည်။
Don't stop, make it pop
DJ, blow my speakers up
Tonight, I'mma fight
'Til we see the sunlight
Tick tock on the clock
But the party don't stop, no
နားကွဲလုမတက်ထွက်ပေါ်နေသည့် သီချင်းတွေကို ဂရုမစိုက်ပဲ စားပွဲပေါ်ရှိ ဘီယာပုလင်းကို လှမ်းယူလိုက်ပြီး တစ်ခါတည်းကုန်အောင် မော့ပစ်လိုက်သည်။ သူ့လက်မောင်းပေါ်တွင် မှီနေသည့် မိန်းမလျှာ တစ်ယောက်က သူ့ကိုဆေးလိမ်မီးညှိပေးသည်။ သူထိုမိန်းမလျှာညှိပေးသော ဆေးလိပ်မီးဖြင့် ဆေးလိပ်တစ်လိပ်ကို ဖွာရှိုက်လိုက်၏။ အငယ်လေးကို ကြည့်လိုက်တော့ ဆိုဖာထောင့်တစ်နေရာတွင် မိန်းမလျှာတစ်ယောက်နှင့် ဇိမ်ကျနေချေပြီ။ အငယ်လေးက ဆိုဖာပေါ်တွင် ပက်လက်လန်နေပြီး အပေါ်က မိန်းမလျှာတစ်ယေက်က သူ့အပေါ်တွင်ခွထိုင်ကာ လည်ပင်းတွေကို နမ်းလိုက် င်္အကျီထဲသို့ လက်ဖြင့် ပွတ်လိုက်သပ်လိုက်ဖြင့် လုပ်ချင်တိုင်းလုပ်နေသည်။ သစ္စာကတော့ သူ့အနားမှာရှိသည့် မိန်းမလျှာနှင့်အတူ မိုက်ခွက်ကြီးကို ကိုင်ကာသီချင်းတွေဆိုနေသည်။
Don't stop, make it pop
DJ, blow my speakers up
Tonight, I'mma fight
'Til we see the sunlight
Tick tock, on the clock
But the party don't stop, no
Ain't got a care in world, but got plenty of beer
Ain't got no money in my pocket, but I'm already here
And now, the dudes are lining up cause they hear we got swagger
But we kick em to the curb unless they look like Mick Jagger
I'm talking about everybody getting crunk, crunk
Boys tryin' to touch my junk, junk
Gonna smack him if he getting too drunk, drunk
Now, now, we go until they kick us out, out
Or the police shut us down, down
Police shut us down, down
Po-po shut us
Don't stop, make it pop
DJ, blow my speakers up
Tonight, I'mma fight
'Til we see the sunlight
Tick tock on the clock
But the party don't stop, no
Don't stop, make it pop
DJ, blow my speakers up
Tonight, I'mma fight
'Til we see the sunlight
Tick tock on the clock
But the party don't stop, no
နီယွန့်ဘေးရှိ မိန်းမလျှာသည် နီယွန်ရင်ခွင်ထဲတွင် မှီနေရင်း လက်တစ်ဖက်က အနောက်သို့သိုင်းဖက်ထားသည်။ နီယွန်ဆေးလိပ် ကိုနောက်ဆုံးတစ်ဖွာ ဖွာလိုက်ပြီးကျန်ရှိနေသေးသည့် အစီးခံကို စားပွဲပေါ်ရှိဆေးလိပ်ပြာခွက်ထဲသို့ ကုန်းကာထိုးထဲလိုက်သည်။ နီယွန်ကုန်းထလိုက်သောအခါ သူ့ရင်ခွင်ထဲရှိ မိန်းမလျှာမက အနောက်မှ သိုင်းဖက်ထားသော လက်ဖြင့် နီယွန့်တင်းပါးတွေကို လာဆုပ်နှယ်လေသည်။ နီယွန် မျက်ခုံးတစ်ချက်ပင့်လိုက်သည်။ ထို့နောက် ဆိုဖာပေါ်သို့ကျောပြန်ချကာ သူ့တင်ပါးကို ကလိနေသော မိန်းမလျှာ၏လက်ကို ဖမ်းဆုပ်လိုက်ကာ အရှေ့ရှိဂျင်းဘောင်းဘီကို အနည်းငယ်ဟပြီးထိုးထဲ့ပေးလိုက်သည်။ ထို့နောက်ထိုမိန်းမလျှာကို အနားသို့ဆွဲယူလိုက်ပြီး နား နားကပ်ကာပြောလိုက်သည်။
“ခင်ဗျား ကိုင်ရမယ့်နေရာက ဒီနေရာ ……..။ အိုကေ……..”
DJ, you build me up
You break me down
My heart, it pounds
Yeah, you got me
With my hands up
You got me now
You got that sound
Yeah, you got me
DJ, you build me up
You break me down
My heart, it pounds
Yeah, you got me
With my hands up
Put your hands up
Put your hands up
သူ့ဘောင်းဘီထဲတွင် စိတ်ကြိုက်လက်ထိုးကာ ဆုပ်နှယ်နေသော မိန်းမလျှာမကြောင့် ဆိုဖာပေါ်တွင် ပက်လက်လန်ကာ မျက်စိမှေးထားရင်း နီယွန်ငြိမ်သက်နေမိသည်။ သည်နေ့ညတော့ သူ့ဘ၀သည် သည်မိန်းမလျှာတွေ ပြုသမျှနုရတော့မည်။ သူ့ခေါင်းထဲတွင်လည်း ရီဝေေ၀ဖြင့် မူးနောက်လျှက်ရှိသည်။ သူ့ပါးပြင်တစ်လျှောက်တွင်လည်း ဘီယာစီးကြောင်းများကြောင့် စေးကပ်ကပ်ဖြစ်နေသည်။ တဒုံးဒုံးမြည်နေသည့် ဆောင်းဘောက်စ်သံများကြားတွင် သူချွေးစို့နေသည်။ သူဒီညတစ်ညကို ဘယ်လိုဖြတ်သန်းရမှာပါလိမ့်။
                             *****************
အနည်းငယ်မိုးချုပ်သောအခါ သူတို့ KTV မှပြန်လာကြသည်။ ထို့နောက် အငယ်လေး၊ သစ္စာတို့နှင့်လမ်းခွဲကာ သူ့ခဏတာ ဘ၀ပိုင်ရှင်မိန်းမလျှာခေါ်ဆောင်ရာသို့ လိုက်ပါလာခဲ့သည်။ ဆိုင်ကယ်ကို မိန်းမလျှာပြသည့် အတိုင်းမောင်းလာခဲ့ရင်း လမ်းမကြီးကို ငေးကြည့်လာခဲ့သည်။ ဆိုင်ကယ်ကိုမောင်းရင်း အနည်းငယ်ကြာသောအခါ မြေညီထပ်တိုက်ခန်းတစ်ခုရှေ့သို့ ရောက်သွားသည်။
“ဟိတ်…..ရပ်လိုက်တော့ အဲ့ဒါ တို့အိမ်ပဲ။ “
“အိုကေ….”
ဆိုင်ကယ်ကို စက်သတ်လိုက်ရင်း ခေါင်းတွင်ဆောင်းထားသည့် ဦးထုပ်ကို ချွတ်လိုက်သည်။ ထို့နောက် ဆိုင်ကယ်သော့ကို သူ့အနောက်မှ မမထံသို့ ပစ်ပေးလိုက်၏။ ထိုမမက တိုက်ခန်းနာသို့လျှောက်သွားပြီး တံခါးမကြီးသော့ကို ဖွင့်ကာ တံခါးကို မပြီးအပေါ်သို့ တွန်းတင်လိုက်သည်။ ထိုအခါ တံခါးကြီးသည် အပေါ်သို့လိပ်တက်သွားသည်။ ထို့နောက် ထိုမိန်းမလျှာက သူ့ကို လက်ယပ်ခေါ်သည်။
“ဟိတ် ကောင်လေး ဘာတွေငေးနေတာလဲ လာလေ။ အိမ်ထဲဝင်ရအောင်”
“ok ok”
အိမ်ထဲသို့ရောက်မှ အလှပြင်ဆိုင်တစ်ခုဖြစ်နေမှန်း နီယွန်သတိထားမိသည်။ ဆံပင်ပေါင်းစက်များ စတီးခုံများကြားမှ ဖြတ်လျှောက်လာရင်း သူ့အရှေ့မှသွားနေသည့် မိန်းမလျှာနောက်သို့ သူလိုက်လာခဲ့သည်။ အလှပြင်ခန်းကို ကျော်သွားသည့်အခါ အနောက်မှ ခန်းဆီးကာထားသည့် အခန်းထဲသို့ ရောက်သွားသည်။ အခန်းထဲတွင် နှစ်ယောက်အိပ်ကုတင်ကြီးတစ်လုံးရှိပြီး ကျန်သည့် ပရိဘောဂများကလည်း အစီအရီသူ့နေရာနှင့်သူတည်ရှိနေသည်။ သူ့ဒီညအတွက် ဖြတ်သန်းရမည့် နေရာက သည်အခန်းတဲ့လား။ တွေးရင်း နီယွန် မောဟတစ်ချို့ကို မျိုချပစ်လိုက်သည်။ သူ့ရှေ့မှ သွားနေသည့် မိန်းမလျှာက လက်ထဲတွင်ကိုင်ထားသော ပိုက်စံအိတ်ကို ကုတင်ပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက် သူ့ကို တစ်ချက်ကြည့်ကာ သူမ၏ မကောမက၀တ်ဆင်ထားသော အ၀တ်စားများကို ချွတ်နေလေသည်။
“အိမ်သာ ဘယ်နားမှာလဲ”
“ဘာလုပ်မလို့လဲဟင်”
“အိမ်သာမေးမှတော့ ဘာလုပ်ရမှာလဲ ။ အိမ်သာတက်မလို့ပေါ့။ ဘီယာတွေသောက်လာတာ သေးပေါက်ချင်နေတယ် “
“ဟိုဖက်မှာ ………….”
သူမိန်းမလျှာမ ပြသော အခန်းတံခါးကို ဖွင့်ပြီး အိမ်သာထဲသို့ ၀င်လာခဲ့သည်။ ထို့နောက် ဂျင်းဘောင်းဘီ ဇစ်ကိုဖွင့်ကာ လေးကံနေသော သှူ့ဆီးပြွန်မှအရည်တွေကို အားရပါးရပန်းထုတ်ပစ်လိုက်သည်။ မိန်းမလျှာမ ဆွပေးထားသဖြင့် ဆီးသွားရသည်မှ နည်းနည်းတော့ စနိုးစနောင့်ဖြစ်မိသည်။ သူ့ကိစ္စ ပြီးသော အခါအခန်းအပြင်ဖက်သို့ ပြန်ထွက်လာခဲ့သည်။ အိပ်ခန်းထဲသို့ ရောက်သော် သူ့ကို မိန်းမလျှာမက ကုတင်ပေါ်တွင် ဘေးတံစောင်းလှဲကာ စောင့်နေသည်။ သူတံတွေးတစ်ချက်ကို မျိုချလိုက်ရင်း ၀တ်ထားသည့် လယ်သာဂျာကင်ကို ချွတ်ပစ်လိုက်သည်။ ထို့နောက် အတွင်းမှ တီရှပ်ကိုပါ ခါးမှအပေါ်သို့ မကာဆွဲချွတ်လိုက်၏။ ကျန်ရှိနေသေးသည့် ဂျင်းဘောင်းဘီကို ချွတ်ရန်ခါးပတ်ခေါင်းကို ပါတစ်ခါတည်းသူဆွဲဖြေလိုက်သည်။ ဖြေနေရင်းတန်းလန်း သူမိန်းမလျှာမကို တစ်ချက်ခန့် အကဲခတ်ကြည့်လိုက်တော့ သူ့ကို မမှိတ်မသုံစိုက်ကြည့်နေသည်ကို တွေ့ရသည်။ ခါးပတ်တစ်ခုလုံး ခါးမှကျွတ်သောအခါ သူကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။ ထို့နောက် ဘောင်းဘီကို အရင်းမှ ကိုင်ကာ ခြေသလုံးအရင်းနားထိဆွဲချပစ်လိုက်သည်။
“အို……………………………”
                                ******************
လက်ထဲမှ လိပ်စာစာရွက်လေးကို ဖြန့်ကြည့်လိုက်ရင်း ခြံဝန်းရှေ့တွင် ဂီနိုခြေလှမ်းတွေကို ရပ်တန့်လိုက်သည်။ သူရှာနေသည့် ယောကျာ်းလှကျွန်း အနှိပ်ခန်းကိုတွေ့ပါပြီ။ ခြံဝန်းလေးသည် အနည်းငယ်ကျယ်ဝန်းကာ သစ်ပင်ပန်းပင်များဖြင့် လှလှပပလေးရှိသည်။ အလယ်တွင်တော့ နှစ်ထပ်တိုက်ကလေးတစ်လုံးရှိသည်။ ထိုနှစ်ထပ်တိုက်ကလေးကို ဆေးသုတ်ထားပြီး ပြတင်းပေါက်များတွင် သစ်ခွပန်းအိုးလေးများကို ချိတ်ဆွဲထားသည်။ သူခြံထဲကို လှမ်းကြည့်လိုက်ပြီး လူခေါ်ခေါင်းလောင်းကို လှမ်းပြီး ဆွဲလှုပ်လိုက်၏။
“ကလင် …………………ကလင်……………………..ကလင်…………………….”
ခေါင်းလောင်းကို တီးလိုက်ပြီး ခဏကြာသည် အထိသူရပ်စောင့်နေလိုက်သည်။ သူကြည့်နေရင်းတန်းလန်းမှာပင် တိုက်ထဲမှ လူတစ်ယောက် ထွက်လာသည်။ ထိုလူက သူ့နားသို့တဖြည်းဖြည်း လမ်းလျှောက်လာသည်။ အနီးကပ်ကြည့်မိတော့မှ မိန်းမလျှာတစ်ယောက်ဖြစ်နေမှန်း ဂီနိုသိလိုက်ရသည်။ သို့သော် သူကမိန်းမအ၀တ်စားများ ၀တ်ထားခြင်းတော့မဟုတ် ။ ဒါပေမယ့် ခန္ဓာကိုယ်အမူအရာမှာတော့ မိန်းမတစ်ဦးကဲ့သို့ နွဲ့နှောင်းနေသည်။
“ဘာကိစ္စရှိလို့လဲ မသိဘူး”
“ဟို……………………….ဟိုဒင်းလေ။ ဒီက အလုပ်ခေါ်စာတွေ့လို့ အဲ့ဒါ”
“အလုပ်လာလျှောက်တယ်ဆိုပါတော့”
“ဟုတ်ပါတယ်။ “
“ကောင်းပြီ။ ဒါဆိုရင် အိမ်ထဲကိုဝင်လေ။ အထဲရောက်မှ မင်းကို အင်တာဗျူးမယ့် သူနဲ့ စကားပြောပေါ့”
ထိုယောကျာ်း အဲ့ ယောကျာ်းတော့မဟုတ် ။ ထိုမကျားတကျားယောကျာ်းက သူ့ကို ခြံတံခါးဖွင့်ပေးသည်။ ထို့နောက် သူ့ရှေ့မှဦးဆောင်ကာ သူ့ကို အိမ်ထဲသို့ခေါ်သွားသည်။ သူခြံဝန်းထဲကို ဟိုကြည့်သည်ကြည့်ဖြင့် ကြည့်ရင်းနောက်မှ လိုက်ပါလာခဲ့သည်။ သူဘယ်လိုအလုပ်တွေများ လုပ်ရမှာပါလိမ့်။ တွေးရင်း ရင်ထဲတွင် တဒိတ်ဒိတ်ခုန်လာသည်။ အိမ်ရှေ့သို့ရောက်သော အခါ ထိုမကျားတကျား ယောက်ျားက တံခါးဖွင့်ပြီး ၀င်သွားသည်။ သူပါ ခပ်သွက်သွက်လိုက်ဝင်လာခဲ့သည်။
အိမ်ထဲရောက်တော့ သူအံသြမင်သက်သွားသည်။ အိမ်၏ ဧည့်ခန်းသည် အရက်ဘားတစ်ခုကဲ့သို့ ဖြစ်နေကာ စားပွဲဝိုင်းတွေအများကြီး ချထားသည်။ အိမ်၏ ထောင့်တစ်နေရာတွင်တော့ ကောင်တာတစ်ခု ရှိသည်။ ထိုကောင်တာနောက်တွင် အရက်ပုလင်းမျိုးစုံ ဖန်ခွက်မျိုးစုံကို စီထားသည်ကို တွေ့ရသည်။ ထို့အပြင် သူ့အရွယ်ကောင်လေးတွေ လေးငါးခြောက်ယောက်ခန့် စားပွဲဝိုင်းတစ်ခုတွင် ဖဲထိုင်ရိုက်နေကြသည်။ သူ့ကိုမြင်တော့ အားလုံးရဲ့အကြည့်က သူ့ဆီသို့အာရုံစူးစိုက်လာကြသည်။ သူမနေတတ်သလို ရှိန်းတိန်းတိန်းဖြစ်သွား၏။
“ဟိတ်………….လာလေ။ သူတို့ကိုငေးမနေနဲ့ ………………….လာ”
သူ့ကိုအရှေ့မှသွားနေတဲ့ လူကခေါ်နေသဖြင့် သူအကြည့်လွှဲလိုက်ပြီး ထိုလူခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာခဲ့သည်။ သူ့အနောက်တွင်တော့ စကားတီးတိုးပြောသံ တစ်ချို့ ကြားရသည်။
“အသစ်ကလေးနေမှာ………………….”
“အလုပ်လာလျှောက်တာလားမသိဘူး………………….”
“ချောတယ်နော်…………………”
သူ့ကိုချောတယ်နော်ဟု ပြောလိုက်သော အသံပိုင်ရှင်သည် ယောကျာ်းသံစစ်စစ်မဟုတ်ပဲ မိန်းမလျှာသံပေါက်နေပြန်သည်။ ဘယ်လိုပါလိမ့်။ ဒီအိမ်က အခြောက်တွေများလှချည်လား။ အိမ်အတွင်းပိုင်းဖက်သို့ရောက်သော် အခန်းတွေကို တည်းခိုခန်းလိုမျိုးတစ်ခန်းစီ ဖွဲ့ထားတာကို တွေ့ရသည်။ အလယ်တွင်းတော့ ကော်ရစ်တာရှိပြီး ကော်ဇောအနီကြီးကိုခင်းထားသည်။ အခန်းတစ်ခုထဲသို့ရောက်သော် စားပွဲပေါ်တွင် မိန့်မိန့်ကြီးထိုင်နေသော မိန်းမတစ်ဦးကိုတွေ့ရ၏။
“မမ မိုးမြင့် ဒီမှာ ကောင်လေးတစ်ယောက် အလုပ်လာလျှောက်တာတဲ့”
“အေး သူ့ကိုဒီမှာထားခဲ့ နင်သွားတော့”
“ဟုတ်ကဲ့”
သူ့ကို အခန်းထဲတွင်ထားခဲ့ပြီး ထိုသူထွက်သွားသည်။  အခန်းထဲတွင် ကျန်ရှိနေသည့် တစ်ယောက် သူထင်သလို မိန်းမတစ်ဦးဖြစ်မနေပဲ ယောကျာ်းကြီးဖြစ်နေပြန်သည်။ ဘယ်လိုပါလိမ့် သည်အနှိပ်ခန်းက အခြောက်တွေချည်းစု ဖွင့်ထားသည်လားမသိပါ။ ထိုမိန်းမလျှာမကြီးက သူ့ကို မေးမော့ပြီး သေသေချာချာ အကဲခတ်နေသည်။ ထို့နောက် ထိုင်နေသော စားပွဲခုံမှထကာ သူ့အနားသို့လျှောက်လာသည်။
“မင်းအရပ် ဘယ်လောက်ရှိလဲ”
“ဗျာ…………….”
“အရပ်ဘယ်နှပေရှိသလဲလို့မေးတာ။ ဘယ်မှာနေတာလဲ။ နာမည်ကကော ဘယ်လိုခေါ်လဲ”
“ ကျွန်တော့် နာမည် ဂီနိုလို့ခေါ်ပါတယ်။ အရပ်က ငါးပေ ဆယ့်တစ်ပါ။ နေတာက ရှမ်းရွာထဲမှာနေပါတယ်။ “
“ကောင်းပြီ ။ မင်းလခကောင်းကောင်းရမယ် ဆိုရင်စိတ်ဝင်စားမှာပေါ့”
“ဟုတ်ကဲ့”
ဂီနိုစကားပြောရင် တောင့်တောင့်ကြီး ရပ်နေမိသည်။ ထိုမိန်းမလျှာမကလဲ သူ့ကိုမထိုင်ခိုင်းပဲ သည်အတိုင်းကြီး ရပ်ခိုင်းထားသည်။ တဖြည်းဖြည်းစကားပြောရင်း ထိုမိန်းမလျှာမက သူ့အနားသို့ ကပ်လာသည်။ ထို့နောက် သူ့ကို ခေါင်းကနေခြေဖျားထိ အစအဆုံး သေသေချာချာစေ့စေ့စပ်စပ်ကို လိုက်ကြည့်နေသည်။ ကြာတော့ သူပင်နေရထိုင်ရခက်လာကာ အိုက်စပ်စပ်ဖြစ်လာသည်။
“ဒီကအလုပ်ကတော့။ man only body massage ပဲ။ မင်းနားလည်အောင်ပြောရရင်။ ဒီမှာက အမျိုးသားတွေကိုပဲ နှိပ်ပေးတယ်။ ပြီးတော့ customer တွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးရမယ်။ တစ်ခုရှိတာက ကိုယ့်ဆီကိုလာတဲ့ customer တွေက ယောကျာ်းပဲဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် မင်းလက်ခံရမယ်။ ရှင်းရှင်းပြောရရင်ကွာ ဒီအလုပ်က……………………………”
ထိုမိန်းမလျှာက သူ့စကားကို ဆက်မပြောပဲ ရုတ်တရက်ကြီး ရပ်ပစ်လိုက်သည်။ ထို့နောက် သူ့အနားသို့ကပ်ကာ သူ့ကို စေ့စေ့ကြည့်ပြီး သူ့ရင်အုံရှိ ကြွက်သားပြင်တွေနားကို အသာလက်ဖြင့်လာပွတ်သပ်သည်။ ထို့နောက် သူမနှုတ်ခမ်းက သူ့ပါးနားသို့နီးကပ်လာကာ နားရွက်နားသို့ ရောက်သည့်အခါ သူ့ကို တိုးတိုးလေးပြောသည်။
“……………………………………………………………………………………”
ကြားလိုက်ရသည့် စကားကြောင့် ဂီနိုကြက်သီးတွေ တဖြန်းဖြန်းထသွားသည်။ သူ့မျက်နှာကြီးထူပူလာပြီး ရှက်စိတ်ကြောင့် ရုတ်တရက် ခေါင်းငုံ့ထားလိုက်မိသည်။ သူဘာလုပ်ရမည်နည်း။ မိမိခန္ဓာကိုယ်ကို အနစ်မွန်းခံမှ ပိုက်စံရမည့်အလုပ်ကို သူလုပ်သင့်သည်လား ။ မလုပ်သင့်ဘူးလား။
“မင်းဘယ်လို သဘောရလဲ။ ကိုယ်ကတော့ မင်းကိုသဘောကျတယ်။ မင်းသာလုပ်မယ်ဆိုရင် ကိုယ်မင်းကို လခအပြင် ဘောက်စူးကောင်းကောင်းပေးမယ်။ “
သူနှုတ်တွေ ဆွံ့အကာ ဘာစကားမှမပြောနိုင်ပဲ ဖြစ်နေသည်။ သူ့မှာ ရွေးစရာလမ်းနှစ်ခုသာရှိသည်။ တစ်ဖက်တွင် ငွေတွေရှိသည်။ တစ်ဖက်တွင် ငတ်မွန်းခေါင်းပါးနေသော သူ့၏စုတ်ပြက်သက်နေသည့်ဘ၀။ သူဘာကိုရွေးချယ်ရမည်နည်း။ ငတ်မွတ်နေသည့် ဘ၀ထဲသို့ ပြန်ပြီး မခုန်ဝင်ချင်တော့တာတော့ အမှန်ပင်။ အဲ့ဒီအတွက် သူ့အတွက်အခွင့်အရေးက ယခုသူ့ရှေ့ကို ဆိုက်ဆုက်မြိုက်မြိုက်ကြီးကိုရောက်နေပြီ မဟုတ်ပါလား။ သို့သော် တစ်ဖက်တွင်တော့ ဖြူစင်သန့်ရှင်းမှု မရှိတော့တဲ့ သူ့ဘ၀ကို သူနှမြောမိသည်။ သူ့နားထဲတွင်ကြားနေရသည်က စောစောစီးစီး သူတို့အိမ်ကို ရောက်လာတတ်သည့် အကြွေးရှင်မိန်းမ၏ အသံများ။ မျက်နှာငယ်ငယ်ဖြင့် ပြန်လည်တောင်းပန်နေသည့် သူ့အမေ၏ အသံများ။  အပျိုလေးတန်မယ့် ဖိနပ်ပျက်တာကို အပ်ချိတ်ဖြင့် တွယ်စီးနေရသည့် သူ့ညီမလေး၏ ပုံရိပ်များ။ အခြားကလေးတွေနှင့်တန်းတူ မုန့်ပဲသရေစာ မစားရသည့် သူ့ညီလေး၏ မျက်နှာလေးတွေကို တန်းစီပြီးမြင်ယောင်လာသည်။
“မင်းလုပ်မယ်ဆိုရင် အခုညနေခြောက်နာရီလောက် အသုံးအဆောင်ပစ္စည်းတွေ ယူပြီး ဒီကိုပြန်လာခဲ့ပါ။ ဒါက………………….အခုလောလောဆယ့် မင်းအတွက် လမ်းစရိတ်”
သူ့ငဲ့ကြည့်လိုက်တော့။ ထိုမိန်းမလျှာက သူ့ပိုက်စံအိတ်ထဲမှာ တစ်ထောင်တန် လေးငါးခြောက်ရွက်ခန့်ကို သူ့ကို ထုတ်ပေးနေသည်။ သူ့လက်တွေ ထိုပိုက်စံကို ယူရမှာ စိုးရွံ့နေမိသည်။ သူကမယူသောအခါ ထိုမိန်းမလျှာက သူ့လက်ကို ဆုပ်ကိုင်ပြီး ပိုက်စံတွေကို လက်ထဲသို့ထည့်ပေးသည်။ ထို့နောက် သူမ၏ စားပွဲသို့ပြန်သွားကာ ဆေးလိပ်တစ်လိပ်ကို မီးညှိပြီး ဖွာနေသည်။
“မင်းတို့ကို မမလို့ပဲခေါ်တာ ကြိုက်တယ်။ တို့နာမည်က မိုးမြင့်။ မမ မိုးမြင့်လို့ ခေါ်ရင်လဲမမှားဘူး။ “
“ ကျေးဇူးတင်ပါတယ် မမ မိုးမြင့်။ “
“ကဲ ဘယ်လိုလဲ မင်းလုပ်မယ်မဟုတ်လား။ “
သူလက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိ၏။ ထို့နောက် သူမျက်စိမှိတ်ကာ စိတ်ဒုန်းဒုန်းချ လိုက်သည်။
“ဟုတ်ကဲ့ ကျွန်တော် ဒီအလုပ်ကို လုပ်ပ့ါမယ်”
                         *********************
ကောင်းကင်ကြီးသည် ကြည်လင်ရှင်းသန့်ကာ တောက်ပလျှက်ရှိသည်။ ဖြူမွနေသော တိမ်တိုက်ကြီးများကလည်း စုပြုံလျှက် ကြည်ပြာရောင်သန်းနေသာ နောက်ခံမိုးကောင်ကင်ကြီး၏ အရှေ့တွင် ၀င့်ထည်နေသည်။ မျက်စိရှေ့သို့ ၀ဲကျနေသော ဆံစတွေကို သပ်တင်လိုက်ရင်း မောဟတစ်ချို့ကို သက်ပြင်းနှင့်အတူ ရောပြွန်းပြီး ထွေးမှုတ်လိုက်၏။ လူ့လောက ကြီးတွင်အသက်ရှင်ရပ် တည်နေရသည်မှာ တစ်ခါတစ်ရံတွင် ရှုပ်ထွေးမှုတွေပြည့်နှက်နေသော မာယာ ထောင်ချောက်တွေကြားထဲတွင် နေနေရသလို ထိတ်လန့်စိုးရွံ့နေရသည်ဟု ဂီနိုထင်သည်။ အသက်၀၀ရှုပြီး ဘ၀ကြီးကိုရှေ့ဆက်ခရီးဆက်နိုင်ဖို့ သူတန်ရာတန်ကြေးပေးဆပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးသည့် နောက်ပိုင်းတွင် သူသည် သူ့ကိုယ်သူ အပေးဆပ်ခံလူသား တစ်ဦးအဖြစ်မြင်ယောင်လာမိသည်။ သူ့ရဲ့ အနာဂတ်သည် မဲမှောင်နေသည်။ ၀ိုးတိုးဝါးတားဖြင့် သူလျှောက်လှမ်းရမည့်လမ်းသည် ရေရာသေချာမှု ရှိချင်မှရှိမည်။
သမုဒ္ဒရာ ၀မ်းတစ်ထွာတဲ့ တစ်တောင်လောက်များရှိလျှင် ဘယ်လိုနေမည်မသိပါ။ ဘာပဲဖြစ်ဖြစ်သူသည် လောကကြီးတွင် အသုံးမကျသည့် လူသားတစ်ဦးတော့ ဘယ်တော့မှ အဖြစ်မခံပါ။ အထူးသဖြင့် သူ့မိသားစုအတွက် မားမားမတ်မတ်ရပ်တည်ရမည့်တာဝန်က သူ့မှာအပြည့်ရှိသည်။ သူထိုအရာ ကိုမသိသည်မဟုတ် သိသည်။ သို့သော် လက်တွေ့ကျကျတော့ ယခုမှ သူဖော်ဆောင်နိုင်တော့မည်။ မည်သို့ပင်ဖြစ်စေကာမူ သူဝမ်းသာမိပါသည်။ လမ်းလျှောက်လာရင်း အိမ်ရှေ့သို့ ရောက်မှန်းမသိရောက်လာသဖြင့် တွေးလက်စအတွေးတွေကို သူဖြတ်တောက်ပစ်လိုက်သည်။
                                                                                                  ဆက်ရန်ရှိသေးသည်
                                                                                                    lovealone:P
                                                                                           boytheboy.sept@gmail.com
4 comments:
  1. မနွဲ့တဲ့ချစ်​သူ​ချော​ချောသန့်​သန့်​​လေး
    လိုချင်​တယ်​အချစ်​အဓိကပါဆက်​သွယ်​ပါ
    လာ​တွေ့မယ်​402706421
    ReplyDelete
  2. တကယ်​လို​နေတာအချစ်​ပါ
    ငယ်​တဲ့ချစ်​သူ​ပေါ့402706421
    ReplyDelete
  3. viberသုံးလည်းရတယ်
    ဖုန်းဆက်​လည်းရတယ်
    402706421
    ReplyDelete
  4. ကိုတကယ်​ချစ်​ရင်​တသက်​စာ
    တာဝန်​ယူပြီးချစ်​မယ်
    402706421
    ReplyDelete