This is the best gay website for Myanmar gay peoples.

Saturday, July 21, 2012

On 3:45 AM by Unknown in    No comments



အခန်းမီးရောင်ဖျော့တော့တော့ အောက်တွင် ဂီနိုနှင့် နီယွန်နှစ်ဦးသား တစ်ဦးကို တစ်ဦးစိုက်ကြည့်ရင်း ငြိမ်သက်နေကြသည်။ ဂီနိုက ကုတင်ပေါ်တွင် ထိုင်လျှက် ရှိသည်။ နီယွန်ကတော့ ဂီနို့နဘေးတွင် မတ်တပ်ရပ်နေရင်း ဂီနို့ကိုလက်ပိုက်လျှက်ကြည့်နေသည်။ ဂီနို့စိတ်ထဲတွင် ရှက်ရွံ့နေသလိုလို ကြောက်လန့်နေသလိုလို တစ်ခုခုကို မချင့်မရဲ့ဖြစ်နေ၏။ ဂီနို့ရင်ခုန်သံတွေဟာလဲ တစ်စတစ်စ အရှိန်ပြင်းထန်စွာပေါက်ကွဲနေသည့် မီးတောင်ကြီးပမာ ၀ုန်းဒိုင်းကြဲနေသည်။ ယခု သူခန္ဓာကိုယ်တွင် အ၀တ်အစားဟူ၍ အတွင်းခံလေးနှင့် ခါးတွင်ပတ်ထားသည် နံငယ်ပိုင်းပုဝါလေးသာ ရှိသည်။ မွှေးညင်းလေးတွေ ညီညာနေသော ဂီနို့ပေါင်တံလေးကို နီယွန်ငေးစိုက်ကြည့်နေမိသည်။ ယောကျာ်းအချင်းချင်းသာ အထိအတွေ့များခဲ့သည့် သူသည် မိန်းမတစ်ယောက်ကို စိတ်ဝင်စားရကောင်း မှန်းမသိတော့ပါချေ။ တစ်ကယ်တော့ သူသည်လည်း သည်စိတ်တွေ ၀င်နေခဲ့တာ ကြာပါပြီလေ။





“နီယွန် နှိပ်တဲ့သူက ဒီအတိုင်းပဲ အနှိပ်ခံတာလား”



“မဟုတ်ဘူး။  မင်းကို ဆီလူးရဦးမယ်။ ဆီလူးပုံလူးနည်းပါ တစ်ခါတည်းလုပ်ပြမယ်။ ပြီးရင် အထဲက အတွင်းခံဘောင်းဘီကိုပါချွတ်ရမယ် “



နီယွန် ဂီနို့အမေးကို ဖြေလိုက်ပြီး စားပွဲပေါ်တွင်အသင့်တင်ထားသည့် sunflower oil လေးကိုယူလိုက်သည်။



“ဒီဘူးလေးထဲက ချောဆီတွေက body massage လုပ်တဲ့အခါမှ သုံးတဲ့အဆီတစ်မျိုးပဲ။ ဒီမှာတော့ ဆီအမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းကွဲတယ်။ ထားပါတော့လေ အဲ့ဒါက ငါတို့အလုပ်မဟုတ်ပါဘူး။ ဈေးနှုန်းကိစ္စက ကောင်တာမှာထိုင်တဲ့ကောင်လုပ်တဲ့ကိစ္စ။ ငါတို့ကိစ္စက ဧည့်သည်ကိုနှိပ်ပေးရမယ် ပြီးရင်သူ့ဆန္ဒကိုဖြည့်ဆည်းပေးရမယ်။ အဲ့လိုဖြည့်ဆည်းပေးရင် ငါတို့လိုချင်တဲ့ ပိုက်စံရမယ် ဒါပါပဲ”







“ဒါဆိုရင် မင်းကအခုငါ့ကို အစအဆုံးနှိပ်ပြမှာလား “



“အင်း ဟုတ်တယ်။ နှိပ်တယ်ဆိုတာက ကိုယ်တိုင်အနှိပ်ခံရမှ ဘယ်လိုအရသာရှိတယ်ဆိုတာသိတာလေ။ ပြီးတော့ သူများကိုဘယ်နေရမှာ နှိပ်ရင်ဘယ်လိုအရသာရှိတယ်ဆိုတာ ကိုယ်ကသိပြီးသားဖြစ်တာပေါ့။ လောကမှာ နှိပ်တတ်ရင်ထမင်းမငတ်ဘူးတဲ့ ဂီနိုရဲ့။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ ဇိမ်သိပ်ခံချင်ကျတဲ့ သတ္တ၀ါတွေလေ။ ဒီတော့ ဇိမ်ခံတဲ့အလုပ်ကို လူတွေကမရ ရအောင်ရှာဖွေကျမှာပဲ။ “



“မင်းပြောတာ ဟုတ်သားပဲနော်။ ငါဒီအကြောင်းတွေကို အစောကြီးကတည်းက ဘာလို့မစဉ်းစားမိတာပါလိမ့်”





ဂီနို့ကို တစ်ချက်ပြုံးကြည့်လိုက်ရင်း နီယွန်သည် လက်ထဲရှိ ချောဆီဘူးထဲမှ အဆီရည်တွေကို လက်ထဲသို့အနည်းငယ်လောင်းထဲ့လိုက်သည်။



“မင်းအတွင်းခံဘောင်းဘီကိုချွတ်ပြီး အားယားမှောက်လိုက် မင်းကိုအရင်ဆီလိမ်းပေးမယ် “



ဂီနိုက ခေါင်းတစ်ချက်ညှိတ်လိုက်ပြီး နီယွန်ပြောသည့်အတိုင်း အတွင်းခံဘောင်းဘီလေးကို ချွတ်ပြီး ပုဝါလေးကို ပြန်ပတ်ကာ ကုတင်ပေါ်တွင် အားယားမှောက်လိုက်သည်။ ဂီနိုအတွင်းခံဘောင်းဘီ ချွတ်လိုက်သည့်ခဏတာ ၀တ်စလစ်ဖြစ်သွားအခိုက် မြင်ကွင်းက နီယွန်ရင်တွေကို လှိုင်းဂယက်ထပြီး ဗြောင်းဆန်နေစေသည်။ နီယွန်သက်ပြင်းတစ်ချက်ချမိသည်။ ဂီနိုကတော့ ကုတင်လေးပေါ်တွင် ၀မ်းယားမှောက်လျှက်သာ။ ကုတင်သည် အနှိပ်ခံရန်အတွက်သာ တမင်သက်သက်ပြုလုပ်ထားသော ကြောင့်သေသေသပ်သပ်ဖြင့် တောင့်တောင့်တင်းတင်းရှိသည်။ ဂီနို့အောက်တွင် ရေမြုပ်မွေ့ယာ အပါးစားကို အပေါ်က ပိတ်ဖြူအစဖြင့်ခင်းထားသည်။ ခေါင်းအုံးလေးကိုလည်း အရောင်နုနုလေးသာထား ထားသည်။ အခန်းဘေးပတ်လည်ကိုတော့ သစ်သားနံရံများဖြင့်တစ်ခန်းနှင့်တစ်ခန်းကာရံထားပြီး ပေါလစ်များတိုက်ထား သဖြင့်ပြောင်လက်ချောမွတ်နေသည်။ ဂီနိုအားယားမှောက်ပြီးသွားသောအခါ ပေါင်လည်ခန့်ရှိသော ဘောင်းဘီအတိုလေးသာ ၀တ်ထားသည့် နီယွန်က ဂီနို့တင်ပါးအရင်းနားသို့ ကားယားခွကာ တက်ထိုင်လိုက်သည်။



“ဂီနို မင်းရင်ဘတ်ကိုနည်းနည်း ကြွပြီး အောက်ကပုဝါစကို ဖြေလိုက်။ ခပ်လျော့လျော့လေးပဲ အုပ်ထားရမှာ”



ဂီနိုနီယွန်ပြောသည့်အတိုင်း ရင်ဘတ်ကိုကြွကာ ခါးတွင်စည်းထားသည့် ပုဝါစလေးကို ဖြေလိုက်ကာ ခပ်လျော့လျော့လေးထားလိုက်သည်။ အပေါ်မှ နီယွန်က ဖိထားသောကြောင့် သူ့စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေသည်။ သူ့တင်ပါးအောက်နားတစ်ဝှက်တွင် ထိတွေ့နေသည့် နီယွန့်၏ ပေါင်သားနွေးနွေးကြီးကြောင့် သူ့စိတ်တွေ ဂနာမငြိမ်သလိုဖြစ်နေမိသည်။ သူရေငတ်ချင်နေသည်။ သူ့ဘ၀တွင် မည်သည့်ယောကျာ်းမိန်းမ နှင့်မျှဖက်လည်း တကင်းမနေခဲ့ဖူးသောကြောင့် အခုလိုဖြစ်နေတာဖြစ်မည် ထင်သည်။





“အင်း ဟုတ်ပြီး မင်းစိတ်တွေကိုလျှော့ထား။ ကိုယ်လုံးကိုတောင့်တောင့်ကြီးလုပ်မထားနဲ့။ ဘယ်ဖက်ပါးကို ခေါင်းအုံးနဲ့ကပ်နေအောင် စောင်းအိပ်လိုက်ပြီးရင် တစ်ကိုယ်လုံးက အကြောတွေကို လျှော့ပစ်လိုက်။ စိတ်လွတ်လက်လွတ် ထားပြီး မျက်စိလေးကိုအသာလေး မှိတ်ထား။ ငါသီချင်းဖွင့်ပေးမယ်”





ပြောင်ချောနေသော ဂီနို့ကျောပြင်ပေါ်သို့ လက်ခုပ်ထဲရှိအဆီတွေကို တစ်စက်ခြင်းတောက်ကနဲ တောက်ကနဲချကာ လက်ထဲတွင်ကျန်ရှိနေသည့် ဆီတွေကို ကျေနံရိုးအထက်မှနေ၍ အောက်သို့ဆွဲကာ ပွတ်ချလိုက်သည်။ ထို့နောက် ကုတင်ခေါင်းရင်းရှိsound box ခလုတ်ကို လှမ်းနှိပ်လိုက်၏။




“အင်း သီချင်းကတော့ ဇိမ်ခံသူတွေအကြိုက် ငြိမ့်ငြိမ့်လေးပဲ။ မင်းမျက်လုံးလေးတွေမှိတ်ထား ဘာကိုမှမစဉ်းစားရဘူး။ အဲ့ တစ်ခုတော့ရှိတယ် ငါပြောတာတွေက customer တွေကို မင်းပြန်ပြောရမယ့် စကားတွေနော် သေချာမှတ်ထား။ ပြီးတော့ ငါဘယ်လိုနှိပ်သွားတယ်ဆိုတာကော သေချာမှတ်ထား မင်းကပြန်နှိပ်ပေးရမယ့်လူ”



နီယွန့်စကားကို ဂီနိုကဘာမှ ပြန်မတုန့်ပြန်ပါ။ နီယွန်က အဆီဘူးထဲမှ အဆီတွေကို အဖုံးဖွင့်ပြီး ဂီနို့ကိုယ်လုံးပေါ်သို့ ထပ်မံလောင်းချလိုက်သည့်။ ဂီနို့တစ်ကိုယ်လုံးအဆီတွေဖြင့်သာ ပြောင်လက်နေသည်။ ချေမွတ်နေသောအသားအရည်ကြောင့် အထိအတွေ့က နီယွန်ရင်တွေကို လှုပ်ခတ်နေစေသည်။ အဆီတွေ ကျောပြင်တ၀ှက်နှံ့သွားသောအခါ ဂီိနို့ပခုံးကို လက်လေးချောင်းဖြင့် စညှစ်လိုက်ကာ လက်မဖြင့်အသားအရည်ပြားကို အပေါ်သို့တွန်းညှစ်လိုကာ ဖွဖွလေးဆုပ်နှယ်လိုက်သည်။ ထို့နောက် လက်လေးချောင်းဖြင့် ကုတ်ဆွဲကာ အောက်သို့တဖြည်းဖြည်း လျှောဆင်းလာပြီး လက်မလေးဖြင့်အသာ ညှစ်တွန်းကာ တွန်းကာ ဆုပ်နှယ်ရင် ခါးအရင်းနားသို့ရောက်လာသည်။



ခါးအရင်းနားသို့ရောက်သောအခါ နီယွန်က လက်ဆယ်ချောင်းလုံးကို ဖြန့်လိုက်ပြီး ကြာပွင့်သဏ္ဍာန်ကဲ့သို့ အပေါ်သို့ဆွဲပွတ်လိုက်ကာ ခါးဟိုဖက်သည်ဖက်ရောက်အောင် တဖြည်းဖြည်း ဆွဲယူလိုက်ပြီး ဂီနို့ခါးကိုဆုပ်နှယ်လိုက်၏။





“အာ့………………………….မင်းဘယ်လိုလုပ်လိုက်တာလဲ။ “



“ဘာဖြစ်လို့လဲ နာသွားတာလား “



“နာသွားလို့မဟုတ်ဘူး။ ဘယ်လိုပြောရမလဲ ငါ့ခါးထဲကို ၀င်လာတဲ့မင်းလက်တွေက အကြောတွေကို ဘယ်လိုထုတ်ယူလိုက်ပြီး နှိပ်လိုက်သလဲမသိဘူး ။ ငါ့တစ်ကိုယ်လုံး ရှိန်းကနဲဖြစ်သွားတယ်။ ပြီးတော့ မင်းနှိပ်လိုက်တိုင်း ငါ့ကိုတော်တော်ထိတယ်။ ငါခံစားရတာငါပဲသိတယ်ကွာ မင်းကိုပြန်မပြောပြတတ်ဘူး”



“အင်း လက်ယူလက်သိမ်း ဘယ်လိုလုပ်ရသလဲဆိုတာကို မင်းကိုနောက်မှ လုပ်ပြမယ်။ အခုတော့ ဇိမ်နဲက ဆက်ပြီးအနှိပ်ခံလိုက်ဦး။”



“ကောင်းတယ် ကောင်းတယ်”





ဇိမ်ကျောမိသွားသည့်သူတစ်ယောက်က ထိုဇိမ်ထဲတွင် မည်မျှယစ်မူးနေပြီကို နီယွန်သိသည်။ ထို့ကြောင့် ဘာစကားမှ ပြန်မပြောတော့ပဲ သူ့လက်တွေကိုစတင်လှုပ်ရှားလိုက်သည်။



ဂီနို့ခါးအရည်ပြားကို အပေါ်သို့ လက်မနှင့် လက်ညိုးညှပ်ကာ ဆွဲတင်လိုက်ပြီး ကျန်တစ်ဖက်ဖြင့် အသားကိုဓားဖြင့်ခုတ်သလို ခုတ်ချလိုက်၏။ ထို့နောက် အထက်သို့ ဆက်ဆွဲကာ ဆွဲကာ ခုတ်ချသွားလိုက်သည်။ ပြီးသွားသောအခါ လက်သီးနှစ်ဖက်ကို ခပ်ဖွဖွဆုပ်လိုက်ပြီး ဂီနို့ကျောပြင်တွေကို ခပ်ဆတ်ဆတ်လေးထုပေးနေလိုက်သည်။ ပခုံးအထက်ပိုင်းနှင့်အောက်ပိုင်း တ၀ှိက်ခန့်ပြုလုပ်ပြီးသွား သောအခါ နံရိုးနှစ်ခုကြား ကျောအလယ်တည့်တည့်သို့ လက်ဖ၀ါးနှစ်ဖက်ကိုဖြန့်ကာ လက်ခုံကိုအားယူ ပြီးဖိချလိုက်သည်။





“……………..”



“အာ့……………………”



“………………”



“အာ့………………………”



“………………..”



“အကုန်လုံး ကျိုးကုန်ပြီထင်တယ်။ ငါ့အရိုးတွေ တကယ်ကြီးကျိုးသွားပါဦးမယ် ဖြေးဖြေးသက်သာ လုပ်ပါကွာ”



“ဒါက နံရိုးချိုးတာလို့ခေါ်တယ်။ ကျန်သေးတယ် လက်တွေ ခြေထောက်တွေ ခါးတွေ ချိုးရဦးမယ်”



နီယွန် ဂီနို့ကိုယ်လုံးပေါ်မှရုတ်တရက်ကြွလိုက်ပြီး ဂီနို့ဂုတ်ကို လှမ်းနှိပ်ရန်ပြင်လိုက်သည်။ ထိုအခိုက် ဆီတွေဆီးပိုင်နေသော ပုဝါလေးက ဂီနို့တင်ပါးပေါ်မှ လျှောကျသွားလေသည်။ ပုဝါလေးလျှောကျသွားသော အခါ အထက်သို့မို့နေပြီး တင်းရင်းနေသည့် ဂီနို့၏ တင်းပါးကြီးက ဘွားကနဲပေါ်လာသည်။ တင်ပါးခုံနှစ်ခုမှာ ဖရုံသီးကြီးလို ဖောင်းကားနေပြီး တင်းပါးအစပ်တ၀ှိက်တွင် အထက်သို့ရစ်တက်နေသော တင်ပါးမွှေးတွေကို အသည်းယားဖွယ်ရာမြင်တွေ့လိုက်ရသည်။ နီယွန် တံတွေးတစ်ချက်မျိုချလိုက်သည်။ ထို့နောက် သူ့လက်တွေက ဂီနို့တင်ပါးဆီသို့ အလိုလိုရောက်သွားကာ အသာထိကြည့်မိသည်





ထိုအခိုက်အရှေ့မှ ဂီနိုကခေါင်းထောင်လာကာ သူ့ဖက်သို့လှည့်လာသည်။ သူဂီနို့ကို မရဲတရဲကြည့်လိုက်မိသည်။ ဂီနိုကလည်းသူ့ကို ကြည့်နေသည်။ ဂီနို့အကြည့်တွေက ညို့အားပြင်းလွန်းသည့် မြွှေတစ်ကောင်လို သူ့ကိုဆွဲညို့လို့ထားသည်။ သို့သော် ဂီနို့တင်ပါးကို ကိုင်ထားသည့် သူ့လက်တွေကိုတော့ သူပြန်မရုတ်သိမ်းမိပါ။ ဂီနိုက သူ့ကိုကြည့်နေရင်းမှ ရုတ်တရက်ပြန်ပြီး ပက်လက်လှန်လိုက်၏။ ဂီနိုက ရုတ်တရက်မိုလို့သတိမထားမိသည်လား သို့မဟုတ် တမင်လုပ်လိုက်သည်လားတော့မသိပါ။ သူ့မျက်စိထဲဘွားကနဲပေါ်လာသည်က ထောင်မတ်နေသော အရာတစ်ခု…………….





သူတဖြေးဖြေး ဂီနိုရှိရာကုတင်အထက်ပိုင်းသို့ လေးဘက်ထောက်ကာ သွားလိုက်သည်။ ဂီနို့မျက်နှာနှင့် သူ့မျက်နှာ တဖြေးဖြေးနီးကပ်လာသောအခါ သူ့ရင်ခုန်သံတွေပိုမိုမြန်ဆန်လာသည်။ ဂီနို့၏ အကြည့်စူးစူးကြီးကို သူဖယ်ရှားလိုက်ပြီး မျက်လုံးမှိတ်ကာ သူ့နှုတ်ခမ်းကို အရှေ့သို့မရဲတရဲ တိုးကပ်သွားလိုက်၏။ လေထုထဲတွင် တိုးကပ်နေသည့် အချိန်ကာလ အခိုက်အတန့်လေးသည် သူ့နှလုံးသားကို တုန်လှုပ်ခြောက်ခြားနေစေသည်။ ဂီနို့ဆီမှ ချွေးနံ့တစ်မျိုးသူ့နှာခေါင်းထဲသို့ ၀င်လာသည်။ ခဏတာအကြာမှာတော့ သူ့မျက်နှာပေါ်သို့ ရိုက်ခတ်လာသည့် အသက်ရှုလေငွေ့ကလေး၏ ရနံ့ကိုသူရလိုက်သည်။ တိမ်လွှာငွေ့လေးတစ်ခု ထဲဝင်ရောက်သွားရသလို သူ့နှုတ်ခမ်းထိပ်ကလေးမှ စတင်ပြီး အထိအတွေ့တစ်ခုကို ထိမိသွားသည်။ ထို့နောက် တဖြေးဖြေးဖြင့် စိုစွတ်နေသော နှုတ်ခမ်းသားနုနုလေး ကိုသူ့အပေါ်နှုတ်ခမ်းဖြင့် စတင်ဟပ်မိသည်။





“ဒေါက်………..ဒေါက်…………ဒေါက်……….နီယွန် နင်တို့ အထဲမှာရှိနေကြလား ဒေါက်……….ဒေါက်……….”





အပြင်ဖက်မှာ ရုတ်တရက်တံခါးခေါက်သံကြီးက ပေါ်လာသဖြင့် နီယွန်လန့်ပြီး မျက်လုံးကိုဖွင့်ကြည့်လိုက် မိသည်။ သူ့မျက်လုံးထဲတွင် ပထမဦးဆုံးမြင်လိုက်ရသည်က မှေးစင်းထားသော မျက်လုံးလေးဖြင့် မျက်လွှာချထားသည့် ဂီနို့၏မျက်နှာလေးဖြစ်သည်။ သူကြည့်နေတုန်းမှာပင် ဂီနိုကလည်းမျက်လုံးပွင့်လာသည်။ သူကတော့ရုတ်တရက် ဘာပြောလို့ပြောရ မှန်းမသိတော့။ အရေးကောင်းတုန်း ဒိန်းဒေါင်းဖျက်ဆိုသလိုပါပင် အပြင်က တံခါးခေါက်နေသည့်အသံက မိုးမြင့်မှ မိုးမြင့်စစ်စစ်ပင်။





သူလေးဘက်ထောက်ထားသော လက်တွေကိုပြန်ရုတ်သိမ်းလိုက်ပြီး အောက်တွင်ကျနေသည့် ပုဝါလေးဖြင့် ဂီနို့အပေါ်သို့ ပြန်အုပ်ပေးလိုက်သည်။ ထို့နောက် ကုတင်ပေါ်မှာ ဆင်းကာ အခန်းတံခါးခေါက်နေသော မိုးမြင့်ကို တံခါးသွားဖွင့်ပေးလိုက်၏။





“နင်သူ့ကိုသင်ပေးနေတာ နောက်မှလုပ်တော့ နီယွန်ရေ။ အောက်မှာ ဧည့်သည်တွေရောက်နေတယ်။ နင်မရှိလို့နင့်ကိုမေးနေကြတာ။ အဲ့ဒါ နင်အခုလိုက်ခဲ့အောက်ကို”



“ဟင်……….ခင်ဗျားပဲ ဒီညမဆင်းနဲ့တော့ဆို။ အခုဘယ်လိုဖြစ်ရပြန်တာတုန်း”



“အေး အစကတော့ ငါလဲအဲ့လိုစီစဉ်တာပဲလေ။ ဒါပေမယ့် အောက်က နင့်ဖောက်သည်တွေကို နင့်မှနင်ဖြစ်နေကျတာ ။ တခြားလူရွေးပါဆိုတာမရဘူး ။ ကဲ ကဲ အ၀တ်စားဝတ်ပြီးဆင်းလာခဲ့တော့။ ငါသွားနှင့်မယ်”





မိုးမြင့်က ထုံးစံအတိုင်း သူပြောချင်ရာပြောပြီးသည်နှင့် တံခါးကိုဆွဲပိတ်ကာ အပြင်ဖက်သို့ပြန်ထွက်သွားသည်။ နီယွန် ဂီနို့ဖက်ကိုလှည့်ကြည့်လိုက်သည်။ ဂီနိုက သူ့ပစ္စည်းလေးမာနေသည်ကို ပုဝါဖြင့်အုပ်ကာ ခပ်ရှက်ရှက်ဟန်ဖြင့်သူ့ကို မလုံမလဲပြန်ကြည့်သည့်။ ဂီနို့လေးက ချစ်စရာကောင်းပါသည်။ သူဂီနို့ကိုမြင်ရသည်မှာ ရင်ထဲတွင် တစ်မျိုးကြီးခံစားရသည်။ အဲသည်လိုခံစားမှုမျိုး သူမခံစားခဲ့ဖူးပါချေ။ သူဂီနို့ဆီကရသည့် ချွေးနံ့လေးကို စွဲလမ်းမိသည်။ ယောကျာ်းပျိုတစ်ယောက်၏ သဘာဝရံနံ့သည် တစ်ခါတစ်လေကျလျှင် လူတစ်ယောက်ကို ယစ်မူးသွားအောင် ဆွဲဆောင်နိုင်လွန်းပါသည်။







                                                                                      ဆက်ရန်ရှိသေးသည်
                                                                                         lovealone:p
                                                                               boytheboy.sept@gamil.com


မှတ်ချက်။ ။ ကျွန်တော်အခုရက်ပိုင်းအလုပ်တွေ များနေတာကြောင့် ယောကျာ်းလှကျွန်းကို ရေးဖို့နောက်ကျနေတာပါ။ အခုလည်းမအားတဲ့ကြားထဲကနေ အချိန်မရမကယူပြီး အပိုင်းငါးကို ရေးပြီးတင်လိုက်ပါတယ်။ gtalk ကနေခဏခဏမေးမြန်းကြတဲ့ သူငယ်ချင်းများကိုလဲ အရမ်းအာနာပါတယ်။ အခုအပိုဒ်လေးက တိုလွန်းပါတယ်။ နောက်တစ်ပိုဒ်ကျမှ ရှည်ရှည်လေးတင်ပေးပါ့မယ်ဗျား။












0 comments:

Post a Comment