This is the best gay website for Myanmar gay peoples.

Tuesday, July 17, 2012

On 6:48 AM by Unknown in    No comments
ညမီးရောင်အောက်တွင် မုန်တိုင်းခေါင်းလေးကို သူမော့စေလိုက်သည်။ မုန်တိုင်းကား အမူးလွန်ပြီးအိပ်ပျော်သွားသည် ထင်သည်။ သူမုန်တိုင်း၏မျက်နှာလေးကိုသာ တစ်စိမ့်စိမ့်ကြည့်နေမိသည်။ မုန်တိုင်း၏ ပါးပြင်လေးကိုပွတ်သပ်ရင်း သူ့စိတ်ထဲအတိုင်းမသိတဲ့ ကြည်နူးမှုတွေ တစိမ့်စိမ့်ဝင်ရောက်လာသည် ထင်သည်။ စောစောက မောဟိုက်မှုတွေ လေထဲမှာမှုန်ဝါးပျောက်ကွယ် သွားသည်။
မုန်တိုင်း၏ပါးပြင်လေးကိုပွတ်သပ်ရင်း စိတ်ထဲမရိုးမရွဖြစ်လာသည်။ မုန်တိုင်း၏ နှုတ်ခမ်းသားတွေက လရောင်အောက်တွင် စိုစွတ်နေကာ ရွှန်းလဲ့နေသည်။ သူတံတွေးတစ်ချက်မျိုချလိုက် ပြီးမုန်တိုင်း နှင့်မျက်နှာချင်းဆိုင်ယူလိုက်သည်။ သူ့နှုတ်ခမ်းတွေကို တဖြည်းဖြည်းရှေ့တိုးလိုက်ပြီး မုန်တိုင်းနှင့်နှာခေါင်းချင်း ထိခါနီးတွင်ရပ်တန့်လိုက်ကာ.... နှုတ်ခမ်းချင်းတေ့ပြီး နမ်းရှိုက်လိုက်သည်။ စိုနုနေသော မုန်တိုင်း၏ နှုတ်ခမ်းသားနှင့် သူ့နှုတ်ခမ်းသားတို့ ထိတွေ့လိုက်သောအခါ နူးညံ့တဲ့ အရသာသစ်တစ်မျိုးကိုခံစား လိုက်ရသည်။
အနမ်းတစ်ပွင့်၏အရသာသည် ပန်းတစ်ပွင့်၏ ဝတ်ရည်လိုပင် ချိုမြိန်နေမှန်း သူသိလိုက်ရသည်။ ရင်ခုန်သံရထားကြီး ဖြတ်သန်းခုတ်မောင်းပြီးသွားမှ လေထဲတွင် လွင့်သွားသော သစ်ရွက်ခြောက်အမှိုက်စလေးလို သူလူးလိမ့်သာယာနေမိသည်။ အနမ်းရေယာဉ်ကျောမှာ စီးမြောနစ်မွန်းနေရင်း ကမ္ဘာကြီးနှင့်လောကကြီးတစ်ခှလုံးကို မေ့မြောနေရာမှ ခမ်းဝေးဝေးမှ ခွေးဟောင်သံ သဲ့သဲ့ကြောင့် သတိပြန်ဝင်လာပြီး မုန်တိုင်းနှင့်နှုတ်ခမ်းချင်း ခွာလိုက်သည်။ ခပ်စီးစီးနှုတ်ခမ်းသား နှစ်ခုကခွာလိုက်မှ စေးကပ်ကပ်နှင့်တွဲ၍ကွာ သွားတော့သည်။
မုန်တိုင်းကား ကလေးတစ်ယောက်လို ပင်အပြစ်ကင်းစွာ ဆက်လက်အိပ်မောကျနေဆဲပင်။ နဖူးအောက်ရှိမျက်ခုံးရိုးတစ်လျှောက်နှင့် နှာတံတစ်ဝိုက်တွင် ဝဲကျနေသော မုန်တိုင်း၏ဆံပင်တွေကို ယုယစွာသပ်တင်ပေး လိုက်ရင်း သက်ပြင်းခတ်ဖွဖွချမိ၏။ မင်းသာအရုပ်တစ်ရုပ် ဆိုရင်လေငါ ကြိုက်ဈေးပေးပြီး ဝယ်လိုက်ပြီ မုန်တိုင်း ။မင်းသိပ်ချစ်ဖို့ ကောင်းတယ်။ မင်းကြောင့်ငါ့နှလုံးသားတွေ အနယ်ထပြီး ရိုင်နဲ့နဲ့ နဲ့အရည်ပျော်ပြီး ခြေလှမ်းတွေမခိုင်တော့ဘူး မင်းသိရဲ့လား။ ငါတစ်ကယ်ပဲ ဆာလောင်မွတ်သိပ်နေတဲ့ သွေးစုပ်ဖုတ်ကောင် တစ်ကောင်လို မင်းဆီကအချစ်တွေကို ငံ့လင့်နေမိပြီ။ ငါ့နှလုံးသားနရံတွေရဲ့ နေရာလပ်မကျန်အောင် မင်းကသိမ်းကျုံးနေရာယူထား မှတော့ ငါ့မှာရုံးမရအောင် ခြေကျင်းတုပ်ထားသလို ချောင်ပိတ်မိနေပြီ မုန်တိုင်းရယ်။
ညလသာသာတွင် သူမုန်တိုင်းကို ဆက်ပြီးကုန်းပိုးရင်းလျှောက်လာ ခဲ့သည်။ ကတ္တာရာလမ်းမကြီး တစ်ခု၏အိပ်ယာဝင်ချိန်သည် ပေါ့သီချင်းတစ်ပုဒ်လို သာယာနာပျော်ဖွယ်မကောင်းဘဲ ညှင်းသိုးသိုးဖြင့် မလှုပ်မရပ် ငြိမ်ချက်သားကောင်းလျှက်ရှိသည်။ လမ်းရှိတိုက်တာ အဆောက်အဦးမားကလည်း လရောင်ဖွေးဖွေးအောက်တွင် အိပ်မောကျနေကြသည်။ သူခေါင်းငိုက်စိုက်လျှောက်လာရင်းမှ အနည်းငယ်မော့လိုက်သည်။ ကောင်းကင်တစ်ခွင်တွင် တိမ်ညိုမဲများ ကင်းစင်လျှက်ရှိပြီး လမင်းကြီးသည် ဖရဲသီးစိတ်ကို ကိုက်ထားသလိုကွေးနေသည်။
မုန်တိုင်း၏ခံန္ဓာကိုယ်က အရွယ်ရောက်ပြီးသား ယောင်္ကျားပျိုတစ်ယောက်၏ ခန္ဓာကိုယ်နှင့်အညီ အလေးချိန်တော်တော်စီးသည်။ လေးလေးပင်ပင်ဘာမှ မမခဲ့ဖူးသည့်သူ့အတွက်တော့ နောက်နေ့ရောက်လျှင် ခါးနာပြီးအနည်းဆုံးတော့ ထွန်းရွှေဝါလိမ်းရလောက်မည် ထင်သည်။ သူတဖြည်းဖြည်းလျှောက်လာရင်း မုန်တိုင်း၏အိမ်လမ်းချိုးထဲသို့ကွေ့ဝင်လိုက်သည်။ အိမ်ရှေ့ရောက်သော် မုန်တိုင်း၏ ဘောင်းဘီအိတ်ကပ်ထဲမှ သော့ကိုယူကာ အိမ်တံခါးကိုဖွင့်လိုက်သည်။
"ကျွီ......."
တံခါးပေါက်သို့ မုန်တိုင်းကိုတွဲပြီး အိမ်ထဲဝင်လာကြသည်။ အိမ်ထဲရောက်တော့ မုန်တိုင်းခန္ဓာကိုယ်ကြီးကို ကုတင်ပေါ်သို့ပစ်ချလိုက်သည်။ ဟူး မင်းတုန်းကတော့ငါ့ကိုဘယ်လို ပိုးလာလည်းတော့မသိဘူး မုန်တိုင်းရေ ငါကတော့မင်းကိုပိုးလာတာ တော်တော်ဟိုက်သွားပြီ။ မုန်တိုင်းကတော့ သူပြောသည်ကို ကြားမည်မထင် ကုတင်ပေါ်တွင် ပက်လက်ကြီးတခူးခူးတခေါခေါ နှင့်အိပ်ပျော်နေ၏။
"အင်း ဒီကောင်က ဘိုးဖိနပ်ကြီးနဲ့ ဒီအတိုင်းသိပ်လို့ မဖြစ်ဘူးထင်တယ်။ "
သူကုတင်ပေါ်သို့ ပြန်တက်ကာ မှုန်တိုင်းခြေရင်းတွင် ထိုင်လိုက်သည်။ ဘိုးဖိနပ်ကြိုးတွေကို ဖြည်လိုက်ကာ ဖိနပ်ကို ခြေထောက်မှကျွတ်အောင် ချွတ်ပေးလိုက်သည်။ အထဲတွင်ခြေအိတ် ကရှိသေးသည်ဆက်ချွတ်ရပေဦးမည်။ မုန်တိုင်းဘောင်းဘီစကို ခြေသလုံးမှနေ၍ အထက်သို့နည်းနည်းဆွဲတင် လိုက်တော့ ခြေသလုံးမွှေးတွေဖြင့် ဖြူနုနေသည့် မုန်တိုင်းခြေထောက်ကိုတွေ့ရသည်။ သူခြေအိတ်စကို အရင်းမှဆွဲလိုက်ပြီး ခြေထောက်မှကျွတ်အောင် ဆွဲချွတ်ပေးလိုက်၏။ မုန်တိုင်းကိုခြေအိတ် ချွတ်ပေးပြီးသောအခါ ကုတင်ပေါ်တွင် ကန့်လန့်ဖြတ်အနေအထားမှ ပြန်တည့်ပေးရန် သူမုန်တိုင်းကို ထူလိုက်ပြီး မနိုင့်တနိုင့်ဖြင့်မကာ ခေါင်းဦးပေါ်သို့ ခေါင်းချပေးလိုက်သည်။
ထို့နောက် သူ့စိတ်ထဲတွင်ရေဆာသလိုလို ဖြစ်လာသဖြင့် ရေသောက်ရန် မုန်တိုင်းဆီမှခွာကာ ကုတင်အောက်သို့ဆင်းရန် အားယူပြီးကိုယ်ကိုပြင်လိုက်သည်။ ထိုအခိုက်မုန်တိုင်းက သူ့လက်ကိုပြန်ဆွဲကာ ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ပြီး ခြေထောက်ကြီးဖြင့်အားရပါးရခွကာ နှုတ်မှပလုံးပထွေး စကားသံတွေထွက်လာသည်။
"ချစ်တယ် ....ချစ်တယ်ကွာ" "မောင့်ကိုထားမသွားပါနဲ့နော် မောင်တောင်းပန်ပါတယ် ဆောင်းရယ်"
"........ ........"
"ဆောင်းရယ် မောင့်ကိုထားမသွားပါနဲ့နော်.."
မုန်တိုင်းရယ် မင်းကောင်မလေးကို တမ်းတနေတာလား။ မင်းဘာတွေခံစားနေရတာလဲကွာ။ ။ဒါကြောင့်မို့လို့ မင်းဒီနေ့အများကြီးသောက်တာကိုး ။ မင်းမှာကောင်မလေးရှိမှန်းသိနေလည်း ငါမင်းကိုချစ်နေမိပြီ။ တားဆီးထိန်းချုပ်နိုင်စွမ်း မရှိတော့လို့ပါကွာ။ ငါ့ကိုခွင့်လွှတ်ပါမုန်တိုင်း ငါလေမင်းကို သိပ်ချစ်နေမိပြီ ငါဘာဆက်လုပ်သင့်လဲ မုန်တိုင်းရယ်......
*************
"အောက်အီးအီအွတ်"
ကြက်ဖတစ်ကောင်သည် မနက်ခင်းကို အနှစ်အရသာပြည့်စုံစေရန် ထောပနာပြုကာ နှုတ်ဆက်လိုက်သည်။ နံနက်ခင်းတစ်ခု၏ ပြီးပြည့်စုံခြင်းသည် သာယာနာပျော်ဖွယ် ကျက်သရည်မင်္ဂလာ ရှိရှိဆိုက်ကပ်လာသည်။ သို့ပေမယ့် ထိုကြက်တွန်သံကကြောင့် တည်းတော့မဟုတ်ပါ။ သူ့ရဲ့မိတ်ဖက်တွေရှိပါသေးသည် ဥပမာဆိုရသော် ကျေးငှက်သာရက တွေ၏ကျီကျီကျာကျာမြည်သံတွေ ပါမည်။ ပဲပြုတ်သည်အဒေါ်ကြီး၏ အော်သံတွေလဲပါမည်။ အခြားသောအမျိုးအမည်မသိသိ နံနက်ခင်း၏အသံ ဗလံများစွာရှိပါလိမ့်မည်။ ဤသည်ကား ပန်းချီကားတစ်ချပ်နှင့်တူသည့် နံနက်ခင်း၏ ဆည်းလည်းသံလေးတွေ မဟုတ်ပါလား။
ဂီတမျက်နှာကျက်ပေါ်သို့ မျက်နှာမူထားရင်း တစ်ချက်သန်းဝေလိုက်သည်။ သူ့ခန္ဓာကိုယ်ကြီးကား ပှံမှန်မဟုတ်ပဲ တစ်ခုခုနှင့်ချုပ်တည်းထားသလ လေးလံလျှက်ရှိသည်။ ထင်သည့်အတိုင်းပါပင် ညကတည်းက ခွထားသည့်မုန်တိုင်းက ယခုထိ အခွမပျက်သေးဘဲ ဆက်ခွထားသည်။ သူ့တစ်ကိုယ်လုံးလည်း မုန်တိုင်း၏ရင်ခွင်ထဲတွင်သာရှိသေးသည် ။ မုန်တိုင်း၏နှာမှုတ်ပြီး အသက်ရှုလိုက်သည့် လေတစ်ချို့က သူ့မျက်နှာပေါ်တွင် ဖြတ်သန်းနေ၏။
သူညောင်းညာနေသဖြင့် မုန်တိုင်းကို သူ့ကိုယ်ပေါ်မှဖယ်လိုက်ကာ ငုတ်တုတ်ထထိုင်လိုက်သည်။ သူ့ကျောရိုးမှတစ်ဆင့် ခါးအောက်ပိုင်းမှာ နည်းနည်းတော့နာနေသည်။ လက်နှစ်ဖက်ကို လေထဲတွင်ဆန့်တန်းလိုက်ပြီး အကြောဆန့်လိုက်မှ တောင့်တင်းနေသော အကြောအချဉ်တွေ ပြေသွားသလိုရှိသည်။
"နိုးနေပြီလား ဂီတ"
အသံကြားရာ သူငုံ့ကြည့်လိုက်တော့ မုန်တိုင်းက မျက်လုံးပြူးပြူးဖြင့်သူ့ကို ကြည့်နေသည်။ မုန်တိုင်းက အပျင်းကြောတစ်ချက်ဆွဲ လိုက်ပြီးခါးကော့လိုက်သဖြင့် ခါးမှတီရှပ်င်္အကျီစက အပေါ်သို့အနည်းငယ်တက်သွားကာ ဘောင်းဘီခါးပါတ်ခေါင်း အထက်မှအတွင်းခံ ဘောင်ဘီအစလေးက ပေါ်လာပြီး ချက်အောက်ရှိ ဗိုက်သားပြင်အပေါ်တွင် အမွှေးတွေဖြင့် အရစ်လိုက်ဖြစ်နေသည်ကိုတွေ့ရသည်။ ထိုမှတစ်ဆင့် အောက်အနည်းငယ်လျှောကြည့်လိုက်သောအခါ ထိုးထွက်နေသော ဂျင်းဘောင်းဘီ အသားမှာ မာတောင်နေသော အစိုင်အခဲတစ်ခုကို ဖုံးအုပ်ထားမှန်းသိသာသည်။
"အင်း ခုလေးတင်ပဲနိုးတာ"
မုန်တိုင်းက သူကြည့်နေမှန်း သတိထားမိသွားသည် ထင်သည်။ သူ့ပစ္စည်းကို လက်ဖြင့်အုပ်ကာ ကုတင်ပေါ်သို့ ငုတ်တုတ်ထထိုင်သည်။ သူ့စိတ်ထဲ ရယ်ချင်စိတ်ကို မျိုသိပ်ထားလိုက်ပြီး
"မုန်တိုင်း မင်းမာစတာဘေးရှင်း လုပ်ဖို့မေ့နေတာလား ။မြင်ရတွေ့ရတာ ထိုးထိုးထောင်ထောင်နဲ့ ဟိဟိ"
"ဘာ......... ခွေးကောင်"
မုန်တိုင်းက သူ့အနားရှိ ခေါင်းအုံးကိုကောက်ကိုင်ကာ ဂီတကိုလှမ်းရိုက်လိုက်သည်။ ဂီတက မုန်တိုင်းရိုကမုန်တိုင်းရိုက်ချက်ကြောင့် ကုတင်ပေါ်သို့ ပက်လက်လန်ကာ လဲသွားလေသည်။ ထိုအခါ မုန်တိုင်းက လဲနေသောဂီတ ပေါ်သို့တက်ခွကာ အနားရှိခေါင်းအုံးဖြင့်ထပ်ရိုက်သည်။
"ဘုန်း ....."
ဂီတကအောက်မှနေ၍ရုံးသည်။ မရ။ မုန်တိုင်းက ဂီတထက်သန်သောကြောင့် အပေါ်ကနေ ဂီတလက်နှစ်ဖက်ကို ချုပ်ကာ အတင်းရုံးမရအောင်ဖိထားတော့၏။ ဂီတကအောက်မှနေ၍ ရုံးမရသောအခါ မုန်တိုင်းအနာက်ကိုကြည့်ပြီး တစ်ခုခုကိုမြင်လိုက်ဟန်ဖြင့်
"မုန်တိုင်း မင်းအနောက်မှာ....."
ဂီတစကားသံကြောင့် မုန်တိုင်းကရုတ်တရက် ကြောင်သွားပြီးအနောက်ကို လှည့်ကြည့်သည်။ ဤသည်ကား မုန်တိုင်းအငိုက်မိသွားချင်းဖြစ်သည်။ ဂီတက အခွင့်အရေးကိုလက်လွတ်မခံပဲ အနောက်သို့လှည့်နေသော မုန်တိုင်း၏နားသလည်ကို ခေါင်းအုံးဖြင့်ရိုက်ချ လိုက်ကာ အောက်ကနေကော့ပြီး မုန်တိုင်းကို ကိုယ်ပေါ်မှတွန်းချလိုက်သည်။ ထို့နောက် ဘတပြန်ကျားတပြန်ဆိုသလို မုန်တိုင်းပေါ်သို့ တက်ကာ အထက်စီးမှ ပြန်တက်ဖိထားလေသည်။
"ဘုန်း...................."
"ဟာ...................."
"ယား.....ဟား...ဟား ............ရမလားမုန်တိုင်းရယ်"
မုန်တိုင်းက အောက်သို့ပြန် ရောက်သွားသောအခါ မရုံးတော့ပဲ ဂီတကိုကြည့်ပြီး တခစ်ခစ်နဲ့ရယ်နေလေသည်။
"မင်းအားကုန်ပြီလား ဂီတ ငါ့ကိုနိုင်အောင် ဖိထားနိုင်လို့လား"
"အဟား......... လာစမ်းပါ ဟားဟား"
"ယား............"
မုန်တိုင်းက ဂီတပြောလို့ပြီးသည်နှင့် အောက်ကနေ အတင်းကော့ပြီး ရုံးထဲ့လိုက်၏။ မုန်တိုင်းရုံးလိုက်သည်မှာ တစ်ဝက်ခန့်သာကြွလာသည်။ ဂီတကအပေါ်မှ အားယူပြီပြန်စိုက်ဖိချလိုက် သဖြင့် ပြန်လဲသွားလေသည်။ ဒုတိယတစ်ခါ မုန်တိုင်းက အားထည့်ပြီး ရုံးလိုက်သည့်အခါ ဂီတကလည်း အပေါ်မှအတင်းဖိထားရင်း နှစ်ယောက်သား လုံးခြည်ထွေးခြည်ဖြင့် နပန်းလုံးရင်း ကုတင်အောက်သို့ ပြုတ်ကျသွားလေသည်။
"အဟား...................... "
"အီး......................"
"ဟာ ................ကျပြီကျပြီ...............ဘုန်း......................"
ကုတင်အောက်သို့ ရောက်သွားသောအခါ မုန်းတိုင်းက အောက်ကြမ်းပြင်ပေါ်တွင် ပက်လက်လန်နေပြီး ဂီတကအပေါ်မှ ထပ်လျက်ဖြစ်နေကာ နှစ်စလုံးအသက်ရှုသံတွေကျယ်လောင်နေပြီး တခဏတာမျှငြိမ်သက်နေကြသည်။ အောက်ရှိမုန်တိုင်းက သူ့အပေါ်တွင်ဖိကျနေသော ဂီတကိုကြည့်ကာ စကားမပြောဘဲ အကြာကြီးစိုက်ကြည့်နေသည်။ ဂီတကလဲ ထိုနည်းတူ မုန်တိုင်းကိုငေးကြည့်နေသည်။ သူတို့နှစ်ဦး၏ အကြည့်ကဆုံနေပြီး အကြာကြီးဆိုင်ထားသလိုဖြစ်နေသည်။
အပေါ်မှငေးကြည့်နေသော ဂီတသည် တဖြည်းဖြည်း ခေါင်းကိုငုံ့ဆင်းလာသည်။ မုန်တိုင်းကလည်း မျက်တောင်မခတ်တော့ဘဲ ကျောက်ရုပ်ကြီးလို တောင့်တင်းပြီးငြိမ်သက်ကာ မမှိတ်မသုံ ဂီတကိုကြည့်နေ၏။ ဂီတ၏ဆံစတွေသည် မုန်တိုင်း၏မျက်နှာပေါ်သို့ ဝဲကျနေသည်။ မျက်နှာချင်းကပ်လျှက် နှုတ်ခမ်းချင်းထိခါနီး တစ်လက်မအလိုလောက်တွင် ဂီတက ရပ်တန့်လိုက်ကာ မုန်တိုင်း၏နှုတ်ခမ်းကို သူ့နှုတ်ခမ်းဖြင့် ဖိကာနမ်းထဲ့လိုက်လေသည်။
ဂီတ၏ အပြုအမူကို မုန်တိုင်းက ကြောင်တောင်တောင်ဖြင့် ငေးကြည့်နေပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဘဲ ငြိမ်သက်နေ၏။ တဖြည်းဖြည်းဖြင့် ဂီတကနှုတ်ခမ်းကိုဖိနမ်းနေရာမှ နှုတ်ခမ်းအတွင်းသားတွေကို စုပ်ယူကာ မုန်တိုင်း၏ ခံတွင်းထဲသို့ သူ၏လျှာ နွေးနွေးလေးကို ထိုးထဲ့လိုက်သည်။ မုန်တိုင်းသည် ဂီတ၏အပြုအမူကြောင့် သတိပြန်ဝင်သွားပြီး ဂီတကိုအနောက်သို့ တွန်းထဲ့လိုက်သည်။
ထို့နောက်သူပါ မတ်တတ်ထရပ်လိုက်ပြီး......
"ဂီတ မင်း....... မင်း တောက်! "
မုန်တိုင်းမျက်နှာက ချက်ချင်းပြောင်းလဲသွားကာ ရှက်စိတ်ကြောင့်ထင်သည် မျက်နှာကြီးနီမြန်းလာသည်။ ဂီတကိုလည်း အံသြသောမျက်လုံးတွေဖြင့် ကြည့်နေသည်။
"ငါ.....ဟို... မုန်တိုင်း ဆောရီး.....ငါ ...ငါလေ"
"မင်းသွားတော့ ဂီတ ငါမင်းကို ရင်မဆိုင်ချင်တော့ဘူး မင်း ......မင်း မင်းကဂေးပဲ ဂီတ"
"မုန်တိုင်း ငါ....ငါ တောင်းပန်ပါတယ်"
"တော်ပြီ မင်းသွားတော့ကွာ .............. တောက် "
ဂီတမျက်ဝန်းတွင်း ဝမ်းနည်းမှုတို့ကြီးစိုးကာ မျက်လုံးအိမ်တွင် မျက်ရည်တွေ ဝဲလာသည်။ တင်းမာနေသော မုန်တိုင်း၏မျက်နှာကို တစ်ချက်ကြည့်လိုက်ရင်း မျက်လွှာချကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့ခြေလှမ်းတွေသည် တဖြည်းဖြည်းနောက်သို့ ဆုတ်ကာ မုန်တိုင်းကိုကျောခိုင်း လိုက်ပြီးခေါင်းငိုက်စိုက်ကျကာ အိမ်ထဲမှထွက်ခွာလာခဲ့သည်။
ကမ္ဘာကြီးတွင် မိမိတစ်ယောက်ထဲသာ ရှိတော့သလိုမျိုး ဝမ်းနည်းမှုတွေက သူ့ဆီသို့ချဉ်းနည်းဝင်ရောက်လာသည်။ မျက်လုံးအစပ်မှတစ်ဆင့် ပါးပြင်ပေါ်သို့ တဖြည်းဖြည်းလိမ့်ဆင်းလာသော မျက်ရည်ပူတွေကို လက်ခုံဖြင့်ခတ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည်။ အမှောင်ထုကြီးထဲမှာ လမ်းလျှောက်နေရသူ တစ်ဦးပမာ ဝမ်းနည်းတုံရီလျှက် ကြေကွဲချင်းအပိုင်းအစတွေ သူ့နှလုံးသားအနှံ့နေရာလပ် မကျန်အောင်စူးဝင်ကာ ဒဏ်ရာမျက်ရည်တို့သည် တစိမ့်စိမ့်ယိုစီးလာခဲ့၏။
ငါ့ကိုငါ မထိန်းချုပ်နိုင်ခဲ့ဘူး မုန်တိုင်းရယ်။ မင်းကို စိတ်ထိခိုက်စေသလို ဖြစ်သွားရင်ငါတောင်းပန်ပါတယ်။ ငါ့ကို နားလည်ပေးပါကွာ။ ငါမင်းကိုသိပ် ချစ်နေမိပြီမုန်တိုင်းရယ် အဲ့ဒီ့အတွက် မမြိုသိပ်နိုင်လောက်အောင် ဖြစ်သွားခဲ့တဲ့ ငါ့ရဲ့ရင်ခုန်သံ ပေါက်ကွဲမှုအတွက် ငါတောင်းပန်ပါတယ်။ မင်းကို အရမ်းချစ်တယ် မုန်တိုင်းရယ်........
**************
ဂီတ အိမ်ကိုရောက်တော့ တံခါးမကြီးမှတစ်ဆင့် လေးလံသောခြေလှမ်းတွေဖြင့် အိမ်ထဲကိုဝင်ရောက်လာ ခဲ့သည်။ အိမ်ထဲတွင် သူ့အကိုမင်းမြတ်မောင်က မိန့်မိန့်ကြီးထိုင်လျှက်ရှိသည်။ သူမမြင်ချင်ယောင်ဆောင်ကာ အပေါ်ထပ်သို့တက်သည့် လှေကားဖက်သို့ အကြည့်လွှဲလိုက်၏။ အလုပ်မသွားသေးဘဲ ဧည့်ခန်းထဲတွင်ထိုင်နေပုံထောက်လျှင် သူ့ကိုဆူဖို့စောင့်နေတာ ဖြစ်နိုင်သည်။ သို့မဟုတ်ပါက အခြားကိစ္စ တစ်ခုခုကြောင့်လဲ ဖြစ်ချင်ဖြစ်နိုင်သည်။ သူခြေလှမ်းတွေကို လှေကားဖက်ကိုသာ ဦးတည်လိုက်သည်။သို့သော်.....
"ဂီတ................."
ခေါ်သံကြောင့် သူ့ခြေလှမ်းတွေရပ်တန့် သွားသည်။ လှေကားထိပ်တွင် ခေါ်တာကိုပြန်မထူးပဲ ငူငူကြီးရပ်တန့်နေမိ၏။ သူကမသွားပဲရပ်တန့်နေတော့ ဧည့်ခန်းထဲတွင် ထိုင်နေသည့် သူ့အကိုမင်းမြတ်မောင်က ထိုင်ရာမှထကာ သူ့အနားသို့ တဖြည်းဖြည်းရောက်လာသည်။
"မနေ့ညက ဘယ်ကိုသွားနေတာလဲ။ တစ်ညလုံးပျောက်နေတာ စိတ်တွေပူလိုက်ရတာ ညီလေးရာ"
သူ့အသက်ရှုသံတွေသည် တဖြည်းဖြည်း နှေးကွေးလာသည် ဟုထင်သည်။ တစ်ကိုယ်လုံးရှိသမျှ ခွန်အားတွေ ထုတ်ယူခံထားရသလို ချိနဲ့နေ၏။ သူသိပါသည် ယခုအချေအနေမျိုးတွင် သူဟန်ဆောင်၍ပင်မပြုံးနိုင်ပါ။ သူ့မျက်နှာသည် ရင့်ရော်နေတဲ့ သစ်ရွက်ဝါတွေလို ခြောက်ကပ်ညှိးနွမ်းနေပါလိမ့်မည်။ သို့ပေမယ့် မတက်နိုင်တော့ သည်မျက်နှာနှင့်ပင် သူ့အကိုကို ရင်ဆိုင်ရတော့မည်။
"အကို...."
"ညီလေး မျက်နှာလဲမကောင်းပါလား။ မျက်လုံးတွေကလဲ ငိုထားတာလား မို့နေတယ်။ ညီလေးဘာတွေဖြစ်လာတာလဲ ကို့ကိုပြော"
"ကျွန်တော်ငိုချင်တယ်အကို ကျွန်တော်အရမ်းဝမ်းနည်းနေတယ်။ ကျွန်တော်သိပ်ချစ်ရတဲ့ သူတစ်ယောက်ကျွန်တော့်ကို အရမ်းမုန်းသွားပြီနဲ့တူတယ်။ ကျွန်တော်အမှားလုပ်မိသွားတယ် အခု.....အခု..သူကျွန်တော့်ကို ရင်မဆိုင်ချင်တော့ဘူးတဲ့"
"အင်း ငါ့ညီတောင် ချစ်တတ်နေမှကိုး။ မငိုပါနဲ့ညီလေးရယ် အချစ်စစ်ဆိုတာ မှန်တစ်ချပ်လိုပဲ ကိုယ့်ဖက်ကစစ်မှန်ရင် ရောင်ပြန်ဟပ်ပါတယ်"
အကိုလက်တွေက သူ့ဦးခေါင်းပေါ်ရောက်လာပြီး ညင်သာစွာပွတ်သပ် လိုက်ပါသည်။ ထို့နောက်သူ့ပခုံးကိုကိုင်ကာ နွေးထွေးစွာဖက်ထားသည်။ အကို့ရဲ့နှစ်သိမ့်မှုက ကျွန်တော့်ရဲ့ဒဏ်ရာတွေကို မကုစားပေးနိုင်ပါဘူး အကိုရယ်။ ကျွန်တော့်အသည်းကွဲနေပြီဗျ အကိုရ။
"နေပါဦး ငါ့ညီလိုအေးတိအေးစက်လူတစ်ယောက်ကို မျက်ရည်ကျလောက်အောင် လုပ်နိုင်တာဘယ်လို မိန်းကလေးမျိုးလဲ အကိုသိချင်လိုက်တာ အကို့ကို ညီ့ချစ်သူကိုပြပါလား"
"အကို သူကကျွန်တော့်ချစ်သူမဟုတ်ပါဘူး ကျွန်တော်ကသာတစ်ဖက် ချစ်နေတာပါ။ ဒါပေမယ့် အကိုရယ်"
အကို့ရဲ့မျက်လုံးတွေပိုလို့ စိတ်ဝင်စားဟန်ရှိလာပြီး လေးနက်လာသည်။ သူဘာလုပ်သင့်သလဲ ပြောပြသင့်သလား မျိုသိပ်ထားရမှာလား။ သူပြောပြလိုက်ရင်ရော သူ့အကိုက သူ့အပေါ်နားလည်မှာတဲ့လား။ မေးခွန်းတွေတစ်ပြုံကြီး သူ့ခေါင်းထဲသို့တန်းစီ ဝင်ရောက်လာသည်။ သူဘာလုပ်သင့်သလဲ။
"ဒါပေမယ့် ဘာဖြစ်လဲညီလေး ဆက်ပြောလေ"
"သူ သူက မိန်းကလေး မိန်းကလေးတစ်ယောက်မဟုတ်ဘူး အကို"
"ဘယ်လို ............ဒါဆို..."
"ဟုတ်တယ်အကို သူကယောင်္ကျားလေး တစ်ယောက်ပါ။ အကို ကျွန်တော်မကောင်းဘူး ကျွန်တော်လေ ယောင်္ကျင်္ားလေးတစ်ယောက်ကို ဘာလို့ချစ်နေမှန်းမသိဘူး။ ကျွန်တော်မကောင်းဘူး အကိုရယ်"
"ဖြစ်ရလေ ညီလေးရယ် အကိုစိတ်မကောင်းလိုက်တာ။ သူညီလေးကို မုန်းတယ်လို့မပြောသေးဘူး မဟုတ်လား ညီကြိုးစားလို့ရပါသေးတယ် ။ အချစ်ဆိုတာ သတ္တိရှိမှ ပိုင်ဆိုင်ရတာတဲ့ညီရဲ့။"
အကို့ဆီမှ ထွက်လာသောစကား သံတွေသည် သူ့နားထဲသို့ မယုံကြည်နိုင်လောက်အောင် အေးမြစွာဝင်လာသည်။
"အကို ကျွန့်တော့်ကိုမဆူဘူးလား ကျွန်တော့်ကို အပြစ်မတင်တော့ဘူးလား ကျွန်တော့်မှာအပြစ်ရှိတယ်လို့ မယူဆဘူးလား"
"ညီ့မှာဘာအပြစ်ရှိလို့ဆူရမှာလဲ ညီရယ်။ အကိုပြောပြမယ် နားထောင်နော် "
"အင်း "
"လူ့စိတ်ဆိုတာ မွေးလာကတည်းက အဖိုစိတ်နဲ့အမစိတ် ဆိုပြီး နှစ်မျိုးရှိတယ်။ ဒါပေမယ့် အရွယ်ရောက်လာတဲ့ အခါမှာတော့ ခန္ဓာကိုယ်အတွင်းက ဟော်မုန်းပြောင်းလဲမှု အပေါ်မူတည်ပြီး စိတ်တစ်ခုက အားသာသွားလေ့ရှိတယ်။ ဆိုလိုတာက လိင်တူကိုသာယာတယ် လိင်ကွဲကိုသာယာတယ် လို့ပြောချင်တာ။ ဒီတော့ ဒီကိစ္စဟာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုလို့ပြောလို့ရတယ်။ ဒါပေမယ့် တစ်ချို့ကျတော့ မွေးရာပါဖြစ်နေတတ်တယ်။ ဒီတော့ဒါဟာ အပြစ်တစ်ခုလို့ ယူဆလို့မရဘူး ညီလေး။ တစ်ကယ်တန်းတော့ ပြောင်းလဲမှုသဘောတရားတွေကို နားမလည်ပေးနိုင်တဲ့ သူတွေမှာသာ အပြစ်ရှိတာပါ ။"
"အကိုပြောနေတာတွေက အမှန်တွေပဲလား"
"ဒါပေါ့ ညီရဲ့ အရင်က အကို့မှာအဲ့လိုသူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးတယ်လေ ဒါကြောင့် အကိုကဒီအကြောင်းတွေကို ဂဃဏန သိနေတာပေါ့"
"ဒါဆိုရင် ကျွန်တော် သွားနားတော့မယ်နော် အကိုရုံးသွားသေးဘူးလား"
"အခုပဲသွားတော့မယ် သွား....... သွား နားချေ။"
သူ့အကိုကိုနှုတ်ဆက်ပြီး လှေကားထစ်မှတက် ကာအခန်းထဲသို့ဝင်လာခဲ့၏။ အခန်းထဲရောက်တော့ ခါးမှအပေါ် င်္အကျီကိုချွတ်ကာ ကုတင်ပေါ်သို့ဝဲတင် လိုက်သည်။ အခန်းထဲတွင်နေရောင်က ပြင်ပမှ မှန်ပြတင်းပေါက်ကိုဖြတ်သန်းကာ ဖျာဝင်နေသည်။ နေရောင်ခြည်အလင်းတန်းထဲတွင် အမှုန်အမွှားတစ်ချို့က လေထုနှင့်ရောနှောကာ ပျံနှံ့လျှက်ရှိသည်။ သူပြတင်းပေါက်နားသို့ မတ်တတ်သွားရပ်လိုက်ပြီး လတ်ဆတ်သောလေကို တစ်ဝကြီးရှုပစ်လိုက်၏။
လေနုအေးကလေးက မျက်နှာကို တဖျတ်ဖျတ်လာရိုက် ခတ်တော့မှ စိတ်ထဲကြည်လင်ကာ လန်းဆန်းလာသည်။ ထိုစဉ်သူ့နှာခေါင်းဝသို့ သင်းပျံ့သည့် ရနံ့တစ်မျိုး တိုးဝှေ့ဝင်ရောက်လာ၏။ မှိတ်ထားသော သူ့မျက်လုံးတွေကိုဖွင့်ကာ ပြတင်းပေါက်မှတစ်ဆင့် အောက်သို့ငုံ့ကြည့်လိုက်သော အခါ ခြံထဲတွင် မွှေးရနံ့တွေလှိုင်လှိုင်သင်းနေသည့် ဖွေးဖွေးလှုပ်နှင့်ဆီပန်းခင်းကြီးကား နေရောင်အောက်တွင် စိုစွတ်တောက်ပကာ ကျက်သရေရှိစွာ လှချင်တိုင်းလှနေလေ၏။ ထိုးနှင်းဆီပွင့်တွေကိုကြည့်ရင်း သူ့ဘယ်ဖက်ထောင့်က နှုတ်ခမ်းလေးကို ကွေးညွှတ်နေအောင် ပြုံးလိုက်မိလေသည်။
***********
ညနက်အမှောင်ကြီးတွင် မုန်တိုင်းလမ်းလျှောက်နေသည်။ သူလျှောက်နေသောလမ်းကလေးသည် သာမာန်လူသွားနိုင်ရုံမျှသာ ကျယ်ဝန်းပါသည်။ နဘေးတွင်တော့ မြက်ပင်တွေချည်းသာဖြစ်သည်။ အမှောင်ထဲတွင် စမ်းတဝါးဝါးဖြင့်သူလျှောက်နေပါသည်။ ဤနေရာကို သူမသိပါ တစ်ခါမှလဲမလာဖူးပါ။ သူတစ်ခါမှမမြင်ဖူးသော သစ်ပင်ကြီးတွေကိုမြင်နေရသည်။ ထို့အပြင် ဝါးပင်တွေလည်းပါသည်။ ထိုဝါးပင်တွေက လေတစ်ချက်ဝှေ့လိုက်လျှင် ဘယ်ညာယိမ်းထိုးကား တဟူးဟူးတရှဲရှဲမြည်နေ၏။
ထို့အပြင်စောစောက ထူးဆန်းသည့်သစ်ပင်အိုကြီးများ ၏အကိုင်းအလတ်များမှ နွယ်ကြီးများသည် သွယ်တန်းကာ အောက်သို့ကျနေ၏။ အဝေးမှကြည့်လျှင် မကောင်းဆိုးဝါးတစ်ကောင် ငုတ်တုတ်ထိုင်နေ သယောင်ယောင်။ မည်သည့်အရပ်မှ ပေါ်ထွက်လာမှန်းမသိသော ရေခိုးရေငွေ့လိုလို မီးခိုးငွေ့လိုလို ဖြူဖြူအငွေ့များကလည်း ပတ်ဝန်းကျင်တွင်ရစ်ဆိုင်း သုန်သိုင်းကာ ဝေဝါးနေလေ၏။ ဤနေရာသည် မည်သည့်နေရာပါနည်း ။ တောနက်ကြီးတစ်ခုလား။ အကယ်၍ တောကြီးဆိုလျှင် သူသည်လည်းတောကြီးမျက်မဲထဲ ရောက်ရှိနေသည်ပေါ့။
သူသည် အဘယ်ကြောင့် သည်တောထဲရောက် နေရပါသနည်း။ သူဘယ်ကိုသွားရမည်နည်း။ မေးခွန်းတွေအပြုံလိုက် ကြီးသူ့ခေါင်းထဲတန်းစီကာ ဝင်ရောက်လာသည်။ သူစိတ်ရှုပ်ရှုပ်ဖြင့်ခေါင်းကို ခါရမ်းပစ်လိုက်သည်။ ထိုစဉ် အရှေ့ခပ်လှမ်းလှမ်းမှ လူရိပ်သဏ္ဌာန်လိုလို ဖြင့်ကျောပေးလျှက်မတ်တတ်ရပ်နေသူတစ်ဦးကိုတွေ့ရသည်။ ထိုသူသည် င်္အကျီအနက်ရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည်။ လူသားတစ်ဦးလား သို့မဟုတ်နာနာဘာဝ တစ်ကောင်လား တွေးရင်းသူ့လက်မောင်းတွင် ကြက်သီးမွှေးတွေထောင်လာလေ၏။
"ဟေ့ မင်းဘယ်သူလဲ"
သူအရဲစွန့်ပြီးမေးကြည့်လိုက်သည်။ သူ့အသံက ညနက်တိတ်ဆိတ်နေသည့် အမှောင်ယံထဲတွင် ကြည်လင်ပြက်သားစွာထွက်ပေါ်လာ ပါသည်။ သို့ပေမယ့်ထိုသူသည် သူ့ကိုလှည့်ပင်မကြည့်ပါ။ သူပိုစိတ်ဝင်စားသွားသည်။ ရင်ခုန်သံမရဲတရဲ ထွက်ပေါ်နေသည့် ကြားကသူရှေ့ကို နည်းနည်းတိုးကပ်သွားလိုက် လေ၏။ အနီးကပ်မြင်ခွင့်ရသောအခါမှ ထိုသူ၏ ပုံသဏ္ဌာန်က ပို၍ရုပ်လုံးပီပြင်လာကာ လက်ထဲတွင်နှင်းဆီ တစ်ပွင့်ကိုင်ထားလေသည်။
"ဟေ့ မင်းကိုမေးနေတယ်လေ မင်းဘယ်သူလဲ။ မင်းလက်ထဲက နှင်းဆီပွင့်က......."
သူ့စကားပင်မဆုံးသေးပါ ထိုသူသည် ရုတ်တရက် လျှင်မြန်စွာ သစ်ပင်ကြီးနောက်သို့ပြေးဝင်သွားသည်။ ယခုမှသူ့သိချင်စိတ်တွေက ပိုမိုပြင်းပြလာကာ ရင်ထဲဗလောင်ဆူပြီး ဗြောင်းဆန်လာလေသည်။ သူအမြဲတန်း သိချင်နေခဲ့သည့် နှင်းဆီပိုင်ရှင်သည် ယခုသူ့ရှေ့တွင် လတ်လတ်ဆတ်ဆတ်ကြီးမြင်တွေ့ လိုက်ရပေပြီ။ မည်သူမည်ဝါဆိုတာ သည့်အောင် ဖော်ထုတ်ရမည်။
"မပြေးနဲ့လေ နေဦးလေ ဟာ............... ဟေ့နေဦးလေ"
သူကြောင်ရပ်မနေတော့ပဲ ထိုသူနောက်ကို ပြေးလိုက်သွားလိုက်၏။ သစ်ပင်ကြီး၏နောက်ကွယ်သို့ ရောက်သောအခါ လူတစ်ရပ်စာခန့်ရှိသည့် ခြုံပင်ရိုင်းကြီးတွေမှလွဲ၍ ဘာမှရှိမနေပါ။ သူတစ်ချက်တွေဝေသွားသည် သည်ခြုံကြီးတွေသည် လူတစ်ယောက်တိုး၍ မရအောင်ပင် ထူထပ်လှပါသည်။ အခြားဘက်သို့ သွားရန်လမ်းလည်းမရှိပါပဲ ထိုသူသည် မည်သို့ပျောက်ကွယ်သွားပါသနည်း။ ထိုစဉ်
"အူး....ဝူး..........အူး........"
ကြားလိုက်ရသည့် ခွေးအူသံကြီးကြောင့် သူကျောထဲစိမ့်ကနဲဖြစ်သွားကာ ကြက်သိမ်းတွေတစ်ကိုယ်လုံး ထသွားပြန်သည်။ သူ့ခန္ဓာကိုယ်သည် ကြောက်စိတ်ကြောင့်ထင်သည် တဆက်ဆက်တုန်ရီကာ ချမ်းစိမ့်စိမ့်ဖြစ်လာသည်။ နဖူးကိုစမ်းကြည့်လိုက်တော့ ဇောချွေးတွေကစို့နေသည်။ ဘုရားဘုရား မဖြစ်ဘူးမဖြစ်ဘူး ဒီနေရာမှာကြာကြာနေလို့ မဖြစ်ဘူး။ သူ့ခြေလှမ်းတွေကို နောက်ကြောင်းပြန်လှည့်ရန် နောက်သို့လှည့်လိုက်စဉ် မဲမဲသဏ္ဌာန်ကြီးတစ်ခုက ရှေ့မှမားမားကြီှးပိတ်ရပ်နေသဖြင့် သူလန့်ဖြတ်သွား၏။
"မုန်တိုင်း......... နင်သစ္စာမရှိဘူး။ နင်ဟာသစ္စာမရှိတဲ့ကောင်"
ထိုသူ့ဆီမှ အသံနက်ကြီးက ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ကွဲအက်နေသည်။ ခေါင်းတွင်ခြုံထားသော ခေါင်းဆောင်းကြီးကိုချွတ်လိုက်သောအခါ ရှုပ်ထွေးနေသော ဆံပင်တွေက မသတီစရာထွက်ပေါ်လာသည်။ ထို့အပြင်ထိုသူ၏ မျက်နှာသည် ကြောက်မက်ဖွယ်ရာ ကောင်းနေပြီး မျက်ထောင့်နီကြီးတွေဖြင့် သူ့ကိုစိုက်ကြည့်နေသည့် ပုံက စားတော့ဝါးတော့မလိုပါပင်။
"မင်း မင်း ဘာတွေလာပြောနေတာလဲ။ မင်းဘယ်သူလဲ"
"ဟင်းဟင်း ငါ့မျက်နှာကိုတောင် မမှတ်မိတော့ဘူးပေါ့လေ။ သေချာကြည့်စမ်းပါ နင်သိပ်ချစ်တဲ့ဆောင်းလေ"
"ဟင် မင်းက ဆောင်းလား...... ဆောင်း......... ဆောင်း ........ဘယ်လိုဖြစ်လို့ဒီပုံကြီးဖြစ်...."
"တိတ်စမ်းမုန်တိုင်း နင်ဟာလေ ငါ့ကိုချစ်တယ်လို့ပြောပြီးတော့ ဘာမဟုတ်တဲ့ နှင်းဆီပွင့်ကိုစွဲလမ်းနေတယ်။ နင်ငါ့ကိုမချစ်ဘူး။ နင်ညာတယ်။ နင်ဟာသစ္စာမရှိတဲ့ကောင်"
"ဆောင်း......... ဆောင်း.......... မဟုတ်ဘူးဆောင်း........ မောင်ရှင်းပြပါရစေ"
"ဘာကိုရှင်းပြမှာလဲ ဘာမှရှင်းစရာမလိုဘူး။ သစ္စာမရှိတဲ့နင်လိုကောင်စားမျိုးကို အရှင်ထားမယ်များထင်နေလား ဟင်းဟင်း"
ဆောင်း၏ရယ်သံတွေသည် ခြောက်ကပ်ကပ်ဖြင့် ခြောက်ခြားဖွယ်ရာ လွန့်ပြန်လာသည်။ ဆောင်း၏လက်ထဲတွင်ကား အသွားခြောက်လက်မ ခန့်ရှိသောဓားမြောင် တစ်ချောင်းကို တင်းတင်းဆုပ်ကိုင်ကာ သူ့ရှေ့သို့တဖြည်းဖြည်းတိုးလာသည်။ သူ့နှခုန်သံတွေမြန်ကာ အသက်ရှုကျပ်ပြီးရင်ထဲမောဟိုက်လာသည်။ သူ့စိတ်တွေ ဖိနှိပ်ထားသလို အသက်ရှုရန်ပင် ခက်ခဲကာ ကုလားဘုရားပွဲလှည့်သလို ရင်ထဲ တဒိန်းဒိန်းခုန်မည် ကာ စိုးရိမ်မှုတွေ မီးဝင်းဝင်းတောက်လာ၏။
သူကြောက်ရွံ့စွာဖြင့် နောက်ဆုပ်ရင်း ဆုပ်ရင်း အောက်ရှိထိုးထွက်နေသည့် သစ်မြစ်ကို ခလုတ်တိုက်ကာ မြေကြီးပေါ်သို့ ပက်လက်လန်လဲသွားလေသည်။ ဆောင်းကား ဓားမြောင်ကြီးကို ရွယ်ကာ ခေါင်းကြီးစောင်းလျက် အနားသို့တဖြည်းဖြည်း ရောက်လာလေသည်။ သူဆောင်းကို တစ်ခုခုတုန့်ပြန်ဖို့ ကြိုးစားသည်။ သို့ပေမယ့် သူခြေတွေလက်တွေ လှုပ်လို့မရတော့ပါ။ သူရုံးကြည့်သည်။ မရ။ ဘုရားဘုရား သူဘာတွေဖြစ်သွာပြီလဲ။
သူ့နဖူးမှချွေးတွေသည် မျက်နှာပေါ်သို့ စေးကပ်ကပ်ဖြင့်စီးကျလာ၏။ သူ့စိတ်တွေမွန်းကျပ်ကာ မီးခိုးမှိုင်မိသလို မွှန်ထူလာသည်။ သူသေရတော့မည်။ ဟုတ်သည်ဆောင်းက ဓားကြီးဖြင့်သူ့အပေါ်သို့ ခွထိုင်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် အားရပါးရဆုပ်ကိုင်ပြီး လေထဲသို့မြှောက်ကာ သူ့ရင်ဝရှိ နှလုံးသားတည့်တည့်သို့ အားဖြင့်ထိုးစိုက်ချလိုက်သည်။

"အား................"


နံနက်ခင်း၏ ဖျော့တော့တော့နေခြည်လေးသည် ပြတင်းပေါက် ကုလားကာ ကြားထဲမှနေ၍ ကုတင်ပေါ်ရှိ သူတို့နှစ်ဦးပေါ်သို့ထိုးကျလျှက်ရှိသည်။ သူ့တစ်ကိုယ်လုံး ရုံးမရဘဲ လေးလံတောင့်တင်းလျှက်ရှိသည်။ နဘေးရှိမုန်တိုင်းကို ကြည့်လိုက်တော့ အိပ်နေဆဲပင်။ ခြေထောက်တစ်ဖက်က ကားကားကြီးသူ့ခါးကိုခွထားသည့် အပြင်လက်တစ်ဖက်ကလည်း သူ့ရင်ဘတ်ပေါ်ကိုတင်ထားသေးသည်။ မုန်တိုင်း၏မျက်နှာက နေခြည်နုနုအောက်တွင် နူးညံ့လျှက်ပါးပြင်တဝိုက်တွင်တော့ အဆီလေးများအနည်းငယ် လက်ပြီးပြောင်ပြောင်လေး ဖြစ်နေသည်။ စင်းနေသော နှာရိုးအောက်တည့်တည့်တွင်တော့ ပန်းနုရောင်နှုတ်ခမ်းလေးက တင်းတင့်စေ့လျက် ရင်သပ်ရှုမောဖွယ်ရာ နမ်းချင်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှုမအရှိလွန်းနေသည်။
ထိုမှတဆင့် နုနေသည့်သည့် လည်ပင်းတစ်လျှေက်တွင်တော့ အနည်းငယ် အရှေ့သို့ငေါထွက်နေသော လည်ဇလုတ်ကြီး ၏အောက်တွင်တော့ လည်ပင်းအရည်ပြားတွေက တင်းတင်းရင်းရင်းရှိနေပြီး အမွှေးနုကလေးတွေပေါက်နေသည်။ မုန်တိုင်းက ညကပုဆိုးဖြင့်ဝတ်အိပ်သည် ယခုမနက်မိုးလင်းတော့ ပုဆိုးကခါးမှာမရှိတော့ဘဲ လည်ပင်းအောက်ပိုင်းတွင် ပတ်နေသည်။
မုန်းတိုင်း၏ပေါင်တံကြီးက တောင့်တင်းသံမာပြီးသူ့ ကိုခွထားသည့် ပေါင်အရင်းပိုင်းတွင်တော့ အမွှေးတွေဖြင့်အသည်းယား ချင်စရာကောင်းလှသည်။ သူ့တစ်ကိုယ်လုံးလည်း တောင့်တင်းနေပြီဖြစ်သောကြောင့် မုန်တိုင်း၏ပေါင်ကြီးကို အသာမကာအောက်သို့ချလိုက်သည်။
ထို့နောက်သူကုတင်ပေါ်သို့ ငုတ်တုတ်ထထိုင်ရန် အားပြုလိုက်စဉ် မုန်တိုင်းဆီမှညည်းသံသဲ့သဲ့ ထွက်လာပြီး သူ့ကိုပြန်ပြီးသိမ်းကြုံးခွယူလိုက်ပြန်သည်။ မုန်တိုင်းကခွထားရုံဖြင့်အားမရဘဲ သူ့ခါးလည်တစ်ဝက်ရောက်ခါနီးထိ တက်ပြီးဖိထားသည်။ သူနှင့်မုန်တိုင်ကြားတွင် ခိုးလိုးခုလုပစ္စည်းနှစ်က နွေးတေးတေးကြီး ထိမိနေသောအခါ သူ့စိတ်ထဲမရိုးမရွဖြင့် ယားကျိယားကျိဖြစ်လာသည်။
သူ့တစ်ကိုယ်လုံး အကြောအချဉ်တွေတောင့်တင်းသွားပြီး လည်ချောင်းထဲတွင် ဟာတာတာကြီးဖြစ်လာကာ တံတွေးမျိုချလိုက်သည်။
"ဂလု............"
ရင်ဘတ်ပေါ်တွင် တင်ထားသောမိမိ လက်ဖြင့်ရင်ကိုစမ်းကြည့်သောအခါ တစ်လှပ်လှပ်လှုပ်ခုန်နေသော သူ့ရင်ခုန်သံက စီးချက်ညီညီပင်မီးရထားကြီး ခုတ်မောင်းသလို ဆူညံနေသည်။ ဘုရားဘုရား ငါရင်ခုန်နေတာလား။
ထိုအခိုက်မုန်တိုင်း ဆီမှတအင်းအင်းတအဲအဲ အသံကြားသဖြင့်လှည့်ကြည့်လိုက်တော့ မျက်စိနှလုံးပွင့်နေသည်ကိုတွေ့ရသည်။ မုန်တိုင်း၏လက်တစ်ဖက်က သူ့ဘယ်ဘက်လက်ကလေးကို လှမ်းဆုပ်လိုက်ပြီဲး ပွတ်သပ်ပေးနေသည်။ ဒီကောင်ဒီကောင် ငါ့ကိုဘာလုပ်နေတာလဲ ။
သူ့ကိုယ်ပေါ်ရှိအုပ်မိုးထားသော မုန်တိုင်းခန္ဓာကိုယ်ကြီးကို တွန်းချပစ်လိုက်သည်။သူ့ရင်ထဲ လှိုက်ဖိုနေသော စိတ်တို့က ဂနာမငြိမ်ဘဲ ယောက်ရပ်ခတ်နေသည်။ သူကုတင်ပေါ်မှ ဝုန်းကနဲခုန်ဆင်းပစ်လိုက်သည်။
"ငါပြန်တော့မယ်.............. မုန်တိုင်း"
မုန်တိုင်းက အံသြနေသောမျက်နှာအထင်း သားဖြင့်သူ့ကိုကြည့်ကာ ဘာမှမပြောဘဲ စွံ့အကာငြိမ်သက်နေသည်။ သူဖိနပ်ကို မြန်မြန်ပြင်စီးလိုက်ပြီး စားပွဲပေါ်ရှိကားသော့ ကိုယူကာ အိမ်ထဲမှ ထွက်ပြေးလာခဲ့သည်.............
                                                                                                  ဆက်ရန်ရှိသေးသည်
                                                                                                      lovealone:P

0 comments:

Post a Comment