This is the best gay website for Myanmar gay peoples.

Saturday, July 14, 2012

On 8:27 PM by Unknown in    No comments

အချိန်ကားညဆယ့်တစ်နာရီတိတိ

ကောင်းကင်ကြီးသည်ကြည်လင်မှုမရှိဘဲမဲမှောင်လျှက်ရှိကာ ကြယ်ရောင်လရောင်များပျောက်ကွယ်နေသည်။ မှိုင်းညှိ့ညှိ့တိမ်ဆိုင်တိမ်လိပ်များ ကသာအာကာတခွင်ကိုကြီးစီုးထားသည်။ တစ်ခါတစ်ရံဆောင့်ဆောင့်ပြီး ဝင်လာတတ်သည့်အေးစက်စက် မိုးသက်လေများကြောင့် သူ့တစ်ကိုယ်လုံးကြက်သီးများပင်ထသွားသည်။ သူလမ်းကိုခပ်မှန်လေးလျှောက်လာသည်။ မှုန်ပြပြဝါကျင့်ကျင့် မာကြူရီမီးရောင်များ အောက်တွင်ဓာတ်တိုင်ကြီးများ ကလဲတစ်တိုင်နဲ့တစ်တိုင်ကြားထီးထီးမားမားကြီးရပ်တန့်လျှက်နှုတ်ဆိတ်ငြိမ်သက်နေကြသည်။

ညှိ့မဲမှောင်နေသောကောင်းကင်ကြီးထံမှ ထွက်ပေါ်လာသော မိုးချိန်းသံများကတစ်စတစ်စပိုစိတ် လာသည်ဟုသူထင်သည်။ တဟူးဟူးတရှဲရှဲမြည်နေသော လေသံများကြားထဲမှ ပြိုးပျက်ဝင်းလက်လျှက် ထွက်ပေါ်လာထွေက်ပေါ်လာသောလျှပ်စီး များကတစ်လောကလုံးကိုခဏတာ မျှသာလင်းသွားစေသည်။သိပ်မကြာလိုက်ပါ........

"ဝေါ................."

မိုးရွာချလိုက်ပါပြီ။ မိုးသီးမိုးပေါက်များက မြေပြင်ပေါ်သို့တစ်စတစ်စပိုမိုမျာပြားစွာဆင်းသက်လာပါသည်။ သူ့တစ်ကိုယ်လုံးလည်းခဏလေးအတွင်းမှာပင်ရွှဲရွှဲစိုသွားသည်။ ကောင်းကင်မှဆင်းသက်လာသောမိုးစက်များက သူ့ဆံနွယ်ထက်မှနူးညံ့ညင်သာစွာ ကခုန်လှုပ်ရှားရင်း မျက်နှာပေါ်သို့စီးကျလာသည်။ အအေးဒဏ်ကြောင့်သူ့ တစ်ကိုယ်လုံးလည်း ခိုက်ခိုက်တုန်ကာယောင်ရမ်း၍ ကျောတွင်လွယ်ထားသောဂစ်တာလေးကို ဖက်ထားလိုက်မိသည်။ တစ်ကိုယ်တည်းရေရွတ်ရင်း ထီးယူမလာမိသော မိမိကိုယ်သာကြိမ်ဆဲနေမိသည်။ သည်းလိုက်တာမိုးရယ်.......

ကွမ်းတယာညက်ခန့်သူလျှောက်ပြီးတော့ သဲကြီးမဲကြီးရွာသွန်းနေသော မိုးများကြားထဲသို့ ခတ်လှမ်းလှမ်းမှကားမီးရောင်တစ်ခုဝင်လာသည်။ ဘုရားသကြားမလို့ တက္ကစီကားဖြစ်ပါစေ။ တဖြေးဖြေးဖြင့်ကားကအနားသို့ရောက်လာသည်။ သူဆုတောင်းပြည့်ပါသည် ။ ကားခေါင်မိုးပေါ် တွင်အဝါတုံးလေးကိုတွေ့လိုက်ရပြီဖြစ်သည်။ သူကားကိုလက်တစ်ဖက်ပြပြီးတားလိုက်သည်။

"တာမွေကိုသွားချင်လို့ဦးလေး ကားအားလားဗျ"

"သားရေကားကခုပဲနောက်ကသားက ငှားပြီးသွားပြီကွယ့်။ တာမွေဆိုရင်တော့ လမ်းတော့ကြုံပါတယ် ဒါပေမယ့်အနောက်ကသားကိုမေးကြည့်မှရမယ်"


မိုးများကတော့သဲကြီးမဲကြီးရွာမြဲရွာနေဆဲပါပင်။ သူကားအနောက်ပေါက်ကိုသွားလိုက်တော့အထဲတွင်သူ့အရွယ်ကောင်လေးတစ်ယောက်ထိုင်နေသည်။ သူလာနေသည်ကိုမြင်တော့ပြတင်းပေါက်တံခါးဖွင့်လိုက်ပြီး။

"ဘာကိစ္စလဲ"

"ဟို......ကားကြုံလိုက်ချင်လို့ပါ တာမွေထိပါပဲ။ ကားခလဲပေးပါ့မယ် မိုးတွေအရမ်းရွာနေလို့ပါ။"

"မရဘုး တခြားကားရှာငှားပါ"


ခုမှသတိထားကြည့်မိသည်။ သူထိုကောင်လေးကိုမြင်ဖူးပါသည်။ သူတို့ကျောင်းကပဲဖြစ်သည်။


"ကူညီပါသူငယ်ချင်းရယ်ကားတွေမရှိတော့လို့ပါ။"

"မင်းနဲ့ငါနဲ့ကသူငယ်ချင်းတွေလဲမဟုတ်ပါဘူး"

အင်းခက်တော့ခက်နေပါပြီ။

"သူငယ်ချင်းတွေမဟုတ်လည်း မြန်မာလူမျိုးအချင်းချင်းပဲကို ကူညီပါကွာနော်"

"ဟုတ်သားပဲသားရယ် သူ့ခမျာမှာလဲတော်တော်ချမ်းနေရှာပါပြီ။"

မြန်မာလူမျိုးအချင်းချင်းဖြစ်တာနဲ့ပဲကူညီရရောလား။ ။ဦးလေးကြီးမြန်မြန်မောင်းပါ အချိန်မရှိတော့ဘူး"


ဘုရား ဘုရား ဘယ်လိုကောင်ပါလိမ့် လူမှုရေးခေါင်းပါးချက်။ သူဘာမှမတတ်နိုင်တော့။ တက္ကစီလဲအနားမှထွက်သွားချေပြီ။ သူကပဲကံဆိုးလွန်းသည်လား တော့မသိပါ မိုးရွာထဲတွင်ဆက်၍လျှောက်ရ ပေဦးတော့မည်။ ရွာစမ်းမိုးရေ..... ကြိုက်သလောက်သာရွာပစ်လိုက်စမ်းပါ။

မိုးရေထဲတွင်တစ်ယောက်ထဲ စိတ်ပျက်လက်ပျက်နှင့်လျှောက်လာခဲ့သည်။ အားကောင်းဆဲမိုးကတော့ တဝေါဝေါနဲရွာနေဆဲပါပင်။ လမ်းမပေါ်တွင် တိတ်ဆိတ်ခြင်းအတိပြီးလျှက် လူမဆိုနှင့်ခွေးများပင် တစ်ကောင်တစ်မြီးမှမရှိပါ။ ဘဝကိုတစ်ယောက်ထဲ အံတုရင်ဆိုင်နေသည့်သူ့အတွက် ဒီဒုက္ခလောက်ကတော့မဆန်းတော့ပါ။ သူ့အလုပ်ကစားသောက်ဆိုင်ကြီးတစ်ခုတွင် သစ်ချင်းဆိုချင်းဖြစ်သည်။ မိဘတွေမရှိကတည်းက မိမိဘဝကိုတစ်ကိုယ်တည်း ထိန်းကျောင်းပြီးထိန်းကျောင်းပြီးဖြတ်သန်းရုံးကန်ခဲ့ ရသည့်သူ့အတွက်လောကဓံ တရားကပေးတဲ့အနာတရတွေနဲ့ သူ့စိတ်မှာအမာရွတ်တွေထပ်နေခဲ့ပါပြီ။ အရှုံးတွေထဲအကြိမ်ကြိမ်လဲကျ ခဲ့ပေမယ့် သူမရရအောင် ဘဝကိုနွံထဲမှရုန်းထွက်သည်။

သူငှါးနေသောတိုက်ပု လေးရှေ့သို့ရောက်လာပြီဖြစ်သော ကြောင့်အိမ်တံခါးကိုသော့ဖွင့်လိုက်သည်။ ဂစ်တာကို ထိုင်ခုံပေါ်ထောင်ထားလိုက်ပြီး သူ့အိင်္ကျီရေစိုဝတ်တွေကို လဲလိုက်သည်။ ယနေ့ညတော့ သူစောစောအိပ်ရမည်။ မနက်ဖြန်ကျောင်းတက်ရဦးမည်လေ။



                                                     **********


"မဟုတ်ဘူး တိုက်တမ်းနစ်လို စနစ်တကျအခိုင်အမာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ကမ္ဘာကျော်သင်္ဘောကြီးက ဘာမဟုတ်တဲ့ရေခဲကျောက်ဆောင်လေးကို တိုက်မိရုံလေးနဲ့တော့ သင်္ဘေကြီးတစ်စင်းလုံးမြုပ်ရတယ် ဆိုတာမဖြစ်နိုင်ဘူး"

"ဒါဆိုမင်းကဘယ်လိုထင်လို့လဲ"


ထက်အောင်ကခင်မောင်ငြီမ်း ကိုကြည့်ပြီးဟန်ပါပါဖြင့်မခို့တရို့ပြုံးသည်။ ထို့နောက်သူ့စကားကိုဆက်မပြောသေးဘဲ စားပွဲပေါ်ရှိဆမူစာကို တစ်ချက်လောက်က်ကိုက်ပြီး ကျန်နေသေးသည့်အပိုင်း ထဲသို့အချဉ်ရည်တွေလောင်းထည့်နေသည်။

"ငါသိရသလောက်က အဲ့ဒါဂြိုလ်သားတွေရဲ့လက်ချက်ကြောင့်ပဲ။ သူတို့ရဲ့ရောင်ခြည်သေနတ်ကြောင့် သဘောင်္ကြီးဝမ်းဗိုက်မှာ အပေါက်ကြီးသုံးပေါက်ဖြစ်သွားတယ်ကွ အဲ့ဒီကနေစပြီးရေတွေဝင်ပြီးသဘောင်္ မြုပ်တာပဲ။"

"မဖြစ်နိုင်ဘူးထင်တယ်နော် မင်းပေါက်ကရတွေမပြောနဲ့ ထက်အောင်"

"ငါကစာအှပ်တစ်ထဲက ဖတ်ဖူးလို့ပြောတာဟေ့ကောင် ယုံတာမယုံတာမင်းကိစ္စပဲ။"


သူတို့အဖွဲ့ထဲတွင် ထက်အောင်ကပေါက်ကရအလွန်ပြောသည်။ လူစုံပြီဆိုသည်နှင့် မဟုတ်ကဟုတ်ကပြောပြီး ငြင်းကြခုံကြမည်။ ပြီးလျှင်စကားများကြမည်။ သို့မဟုတ်ပါက ကျောင်းထဲမှကောင်မလေးတွေကိုလိုက်ငမ်းကြမည်။ မတော်လို့ ငမ်းသည့်ကောင်မလေးတွေက ရန့်တွေ့လျှင် ယောင်္ကျားတန်တွေမဲ့ နှုတ်သီးကောင်းလျှာပါး ပြန်ရန်ဖြစ်ကြဦးမည်။ သည်နေ့အတွက်တော့ လီယိုနာဒို အကြောင်းပြောနေရင်းဖြင့် ဂြိုလ်သားတွေဆီရောက်လာသည်။

"မင်းသူပြောတာယုံလား မုန်တိုင်း"


ပြဿနာကသူ့ဆီကို မီးခွက်ထတောက်ပြီး ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ရောက်လာသည်။ မနေ့ညက မိုးမိထားသည့်ဒဏ်ကြောင့် နှာစေးပြီး တကိုယ်လုံးရှိန်းတိမ်းတိမ်းဖြစ်နေရသည့် အထဲသူ့ကိုဦးနှောက် စားနေသည်။ သူဒီကောင်တွေနဲ့အချိန်ဖြုန်းနေလို့ မဖြစ်သေးပါ ညနေကျလျှင် ဆောင်းဆီသို့သွားရန် အိမ်ခဏပြန်ပြီး ရှိုင်းရဦးမည်။ ဆောင်းကသူ့ကို ဒီနေ့အဖြေပေးမည် မဟုတ်ပါလား။

"ကဲဂြိုလ်သားတွေပြစ်တာနောက်မှ အခုတော့မင်းတို့ပစ်တဲ့ လေတွေကိုနားထောင်ရတာ ငါလည်းနားထဲကလေတွေထွက်နေပြီ။ ဆောင်းဆီကဒီနေ့အဖြေရမှာ ငါလစ်တော့မယ်"

"ဟာနေဦးလေ ကွာ။"


ဒီနေ့သင်္ချာဆရာ မလာသဖြင့်အတန်းတစ်ခုပျက်သွားသည်။ထို့အတွက်ကန်တဲတွင်သူတို့အဖသူတို့အဖွဲ့စုပြုံကြ၏။

သူ့ခင်မောင်ငြီမ်းအသံကိုမော့မကြည့်တော့ပဲ စားပွဲပေါ်ရှိသောက်လက်စ အအေးပုလင်းလက်ကျန်ကို လက်လှမ်းမည်အပြု.......

"အား.........."

"ဟေ့ကောင် ဘာဖြစ်တာလဲ"

"ငါခြေထောက်...................................ဟာ..... "


သူ့ကိုတစ်စုံတစ်ယောက်က တက်နင်းလိုက်သည် သူ့ခြောက်ကိုတက်နင်းသွားသည့် ငနဲကသူ့ကိုလှည့်ပင်မကြည့်ပါ။ ဒေါက်ပါသည့်ရူးဖိနပ်ကြီးဖြင့်တက်နင်း ခံလိုက်ရသဖြင့်သူ့ခြေထောက်လေး ရဲတွတ်သွားသည်။ အလိပ်ထွက်လာသောဒေါသစိတ်ကြောင့် သူထိုင်နေရာမှထရပ်လိုက်ပြီး....

"ဟေ့ကောင် မင်းမျက်စိကန်းနေလား"


ထိုသတ္တဝါက သူ့အသံကြားမှခြေလှမ်းတွေကိုရပ်တန့်လိုက်သည်။ထိုနောက်သူ့ဖက်သို့လှည့်ကြည်လာသည်။ ဪ.......မင်းပဲကိုး။ မနေ့ညက တက္ကစီပေါ်မှ လူမှုရေးမသိတတ်သိကိုတော်လေးပင်တည်း။

"ငါ့ကိုပြောတယ်ထင်တယ်"


မျက်နှာကားသူဘာမှမလုပ်ခဲ့သလိုပါပင်။ မှင်သေသေမျက်နှာထားဖြင့် လက်နှစ်ဖက်ကိုဘောင်းဘီ အိတ်ထဲရှိုပြီးသူ့ထံရှေ့သို့လာရပ်သည်။


"အေး ...... ဟုတ်တယ်မင်းကိုပြောတာ၊ ၊လူတစ်ယောက်လုံးကိုမမြင်ပဲ တတ်နင်းရလောက်မင်းမျက်လုံးတွေ ဘာကိုသွားကြည့်နေသလဲ။ ဒီလိုပဲထွက်သွားလို့ရသလား တောင်းပန်ရတယ်ဆိုတာမင်းမသိဘူးလား"

"ငါမင်းကိုနင်းမိသွားသလား ကျွတ်စ်ကျွတ်စ်"


ငနဲကထိုင်ချလိုက်ပြီးသူ့ခြောက်ကိုတစ်ချက် ငုံ့ကြည်သည်။ ပြီးတော့ခေါင်းပြန်မော့လာသည်။

"ဆေးဖိုးဘယ်လောက်ပေးဖို့လိုမလဲ"

"ဘာ........မင်းစော်ကားလှချည်လား.....တောက်!"

သူ့အသားတွေတဆက်ဆက်တုန်လာသည်။လက်တစ်ဖက်ဖြင့် ထိုငနဲ၏ကော်လန်စကိုလှန်းဆွဲပစ်လိုက်သည်။ အေးတိအေးငနဲပုံစံကိုကြည်ပြီ့း် လည်မျိုမှတဆင့် တရိပ်ရိပ်တက်လာသော စပ်ဖျင်းဖျင်း ဒေါသငွေ့တို့က သူ့မျက်လုံးကို မီးဝင်းဝင်းလက်လာစေသည်။

"မလုပ်နဲ့မုန်တိုင်း လွန်ကုန်ကျလိမ့်မယ်။ မင်းသွားတော့ဟေ့ကောင် နောက်ကိုလမ်းလျှောက်ရင် ကြည့်လျှောက် "

"တောက်!"


ထက်အောင်ကြောင့်လွှတ်လိုက်ရသော လက်တစ်ဖက်ကို တင်းတင်းဆုပ်ရင်း သူ့စိတ်ထဲမှာနည်းနည်းမှ မကျေနပ်ပါ။ အရာရာကိုငွေဖြင့်ခိုင်ပေါက်တတ်သည့် ထိုသို့လူမျိုးများ အဘယ်ကြောင့်ပေါများနေရပါသနည်း။ ငွေပေးရင် ပြီးရောတဲ့လား ငွေပေးတိုင်းသာရမယ်ဆို ရင်ဘာကြောင့် တရားဥပဒေတွေသတ်မှတ်ထား ပါတော့မလဲ။ သူ့အလိုသာဆိုလျှင် အဲ့ဒီငနဲကိုစိတ်ရှိလက်ရှိ စိစိညက်အောင်အမှုန့်ချေပြစ်လိုက် ချင်သည်။ထိုငနဲက ဘာမှမဖြစ်သည့်အလား သူ့ကားရှိရာသို့ အေးဆေးစွာထွက်သွားသည်။ သူ့မျက်နှာတွင်ဒေါသ ဖြစ်သည့် အရိပ်အရောင် နည်းနည်းမှမပေါ်ပါ။ ။ဒီကောင်ဘာကောင်လဲ?????????

                                                          **********



ပုဇွန်ဆီယောင်သန်းနေသည့် ညနေခင်းတစ်ခု၏ လှပသောနေခြည် နုနုလေးသည် တကိုင်းနှင် တကိုင်းလျှက် လျက်ရှိသည့် ခရေပင်ကြီး၏ သစ်ရွက်သစ်ခတ တွေ်ကြာ့း ထဲမှထိုးဖောက်ကာ မြေပြင်ပေါ်ရှိဂျပန်မြက်ခင်းနုနုလေးပေါ်သို့ ထိုးကျလျက်ရှိသည်။ ထိုမြက်ခင်းစိမ်းလေးပေါ်တွင်တော့ သွယ်လျကျော့ရှင်းသော ခန္ဓာကိုယ်၊ ၊ကျောထိရှည်သော ပုတုန်းရောင် ဆံကေသာက လေ၏ဆော့ကစားမှုကြောင့်တလူးလူး လှုပ်ခတ်လျက် ရှိပြီးခုံတန်ယားပေါ်တွင်ထိုင်နေသော ဆောင်း။


"ဆောင်း"


"ရောက်နေတာကြာပြီလား"


ဆောင်းကစပွတ်ရှပ်လက်တိုလေးကိုဝတ်ထားသည်။ ဝင်းဝါညက်ညောနေသော သူမ၏အသားအရည်ဖြင့်လိုက်ဖက်လွန်းသည်ဟုသူထင်သည်။


"ရောက်လာပြီလား မုန်တိုင်း"


"ဟုတ်တယ်ဆောင်း ကားကျပ်နေလို့နဲနဲနောက်ကျသွားတယ်"


"တကယ်ပဲ အဖြေပေးမဲ့မိန်းကလေးက သူ့ကိုပြန်စောင့်နေရတယ်"


ဆောင်းကမျက်နှာလေးကို ငြူစူစူလေးလုပ်ထားသည်။ မွှေးသင်းသင်းခရေပန်းရနံ့တစ်ချို့နှင့် ဆောင်းဆီမှကိုယ်သင်းနံ့ ကလေးကရောကာ သူ့နှာဖျားတစ်ဝိုက်တွင် တိုးဝှေ့ရိုက်ခတ်သွားသည်။ သူဆောင်းနှင့်နီးနိုင်သမျှကပ်ပြီးထိုင်လိုက်သည်။


"ဆောင်း မောင့်ကိုအဖြေပေးတော့လေကွာ ကြားချင်လှပြီ"


"နင့်အိမ်မှာ အသွားထက်တဲ့ဓားတစ်လက်လောက် မရှိဘူးလားမုန်တိုင်း "


"ရှိတယ် ဘာလုပ်မလို့လဲ ဆောင်းရဲ့"


"ရှိရင် ကိုယ့်ကိုယ်ကိုထိုးပြီးသတ်သေလိုက် "



"ဘာဖြစ်လို့လဲ"


"အရမ်းအဖြစ်သည်းလွန်းလို့ ဒီကတောင်အဖြေမပေးရသေးဘူး သူ့ကိုယ်သူများ မောင်တဲ့ ဟင်းဟင်း"


"ဆောင်းရယ် ဆောင်းဆီကအဖြေကိုရဖို့ မောင်ခြောက်လတောင်စောင့်ခဲ့ရပြီးပြီလေကွာ မောင့်ကိုဘယ်အချိန်ထိ ညင်းဆဲနေဦးမလို့လဲ။ ကဲပြောမောင့်ကို ချစ်တယ်မိုလား"


ပြတင်းပေါက်ပေါ်ကနေ စကြာဝဠာထဲသို့ကန်ချခံလိုက်ရသလို သူ့ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ဖြစ်လာသော အေးစက်စက်ရင်ခုန်သံ ရေစီးကြောင်းကြီးက တဝေါဝေါဆီးစင်းနေပါသည်။ ဆောင်းကမျက်ခုံးမွှေးနှစ်ခုဆက်ခါနီးထိသူ့ကိုစိုက်ကြည့်သည်။ထို့နောက် မျက်နှာကိုအရှေ့ဘက်သို့ တည့်တည့်လှည့်ကာ........


"မုန်တိုင်း ကိုချစ်ပါတယ်"



"ဟာ......ဆောင်းကလဲ မောင်လို့ခေါ်ပါဆှိုနေကွာ"


"မောင်း........"


"မောင်း...........မဟုတ်ဘူး မောင်လို့ခေါ်"


"မှောင်............"


"ဆောင်း ............ မနောက်နဲ့ကွာ"


"ခစ်ခစ် ...........ကဲပါ မောင်ရယ်မောင့်ကိုချစ်ပါတယ်"


"ဒီလိုမှပေါ့ဆောင်းရယ် အခုမှပဲဆောင်းကိုတဝကြီး ချစ်ခွင့်ရတော့တယ်"


"တစ်ခုတော့ရှိတယ်နော်မောင် မောင့်ကိုဆောင်းရွေးချယ်လိုက်တာ ဆောင်းရဲ့နှလုံးသား ဆန္ဒတစ်ခုထဲကြောင့်ပဲမောင် ဒါပေမယ့် ဆောင်းတို့နှစ်ယောက် အနာဂတ်ကြီးကို အားရှိရှိရင်ဆိုင်နိုင်ဖို့အတွက်တော့ မောင်ကြိုးစားရလိမ့်မယ်။ အချစ်တစ်ခုထဲနဲ့တော့ ဘဝကိုတည်ဆောက်လို့မရဘူးလေ ။"


"မောင်နားလည်ပါတယ် ဆောင်းကိုမောင်ကြိုးစားမယ်လို့ ကတိပေးပါတယ်။"



သူ့ရင်ထဲသို့ပီတိနွေးနွေးကြီးနဲ့အတူ ခတ်ထွေထွေသက်ပြင်းကြီးကို ချလိုက်သည်။ ဆောင်းပြောသည်ကလဲမှန်ပါသည် မပြည့်စုံသည့်သူ့ဘဝကြီးထဲက ခါးသီးတဲ့ဒဏ်ရာတွေကိုတော့ သူဆောင်းကိုမခံစားစေလိုပါ။ ပစ္စည်းဥစ္စာဆိုသည်က မရှိလျှင် ရှိအောင် ကြိုးစားလို့တော့ရနိုင်ပါသည်။ မလွယ်ပေမယ့် သူဆောင်းကို တင့်တောင်းတင့်တယ်ထားနိုင်ဖို့ ဇွဲလျော့မည်မဟုတ်ပါ။

"မောင် မောင့်ကိုလေဆောင်းအမျာကြီးမျှော်လင့်ထားတယ်။ ဆောင်းတို့နှစ်ယောက်ရဲ့ အချစ်ခရီးက သာယာလိမ့်မယ်လို့ယံကြည်တယ်မောင်။ ဘဝတစ်ခုကို ရုပ်လုံးပေါ်အောင် ထုဆစ်တဲ့နေရာမှာ အချစ်မပါရင်မပြီးဘူးဆိုပေမယ့်။ ငွေကလဲ တဆိတ်တဒေသကနေ အချိုးကျကျသဟဇာတ ရှိရှိပါဖို့လိုတယ် ။ အဲ့ဒါကိုမောင်လက်ခံလား"


"မောင် လက်ခံပါတယ်ဆောင်း။ ။ဆောင်းအတွက် မောင်အဆုံးအစွန်ထိကြိုးစား ဖို့ဆုံးဖြတ်ထားပါတယ်။ ဆောင်းဖက်ကသာ မောင့်ကိုအချိန်အတိုင်း အတာတစ်ခုလောက်စေအတာ တစ်ခုလောက် စောင့်ပေးပါနော်။"


"ဆောင်း ယုံရမှာလားဟင်"


"ဆောင်းရယ် မောင်ကဆောင်းဖက်ကတစ်ခုခု ပြောင်းလဲသွားမှာကိုပဲ စိုးရိမ်နေတာပါ။"


ဆောင်းကိုပုခုံးမှတစ်ဆင့် သိုင်းဖက်လိုက်ပြီး သူရင်ထဲကိုဆွဲသွင်းလိုက်သည်။ ဆောင်း၏ မိတ်ကပ်နှင့်သနပ်ခါး အနံ့က မှုံမှုံလေးသင်းနေသည်။ နေလုံးကြီးတောင် အလင်းဖျော့ဖျော့သာ ကျန်တော့သည် ။ ညိမ့်အေးအေး ညနေခင်းရဲ့အလှကမကြာခင် ပြီးဆုံးတော့မည်လေ။

                                               


                                                         *********




အချစ်သည်ကံကြမ္မာနှင့် ကခုန်တတ်သည့် တူရိယာမဲ့ ကချေသယ်တစ်ဦးလား။ သို့မဟုတ် ဆုံမှတ်တည့်တည့် ကိုအဘက်ဘက်ကနေသွားနေသည့် မျဉ်းပြိုင်တွေလား။ ဤသို့ဆိုလျှင် သူသည်ထို မျဉ်းတွေပေါ်မှာရပ်တန့်နေတဲ့ လမ်းပျောက်လူသားတစ်ဦးပေါ့။ ကုန်လွန်ခဲ့သည် အတိတ်ကအချိန်တွေကို ခဝါချပြီးလျှော်ဖွပ် သိမ်းဆဲထားခဲ့ပေမယ့် အနာဂတ်မှာရှိတယ့် ရောင်ခြည်အသစ်တွေကိုတော့ သူအလဲထိုး နိုင်ဖို့မသေချာပါ။

လေထုသိပ်သည်းမှုမရှိတော့တဲ့ အမြင့်တောင်ထိပ်စွန်းတစ်နေရာကနေ ပြုက်ကျလာတဲ့ မိုးစက်ပေါက်ကလေးတွေ လိုတဖြည်းဖြည်း ကမ္ဘာမြေကြီးပေါ်မရောက်ခင် ဝေဝါးပျောက်ကွယ် သွားမှာကို ရက်ရက်စက်စက်ထိုင် ကြည့်နေနိုင်တဲ့ အသည်းနှလုံး ပိုင်ဆိုင်လျှင်လည်း အကောင်သားဟု တစ်ခါတစ်လေကျ မူးမူးမိုက်မိုက်တွေးခဲ့ဖူးသည်။ သို့ပေမယ့် သူ့အသည်းနှလုံးက အမြီးနှခွပါသည့် အိမ်မြောင်တစ်ကောင် မဟုတ်ခဲ့သလို သွေးဆာနေသည့် ကျားရဲတစ်ကောင်လည်း မဟုတ်ပါ။ မိန်းကလေးအမျာစု ကြိုက်နှစ်သက်ကြသည့် နှင်းဆီပန်းကို စိတ်ဝင်စားမိလိမ့်မည်ဟု သူ့ကိုယ်သူဘယ်တုံးကမှ မတွေးခဲ့ဘူးပါ။

ဟုတ်ပါသည်။ သူနှင်းဆီတစ်ပွင့်ကို တရှိုက်မတ်မတ် စိတ်ဝင်စားနေခဲ့ပါသည်။ နှင်းဆီမှနှင်းဆီဖြူလေး။ ယခုလည်း သူ့လက်ထဲတွင် ရနံ့မပျယ်သေးသည့် နှင်းဆီတစ်ပွင့်ကိုကိုင်ဆောင်ထားသည်။ ဒီတစ်ကြိမ်နဲ့ဆိုလျှင် နှင်းဆီတွေ သူ့ဆီရောက်လာခဲ့သည်မှာ ခြောက်ကြိမ်မြောက်ရှိပြီဖြစ်သည်။ မည်သူပါနည်း သူ့ကိုမည်သည့်ရည်ရွယ်ချက်ဖြင့် ပေးပို့နေပါသနည်း မည်သည့်အတွက်ပါနည်း။ ထိုနှင်းဆီနဲ့အတူ နှင်းဆီပိုင်ရှင်ကို သူစိတ်ဝင်စားနေမိသည်။ ဆောင်းတော့မဖြစ်နိုင်ပါ။ ဆောင်းကိုသူပွင့်ပွင့်လင်းလင်း မေးကြည့်တုံးက ဆောင်းကမဟုတ်ဘူးဟု ဆိုသည်။ လိမ်ညာခြင်းမဟုတ်ကြောင်း ဆောင်း၏မျက်လုံးများက ရိုးသားစွာဖော်ပြနေသဖြင့် သူဆက်မမေးခဲ့ပါ။ ဤသို့ဆိုလျှင် မည်သူပါနည်း။

နှင်းဆီတစ်ပွင့်အပေါ် စိတ်ဝင်စားနေမိသည့် အတွက်သူ့စိတ်ကို ဒွိဟဖြစ်မှာစိုးရိမ်မိသည်။ ဂစ်တာတစ်လက်ကို ကျောမှာလွယ်ထားပြီး နှင်းဆီတပွင့်ကို ကိုင်ဆောင်ထားရင်း လမ်းလျှောက်လာသော သူ့ပုံစံသည် ကဗျာဆန်ချင်လည်းဆန်နေလိမ့်မည် ဒါမှမဟုတ် အနုပညာဆန်တာလဲဖြစ်ချင်ဖြစ်နိုင်သည်။ ယနေ့ညအဖို့ သူ့အတွက်အလုပ် ဆင်းချိန်ကခါတိုင်းနဲ့မခြား နားပါ။ ပုံမှန်လည်ပတ်နေသော ဖြစ်ရိုးဖြစ်စဉ်အတိုင်းပါပင်။




ကောင်းကင် နဘယံမှ သုံသိုင်းညို့ရစ်မဲမှောင်နေသည့် တိမ်အုပ်ကြီးတွေက မကြာမီ ရွာချတော့မည့် မိုးစက်ပေါက်တွေအတွက် အားမွေးနေဟန်ရှိသည်။ သို့ပေမယ့် ကိစ္စမရှိ သည်တစ်ခေါက်တော့ ထိုမိုးစက်တွေကို ကာကွယ်ဖို့သူ့တွင် ထီးတစ်ချောင်း ပါနေခဲ့သည်ပဲလေ။



"အွန့်............................."



သူ့ရှေ့တွင် အဖြူရောင်ဝတ်စုံနဲ့လူတစ်ဎောက် ကတ္တရာလမ်းမကြီးပေါ်သို့ ခွေလဲကျသွားသည်။ ဧကံဏတော့ အမူးသမားတစ်ယောက် ဖြစ်မည် ထင်သည်။ သူ့ခြေလှမ်းတွေကို မပြေးရုံတမယ် ခပ်သုတ်သုတ်လေး လျှောက်သွားလိုက်သည်။ အနားသို့ရောက်သော် မှောက်လျက်လဲနေသည့် အမူးသမားကို ဆွဲထူပြီးလှန်ကြည့်လိုက်သည်။


"ဟာ........ဒီကောင်ပါလား....တောက် ! ဘယ်လောက်တောင် သောက်ထားလဲမသိဘူး နံစော်နေတာပဲ ထွီ........"


သူတော်တော်တော့ မှင်သက်သွားသည်။ ဘယ်လိုရေစက်မျိုးပါလိမ့်။ သည်လို ထောင့်မကျိုးသည့်ကောင်နဲ့မှ ခဏခဏလာဆုံနေရသည်လို့။ သည်မနက်ကမှ အနင်းခံလိုက်ရသည့် သူ့ချေထောက်လေးက အရောင်တောင်မလျော့သေးပါ။ စောစော မူးနေသည့်လူတစ်ယောက် ကိုကူညီရန် ဖြစ်ပေါ်လာသည့် သူ့စိတ်က ယခုတော့ အငွေ့ပြန်ပျောက်ကွယ်သွားသည်။ နေခဲ့ပေတော့ ငါကြည့်မရတဲ့လူတစ်ယောက်ကိုတော့ ကူညီဖို့ထူးခြားတဲ့ပါရမီ ငါ့မှာမရှိသေးဘူး။ မင်းထိုက်နဲ့မင်းကံပဲ။

အဖြူရောင် အပေါ်ကုတ်င်္အကျီ ကမြေကြီးပေါ်လဲထားလို့ ထင်သည် ညိုညစ်ညစ်အရောင်တွေ စွန်းလျက်ရှိသည်။ သူပွေ့ထူထားသော ၄င်း၏ခံန္ဓာကိုယ်ကို မြေကြီးပေါ်အသာပြန်ချလိုက်သည်။ အနားတွင်ချထားသည့် ဂစ်တာကိုပြန်ကောက်ကိုင်ပြီး ကျောခိုင်းထွက်ခွာလာခဲ့သည်။

လမ်းလျှောက်ရင်း တဖြည်းဖြည်းခပ်လှမ်းလှမ်းသို့ရောက်လာသည်။ သူလုပ်ရက်တွေက မှန်မှမန်ကန်ခဲ့ရဲ့လား။ အကယ်၍ မှန်သည်ဆိုရင်တောင် တရားနည်းလမ်းကျဖို့ မသေချာပါ။ အကြင်တရားကင်းမဲ့ ခြင်းတော့မဟုတ်ပါ။ ပင်ကိုယ်သဘာဝစိတ်၏ ခံပြင်းချက်တွန်းအားကြောင့် ဟုသူထင်သည်။ ၎င်းနေရာတွင် အခြားသူတစ်ဦးဆိုရလျှင်တော့ သူကူညီဖို့တုန့်ဆိုင်းနေမည် မဟုတ်ပါ။


"ဂျိမ်း.....................ဝေါ.............."


ရှစ်ခွင်မှိုင်း ညို့ညို့ဆိုင်းနေသည့်မိုးယံမှ ကြောက်ခမှန်းလိလိ မိုးချိမ်းသံကြီးနှင့်အတူ မိုးသီးမိုးပေါက်တွေ ကမပြောမဆိုဖြင့် ရွာချလာသည်။ သူကမန်းကတန်း ကောက်ခါပါလာသောထီးကိုဖွင့် လိုက်ရသည်။

မိုးသက်လေတွေ ကြောင့်မိုးရေစက်တွေက ထီးဆောင်းထားသည့် ကြားကပင် လူကိုလာလာပက်သည်။ ချမ်းစိမ့်စိမ့်အရသာက ကျောရိုးထဲစိမ့်၍ဝင်သွားသလား အောက်မေ့ရသည်။ ဘုရားဘုရား ငါတောင်ဒီလောက်ချမ်းနေရင် ဟိုကောင်ဆိုရင်...........တောက်! ဒီကောင်တော့သေတော့မှာပဲ။



တဖြိုက်နက်နက်ရွာနေသည့် မိုးစက်လေစက်တွေထဲတွင် သူ့ခြေလှမ်းတွေကို ရပ်တန့်တုန့်ဆိုင်းပလိုက်သည်။ နောက်ကြောင်းပြန်လှည့်ရပေတော့မည်။ အမုန်းတရားတွေ ခံပြင်းချက်အာဃာတ တွေနောက်မှထား ယခုလောလောဆယ်တော့ လူသားတစ်ဦးအနေနဲ့ရိုးရိုးလေး မြင်ပြီးစိတ်လျော့ပစ်လိုက်သည်။ သူထင်သည့်အတိုင်းပင် အမူးသမားက မိုးစက်ရွှံ့ရေတွေကြားထဲမှာ တုံးလုံးကြီးလှဲလျက်ရှိနေသည်။ ဒီအတိုင်းသာ နောက်နာရီအနည်းငယ်လောက် ဆက်နေပါက အသက်ထွက်သွားနိုင်လောက်သည်။



"ဘယ်လိုကောင်ပါလိမ့် ဒီလောက်တောင်မူးအောင် သောက်ထားရတယ်လို့ကွာ"



အေးစက်စက်ပျော့တွဲတွဲ နှင့်လေးပင်လှသည့်ခန္ဓာကိုယ်ကြီးကို ဆွဲထူကာ လက်တစ်ဖက်ကို သူ့ပခုံးပေါ်သို့သိုင်းယူ--ပြီး ကျောကုန်းပေါ်သို့ပိုးတင်လိုက်သည်။ အေးစက်တောင့်နေသည့် ခန္ဓာကိုယ်ကြီးဆီက ရေစက်တွေက သူ့ကျောပြင်ပေါ်သို့စီးကျလာပြီး ရိုးတွင်းချင်ဆီတွေထိအောင် လှိုက်ခုန်စိမ့်ခဲသွားသည်။ ဒီကိုယ်လုံးကြီးကို သူ့အိမ်ထိရောက်အောင် ဘယ်လိုလုပ်သယ်ရမှာပါလိမ့်......

************

နံနက်ခင်းနေဆိုပေမယ့် နေရောင်ခြည်သည် စူးစူးရှရှရှိနေပါသည်။ အိပ်ယာနိုး၍မျက်နှာသစ်ပြီးနောက် သူချက်ရန်ပြုတ်ရန် ဈေးသွားပြီးပြန်လာခဲ့သည်။ တစ်ကိုယ်တည်းသမားမို့ မိမိဘာသာ ချက်ပြုတ်စားရသည်မဟုတ်ပါလား။ အိမ်ရှေ့သို့ရောက်သော် စေ့ထားသော တံခါးကိုတွန်း၍ ဝင်လိုက်သည်။ သူ့ကုတင်ပေါ်တွင် ညက အမူးသမားက ဇိမ်ပြေနပြေကားကားကြီး အိပ်နေတုံးပင်။ ညက သူကုတင်ပေါ်တွင် နှစ်ယောက်မအိပ်ချင်သဖြင့် ကြမ်းပြင်ပေါ်တွင် သင်ဖျူးဖျာလေးခင်းပြီးတော့သာ အိပ်ခဲ့သဖြင့်ကျောရိုးတွေ အောင့်နေသည်။ ဒီသကောင့်သားကို သူ့အိမ်တွင်ကြာကြာလက်ခံမထားချင်ပါ။

ကြည့်လေဒေါသထွက်ချင် လာလေလေဖြစ်နေသည်။ သူများအိမ်မှာလဲ အိပ်သေးသည် နေဖင်ထိုးချိန်တိုင်အောင် မထသေးသည့်ကောာင်ကို ပညာပြဖို့သူဆုံးဖြတ်လိုက်သည်။ မီးဖိုခန်းထဲသို့ရောက်သော် မီးမွှေးရန်ပြင်သည်။ မီးခိုးငွေ့များများထွက်စေရန် ထင်းကုလားမီးသွေးတုံးတွေကို ရွေးပြီးမွှေးလိုက်သည်။ ခဏကြာသော် မီးခိုးငွေ့များ လိပ်ကာလိပ်ကာ ထွက်လာပြီး ထုပ်တန်းတစ်လျှောက်တက်သွားသည်။ ထိုမှတစ်ဆင့် အိမ်ရှေ့ခန်းထဲသို့ရောက် အောင် သူယပ်ခပ်ပြီး လေပင့်ပေးလိုက်သည်။ သူ့အိမ်ခန်းအတွင်း မီးခိုးတွေဖြင့်ပြည့်ကာ မွှန်လာသည်။


"အဟွတ်....... အဟွတ်......... အဟွတ်"

အိမ်ခန်းထဲမှချောင်းဆိုးသံကြားရသည်။ သူကြိတ်၍ပြုံးလိုက်သည် ။ သူရည်ရွယ်ချက် အောင်မြင်သွားသည်လေ။ အခြေအနေကို သိရရန်မီးဖိုးခန်းထဲမှ ထွက်လာပြီး ကုတင်နားသို့သွား ရပ်ကြည့်လိုက်သည်။ ကုတင်ပေါ်တွင် မျက်လုံးပေကလပ်ပေကလပ် ဖြင့်မျက်နှာကျက်ကို သကောင့်သားကမော့ကြည့်နေသည်။ သူလာသည်ကိုမြင်သွားသောအခါ လန့်သွားဟန်တူသည်။ မျက်လုံးကပို၍ ဝိုင်းစက်သွားသည်။



"မင်း......ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"


"ဟင်းဟင်း........ မင်းမေးတာမှားနေပြီ။ ငါဘယ်ကိုရောက်နေတာလဲလို့ မေးရမှာ"

သည်တော့မှ ဝုန်းကနဲထထိုင်ပြီး သူ့ကိုပြူးကြောင်ကြောင်ဖြင့်ကြည့်သည်။ အခန်းထဲကိုလှည့်ပတ် ကြည့်သည်။ ထို့နောက်သူ့ကိုသူ ပြန်ကြည့်ပြီး ကိုယ်မှာအဝတ်အစား ပါရှိမနေတာတွေ့သောအခါ မျက်နှာကြီးသုန်မှုန်သွားပြီး......

"ငါဘယ်ကိုရောက်နေတာလဲ ၊ငါဘာဖြစ်ခဲ့တာလဲ ၊မင်းငါ့ကိုဘာလုပ်ထားတာလဲ"


"ဟေ့ကောင် မင်းကိုငါကဘာလုပ်ရမှာလဲ။ မနေ့ညက မိုးရေထဲမှာမင်းမူးပြီးလဲနေတာ အသက်ထွက်သွားမှာစိုးလို့ ငါ့အိမ်ကိုအလေးခံပြီး ထမ်းခေါ်လာခဲ့တာ ။"


"ဟုတ်လား...... ဒါဆို .....ငါ့ကားရော"


"မင်းကားတော့မသိဘူး မင်းင်္အကျီထဲကဖုန်းနဲ့ ငွေမပါတဲ့ပိုက်စံအိတ်တစ်လုံးပဲတွေ့တယ်။ ငါသွားယူပေးမယ် ပြီးရင်မင်းပြန်တော့"


"နေပါဦး......ငါ့အဝတ်စားတွေကော ဘယ်ရောက်သွားလဲ"


"ရေစိုပြီးရွှံ့တွေပေနေလို့ ချွတ်ထားပေးတာ။ ကျွတ်ကျွတ်အိတ်နဲ့ထုပ်ထားတယ် ပြန်ရင်တစ်ခါတည်း ယူသွား။"


"ငါက ဒီပုံစံကြီးနဲ့ဘယ်လိုပြန်ရမှာလဲ"


"မင်းကကြိုက်မှန်းမကြိုက်မှန်း မသိလို့အဝတ်စားဝတ်မပေးထားမိတာပါ။ အဲ့ဒီ့ဘောင်းဘီတိုတောင်မြင်မကောင်းလို့ ဝတ်ပေးထားတာ။ ဆန္ဒရှိရင်တော့ ငါ့အဝတ်စားတစ်စုံ ယူဝတ်သွားပေါ့ကွာ"



သူ့အဝတ်စားတွေထဲမှ ခတ်နွမ်းနွမ်းတီရှပ်တစ်ထည်နဲ့ ဂျင်းပန်တစ်ထည်ကို ထုတ်ပေးလိုက်သည်။ သူဌေးသားမှန်းသိ၍ တမင်နှိပ်ကွက်ချင်သောကြောင့် ခပ်စုတ်စုတ်အဝတ်စားတွေကို ရွေးပေးလိုက်ချင်းဖြစ်သည်။ သူပေးလိုက်သည့် အဝတ်စားတွေဝတ်ပြီးသွားသော အခါ၎င်းပုံမှာ အထည်ကြီးပျက်သူဌေးသား ပုံပေါက်သွားသည်။ သူရယ်ချင်စိတ်တွေကို ထိန်းထားလိုက်ပြီး .........


"ရော့.................ဒီမှာ မင်းဖုန်းနဲ့ ပိုက်စံအိတ် ။ပြန်လို့ရပြီ"


"ဟို........ခဏလေးနေပါဦး။ ငါ့ကိုတစ်ခုခုလောက်ကျွေးပါလား ငါညကတည်းက အစာမစားဘဲအရက်သောက်ထားတာ အခုအရမ်းကိုဆာနေပြီ"



သူသနားသွားသည်။ ယခုတော့လဲ အစွယ်မရှိသည့် မြွေတစ်ကောင်လိုပါပင် သူ့မျက်နှာက မာန်မာနအရိပ်တို့ကင်းစင်လျက် တစ်ကယ့်ကိုဆာလောင်နေသည့်ဟန်ပေါက်နေသည်။ မဟုတ်မခံပင်ကိုယ်စိတ် ရှိပေမယ့် သူလဲအကြင်နာတရား ခေါင်းပါးသူမဟုတ်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။


"ဒါဆိုလည်း ခဏလေးစောင့်ကွာ ငါထမင်းအိုးတည်ထားတယ်။ ထမင်းကျက်ရင် မင်းကိုဟင်းတွေနွှေးပြီးကျွေးမယ် ဟုတ်ပလား"


ဒီကောင်သူ့စကားဆုံးတော့ပြုံးပြသည်။ မျက်ခုံးနက်နက် မျက်လုံးမျက်ဖန် ကောင်းကောင်း နဲ့အသားဖြူသူပီပီ ပြုံးလိုက်တော့ နှစ်လိုဖွယ်ရာမျက်နှာအသွင်က ထွက်လာသည်။ သူ့ထက်ပင်ချောပါသေးသည်။


"မင်းမျက်နှာသစ်ချင်ရင် နောက်ဖေးမှာရေတိုင်ကီရှိတယ်။ သွားတိုက်တံတော့ အပိုမရှိဘူး ဆားနဲ့ပဲတိုက်လိုက်။"


"အင်း အဆင်ပြေသလိုပေါ့"

သူမီးဖိုခမ်းထဲကို ဝင်လာခဲ့ပြီး ထမင်းအိုးကျက်အောင် စောင့်ကာ ဟင်းတွေနွှေးလိုက်သည်။ ထို့နောက် ထမင်းစားပွဲပေါ်သို့ ဟင်းခွက်တွေချကာ ပြင်ဆင်ပြီးနောက် လှမ်းခေါ်လိုက်သည်။


"လာတော့ စားလို့ရပြီ။ အဆင်သင့်ပဲ"


"မင်းရောမစားဘူးလား "


"ငါဈေးကစားခဲ့ပြီ။ မင်းပဲဝအောင်စားပါ။"


"ဪ မင်းတောင်ဈေးသွားပြီးပြီကိုး။ ငါအိပ်ယာထတာ တော်တော်နောက်ကျတာပဲ"



သူဘာမှမပြောဘဲ ပြုံရုံသာပြုံးလိုက်သည်။ သူ့ရှေ့တည့်တည့် ရှိလက်ဆေးဇလုံကို တွန်းပေးလိုက်ရင်း အမှတ်မထင်သူ့လက်ချောင်းလေးတွေကို သတိပြုမိသွားသည်။ ဒီကောင်ယောင်္ကျားလေးဖြစ်ပြီး လက်ကလေးတွေတော်တော်လှသည်။ ဖြူနုနေသည့်အသားအရည် ထက်တွင် မွှေးညှင်းနုလေးများပေါက်နေသည်။ သူသည်လို နုသွယ်နေသည့် လက်မျိုးကိုသဘောကျပါသည်။ သို့ပေမယ့် သူချစ်သောဆောင်းတွင်တော့ လက်သွယ်သွယ်လေးပေါ်တွင် သွေးကြောစိမ်းစိမ်းကြီးတွေသာ ရှိသည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ ငါမသိရသေးဘူးနော်"


"ငါ့နာမည် ဂီတ…….. နာမည်အပြည့်အစုံက ဂီတသံစဉ်တဲ့"


" ဪ ငါ့နာမည်က မုန်............."

"မုန်တိုင်းလေ မင်းနာမည်ကို ငါသိပါတယ်။ စကားမစပ် မင်းကတော်တော် ဟင်းချက်ကောင်းတယ်။ အရမ်းစားလို့ကောင်းတယ် ငါမြန်မာဟင်းကို ဒီလိုကောင်းကောင်းမစားရတာ ကြာပြီ"


"မင်းအိမ်က လူတွေက ချက်မကျွေးဘူးလား"


"ငါ့အိမ်က ငါ့အကိုနဲ့ငါနဲ့ပဲနေတာ အကိုကလည်းသူ့အလုပ်နဲ့သူရှုပ်နေတာ။ ဒီတော့ အိမ်ဖော်တွေချက်တာပဲ ကောင်းကောင်းမကောင်းကောင်း စားနေရတာ။ တစ်ခါတစ်လေကျရင်တော့ အပြင်မှာပဲစားလိုက်တယ်"


"ဪ…………. စားလို့ကောင်းတယ်ဆိုရင် နောက်ငါ့အိမ်ကိုလာလည်ပေါ့ကွာ။ ငါချက်ကျွေးပါ့မယ်"

သူ့စကားကြားတော့ ထမင်းစားနေရင်း တန်းလန်းမော့ကြည့်လာပါသည်။ ဟင်းဆီတွေဝင်းနေသည့် နှုတ်ခမ်းနှင့်သွားပေါ်အောင် ရယ်ကာပြောသည်။


"မင်းတစ်ကယ်ပြောတာလား ငါတစ်ကယ်လာစားမှာနော်"


"မင်းကနောက်နေတယ်ထင်လို့လား ငါကတစ်ယောက်ထဲနေတာ မင်းအချိန်မရွေးလာလို့ရတယ်။ "


"မနေ့ညက ငါ့ကိုကူညီတဲ့အတွက်ရော ဒီမနက်စာအတွက်ပါ မင်းကိုကျေးဇူးအရမ်းတင်တယ် မုန်တိုင်း ။ မင်းသာ ငါ့ကိုမကယ်ရင် ငါတော့ တစ်ခုခုဖြစ်နေလောက်ပြီ။"


"ရပါတယ်ကွာ........ သူငယ်ချင်းတွေလို့ စိတ်ထဲမှာမှတ်ထားလိုက်ပေါ့"


"ဒါဆိုငါပြန်တော့မယ် ..........နောက်နေ့မှမင်းဆီလာလည်မယ်"


"အင်းကောင်းပါပြီ..........."

သူလည်းထိုင်ရာမှထပြီး ဂီတကို အိမ်ရှေ့ပေါက်ထိ လိုက်ပို့လိုက်သည်။ တစ်ကယ်တော့ ဂီတက သူထင်သလောက်ကြီးမဟုတ်ပါ ပေါင်းလို့သင်းလို့ကောင်း မည့်ပုံပေါ်ပါသည်။ အိမ်ရှေ့သို့ရောက်သော် သူ့ကိုနှုတ်ဆက်ပြီး လှည့်ပြန်မည်အပြု.......

"ဂီတ နေဦး............မင်းအိမ်က ဘယ်မှာလဲ"


"ဗဟန်းမှာ………......"


"ဗဟန်းမှာ....မင်းမှာပိုက်စံမှမရှိဘဲ ဒီကနေဗဟန်းထိ လမ်းလျှေက်ပြန်မလို့လား။ ရော့.....ငါ့ဆီက ပိုက်စံနည်းနည်းယူသွားလိုက်။ "


"ငါမင်းကိုပြောရမှာ........ အားနာလို့ပါ"

သူ့အိတ်ကပ်ထဲရှိ ငါးထောင်တန်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။ ဂီတက သူ့ကိုခက်စိုစိုအကြည့်ဖြင့် ကြည့်ကာလက်လှမ်းယူသည်။ ထို့နောက် သူ့ကိုကျောခိုင်း၍ ထွက်ခွာသွားပါတော့သည်။



                                                                                                     ဆက်ရန်ရှိသေးသည်

                                                                                                          lovealone:P


0 comments:

Post a Comment