This is the best gay website for Myanmar gay peoples.

Saturday, July 14, 2012

On 8:15 PM by Unknown in    No comments






လမ်းလျှောက်လာရင်း အိမ်ရှေ့သို့ ရောက်မှန်းမသိရောက်လာသဖြင့် တွေးလက်စအတွေးတွေကို သူဖြတ်တောက်ပစ်လိုက်သည်။ အိမ်တံခါးမရှေ့သို့ရောက်တော့ ဖိနပ်ချွန်ပြီး အိမ်ပေါ်သို့တက်လာခဲ့သည်။



“ ကိုကို သားအတွက် မုန့်ပါလား”



သူအိမ်ပေါ်ရောက်သည်နှင့် အိပ်နေသော သူ့အမေနားတွင်ထိုင်နေသည့် သူ့ညီလေးဆီက စကားသံထွက်လာသည်။ သူတစ်ချက်ပြုံးလိုက်ရင်း လက်ထဲတွင် လမ်းမှဝယ်လာသော မုန့်ထုပ်လေးကို မြှောက်ပြလိုက်သည်။ ထို့နောက် သူ့ကိုမျှော်ကြည့်နေသော သူ့ညီလေးအနားသို့ ကပ်သွားလိုက်သည်။



“သား ကို့ကို ကိုစောင့်နေတာလား။ “



“ဟုတ်တယ်။ အမေက မုန့်သယ်လာတာကို မုန့်မ၀ယ်ကျွေးဘူးကိုကို။ ခဏခဏပူဆာရင် ရိုက်မယ်တဲ့”



သူညီလေးရဲ့ခေါင်းလေးကို ကိုင်ပြီးဆံပင်လေးတွေကိုပွတ်သပ်လိုက်သည်။ ထို့နောက် သူ့ပေါင်ပေါ်သို့ ဆွဲတင်လိုက်ကာ လက်ထဲရှိမုန့်ထုပ်ကိုပေးလိုက်သည်။ ညီလေးက သူ့ညီဆိုပေမယ့် သူကတော့ သူ့သားလေးတစ်ယောက်လို သတ်မှတ်ထားသည်။ ခေါ်လျှင်တောင်မှ သားလို့သာခေါ်သည်။ အမေ အသက်လေးဆယ်မှ မွေးသဖြင့် ညီလေးသည် သူနှင့် အသက် ၁၇ နှစ်ခန့်ကွာသည်။ ညီမလေးကတော့ သူနဲ့လေးနှစ်သာကွာသည်။





“အမေအိပ်နေတာလား သား။ “



“ဟုတ်တယ် ကိုကို။ အမေက ခေါင်းမူးလို့တဲ့ အိပ်နေတယ်။ သားကိုလဲ အိပ်ခိုင်းနေတာ။ “



“မုန့်က စားလို့ကောင်းလားသား”



“အင်း “



“ ကိုကို့ကိုလဲကျွေးပါဦးသားရဲ့။ ကိုကိုလည်း ဗိုက်ဆာနေတာ။ “



ညီလေးက သူ့ကိုမော့ကြည့်သည်။ ထို့နောက် လက်ထဲရှိ မုန့်အပဲ့လေးကို ကိုင်ပြီး သူ့ပါးစပ်နားသို့ ကပ်ပေးသည်။



“ ကိုကို ပါးစပ်ဟလေ………………..အာ……………….”



သူ့ကို မျက်လုံးပြူးပြူးလေးဖြင့် ကြည့်ကာ သူ့ပါးစပ်လေးကိုပါ ဟပြီး ဟန်လုပ်ပြနေသဖြင့် ဂီနိုရယ်ချင်သွားသည်။ ထို့နောက်သူ့ ပါးစပ်ဟပေးလိုက်၏။ သူပါးစပ်ဟပေးလိုက်တော့ ညီလေးက မုန့်အပဲ့လေးကို သူ့ပါးစပ်ထဲသို့ ခွံ့ပေးသည်။ ထို့နောက် သူ့ပေါင်ပေါ်သို့ ပြန်ထိုင်ကာ အိတ်ထဲမှ မုန့်တွေကို ထပ်ထုတ်ပြီးစားနေသည်။





“အဟွတ်……………….အဟွတ်…………..အဟွတ်………………အဟွတ်………….”



သူညီလေးခွံ့ကျွေးသည့်မုန့်ကိုစားနေရင်း အမေ့ဆီမှ ချောင်းဆိုးသံ ထွက်လာသည်။ သူညီလေးကို ပေါင်ပေါ်မှချကာ အမေ့နားသို့အသာကပ်သွားလိုက်သည်။ အမေက သူ့ကိုမျက်လုံးလေး အသာဖွင့်ပြီးကြည့်သည်။



“ အမေ နေမကောင်းဘူးဆို ။ ဘယ်လိုနေသေးလဲ “



“အေးသားရယ်။ ကိုယ်တွေလက်တွေကိုက်ပြီး ခေါင်းထဲအုံလာတာနဲ့ အ၀တ်လျှော်ရင်းတန်းလန်း ပြန်လာတာ။ ဒီကြားထဲ နင့်ညီလေးကလဲ တပူပူတဆာဆာ လုပ်နေလို့ ခြောက်ပြီး သိပ်ထားတာ။ သားထမင်းစားပြီးပြီလား သွားစားချေလေ။”



“ သားမဆာသေးပါဘူး အမေရယ်။ အမေနေမကောင်းရင်လဲ နားနားနေနေ နေလေအမေ။ သားအမေ့အတွက် ဆေးသွားဝယ်ပေးမယ်”



“ နားနားနေနေ နေလို့မရဘူးလေသားရယ်။ အိမ်မှာက အမေတစ်ယောက်ပဲ အလုပ်လုပ်နေရတာ။ နင့်ညီမကလည်း ကျောင်းက အလှူခံတယ်ဆိုလား။ ပိုက်စံကောက်တယ်ဆိုလား ဘာလားပဲ။ အဲ့ဒါ ပိုက်စံတောင်းနေတယ်။ မနက်ဖြန်မှပေးမယ်ဆိုပြီး ချော့မော့ပြီးကျောင်းကိုလွှတ်လိုက်ရတယ်။ “





အမေဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ အမေရယ်။ အမေသားတို့အပေါ်မှ တတ်နိုင်သလောက်တာဝန်ကျေ ခဲ့ပြီးပြီပဲ။ သားကျေနပ်ပါတယ်အမေ။ တကယ်တန်းအသုံးမကျတာက သားပါအမေ။ ဒီနေ့က စပြီး သားတို့မိသားစု အတွက် သားကြိုးစားမယ်အမေ။ သူ့စိတ်ထဲတွေးရင်း ၀မ်းနည်းလို့လာသည်။ ကံတရားကြီး၏ ရက်စက်မှုအောက်တွင် ကျိတ်မှိတ်ခံစားနေရသည့် သူ့မိသားစုလေးကို သူသနားသည်။ နွေးထွေးနေသည့် အမေ့လက်တွေကို သူဖြေးညှင်းစွာဆုပ်ကိုင်လိုက်သည်။ အမေကတော့ သူ့ကို ခပ်နွမ်းနွမ်း အကြည့်တွေဖြင့် ကြည့်နေသည်။ အင်းလေ အမေအားငယ်နေမည်ပေါ့။ အမေဆိုပေမယ့် အမေလဲ မိန်းမသားတစ်ယောက်ပဲလေ။ လောကဓံရဲ့ ရိုက်ပုတ်မှုကိုခံလာရသည့်အခါ မိန်းမသားဖြစ်နေသည့် အမေ အားငယ်စိုးရွံ့လာသည်မှ အဆန်းတော့မဟုတ်ပါ။



“သားအလုပ်ရပြီအမေ။ ဒီနေ့ကစပြီး အမေတို့ဘာမှမပူနဲ့တော့။ သားရှာလို့ရသမျှ အမေ့ကို အကုန်အပ်မယ်။ ပြီးတော့ အမေရယ် ညီမလေးရယ် ညီလေးရယ် ကို သား လူတန်းစေ့နေနိုင်အောင်ထားမယ်။ အမေဘာမှ အားမငယ်နဲ့နော်။ သားယောကျာ်းပါအမေ။ အဖေမရှိတော့ပေမယ့် အမေ့နားမှ သားမားမားမတ်မတ်ရပ်တည်နေမှာပါ။ အမေက ရွက်လှေကြီးဆို သားက လှော်တက်လေးပေါ့အမေရယ်။ အမေက ကောင်းကင်ကြီးဆို သားက လမင်လေးပေါ့။ အမေ အားတင်းထားနော် အမေ။ သားခဏနေဆေးသွားဝယ်မယ် ပြီးရင် သားတို့သားအမိတွေ ထမင်းစားကြမယ်နော်အမေ “





အမေ့မျက်နှာလေးပြုံးလာပါသည်။ အမေ့မျက်နှာက မိတ်ကပ်တွေ ချယ်မထားပေမယ့် လှနေသည်။ အမေ့နှုတ်ခမ်းက နှုတ်ခမ်းနီလိမ်းမထားပေမယ့် အမေဖန်ဆင်းသည့် အပြုံးသည် ကမ္ဘာပေါ်တွင် အလှဆုံးအပြုံးမျိုးဖြစ်သည်။ အမေ့ကိုသူချစ်ပါသည်။ သူ့ရင်ထဲ ဖြာကျလာသည့် ပီတိတွေသည် သူ့သွေးကြောတွေထဲထိ စီးဆင်းသွားကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြန့်နှံ့သွားသည် ။ မိသားစုတစ်ခု ၏နွေးထွေးမှု ကြင်နာမှုတို့သည် ဘာနှင့်မှလဲ၍မရနိုင်သော ချိုမြိန်ခြင်းတွေကို ပေးစွမ်းနိုင်သည်။ သူ့အတွက်တော့ သူ့မိသားစုလေးသည် အနှစ်အရသာ ပြည့်စုံသည့် အားဆေးတစ်ခွက်ထက်ပင် ပိုပြီးအာနိသင်ရှိနေပါသေးသည်။









                              *******************







“ ဒေါက်……………….ဒေါက်………………….ဒေါက်……………..ဟဲ့နီယွန် တံခါးဖွင့်စမ်း”



“ ဒေါက်…………….ဒေါက် နီယွန် တံခါးဖွင့်စမ်းဆို………………….”



နားထဲသို့ ဆူဆူညံညံအသံတွေ ၀င်လာသဖြင့် နီယွန် ခေါင်းထောင်ကြည့်မိသည်။ သူ့ခေါင်းတွေ အိပ်ရေးမ၀ သဖြင့် နောက်ကျိနေသည်။ သူ့မျက်လုံးတွေလဲ ဘာမှသဲသဲကွဲကွဲ မမြင်ရပဲ မှုန်ဝါးနေသည်။ အိပ်ယာထဲသို့ လူးလိမ့်နေလိုက်ရင်း ခေါင်းအုံးဖြင့် သူ့ခေါင်းကို ဖိကာဆက်အိပ်နေလိုက်သည်။ အပြင်ဖက်တွင်တော့ ပွက်ကလောရိုက်နေသည်။ မိုးမြင့် မိုးမြင့် ခင်ဗျားကျုပ်ကို တော်တော်ဒုက္ခပေးတာပဲ ။ အိပ်ကောင်ခြင်းမအိပ်ရ စားကောင်ခြင်းမစားရနဲ့။ အဖွားကြီးခင်ဗျား ၀ဋ်လည်လိမ့်ဦးမယ် ကြည့်နေ။





“ ဒေါက် …………..ဒေါက်…………နီယွန် နင့်ကိုခေါ်နေတယ်လေ။ တံခါးလာဖွင့်စမ်း။ တကယ်တည်းတော် လူခေါ်နေတာကို ခွေးဟောင်နေတယ်များ မှတ်နေလားမသိဘူး။ သောက်ရေးကိုမလုပ်ဘူး။ ဟဲ့ မြန်……..မြန်လာဖွင့် ၊ သေများသေနေပလားမသိဘူး “



“ဘာလဲဗျာ။ စောစောစီးစီး ဆူဆူညံညံလာလုပ်နေတာ”



သူတံခါးမဖွင့်ပေးသေးပဲ အိပ်ယာပေါ်ကနေ လှမ်းအော်လိုက်သည်။ သည်အဖွားကြီးကို သူကြည့်မရတာ ကြာပြီဖြစ်သည်။ ငွေကလွဲလျှင်ဘာမှ မသိသည့် အဖွားကြီး။





“နာရီကိုကြည့်ပါဦး သေနာရဲ့။ ခြောက်နာရီထိုးနေပြီ ခဏနေရင်ပဲမိုးချုပ်တော့မယ်။ မနက်က နင့်ကိုအိပ်ပါဆိုတော့ မအိပ်ဘူး စောက်ဖဲကို ရိုက်နေတယ်။ အခုကျမှအော်မနေနဲ့။ တံခါးမြန်မြန်လာဖွင့် နင့်အခန်းထဲကို လူသစ်ထဲ့မလို့”



“ခင်ဗျားကို ကျုပ်ဘာပြောထားလဲ။ ကျုပ်လူတွေနဲ့ ရောရောနှောနှောမနေချင်ဘူး။ အဲ့ဒီ လူသစ်ကို တခြားအခန်းကို ပို့လိုက်။ “



“နင်ဆရာမလုပ်စမ်းပါနဲ့ နီယွန်။ ကဲ တံခါးဖွင့်မှာလား မဖွင့်ဘူးလား။ ငါ့သော့နဲ့ ၀င်လာရမလား “





သူစိတ်ရှိလက်ရှိသာ အော်ပစ်လိုက်ချင်သည်။ သည်အဖွားကြီးကို လည်ပင်းသာညှစ်လိုက်ရရင် ဟုတွေးမိသည်။ ရန်ဖြစ်ရအောင်လဲ ယောကျာ်းလဲမဟုတ် မိန်းမလားဆိုတော့လဲ မဟုတ်ပြန်။ လူ့ဂွစာ အဖွားကြီး။



“ ခဏနေဦး။ ကျုပ်ဘာမှ ၀တ်မထားဘူး ။ “



သူကုတင်ခြေရင်းရှိ ချွတ်ပြီးပုံထားသည့် ဂျင်းဘောင်းဘီကို ကဗျာကရာကောက်ဝတ်လိုက်သည်။ ထို့နောက် ဘောင်းဘီဇစ်တပ်ကာ ကုတင်ပေါ်မှ ထလိုက်၏။ သူ့ခေါင်းတွေကတော့ နောက်ကျိနေဆဲပင်။ ကုတင်ခေါင်းရင်းရှိနာရီလေးကို ကြည့်လိုက်တော့ ဟုတ်သည်။ ညနေခြောက်နာရီထိုးနေချေပြီ။ သူတို့က ညအလုပ်လုပ်ရသည်ဆိုတော့ နေ့လည်က သူတို့အိပ်ချိန်ဖြစ်သည်။ သူနေ့နဲ့ည မှားနေခဲ့သည်က ကြာပြီပဲလေ။





ကုတင်ပေါ်မှဆင်းကာ အခန်းတွင်းစီး ဖိနပ်ကိုကောက်စီးကာ တံခါးပေါက်ရှိရာသို့ လျှောက်လာခဲ့သည်။ ထို့နောက် တံခါးဘုကိုလှည့်ကာ အသာဖွင့်လိုက်၏။ သူအရင်ဆုံးမြင်လိုက်ရသည်က ကမ္ဘာပေါ်တွင် သူအမုန်းဆုံးမျက်နှာ။ ထို့နောက် အနောက်ကို အကြည့်ရောက်သွားသည့်အခါ သူအသက်ရှုရပ်သွားသည်။





“ဖယ်……………….အရှေ့က။ ကဲလာ ကောင်လေး ။ ဒါမင်းနေရမယ့်အခန်းပဲ ။ မမ မင်းကိုလိုက်ပြမယ် ၀င်ခဲ့။ “



မိုးမြင့်က သူ့ကိုတိုက်ကာ အခန်းထဲသို့ ဇွတ်ဝင်သွားသည်။ မိုးမြင့်အနောက်မှ ကောင်လေးက သူ့ကိုမြင်တော့ မျက်လုံးပြူးသွားသည်။ ထို့နောက်သူ့ကို ကြည့်ပြီးတစ်စုံတစ်ခု ပြောမည်ကြံနေသဖြင့် သူ့ပါးစပ်နားသို့ လက်ညှိးကပ်ကာ တိတ်တိတ်နေဟု အချက်ပြလိုက်၏။ သည်ကောင်လေးက ဘယ်လိုလုပ် ဒီကိုရောက်လာသည်မသိပါ။ ကြည့်ရသည်မှ မိုးမြင့် လက်ချက်ပဲဖြစ်မည်ထင်သည်။ သူ့တုန်းကလဲ မအူမလည်ဖြင့် မိုးမြင့်စည်းရုံးတာကို ယုံပြီးရောက်လာခဲ့ခြင်းဖြစ်သည်။





“မောင်လေး မင်းနေရမှာ ဒီအခန်းမှာပဲ။ စားတာလဲ ဒီမှာပဲ စား။ နေတာလဲ ဒီမှာပဲနေ အိမ်ခဏပြန်ချင်ရင်တော့ မမဆီကခွင့်တောင်းပေါ့ကွယ်။ ဒီညတော့ မင်းအလုပ်မလုပ်နဲ့ဦး မနက်ဖြန်ညမှ စလုပ်ရမယ်။ ဟဲ့……………နီယွန် ဒီကောင်လေးကို သင်စရာရှိတာတွေ နင်ပဲသင်ပေးလိုက် ကြားလား”



ဂီနိုက သူ့ကိုမမှိတ်မသုံကြည့်နေသည်။ သူဂီနိုကို ပြုံးပြလိုက်သည်။ ပြုံးမပြရလျှင် လည်းတခြားသူဘာများတက် နိုင်ဦးပါမည်နည်း။ သူအခုမှသတိထားမိသည်။ ဂီနိုက သူဝယ်ပေးထားသည့် ဖိနပ်ကလေးကို စီးထားတုန်းပင်။



“နီယွန်လည်း ဒီညသူ့ကို သင်ပေးရဦးမှာဆိုတော့။ အောက်ကိုမဆင်းချင်မဆင်းနဲ့တော့ ။ ဒါပေမယ့် တစ်ရက်နဲ့တတ်အောင်သင်ပေးရမယ်။ ငါ့အချိန်တွေအလကား မရဘူး။”



“ခင်ဗျား ဒီမှာရှိတဲ့လူတွေ တစ်ဝက်လောက်က ကျုပ်သင်ပေးထားတာပါ။ ကျုပ်သင်ရင် ဘယ်တုန်းက မတတ်တာရှိလို့လဲ ကိုမိုးမြင့်ရဲ့”



“ ခေါ်ပြန်ပြီလား။ နင်……………..နင်နော် ငါ့ကိုနော် ။ ဟင်း………….။”



နီယွန် မိုးမြင့်ကို ကြည့်ရင်းမခိုးမခန့်ကြည့်လိုက်မိသည်။ မိုးမြင့်က သူ့ကို ကို တပ်ခေါ်လျှင်မကြိုက်မှန်း သူမသိသည်မဟုတ် သိသည်။ သို့သော် တမင်သက်သက်ခေါ်ခြင်းဖြစ်သည်။ မိုးမြင့်သူ့စကားကြောင့် နည်းနည်းလေး စိတ်သောကရောက်သွားလျှင် ပင်သူကျေနပ်သည်။ မိုးမြင့်ကြောင့် သူ့ဘ၀ကြီး စုတ်ပြက်သပ်သွားခဲ့သည်ပဲလေ။ သူကတော့ တက်နိုင်သလောက် မိုးမြင့်ကိုကြုံလျှင် ကြုံသလိုဒုက္ခပေး ချင်သည်။ မိုးမြင့်က သူ့စကားကြောင့် စိတ်ဆိုးပြီး တံခါးကိုဆောင့်ကြီးအောင့်ကြီး ပိတ်ကာ အပြင်သို့ ထွက်သွားသည်။ သူ့မျက်လုံးထဲတွင် သဘောကျသည့်အရိပ်အယောင်တွေဖြင့် မိုးမြင့်၏ နောက်ကျောကို ကြည့်လိုက်သည်။





“မင်းက နီယွန်………..မဟုတ်လား။ ဟိုငါ့ကို ဖိနပ်……………..”



“အင်း ဟုတ်တယ်။ မင်းလည်းဒီကိုရောက်လာတာပဲကိုး။ ငါမင်းကိုစတွေ့တုန်းကတော့ မင်းရုပ်ကလေးနဲ့ ဆိုဖြစ်နိုင်မယ်လို့တော့ စဉ်းစားမိသား။ ဒါပေမယ့် ဒီအလုပ်က ကောင်းတဲ့အလုပ်မဟုတ်တော့ သူများသားသမီးကို မဖျက်ဆီးချင်တာနဲ့ ငါမင်းကိုဘာမှမပြောပဲနေတာ။ “



“ငါက ငွေလိုနေလို့ ဒီအလုပ်ကို လုပ်ဖို့ရွေးချယ်မိလိုက်တာပါ။ အခုလောလောဆယ်မှာ ဒီလိုဝင်ငွေကောင်းကောင်းနဲ့ အလုပ်လွယ်လွယ်ရဖို့ဆိုတာ မလွယ်ဘူးလေ။ ဒါပေမယ့်………….”



“အင်း။ ဒါပေမယ့် ဘာဖြစ်လဲ”



“ငါနှမြောတယ်…………………ငါ့ရဲ့ပထမဦးဆုံး လူပျိုဘ၀ကို ဒီလိုစတင်ခဲ့ရတာကိုပေါ့။ ဒါပေမယ့် ငါရဲ့ဘ၀ထက် အရေးကြီးတာတွေက ငါ့ရဲ့နောက်ကွယ်မှာ အများကြီးရှိနေသေးတော့ ငါမှုနေလို့ မထူးတော့ပါဘူး။ “



” မင်းကိုမြင်ကတည်းက ကောင်းသောလာခြင်းမဟုတ်ဘူးဆိုတာ ငါရိပ်မိပါတယ်။ ဒီလိုပါပဲ လူ့ဘ၀ဆိုတာ တစ်ခါတစ်လေကျရင် တိမ်မယောင်နဲ့နက်တယ် လွယ်မယောင်နဲ့လဲခက်တာပဲလေ။ မင်းအတွက် ငါစိတ်မကောင်းပါဘူး။ “





ဂီနို့မျက်နှာလေး ညိုးနွမ်းနေသည်။ သူဂီနို့ကို မြင်တော့ စိတ်မကောင်းဖြစ်သွားသည်။ သနားလဲ သနားမိသည်။ သူကိုယ်တိုင် ကြုံဖူးခံစားဖူးနေသည့် ခံစားချက်တွေကို သူ့ရှေ့မှာ လူတစ်ယောက် ခံစားနေရသည်ကို မြင်သောအခါသူကိုယ်ချင်းစာမိသည်။ လူ့ဘ၀ရဲ့ နက်ရှိုင်းတဲ့အဓိပ္ပါယ်တွေက သူတို့ကို နာကျည်းစရာဝေဒနာတွေ ပိုလို့တိုးအောင်ပေးစွမ်းနေပါသည်။





“စိတ်မကောင်းမဖြစ်ပါနဲ့ နီယွန်ရာ။ ဒီလမ်းကို ငါကိုယ်တိုင်က ကျေကျေနပ်နပ်ကြီးရွေးချယ်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ငါ့မိသားစုအတွက်ပေးဆပ်ရတာပဲ တန်ပါတယ်။ နောက်ပြီးတော့ အခုဆိုရင်ငါ့မှာ မင်းလိုခင်စရာကောင်းတဲ့ သူငယ်ချင်းတစ်ယောက်လဲ ရှိနေပြီလေ။ မင်းနဲ့ငါနဲ့ သူငယ်ချင်းတွေ မဟုတ်လား”



သူဂီနို့အနားသို့ ကပ်သွားလိုက်သည်။ ထို့နောက် ဂီနို့ပခုံးပေါ်သို့ တစ်ချက်ပုတ်လိုက်ပြီး



“ဒါပေါ့ ဂီနိုရာ ။ အခုနေတုန်းတော့ သူငယ်ချင်းတွေပေါ့”





သူဂီနို့လက်ထဲက ကိုင်ထားသည့် အ၀တ်စားထုတ်တွေကို ယူကာ ဂီနို့ကိုမျက်နှာလွှဲပစ်လိုက်သည်။ ဒီကောင်လေးကို သင်စရာရှိတာတွေ သင်စရာရှိတာတွေသင်ပေးရဦးမည်။







                                             ********************





အခန်းမီးရောင်ဖျော့တော့တော့ အောက်တွင် ဂီနိုနှင့် နီယွန်နှစ်ဦးသား တစ်ဦးကို တစ်ဦးစိုက်ကြည့်ရင်း ငြိမ်သက်နေကြသည်။ ဂီနိုက ကုတင်ပေါ်တွင် ထိုင်လျှက် ရှိသည်။ နီယွန်ကတော့ ဂီနို့နဘေးတွင် မတ်တပ်ရပ်နေရင်း ဂီနို့ကိုလက်ပိုက်လျှက်ကြည့်နေသည်။ ဂီနို့စိတ်ထဲတွင် ရှက်ရွံ့နေသလိုလို ကြောက်လန့်နေသလိုလို တစ်ခုခုကို မချင့်မရဲ့ဖြစ်နေ၏။ ဂီနို့ရင်ခုန်သံတွေဟာလဲ တစ်စတစ်စ အရှိန်ပြင်းထန်စွာပေါက်ကွဲနေသည့် မီးတောင်ကြီးပမာ ၀ုန်းဒိုင်းကြဲနေသည်။ ယခု သူခန္ဓာကိုယ်တွင် အ၀တ်အစားဟူ၍ အတွင်းခံလေးနှင့် ခါးတွင်ပတ်ထားသည် နံငယ်ပိုင်းပုဝါလေးသာ ရှိသည်။



                                                                                                        ဆက်ရန်ရှိသေးသည်
                                                                                                            lovelaone:P
                                                                                             boytheboy.sept@gmail.com








0 comments:

Post a Comment