This is the best gay website for Myanmar gay peoples.

Saturday, July 28, 2012

On 7:47 AM by Felix Min in    3 comments

အကို့--------စာအုပ်လေး

နူးညံ့တဲ့အကိုလက်ကလေးနဲ့အမြဲနွေးထွေးမှုပေးတဲ့
အကိုအမြဲဂရုတစိုက်ရှိတဲ့ အကို့အတွေးထဲနေရာယူတဲ့
အကို့နှလုံးသားထဲ ၀င်ရောက်စွာရှိနေတဲ့
စာအုပ်လေး အမြဲဖြစ်ပါရစေ။ ။
###
အခန်း(၂)
အကိုနှင့်ပထမဦးဆုံးစတွေ့ဆုံသည့်နေ့ပါ၊…..

နေပူပူတွင် ဘက်စ်ကားဂိတ်သို့အမြန်သွားနေရသည့် ကျွန်တော့်အတွက်ချွေးများသည် ရေပမာပင်နဖူးမှ စီးဆင်းကျလာခဲ့
သည်။ ဘက်စ်ကားဂိတ်သို့ရောက်ခါနီးတွင် ကျွန်တော်လိုက်ပါရမည်ကားမှာ ထွက်ရန်ပင်ပြင်နေလေပြီ။ ကျွန်တော့်ခြေလှမ်း
များမြန်မြန်မလှမ်းပေ။ အပြေးခြေလှမ်းများအဖြစ် ပြောင်းခဲ့လိုက်မိသည်။ ကားနားရောက်ခါနီးတွင် ဘေးနားမှတစ်စုံတစ်
ယောက်မှာ ရုတ်တရတ်ဝင်ရောက်လာခဲ့လေသည်။
*အား…*
နှစ်ယောက်စလုံးပြိုင်တူထွက်လာသောအသံဖြစ်သည်။
ကျွန်တော်မှာ နာကြင်သော လက်မောင်းအားကိုင်ကာ ခွေကာကျသွားသော ကတ္တရာလမ်းပေါ်မှ ထလိုက်ပြီး ကားကိုလိုက်
ရန်ပြင်လိုက်ရာ..
*ဟိတ်….. ခဏနေဦး*
ကျွန်တော့်နာကြင်နေသောလက်မောင်းအား လဲကျနေသောသူမှလှမ်း၍ဆွဲလိုက်လေသည်။
*အား…..နာတယ်..*
*အော်…ဆော်ဒီး….*
သူလွှတ်လိုက်သော်လည်း ကျွန်တော်လိုက်ပါရမည့်ကားမှာ ထွက်၍သွားလေပြီ။ မိမိကိုယ်ကိုစိတ်ပျက်ဟန်ဖြင့် တောက်
ခေါက်လိုက်သည်။ နောက်ထက်နာရီဝက်ခန့်စောင့်ရပေဦးမယ်။ ကျွန်တော်ဒေါသများဖြင့်ဘေးနားမှ လူအားကြည့်လိုက်
သည်။
*ဒီမှာ…. *
ထိုသူမှာတော့ သူ့၏စာအုပ်များအား တစ်အုပ်စီလိုက်၍ကောက်နေလေသည်။
*ဒီမှာ…ဒီမှာ..*
ကျွန်တော့်အသံကြောင့် မြင်လိုက်ရသော မြင်ကွင်းလေးတစ်ခုမှာ ကျွန်တော့်အတွက်နှလုံးသားများတုန်လှုပ်စေခဲ့ပါသည်။
ဆူးရှလှသော မျက်လုံးတစ်စုံ…၊ ဆွဲဆောင်မှုရှိလှသောကိုယ်လုံး…၊ စိုပြေလှသောအသားအရေ…၊ နူးညံ့ကာအနီရောင်သန်း
နေသော နှတ်ခမ်းတစ်စုံ…၊ တည်ငြိမ်လှသောမျက်နှာ… တို့ကိုပိုင်ဆိုင်ထားသော သူတစ်ဦးဖြစ်လေသည်။
*ဘာလဲ… ခုနကဆွဲမိတဲ့ အတွက်ဆော်ဒီး… မင်းက၀င်တိုက်တာဆိုတော့ ပြန်တောင်းပန်သင့်တယ်ထင်လို့….*
*-------*
*ငါ့စာအုပ်တော်တော်များများသဲတွေပေသွားပြီ.. နောက်တစ်ခါဆင်ခြင်ပါ..*
သူစကားများ ပြောပြီးသည့်အထိ စွံ့အခဲ့ပါသည်။ သူသည်စာအုပ်များကောက်ပြီးသွားကာ ကားဂိတ်မှထွက်သွားရန်ပြင်
လိုက်သည်။
*အော်..ဒီမှာ..*
*ဘာလဲ..*
*ဆော်ဒီး…လို့ပြောမလို့..*
*ရပါတယ်… နောက်နောင်ဆင်ခြင်ပေါ့*

On 7:34 AM by Felix Min in    6 comments

လရောင်နှင့်လွမ်းသူ”

“သား..ဒီနေ့ပါတီပွဲကအရေးကြီးတယ်နော်.. အမေတို့ရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေအများကြီး
လာကျမှာ  အ၀တ်အစားကိုသေသေသပ်သပ်ဝတ်နော်.”
အကျီများရွေးနေသော ဖြိုးလရောင်ကို..အမေဖြစ်သူ ဒေါ်မြကတ္တီပါ မှအနောက်မှပြောနေခြင်းဖြစ်သည်။
“မာမီရေ သားသိပါတယ်.. မာမီအဲ့လိုကြည့်နေတော့ သားဘယ်လိုအ၀တ်အစားလဲလို့ရမလဲ”
“အော်အေးအေး… မာမီနဲ့ဒယ်ဒီအောက်မှာစောင့်နေမယ်နော် မြန်မြန်ဝတ်ပြီးလာခဲ့..”
ဒေါ်မြကတ္တီပါ မှာဖြိုးလရောင်အား မှာလျက်အောက်ထပ်ကိုဆင်းသွားတော့သည်။
ဖြိုးလရောင်မှာ ပါတီပွဲတွင်ဝတ်နေကျ အနောက်တိုင်းဝတ်စုံကိုသာ ထုတ်ပြီး ၀တ်လိုက်တော့သည်။
******************************************************************
“မေမေ..သားဘာဝတ်ရမလဲ. လာကြည့်ပေးပါဦး”
သားဖြစ်သူ ထက်လွမ်းသူ အော်သံကြောင့် ဒေါ်နှင်းမူယာ မှာအပေါ်ထပ်သို့ပြေးတက်လာခဲ့လေသည်။
“ဟဲ့.. လွမ်းသူ အခုထိဘာမှမ၀တ်ရသေးဘူးလား. မြန်မြန်ဝတ်လေ.. ဒုက္ခပါဘဲ ဒီပါတီကအရေးကြီးတယ်
အနောက်တိုင်းဝတ်စုံလေးဝတ်လေ.. ”
ထက်လွမ်းသူ၏လက်များမှာ အနောက်တိုင်းဝတ်စုံလေးကိုယူလိုက်ကာ..
“လိုက်တယ်မလား..မေမေ ၀တ်လိုက်မယ်နော်..”
“အေးအေး…လာမြန်မြန်ဆင်းမယ်..အောက်မှာ နင့်အဖေစောင့်နေတယ်..”
ထက်လွမ်းသူမှာ ၀တ်စုံကိုဝတ်ကာ အမေဖြစ်သူ ဒေါ်နှင်းမူယာနှင့်အတူတူအောက်ထပ်ကို ဆင်းလာ
ခဲ့တော့သည်။
********************************************************************
အထက်တန်းလွှာစီးပွားရေး လူမှုရေးပုဂ္ဂိုလ်များနဲ့ ပါတီလေးမှာမြန်မာနိုင်ငံရဲ့ ဟိုတယ်တစ်ခုမှာဖြစ်ပေမဲ့ အနောက်နိုင်ငံများနဲ့ဆင်တူလှလေသည်။ မိသားစုပါတီလေးဖြစ်၍လူကြီးများနှင့်လူငယ်များမှာ သီးသန့်ဖြစ်နေသည်။
လူကြီးများမှာ မိမိလုပ်ငန်းအကြောင်း အိမ်မိသားစုအကြောင်းကိုယ့်အဖွဲ့အလိုက် ၀ိုင်းဖွဲ့ပြောနေကျ
ပေမဲ့ လူငယ်များမှာတော့ ပျော်စရာများကို စုဝေးကာ ရယ်မောပြီးပြောနေကျသည်..။
“လရောင် မင်းရည်းစားမထားသေးဘူးလား မင်းကိုကြိုက်နေတဲ့ကောင်မလေးတွေ အများကြီးဘဲလေ”
ဖြိုးလရောင်တို့သူငယ်ချင်းဝိုင်းမှ ရဲနိုင် မှာဖြိုးလရောင်ကိုလှမ်း၍မေးလိုက်လေသည်.။
“ရဲနိုင်ရယ်မထားချင်ပါဘူး ရည်းစားထားရတာအလုပ်ရှုပ်တယ်ကွ အပိုပိုက်ဆံတွေလည်းကုန်တယ်.”
“ဟမ်..သူဋေးသားကများ ပိုက်ဆံအကြောင်းညည်းနေသေးတယ် အပိုတွေမပြောပါနဲ့ကွာ
ပိုက်ဆံကိုယပ်ခက်ပြီးတောင် နေလို့ရတဲ့ မင်းတို့မိသားစုအကြောင်းကို လူတိုင်းသိပါတယ်”
ရဲနိုင်ပြောသောစကားကိုအားလုံးမှာထောက်ခံကျသည်။ ဖြိုးလရောင်မှာတော့ မည်သည့်တခွန်းမှပြန်မပြောနိုင်
ဖြိုးလရောင်ပြုံးလိုက်ရင်း အ၀င်ပေါက်ဝကိုလှမ်းကြည့်မိလိုက်သည်..။ ထိုအချိန်မိသားစုတစ်စုဝင်လာလေသည်။

On 7:25 AM by Felix Min in    2 comments
“အဘယ်ကြောင့်ဆိုသော်”


အချစ်ဆိုတာ   ရယူခြင်းလား။   အချစ်ဆိုတာ   ပေးဆပ်ခြင်းလား။   အချစ်ဆိုတာ   တောင်းတခြင်းလား။
ကျွန်တော်မသိနိုင်ခြင်းများထဲတွင်   အချစ်သည်တစ်ခုအပါအ၀င်ဖြစ်လေသည်။
ညီ့ရော အချစ်ကိုသိနိုင်ပါမည်လား။
###
(က)

“အကို ကျွန်မတို့မင်္ဂလာဆောင်ရအောင်”
နန်းနွယ်ဆီမှကြားလိုက်ရသော စကားကြောင့်ကျွန်တော်ငေးနေရင်း အကြည့်များသူ့ဆီကျရောက်သွားခဲ့သည်။
သူမကတော့ပြုံးလျက်သာ….။
“အကို.. မင်္ဂဆောင်ဖို့စိတ်မကူးသေးဘူး နန်း..”
ကျွန်တော့်ဆီမှဒီလိုစကားမျိုးသာ ထွက်လာမည်ဆိုသည်ကို နန်းနွယ်ကြိုသိချင်သိပါလိမ့်မည်။ ထို့ကြောင့်သာ
နန်းနွယ်သက်ပြင်းတစ်ချက်ကလေးမှမချဘဲ ပြုံးလျက်သာ ကျွန်တော့်လက်မောင်းအားသူမလက်ကလေးများ
ဖြင့်ချိတ်ထားခဲ့သည်။..
ကျွန်တော်တို့နှစ်ယောက်အင်းယားကန်ဘောင် လမ်းကလေးအတိုင်းလျှောက်လာခဲ့ကြသည်။ ဤလမ်းကလေး
ကိုကျွန်တော်မှတ်မိပါသည်။ ကျွန်တော်နဲ့ညီတို့အတူတူလျှောက်ခဲ့တာဘဲလေ။ တစ်ခါမဟုတ်နှစ်ခါမဟုတ် လက်
ချင်းကိုင်ကာ မည်သူ့ကိုမှဂရုမစိုက်သည့်နှယ် အတူတူလျှောက်ခဲ့ဖူးသည့်ရက်များ မနည်းပေ။ ယခုကျွန်တော်
ညီမဟုတ်သော တခြားအမျိုးသမီးတစ်ဦးဖြင့် ဤလမ်းကိုလျှောက်နေခြင်းဖြစ်သည်။
“အကို.. ဘာတွေစဉ်းစားနေတာလဲ ကျွန်မတို့အကြော်စားကြရအောင်လေ..”
ဘယ်လိုပြောလိုက်တာလဲ နန်းနွယ်.. အကြော်စားမယ်ဟုတ်လား ညီနဲ့အမြဲစားနေကျ အင်းယားလမ်းအကြော်
ဆိုင်လေးဘဲ… အခုကျွန်တော်တစ်ယောက်တည်း မိန်းကလေးတစ်ဦးနဲ့လာရောက်စားလျှင် ဆိုင်ကမမှတ်မိဘဲ
နေပါမည်လား…။
“စားလေ..နန်း”
စိတ်ထဲမှမစားရန်တားမြစ်သော်လည်း နှတ်ခမ်းမှ စားလေဆိုသော လိုက်ရောမှုသာထွက်လာခဲ့သည်။
“အော်…ညီလေး..တစ်ယောက်တည်းလား ဟို..ညီလေးကော်မပါဘူးလား..”
စစထိုင်ခြင်းပင် ဆိုင်ရှင်အကိုကြီး၏ မေးသောစကားမှာထင်ထားသည့်အတိုင်းသာဖြစ်သည်။ ကျွန်တော်မည်
သည့်အဖြေမှ ပြန်မပေးတော့ဘဲ၊ နှတ်ခမ်းလေးမှဟန်ဆောင် အပြုံးလေးတစ်ခုဖန်ဆင်းကာ ခေါင်းလေးငုံ့ကာ
ဝင်ထိုင်လိုက်သည်။ ဒီအကြော်ဆိုင်ကလေးဟာ ညီအရမ်းကြိုက်တဲ့အကြော်ဆိုင်လေးပေါ့။ ကန်ဘောင်ရောက်
တိုင်းအမြဲလာစားနေကျပဲလေ။ ညီအမြဲစားနေကျ ဘူးသီးကြော် အားလူးကြော်၊ စုံနေအောင်စားတတ်သည်မှာ
ညီ့အကျင့်တစ်ခုသာဖြစ်သည်။ ကျွန်တော်မှာတော့ နဂိုကတည်းကဗိုက်မကောင်းသောကြောင့် ညီစားနေသည်
ကိုသာ ထိုင်ကြည့်ရင်း တစ်ခုနှစ်ခုလောက်သာစားနိုင်သည်။ အကြော်စားလျှင် ငရုတ်ဆီများနှတ်ခမ်းတွင် အမြဲ
ပေနေတတ်သဖြင့် ကျွန်တော်တစ်သျှူးအမြဲဆောင်ထား တတ်သည်။ အစားစားလျှင်ကလေးလေးအတိုင်းပင်
ပေတတ်သောညီ့ကို ကျွန်တော်အမြဲ စလျှင်ညီစိတ်ကောက်သည်မှာ တစ်ခါထက်မနည်းပေ။
ကျွန်တော်စိတ်ကူးများ ပြန့်လွင့်နေချိန်တွင် နန်းနွယ်မှာတော့ အကြော်ရောင်းသော သူနှင့် အစမရှိအဆုံးမသိ
သောစကားများ ရေပက်မ၀င်အောင်ပြောဆိုနေလေသည်။ သူပြောသောအကြောင်းတွင် ကျွန်တော်နှင့်သူနှင့်
မကြာမီ လင်မယားဖြစ်တော့မည့်ကိစ္စမှာ အက်ကြောင်းထက်လောက်အောင် အမြဲပါနေလေသည်။ မိန်းကလေး
များသည် စကားများကို ဤကဲ့သို့ပင်အာပေါက်အောင် ပြောတတ်ပါရဲ့လားဟု ကျွန်တော်စဉ်းစားလိုက်မိသည်။


Friday, July 27, 2012

On 9:06 AM by Myanmar Cute Gay Boy in    3 comments
ကဲ gay movie ဇာတ်ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပြန်ပါပြီခင်ဗျား။ ဒီဇာတ်ကားလေးက ဗီယက်နမ်နိုင်ကရိုက်ကူးထားတာလေးပါ။ offer boy တွေကိုစိတ်ဝင်စားတဲ့ သူငယ်ချင်းများ ဒီကားလေးကို ကြည့်ကျပါ။ ဒီကားလေးထဲမှာ offer boy တွေရဲ့ဘ၀ကို ထင်ထင်ရှားရှားသရုပ်ဖော်ပြထားတာဖြစ်ပြီး လူ့ဘ၀ရဲ့ အရှုပ်အထွေးတွေနဲ့ ချစ်ခြင်းမေတ္တာတရားရဲ့ ဆန်းကြယ်ပုံကို ဖန်တီးတင်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးက သိပ်ပြီးတော့လဲသနားစရာကောင်းသလို သိပ်ပြီးတော့ လဲဝမ်းနည်းကြေကွဲဖွယ်ရာကောင်းပါတယ်။ ဒီဇာတ်ကားထဲက အဖြစ်အပျက်တွေဟာ မြန်မာပြည်က offer boy တွေနဲ့ခပ်ဆင်ဆင်ပဲလို့သိရပါတယ်။ ကျွန်တော်တောင်ဒီဇာတ်ကားကိုကြည့်ပြီး မျက်ရည်ကျမိပါတယ်။ ကဲမကြည့်ရသေးရင် အောက်မှာတင်ထားပေးပါတယ်။

On 7:32 AM by Myanmar Cute Gay Boy in    1 comment





နီယွန်အခန်းအပြင်ဖက်သို့ ထွက်သွားတော့ ဂီနိုနီယွန်ကျောပြင်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်ရင်းကျန်ခဲ့သည်။ နီယွန်ထွက်သွားသည်ကို သူနှမြောသလိုဖြစ်နေမိသည်။ ဘာဖြစ်လို့ပါလိမ့် သူ့စိတ်က ဒါကိုတမ်းတမ်းတတလိုချင်နေသလိုဖြစ်နေသည်ကို သူအံ့သြမိသည်။ သူ့ဘ၀တွင် လိင်နှင့်ပက်သက်ပြီး မည်သည့်အတွေ့အကြုံမှ ရှိခဲ့ဖူးသည်မဟုတ်သောကြောင့်လား။ သူဝေခွဲမရဖြစ်နေမိသည်။ ရှင်းရှင်းပြောရလျှင် လိင်ဇာတ်ကားမျိုးတွေကိုတောင် သူကြည့်ဖူးသည်မဟုတ်ပါ။ အတွေ့အကြုံနုနယ်လွန်းသည့် သူ့အဖို့ ဆန်းသစ်တဲ့ကမ္ဘာရောက်သွား သလို နီယွန်၏ပြုစုယုယမှုအောက်တွင်သူနစ်မြောနေမိသည်။ သည်အချိန်မှာ မိုးမြင့်သာ မရောက်လာခဲ့ပါက သူနှင့်နီယွန် ဘာတွေဆက်ဖြစ်တော့မည်ကို သူမတွေးတတ်။ သေချာသည်က နီယွန်ဘာလုပ်လုပ်သူငြင်းမိမည်မထင်ပါ။ ဘာကြောင့်ပါလဲ?????







               



အခန်းထဲတွင် မှောင်မိုက်လျှက်ရှိသည်။ ကုတင်မှာ နှစ်ထပ်ကုတင်အမျိုးအစားဖြစ်ပြီး ကျောင်းသားအဆောင်တို့ အလုပ်သမားအဆောင်တို့တွင် အသုံးများသော ကုတင်များဖြစ်သည်။ သူကတော့နောက်မှရောက်သည်ဆိုတော့ ကုတင်အပေါ်ထပ်တွင်သာနေရာရသည်။ တစ်ယောက်ထဲအိပ်မပျော်နိုင်ဖြစ်နေရင်း အိပ်ယာထဲတွင်လူးလိမ့်နေမိသည်။ ကုတင်ပြောင်း၍ အိပ်မပျော်သည်လား သို့မဟုတ် သူ့ခေါင်းထဲရောက်နေသည့် စဉ်းစားစရာတွေက ထွက်မသွားနိုင်၍လားတော့ မသိပါ။ သေချာသည်က သူချမိသည့်သက်ပြင်းတွေဟာ အကြိမ်ရေမရေတွက်နိုင်တော့အောင် များနေပြီဆိုတာပင်။



Tuesday, July 24, 2012

On 9:37 AM by Myanmar Cute Gay Boy in    3 comments
ပြာလွင့်နေတဲ့ကောင်းကင်ကြီးက မွန်းတည့်နေ၏ဆူးရှတောက်ပမှုကြောင့် ကြည်လင်ကာရှင်းသန့်နေလေရဲ့။အဲ့ဒီ့နောက်မှာတော့ ဖြူမို့မို့တိမ်သားဆိုင်တွေက မွမွတတ်ပြီးအလိပ်လိုက်အလိပ်လိုက် လွင့်မြောရွေ့လျားနေလိုက်တာ ဝါဂွမ်းမှို့ကြီးတွေ့လိုပါပဲ။အဝေးမှလေနတ်သားလေးသယ်ဆောင်လာတဲ့ လေပြေတစ်ချို့ကကျွန်မရဲ့ ပုတုန်းရောင်ဆံနွယ်တွေကို တဖြတ်ဖြတ်ခတ်ပြီး လွင့်လူးနေစေပါတယ်။ ကျွန်မရဲ့မျက်နှာသားတစ်လျှောက်နဲ့ လက်မောင်းလက်ဖြန်တွေကို ကျွန်မပွတ်သပ်ကြည့်မိတယ်။ အသားအရေကနေရောင်ကြောင့် လားတော့မသိဘူး ဝင်းဝါညက်ညာစိုပြေနေပါတယ်။ ကျွန်မကိုယ့်ကိုယ်ကို ဒီနေ့မလှမှာအရမ်းစိုးရိမ်ခဲ့ပါတယ် ဒါကြောင့်မနက်အစောကြီးထရေချိုးပြီး ဖြီးဖြီးလိမ်းပြင်ဆင်လိုက်တယ်။ ပြီးတော့မှန်ရှေ့မှာမတ်တတ်ရပ်ပြီး ကျွန်မနဲ့လိုက်မယ့်အဝတ်စားတွေကို ရွေးနေရတာတော်တော်တောင်အချိန်ကြာသွားတယ်ရှင့်။ ဒါပေမယ့်ကျွန်မကြေနပ်ပါတယ် ကျွန်မလိုချင်တဲ့လှလှပပပုံစံလေးရအောင်တော့ကျွန်မ ရအောင်ပြင်ဆင်နိုင်ခဲ့ပါတယ်။ ဒါမှလည်းကျွန်မက ကိုကို့ကိုစိတ်ကျေနပ်မှုတွေပေးစွမ်းနိုင်မှာပေါ့။
အဟင်းဟင်း ကျွန်မကအသက် ၁၇ နှစ်ရွယ်မိန်းကလေး တစ်ယောက်ဆိုပေမယ့် ကျွန်မကိုယ်ကျွန်မယုံကြည်မှုအပြည့်ရှိပါတယ် ကျွန်မဟာဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ယာက် ဆိုတာကိုပေါ့။ ဒါကလည်း ကျွန်မကိုမြင်ရုံနဲ့ လူတိုင်းက သိနေကြတာပါပဲ ။  ကျွန်မကလှတယ်လေ။ ချစ်စရာလဲ ကောင်းတယ်။ ကျွန်မကတော့ ကိုကို့ဆီက အသည်းနှလုံးလေးကိုပဲ လိုချင်နေမိတယ်။ ကိုကိုနဲ့ကျွန်မက လွန်ခဲ့တဲ့ငါးနှစ် ကျွန်မဆယ့်နှနှစ်သမီးကတည်းက ရင်းနီးခဲ့ကြတာလေ။ ကိုကိုကမျက်ခုံးကောင်းပြီးနှာတံစင်းတယ် ကိုကို့မျက်လုံးအိမ်ကနက်နေပြီးသူ့အကြည့်တွေက စူးရှမှုရှိတယ်။ ကိုကိုက ပြောမယ်ဆိုရင်လူချောတစ်ယောက်ပါ။ ရယ်လိုက်ရင်ပါးချိုင့်ရေယ်လိုက်ရင်ပါးချိုင့်လေးပေါ်လာပြီး ချစ်ဖို့ကောင်းတဲ့ကိုကို့ကို ကျွန်မချစ်မိနေတယ်ဆိုတာ လွန်ခဲ့တဲ့နှစ်ကမှကျွန်မကိုယ်ကျွန်မသိလိုက်ရတယ်။
ကျွန်မထက်အသက်သုံးနှစ်ကြီးတဲ့ ကိုကိုကကျွန်မကို ညီမလေးဆိုပြီးဂရုတစိုက်ရှိလှပါတယ်။ တစ်ခါတုံးကဆို ကိုကိုအိပ်နေတုံး ကျွန်မကိုကိုအခန်းထဲ ဝင်သွားလိုက်တာ ကိုကိုကအိမ်မက်ဆိုးတွေမက်နေပြီးလန့်နိုးလာတယ်ကျွန်မကိုလဲတွေ့ရော ညီမလေးဆိုပြီးဖက်ထားလိုက်တာ အကြာကြီးပဲ။
အဲ့ဒီ့အချိန်က ကျွန်မနှလုံးသား ရဲ့အနက်ရှိုင်းဆုံးနေရာက အစိုင်အခဲတွေလှုပ်ရှားသွားတာလေ။ ကျွန်မရဲ့ရင်ခုန်သံတွေဟာ ပေါက်ကွဲပြီးအပြင်ဖက်ကို လွင့်စင်လာတော့မလားအောက်မေ့ရတယ်။ ကျွန်မရဲ့လှိုက်မောမှုတွေကို ကိုကိုက ဆွဲထုတ်ခဲ့တယ်။ အဲ့ဒီအချိန်ကစပြီး ကျွန်မဟာ ကိုကို့အပေါ်မှာ ယိမ်းယိုင်သွားခဲ့တယ်ထင်ပါ့။   ကိုကို့အိမ်နဲ့ကျွန်မအိမ်က အရမ်းရင်းနီးကြတယ်လေ။ ဒီတော့ကျွန်မက ကိုကကိုကို့ဆီကို တခါးမရှိဓါးမရှိဝင်ထွက်လို့ရနေခဲ့တယ်။
ကျွန်မလက်ထဲက ကိုကို့အတွက်လမ်းကဝယ်လာတဲ့ ရေခဲစိမ်ပက်စီ အချိုရေဘူးလေးတောင်မှ အရည်တွေတစက်စက်ကြနေပြီ ကိုကိုရောက်မလာသေးပါဘူး။ ဒီနေ့ကျွန်မကို ကိုကိုကတစ်နေရာကိုသွား လည်မယ်ဆိုပြီးချိန်းထားခဲ့တာလေ။ အင်း ကိုကိုရောက်လာလို့ကျွန်မကိုမြင် ဘယ်လိုများပြောမယ်မသိပါဘူး။ ကျွန်မရဲ့ဝတ်စားဆင်ယင်ပုံက ခါတိုင်းထက်ထူးခြားနေတယ်မဟုတ်လား။ ကျွန်မတစ်ယောက်ထဲအတွေးလွန်နေတုံး..........
"ကလင် ကလင် ကလင်........."
အနောက်ဖက်ကနေ စက်ဘီးဘဲတီးသံကြားတယ်။ ကိုကိုရောက်လာပြီထင်တယ်။ ကျွန်မလှည့် မကြည့်ဘဲနဲ့မျက်လုံး နှစ်ဖက်ကိုမှိတ်ထားလိုက်တယ်။တဖြည်းဖြည်းနဲ့ ကိုကို့စက်ဘီးသံက နီးကပ်လို့လာပါတယ်။ စက်ဘီးသံကကျွန်မနားမှာဝဲနေလေရဲ့။ သေချာတယ် ကျွန်မကိုပတ်ပြီးကိုကိုနင်းနေတာပဲနေမှာ။ ကျွန်မရဲ့နှုတ်ခမ်းတွေဟာပြုံးနေပေမယ့် ကျွန်မမျက်လုံးကိုတော့မှိတ်ထားဆဲပါ။ ခဏနေတော့ စက်းဘီးသံရပ်သွားတယ်။ ကျွန်မမျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ ရှေ့တည့်တည့်မှာပြုံးပြီးကြည့်နေတဲ့ ကိုကို..........
"ဘာတွေဝတ်လာတာလဲညီမလေးရယ် ကိုယ့်ကိုယ်ကိုလဲကြည့်ပါဦး ကလေးနဲ့တောင်မတူတော့ဘူး"

On 9:13 AM by Myanmar Cute Gay Boy in    8 comments
မနက်မိုးလင်းကာစဖြစ်၍ ကမ္ဘာကြီးတစ်ခုလုံးသည် ငြိမ်သက်နေရာမှ နိုးထစပြုလာသည်။ ဆောင်းတွင်းဖြစ်သည်ကတစ်ကြောင်း နေမပွင့်သေးသည်က တစ်ကြောင်းကြောင့် အအေးဓာတ်တို့သည် စိမ့်ကာစိမ့်ကာအကဲပိုနေလေသည်။ စိုစွတ်သောမိုးနှင်းလေးများကလည် လေတခွေ့တွင်ဝေ့ကာဝေ့ကာ ပါလာတတ်သည်။ ညမိုးများဖြန်းပက်ထားသောကြောင့် လမ်းဘေးတွင်ပေါက်နေသော မြက်ပင်များသည်လည်းကောင်း ခိုတွေနားတတ်သည့် ဓာတ်တိုင်မှဓာတ်ကြိုးများသည်လည်းကောင်း မိုးဥမိုးစက်လေးတွေ တွဲလည်းခိုကာ စိုစွတ်နေလေသည်။
မှုံဝါးဝါးဖြစ်နေသော မျက်လုံးတွေဖြင့် ဂီတကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။ ပြာအုံ့အုံ့ဖြစ်နေသည့်ကောင်းကင်ကြီးတွင် လွင့်မြောနေသည့် တိမ်ငွေ့ ဖြူဖြူတစ်ချို့မှ လွဲ၍ကျန်တာဘာမှမရှိပါ။ အအေးဓာတ်ပိုစိမ့်လာသည်နှင့်အမျှ သူ့တစ်ကိုယ်လုံးထုံကျင်အေးကိုက်လာသည်။ သူ့လက်ချောင်းတွေလည်း ခြောက်ကပ်နေသောသွေးစီးကြောင်းတွေဖြင့် တောင့်တင်းအေးခဲနေသည်။ တစ်ညလုံးမအိပ်ထားသည့် သူ့မျက်လုံးတွေသည်လည်း မျက်ခွံများလေးလံကာ အားအင်ဆုတ်ယုတ်နေလေသည်။ သူ့နှုတ်ခမ်းသားတွေလည်း ကွဲရှကာခြောက်ကပ် တင်းမာနေသည်။
ခြံတခါးရှေ့အရောက်တွင် သူခြေစုံရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကြီးကို သူမသယ်ချင်တော့လောက်အောင် အားအင်တွေချီ့နဲ့နေ၏။ အေးစက်ပြီးစိုစွတ်နေသည့် သံဘာဂျာတခါးမကြီးကိုကိုင်ကာ ခေတ္တမျှငြိမ်သက်နေသေးသည်။ အသက်ရှုလိုက်တိုင်း ရှုလိုက်တိုင်း ပါးစပ်ထဲမှအခိုးအငွေ့ တွေထွက်လာကာ ခိုက်ခိုက်တုန်အောင်ချမ်းနေ၏။ သူအားယူလိုက်ပြီး သံတံခါးပေါက်တွေကို ကိုင်၍လူခေါ်ဘဲတပ်ထားသည့် နေရာရောက်အောင်တစ်လှမ်းချင်းသွားနေသည်။ ဘဲခလုတ်ကိုလက်ဖြင့်စမ်းမိသောအခါ အားထည့်ပြီးအသားကုန် ဖိချလိုက်သည်။
"တီ..................."
ဘဲသံကအဆက်မပြက်ထွက်လာသည်။ သူမျက်လုံးတွေကိုမှိတ်ထားမိ၏။ လက်ကိုမလွှတ်ပဲ ဖိထားသောကြောင့် ဘဲသံစူးစူးကြီးကိုနားထဲတွင် ကြားနေရသည်။ ထို့နောက်ဖိထားသော သူ့လက်တွေကိုလွှတ်ချလိုက်၏။ လူခြေသံသံတွေသူ့ဆီလှမ်းလာနေသည်ကို သူကြားနေရသည်။ ထို့အတူနားထဲတွင်လည်း စကားပြောသံတစ်ချို့ကို ဝေဝေဝါးဝါးကြားနေရသည်။
"အကိုကြီးရေ...........ဂီတလေးပြန်လာပြီ"
"ဟုတ်လား သူ့ကိုတခါးဖွင့်ပေးလိုက်ပါဦး မငြိမ်းရယ်"
"အမယ်လေး......အကိုကြီးရယ် လာပါဦး ဂီတလေးကိုလာကြည့်ပါဦး။ ဂီတ......ဂီတသားလေး အန်တီခေါ်နေတယ်လေ ဂီတ......."

Sunday, July 22, 2012

On 9:16 AM by Myanmar Cute Gay Boy in    No comments




Miss Kicki ဆိုတဲ့ဇာတ်လမ်းလေးဟာ ပြင်သစ်သရုပ်ဆောင်နဲ့ ထိုင်ဝမ်သရုပ်ဆောင်တွေကိုပေါင်းစပ် ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ အသက်လေးဆယ်အရွယ်ခန့် ဇာတ်လိုက်ရဲ့အမေဖြစ်သူ မုဆိုးမ မိန်းမ ဟာ အွန်လိုင်းပေါ်က်နေပြီး ထိုင်ဝမ်မှာရှိတဲ့ တရုတ်boss တစ်ယောက်နဲ့ နေ့တိုင်းလိုလို video chat ရင်းကနေ ချစ်သူတွေဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံးအခြေအနေမှာတော့ ထိုင်ဝမ်ထိလိုက်သွားတဲ့ အဆင့်ထိဖြစ်သွားခဲ့ပြီး တွေ့ဆုံဖို့ကြိုးစားခဲ့တဲ့ အဆင့်ထိဖြစ်သွားခဲ့ပါတယ်။ အဲ့လိုနဲ့ ဇာတ်လိုက်ရဲ့ အမေနဲ့အတူ ဇာတ်လိုက်ကလေးကပါ ထိုင်ဝမ်ကိုရောက်သွားခဲ့ပြီး တစ်နေ့ လမ်းပျေက်နေတုန်း ထိုင်ဝမ်က တရုတ်ကောင်လေးတစ်ယောက်နဲ့ စတင်ရင်းနှီးပြီးခင်မင်ခဲ့ပါတယ်။ နောက်တော့သူတို့ နှစ်ယောက်ဟာ သွားအတူလာအတူ စားအတူနဲ့ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဇာတ်လိုက်ရဲ့အမေဖြစ်သူဟာ သူနဲ့ ချိန်းထားတဲ့ ထိုင်ဝမ် တရုတ်ကြီးဟာ ရိုးရိုးလူပျိုလူလွတ်တစ်ယောက် မဟုတ်နေပဲ အိမ်ထောင်ရှိသူတစ်ဦး ဖြစ်နေတာကို သိသွားပါတယ်။



ယခုဇာတ်လမ်းထဲတွင် လိင်တူချစ်ခြင်း အနှစ်သာရများအပြင် လူ့လောက၏ ဖြစ်တတ်ပျက်တတ်တဲ့ သဘောသဘာဝများကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ပါဝင်တဲ့ ဇာတ်ဆောင်လေးတွေက လည်း ရုပ်ချောချောနဲ့ချစ်စရာကောင်လေးတွေမိုလို့ ကြည့်ရှုကြမယ့် ကျွန်တော့်သူငယ်ချင်းတွေ အကြိုက် ဖြစ်မယ်ထင်ပါတယ်။




 နောက်ပိုင်း ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကိုတော့ ကျွန်တော်မပြောတော့ပါဘူး ဖန်သားပြင်ပေါ်မှာ ကြည့်ရှုခံစားနှိုင်ကြစေရန် အောက်က လင့်ကလေးတွေကို နှိပ်လိုက်ကြပါစို့ဗျာ။ တရုတ်ပြည်က video site  ဒါရိုက်လင့်များကို ဖော်ပြပေးထားတာဖြစ်ပြီး ကြာချိန် ၈၈ မိနစ်ရှိပါတယ်။ ဇာတ်လမ်းထဲက အခန်းတော်တော်များများမှာ အင်္ဂလိပ်လိုပဲပြောတာမိုလို့ အင်္ဂလိပ်လိုကျွမ်းတဲ့ ကျွန်တော်တို့မြန်မာတွေ အတွက်ရွေးချယ်တင်ပြလိုက်ပါတယ် ခင်ဗျား။



tudou မှကြည့်ရန်


56.com မှကြည့်ရန်



                                                                                           အားလုံးအဆင်ပြောကြပါစေ
                                                                                                   lovealone:P

မှတ်ချက်။      ။connection မကောင်းလို့ ဖွင့်မရရင်တားတားနဲ့ မချိုင်ဝူးနော် ဟိဟိ









လိင်တူကြိုက်သူ၊ လိင်တူရောလိင်ကွဲပါကြိုက်သူနှင့်လိင်ပြောင်းလဲထားသူများမှာမည်ကဲ့သို့သောဘ၀မှ လာသည်ဖြစ်စေ၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာကိုကိုးကွယ်သူဖြစ်စေ၊ မည်သည့်စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းပြု၍ မည်သည့်အရပ်တွင်နေထိုင်သည်ဖြစ်စေ ၄င်းတို့မှာ လူအများထဲမှ လူများပင်ဖြစ်၍ အများသူငါနည်းတူ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေး အသိပညာ တန်းတူရထိုက်သည်။
ယခုနောက်ပိုင်းသုတေသနပြု လေ့လာဆန်းစစ်မှုများအရ ၄င်းတို့မှာ သာမန်လူများထက်ပင် အချို့သောရောဂါများရရှိရန် အခွင့်အလမ်းပိုများနေသည်ကိုတွေ့ရှိရသည်။ ဥပမာ- အမျိုးသမီးလိင်တူကြိုက်တူများတွင် ရင်သားကင်ဆာအဖြစ်များ၍ အမျိုးသားလိင်တူကြိုက်တူများတွင် ဆက်ဆံရာမှတဆင့် ကူးဆက်သောရောဂါများအဖြစ်များသည်။ သို့ဖြစ်ပါ၍ ၄င်းတို့၏ကျန်းမာရေးအတွက် လိုက်နာအပ်သည်များကို ဖော်ပြလိုက်ရပါသည်။



On 6:34 AM by Myanmar Cute Gay Boy in    2 comments
ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍လည်းကန်တော့ခံတော်မူပါ ဆိုတဲ့ဝထ္တုလေးဟာ စာရေးဆရာမ နုနုရည်(အင်းဝ) ရဲ့အောင်မြင်ကျော်ကြားတဲ့ ၀တ္ထုလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲမှာ အသက်လေးဆယ်အရွယ် မိန်းမလျှာ တစ်ယောက်နဲ့ အသက်ငယ်ငယ်ယောကျာ်းလေးတစ်ယောက်ကို အဓိကဇာတ်ဆောင်အဖြစ် ထည့်သွင်းရေးသားထားတာဖြစ်ပြီး  တောင်ပြုံးပွဲက နတ်ကတော်တွေရဲ့ ဘ၀ကိုပါ ပေါ်လွင်အောင်ရေးသားထားတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ မြန်မာလိင်တူ ဂေးဇာတ်လမ်းလေးပါပဲ။


ဒီစာအုပ်လေးကို ဟာ မိန်းမလျှာတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ နဲ့ သံယောဇဉ်တွယ်တာပုံ။ မိန်းမလျှာ တစ်ယောက်ကိုမချစ်ပဲ အတူနေရသည့် ယောကျာ်းလေးတစ်ယောက်ရဲ့ စိတ်ခံစားချက် စသည့် လူ့သဘောသဘာဝ များကို အကွက်စေ့စေ့ထောင့်ကျကျရေးသားထားတာကိုတွေ့ရပါတယ်။ ဒီစာအုပ်လေးကို ဖတ်ဖူးကြသူတော်တော်များများရှိပါလိမ့်မယ်။ မဖတ်ဖူးတဲ့သူတွေလည်းရှိပါဦးမယ် ဒါကြောင့်မိုလို့ ကျွန်တော်က မဖတ်ရသေးတဲ့သူငယ်ချင်းများဖတ်ရအောင် စေတနာနဲ့ မူရင်းဆိုဒ်က ebook download link ကလေးကိုအောက်မှာဖော်ပြပေးလိုက်ပါတယ်။


မူရင်း burmeseclassic ဆိုဒ်မှ ဒေါင်းရန်



                                                                                                  အားလုံးအဆင်ပြေကြပါစေ
                                                                                                       lovealone:P

Saturday, July 21, 2012

On 3:53 AM by Myanmar Cute Gay Boy in    2 comments
ဂီတသည်တစ်ခုခုကို အလိုမကျဖြစ်နေသည်။ သူစိတ်တွေသည် ရှုပ်ထွေးလျှက် ပြားပန်းခတ်နေသည်။ ဦးနှောက်သွေးကြောထဲတွင် အစိုင်အခဲကြီးတစ်ခု ပိတ်ဆို့နေသလို သူ့ခေါင်းတွေကိုက်ခဲနေ၏။ ရှင်းရှင်းဆိုရသော် သူစိတ်ညစ်နေပါသည်။ အခြေအနေက သူစိတ်ညစ်မည်ဆိုပါကလည်း စိတ်ညစ်စရာပါပင်။ ယခုသူရောက်နေသည့်နေရာက သူဘဝမှာတစ်ကြိမ်တစ်ခါမှ ရောက်လာရန်မမျှော်လင့်မိသော နေရာဖြစ်နေသည်။ ယခုသူအချုပ်ခန်းထဲတွင် ရောက်နေသည်လေ။


ညကြီးမင်းကြီးအချိန်မတော်မှ အိမ်သို့ရဲတွေရောက်လာသည်။ ရန်ဖြစ်ခဲ့သည့်အတွက်သူ့ကို စခန်းသို့ခေါ်လာကြခြင်းဖြစ်သည်။ အိမ်မှာသူ့အကိုရှိမနေ၍ တော်သေးသည်။ ရဲတွေကလည်းစုံစမ်းတာလဲ မြန်လိုက်ပါဘိ။ သူအိမ်ကိုရောက်ပြီး ဘာမှမကြာသေးပါ ချက်ချင်းရောက်လာကြသည်။ အိမ်ဖော်အဒေါ်ကြီးက သူ့ကိုကြည့်ပြီးမျက်ရည်တွေဖြင့် ကျန်ခဲ့သည်။ သို့ပေမယ့်ဘာမှမတတ်နိုင်တော့ ဖြစ်လေသမျှ အကောင်းဟုသာသတ်မှတ်ရတော့မည်။ မုန်တိုင်းအတွက်ပေးဆပ်ရသည်ပဲလေ တန်ပါတယ်။



စိတ်ညစ်ညစ်ဖြင့်အချုပ်ခန်းထဲသို့ ဝှေ့ဝိုက်ကြည့်နေမိသည်။ လေးဖက်လေးတန်လုံး သံတိုင်တွေဖြင့်သာကာရန်ထားသည်။ လူသားဆိုလို့သူတစ်ဦးထဲသာ ရှိသည်။ အနားတွင်တော့ အစောင့်ရဲတစ်ယောက်သာရှိသည်။ ထိုရဲကလည်း ကျောက်ရုပ်ဖြစ်နေသည်လားအောင့်မေ့ရသည် ရပ်နေသည်က တုတ်တုတ်မျှမလှုပ်။ ရာသီဥတု ပြောင်းခါနီး၍လားတော့မသိ ကိုယ်ထဲတွင် ရှိန်းတိန်းတိန်းဖြင့်နေရထိုင်ရသည်မှာ ပုံမှန်ကဲ့သို့မဟုတ်ပဲ အေးစိမ့်စိမ့်ဖြစ်နေသည်။


"ဝီ.....ဝီ......ဝီ........"


"ဖတ်......"



အနားတွင် တဝီဝီဖြင့်ပျံသန်းနေသော ခြင်တွေက ခွေးမောင်းသလိုမောင်းနေရသည်။ လူကိုပင်ချီတော့မည့်အလား နည်းသည့်ခြင်တွေမဟုတ်ပါ။ အချုပ်ခန်းထဲတွင် တစ်ယောက်ထဲထိုင်ရင်း ချမ်းစိမ့်စိမ်းဖြစ်လာသည်။ အိပ်လို့လဲပျော်မည်မထင်ပါ။ အိပ်ရအောင် လည်းစောင်မရှိခေါင်းအုံးမရှိနှင့် တော်တော်စိတ်ပျက်ဖို့ကောင်းပါသည်။ သူ့လက်ဖဝါးတွေကို ဖြန့်ကြည့်လိုက်သောအခါ သွေးစသွေးနတစ်ချို့ ဖြင့်ပွန်းနေသည်ကိုတွေ့ရသည်။ သစ်သားချောင်းတုတ်က ရှသည်ထင်သည်။ ထိုအခိုက် အပြင်ဘက်မှ လူသံတစ်ချို့ ကြားရသဖြင့် သူခေါင်းမော့ကြည့်လိုက်သည်။



On 3:45 AM by Myanmar Cute Gay Boy in    1 comment



အခန်းမီးရောင်ဖျော့တော့တော့ အောက်တွင် ဂီနိုနှင့် နီယွန်နှစ်ဦးသား တစ်ဦးကို တစ်ဦးစိုက်ကြည့်ရင်း ငြိမ်သက်နေကြသည်။ ဂီနိုက ကုတင်ပေါ်တွင် ထိုင်လျှက် ရှိသည်။ နီယွန်ကတော့ ဂီနို့နဘေးတွင် မတ်တပ်ရပ်နေရင်း ဂီနို့ကိုလက်ပိုက်လျှက်ကြည့်နေသည်။ ဂီနို့စိတ်ထဲတွင် ရှက်ရွံ့နေသလိုလို ကြောက်လန့်နေသလိုလို တစ်ခုခုကို မချင့်မရဲ့ဖြစ်နေ၏။ ဂီနို့ရင်ခုန်သံတွေဟာလဲ တစ်စတစ်စ အရှိန်ပြင်းထန်စွာပေါက်ကွဲနေသည့် မီးတောင်ကြီးပမာ ၀ုန်းဒိုင်းကြဲနေသည်။ ယခု သူခန္ဓာကိုယ်တွင် အ၀တ်အစားဟူ၍ အတွင်းခံလေးနှင့် ခါးတွင်ပတ်ထားသည် နံငယ်ပိုင်းပုဝါလေးသာ ရှိသည်။ မွှေးညင်းလေးတွေ ညီညာနေသော ဂီနို့ပေါင်တံလေးကို နီယွန်ငေးစိုက်ကြည့်နေမိသည်။ ယောကျာ်းအချင်းချင်းသာ အထိအတွေ့များခဲ့သည့် သူသည် မိန်းမတစ်ယောက်ကို စိတ်ဝင်စားရကောင်း မှန်းမသိတော့ပါချေ။ တစ်ကယ်တော့ သူသည်လည်း သည်စိတ်တွေ ၀င်နေခဲ့တာ ကြာပါပြီလေ။





“နီယွန် နှိပ်တဲ့သူက ဒီအတိုင်းပဲ အနှိပ်ခံတာလား”



“မဟုတ်ဘူး။  မင်းကို ဆီလူးရဦးမယ်။ ဆီလူးပုံလူးနည်းပါ တစ်ခါတည်းလုပ်ပြမယ်။ ပြီးရင် အထဲက အတွင်းခံဘောင်းဘီကိုပါချွတ်ရမယ် “



နီယွန် ဂီနို့အမေးကို ဖြေလိုက်ပြီး စားပွဲပေါ်တွင်အသင့်တင်ထားသည့် sunflower oil လေးကိုယူလိုက်သည်။



“ဒီဘူးလေးထဲက ချောဆီတွေက body massage လုပ်တဲ့အခါမှ သုံးတဲ့အဆီတစ်မျိုးပဲ။ ဒီမှာတော့ ဆီအမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းကွဲတယ်။ ထားပါတော့လေ အဲ့ဒါက ငါတို့အလုပ်မဟုတ်ပါဘူး။ ဈေးနှုန်းကိစ္စက ကောင်တာမှာထိုင်တဲ့ကောင်လုပ်တဲ့ကိစ္စ။ ငါတို့ကိစ္စက ဧည့်သည်ကိုနှိပ်ပေးရမယ် ပြီးရင်သူ့ဆန္ဒကိုဖြည့်ဆည်းပေးရမယ်။ အဲ့လိုဖြည့်ဆည်းပေးရင် ငါတို့လိုချင်တဲ့ ပိုက်စံရမယ် ဒါပါပဲ”




On 2:54 AM by Myanmar Cute Gay Boy in    1 comment
ကျွန်တော့်ဘလော့ထဲကို လာရောက်ဖတ်ရှုကြတဲ့ သူငယ်ချင်းများခင်ဗျား ဘလော့၏ မူရင်းလိပ်စာဖြစ်တဲ့ http://boylovealone.blogpost.com ဟာ ရှည်လဲရှည် ၀င်ရတာလဲ error တွေဖြစ်နေတယ်လို့ ပြောကြတဲ့အတွက် domain လိပ်စာကို co.cc အဖြစ်ပြောင်းလဲပေးထားပါတယ် ခင်ဗျား။ နောက်တစ်ခါ ဘလော့ထဲကိုဝင်မယ်ဆိုရင် www.boylovealone.co.cc ဖြင့် အလွယ်တကူဝင်ရောက်နိုင်ပြီ ဖြစ်ပါတယ်။


                                                                                                 အားလုံးကိုကျေးဇူးတင်လျှက်
                                                                                                        lovealone:P

Thursday, July 19, 2012

On 4:53 AM by Myanmar Cute Gay Boy in    1 comment
အိတ်ကပ်ထဲရှိ ပိုက်ဆံတစ်ထောင်တန် တစ်ရွက်ကို စားပွဲပေါ်သို့ ဘုတ်ကနဲပုတ်တင်လိုက်ပြီး ထိုင်ရာမှထကာ ဂီတကိုကျောခိုင်းပြီး canteen ထဲမှ မုန်တိုင်းထွက်လာခဲ့သည်။ ဂီတကတော့နောက်ကနေ သူ့ကိုငေးကျန်ခဲ့မည် ထင်သည် သို့ပေမယ့် ပေမယ့်သူလှည့်မကြည့်တော့ပါ။ အရှေ့ကိုသာဦးတည်ပြီး လားလားမတ်မတ်လျှောက်လာခဲ့သည်။
က္ကတရာလမ်းမကြီးကား မဲနက်လျက် နေအပူဒဏ်ကြောင့် အပူငွေ့တွေတထောင်းထောင်း ထပြီးမျက်နှာကို လာဟတ်နေသည်ဟုထင်ရသည်။ ဝတ်ထားသည့်င်္အကျီက အပူစုပ်သည့်အနက်ရောင် ဖြစ်နေသောကြောင့် နေပူထဲထွက်လိုက်သည်နှင့် ချက်ချင်းနဖူးတွင်ချွေးတွေစို့လာ လေတော့သည်။ ဒီပုံစံအတိုင်းဆိုလျှင် ဘတ်စ်ကားဂိတ်ထိ ရောက်အောင်သွားနိုင်တော့မည် မထင်။ ထို့ကြောင့်အနီးနားဖြတ်သွားသည့် တက္ကစီကားတစ်စီးကိုသာ လက်ပြပြီးတားလိုက်သည်။ အနားသို့ကားရောက်လာတော့ ကားတံခါးကို ဖွင့်ပြီးဂျိမ်းကနဲ ပိတ်ကာအထဲသို့ဝင်ထိုင် ပစ်လိုက်၏။ ဆောင်းဆီသွားမည်။
ဆောင်းအိမ်ရှေ့ရောက်တော့ ကားသမားကိုကားရပ်ခိုင်း လိုက်ပြီးကားခရှင်းပေးလိုက်သည်။ ထို့နောက်ဆောင်း အိမ်ရှေ့သို့လျှောက်လာခဲ့၏။ အိမ်ရှေ့ရောက်တော့ ခြံတခါးမှာပွင့်နေပြီး အနားတွင် နက်ပြောင်နေသည့် မာစီးဒီးကား တစ်စီးရပ်ထားသည်ကိုတွေ့ရသည်။ ဆောင်းအိမ်တွင် ဧည့်သည်ရောက်နေသည် ထင်သည်။ ဒါဆိုလူတွေများနေမှာပေါ့။ မဝင်တော့ဘဲ အိမ်ကိုပဲပြန်လိုက်ရင်ကောင်းမလား။ရောက်ပြီးမှတော့မထူးတော့ပါဘူးကွာ။
ပွင့်နေသည့်ဝင်းတံခါး ပေါက်မှ အိမ်ဝင်းထဲသို့ လျှောက်လာခဲ့လိုက်၏။ အိမ်ရှေ့ရောက်တော့ အိမ်ထဲတွင်ဆောင်းရှိနေသည်။ ဆောင်းနှင့်အတူ အသက်လေးဆယ်လောက်ရှိသည့် ဘဲကြီးတစ်ဗွေကိုပါ တွေ့လိုက်ရ၏။ သူအိမ်ထဲသို့ ဆက်မဝင်မိတော့။ အဝင်ဝတွင်သာရပ်တန့်လျှက် ကြောင်တောင်တောင်နှင့် ငေးမောနေမိသည်။ ဆောင်းကသူ့ကိုမြင်တော့ မကောင်းဆိုးဝါးတစ်ကောင်ကို မြင်လိုက်ရသလို ချက်ချင်း ဣနြေ္ဒပျက်သွားသည်။ ဆောင်းဘာဖြစ်သွားတာလဲ။ ဒီလူကြီးကကော ဘယ်သူလဲ။ ဆောင်းနဲ့ဘယ်လိုပက်သက်နေလဲ။ ။မေးခွန်းပေါင်းများစွာ သူ့ဦးနှောက်ထဲ ပြွတ်သိပ်ပြီး အစုလိုက်အပြုံလိုက် ဝင်ရောက်လာ၏။
ဧည့်ခန်းတွင်ထိုင်နေသည့် လူကြီးကသူ့ကိုငေးကြည့်နေသည်။ သူကတော့ အပေါက်ဝကနေ တောင့်တောင့်ကြီး ရပ်တန့်၍သာနေမိသည်။ ထိုအခါ ထိုင်နေသောဆောင်းဆီမှ အသံက သူတို့၏တိတ်ဆိတ်ခြင်းတွေကို စတင်ဖေါက်ခွဲလိုက်၏။
"ဪ ကိုမုန်တိုင်းပါလား ။လာလေ အိမ်ထဲကို"
ကမ္ဘာကြီးက ၂၃ ၁/၂ ဒီဂရီထက် ပိုစောင်းသွားသလို ခံစားလိုက်ရ၏။ ကိုမုန်တိုင်းတဲ့။ မောင်လို့ချစ်စဖွယ် ခေါ်တတ်သည့် သူမသည်ယခု သူစိမ်းတစ်ယောက်ရှေ့တွင် သူ့ကိုနာမည်တပ်ပြီး ကိုမုန်တိုင်းဟု ခေါ်နေချေပြီ။ သို့ပေမယ့် သူ့နှုတ်သည် အားစေးတွေထည့်ထားသလို ဆွံ့အလျှက် မည်သည့်စကားတစ်လုံးမျှ မဆိုမိ။
သူဧည့်ခန်းထဲသို့ လျှောက်လာကာ ထိုလူကြီးနဘေးတွင် ဝင်ထိုင်လိုက်သည်။ ရင်ထဲမှာတော့ မတင်မကျနှင့် ရေတံခွန်တစ်ခု လှည့်ပတ်စီးဆင်းနေသလို တဝုန်းဝုန်းရိုက်ခတ်သံတွေ မြည်ဟီးနေပါသည်။ အနားတွင်ရှိသော လူကြီးမှာ သူ့ကိုမည်သူမည်ဝါ မှန်းသိချင်နေသည့် အနေအထားတွင်ရှိသည် ထင်သည်။ စူးစမ်းသောအကြည့်တွေဖြင့် သူ့ကိုစိုက်ကြည့်လျှက်ရှိသည်။ သူလည်းနေရထိုင်ရခက်ကာ အိုက်စပ်စပ်ဖြစ်လာသည်။ သိချင်စိတ်တွေ ပြင်းပြလာသည့်အဆုံး မှာတော့
"ဆောင်း"
"ကိုမုန်တိုင်း ဒါကျွန်မတို့ရုံးက CEO ဦးကျော်စွာတဲ့"
သူစကားစမည်လုပ်မှ ဆောင်းဆီကအသံ ထွက်လာသဖြင့် ပြန်နှုတ်ဆိတ်နေလိုက်ရသည်။ ဆောင်းက သူမ၏စကားကို ဆက်ပြော၏။
"ဦးဒါသမီးရဲ့ မိတ်ဆွေ ကိုမုန်တိုင်းတဲ့"
သူရင်တွေဗြောင်းဆန်သွားသည်။ စောစောက ကိုမုန်တိုင်းဟုခေါ်သည်။ အခု မိတ်ဆွေဟု ပြောပြန်သည်။ ယခုအချိန်၌ အနီးအနားမှာသာ ချောက်ကမ်းပါးတစ်ခုရှိနေလျှင် သူပြေး၍ခုန်ချချင်စိတ်တွေ တဖွားဖွားပေါ်လာ လိမ့်မည်ဟုထင်သည်။ နက်မှောင်နေသည့် လျှိုထဲမှ ကျဉ်းမြောင်းလှသည့် ကျောက်သားကြမ်းကြမ်းကြီးတွေကြား ဖြတ်လျှောက်နေရသည့် လူသားတစ်ဦးပမာ သူ့စိတ်တွေ ကြပ်ညပ်လာသည်။ ဆောင်း၏ချစ်သူတစ်ယောက် အပေါ်သုံးနှုန်းသည့် စကားလုံးများက ရင့်သီးလွန်းသည်။ သူမခံနိုင်တော့။ ပေါက်ကွဲတော့မည်။
"မိတ်ဆွေ! ဟုတ်လားဆောင်း? မင်းဘာသဘောနဲ့ ဒီလိုပြောလိုက်တာလဲ။ "
"ကိုမုန်တိုင်းနဲ့ကျွန်မက မိတ်ဆွေတွေလို့ပြောတာလေ ကိုမုန်တိုင်းရဲ့။ မြန်မာစကားကို နားမလည်ဘူး ထင်ပါ့"
"နားလည်တယ် မင်းကိုဘာသဘောနဲ့ပြောတာလည်း လို့မေးနေတာ"
"ဆောင်းတို့နှစ်ယောက်က တစ်ခုခုပက်သက်နေကြမယ်ထင်တယ် အေးအေးဆေးဆေးပြောကြပါလား"
နဘေးမှလူကြီး၏ စကားဖြစ်သည်။ ဆောင်းက သူ့ကိုကြည့်ပြီး စကားတုန့်ပြန်သည်။
"ပက်သက်တယ်ဆိုတာ သူ့ဖက်ကနေတော့ တစ်ဖက်သက် ဆန္ဒတွေရှိနေတာမျိုးတော့ ရှိချင်ရှိမယ်ထင်တယ်ဦး။ သမီးဖက်ကတော့ သူ့ကိုမိတ်ဆွေအဆင့်မှာပဲ ထားထားပါတယ်ဦး။"
"ဆောင်း မင်းဘာဖြစ်သွားတာလည်း အပြောင်းအလည်းမြန်လှချည်လား။ ငါနဲ့ချစ်သူတွေဆိုတာကို သူစိမ်းတစ်ယောက်ရဲ့ရှေ့မှာ ဝန်ခံရဖို့မင်းရှက်နေသလား။ အဲ့ဒီလိုဖြစ်နေရအောင် ဒီလူကြီးကမင်းအတွက် ငါ့ထက်ပိုပြီးအရေးပါ လို့လား။ မင်းလုံးဝမရိုးသားဘူးဆောင်း"
"ရှင်ပြောနေတာတွေ ကျွန်မဘာမှနားမလည်ဘူး။ သွေးရူးသွေးတန်းနဲ့ ကျွန်မကိုဘာလို့ အရှက်လာခွဲနေရတာလဲ။ ရှင်ရူးနေလား"
"တောက် .......! မင်းသိပ်ပြီးစကားကို ဗလောင်းဗလဲပြောတတ်တာပဲဆောင်း။ ငါ့ကိုမောင်လို့ခေါ်ခဲ့တုံးက မင်းပါးစပ်ကိုဒီလောက်ပြောတတ်လိမ့်မယ် လို့မထင်ဘူး။ မဆိုးပါဘူး မင်းပါးစပ်ကိုရွှေချထားသင့်တယ်ဆောင်း"
"ရှင်ကျွန်မအိမ်ကိုလည်းလာသေးတယ် ကျွန်မကိုလည်းစော်ကားသေးတယ်။ ရှင်အခုချက်ချင်းကျွန်မ အိမ်ကထွက်သွား........"
ဆောင်း၏မျက်နှာကြီးသည် ရှက်စိတ်နှင့်ဒေါသစိတ် ရောပြွန်းကာ နီမြန်းလာလေသည်။ သူ့ကိုကြည့်နေသည့်မျက်လုံးတွေက စားတော့ဝါးတော့မည့်ပုံစံဖြင့် ခွေးတိရိစ္ဆာန်တစ်ကောင်လို ယခုတော့သူ့ကို လက်ညှိးငေါက်ငေါက်ထိုးပြီး အိမ်ထဲမှမောင်းထုတ်နေချေပြီ။ သူထိုင်ရာမှ မတ်တတ်ထရပ်လိုက်ပြီး......
"မင်းဟာမြွေဟောက်လိုပဲ သိပ်ကြောက်ဖို့ကောင်းတဲ့ မိန်းမပဲဆောင်း။ အေးလေငါလိုငမွဲတစ်ကောင် ကိုမင်းလိုငွေမက်တဲ့မိန်းမက ဘယ်တန်ဖိုးထားပါ့မလဲ။ အခုလိုမင်းစိတ်ဓာတ်ကို စောစောစီးစီးသိခွင့်ရလိုက်တာ ငါကံကောင်းတာပဲဆောင်း"
"ရှင့်ကိုထွက်သွားလို့ပြောနေတာ နားမပါဘူးလား ထွက်သွား..........."
"အဟတ်.....ကျွန်တော့်မျက်နှာကိုသေချာကြည့်စမ်းပါ ဒေါ်ဆောင်းနှင်းမြူ။ အခုလိုပြောလိုက်တဲ့ အတွက်များ ဝမ်းနည်းသွားလိမ့်မယ်လို့ ထင်နေသလား။ မင်းလိုသစ္စာမရှိတဲ့မိန်းမ တစ်ယောက်အတွက် ငါ့မှာကျစရာမျက်ရည်မရှိဘူးဆောင်း။ မင်းဟာမိန်းမယုတ် မိန်းမညံ့ ငါမင်းကိုမုန်းတယ်............"
ပြောချင်တာတွေပြောပြီးသည်နှင့် ချာကနဲလှည့်ကာ အိမ်ထဲမှထွက်လာခဲ့သည်။ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အံကိုကြိတ်ထားမိသည်။ သွားမည်။ ဤအိမ်ကိုဘယ်တော့မှ သူလာစရာအကြောင်းမရှိတော့။ အနောက်ကျောမှ သူ့အတွက် ယောက်ျားတစ်ဦး၏ စကားလက်ဆောင် သဲ့သဲ့ကိုကြားလိုက်ရသည်။ "ဒီကောင်တော်တော်မိုက်ရိုင်းတာပဲ" တဲ့။
**********
သူ့အတွက်အချစ်ဆိုသည့် ကာရံမရှိ နဘေကင်းမဲ့နေသည့် ကဗျာတစ်ပုဒ်သည် ယခုတော့မလှပခြင်းများစွာဖြင့် မရှုမလှဇာတ်သိမ်းသွားချေပြီ။ စားပြီးမှအဆိပ်ရှိမှန်း သိလိုက်ရသည့်အသီးတစ်လုံး ကိုနောင်တတွေ တထွေ့တပိုက်ကြီးဖြင့်ကြည့်နေရသလို သူ့အသည်းတွေသည် တဆက်ဆက်နာကျည်းနေရုံမှတစ်ပါး ဘာမှမတက်နိုင်တော့။ ယခုတော့ သူ့ခန္ဓာကိုယ်အနှံ့ အဆိပ်တွေက ပြန့်နှံ့နေလေပြီ။ သို့ပေမယ့် ဝမ်း"
နည်းစရာကောင်းသည်က သူလုံးဝဝမ်းနည်းမနေခြင်းပင် ဖြစ်သည်။ နာကျင်စရာအတွက်ကြေကွဲခြင်းမျက်ရည် တို့ကသူ့မျက်ဝန်းအိမ်မှာ ခိုအောင်းနိုင်စွမ်းမရှိခဲ့ပါ။
အနာဂတ်တွင် တည်ဆောက်ရန်မျှော်လင့်ထားသည့် အိမ်ကလေးတစ်လုံးသည် ယခုတော့ လေဒဏ်မိုးဒဏ်မခံ ပဲခြေရာကောက်လို့မရအောင် သဲလွန်စကင်းမဲ့လျှက်အစအန ပင်ရှာမရအောင် ဝေးဝါးပျောက်ကွယ်သွားလေသည်။ သူ့နှလုံးသားသည်လည်း နာကျည်းခြင်းများ အမုန်းတရားများပြည့်နှက် ဒဏ်ရာတွေဗရပွ ဖြစ်နေချေပြီလေ။ သွေးစိမ်းပေါက်ပေါက်ဖြစ်နေသော သူ့နှလုံးသားသည် မိုးတွေစို ကံဆိုးမှုတွေရွှဲရွှဲနစ်လို့ ဆုံးရှုံးမှုသစ်ရွက်တွေနဲ့ ခြောက်ကပ်နေပြီး လူသူကင်းမဲ့နေသည့် အထီးကျန်ခြင်းတောင်ကုန်းပေါ်က သစ်ပင်အိုကြီးလို ဝိညာဉ်ကင်းမဲ့နေရှာသည်။
အချစ်ဆိုသည့် အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ နေ့စဉ်ခုန်ချနေရတဲ့ သူ့ဘဝခရီးရဲ့အခမဲ့ညတွေသည် သိပ်ပြီးသိပ်သည်းလွန်းလှခဲ့သည်။ အကယ်၍ နှလုံးသားသည် အဆုတ်တစ်ခုဆိုပါက ကြပ်ခိုးစွဲမီးဖိုချောင်ကြောင့် ချောင်းဆိုးလိုက်တိုင်း ရင်ခေါင်းကြီးထဲက မီးတွေထတောက်နေလောက်ရော့မည်။ ယခုတော့သူသည် အတွင်းလူမမာတစ်ယောက်လို အပြင်းအထန်ကုသခံရဖို့ လိုအပ်နေပြီလေ။
အို သမ္မဒေဝ နတ်ကောင်းနတ်မြတ်တွေရယ် မျက်စိတစ်မှိတ်လျှပ်တစ်ပြက် အတွင်းမှာ သောမဂြိုဟ်တွေကို ချောင်းဖြစ်အောင်လုပ်ပစ်လိုက်စမ်းပါ။ လက်ပစ်ကူးပစ်ချင်လို့။ ဘဝကိုဖြစ်ညှစ်ကြည့်လိုက်ရင်တော့ လိမ္မော်သီးကလေးထဲမှာ အချိုရည်တွေကျန်နေဦးမှာပါ။ သူ့အသည်းနှလုံးထဲမှာ ပန်းများပွင့်ချင်ခဲ့သည်ပဲလေ ပိုးသတ်ဆေးအနံ့တော့ ခံရဦးမည်ပေါ့။ တစ်ခါတစ်ရံ၌ လူတွေ၏အချစ်တွင် ကုန်ဈေးနှုန်းတွေပါနေတတ်ပါလား။ သူသိခဲ့ပါသည်။
"ဟား.....ဟား.......ဟား.........ဟား........"
*************
စားသောက်ဆိုင်ထဲတွင် လူတွေကိုယ်စီရှိနေကြသည်။ အားလုံးက မိမိတို့စားပွဲတွင် စားရင်းသောက်ရင်း စကားတွေဝိုင်းဖွဲ့ပြောဆိုနေကြသည်။ အားလုံးကအေးအေးဆေးဆေးပါပင်။ မုန်တိုင်းသူ့ရှေ့ရှိ အရက်ပုလင်းထဲမှ အရက်တစ်ချို့ကို ဖန်ခွက်ထဲသို့ အနည်းငယ်ထဲ့လိုက်ကာ ရေခဲတုံးသေးသေးလေး တစ်တုံးကိုပါ ရောထဲကာ မော့ချလိုက်သည်။ သူအရက်သောက်နေခြင်းမဟုတ်ပါ ယာမကာမှီဝဲနေခြင်းလည်း မဟုတ်ပါ ကဗျာဆန်ဆန်ဆိုရသော် ဒဏ်ရာရနှလုံးသား ကိုဆေးကြောနေသည် ဟုဆိုနိုင်ပါသည်။
ကမ္ဘာပေါ်မှာရှိကြသည့် လူုတွေအားလုံး အသည်းကွဲလျှင် အရက်သောက်တတ်လား မသောက်တတ်လားတော့ မသိပါ။ သူကတော့ လောကကြီးကိုခဏလောက် မေ့ပစ်ချင်နေသည့်အတွက် အရက်ဆိုင်ထဲသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ လောကကြီးကို အရွဲ့တိုက်ချင်ခဲ့သည့်သူယခုတော့လောကကြီးက သူ့ကိုကြည်စားနောက်ပြောင်နေ ချေပြီလေ။ အင်းလေအမဲလိုက်သည့် မုဆိုးတောင်မှတစ်ခါတစ်လေသားကောင်ဖြစ်သွား တတ်သေးတာပဲ ဒီလောက်တော့ ခံရမည်ပေါ့။ အချစ်ဆိုတဲ့ သင်ခန်းစာနဲ့ အလွမ်းဆိုတဲ့သင်ရိုးညွှန်းတန်းကို သူမကြေညက်သေး၍ ဆောင်းကသူ့ကို lessonတွေပေးသွားခဲ့သည်ထင်သည်။
ဖန်ခွက်ထဲမှ လက်ကျန်အရက် ကုန်သွားသောအခါ ထပ်ငှဲ့ရန်အတွက် ပုလင်းရှိရာသို့လက်လှမ်း လိုက်သည်။ သို့ပေမယ့် ပုလင်းထဲမှာလဲအရက်ကကုန်နေ ပြီဖြစ်သည်။ သူစိတ်ပျက်သွားပြန်သည်။ ဒီလိုဆိုသူသောက်နေတာ အရက်တစ်ပုလင်း ရှိနေပြီမမူးသေးပါလား။ မူးချင်လို့သောက်ခါမှ မမူးနိုင်ပဲဖြစ်နေသည်။ ထိုအခိုက် သူ့အနားသို့ တစ်စုံတစ်ယောက်လာ ရပ်သဖြင့်မော့ကြည့်လိုက်သည်။
အဖြူရောင် ယူနီဖောင်းင်္အကျီနှင့် အနက်ရောင် ဘောင်းဘီကိုဝတ်ဆင်ထားသော ဝိတ်တာလေးဖြစ်နေသည်။ လက်ထဲတွင် လင်ဗန်းတစ်ချပ်ပါရှိပြီး ထိုလင်ဗန်းထဲတွင် အရက်တစ်လုံးကို ပါထည့်လာသည်ကိုတွေ့ရသည်။ သူရီဝေဝေမျက်လုံးတွေဖြင့် မော့ကြည့်လိုက်သည်။ မမူးဘူးဆိုပေမယ့် သူ့မျက်လုံးတွေကတော့ လေးလံနေပြီဖြစ်သည်။
"မင်းစားပွဲမှားနေပြီညီလေး အကိုမမှာရသေးဘူး တစ်ခြားဝိုင်းက ဖြစ်လိမ့်မယ်ထင်တယ်"
ဝိတ်တာလေးက သူ့ကိုကြည့်ပြီး ပြုံးသည်။ ထို့နောက်အခြား ဝိုင်းတစ်ခုကိုလက်ညိုးထိုးပြကာ
"အဲ့ဒီ့ဝိုင်းက အမကြီးက ဒီမှာလာချပေးပါ ဆိုလို့ပါအကို"
သူဝိတ်တာလေးပြသည့် စားပွဲဝိုင်းကိုကြည့် လိုက်သည်။ အသက်သုံးဆယ် အရွယ်ခန့် မိန်းမတစ်ဦးထိုင်နေသည်ကို တွေ့ရသည်။ သူမသည် ဆံပင်ကိုနောက်ပြောင် ဆံထုံးထုံးထားပြီး မျက်နှာတွင်မိတ်ကပ်တွေ ဖွေးနေကာ နှုတ်ခမ်းနီရဲရဲကြီးကိုဆိုးထား သေးသည်။ ဝတ်ပုံစားပုံကြည့်ရသည်မှာ ပိုက်ဆံရှိသည့်အသိုင်းအဝိုင်းက ဖြစ်ဟန်တူသည်။ သူထိုမိန်းမကို ဘဝင်မကျစွာစေ့စေ့ ကြည့်ပစ်လိုက်သည်။ သူကြည့်နေသည်ကို မြင်သွားသောအခါ ထိုမိန်းမက လက်ထဲရှိ အရက်ဖန်ခွက်ကိုမြှောက်ကာ သူ့ကိုပြုံးပြသည် ။ သူထိုမိန်းမထံမှ အကြည့်ကိုလွှဲကာ ဝိတ်တာလေးကိုသွားရန် လက်ပြလိုက်သည်။
ထို့နောက် စားပွဲတွင် တစ်ယောက်ထဲထိုင်ကာ စဉ်းစားသည်။ ထိုအရက်ပုလင်းကို သွားပြန်ပေးလိုက်ရင်ကောင်းမလား။ အဘယ်ကြောင့်သူ့ကို လာပေးရပါသလဲ။ ထိုမိန်းမသူ့ကိုကြည့်သော မျက်နှာသည် ညုတုတု ဖြင့်ကညု ချင်သောအမူအယာတွေ အပြည့်ပါနေမှန်းသည့်သည်။ ဘယ်လိုမိန်းမပါလိမ့်။
"ဟိတ် ကိုယ်မင်းကို စကားနဲနဲပြောချင်တယ် ရမလား"
အသံကြောင့် သူမော့ကြည့်လိုက်သည်။ ဒီမိန်းမတော်တော် အတင့်ရဲလာသည်။ ယခုလဲ အရက်ခွက်တစ်လုံး ဖြင့်သူ့စားပွဲသို့ရောက်လာပြန်သည်။
"ခင်ဗျားမပြောခင် ကျုပ်အရင်ပြောမယ် ခင်ဗျားဘာသေဘောနဲ့ ကျုပ်ကိုအရက်ပုလင်းလာပေးခိုင်းတာလဲ။ ဒီအရက်လောက်က ကျုပ်ပိုက်ဆံနဲ့ကျုပ် ဝယ်သောက်နိုင်တယ် ခင်ဗျားတိုက်စရာမလိုဘူး။ ခင်ဗျားအရက်ပုလင်းကို ပြန်ယူသွား"
"ဟင်းဟင်း မင်းကိုကိုယ်ကြည့်နေတာကြာပြီ တစ်ယောက်ထဲအဖော်လည်းမပါဘူး ကြည့်ရတာ ရည်ရည်လည်လည်အသည်းကွဲနေတဲ့ ပုံပဲ။ ဒါကြောင့်ကိုယ်က မင်းကို ကိုယ်ချင်းစာလို့ ဝင်ပြီးပါရမီဖြည့်တဲ့သဘောပါကွာ"
"ဒီမှာ အဒေါ်ကြီး ကျုပ်ကိစ္စခင်ဗျားနဲ့မဆိုင်ပါဘူး ဝေးဝေးသွားနေစမ်းပါဗျာ။ ညစ်နေရတဲ့အထဲ ဇယားလာမကပ်စမ်းပါနဲ့"
"အို ဟုတ်လား ဒါဆိုရင်တော့ မင်းနဲ့ကိုနဲ့ခံစားချက်ချင်းတူနေပြီကွာ ကိုယ်လည်းညစ်နေတာကွ။ အဲ့ဒါဒီည ကလပ်မှာသွားပြီး ညစ်နေတာတွေဆေးမလို့ မင်းလိုက်ခဲ့ပါလား။"
နဂိုက ညစ်နေသည့်စိတ်တွေက ထိုမိန်းမစကားကြောင့် ဒေါသစိတ်တွေဖြစ်သွားကာ ထောင်းကနဲစိတ်တိုသွားသည်။ စိတ်ရှိလက်ရှိ အချဉ်ပေါက်ပြီး လုပ်ချင်တာတွေလုပ်ပစ် လိုက်ရရင်တော့ မကောာင်းရောရှိတော့မည်။ တော်တော်မျက်နှာပြောင်သည့်မိန်းမ ပါလား။
"ခင်ဗျားတော်တော် အရှက်မရိုတဲ့မိန်းမပဲ။ ကျုပ်ကိုလာပြီး ကလူ၏သို့မြူ၏သို့ လာလုပ်မနေနဲ့ စိတ်မဝင်စားဘူး ရှင်းလား။ ခင်ဗျားသွားတော့။ "
"မင်းကလည်းကွာ လုပ်မနေစမ်းပါနဲ့ ဘယ်လောက်ပေးရမလဲပြောကွာ"
" ဟင် ခင်ဗျား..........ခင်ဗျား ကျုပ်ကိုဖာကောင်းများမှတ်နေလား ။ ထွီ....... အော်ကလီဆန်ဖို့ကောင်းလိုက်တာ"
"ဟေ့ကောင် မင်းငါ့မိန်မကို ဘာပြောတာလဲ။ ငါ့မိန်းမကိုကျူနေတာ မင်းမိုလား"
အနောက်ဘက်ဆီမှ အသံထွက်လာသဖြင့် သူလှည့်ကြည့်လိုက်သည်။ အရပ်ပုပုဝဖိန့်ဖိန့်နှင့် တရုတ် တစ်ဦးဖြစ်နေသည်။ မျက်နှာကြီးမှာ ဝအစ်နေပြီးအဆီတဝင်းဝင်းဖြင့်စကားပြောလိုက်လျှင် ပါးစပ်ထဲမှရွှေသွားတွေက ပေါ်လာကာ မျက်စိပေါက်ကကျည်းသွားလေသည်။သူ့အနောက်တွင်လဲ တပည့်ဖြစ်ဟန်တူသော မျက်နှာတွင်ကျောက်ပေါက်မာ ပါရဗျစ်နှင့်လူ နှစ်ဦးပါလာသည်။
"ဘယ်သူက ခင်ဗျားမိန်းမကိုကျူနေလို့လဲ "
"ဟေ့ကောင်မင်းကျူနေတာကို မျက်စိနဲ့တပ်အပ်မြင်တာကွ"
"သေချာမြင်အောင်ကြည့်ပါလား ခင်ဗျားမိန်းမကသာ ကျုပ်ကိုအရှက်မရှိလာကျူနေတာ"
" ကိုကိုမဟုတ်ဘူး သူညာပြောနေတာ မယုံနဲ့ကိုကို"
"တိတ်စမ်း....နင့်အကြောင်းငါသိတယ် နင်နဲ့ငါနဲ့အိမ်ရောက်မှ စာရင်းရှင်းမယ်။ အခုလောလောဆယ် ဒီကြာကူလီကောင်ကို အရင်ဆုံးမရမယ်"
ဆိုင်ထဲမှအရက်သေက်နေကြသူများသည် ရုတ်ရုတ်ရုတ်ရုတ်ဖြစ်လာသောကြောင့် မုန်တိုင်းတို့ စားပွဲသို့ ဝိုင်းကြည့်ကြလေသည်။ တရုတ်ကြီးသည် သူ့မိန်းမကိုမာန်မဲလိုက်ပြီးနောက် မုန်တိုင်းဖက်သို့လှည့်ကာ သူ၏မေးစင်းနေသော မျက်လုံးများဖြင့် ဂျိုလ်ကြည့်ကြည့်လေသည်။
"သူများမယား အချောင်နိုက်ချင်တဲ့ကောင် မင်းလဲနာဖို့သာပြင်"
"ခင်ဗျားဟာလေ ဦးနှောက်မရှိတဲ့နွားကြီးလိုပဲ ဘာမှလဲရည်ရည်ရာရာ သိတာမဟုတ်ပဲနဲ့ လိုက်ပြီးစွပ်စွဲရတယ်လို့။ ခင်ဗျားမိန်းမရုပ်ကိုလဲကြည့်ဦး ရွဲ့စောင်းနေတာပဲ။ မရှိရင်ဆားနဲ့ပဲစားမယ် အဲ့လိုပါချီပါချဲ့ အညောင်းကြီးကိုတော့ ချူစားမနေဘူး ရှင်းလား"
"ဒီကောင်လူပါးဝလှချည်လား ကဲကွာ......."
"ခွပ်......"
"အွန့်......."
တရုတ်ကြီး၏ ခပ်ပြင်းပြင်းလက်သီးချက် ကြောင့်မုန်တိုင်းပက်လက်ပြီး သံမံတလင်းပေါ်လဲကျသွားသည်။ စပ်ဖျင်းဖျင်းနာကျင်မှုကြောင့် မျက်နှာကြီးထူပူသွားပြီး ဒေါသတွေတရိပ်ရိပ်ထွက်လာ၏။ သူလဲနေသည်ကို အခွင့်ကောင်းးယူကာ တရုတ်ကြီးက အပေါ်စီးကနေခုန်အုပ်လာသဖြင့် ရင်ဝကိုဆောင့်ကန်ချလိုက်လေသည်။
"ဘုန်း........"
မုန်တိုင်း၏ကန်ချက်ကြောင့် တရုတ်ကြီးသည် ရင်ဘတ်အောင့်သွားကာ အနောက်သို့လန်ပြီး အနားရှိ စားပွဲခုံကို လက်ဖြင့်ထောက်မိလိုက်လေသည်။ သို့သော်စားပွဲခုံမှာအလေးချိန်မခံနိုင်ပဲ တစ်ခြမ်းစောင်းကာကြွတက်လာလေ၏။ ထို့နောက်လျှောပြီး စားပွဲပေါ်ရှိဟင်းပန်းကန်များက တရုတ်ကြီးပေါ်သို့ ကျကုန်လေသည်။ တရုတ်ကြီးလဲ ဖင်ထိုင်လျှက်လဲလေတော့သည်။
"ဟိုနှစ်ကောင် ဘာလုပ်နေကြတာလဲ မင်းပထွေးကို ဝိုင်းသမကြလေကွာ။ ငါခံရတာတော်တော်ကြည့် လို့ကောင်းနေကြသလား ခွေးကောင်တွေ"
တရုတ်ကြီးကထအော်မှ ကြောင်ပြီးရပ်ကြည့်နေကြသည့် ငနဲနှစ်ကောင်က သတိဝင်ကာ မုန်တိုင်းဖက်သို့လှည့်ကာ ရန်မူရန်ပြင်ကြလေသည်။ စားသောက်ဆိုင်ထဲတွင်လည်း လူတွေရုတ်ရုတ်သည်းသည်းဖြစ်ကုန်ကြသည်။ အားလုံးက ရန်ပွဲကိုစိတ်ဝင်စား နေကြပြီးခပ်လှမ်းလှမ်းကနေ ဝိုင်းပြီးကြည့်နေကြသည်။ မည်သူတစ်ဦးတစ်ယောက်ကမှ ဝင်မဆွဲမဟန့်တားကြချေ။
ထိုစဉ်မုန်တိုင်း သည်သူ့ဆီကိုရန်မူရန် လာနေသော ငနဲနှစ်ကောင်ကိုတိုက်ခိုက်ရန် အသင့်အနေအထား ဖြစ်နေသည်။ ငနဲနှစ်ကောင်သည် မုန်တိုင်းနားသို့ နီးနိုင်သမျှနီးအောင် ကပ်လာကြသည်။ မုန်တိုင်းသည် အနားသို့ကပ်လာသည့် နှစ်ကောင်အနက်မှတစ်ကောင်ကို ပိတ်ထိုးချလိုက်သည်။
သို့သော်မုန်တိုင်း၏ ထိုးချက်မှာမထိပဲ ချော်သွားလေသည်။ ငနဲနှစ်ကောင်ထဲမှ တစ်ကောင်က မုန်တိုင်းကို ဝင်လုံးကာ အတင်းချုပ်ထား၏။ ကျန်သည့်တစ်ကောင်က မုန်တိုင်းရှေ့မှ တည့်တည့်ရပ်ကာ မုန်တိုင်းမျက်နှာကို ထိုးထဲ့လိုက်သည်။
"ခွပ်......."
မုန်တိုင်းသည် ဒုတိယအကြိမ် ထပ်အထိုးခံလိုက်ရသောအခါ မျက်နှာကြီးနီရဲသွားသည်။ အနောက်ဖက် သူ့ကိုချုပ်ထားသော ငနဲတစ်ကောင်ကို တစ်ထောင်ဖြင့်တွတ်ထဲ့လိုက်လေသည်။ အရှေ့ဘက်မှငနဲကိုလဲ ခြေထောက်ဖြင့်ကန်ရန်ပြင်လိုက်သည်။ သို့သော်အနောက်မှ တစ်ယောက်ကပြန်ထကာ မုန်တိုင်းအပေါ်သို့ အနောက်မှသိုင်းဖက်ပြီး တွဲလဲခိုလိုက်သဖြင့် မုန်တိုင်းသည် အရှေ့ကိုရန်မူရမလို အနောက်ကိုရန်မူရမလိုဖြစ်နေသည်။ ထိုစဉ်အရှေ့ ရှိငနဲတစ်ကောင်ကပါ မုန်တိုင်းပေါ်သို့ လှမ်းခုန်အုပ်လိုက်သဖြင့် မုန်တိုင်းသည်လူနှစ်ယောက်၏ အလေးချိန်ကိုမခံနိုင်တော့ပဲ ကြမ်းပြင်ပေါ်သို့ ခြေခေါက်ကာ ဒူးခေါင်းညွှတ်ပြီး လဲကျသွားလေသည်။
သူတို့သုံးဦးသားသည် ကြမ်းပြင်ပေါ်တွင် လူးလိုက်လိမ့်လိုက်ဖြင့် တစ်ယောက်နှင့်တစ်ယောက် လုံးထွေးသတ်ပုတ်နေကြလေ၏။ နောက်ဆုံးတွင် နှစ်ယောက်နှင့်တစ်ယောက် အားခြင်းမမျှသောကြောင့် မုန်တိုင်းကို ထိုနှစ်ယောက်က ဝိုင်း၍ချုပ်ထားနိုင်လိုက်ကြသည်။ တစ်ယောက်က မုန်တိုင်းလက်ကိုလက်ပြန်လိမ်ထားပြီး ကျန်တစ်ယောက်က မုန်တိုင်းခါးပေါ်မှခွထိုင်ကာ ခြေထောက်နှစ်ချောင်းကို ခေါက်ပြီးအတင်းဖိထားလေ၏။ မုန်တိုင်းသည် ကြမ်းပြင်ပေါ်တွင်ဝမ်းယားမှောက် ဖြစ်နေကာ သူ့အပေါ်မှလူနှစ်ယောက်က ချုပ်ထားသဖြင့်မလှုပ်နိုင် မယှက်နိုင်ဖြစ်နေတော့သည်။ ပတ်ဝန်းကျင်ကို အကူအညီရလို့ရညား ကြည့်လိုက်၏ သို့သော်မည်သူကမှဝင်မဆွဲရဲကြဟန်ရှိသည် အားလုံးခပ်ဝေးဝေးသို့ရှဲကုန်ကြသည်။
ထိုအချိန်တွင် မုန်တိုင်းကန်၍လဲနေသော တရုတ်ကြီးက သူတို့အနားသို့လျှောက်လာလေသည်။ လက်ထဲတွင်လည်း ဟော်ကီရိုက်သည့် တုတ်တစ်ချောင်းကို ကိုင်လာသည်။ မုန်တိုင်းသည် တရုတ်ကြီးကိုင်လာသည့်တုတ်ကြီး ကိုမြင်သောအခါ မျက်လုံးပြူးသွားသည်။ သူ့ကိုယ်ကိုအတင်းရုံးကြည့်သည် ။မရ။ အပေါ်ကငနဲတွေက အပြီချုပ်ထားသဖြင့် ဘယ်လောက်ရုံးရုံး အရာမထင်ပေ။ သူဇောချွေးတွေပြန်လာသည် ထိုတုထ်ကြီးဖြင့်အရိုက်ခံရပါက ကျောင်းပင်တတ်နိုင်တော့မည် မထင်ပါ။ တရုတ်ကြီးက တဖြည်းဖြည်းအနားသို့ ရာက်လာလေ၏။
သူအနားသို့ ရောက်ခါနီးတွင် တရုတ်ကြီးက အောင်နိုင်သူမျက်နှာဖြင့် မုန်တိုင်းကိုကြည့်ကာ စုတ်တကျွတ်ကျွတ် သပ်လေသည်။ ထို့နောက်မုန်တိုင်းကို ရိုက်ရန်တုတ်ကို လေထဲတွင် လေးဆယ့်ငါးဒီဂရီခန့့် မြှောက်ကာ ချိန်စနေလေသည်။ ဘုရားဘုရား တစ်ကယ်ရိုက်မယ့်ပုံပဲ။ မုန်တိုင်းစိတ်တွေ အကြီးအကျယ် လှုပ်ရှားနေပြီး ရင်ခုန်သံတွေမြန်ကာ နှလုံးသွေးတွေနွေးလာလေသည်။ ချွေးတွေပြန်လာပြီး မကြည့်ရဲတော့သဖြင့် မျက်လုံးကိုစုံမှိတ်ထားလိုက်သည်။ သူ့ကိုရိုက်တော့မည် ရိုက်ပြီ။
"ဘုန်း..........."
"ဝုန်း........."
သွားပြီ .....သူ့မျက်နှာကြီးစုတ်ပျက်သွားပြီလား။ ။ဒါမှမဟုတ်နဖူး ဟတ်တတ်ကွဲကာ သွေးတွေအပြုံလိုက်မျက်နှာပေါ်စီးကျလာပြီလား။ သူမသိတော့။ သေချာသည်က မည်သည့်နာကျင်မှုတစ်စုံတစ်ရာမှ သူမခံစားရပါ။ အဘယ်ကြောင့်ပါနည်း သူမျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။ အရင်ဆုံးမြင်လိုက်ရသည်က ကြမ်းပြင်ပေါ်တွင်လဲကျနေသော တစ်ရုတ်ကြီး၏ ခန္ဓာကိုယ်ဝတုတ်တုတ်ကြီးပင်။ ထို့နောက်သူ့ကိုယ်ပေါ်မှ ငနဲနှစ်ကောင်ဆီမှ အော်သံတွေထွက်လာလေသည်။
"ဘုန်း...."
"အားးးးးးး အမယ်လေးဗျ"
"ဘုန်း......"
"အား......"
"သေပါပြီ....."
တစ်ယောက်ပြီးတစ်ယောက် အော်သံတွေဆင့်ကာဆင့်ကာ ထွက်လာပြီးနောက် ကြမ်းပြင်ပေါ်သို့ ဘိုင်းကနဲ ဘိုင်းကနဲ ကျလာလေသည်။ ယခုမှ သူ့ခန္ဓာကိုယ်ကြီးကပေါ့သွားတော့သည်။ ထို့နောက် သူ၏ကယ်တင်ရှင်ကို သိလိုသဖြင့်သူမောကြည့်လိုက်သည်။
"ဂီတ......."
".............. ............"
ဟုတ်သည်။ ဂီတဖြစ်သည်။ လက်ထဲတွင် နှစ်တစ်တုတ်တစ်ချောင်းကိုကိုင် ထားကာမောဟိုက်နေဟန်ဖြင့်သူ့ကိုကြည့်သည်။ ထို့နောက်အနားသို့လျှောက်လာကာ သူ့ကိုပြုံးပြပြီး လက်တစ်ဖက်ကမ်းပေးလေသည်။ သူဂီတပေးသည့် လက်ကိုလှမ်းပြီး ဖမ်းဆုပ်ကာကုန်းရုံးထလိုက်သည်။
"မုန်တိုင်း လစ်ကြမယ် အခြေအနေမကောင်းဘူး ခဏနေရဲတွေရောက်လာတော့မယ်"
"ခဏလေး ဂီတ ငါလုပ်စရာရှိသေးတယ်"
သူဂီတလက်ကို ဖြုတ်လိုက်ကာ လဲကျနေသောတရုတ်ကြီးရှိရာဖက်သို့ လျှောက်လာခဲ့သည်။ တရုတ်ကြီးက သူ့ကိုမြင်သောအခါ ရန်လုပ်မည်ထင်၍ မျက်လုံးမျက်ဆန်တွေပြူးကာ အနောက်သို့တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ဖင်လျှော၍ ရွှေ့သွားလေသည်။ မုန်တိုင်းက အနားသို့ရောက်သော် ထိုတရုတ်ကြီး၏ လည်ဂုတ်ရှိကော်လန်စကို ဆွဲစုပ်လိုက်ပြီး မျက်နှာကို အနားသို့ကပ်ကာ
"ဒီမှာ ခင်ဗျားမိန်းမကို နိုင်အောင်ထိန်းပါ မဟုတ်ရင်ကျုပ်လိုအပြစ်မရှိတဲ့သူတွေ အလကားဒုက္ခရောက်ကုန်ဦးမယ် ပြီးတော့နောက်တစ်ခေါက် ကျုပ်ကိုကြာကူလီလို့ပြောရင် ခင်ဗျားပါးစပ်ထဲမှာရှိတဲ့ ရွှေသွားတွေတစ်ချောင်းမှ မကျန်အောင်နှုတ်ပစ်မယ် ကြားလား"
ပြောပြီးသည်နှင့်တွန်းလှဲပစ်ခဲ့ကာ ဂီတလက်ကိုဆွဲပြီး ဆိုင်ထဲမှနှစ်ကောင်သား ထွက်ပြေးလာခဲ့ကြသည်။ သူတို့ဆိုင်ပြင်ရောက်မှ တရုတ်ကြီးသည် မြန်ရာလိုရောတရုတ်လိုပါ ကြူကြူပါအောင် အော်ဆဲရင်းကျန်ခဲ့လေတော့သည်။
************
ညသည်လေပြေလေး၏ ချော့သိပ်မှုအောက်တွင် ငြိမ်သက်လျှက်ရှိသည်။ ခပ်လှမ်းလှမ်းမှ တရွေ့ရွေ့သွားလာနေသောလူများ၊ ၊လမ်းဘေးတွင် အဖီထိုးကာရောင်းချနေသော စားသောက်ဆိုင်ငယ်လေးများ၊ တကြော်ကြော်အော်ရောင်းနေသော ဘေထုတ်င်္အကျီသည်များ ကိုအပေါ်စီးမှလှမ်းမြင်နေရသည်။ ကြေးဝါရောင်လမ်းမီးများအောက်တွင် တဝီဝီမောင်းနေသော မော်တော်ယဉ်များ လူတွေဆင်းလိုက်တက်လိုက်ဖြင့် လာရပ်နေသော ဘတ်စ်ကားကြီးများဖြင့် ရပ်ကုန်ည၏မြို့လည်ခေါင်သည် စည်ကားနေလေတော့သည်။
လမ်းတစ်ဖက်နှင့်တစ်ဖက် ဖြတ်ကူးရန်ပြုလုပ်ထားသော ဂုံးတံတားပေါ်တွင် သူနှင့်ဂီတရောက်နေကြခြင်းဖြစ်သည်။ ဂီတသည် တံတားဘောင်ပေါ်သို့ လက်တင်ကာအဝေးသို့ငေးနေလေသည်။ မိုးတွင်းကုန်ပြီးဆောင်းရောက်ခါနီးနေပြီ ဖြစ်သောကြောင့် ရာသီဥတုသည် အအေးဓာတ်အနည်းငယ် ဝင်စပြုချင်လာလေသည်။ သို့ပေမယ့် စောစောကမှပြေးလွှားလာကြသည် ဖြစ်သောကြောင့် အပူငွေ့နွေးနွေးလေးက ခန္ဓာကိုယ်ထဲတွင် ရှိနေသေးသည်။
ပြေးထားသောကြောင့် ထွက်ထားသောချွေးတွေက ယခုအခါ လေတိုက်၍ခြောက်နေပြီး အသားအရည်က စေးကပ်ကပ်ဖြစ်နေသည်။ ဂီတသည်အဝေးသို့ ငေးနေရင်းမှ သူ့ဖက်သို့လှည့်လာသည်။ ဂီတ၏ မျက်နှာတွင်လဲ ချွေးစေးတို့ဖြင့်အဆီပြန်ကာ မီးရောင်တွေကြားထဲတွင် နွမ်းလျလျလေးဖြစ်နေသည်။ သို့ပေမယ့် ဂီတသူ့ကိုကြည့်မျက်ဝန်းတွေကတော့ နက်မှောင်ပြီးစူးရှလျှက်ရှိသည်။ သူဂီတနှင့်အကြည့်ချင်းဆုံ သွားသောအခါ သူ့ရင်ထဲမလုံမလဲဖြစ်သလိုလို စူးစူးနင့်နင့်ကြီးလိုလို ပူနွေးနွေးအရိပ်ငွေ့တွေ ဆူတက်လာ၏။
ဘုရားဘုရား ငါဘာတွေဖြစ်နေပါလိမ့်။ ငါ ........ငါ ရင်ခုန်နေတာများလား။ အာ....မဖြစ်နိုင်တာကွာ။ မဖြစ်နိုင်ဘူး.....လုံးဝမဖြစ်နိုင်ဘူး။ ငါတို့ကယောကျာ်းလေး အချင်းချင်းတွေပဲလေ .......ဟူး......။ သည်မနက်ကမှ သူနှင့်ဆောင်းလမ်းခွဲ ခဲ့သည့်အတွက်ညစ်ညူ နေသော သူ့စိတ်တွေဘယ်ရောက်သွားပါသနည်း။ သူကိုယ်တိုင်ပဲ လျှင်လျှင်မြန်မြန်ဖျောက်ဖျက်ပစ်နိုင် ခဲ့သည်လား။ သို့မဟုတ်ပါက တစ်စုံတစ်ရာသောအကြောင်း ကြောင့်လား သူတွေဝေစွာ ဝေခွဲ၍မရနိုင်ဖြစ်နေသည်။ ဂီတနှင့်သူ နှစ်ဦီးသား စကားမပြောပဲ တစ်ဦးနှင့်တစ်ဦး ငြိမ်သက်ငေးမော နေရင်းမှသတိပြန်ဝင်သွားသည်။ သူကပဲစပြီးစကားပြောလိုက်တာ ကောင်းမည်ထင်သည်။
"ဂီတ......" " မုန်တိုင်း....."
ဂီတကပါပြိုင်တူခေါ်လိုက်သဖြင့် အသံနှစ်ခုတစ်ပြိုင်တူထွက်လာသည်။
"မင်းအရင်ပြော....." "မင်းအရင်ပြော....."
အသံနှစ်ခုက ထပ်မံတိုက်ဆိုင်နေပြန်သည်။ သူတို့နှစ်ဦးလုံး တိုင်ပင်မထားပဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်လိုက်မိကြသည်။ သူနှုတ်ခမ်းတွေကို လျှာဖြင့်သပ်ကာ ဂီတကိုစကားစပြောလိုက်၏ ။
"ဂီတ......."
"အင်း......."
"ကျေးဇူးတင်ပါတယ်"
ဂီတသည် နှုတ်ခမ်းထောင့်လေးကွေးနေအောင် သူ့ကိုပြုံးကြည့်လေသည်။ ဂီတ၏အပြုံးတွင် ဆွတ်ပျံ့စွာသူငေးကြည့်နေမိသည်။ ထိုအပြုံးသည် အဓိပ္ပါယ်တစ်မျိုးမျိုးတော့ ရှိမည်ထင်သည်။ သို့ပေမယ့် သူထိုအပြုံး၏အဓိပ္ပါယ် စာမျက်နှာကို မဖတ်တတ်ပါ။
"ရပါတယ် မင်းဘာမှမဖြစ်တဲ့အတွက်ပဲငါက မင်းကိုကျေးဇူးတင်ရမှာပါ"
သူမျက်မှောင်ကျုပ်မိသည်။ ဂီတဘာကိုဆိုလိုချင်တာပါလိမ့်။
"ဂီတ မင်းပြောတာက ........"
"ငါကအမြဲတမ်းမင်းအနားမှာ ရှိနေတယ်ဆိုရင် မင်းယုံမလားမုန်တိုင်း။ ငါမင်းရဲ့အနားမှာ အမြဲအရိပ်လိုရှိနေခဲ့တယ် မင်းရဲ့လှုပ်ရှားမှုတိုင်းမှာ ငါမပါဝင်ပေမယ့် မင်းရဲ့နောက်ကွယ်ကနေတော့ တိတ်တဆိတ်ငါခိုးကြည့်နေခဲ့တယ်။ ငါဟာမင်းရဲ့ ခန္ဓာကိုယ်က ကပ်ပါးကောင်တစ်ကောင်လိုပဲ မင်းရဲ့ကိုယ်ငွေ့တွေနဲ့အသက်ရှုချင်နေမိတယ်။ အဲ့ဒါဘာဖြစ်လို့လဲသိလား မုန်တိုင်း။ "
"တော်တော့ ဂီတ မင်းကိုပြောလိုက်ရင် နောက်ဆုံးတော့ဒီဘူတာကိုပဲဆိုက်လာတာပဲ။ ငါမင်းကိုပြောပြမယ်ဂီတ မဖြစ်နိုင်တာကို သိပ်ပြီးစိတ်ကူးမယဉ်ရဘူး။ စိတ်ကူးယဉ်ပြီးဖြစ်မလာရင် ပိုပြီးထိခိုက်ကြေကွဲတတ်ရတယ်။ လျှပ်စစ်မီးတွေတောင် အဖိုနဲ့အဖိုဆိုရင် မီးမလင်းဘူးကွ။ သဘာဝတရားကြီးကို မလွန်ဆန်ချင်စမ်းပါနဲ့ကွာ။ ငါကတော့မင်းကိုနားမလည်နိုင်တော့ဘူး ဂီတ"
"ငါ့ကိုနားမလည်တာထက် မင်းကိုမင်းနားမလည်ဖြစ်နေတာပါ။ မင်းသာမင်းကိုယ်မင်း နားလည်သွားရင်သိပ်ကောင်းမှာပဲ မုန်တိုင်း။ ငါကတော့လောကကြီးကို ရိုးရိုးလေးနဲ့ရှင်းရှင်းလေးပဲမြင်တယ်။ ကမ္ဘာပေါ်မှာလူသားတွေ တစ်ဦးနဲ့တစ်ဦးချစ်ကြတယ်။ ချစ်တာအပြစ်မဟုတ်တဲ့ အတွက်သူတို့မှာ အပြစ်မရှိဘူး လွတ်လပ်စွာချစ်ခွင့်ရှိသင့်တယ်။ အချစ်ဟာ လျှပ်စစ်မီးမဟုတ်တဲ့ အတွက်အဖိုတွေအမတွေ မရှိဘူး။ အချစ်ဟာအချစ်ဖြစ်တဲ့အတွက် အချစ်နဲ့အချစ်ကိုချစ်လို့ရတယ်။ အချစ်မှာဘာကန့်သတ်ချက်မှ မရှိတဲ့အတွက် အချစ်ဟာလွတ်လပ်နေတယ်။ အချစ်မှာအချစ်ပဲရှိတယ် အချစ်မှာအပြစ်မရှိပါဘူး မုန်တိုင်း။"
ဂီတစကားတွေက သူ့နံရိုးတွေကနေတစ်ဆင့် နောက်ကျောသို့စိမ့်ဝင် ဖောက်ထွက်သွားသလိုခံစားလိုက်ရသည်။ ဂီတသည်သူ့ကို တည့်တည့်ရင်ဆိုင်ကြည့်ပြီးပြောနေသည် သူကတော့ဂီတကိုမကြည့်ပဲ အဝေးကိုအကြည့်လွှဲထားလိုက်သည်။ သူဘာတွေဖြစ်နေတာလဲ။ ဂီတကိုသူရင်မဆိုင်ရဲတော့ ဘူးလား။ ရင်မဆိုင်ရဲလောက်အောင် သူ့မှာခွန်အားတွေချည့်နဲ့နေပြီလား။ သူသည်ယောကျာ်းစစ်စစ်ကော ဟုတ်သေးရဲ့လား။ အာ. ........မဖြစ်နိုင်ဘူး။ မုန်တိုင်းမင်းဟာ ယောကျာ်းစစ်စစ်တစ်ယောက်ပဲ။ ဂီတစကားတွေကိုနားမယောင်နဲ့ ။ မင်းဟာယောက်ျား မင်းဟာယောကျာ်း ။
"ဂီတ မင်းစကားတွေက သိပ်ပြီးအနှောင့်အသွားမလွတ်သလိုပဲ။ မင်းကငါ့ကိုပါဆွဲထည့်နေတဲ့ သဘောလား"
"မင်းက မဟုတ်ဘူးပေါ့။ သေချာတယ်ပေါ့"
"ဂီတ မင်း........မင်း "
"မုန်တိုင်း မသိရင်မှတ်ထား မြွေမြွေချင်းခြေမြင်တယ်တဲ့ကွ။ ဟား .....ဟား.....ဟား.......ဟား"
"တောက်.....မင်းအရူးပဲ"
ဂီတကိုကျောခိုင်းပြီး သူတံတားပေါ်မှ လှေကားထစ်တွေကို ခုန်ဆင်းပြီး ပြေးလွှားလာခဲ့သည်။ သူ့ရင်ထဲတွင် စိုးရိမ်မှုတွေတစ်သိုက်ကြီးနှင့်အတူ ဝေခွဲမရသည့်မေးခွန်းတွေ ခေါင်းထဲတွင် တစ်သီကြီးပါလာလေသည်။ သူ့အတွင်းစိတ်တွေသည် အားအင်မရှိတော့သလို မောဟိုက်လာ၏။ သူ့နှလုံးသားတွေကလည်း အတောင်ကျိုးပြီး မပျံသန်းနိုင်တော့သည့် ဒဏ်ရာရငှက်တစ်ကောင်လို ညှောင်နာနာဖြစ်နေလေသည်။
ဆောင်းနှင့်ပက်သက်ခဲ့ဘူးပေမယ့် အချစ်ဆိုတာ ဘာမှန်းပင်သူမသိခဲ့ရပါ။ ချစ်သူသက်တန်းသာကုန်ဆုံးသွားခဲ့သည် သူတစ်ခါမှကြည်နူးမှုမရခဲ့ပါချေ။ ဆောင်းဆံပင်တွေကို သူမြတ်နိုးစွာကိုင်တွယ်ရင်းပြောခဲ့ ဖူးသည်။ ဆောင်းဆံပင်တွေသိပ်လှတာပဲလို့လေ။ ဒီတော့ဆောင်းက သူ့ကိုဘာပြန်ပြောသလဲဆိုတော့ ဈေးကြီးတဲ့ခေါင်းလျှော်ရည် သုံးထားလို့တဲ့လေ။ တော်တော်တရားကျဖို့ကောင်း သည့်မိန်းမပင်။ သဟဇာတမဖြစ်သော သူတို့နှစ်ယောက် မပြတ်ခင်ဆက်ကြားအတွင်း မကျေနပ်မှုအလိုမကျမှုတွေဖြင့် ရည်းစားဘဝကိုဖြတ်သန်းခဲ့ကြသည်။ သည်တော့အဘယ်မှာ သာယာနာပျော်ဖွယ်ကောင်းခဲ့ ပါသနည်း။
ယခုတစ်ဖန်သူ့ကို ဦးနှောက်စားစိတ်ရှုပ်စရာတွေကို ဂီတကသယ်လာပြန်သည်။ သူဂီတကိုခင်ပါသည် သို့ပေမယ့် ညီအကိုတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လိုထပ် သူဘယ်လိုပိုရပါမည်နည်း။ ဂီတဘာကိုလိုချင်သည်ကို သူရိပ်မိပါသည်။ ဂီတလိုချင်သည့်အရာက ဖြစ်မှမဖြစ်နိုင်သည်ပဲလေ။ သူဘယ်လိုလိုက်လျောရမည်နည်း။
အတွေးတွေက အိမ်ပြန်ရောက်သည့်တိုင်အောင် မပြက်သေးဘဲရှိလေသည်။ ရင်ပူလာသဖြင့် ရေအိုးထဲကရေတစ်ခွက်ကို ခပ်သောက်လိုက်သည်။ ထို့နောက်အိပ်ယာပေါ် ခြေပစ်လက်ပစ်လှဲချလိုက်တော့သည်။ ထို့နောက်သူ့မျက်ခွံများလေးလံ လာပြီးအမှောင်ထုကြီး ကြီးစိုးလာကာကာမကြာမီ အတွင်းသူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။
"ဒေါက်.....ဒေါက်.........ဒေါက်......"
"အိမ်ရှင်တို့ အိမ်ရှင်တို့"
"ဒေါက်.....ဒေါက်.........ဒေါက်......"
အိမ်ရှေ့မှ တံခါးတစ်ဒေါက်ဒေါက်ခေါက်သံ တွေလူခေါ်သံတွေကြောင့် မုန်တိုင်းလန့်နိုးသွားသည်။ အပြင်ဘက်မှ ဆူသံတွေက တော်တော်ကိုပြင်းထန်ပါသည်။ သူပင်ချက်ချင်း လန့်နိုးလာသည်ကိုပဲကြည့်လေ။ အိပ်မှုံစံမွှားဖြင့် အိပ်ယာထဲမှထကာ စားပွဲပေါ်မှနာရီကိုကြည့်လိုက်သည်။ ညဆယ့်နှစ်နှာရီ ကျော်နေချေပြီ။ ညကြီးအချိန်မတော် မည်သူတွေပပါလိမ့်။
"ဝါး........"
စိတ်ညစ်ညစ်ဖြင့်ကုတင်ပေါ် မှဆင်းကာ ညှပ်ဖိနပ်တစ်ရံကို စီးလိုက်ပြီး အိမ်ရှေ့သို့လျှောက်လာခဲ့သည်။ အထိုးခံထားရသည့် ဒဏ်ရာကြောင့်မျက်နှာမှာ တစ်ချက်တစ်ချက် နာလာပြီး မျက်စိပင်သိပ်မဖွင့်ချင်သလိုဖြစ်နေသည်။ အိမ်ရှေ့ရောက်တော့ အတွင်းမှတံခါံးဂျက် ကိုဆွဲကာဖွင့်လိုက်သည်။ သူပထမဆုံးမြင်လိုက်ရသည်က ရဲဦးထုပ်နဲ့ ဒုရဲအုပ်တစ်ယောက်နှင့်ရဲသားနှစ်ယောက်။ ထို့နောက်အရပ်ဝတ် င်္အကျီနဲ့ နဖူးပြောင်ပြောင်ဖြင့် လူတစ်ယောက်။ လက်ထဲတွင်လက်နှိပ်ဓာတ်မီး တစ်လက်ကကိုင်ထားသေးသည်။
"မုန်တိုင်းဆိုတာ မင်းလားညီလေး"
"ဟုတ်ပါတယ်"
"တော်ဝင်စားသောက်ဆိုင်မှာ ရန်ဖြစ်တဲ့ကိစ္စနဲ့ပက်သက်ပြီး ဖြေရှင်းစရာလေးရှိလို့ စခန်းကိုခဏလောက်လိုက်ခဲ့ပါ။"
"ဗျာ......."
                                                                                                  ဆက်ရန်ရှိသေးသည်
                                                                                                        lovealone:P